14/04/2022
✨မင်္ဂလာပါရှင့် ဘေဘီဟီအဲဟီအဲ ဓာတ်ပုံပြိုင်ပွဲလေးကတော့ မေမေတို့ရဲ့ အကြိတ်အနယ် ယှဉ်ပြိုင်မှုများနဲ့အတူ ပြီးဆုံးသွားခဲ့ပါပြီ။✨
ဆုရရှိသူများကို မကြေငြာခင် မင်မင်တို့ရဲ့ ပြိုင်ပွဲပြုလုပ်ပေးရတဲ့ ရည်ရွယ်ချက်လေးကို ရှင်းပြချင်ပါတယ်။ ဟီအဲဟီအဲအပူကျပလာစတာကို ၂၀၁၄ခုနှစ်မှစတင်၍တင်သွင်းဖြန့်ချီခဲ့ပြီး အခုဆိုရင် ရန်ကုန်မြို့သာမက အနယ်နယ်အရပ်ရပ်မှာပါ ရောင်းချပေးနေပြီဖြစ်ပါတယ်။ ကလေးငယ်တို့အတွက်အရမ်းအသုံးဝင်ပြီး ထိရောက်တဲ့အာနိသင်ရှိတဲ့ ပလာစတာဖြစ်ပါတယ်။ (၈)နှစ်တိုင်တိုင် ယုံကြည်စိတ်ချစွာ သုံးစွဲလာပေးခဲ့ကြတဲ့ မိတ်ဆွေများကိုကျေးဇူးတုံ့ပြန်ချင်လို့ဒီပြိုင်ပွဲလေးကိုစီစဉ်ဖြစ်ခဲ့ပါတယ်။
ကလေးတို့ရဲ့မေမေတွေ ဒီပစ္စည်းလေးအကြောင်းကို ပိုမိုစိတ်၀င်စားသိရှိနိုင်စေရန် နှင့် ဘေဘီလေးတွေရဲ့ကျန်းမာပျော်ရွှင်တဲ့ချစ်စဖွယ် ပုံရိပ်လေးများကို အတူတူမျှဝေပြီးခံစားကြဖို့ရန် ရည်ရွယ်ပါတယ်။ မင်မင်တို့အနေနဲ့ ဟီအဲ Pageမှာ ပြိုင်ပွဲကျင်းပပေးတာဟာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ဒါကြောင့်အစီအစဉ်ရေးဆွဲရာမှာ အားနည်းချက် တစုံတရာရှိခဲ့ရင် သည်းခံပေးကြပါလို့အရင်ဆုံးတောင်း
ပန်ပါရစေနော်။🙏
ပြိုင်ပွဲတခုကို အနိုင်ရလိုစိတ်နဲ့ ယှဉ်ပြိုင်ကြရာမှာ အများနည်းတူ လုံ့လ၊ဝီရိယ၊စည်းကမ်းလိုက်နာမှုများနဲ့ ယှဉ်ပြိုင်ခြင်းသည်သာ စစ်မှန်တဲ့ ဆုရလာဒ်ကို ထိုက်
ထိုက်တန်တန်နဲ့ ပိုင်ဆိုင်နိုင်မယ်လို့ ယူဆပါတယ်။ ဒီပြိုင်ပွဲစတင်လိုက်တဲ့နေ့ကစပြီး မင်မင်တို့ HieHie page Admin Teamအနေနဲ့ ပြိုင်ပွဲဝင်ပုံများ၊ post reaction များ၊ page Like and Share Notiများကို အတတ်နိုင်ဆုံးမျက်ခြေမပြတ်စေဖို့အတွက် သေချာအချိန်ပေးကြည့်ရှူခဲ့ပါတယ်။အမှန်တကယ်ကြိုးစားယှဉ်ပြိုင်နေတဲ့သူတွေအတွက်မနစ်နာစေဖို့ပါ။ likeအလွယ်တကူများစေတဲ့နည်းလမ်းများကိုအသုံးပြုသူတချိူ့ကိုလဲ လေ့လာတွေ့ရှိခဲ့ရပြီး တချိူ့ကတော့ မင်မင်တို့ကို အဲဒီကိစ္စနဲ့ပတ်သတ်ပြီး complaintလုပ်ကြတာမျိူးလဲရှိခဲ့ပါတယ်။
ဒါကြောင့် မင်မင်တို့ Admin Teamက သေချာတိုင်ပင်ပြီး စည်းကမ်းချက်နဲ့အညီ စိတ်နှစ်ပြီးကြိုးစားယှဉ်ပြိုင်ထားတဲ့ (၃)ဦးကို အောက်ပါအတိုင်းရွေးချယ်ပေးလိုက်ပါတယ်။ ရွေးချယ်ရာမှာ likeအများဆုံးဖြစ်ဖို့အတွက် share, mention, tagစသည့်အချက်အလက်များကိုပါထည့်သွင်းစဥ်းစားထားပြီး၊ likeပေးရာတွင် fake account များကိုအသုံးပြုခြင်းရှိ၊မရှိ စသည်တို့ပါ စိစစ်ရွေးချယ်ပေးခဲ့ပါတယ်။✍️
မင်မင်တို့အနေနဲ့ နောင်ကာလများမှာလဲ ပြိုင်ပွဲလေးတွေ အလျဉ်းသင့်သလိုကျင်းပပေးဖို့ စီစဉ်ထားပါတယ်။ တကယ်စိတ်ပါဝင်စားပြီးကြိုးစားယှဉ်ပြိုင်တဲ့ပြိုင်ပွဲဝင်များကို ပိုမိုလိုလားတဲ့အတွက် တဦးချင်းစီကိုလေ့လာဆန်းစစ်ပြီးမှရွေးချယ်ပေးရခြင်းဖြစ်လို့ တခြားဆုမရတဲ့ပြိုင်ပွဲဝင်များလဲ ကျေးဇူးပြုပြီးနားလည်ပေးစေလိုပါတယ်။ ဘေဘီဟီအဲဟိအဲပြိုင်ပွဲလေးကို ပါဝင်ပေးကြတဲ့အတွက် မေမေတို့နဲ့ ဘေဘီလေးများ တယောက်ချင်းစီတိုင်းကို အထူးပဲကျေးဇူးတင်ရှိပါတယ်ရှင့်။🥰
💦နှစ်သစ်အတာသင်္ကြန်အခါသမယမှာ... စိတ်၏ကျန်းမာခြင်း၊ ကိုယ်၏ချမ်းသာခြင်းများနဲ့ပြည့်စုံပြီး ချစ်သောမိသားစုများနဲ့အတူအေးချမ်းပျော်ရွှင်ကြပါစေကြောင်း HieHie Admin Teamမှ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။💦