CHOCO ရောဂါရှာဖွေရေးနှင့် အထူးကုဆေးခန်း

  • Home
  • Myanmar
  • Yangon
  • CHOCO ရောဂါရှာဖွေရေးနှင့် အထူးကုဆေးခန်း

CHOCO ရောဂါရှာဖွေရေးနှင့် အထူးကုဆေးခန်း An organized polyclinic offering diagnostic, therapeutic, & outpatient clinical care services.

ကျွန်တော် တို့ CHOCO ရောဂါရှာဖွေရေးနှင့် အထူးကုဆေးခန်း တွင် လက်တွဲ လုပ်ကိုင်ရန် လုပ်ဖော်ကိုင်ဖက် အသစ်များကို ကြိုဆိုနေပါ...
05/06/2025

ကျွန်တော် တို့ CHOCO ရောဂါရှာဖွေရေးနှင့် အထူးကုဆေးခန်း တွင် လက်တွဲ လုပ်ကိုင်ရန် လုပ်ဖော်ကိုင်ဖက် အသစ်များကို ကြိုဆိုနေပါတယ် ခဗျာ...။

စိတ်ပါဝင်စားသူများ အနေဖြင့် ဆေးခန်း ဖုန်း နံပါတ် - 09-881725252/ 09-881725353 ကိုဆက်သွယ် စုံစမ်းနိုင်ပါတယ် ခဗျာ...။

11/04/2025

မြန်မာ့ရိုးရာ အတာသင်္ကြန် နှစ်ကူးကာလ အတွင်း

၁၃.၄.၂၀၂၅ မှ ၁၇.၄.၂၀၂၅ အထိ ၅ ရက်တာကာလ ကို

ကျွန်တော်တို့ Choco ရောဂါ ရှာဖွေရေးနှင့်အထူးကုဆေးခန်း နှစ်သစ်ကူး ဆေးခန်းပိတ်ပါကြောင်း ကြိုတင် အသိပေးကြေငြာရင်း

မိတ်ဟောင်းမိတ်သစ် မိဘပြည်သူများအားလုံး ကျန်းမာရွှင်လန်းပြီး မင်္ဂလာရှိသော နှစ်ကူးလေးဖြစ်ပါစေရန် မေတ္တာဖြင့် ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ် ခဗျာ…

Edited - Vacancy ပြည့်သွားပါပြီ ခဗျာ CHOCO DIAGNOSTIC CENTER AND SPECIALIST CLINIC နှင့် လက်တွဲရန်  Medical Officer (2) ...
25/03/2025

Edited - Vacancy ပြည့်သွားပါပြီ ခဗျာ

CHOCO DIAGNOSTIC CENTER AND SPECIALIST CLINIC နှင့် လက်တွဲရန်

Medical Officer (2) post ဖိတ်ခေါ်ပါတယ် ခဗျာ…

Clinical ကို passionate ဖြစ်ပြီး Duty assigned များအတိုင်း ဆင်းနိုင်မယ့် ဆရာ ဆရာမ များကို ဖိတ်ခေါ်ပါတယ် …

Per 24 Hr Duty 100,000 ကျပ်အပြင်ကို Refer and procedure +++
WiFi +
Comfortable MO room +

အသေးစိတ်ကို 09963811555 ကို ဆက်သွယ် စုံစမ်းနိုင်ပါတယ် ခဗျာ…

21/03/2024

🏨 CHOCO Diagnostic Center and Specialist Clinic
(Job Vacancy Announcement) 🏨

၁. ဆေးအရောင်းဝန်ထမ်း - မ (၃)ဦး

၂. Nurse Aide - မ (၃)ဦး

*လိုအပ်ချက်များ*

- လုပ်ငန်းအားရေရှည်လက်တွဲလုပ်ကိုင်နိုင်သူဖြစ်ရပါမည်။
- ပေးအပ်သောတာဝန်ကို အဖွဲ့အစည်းဖြင့် ပူးပေါင်း
လုပ်ကိုင်နိုင်ရပါမည်။
- သက်ဆိုင်ရာလုပ်ငန်းအတွေ့အကြုံရှိရမည်။ လုပ်ငန်းအတွေ့အကြုံရှိသူကို ဦးစားပေးပါမည်။
- အကျင့်စာရိတ္တကောင်းမွန်ရမည်။
- လုပ်ငန်းခွင်စည်းမျဉ်းစည်းကမ်းများ လိုက်နာနိုင်သူ
ဖြစ်ရပါမည်။
- ကျန်းမာရေး ကောင်းမွန်သူဖြစ်ရပါမည်။
- နေ့/ည ဂျူတီအဆိုင်းဆင်းနိုင်ရမည်။
- ယုဇနဥယျာဉ်မြို့တော်အတွင်းနေထိုင်သူဦးစားပေးမည်။

စိတ်ပါဝင်စား၍အလုပ်လျှေက်ထားလိုပါက CV Form အပြည့်အစုံနှင့်တကွ CHOCO Diagnostic Center and Specialist Clinic အမှတ်(၄၁၅), ပုဏ္ဏမီလမ်းမ,(၇၈)ရပ်ကွက်, ဒဂုံဆိပ်ကမ်းမြို့နယ်,ရန်ကုန်သို့ လူကိုယ်တိုင်လာရောက်လျှောက်ထားနိုင်ပါသည်။
☎️☎️09-881725252/09-881725353

CHOCO အထူးကုဆေးခန်း နှင့် Myanmar Liver Foundation တို့ပူးပေါင်းပြီး  အသည်းရောင်အသားဝါ ဘီပိုးကာကွယ်ဆေးအား ရဟန်းသံဃာ နှင်...
28/01/2024

CHOCO အထူးကုဆေးခန်း နှင့် Myanmar Liver Foundation တို့ပူးပေါင်းပြီး
အသည်းရောင်အသားဝါ ဘီပိုးကာကွယ်ဆေးအား ရဟန်းသံဃာ နှင့် သီလရှင်များအား အခမဲ့ ထိုးနှံပေးခဲ့ပါသည်။

🦠 အသည်းရောင်အသားဝါရောဂါ ဘီပိုးကာကွယ်ဆေးကို CHOCO ရောဂါရှာဖွေရေးနှင့် အထူးကုဆေးခန်း မှာ ထိုးလို့ရနေပြီနော်...။

🏪 CHOCO Diagnostic Center and Specialist Clinic
အမှတ် (၄၁၅)၊ ပုဏ္ဏမီလမ်း၊ (၇၈) ရပ်ကွက်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရန်ကုန်မြို့။ (ယုဇနဥယျာဥ်မြို့တော်၊ A - ၈ လမ်းထိပ်)

၀၉ ၈၈၁၇၂ ၅၁၅၁
၀၉ ၈၈၁၇၂ ၅၂၅၂
၀၉ ၈၈၁၇၂ ၅၃၅၃

#ကာကွယ်ဆေးထိုးနှံခြင်း

#အသည်းရောင်အသားဝါရောဂါ
#ဘီပိုးကာကွယ်ဆေး





#အထူးကုဆရာဝန်ကြီးများ
#ယုဇနဥယျာဥ်မြို့တော်

 #အသည်းရောင်အသားဝါဘီပိုးကာကွယ်ဆေး Hepatitis B Vaccine အကြောင်းကိုသာမန်ပြည်သူတွေအနေနဲ့မဖြစ်မနေသိထားသင့်တဲ့အချက်ကလေးတွေအနည...
03/07/2023

#အသည်းရောင်အသားဝါဘီပိုးကာကွယ်ဆေး

Hepatitis B Vaccine အကြောင်းကိုသာမန်ပြည်သူတွေအနေနဲ့မဖြစ်မနေသိထားသင့်တဲ့အချက်ကလေးတွေအနည်းငယ်မျှဝေချင်ပါတယ်။

Vaccine အကြောင်းမပြောခင်အသည်းရောင်ဘီပိုးဘယ်လိုကူးစက်နိုင်သလဲဆိုတာလေးအရင်ပြောပါရစေ။
အဓိကကူးစက်နိုင်တာကရောဂါပိုးရှိသူရဲ့သွေးကနေတဆင့်ကူးတာပါ။နောက်တနည်းကတော့လိင်ဆက်ဆံရာမှတဆင့်ကူးစက်တာဖြစ်ပါတယ်။ရောဂါပိုးရှိသူမိခင်မှသန္ဓေသားသို့လည်းကူးစက်နိုင်ပါသေးတယ်။တံတွေးမှတဆင့်ကူးစက်ခြင်းကတော့ရာခိုင်နှုန်းနဲပါးသော်လည်းအချက်တချက်အနေဖြင့်ထဲ့သွင်းထားပါတယ်။

#ဒီမှာတချို့တွေစိုးရိမ်နေကြသလို
နှာချေခြင်း၊ချောင်းဆိုးခြင်း၊သာမန်ဖက်ရမ်းနမ်းရှုံ ့ခြင်း၊ထမင်းတဝိုင်းထဲအတူစားသောက်ခြင်း၊မိခင်နို့တိုက်ကျွေးခြင်းတို့ကနေတဆင့်မကူးစက်နိုင်ဘူးဆိုတာသေသေချာချာသိထားသင့်ပါတယ်။

#ဘယ်လိုကာကွယ်ကြရမလဲ။

#ကာကွယ်ဆေး
ကာကွယ်ဆေးမထိုးရသေးတဲ့သူများမှာဆေးကို၃ကြိမ်အပြည့်ထိုးနှံရပါမယ်။ကာကွယ်ဆေးထိုးတဲ့နည်းကတော့*ပထမတကြိမ်နဲ့ဒုတိယတကြိမ်ကိုတလခြားပြီးထိုးရပါမယ်။ *တတိယတကြိမ်ကိုတော့ဒုတိယအကြိမ်အကြိမ်ထိုးပြီးတလ(သို့မဟုတ်) ၆လ၊ချွင်းချက်အနေနဲ့ ပထမအကြိမ်ထိုးပြီးတနှစ်အတွင်းထိုးလို့လည်းရပါတယ်။

ကာကွယ်ဆေးထိုးဖို့အခွင့်မသာသေးသူများအနေနဲ့တော့ကူးစက်ပုံကူးစက်နည်းကိုသိထားရင်မကူးအောင်ဘယ်လိုကာကွယ်နိုင်မလဲဆိုတာအကြမ်းအားဖြင့်မှန်းဆနိုင်ပါတယ်။

#ပိုးရှိသူရဲ့သွေးမိမိကိုယ်တွင်းသို့မရောက်အောင်

ပိုးရှိသူသုံးစွဲသောဆေးထိုးအပ်၊တက်တူး၊ခေါင်းရိတ်ဒါး၊မုတ်ဆိတ်ရိတ်ဒါး၊ခေါင်းဘီး၊သွားတိုက်တံ၊သွားကြားထိုးတံ..စသည်များကိုအတူသုံးစွဲခြင်းမပြုရန်

သွားရောဂါကုသပစ္စည်းများ၊ခွဲစိတ်ကရိယာများ၊သွေးသွင်းခြင်း၊ကျောက်ကပ်ဆေးခြင်း...စသည်တို့တွင်အသံုးပြုသောပစ္စည်းကရိယာများကိုစနစ်တကျပိုးသတ်ပြီးမှသုံးစွဲခြင်း၊

ကျန်းမာရေးဝန်ထမ်းများအနေနဲ့အကာအကွယ်လက်အိတ်ဝတ်ခြင်း၊သွေးပေသောပစ္စည်းကရိယာများကိုစနစ်တကျစွန့်ပစ်ခြင်း

ပိုးရှိသူနှင့်လိင်ဆက်ဆံလျင်အကာအကွယ်သုံးခြင်း၊

ပိုးရှိသူမှကလေးကိုအစာဝါးခွံ့ခြင်း..စသည်တို့ကိုရှောင်ကျဉ်ရန်

ရောဂါရှိသူမိခင်မှကလေးသို့မကူးစက်ရန်ကာကွယ်ခြင်း
(သီးခြားပို့စ်ဖြင့်အသေးစိတ်ရေးသားဖေါ်ပြထားပါတယ်)

#မြန်မာနိုင်ငံမှာ ကာကွယ်ဆေးကို
(၀,၁,၂) သို့မဟုတ် (၀,၁,၆) ပုံစံနဲ့ အများဆုံးထိုးကြပါတယ်။
(၀,၂,၄) ပုံစံကို တိုးချဲ့ကာကွယိဆေးထိုးအစီအစဉ်မှာအသုံးပြုထိုးကြပါတယ်။

High risk people များအတွက် (၀,၇,၂၁) ရက် အတွင်းလည်းထိုးနှံပေးနိုင်ပါတယ်။

လို့ခေါ်တဲ့အားဖြည့်ခြင်းကိုတော့လိုအပ်သူများမှာသာထိုးဖို့လိုပါတယ်။ ကာကွယ်ဆေးအောင်မအောင်ကိုတော့ပဠိပစ္စည်းလို့ခေါ်တဲ့HBs Ab ကိုစစ်ကြည့်ရပါမယ်။ကာကွယ်ဆေး၃ကြိမ်ပြည့်ပြီးနောက်၆ပတ်(သို့မဟုတ်)၈ပတ်မှာကာကွယ်ဆေးအောင်မအောင်စစ်နိုင်ပါတယ်။

ကာကွယ်ဆေးထိုးပြီးသူတိုင်းအသည်းရောင်အသားဝါဘီပိုးမဝင်နိုင်တော့ဘူးလားလို့မေးရင်ကာကွယ်ဆေးမအောင်သူ များမှာ (၅% မှ ၁၀%ခန့်သောဆေးထိုးပြီးသူများ)မှာဝင်နိုင်ပါသေးတယ်။ကာကွယ်ဆေးထိုးနှံသူ၉၀%မှ၉၅%အထိဟာရောဂါကာကွယ်မှုရကြပါတယ်။

- - - - - - - - - - - - - - -

ဘယ်လိုလူတွေကကာကွယ်ဆေးမအောင်ကြတာလဲ။

#ကာကွယ်ဆေးကိုမတုန့်ပြန်ကြသူတွေရှိပါတယ်။

- မျိုးရိုးဗီဇကြောင့်တုန့်ပြန်မှုမရှိခြင်း

- အသက်၅၀ကျော်မှစထိုးသူများမှာတုန့်ပြန်မှုနဲပါးခြင်း

- ကိုယ်ခံစွမ်းအားကျစေတဲ့ဆေး-Immunosuppressive သောက်နေရသူများ၊ဥပမာ Prednisolone၊
HIV infection ရှိသူများမှာတုန်ု့ပြန်မှုအားနည်းတတ်ပါတယ်။

- Vaccine storage ကာကွယ်ဆေးသိုလှောင်မှုနည်းစနစ်မမှန်တာတွေဟာလည်းတုန့်ပြန်မှုနည်းပါးစေတဲ့အကြောင်းရင်းတခုဖြစ်ပါတယ်။

#ပထမ၃ကြိမ်ကာကွယ်ဆေးထိုးပြီးမတုန့်ပြန်သူတွေကိုဘယ်လိုဆက်လုပ်ပေးရမလဲ။

-နောက်တလုံးထပ်ထိုးပေးရင်၂၅%ဟာပြန်ပြီးတုန့်ပြန်တာတွေ့ရပါတယ်။
-နောက်၃ကြိမ်တကျော့ပြန်ထိုးပေးရင်တော့၇၅%ဟာတုန့်ပြန်တာတွေ့ရပါတယ်။

#တုန်ု့ပြန်မှုရှိမရှိဆိုတာဘာကိုပြောတာလဲ။

တုန့်ပြန်မှုရှိမရှိသိရအောင်ပဋိပစ္စည်းလို့ခေါ်တဲ့ HBs Ab ကိုတိုင်းတာရပါတယ်။ဆေး၃ကြိမ်ထိုးပြီး၂လလောက်မှာစစ်ရင်ပိုသေချာပါတယ်။ International Unit per Litre (IU/L)
နဲ့အဖြေထွက်ပါတယ်။

10-IU/L ယူနစ်၁၀ကျော်ရင်ကာကွယ်ဆေးအောင်ပါတယ်။ ( according to WHO Guideline)
၁၀ယူနစ်အောက်ဆိုဆေးမအောင်ပါဘူး၊ကာကွယ်ဆေး၃ကြိမ် အကြိမ်ပြည့် နှစ်ခါပြန်ထိုးသည့်တိုင် Antibody မထွက်သူများကို လို့ခေါ်ပါတယ်။

ကာကွယ်ဆေးထိုးပြီး၂လမှာပဋိပစ္စည်းမထွက်သေးပဲနောက်တဖြေးဖြေးမှထွက်လာတာမျိုးလည်းရှိပါတယ်။ ခေါ်ပါတယ်။

ကျွန်မတို့တိုင်းပြည်လိုကူးစက်မှုရာခိုင်နှုန်းများသောဒေသမှာတော့ ၁၀၀ယူနစ်ကျော်ရှိမှစိတ်ချရတယ်လို့ဆိုပါတယ်။ဘီပိုးမကူးစက်နိုင်တော့ပါဘူး။

(မြန်မာနိုင်ငံလို High Risk Country မှာ ၁၀ယူနစ်ကျော်ရုံနဲ့စိတ်မချရဘူးလို့ဆိုကြပါတယ်။ ၁၀၀ယူနစ် ထက်မကများလေကာကွယ်မှုပိုကောင်းလေပါ။)

= =. =. =. =. =. =. =. =. =. =. =. =. =

ခုလိုအချိန်အခါမှာမြန်မာပြည်သူပြည်သားများ ကိုဗစ်ဗိုင်းရပ်စ်ပိုးသာမက အသည်းရောင်အသားဝါဘီပိုး🦠မှလည်းကင်းဝေးကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

မေတ္တာဖြင့်
ဒေါက်တာရီရီစိန်
Crd - Myanmar Liver Foundation-MLF's

🦠 အသည်းရောင်အသားဝါရောဂါ ဘီပိုးကာကွယ်ဆေးကို CHOCO ရောဂါရှာဖွေရေးနှင့် အထူးကုဆေးခန်း မှာ ထိုးလို့ရနေပြီနော်...။

🏪 CHOCO Diagnostic Center and Specialist Clinic
အမှတ် (၄၁၅)၊ ပုဏ္ဏမီလမ်း၊ (၇၈) ရပ်ကွက်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရန်ကုန်မြို့။ (ယုဇနဥယျာဥ်မြို့တော်၊ A - ၈ လမ်းထိပ်)

၀၉ ၈၈၁၇၂ ၅၁၅၁
၀၉ ၈၈၁၇၂ ၅၂၅၂
၀၉ ၈၈၁၇၂ ၅၃၅၃

#ကာကွယ်ဆေးထိုးနှံခြင်း

#အသည်းရောင်အသားဝါရောဂါ
#ဘီပိုးကာကွယ်ဆေး





#အထူးကုဆရာဝန်ကြီးများ
#ယုဇနဥယျာဥ်မြို့တော်

19/06/2023

သင်သိပြီးပြီလား❓❓❓

💉 CHOCO ရောဂါရှာဖွေရေးနှင့် အထူးကုဆေးခန်းမှာ ကာကွယ်ဆေးတွေလည်း ထိုးလို့ရနေပြီနော်🤩

👉🏻 ရရှိနိုင်တဲ့ ကာကွယ်ဆေးအမျိုးအစားများကတော့

✅ ရာသီတုပ်ကွေးရောဂါကာကွယ်ဆေး (Vaxigrip Tetra)
✅ အသည်းရောင်၊ အသားဝါ ဘီပိုးကာကွယ်ဆေး (Genevac B)
✅ ခွေးရူးပြန်ရောဂါကာကွယ်ဆေး (Indirab)
✅ မေးခိုင်ရောဂါကာကွယ်ဆေး (Bio TT)
✅ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (Gardasil)
စသည့်ကာကွယ်ဆေးအမျိုးမျိုးကို ထိုးနှံနိုင်နေပါပြီနော်။

📌 Precaution is better than Cure ဆိုတဲ့စကားလေးအတိုင်း ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက်ပိုကောင်းတာမို့ ကြိုတင်ကာကွယ်နိုင်တဲ့ရောဂါများကို ကာကွယ်ဆေးထိုးခြင်းဖြင့် စောစီးစွာ ကာကွယ်လိုက်ကြရအောင်နော်။

CHOCO Diagnostic Center & Specialist Clinic အမှတ် (၄၁၅)၊ ပုဏ္ဏမီလမ်း၊ (၇၈) ရပ်ကွက်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရန်ကုန်မြို့။ (ယုဇနဥယျာဥ်မြို့တော်၊ A - ၈ လမ်းထိပ်)

၀၉ ၈၈၁၇၂ ၅၁၅၁
၀၉ ၈၈၁၇၂ ၅၂၅၂
၀၉ ၈၈၁၇၂ ၅၃၅၃

#ကာကွယ်ဆေးထိုးနှံခြင်း

#ရာသီတုပ်ကွေးရောဂါကာကွယ်ဆေး
#ဘီပိုးကာကွယ်ဆေး
#ခွေးရူးပြန်ရောဂါကာကွယ်ဆေး
#မေးခိုင်ရောဂါကာကွယ်ဆေး
#သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး



#အထူးကုဆရာဝန်ကြီးများ
#ယုဇနဥယျာဥ်မြို့တော်

An organized polyclinic offering diagnostic, therapeutic, & outpatient clinical care services.

🔸 ရာသီအကူးအပြောင်းအချိန်တွင် ဖြစ်တတ်သော ရာသီတုပ်ကွေးရောဂါကို ကာကွယ်နိုင်ရန်အတွက် ရာသီတုပ်ကွေးကာကွယ်ဆေး Vaxigrip Tetra ကိ...
07/05/2023

🔸 ရာသီအကူးအပြောင်းအချိန်တွင် ဖြစ်တတ်သော ရာသီတုပ်ကွေးရောဂါကို ကာကွယ်နိုင်ရန်အတွက် ရာသီတုပ်ကွေးကာကွယ်ဆေး Vaxigrip Tetra ကို လာရောက်ထိုးနှံနိုင်ပါပြီရှင်…။ 💉💉

❓ ရာသီတုပ်ကွေးဆိုတာဘာလဲ
🔹 ရာသီတုပ်ကွေးရောဂါဆိုတာ မိုးရာသီမှာ ဖြစ်ပွားပြီး အသက်ရှူလမ်းကြောင်းကနေတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်…။

❓ ရာသီတုပ်ကွေးကာကွယ်ဆေးကို ဘယ်လိုလူတွေ ပိုထိုးသင့်လဲ
🔹 • နာတာရှည်ရောဂါအခံရှိသူများ (ဥပမာ - နှလုံးရောဂါ၊ ပန်းနာရင်ကြပ်ရောဂါ)
🔹• ကလေးငယ်များ
🔹• အသက်အရွယ်ကြီးသူ လူကြီးမိဘများ
🔹• လူအများနှင့် ထိတွေ့ဆက်ဆံပြီး အလုပ်လုပ်နေရသူများ
🔹• ကိုယ်ဝန်ဆောင်များ အနေနဲ့ ရာသီတုပ်ကွေးကာကွယ်ဆေးကို ပိုပြီးထိုးသင့်ပါတယ်။

❓ ဘယ်အသက်အရွယ်ကနေစပြီး ထိုးလို့ရနိုင်မှာလဲ…။
🔹 ရာသီတုပ်ကွေးကာကွယ်ဆေးကို အသက် ၆ လမှ စတင်၍ ထိုးလို့ရပါတယ်။

❓ ထိုးမယ်ဆိုရင် ဘယ်နှစ်ကြိမ်ထိုးရမှာလဲ…။
🔹 အသက် ၉ နှစ်အောက် ကလေးငယ်များတွင် တုပ်ကွေးကာကွယ်‌‌ဆေးကို တစ်ခါမှမထိုးဖူးပါက ၄ ပတ်ခြားပြီး (၂) ကြိမ်ထိုးရမယ်။ ၉နှစ်အထက်ကနေစပြီးတော့ (၁) ကြိမ်ဘဲ ထိုးရပါမယ်။

❓ အခုထိုးမယ့် ရာသီတုပ်ကွေးကာကွယ်ဆေးက ဘာကိုကာကွယ်ပေးတာလဲ…။
🔹 Vaxigrip Tetra 2023 က
A/H1N1
A/H3N2
B/ Michigan
B/Phuket ကြောင့်ဖြစ်တဲ့ ရာသီတုပ်ကွေးကို တစ်နှစ်ပတ်လုံးကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။

❓ ရာသီတုပ်ကွေးကာကွယ်ဆေးကို ဘယ်အချိန်မှာ ထိုးသင့်လဲ…။
🔹 တုပ်ကွေးရောဂါက မိုးရာသီဖြစ်တဲ့ ဇွန်လကနေ စက်တင်ဘာလအထိ ဖြစ်တတ်တာကြောင့် မိုးရာသီမတိုင်မီထိုးနှံတာက အကောင်းဆုံးဖြစ်ပါတယ်။
🔹 တုပ်ကွေးရောဂါကို ခုခံကာကွယ်နိုင်ရန်အတွက် ဆေးထိုးပြီးနောက် ၁၀ ရက်ကနေ ၂ပတ်အထိ လိုအပ်တာကြောင့် စောစောထိုးခြင်းဖြင့် စောစောကာကွယ်နိုင်မှာဖြစ်ပါတယ်။

👉🏻 ဒါကြောင့် ကာကွယ်ဆေးထိန်းသိမ်းမှု Cold Chain မှန်ကန်ပြီး FDA အသိအမှတ်ပြု Vaxigrip Tetra 2023 ကို CHOCO Specialist Clinic တွင် လာရောက်ထိုးနှံနိုင်ပြီဖြစ်ပါတယ်ရှင်။

🏪 CHOCO Diagnostic Center & Specialist Clinic အမှတ် (၄၁၅)၊ ပုဏ္ဏမီလမ်း၊ (၇၈) ရပ်ကွက်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရန်ကုန်မြို့။ (ယုဇနဥယျာဥ်မြို့တော်၊ A - ၈ လမ်းထိပ်)

📞 ၀၉ ၈၈၁၇၂ ၅၁၅၁
📞 ၀၉ ၈၈၁၇၂ ၅၂၅၂
📞 ၀၉ ၈၈၁၇၂ ၅၃၅၃


#ရာသီတုပ်ကွေး




#အထူးကုဆရာဝန်ကြီးများ
#ယုဇနဥယျာဥ်မြို့တော်

🙏🏻 မင်္ဂလာပါရှင်✅ CHOCO Diagnostic Center and Specialist Clinic တွင် ရရှိနိုင်သော ဝန်ဆောင်မှုများအကြောင်းကို ပြောပြပေးပါ...
19/01/2023

🙏🏻 မင်္ဂလာပါရှင်

✅ CHOCO Diagnostic Center and Specialist Clinic တွင် ရရှိနိုင်သော ဝန်ဆောင်မှုများအကြောင်းကို ပြောပြပေးပါမယ်။

✅ CHOCO Diagnostic Center and Specialist Clinic တွင်

🔸 အထွေထွေရောဂါကုသမားတော်ကြီး
🔸 ဆီးချိုနှင့် ဟော်မုန်းဆိုင်ရာ သမားတော်ကြီး
🔸 နှလုံးအထူးကုသမားတော်ကြီး
🔸 ဆီးနှင့်ကျောက်ကပ်အထူးကုသမားတော်ကြီး
🔸 ဆီးနှင့်ကျောက်ကပ် ခွဲစိတ်အထူးကု ဆရာဝန်ကြီး
🔸 ခွဲစိတ်အထူးကုဆရာဝန်ကြီး
🔸 သားဖွားနှင့် မီးယပ်အထူးကုဆရာဝန်ကြီး
🔸 ကလေးအထူးကုဆရာဝန်ကြီး
🔸 အရေပြားအထူးကုဆရာဝန်ကြီး
🔸 နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန်ကြီး
🔸 ကင်ဆာအထူးကုဆရာဝန်ကြီး
အစရှိသော အထူးကုဆရာဝန်ကြီးများနှင့်လည်း ဆွေးနွေးပြသ တိုင်ပင်ကုသနိုင်ပါတယ်။

✅ လိုအပ်သော Procedure များလုပ်ဆောင်နိုင်ရန်အတွက် သန့်ရှင်းပြီး ပိုးသတ်သန့်စင်ထားသော Procedure room ကိုလည်း ရရှိနိုင်နေပြီဖြစ်ပါတယ်။

✅ ထိုကဲ့သို့ အထူးကုဆရာဝန်ကြီးများနှင့် ဆွေးနွေးကုသ တိုင်ပင်နိုင်မည့်အပြင်

👉🏻 ယုံကြည်စိတ်ချရသောဆေးဝါးများကိုလည်း ဝယ်ယူနိုင်ခြင်း။
👉🏻 Day Care Service ဝန်ဆောင်မှုဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ခံယူနိုင်ခြင်း။
👉🏻 သားဆက်ခြားရန် လက်မောင်းအတွင်း ပစ္စည်းထည့်ခြင်း၊ သားအိမ်အတွင်း ပစ္စည်းထည့်ခြင်းနှင့် ထိခိုက်ဒဏ်ရာများအတွက် ပိုးကင်းသန့်စင်သော Procedure room တွင် ကုသမှုခံယူနိုင်ခြင်း။
👉🏻 Medical Check-up Package ဖြင့် ကျန်းမာရေးစစ်ဆေးနိုင်ခြင်း
စသည့် ကျန်းမာရေးဝန်ဆောင်မှုများလည်း ရရှိနေပြီဖြစ်ပါတယ်။

🏪 #ဒဂုံဆိပ်ကမ်းမြို့နယ် နှင့် #တောင်ဒဂုံမြို့နယ် အနီးရှိ မိဘပြည်သူများအတွက် သွားလာရလွယ်ကူသော နေရာတွင်တည်ရှိနေပြီး လူကြီးမင်းတို့ရဲ့ ကျန်းမာရေးနှင့် ပတ်သက်၍ ၂၄ နာရီလုံး ဝန်​ဆောင်မှုပေးနေပြီဖြစ်ကြောင်း ထပ်မံသတင်းကောင်းပါလိုက်ပါတယ်။

🏪 အမှတ် (၄၁၅)၊ ပုဏ္ဏမီလမ်း၊ (၇၈) ရပ်ကွက်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရန်ကုန်မြို့။ (ယုဇနဥယျာဥ်မြို့တော်၊ A - ၈ လမ်းထိပ်)

📞 ၀၉ ၈၈၁၇၂ ၅၁၅၁
📞 ၀၉ ၈၈၁၇၂ ၅၂၅၂
📞 ၀၉ ၈၈၁၇၂ ၅၃၅၃




#အထူးကုဆရာဝန်ကြီးများ
#ယုဇနဥယျာဥ်မြို့တော်

👩🏻‍⚕️👨🏻‍⚕️ လူကြီးမင်းတို့၏ ကျန်းမာရေးနှင့်ပတ်သက်၍ စောင့်ရှောက်မှုပေးနိုင်စေရန်အတွက်CHOCO ရောဂါရှာဖွေရေးနှင့် အထူးကုဆေးခန...
05/12/2022

👩🏻‍⚕️👨🏻‍⚕️ လူကြီးမင်းတို့၏ ကျန်းမာရေးနှင့်ပတ်သက်၍ စောင့်ရှောက်မှုပေးနိုင်စေရန်အတွက်
CHOCO ရောဂါရှာဖွေရေးနှင့် အထူးကုဆေးခန်းကို ၂၄နာရီ ဖွင့်လှစ်နေပြီဖြစ်ပါတယ်ရှင်။

🔶 ရရှိနိုင်သောဝန်ဆောင်မှုများမှာ 🔶

📌 အထူးကုဆရာဝန်ကြီးများနှင့် ပြသဆွေးနွေးနိုင်ခြင်း။
📌 ဒစ်ဂျစ်တယ် ဓာတ်မှန်ရိုက်ခြင်း (Digital X-ray)၊ တယ်လီဗေးရှင်းဓာတ်မှန်ရိုက်ခြင်း (Ultrasound)၊ နှလုံးတယ်လီဗေးရှင်းဓာတ်မှန်ရိုက်ခြင်း (Echocardiogram) များဖြင့် ရောဂါစမ်းသပ်စစ်ဆေးခြင်း။
📌 ​ခေတ်မှီဓာတ်ခွဲခန်းဖြင့် ရောဂါရှာဖွေစစ်ဆေးနိုင်ခြင်း။
📌ယုံကြည်စိတ်ချရသော ဆေးဝါးများကို ဝယ်ယူနိုင်ခြင်း။
📌 ဆေးရုံတက်စရာမလိုသော Day Care sevice ဝန်ဆောင်မှုဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း။
📌 ထိခိုက်ဒဏ်ရာများနှင့် သားဆက်ခြားရန် လက်​မောင်းတွင်းပစ္စည်းထည့်ခြင်း၊ သားအိမ်အတွင်းပစ္စည်းထည့်ခြင်းများအတွက် ပိုးကင်းသန့်စင်သော Procedure room တွင် ကုသမှုပေးနိုင်ခြင်း။
📌Medical Check-up package ဖြင့် ကျန်းမာရေးစစ်ဆေးနိုင်ခြင်းတို့ ဖြစ်ပါတယ်။

📲 ဆက်သွယ်နိုင်မည့် ဖုန်းနံပါတ်များ

၀၉ ၈၈၁၇၂ ၅၁၅၁
၀၉ ၈၈၁၇၂ ၅၂၅၂
၀၉ ၈၈၁၇၂ ၅၃၅၃

🏥 ဆေးခန်းလိပ်စာ

အမှတ် (၄၁၅)၊ ပုဏ္ဏမီလမ်း၊ (၇၈) ရပ်ကွက်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရန်ကုန်မြို့။
(ယုဇနဉယျာဉ် မြို့တော်၊ A ၈လမ်းထိပ် အနီး)


#ယုဇနဥယျာဥ်မြို့တော်
#အထူးကုဆေးခန်း
်ဆောင်မှု

ဟိန္ဒူဘာသာဝင်များ၏ မီးထွန်းပွဲတော်အခါသမယဖြစ်သောဒီပါဝလီနေ့ (ခေါ်) ဒေဝါလီနေ့တွင် ကမ္ဘာအနှံအပြားရှိ ပြည်သူ/ပြည်သားများအားလု...
24/10/2022

ဟိန္ဒူဘာသာဝင်များ၏

မီးထွန်းပွဲတော်အခါသမယဖြစ်သော
ဒီပါဝလီနေ့ (ခေါ်) ဒေဝါလီနေ့တွင်

ကမ္ဘာအနှံအပြားရှိ ပြည်သူ/ပြည်သားများအားလုံး

စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း နှင့်
ပြည့်စုံပြီး
စီးပွားလာဘ်လာဘများ ​ပေါကြွယ်ဝပါစေ​ကြောင်း
ဆုတောင်းမေတ္တာပို့သအပ်ပါသည်။





#ဒေပါဝလီနေ့

လူကြီးမင်းတို့ရဲ့ ကျန်းမာရေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးဖို့ အရေးပေါ်ကျန်းမာရေးဝန်ဆောင်မှုများကို ၂၄နာရီ ဝန်ဆောင်မှုပေ...
20/10/2022

လူကြီးမင်းတို့ရဲ့ ကျန်းမာရေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးဖို့ အရေးပေါ်ကျန်းမာရေးဝန်ဆောင်မှုများကို ၂၄နာရီ ဝန်ဆောင်မှုပေးမည့် CHOCO ရောဂါရှာဖွေရေး နှင့် အထူးကုဆေးခန်း ကို အောက်တိုဘာလ ၂၂ရက်နေ့ မှ စတင်၍ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါတယ် ရှင်။

ဆက်သွယ်နိုင်မည့် ဖုန်းနံပါတ်များ
၀၉ ၈၈၁၇၂ ၅၁၅၁
၀၉ ၈၈၁၇၂ ၅၂၅၂
၀၉ ၈၈၁၇၂ ၅၃၅၃
ဆေးခန်းလိပ်စာ - အမှတ် (၄၁၅)၊ ပုဏ္ဏမီလမ်း၊ (၇၈) ရပ်ကွက်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရန်ကုန်မြို့၊ (ယုဇနဉယျာဉ် မြို့တော်၊ A ၈လမ်းထိပ် အနီး)


Address

Yangon

Telephone

+959881725151

Website

Alerts

Be the first to know and let us send you an email when CHOCO ရောဂါရှာဖွေရေးနှင့် အထူးကုဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to CHOCO ရောဂါရှာဖွေရေးနှင့် အထူးကုဆေးခန်း:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram