05/01/2024
Expired ဆေးတွေသောက်လို့ရလား?
ဒီမေးခွန်းရဲ့ အဖြေကတော့ ရပါတယ် ဆေးဆိုင်တွေကတော့ date အောက်သွားရင်ရောင်းလို့မရတော့ပါဘူး
ဥပဒေအရကန့်သတ်ထားလို့ပါ ဆိုင်ပိတ်ခံထိနိုင်ပါတယ်
Expire dateဆိုတာမျိုးက ဖက်ကပေးထားတဲ့ ဂရန်ဒီ တစ်ခုပါ
ဥပမာ ဖုန်းတွေမှာဆို တနှစ် ဆိုပြီး #ဂရန်ဒီ ပေးလေ့ရှိတယ် ဒီဖုန်းတစ်နှစ်ပြည့်တာနဲ့ လုံးဝသုံးမရတော့အောင်ပျက်စီးသွားလား
ဒါမှမဟုတ် တနှစ်မပြည့်ခင်မှာရောဒီဖုန်းကမပျက်စီးသွားနိုင်ဘူးလား
ဆေးတွေမှာ ဆိုတာလဲ ဒီသဘောတရားပါ
ဆေးတွေမှာလဲ exp မပြည့်ခင်ပျက်စီးသွားတာရှိသလို့ exp လွန်နေရင်လဲ မပျက်စီး ပဲအကောင်းတိုင်ရှိနေပါတယ်
စားသုံးသူအနေနဲ့တော့ဆေးတစ်ခုဝယ်တော့မယ်ဆိုရင်
Exp date ကောင်းမကောင်း ကြည့်ပြီးမှဝယ်ရမယ်ဆိုတာ ပြောပါများလာလို့ လူတိုင်းနားလည်နေကြပါပြီ
ဒီတစ်ခုထဲကြည့်ရုံနဲ့တော့မရပါဘူး ဆေးကို
မူလအရောင်ပုံစံ အနံ့ စသဖြင့်တခုခုယိုယွင်းနေမှုရှိမရှိလဲ စစ်ဆေးတတ်ရင်ပိုပြီးကောင်းပါတယ်
ကဲ expဆေးတွေသုံးလို့ရတဲ့အကြောင်းကိုဆက်သွားရမယ်ဆိုရင် expကို FDAကသတ်မှတ်ပေးပါတယ်
ဆေးအမျိုးအစားနဲ့ထုပ်ပိုးမှုပေါ်မူတည်ပြီး သတ်မှတ်ပေးတဲ့ သက်တမ်းတွေတော့ကွာတာပေါ့ အကြမ်းခံတဲ့ဆေးတွေ တည်ငြိမ်မှုအားကောင်းတဲ့ဆေးတွေဆို သုံးနှစ် ဒါမှမဟုတ် လေးနှစ်လောက်ထိသတ်မှတ်ပေးလေ့ရှိပါတယ်
နုတဲ့ဆေးဒါမှမဟုတ် ပျက်စီးလွယ်တဲ့ဆေးတွေဆိုရင်တော့ နှစ်နှစ် လောက်ထိသတ်မှတ်ပေးတာတွေ့ရပါလိမ့်မယ်
တည်ငြိမ်မှုအားကောင်းတဲ့ဆေးတွေဆိုတာက များသောအားဖြင့် အမျိုးအစားတွေများပါတယ်
ဥပမာ biogesic လို ဆေး လုံး ဆေးပြားတွေက အကြမ်းခံလေ့ရှိပါတယ် tablet အမျိုးအစားဆေးပါ
နုတဲ့ဆေးတွေကတော့ အရည်ဆေးတွေလိုမျိုး ကြာကြာထားလို့အဆင်မပြေတဲ့ဆေးတွေများပါတယ်
သူတို့ကတော့ နည်းနည်းလောက်ထိခိုက်မိတာနဲ့ပျက်စီးလွယ်တတ်ကြပါတယ်
နောက်တခု exp date နဲ့မဆိုင်ပဲ ဖွင့်တဲ့အချိန်နဲ့ဆိုင်တဲ့ဆေးတွေလဲရှိပါတယ် တချို့ကာကွယ်ဆေးတွေဆို 24နာရီအတွင်းထိုးရင်ထိုး မထိုးနိုင်ရင် 24နာရီကျော်တာနဲ့ expဖြစ်ပါပြီ
အခု ကလေးတွေမှာ ထိုးနေတဲ့ကာကွယ်ဆေးတမျိုးဆိုရင် နေရာရွေ့လို့မရပါဘူး
ဒီနေရာမှာဖွင့်ပြီးတာနဲ့ ဒီနေရာမှာပဲ ထိုးပေးရတာပါ ဆေးပုလင်းမှာလဲ ကလေးဆိုတော့တစ်ယောက်စာချိန်ပြီးထုတ်လို့မရတာလဲပါတာပေါ အသေးအကြီးအရွယ်မှမညီတာ ကိုယ်အလေးချိန်လိုက်ထိုးရတာမျိုးဆိုတော့ ပုလင်းကြီးကြီးတပုလင်းထဲကနေပဲယူလိုက်ထိုးလိုက်ပေါ့
တအိမ်တက်ဆင်းလိုက်ထိုးပေးလို့မရလို့ တစ်နေရာထဲခေါ်စုပြီးထိုးပေးရတယ်ဆိုလေးကို မငြိုညင်ကြဖို့ ဗဟုသုတအနေနဲ့မှတ်ထားလို့ရတာပေါ့ ဘူမသိကိုးမသိနဲ့ အိမ်မှာလာထိုးပေးလို့မရဘူးလားဆိုပြီးအကြံတွေသွားပေးနေမှာစိုးလို့😅
ဆေးတခုကို ပျက်စီးစေတာကတော့ အပူချိန် စိုထိုင်းဆ နဲ့ နေရောင်ခြည်တွေကပျက်စီးစေပါတယ်
မိမိစွဲသောက်နေကျဆေး များများဝယ်ဆောင်ထားတာမျိုးရှိရင် အေးရမယ် ခြောက်သွေးရမယ် နေမထိုးနဲ့တဲ့နေရာဖြစ်ရမယ်
ဒီလိုနေရာမျိုးမှာ ထိမ်းသိန်းပါလို့ အကြံပြုချင်ပါတယ်
ဆေးတစ်ခုကို နည်းမှန်လမ်းမှန်နဲ့ ထားသိုထားမယ်ဆိုရင် expဖြစ်ပြီးတာတောင် သူ့ရဲ့ အရည်အသွေးက 95%အထက်အထိကောင်းနေသေးတယ်ဆိုတာ သိရပါတယ်
တချို့ဆေးတွေဆို 10နှစ် 15နှစ်အထိ မူလ အရည်အသွေးကိုမထိခိုက်ပဲ တည့်တံ့နေပါသေးတယ်
ဒါဆိုရင် ဆေးတခုက ဘယ်အချိန်ရောက်မှပျက်စီးမှာလဲ ဆိုရင် တိတိကျကျတော့ မရှိပါဘူး ပျက်စီးတာကတော့ သင်္ခါရ သဘောအရ ထုတ်လုပ်ပြီးတာနဲ့ စပြီးပျက်စီးနေပါပြီ မူလအရည်အသွေး ပျောက်သွားတဲ့အချိန်ကကတော့ ဘယ်သူမှလဲ တိတိကျကျလေ့လာထားတာမရှိလို့ နှစ်ပေါင်းဘယ်လောက်ခံမယ်ဆိုတာတော့ မသိနိုင်ပါဘူး
ဆေးတစ်ခုအထားခံမခံသိရဖို့ ဆယ်နှစ်လောက်အချိန်ပေးပြီး ဘယ်စီးပွားရေးသမား မှ လုပ်မှာမဟုတ်ဘူး
အဲ့ဒါလုပ်ပြီးအချိန်ကုန်ခံနေပဲ့အစား အရက်ချက်ပြီးသိမ်းထားရင် ဈေးဆယ်ဆမက တက်လာမှာ😅
Exp ဆိုတာ ဥပဒေရဲ့သတ်မှတ်ချက်ပဲဖြစ်ပါတယ် technique တခုမဟုတ်ပါဘူး
ဒီဥပဒေမှာ ကောင်းတာရောဆိုးတာရောဒွန်တွဲနေပါတယ် ကောင်းတာက ဆေးကိုသုံးစွဲသူတွေအတွက် အသစ်စက်စက် အရည်အသွေးခိုင်ခိုင်မာမာ တစ်ခုကိုရစေပါတယ်
မကောင်းတာကတော့
ဒီဆေးတွေကို သတ်မှတ်ထားတဲ့ ရက်လွန်တာနဲ့ မီးရှုံ့ပစ်လိုက်ရတော့ မလိုလားအပ်တဲ့ဆံုးရှုံးမှုတွေဖြစ်ကုန်ပါတယ်
လိုအပ်နေတဲ့လူတွေလက်ထဲရောက်သွားမယ်
ဆေးဖို့း မတတ်နိုင်တဲ့လူတွေ အတွက် အသုံးပြုနိုင်ရင်တော့ ပိုကောင်းတာပေါ့
မသုံးဘူးလားဆိုရင်တော့သုံးပါတယ် ဆေးရုံတွေမှာသုံပါတယ် တချို့ဆရာဝန်တွေလဲ သူတို့ဆေးခန်းတွေမှာ အသုံးပြုကြပါတယ် ဒီဆေးပေးပြီးရင် ဘယ်အချိန်မှာဘယ်လိုအာနိသင်ရလာမယ်ဆိုတာသူတို့ပိုနားလည်တာပေါ့ အဲ့လို့အာနိသင်ရှိနေရင် သုံးပါတယ် အချို့ ဆေးbrand တွေဆိုရင် ဆေးကတော့အကောင်းပဲ expလဲမဖြစ်သေးဘူး ဒါပေမဲ့လူနာကိုပေးလိုက်လို့ လိုချင်တဲ့ အာနိသင် အစွမ်းမပြတာမျိုး ရှိသင့်ရှိထိုက်တဲ့ အာနိသင်လောက်မရပဲလျော့နေတာမျိုးဆို သူတို့တန်းသိပါတယ်
ဒါဆိုအဲ့ဆေးကိုမသုံးတော့ပါဘူး
ဒါပေမဲ့ expဆေးတွေ့လဲ ကောင်းပါတယ်ဆိုတဲ့အတွေးနဲ့တော့ အတင့်မရဲစေချင်သလို expမဖြစ်သေးပေမဲ့လဲ ဆေးက ပျက်စီးနှင့်ပြီးသားတွေနဲ့ တွေလဲရှိပါတယ်ဆိုတာတော့ သတိပြုပါ
ဆေးရုံ ဆေးခန်းတွေက တိုက်ရိုက်ပေးလိုက်တဲ့ဆေးဆိုရင်တော့ အိပ်စပါ ယာယာ မယာယာ သောက်လို့ရပါတယ် သူ့တို့ပေးတဲ့ဆေးအကြောင်းသူတို့ သိပါတယ်
အပြင်မှာ စီးပွားဖြစ်ဖွင့်ထားတဲ့ ဆေးရုံဆေးခန်းတွေမှာတော့ ဘယ်တော့မှ expေဆးကိုသုံးမှာမဟုတ်သလို
မှားပြီးသင့်ကိုပေးခဲ့ရင်လဲ ပြန်လဲခိုင်းပါအားနာစရာမလို့ဘူး😅
Crd_စွမ်း ဆေးဆိုင်။