24/03/2022
ကောင်းထက်အောင်ကို အစဉ်အမြဲအားပေးနေကြသော မိတ်ဆွေများဗဟုသုတအတွက် မျှဝေပေးလိုက်ပါတယ်ရှင်။
𝐖𝐨𝐫𝐥𝐝 𝐓𝐮𝐛𝐞𝐫𝐜𝐮𝐥𝐨𝐬𝐢𝐬 𝐃𝐚𝐲 (ကမ္ဘာ့တီဘီရောဂါနေ့)
🗓ဒီကနေ့ (၂၀၂၂)ခုနှစ်၊ မတ်လ (၂၄)ရက်နေ့ဟာဆိုရင်𝐖𝐨𝐫𝐥𝐝 𝐓𝐮𝐛𝐞𝐫𝐜𝐮𝐥𝐨𝐬𝐢𝐬 𝐃𝐚𝐲 (ကမ္ဘာ့တီဘီရောဂါနေ့) ဖြစ်ပါတယ်။ ဒီနှစ်ရဲ့ 𝐖𝐨𝐫𝐥𝐝 𝐓𝐮𝐛𝐞𝐫𝐜𝐮𝐥𝐨𝐬𝐢𝐬 𝐃𝐚𝐲 အတွက်ဆောင်ပုဒ်ကတော့ "𝐈𝐧𝐯𝐞𝐬𝐭 𝐭𝐨 𝐄𝐧𝐝 𝐓𝐁. 𝐒𝐚𝐯𝐞 𝐋𝐢𝐯𝐞𝐬." ပဲဖြစ်ပါတယ်။ တီဘီရောဂါအတွက် ထိရောက်သော ကာကွယ်ရေးနည်းလမ်းတွေ၊ လုံလောက်သော ကုသမှုဆေးဝါးတွေရှိခြင်းဖြင့် လူ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်မှာဖြစ်ပါတယ်။
📌တီဘီရောဂါဟာဆိုရင် ယနေ့ထိတိုင် ကူးစက်နှုန်းမြန်ရောဂါဆိုးအနေနဲ့ လူသားတွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေဆဲဖြစ်ပါတယ်။ ကမ္ဘာပေါ်တွင် နေ့စဉ်နေ့တိုင်း လူပေါင်း (၄,၀၀၀)ကျော်ဟာ တီဘီရောဂါကြောင့်သေဆုံးနေရပြီး လူပေါင်း (၃၀,၀၀၀) ဝန်းကျင်ဟာ နာမကျန်းဖြစ်နေကြရပါတယ်။
🌐ကမ္ဘာပေါ်တွင် တီဘီအဖြစ်အများဆုံးနိုင်ငံပေါင်း (၃၀) တွင် မြန်မာနိုင်ငံဟာ နံပါတ်(၁၀)နေရာမှာရှိပြီး ဆေးယဉ်ပါးတီဘီအများဆုံးနိုင်ငံအနေနဲ့ နံပါတ်(၉)နေရာတွင်ရှိနေပါတယ်။ တီဘီရောဂါပိုးဟာ ခုခံအားကျဆင်းနေတဲ့သူတွေမှာအလွယ်တကူဝင်ရောက်နိုင်ပြီး ရောဂါကို ပိုမိုဆိုးရွားစေတတ်ပါတယ်။ ဒါကြောင့် HIV ရောဂါပိုးရှိတဲ့သူတွေမှာ တီဘီရောဂါကြောင့်အများဆုံးသေဆုံးကြရပါတယ်။
✅တီဘီရောဂါပိုးကူးစက်ခံစားနေရတဲ့သူတွေဟာ ရောဂါပိုမိုကူးစက်နိုင်ပြီး အဆုတ်တွင် ထိခိုက်မှုအနည်းအများရှိတတ်တဲ့အတွက်ကြောင့် ယခုလို ကိုဗစ်ရောဂါကူးစက်ပျံ့နှံ့နေတဲ့ကာလများတွင် အထူးဂရုစိုက်ဖို့လိုအပ်ပါတယ်။
🙏𝐙𝐢𝐟𝐚𝐦 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐅𝐚𝐧များနှင့် မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံး တီဘီရောဂါအန္တရာယ်မှကင်းဝေးပြီး နေ့ရက်တိုင်း ကျန်းမာပျော်ရွှင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
🇦🇺 ဒီအစီအစဉ်ကို 𝐀𝐮𝐬𝐭𝐫𝐚𝐥𝐢𝐚 နိုင်ငံထုတ် 𝐒𝐮𝐩𝐫𝐚𝐯𝐢𝐭 အဆင့်မြင့်အားဆေး မှ တင်ဆက်ပေးထားတာဖြစ်ပါတယ်။
Reference:
📌USAID, 2021. BURMA TUBERCULOSIS ROADMAP OVERVIEW, FISCAL YEAR 2021, s.l.: USAID.
📌WHO, 2022. World Health Organization. [Online]
Available at: https://www.who.int/news-room/events/detail/2022/03/24/default-calendar/world-tb-day-2022-online-talk-show
[Accessed 24 March 2022].
အဆင်မြင့်အားဆေး