မျှဝေ၊ ကုသ၊ ကင်းစင် - End TB Together

  • Home
  • Myanmar
  • Yangon
  • မျှဝေ၊ ကုသ၊ ကင်းစင် - End TB Together

မျှဝေ၊ ကုသ၊ ကင်းစင် - End TB Together "မျှဝေ၊ ကုသ၊ ကင်းစင် - End TB Together" aims to raise awareness about Tuberculosis in Myanmar.

🙋‍♂️🙋‍♀️မင်္ဂလာပါ ပရိတ်သတ်တို့ရေ။ End TB Together Page ကနေ လစဉ် ပြုလုပ်နေကျ ဉာဏ်စမ်းပဟေဠိအစီအစဉ် အချိန်လေး ရောက်ရှိလာပါပ...
24/01/2025

🙋‍♂️🙋‍♀️မင်္ဂလာပါ ပရိတ်သတ်တို့ရေ။ End TB Together Page ကနေ လစဉ် ပြုလုပ်နေကျ ဉာဏ်စမ်းပဟေဠိအစီအစဉ် အချိန်လေး ရောက်ရှိလာပါပြီ။ အောက်မှာဖော်ပြထားတဲ့ မေးခွန်းလေးကို ပါဝင်ဖြေဆိုကြည့်လိုက်ပါဦးနော်။ အဖြေမှန်တဲ့သူတွေထဲက (၃) ယောက်ကို ကျပန်းရွေးချယ်ပြီး ဖုန်းဘေလ် (၁၀,၀၀၀) ကျပ် မေတ္တာလက်ဆောင်အနေနဲ့ ချီးမြှင့်ပေးမှာ ဖြစ်ပါတယ်။

📌စည်းကမ်းချက်လေးတွေကတော့
(၁) End TB Together Page ကို Like & Follow လုပ်ထားရန်
(၂) ယခု post ကို public နဲ့ share ထားတဲ့ screenshot ကို မိမိရဲ့ အဖြေတွေနဲ့အတူ comment မှာ မန့်ပေးရန် ဖြစ်ပါတယ်။

👉ပါဝင်ဖြေဆိုရန် နောက်ဆုံးရက်ကတော့ ဇန်နဝါရီလ (၃၁) ရက်နေ့အထိ ဖြစ်ပြီး အဖြေမှန်တွေနဲ့အတူ ကံထူးရှင်တွေကိုတော့ ဖေဖော်ဝါရီလ (၅) ရက်နေ့မှာ ကြေညာပေးမှာ ဖြစ်ပါတယ်။

❓မေးခွန်းလေးတွေကတော့
(၁) တီဘီရောဂါရှိသူတွေအနေနဲ့ လိုက်နာဆောင်ရွက်ရမယ့်အချက်တွေထဲက တစ်ခုကို ဖော်ပြပေးပါ။

(၂) တီဘီရောဂါရှိသူရဲ့ အတူနေမိသားစုဝင်တွေအနေနဲ့ လိုက်နာ‌ဆောင်ရွက်သင့်တဲ့ အချက်တစ်ချက်ကို မျှဝေပေးပါ။

အဖြေကို Comment မှာ ရေးပေးခဲ့ပါဉီးနော်။

“တီဘီရောဂါ မပြန့်ပွားဖို့၊ မိမိကစ ဂရုစိုက်စို့”

မိသားစုဝင်ထဲမှာ တီဘီရောဂါဖြစ်တဲ့သူရှိပါက စိုးရိမ်ကြောက်လန့်တာတွေ မဖြစ်ဘဲ အတူဖေးမကူညီစောင့်ရှောက်ဖို့က အရေးကြီးပါတယ်။ 🫁တီ...
17/01/2025

မိသားစုဝင်ထဲမှာ တီဘီရောဂါဖြစ်တဲ့သူရှိပါက စိုးရိမ်ကြောက်လန့်တာတွေ မဖြစ်ဘဲ အတူဖေးမကူညီစောင့်ရှောက်ဖို့က အရေးကြီးပါတယ်။

🫁တီဘီရောဂါဟာ လေမှတစ်ဆင့်၊ အသက်ရှူလမ်းကြောင်းကတစ်ဆင့် ကူးစက်ခံရတာဖြစ်ပြီး စနစ်တကျ ဆေးကုသမှုခံယူရင် လုံးဝပျောက်ကင်းနိုင်တဲ့ရောဂါ ဖြစ်ပါတယ်။

📌အတူနေမိသားစုဝင်တွေအနေနဲ့ အောက်ပါအချက်တွေကို လိုက်နာဆောင်ရွက်သင့်ပါတယ်။

(၁) ကျန်းမာရေးဝန်ထမ်းများမှ တီဘီရောဂါနဲ့ပတ်သက်ပြီး နှစ်သိမ့်ဆွေးနွေးပေးခြင်းနဲ့ ကျန်းမာရေးအသိပညာပေးခြင်း လုပ်ငန်းစဉ်တွေမှာ ပူးပေါင်းပါဝင်ပါ။
(၂) အတူနေမိသားစုဝင်အားလုံး တီဘီရောဂါရှိ/မရှိ မဖြစ်မနေ စစ်ဆေးသင့်ပါတယ်။ လိုအပ်ပါက ကျန်းမာရေးဝန်ထမ်းများမှ သလိပ်စစ်ဆေးခြင်း၊ ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း စတာတွေကို ဆောင်ရွက်ပေးပါတယ်။
(၃) ဒီလိုစစ်ဆေးခြင်းဖြင့် မိသားစုဝင်တွေအနေနဲ့ တီဘီရောဂါရှိ/မရှိ စောစောစီးစီး သိနိုင်ပြီး လိုအပ်ပါက ဆေးကုသမှု ချက်ချင်းခံယူသင့်ပါတယ်။
(၄) အကယ်၍ အတူနေမိသားစုဝင်တွေမှာ တီဘီရောဂါမရှိပါက ကျန်းမာရေးဌာနမှ သတ်မှတ်ချက်တွေနဲ့အညီ တီဘီရောဂါကာကွယ်ကုထုံး (TPT) သောက်သုံးပြီး တီဘီရောဂါမဖြစ်လာအောင် တားဆီးကာကွယ်သင့်ပါတယ်။

“တီဘီရောဂါ မပြန့်ပွားဖို့၊ မိမိကစ ဂရုစိုက်စို့”

10/01/2025

𝐄𝐧𝐝 𝐓𝐁 𝐓𝐨𝐠𝐞𝐭𝐡𝐞𝐫 ပရိတ်သတ်တို့ရေ။ ဒီတစ်ပတ်မှာတော့ တီဘီရောဂါရှိသူသာမက၊ ၎င်းနဲ့အတူနေထိုင်တဲ့ မိသားစုဝင်တွေ အနေနဲ့ပါ လိုက်နာဆောင်ရွက်ရမယ့် အကြောင်းအရာလေးတွေကို အဓိက မျှဝေပေးသွားပါမယ်နော်။

📌ဒီတော့ ပထမဆုံးအနေနဲ့ တီဘီလူနာတစ်ယောက်က ဘာတွေလိုက်နာဆောင်ရွက်သင့်သလဲ ဆိုတာကို အောက်ပါ👇 ဗီဒီယိုလေးထဲမှာ ကြည့်ရှုကြပါစို့။

🎉 အရင်တစ်ပတ်က ပြုလုပ်ခဲ့တဲ့ “အဖြေမှန်သူ ဖုန်းဘေလ် (၁၀,၀၀၀) လက်ဆောင်ယူ” အစီအစဉ်ရဲ့ ကျပန်းရွေးချယ်ထားတဲ့ ဖုန်းဘေလ်ကံထူးရှင...
02/01/2025

🎉 အရင်တစ်ပတ်က ပြုလုပ်ခဲ့တဲ့ “အဖြေမှန်သူ ဖုန်းဘေလ် (၁၀,၀၀၀) လက်ဆောင်ယူ” အစီအစဉ်ရဲ့ ကျပန်းရွေးချယ်ထားတဲ့ ဖုန်းဘေလ်ကံထူးရှင်လေးတွေ ပေါ်ထွက်လာပါပြီ။ ကံထူးရှင်တွေအနေနဲ့ Page messenger မှာ ဇန်နဝါရီလ (၆) ရက်နေ့ နောက်ဆုံးထားပြီး လာရောက်ဆက်သွယ်ပေးဖို့ မေတ္တာရပ်ခံပါတယ်။

🙏ပါဝင်ဖြေဆိုပေးခဲ့တဲ့ တစ်ယောက်ချင်းစီကို ကျေးဇူးတင်ပါတယ်။ ကံမထူးသေးတဲ့သူတွေလည်း နောက်ထပ်လာမယ့် လစဉ် ဉာဏ်စမ်းအစီအစဉ်တွေမှာ ထပ်ပြီး ပါဝင်နိုင်သေးတာမို့ ဆက်လက်စောင့်မျှော်ပေးပါဦးနော်။

🎆𝐇𝐚𝐩𝐩𝐲 𝐍𝐞𝐰 𝐘𝐞𝐚𝐫🎆🎉၂၀၂၅ ခုနှစ် နှစ်သစ်မှာ ကျန်းမာပျော်ရွှင်သော၊ ကံကောင်းသော နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ပါစေလို့ 𝐄𝐧𝐝 𝐓𝐁 𝐓𝐨...
31/12/2024

🎆𝐇𝐚𝐩𝐩𝐲 𝐍𝐞𝐰 𝐘𝐞𝐚𝐫🎆

🎉၂၀၂၅ ခုနှစ် နှစ်သစ်မှာ ကျန်းမာပျော်ရွှင်သော၊ ကံကောင်းသော နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ပါစေလို့ 𝐄𝐧𝐝 𝐓𝐁 𝐓𝐨𝐠𝐞𝐭𝐡𝐞𝐫 မိသားစုက နှစ်သစ်ဆုမွန်ကောင်း တောင်းပေးပါတယ်နော်။

💝နှစ်သစ်မှာလည်း ကျန်းမာရေး ဗဟုသုတတွေ လေ့လာဆည်းပူးတာ၊ တီဘီရောဂါတိုက်ဖျက်ရေး လုပ်ငန်းစဉ်တွေမှာ တစ်စိတ်တစ်ပိုင်း ပါဝင်တာ စတဲ့ အလေ့အကျင့်ကောင်းတွေကို ဆက်လက် လုပ်ဆောင် ဖို့လည်း ချစ်ခင်စွာဖြင့် အားပေးတိုက်တွန်းလိုက်ပါရစေ။ 🙏

#2025

🎅🎄𝐌𝐞𝐫𝐫𝐲 𝐂𝐡𝐫𝐢𝐬𝐭𝐦𝐚𝐬🎄🎅🎇 𝐂𝐡𝐫𝐢𝐬𝐭𝐦𝐚𝐬 အခါသမယလေးမှာ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာနဲ့ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေလို့ 𝐄𝐧𝐝 𝐓𝐁 𝐓𝐨𝐠𝐞...
25/12/2024

🎅🎄𝐌𝐞𝐫𝐫𝐲 𝐂𝐡𝐫𝐢𝐬𝐭𝐦𝐚𝐬🎄🎅

🎇 𝐂𝐡𝐫𝐢𝐬𝐭𝐦𝐚𝐬 အခါသမယလေးမှာ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာနဲ့ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေလို့ 𝐄𝐧𝐝 𝐓𝐁 𝐓𝐨𝐠𝐞𝐭𝐡𝐞𝐫 အဖွဲ့သားများက ဆုတောင်းပေးလိုက်ပါတယ်နော်။ 🥳

🎆𝐂𝐡𝐫𝐢𝐬𝐭𝐦𝐚𝐬 ကာလမှာ မိမိချစ်ခင် တန်ဖိုးထားရတဲ့သူတွေနဲ့ ဖြတ်သန်းရင်း တီဘီရောဂါနဲ့ ပတ်သက်တဲ့ ကျန်းမာရေး သတင်းစကားတွေကိုလည်း မျှဝေပေးဖို့ တိုက်တွန်းလိုက်ပါရစေနော်။

✅တီဘီရောဂါအကြောင်း ကျန်းမာရေးသတင်းစကားတွေကို ဒီ 𝐄𝐧𝐝 𝐓𝐁 𝐓𝐨𝐠𝐞𝐭𝐡𝐞𝐫 page မှာ ရှာဖွေဖတ်ရှုနိုင်ပါတယ်။ သိလိုတာတွေကိုလည်း chat box မှာ လာရောက် မေးမြန်းနိုင်ပါတယ်။

🙋‍♂️🙋‍♀️မင်္ဂလာပါ ပရိတ်သတ်တို့ရေ။ End TB Together Page ကနေ လစဉ် ပြုလုပ်နေကြ ဉာဏ်စမ်းပဟေဠိအစီအစဉ် အချိန်လေး ရောက်ရှိလာပါပ...
20/12/2024

🙋‍♂️🙋‍♀️မင်္ဂလာပါ ပရိတ်သတ်တို့ရေ။ End TB Together Page ကနေ လစဉ် ပြုလုပ်နေကြ ဉာဏ်စမ်းပဟေဠိအစီအစဉ် အချိန်လေး ရောက်ရှိလာပါပြီ။ အောက်မှာဖော်ပြထားတဲ့ မေးခွန်းလေးကို ပါဝင်ဖြေဆိုကြည့်လိုက်ပါဦးနော်။ အဖြေမှန်တဲ့သူတွေထဲက (၃) ယောက်ကို ကျပန်းရွေးချယ်ပြီး ဖုန်းဘေလ် (၁၀,၀၀၀) ကျပ် မေတ္တာလက်ဆောင်အနေနဲ့ ချီးမြှင့်ပေးမှာ ဖြစ်ပါတယ်။

📌စည်းကမ်းချက်လေးတွေကတော့
(၁) End TB Together Page ကို Like & Follow လုပ်ထားရန်
(၂) ယခု post ကို public နဲ့ share ထားတဲ့ screenshot ကို မိမိရဲရဲ့ အဖြေတွေနဲ့အတူ comment မှာ မန့်ပေးရန် ဖြစ်ပါတယ်။

👉ပါဝင်ဖြေဆိုရန် နောက်ဆုံးရက်ကတော့ ဒီဇင်ဘာလ (၂၇) ရက်နေ့အထိ ဖြစ်ပါတယ်။ အဖြေမှန်တွေနဲ့အတူ ကံထူးရှင်တွေကိုတော့ ဇန်နဝါရီလ (၂) ရက်နေ့မှာ ကြေညာပေးမှာ ဖြစ်ပါတယ်။

❓မေးခွန်းလေးကတော့
(က) တီဘီရောဂါရှိသူတွေအပေါ်မှာ ခွဲခြားဆက်ဆံမှုတွေ မရှိစေဖို့ ဘာတွေလုပ်ဆောင်သင့်ပါသလဲ?
အဖြေကို Comment မှာ ရေးပေးခဲ့ပါဉီးနော်။

“ခွဲခြားနှိမ့်ချမှု လျော့ကျဖို့ အားလုံးပူးပေါင်းဆောင်ရွက်စို့”

16/12/2024

End TB Together ပရိတ်သတ်တို့ရေ…..
🫁တီဘီရောဂါဟာ စနစ်တကျ ဆေးကုသမှုခံယူရင် လုံးဝပျောက်ကင်းနိုင်တဲ့ရောဂါ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တီဘီရောဂါနဲ့ ပတ်သက်ပြီး ခွဲခြားနှိမ့်ချဆက်ဆံမှုတွေကတော့ အခြေအနေအမျိုးမျိုးနဲ့ ဆက်လက်ရှိနေကြဆဲ ဖြစ်ပါတယ်။

🔺ဉပမာအားဖြင့် တီဘီရောဂါရှိခြင်းကြောင့်…..
- ဆေးရုံ၊ ဆေးခန်းတွေမှာ အတွင်းလူနာအဖြစ် လက်မခံခြင်း၊
- အခြားသူများနည်းတူ ဆေးကုသမှု ဝန်ဆောင်မှု တန်းတူမရရှိခြင်း၊
- အိမ်မှ နှင်ချခံရခြင်း၊
- အလုပ်မှ ထုတ်ပယ်ခံရခြင်း၊
- ဆေးကုသမှုခံယူနေ၍ ကျန်းမာရေးကောင်းမွန်လာပြီး တီဘီရောဂါ လက္ခဏာများ မရှိတော့သော်လည်း ဘာသာရေးပွဲ၊ လူမှုရေးပွဲတွေမှာ ပါဝင်တက်ရောက်ခွင့် မရခြင်း၊
- ကျောင်းပြန်တက်ခွင့် မရခြင်း၊
စတဲ့ အခြေအနေတွေ တွေ့ကြုံရလေ့ ရှိကြပါတယ်။

💝ဒီလို ခွဲခြားဆက်ဆံမှုတွေမရှိစေဖို့ အားလုံးအတူတူ ပူးပေါင်းဆောင်ရွက်ကြပါစို့နော်။ 💝

13/12/2024

“ခွဲခြားနှိမ့်ချမှု လျော့ကျဖို့ အားလုံးပူးပေါင်းဆောင်ရွက်စို့”

တီဘီရောဂါရှိသူတွေအပေါ် ခွဲခြားနှိမ့်ချဆက်ဆံတာတွေ လျော့နည်းစေဖို့အတွက် အတူနေမိသားစုဝင်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ ဆေးရုံ/ဆေးခန်းများအပြင် စာသင်ကျောင်းမှ သက်ဆိုင်ရာပုဂ္ဂိုလ်တွေနဲ့ အလုပ်ရှင်တွေအပါအဝင် အားလုံးပူးပေါင်းပါဝင်ကြဖို့ လိုအပ်ပါတယ်။

✅တီဘီရောဂါရှိသူတွေအတွက် စိတ်လုံခြုံမှုရှိတဲ့ပတ်ဝန်းကျင်ရှိဖို့ ဝိုင်းဝန်း ဖန်တီးပေးသင့်ပါတယ်။💌
✅အတူနေမိသားစုဝင်များအနေနဲ့ ကိုယ်ချင်းစာနာစိတ်၊ ကူညီဖေးမလိုစိတ် ရှိရန်လိုအပ်ပြီး ဆေးကုသနေစဉ် ကာလတစ်လျှောက်မှာလည်း အားပေးစကားပြောဖို့၊ ဂရုတစိုက် နွေးနွေးထွေးထွေး ဆက်ဆံဖို့ အရေးကြီးပါတယ်။ 🫂
✅လုပ်ငန်းခွင်တွေမှာ ခွဲခြားနှိမ့်ချဆက်ဆံခြင်းကို ဆန့်ကျင်တဲ့ မူဝါဒတွေ ချမှတ်ဖို့လိုသလို တီဘီရောဂါရှိသူအား အလုပ်မှလည်း မထုတ်ပယ်သင့်ပါ။📑

💝 ခွဲခြားဆက်ဆံမှုတွေမရှိစေဖို့ အားလုံးအတူတူ ပူးပေါင်းဆောင်ရွက်ကြပါစို့နော်။ 💝

တီဘီရောဂါရှိသူတွေအပေါ်မှာ ခွဲခြားနှိမ့်ချဆက်ဆံမှုတွေက ဘယ်လိုသက်ရောက်မှုတွေ ရှိစေနိုင်လဲ❓📌တီဘီရောဂါရှိသူတွေအပေါ်မှာ မိသား...
09/12/2024

တီဘီရောဂါရှိသူတွေအပေါ်မှာ ခွဲခြားနှိမ့်ချဆက်ဆံမှုတွေက ဘယ်လိုသက်ရောက်မှုတွေ ရှိစေနိုင်လဲ❓

📌တီဘီရောဂါရှိသူတွေအပေါ်မှာ မိသားစုဝင်အပါအဝင် ပတ်ဝန်းကျင်မှလူတွေက ခွဲခြားနှိမ့်ချဆက်ဆံမှုတွေ ရှိတတ်ပါတယ်။ တီဘီရောဂါ ကူးစက်ခံရမှာကို စိုးရိမ် ကြောက်လန့်ပြီး
🔺 တီဘီရောဂါရှိသူနဲ့ ထမင်းအတူတူမစားချင်တာ၊
🔺အခေါ်အပြော၊ ပေါင်းသင်းဆက်ဆံမှု မလုပ်ချင်တာ စသဖြင့် ခွဲခြားဆက်ဆံခံရတာတွေ ရှိတတ်ပါတယ်။

📌ဒီလိုအခြေအနေတွေကြုံရတဲ့အခါ တီဘီရောဂါရှိသူတွေအနေနဲ့ ရှက်ရွံ့အားငယ်တာ၊ စိတ်အလိုမကျဖြစ်တာ၊ အထီးကျန်သလို ခံစားရတာနဲ့ စိတ်ဓာတ်ကျတာမျိုးအထိ ဖြစ်နိုင်ပါတယ်။ လူတွေနဲ့ မရောနှောတော့ဘဲ တစ်ယောက်တည်း သီးခြားနေလိုက်တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ နောက်ဆက်တွဲ အနေနဲ့ ဆေးရုံဆေးခန်းကို မသွားချင်တဲ့အထိ ဖြစ်လာပါက ဆေးသောက်ပျက်ကွက်ပြီး တီဘီဆေးကုသမှုအတွက် အဟန့်အတား ဖြစ်စေကာ ရောဂါပျောက်ကင်းဖို့ နှောင့်နှေးတာမျိုးအထိ ကြုံရတတ်ပါတယ်။

📌ဒီအခြေအနေတွေ မရှိစေဖို့ တီဘီရောဂါရှိသူနဲ့ အတူနေမိသားစုဝင်အပါအဝင် အများပြည်သူကို တီဘီရောဂါနဲ့ပတ်သက်တဲ့ အသိပညာ ဗဟုသုတတွေ များများမျှဝေပေးဖို့ လိုအပ်ပါတယ်။

💝ခွဲခြားဆက်ဆံမှုတွေမရှိစေဖို့ အားလုံးအတူတူ ပူးပေါင်းဆောင်ရွက်ကြပါစို့နော်။

🚫ခွဲခြားနှိမ့်ချဆက်ဆံခြင်း (𝐒𝐭𝐢𝐠𝐦𝐚 𝐚𝐧𝐝 𝐃𝐢𝐬𝐜𝐫𝐢𝐦𝐢𝐧𝐚𝐭𝐢𝐨𝐧)🚫📢စာဖတ်သူ ပရိတ်သတ်တို့ရေ…..ခွဲခြားနှိမ့်ချဆက်ဆံခြင်း (𝐒𝐭𝐢𝐠𝐦𝐚/𝐃𝐢𝐬𝐜𝐫...
06/12/2024

🚫ခွဲခြားနှိမ့်ချဆက်ဆံခြင်း (𝐒𝐭𝐢𝐠𝐦𝐚 𝐚𝐧𝐝 𝐃𝐢𝐬𝐜𝐫𝐢𝐦𝐢𝐧𝐚𝐭𝐢𝐨𝐧)🚫

📢စာဖတ်သူ ပရိတ်သတ်တို့ရေ…..
ခွဲခြားနှိမ့်ချဆက်ဆံခြင်း (𝐒𝐭𝐢𝐠𝐦𝐚/𝐃𝐢𝐬𝐜𝐫𝐢𝐦𝐢𝐧𝐚𝐭𝐢𝐨𝐧) ဆိုတဲ့ စကားလုံးကို ကြားဖူးကြမယ်ထင်ပါတယ်နော်။ ဒီလထဲမှာတော့ 𝐄𝐧𝐝 𝐓𝐁 𝐓𝐨𝐠𝐞𝐭𝐡𝐞𝐫 page ကနေ တီဘီရောဂါရှိသူတွေ၊ တီဘီဆေးကုသမှု ခံယူနေသူတွေနဲ့ အတူနေမိသားစုဝင်တွေမှာ ကြုံတွေ့နေရတဲ့ ခွဲခြားနှိမ့်ချဆက်ဆံခံရမှု အခြေအနေတွေနဲ့ ဒါတွေကို ဘယ်လို ရင်ဆိုင်ကျော်လွှားရမယ်ဆိုတဲ့ အကြောင်းအရာလေးတွေကို ဆက်လက် မျှဝေပေးသွားမှာဖြစ်ပါတယ်။

📢မိမိကိုယ်တိုင်ဖြစ်စေ၊ ကိုယ့်ပတ်ဝန်းကျင်မှာဖြစ်စေ တီဘီရောဂါနဲ့ ပတ်သက်ပြီး ခွဲခြားနှိမ့်ချဆက်ဆံမှုတွေ တွေ့ကြုံဖူးရင်လည်း Comment 👇မှာ မျှဝေပေးသွားပါဦးနော်။

01/12/2024

📌ဒီနေ့ ဒီဇင်ဘာလ (၁) ရက်နေ့ဟာ “ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ (𝐖𝐨𝐫𝐥𝐝 𝐀𝐈𝐃𝐒 𝐃𝐚𝐲)” ဖြစ်ပါတယ်။ ဒီနှစ်ရဲ့ ဆောင်ပုဒ်ကတော့ "𝐓𝐚𝐤𝐞 𝐭𝐡𝐞 𝐑𝐢𝐠𝐡𝐭𝐬 𝐏𝐚𝐭𝐡" (အေအိုင်ဒီအက်စ်ကင်းဝေးဖို့၊ သာတူညီမျှအလေးပေးလို့၊ အားလုံးဝိုင်းဝန်းပံ့ပိုးစို့) ဖြစ်ပါတယ်။

📌ခုခံအားကျဆင်းမှုကူးစက်ရောဂါ (𝐀𝐈𝐃𝐒) ကို တိုက်ဖျက်ဖို့ဆိုရင် 𝐇𝐈𝐕 ပိုး ကူးစက်မှုကို ကာကွယ်ခြင်း၊ စစ်ဆေးခြင်း၊ ကုသခြင်း ဆိုတဲ့ ဝန်ဆောင်မှုတွေကို လူတိုင်းရသင့်ပါတယ်။

👇🎥ဒီဗီဒီယိုလေးမှာ 𝐇𝐈𝐕/𝐀𝐈𝐃𝐒 နဲ့ ပတ်သက်တဲ့ သတင်းစကားတွေကို အတူတူ လေ့လာကြည့်ရှုကြည့်ကြပါစို့!

[𝐓𝐁 နဲ့ 𝐇𝐈𝐕/𝐀𝐈𝐃𝐒 အကြောင်းတွေကို ပိုမိုသိရှိနိုင်ဖို့ ဒီ 𝐄𝐧𝐝 𝐓𝐁 𝐓𝐨𝐠𝐞𝐭𝐡𝐞𝐫 page ကို 𝐋𝐢𝐤𝐞 𝐚𝐧𝐝 𝐅𝐨𝐥𝐥𝐨𝐰 လုပ်ထားဖို့လည်း အကြံပြုပါရစေနော်]

Address

Yangon

Website

Alerts

Be the first to know and let us send you an email when မျှဝေ၊ ကုသ၊ ကင်းစင် - End TB Together posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram