08/09/2022
မင်္ဂလာပါ အေမီအောင်ဆန်းပါ ❤️
အေမီ Ylang Ylang အကြောင်းလေးပြောမယ်ဆိုပြီး Page ကိုပစ်ထားတာတောင် အတော်ကြာသွားပြီ 😅
Video ရိုက်လိုက် အဆင်မပြေလိုက် ၊ ပြောချင်တာကျန်သွားလိုက်နဲ့ တကောင်တည်း လုံးချာလည်ရိုက်နေတော့တာ...
Data ဖိုးသိပ်မကုန်အောင်.. Amy စာအနေနဲ့လည်းရှင်းပြထားပါတယ်.. ♥️
ဗဟုသုတလေးတခုရသွားမယ်ဆိုဘဲ Admin အရမ်းပျော်ပါပြီ ♥️
🌺Ylang Ylang ( EE-lang EE-lang )
အဓိပ္ပာယ်က 'Flower of Flower'
English နာမည်ဆိုရင် Perfume Tree လို့ခေါ်ကြတယ်..
Ylang အပင် ပေါက်ရောက်ရာ Original Country တွေက Philippines ၊ Malaysia ၊ Indonesia ၊ Australia တို့ဖြစ်တယ်
Ylang Ylang ကိုဘယ်မှာစပြီး ရင်းနှီးခဲ့လည်းဆို
Bali က Spa တွေမှာပါ..
သူတို့က Lavender ကို အဓိက မသုံးဘဲ Ylang ကိုအဓိကထားသုံးကြတယ်...
Ylang ကို Spa တင်ဘဲသုံးတာလားဆိုတော့... မဟုတ်ရပါဘူးဗျာပေါ့
အရမ်းချစ်ဖို့ကောင်းတဲ့ ဓလေ့ရိုးရာမှာလည်း Ylang က ပါနေပါသေးတယ်..
မင်္ဂလာဦး ဇနီးမောင်နှံတွေရဲ့ မင်္ဂလာအိပ်ယာခင်းပေါ်မှာ Ylang ပန်းတွေကိုဖြန့်ကျဲပြီး အလှဆင်ပါတယ်တဲ့...
Aphrodisiac / လိင်စိတ်ဆန္ဒ ကိုဖြစ်ပေါ်စေတယ်..
ဇနီးမောင်နှံ နှစ်ဦးကြားက ချစ်စိတ်ကိုပိုဖြစ်ပေါ်စေတယ်လို့ လက်ခံထားကြလို့ပါ ❤️❤️
YLANG က ဒါတင်ဘဲလားဆိုတော့ ဘယ်ကမလည်း
ဆေးဝါးဖော်စပ်ရာမှာ အရမ်းအသုံးဝင်တဲ့ ဆေးဖက်ဝင် Herbs တမျိုး..
တောထဲသွား သစ်ခုတ် အစာရှာကြတဲ့အချိန်မှာ ရှမိတာ ၊ အကောင်ကိုက်မိတာ ၊ ပိုးထိတာ ၊ ငှက်ဖျားပိုးဝင်တာ တို့ဆို Ylang ပန်းစို / ပန်းခြောက် တွေနဲ့ ဘဲကုသကြတယ်..
🪵Ylang ပန်းတင်ဆေးဖက်ဝင်တာ မဟုတ်ဘဲ
သစ်ခေါက်တွေကို လေထိုး ၊ လေအောက် စသည့် ဝမ်းဗိုက် ပြဿနာ ကုသရာမှာ ထည့်သွင်းဖော်စပ်ကျတယ်..
🪵Ylang သစ်ပင်လုံးကလည်း ပရိဘောဂတွေ ၊ ကနူးလှေ အစရှိသည်တို့မှာ အသုံးဝင်ပြန်တော့
Ylang တပင်လုံးက တန်ဖိုးထားရာအပင်ဖြစ်တယ်..
Ylang Essential Oil အကြောင်းလေး ဆက်ရအောင်
YEO က Ylang ပန်းကနေ steam distillation (ရေနွေးငွေ့နဲ့ထုတ်တဲ့ နည်းပညာ) နှင့်ထုတ်တယ်..
သူ့ရဲ့ တမူဆွဲဆောင်မှုရှိတဲ့ ရနံ့ရယ်
မွေးလွန်းပြီး ကြာရှည် စွဲတဲ့အချက်ကြောင့်
Ylang ဟာ ရေမွှေးလောကမှာ အရမ်းကို အရှိန်နဲ့ နေရာယူခဲ့တဲ့ EO
အနံ့ပြင်းပြီး စွဲလွန်းလို့
Mid-Base note အဖြစ် သုံးရတဲ့ EO
(ပန်းကထုတ်တဲ့ EO တွေမှာ Top - Mid note တွေက အများဆုံးဘဲ )
ရေမွှေးလောကရဲ့နာမည်ကြီး
💧Channel -5
💧Kelvin Clein ရဲ့ escape for women
💧Estée Lauder ရဲ့ Beautiful
High end Brand တွေမှာ တွေ့တွေ့နေရတဲ့ EO
Ylang EO မှာ Steam Distillation ကြာချိန်ပေါ် မှုတည်ပြီး
Ylang Ylang Extra
Ylang Ylang 1
Ylang Ylang 2
Ylang Ylang 3
Ylang Ylang extra ဆိုပြီး သတ်မှတ်ကျတယ်
အဆင့်တိုင်းမှာ ထွက်တဲ့ Chemical Compounds တွေလည်း မတူကြဖူး အနည်းငယ် ကွဲပြားတယ်..
ပထမဦးဆုံး 1-2နာရီမှာ ထွက်တာ
Ylang Ylang Extra
ရေမွှေးထုတ်ရင်သုံးဖို့ အသင့်တော်ဆုံးအဆင့်
အနံ့အရမ်းမွှေးပြီး ပန်းရနံ့လှိုင်လှိုင်ရပြီး
ပြင်းအားအပြင်းဆုံး သိပ်သည်းဆအများဆုံး
အဲ့တော့ ဈေးလည်းအကြီးဆုံး 😅
High End brand ရေမွှေးတွေမှာ တွေ့ရတဲ့ EO ပေါ့
နောက်ထပ် တနာရီအကြာမှာရတာက
Ylang 1 - သူကလည်း extra နည်းတူဘဲ.. ပန်းရနံ့ကဲတယ်.. Sweet ဖြစ်တယ် luxury ဆန်ဆန် Product တွေ အတွက်ဘဲပေါ့
နောက်ထပ် တနာရီအကြာမှာရတာက
Ylang -2 ကျတော့ Floral ဖြစ်တယ် sweet ဖြစ်တယ် သို့သော် Ylang 1ထပ်စာရင် အနံ့နည်းနည်းဖျော့သွားပြီး Skin Care တွေမှာအသုံးများကြတယ်
နောက်ထပ် တနာရီအကြာမှာရတာက
Ylang 3 မှာဆို ပန်းရနံ့မပါသလောက် နည်းပြီး Herb ဘက် Earthy ဘက်ပိုရောက်သွားတယ်
ပြီးရင်နောက်ဆုံး 6-20 အကြာမှာရတာကို
Ylang Complete
⏰(Manufacturer တွေ ပေါ်မှုတည်ပြီး အချိန်ကွာဟချက်တော့ရှိကြတယ်)
အဲ့တော့ Ylang EO ဝယ်မည့်အခါ.. အရေးကြီးတဲ့အချက်က သူ့ရဲ့ Scientific Name ( Cananga odorata) ပါမပါ.. (အရမ်းအရေးကြီးပါတယ်)
❤️ကိုယ်ထုတ်မည့် product က ဘာထုတ်မှာလည်း?
♥️ဘယ်အနံ့ကို ပိုစေချင်လည်း? ပန်းရနံ့လား Herb ဘက်သွားမလား??
♥️ဘယ် Chemical Compounds ကို ပိုပါစေချင်တာလည်း??
EO အစစ်ရောင်းတဲ့ Supplier တိုင်းမှာ
Essential Oil တွေနဲ့ပတ်သတ်တဲ့ Certificate တွေရှိတယ်
GCMS / LCMS တွေနဲ့ တိုင်းတာပြီး ဒီ EO မှာဘယ်လို chemical compounds တွေ ပါဝင်ပါသည် ဆိုတဲ့ စာရွက်တွေ ရှိတယ်...
အဲ့စာရွက်ကိုကြည့်ပြီး ဒါ ငါထုတ်ချင်တဲ့ Product နဲ့ကိုက်ညီ/မညီ ကြည့်ပြီးဝယ်ရင် အကောင်းဆုံးပေါ့..
❗❗ပုလင်းမှာ 100% pure essential oil ပါလို့ရေးတိုင်း မယုံရဖူး.. ပန်းကရတဲ့ / သဘာဝကရတဲ့ EO မဟုတ်ဘဲ Laboratory #လူလုပ်ရနံ့တွေ ဒါမှမဟုတ်.. အစစ်နည်းနည်း အတုများများ ရောသမမွှေထားတာတွေ တွေ့ရမယ်
တချို့Online Page တွေမှာ 100% Pure Ylang EO 10ml 3500/- ဆိုပြီးရောင်းတာတွေ့ဖူးတယ်
Ylang EO 2Liters (2000ml) ရေသန့်ဗူး 2ဗူး စာရဖို့ကို Ylang ပွင့်ဖတ်ပေါင်း 100kg လိုတယ်
2% ဘဲ EO ထွက်တယ်ပေါ့..
အပင် 1ပင်မှာ 1နှစ်ကို 100kg ပန်းပွင့်ရတယ်
ဒါတောင် သက်တမ်းရင့်အပင်တွေဆို ဆီ ကောင်းကောင်း မရတော့ဖူး..
1နှစ် 1ပင်ကိုမှ 2Liter ဘဲ ရတာဆိုတော့
မီးဖိုး ပုလင်းဖိုး သယ်ဆောင်စားရိတ် အလုပ်သမားစာရိတ် ခုခေတ် ငွေလွဲနှုန်းနဲ့ 3500/- က ဘယ်လိုရမတုန်း..
EO တွေက ဈေးကြီးပါတယ် ပရိတ်သတ်ကြီး..
အဲ့မှာ ဘွဲ့ရပညာတတ် Certificate စုံရ/ organic ဆိုလို့ကတော့ ဈေးက အပေါ်မှာကြီးဘဲ..
ကဲ စာလည်း ထိုက်သင့်သလောက် ရှည်နေပြီဆိုတော့
🌺 Ylang မှာ ဘယ်လို chemical compounds တွေပါလည်း?
🌺အဲ့ဒီ chemical compounds တွေကြောင့်
💐Aromatherapy ရနံ့ကုထုံးလောက
💐Skin Care လောက
💐ကျန်းမာရေး လောက တွေမှာ Ylang က ဘယ်လောက်ထိအသုံးဝင်လည်းဆိုတာကို
ဒုတိယအပိုင်းမှာဘဲ ဆက်လက် ကြည့်/ဖတ်ရှုပေးပါနော် ♥️