07/08/2024
ဒီတစ်ပတ်မှာတော့ စိတ်ဒဏ်ရာ အကြောင်းလေးတွေ
တူတူဆွေးနွေးကြမယ်🪴
Tuesday Vlog မှာပြောသွားတဲ့ ခေါင်းစဉ်နဲ့ဆက်စပ်တဲ့ တခြားဗဟုသုတများကိုလည်း 𝐖𝐞𝐝𝐧𝐞𝐬𝐝𝐚𝐲, 7 August 2024 ညနေ (၆) နာရီ ပြုလုပ်မဲ့ Webinar - "Understanding Trauma - စိတ်ဒဏ်ရာကို သိရှိနားလည်ခြင်း” မှာ ဆွေးနွေးမျှဝေလို့ ရနိုင်ဦးမှာဖြစ်ပါတယ်။ အပတ်စဉ်မတူညီတဲ့ ခေါင်းစဉ် (၁) ခုကို (၁) ကြိမ် (၁) ခါပဲ ဆွေးနွေးမျှဝေပေးမှာဖြစ်လို့ စိတ်ဝင်စားသူများအနေနဲ့ မလွတ်တမ်း Join သင့်တဲ့ Webinar လေးလည်းဖြစ်ပါတယ်။
Zoom ကနေတဆင့် Presentation နဲ့တကွ မျှဝေပေးတာဖြစ်ပြီး Public မှာဆွေးနွေးဖို့ နားထောင်ဖို့ ခက်ခဲတဲ့သူတွေအနေနဲ့လည်း ပါဝင်ဖို့သင့်လျော်ပါတယ်။ ဝေဖန်အပြစ်တင်ခြင်းကင်းပြီး စာနာနားလည်စိတ်နဲ့အတူ လုံခြုံနွေးထွေးတဲ့ နေရာလေးတစ်ခုအဖြစ် ဖန်တီးသွားကြမှာဖြစ်လို့ ကိုယ်သိချင်တာ၊ မေးချင်တာ၊ ခံစားနေရတာတွေကို လွတ်လွတ်လပ်လပ်မေးပြီး ဆွေးနွေးမျှဝေလို့ ရပါတယ်။
မည်သူမဆိုတက်ရောက်နိုင်ပြီး အခကြေးငွေကောက်ခံခြင်းမရှိပါဘူး။ Record ယူထားခြင်း မရှိသလို တခြားနေရာများမှာလည်း ထုတ်လွှင့်ခြင်းရှိမှာ မဟုတ်ပါဘူး။ တက်ရောက်ဖို့အတွက် အောက်ပါ Link မှာ စာရင်းသွင်းနိုင်ပါတယ်။
https://docs.google.com/forms/d/e/1FAIpQLSewCcC7M93jq5AdQVqE5P1tnSlO0i8zQu31xsxK0nIeER6agw/viewform?usp=sf_link