30/12/2022
ဒီနေ့ ပြောပြမဲ့အကြောင်းအရာလေး မစခင် ကျွန်တော်တို့ Admin Team က မနက်ဖြန် Happy New Year 2023 ကိုကြိုဆိုတဲ့အနေနှင့် ဖုန်းဘေလ် (Mpt,Ooredoo,Telenor)-2000 MMK ~ 10 ဦးကို Page မှာ Luckydraw လေးလုပ်ပေးသွားဖို့ စီစဉ်ထားပါတယ် 🎆🌛🥳🎉🎉🎊🎊☺️☺️😘😘🙀
အစီအစဉ်ကို ပါ၀င်မယ်ဆိုရင် 🥳🙀
1.ယခု Post ကို Like & Share လုပ်ပါ။
2.Comment မှာ 1~200 ကြိုက်ရာနံပါတ်တစ်ခုကို မန့်ခဲ့ပေးပါ။
Like & Share လုပ်ထားသူများထဲမှ ကံထူးသူ 10 ဦးကို Random မဲနှိုက်ပြီးရွေးချယ်ပေးသွားပါမယ်။
ကံထူးသူ 10 ဦးကိုတော့ (1.1.2023) 10 Am မှာဆက်သွယ်ပေးသွားမှာဖြစ်ပါတယ်။
ကဲ စလိုက်ရအောင်။
ဒီနေ့ကတော့ စားသုံးဆီတွေ oxidize ဖြစ်မဖြစ် ဘယ်လိုသိနိုင်မလဲဆိုတဲ့နည်းလမ်းနှင့် oxidize ဖြစ်တဲ့ဆီကို ပုံမှန်စားသုံးမိရင် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေကို ပြောပြပေးသွားပါမယ်။
ဆီဟာ အလင်း၊အပူ နှင့် Oxygen တို့သက်ရောက်မယ်ဆိုရင် ဆီဆိုတဲ့ ပစ္စည်းဟာ oxidize ဖြစ်လာပါတယ်။
ဆီဟာ oxidize စဖြစ်လာပြီးဆိုရင် အန္တရာယ်ဖြစ်စေတဲ့ ဒြပ်ပေါင်းတွေ ဖြစ်လာစေပါတယ်။
သိပ်တော့မစိုးရိမ်သွားပါနဲ့။ဒီလို Oxidize ဖြစ်ဖို့ အချိန်ကြာပြီး ဖြေးဖြေးချင်းမှ ဖြစ်လာတာကြောင့်ပါ။ဒီလိုဆီနဲ့ အစားအသောက်တွေလုပ်ရင် အရသာကိုလည်းဆိုးစေပါတယ်။
Oxidize ဖြစ်နေတဲ့ဆီ ဟုတ်/မဟုတ်ဘယ်လိုစမ်းသပ်မလဲ။
အဖြေကတော့ လက်ဖက်ရည်ဇွန်းလေးထဲကို ကိုယ်စမ်းချင်တဲ့ ဆီအနည်းငယ် လောင်းထည့်လိုက်ပါ။
ပြီးရင်တော့ နမ်းကြည့်ပါ။ဆီနံ သိပ်မရသလိုလို၊သတ္ထုအနံလေးနည်းနည်းရသလိုလို၊ဆီရဲ့ အရသာက နည်းနည်းလေးချဉ်နေတာဆိုရင် oxidized စဖြစ်နေပြီဆိုတာ သိနိုင်ပါတယ်။
ဒီလိုဆီကို ပုံမှန်စားသုံးမိပြီဆိုရင် ဦးနှောက် Cell တွေကို ထိခိုက်မယ် ၊နှလုံးသွေးကြော ကျဉ်းမယ်၊ဆီးချိုရောဂါဖြစ်လာနိုင်ချေ များမယ်၊နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေဖြစ်လာနိုင်စေပါတယ်။
Page Cb ကနေလည်း သိလိုရာများကို အသေးစိပ်မေးမြန်းနိုင်ပါတယ်။
Edible Oil Solutions-စားသုံးဆီသိကောင်းစရာ