Shwe Tha Yaw Da Ya

Shwe Tha Yaw Da Ya Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shwe Tha Yaw Da Ya, Astrologist & Psychic, No.17, North Corner, 108 Taung Pagoda, Near That Kay Ta A Wine., Yangon.

ရှေးနန်းတွင်းသရောဒယပညာရပ်၏ချစ်စေ လာစေ အောင်စေ ဝင်စေသောအစီရင်များ
21/08/2023

ရှေးနန်းတွင်းသရောဒယပညာရပ်၏ချစ်စေ လာစေ အောင်စေ ဝင်စေသောအစီရင်များ

14/07/2022

သရောဒယနက္ခတ်ဗေဒင်ပညာ
နက္ဓတ်၂၈လုံးနှင့်ပိုင်ဆိုင်သော
အက္ခရာ-
1/အဿဝဏီ=စု-စေ-စော-လ-
2/ဘရဏီ=လိ-လု-လေ-လော-
3/ကြတ္တိကာ=အ-ဣ-ဥ-ဧ-
4/ရောဟဏီ=သြ-ဝ-ဝိ-ဝု-
5/မိဂသီ=ဝေ-ဝေါ-က-ကိ-
6/အဒြ=ကု-ဃ-င-ဆ-
7/ပုဏ္ဍဖုသျှ=ကေ-ကော-ဟ-ဟိ
8/ဖုသျှ=ဟု-ဟေ-ဟော-ဍ=
9/အသာလိဿ=ဍိ-ဍု-ဍေ-ဍော-
10/မာဃ=မ-မိ-မု-မေ-
11/ပြုပ္ပါဖလဂုဏ္ဍီ=မော-ဋ-ဋိ-ဋု-
12/ဥတ္တရဖလဂုဏ္ဍီ=ဋေ-ဋော-ပ-ပိ
13/ဟဿတ=ပု-ဿ-ဏ-ဌ-
14/စိတြ=ပေ-ပေါ-ရ-ရိ-
15/သွာတိ=ရု-ရေ-ရော-တ-
16/ဝိဿခါ=တိ-တု-တေ-တော-
17/အနုရာဓ=န-နိ-နု-နေ-
18/ဇေဌ=နော-ယ-ယိ-ယု-
19/မူလ=ယေ-ယော-ဘ-ဘိ-
20/ပြုပ္ပါသဋ္ဌ်=ဘု-ဓ-ဖ-ဍ္ဎ=ဒရင်မုဒ်
21/ဥတ္တရသဋ္ဌ်=ဘေ-ဘော-ဇ-ဇိ-
*/အဘိဇိ=ဇု-ဇေ-ဇော-ခ-
22/သရဝဏ်=ခိ-ခု-ခေ-ခေါ-
23/ဓနသိဒ္ဓ=ဂ-ဂိ-ဂု-ဂေ-
24/သတ္တဘိသျှ=ဂေါ-သ-သိ-သု-
25/ပြုပ္ပါပုရပိုဒ်=သေ-သော-ဒ-ဒိ-
26/ဥတ္တရပုရပိုဒ်=ဒု-ထ-စျ-ည-
27/ရေဝတီ=ဒေ-ဒေါ-စ-စိ-
(မှတ်ချက်=၎င်းနက္ခတ်နှင့်အက္ခရာတို့တွဲ၍အလွတ်ကျက်မှတ်ထားရန်အလွန်အရေးကြီး၏)ဆက်လက်ဖေါ်ပြသွားမည်/

13/07/2022

ကံဥာဏ်ဝီရိယ-သုံးဌာနနှင့်-သီလမြဲစွာ
သစ္စာဂတိ-အမှန်ရှိ၍-တိတိကျကျစီရင်မှသာ-မုချမှန်စွာဖြစ်ကုန်၏-ရှေးကံမပါ-ဥာဏ်မှာမလင်း-ဝီရိယကင်းလျှက်-စောင့်ခြင်းသီလ-တကွသစ္စာ-ကင်းလွတ်ပါမူ-မှန်စွာသူမိုက်-စိတ်၌ကြိမ်းဝါး-ငါတကားဟု-ပြုငြား၍သာ-အားထုတ်ပါလည်း-နည်းနာမကျ-မှန်မရပဲ-ပျက်ရမည်သာ-ယုံကြည်ပါဟု-ဆရာသူမြတ်-မိန့်မှာအပ်သည်-
ကျမ်းမြတ်အလာနိ ဂုံးတည်း"
ပညာရှာဖွေဆရာများသို့---?

13/07/2022

ကျမ်းလျှောက်လို့လမ်းမပေါက်နိုင်ပါ
ကျမ်းပေါက်မှလမ်းရောက်နိင်
လိမ့်မည်????
မည်သည့်ပညာရပ်မဆိုလေ့
လာသူတို့သည်စာအုပ်ပေါင်း
များစွာလေ့လာဖတ်ရှု၍-ငါးများ
၍ဟင်းဟုန်-ကြိုးသာကုန်မောင်ပုံစောင်းမတတ်-ဆိုသကဲ့သို့အချိန်ကုန်လူပန်းခရီးမတွင်ဖြစ်တတ်သည်ထို့
ကြောင့်ကျမ်းစာအုပ်တွင်ပါသောအဓိကအချက်အလက်အနှစ်ချုပ်
ဆိုလိုရင်းကိုသဘောမိအောင်
ဥာဏ်မှီအောင်လိုက်နိုင်ပါမှ
သုတေသနအချိန်ယူလုပ်ဆောင်နိုင်ပါမှသာ
လိုရာလျှင်မြန်စွာခရီးတွင်နိုင်
လိမ့်မည်---
ပညာရှင်များလျှင်မြန်စွာပေါ်
ထွန်းနိုင်ပါစေဆန္ဒပြုရင်း--

13/07/2022

တိထီ-၅-ပါးအကျဉ်း
နန္ဒာတိထီ=ပဉ္ဇင်းရဟန်းလှူဒါန်းပေးရာဥစ္စာစပါးထုတ်ရောင်း
ငြားနှင့်ဘုရားဂူကျောင်းတံဆောင်းဇရပ်မဏ္ဏာပ်ဆောက်လေ-
ဘဒြာတိထီ=အိမ်ယာထိမ်းမြား
ထုတ်သွေးသားနှင့်ခန်းနားသဘင်ဆင်ယင်မယွင်းနားထွင်းမင်္ဂလာဆောင်ကုန်ပါလော
ဇေယျာတိထီ=စစ်ချီစစ်တက်
ရမ္မက်ခိုက်ပွါးတရားစစ်ဆင်
အောင်မြင်လေတတ်သွေးအပ်လှံဓါးစသည်များနှင့်လျှော်ငြား
ညီစွာပြုလေပါလော့
ရိတ္ထာတိထီ=အညီပြုဘွယ်
မြေလယ်ယာခင်းဝတ်ခြင်းဥလျှောင်ထို့နောင်ခေါင်းဆေးမည်ပေးအပ်နှင်းထိုးကွင်းလက်ဖွဲ့
ပြစ်မဲ့ဆေးဝါးနာဖျားလွတ်စေ
ပြုလေကုန်ကျဓိပ္ပါယ်ရ၏
ပုဏ္ဍာတိထီ=ကြုံလာညီမူ
တိုက်ကျီအိမ်တွင်းလောင်သွင်းရေစာများစွာရွှေငွေမိုးမြေလယ်
ယာကြီးပွားရာ၏--
ငါးဖြာတိထီထုံးနှင့်ညီအောင်
စီစဉ်စကားဓိပ္ပါယ်ထားသည်
မှတ်သားလွယ်ကူမခဲတည်း--

13/07/2022

ဝဂ္ဂစက်မည်သောအက္ခရာတို့၏ပေါင်းစပ်မှုမှဖြစ်ပေါ်လာ
သောအား၈မျိုးသည်လည်းအလွန်အရေးကြီးအသုံးဝင်ပေ၏
အဝဂ်/အဣဥဧဩ=ကျီးဝဂ်အား
ဂဏန်းသချင်္ာအနေဖြင့်=၈ မှတ်
ကဝဂ်/ကခဂဃင=နွား ဝဂ်အား
ဂဏန်း------ဖြင့်=၅ ဟုမှတ်
စဝဂ်=စဆဇစျည=မြင်းအား
ဂဏန်း------ဖြင့်=၆ ဟုမှတ်
ဋဝဂ်=ဋဌဍဎဏ=သမင်အား
ဂဏန်း------ဖြင့်=၄ဟုမှတ်
တဝဂ်=တထဒဓန=ဆင်အား
ဂဏန်း-------ဖြင့်=၇ ဟုမှတ်
ပဝဂ်=ပဖဗဘမ=တံခွန်အား
ဂဏန်း-------ဖြင့်=၁ ဟုမှတ်
ယဝဂ်=ယရလဝ=ခြင်္သေ့အား
ဂဏန်း------ဖြင့်=၃ ဟုမှတ်
သဝဂ်=သဟဠ=အခိုး အား
ဂဏန်း------ဖြင့်=၂ ဟုမှတ်
လူနာမည်ဆိုင်နာမည်အစရှိ
သောအများခေါ်သည့်အမည်
အက္ခရာရှိသလောက်ဂဏန်းသချာင်္နည်းဖြင့်ပေါင်း၍ရသော
အဖြေကို-၈-ဖြင့်စားအကြွင်းအ
တိုင်းဝဂ်အားကိုယူလေ(ဥပမာ)
စိုးခိုင်=၆+၅=၁၁÷၈=၃ခြင်္သေ့အားဟုမှတ်လေ၎င်းနည်းအတိုင်းနည်းစပ်ရာလူနာမည်ဆိုင်အမည်တို့တွက်ယူပါ
ကျီးကိုသမင်နိုင်
သမင်ကိုမြင်းနိုင်
မြင်းကိုနွားနိုင်
နွားကိုဆင်နိုင်
ဆင်ကိုခြင်္သေနိုင်
ခြင်္သေ့ကိုတံခွန်နိုင်
တံခွန်ကိုအခိုးနိုင်
အခိုးကိုကျီးနိုင်အဆင့်ဆင့်နိုင်
ကြကုန်၏ ဆက်လက်ဖေါ်ပြမည်

12/07/2022
11/07/2022

Address

No.17, North Corner, 108 Taung Pagoda, Near That Kay Ta A Wine.
Yangon

Telephone

+95943136234

Website

Alerts

Be the first to know and let us send you an email when Shwe Tha Yaw Da Ya posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram