TAW Clinic

TAW Clinic Please contact if you want any medical advice.

23/07/2025

❤️ သင့် ကျန်းမာရေး အတွက်

Neurologist Dr Thar Thär Oo
ရဲ့ Post ..
Copy ကူပြီး
ပြန်တင်ပေးလိုက်ပါတယ် ။❤️❤️❤️💕

❤️ တွေးမိတွေးရာ အတွေးလေးတခု ။ ❤️❤️💕

❤️ တလောက အသက်လူလတ်ပိုင်းတွေနဲ့ လေဖြတ်တဲ့ သူတွေ အတွေ့များလာတယ် လို့ ပြောခဲ့တာ မှတ်မိကြပါလိမ့်မယ်။

❤️။ ဒီနေ့ဆေးခန်းကို ဆေးရုံ ကဆင်းပြိး ၂ ပတ် အကြာ မှာ ပြန်လာပြတဲ့ အသက်အရွယ် လူလတ် ပိုင်း လူနာ ၂ယောက် ရှေ့ဆင့်နောက်ဆင့် ဆိုသလို လာပြကြတယ်။ တယောက် က အသက် ၃၆ နဲ့ နောက်တယောက်က အသက်၄၁။ နှစ်ယောက်စလုံး ပြန်လည်သန်စွမ်းရေး ကောင်းကောင်းလုပ်နိုင်ရင် တစ်နှစ်အတွင်း အကောင်းပကတိနိးပါး ဖြစ်လာနိုင်ပါတယ်။

❤️ ဒီ post မှာ အဓိက ပြောချင်တာကတော့ လူနာ နှစ်ယောက်မှာ ဘာလို့ လေဖြတ်ခဲ့လဲ ဆိုတော့ တရားခံ risk factors နေထိုင်မှုစရိုက်ကိုပါဘဲ။

❤️ ပထမ တယောက်က စိးကရက် တနေ့ကို ၁ဗူး ကနေ ၁ဗူးခွဲသောက်တယ်။ အရက်သောက် လာဆိုတော့ အရက်မသောက်ဘူး။ ဘီယာဘဲသောက်တယ်တဲ့ ။ တနေ့ကို ၆ ဗူးလောက်နေ့တိုင်းသောက်တာတဲ့။ ဒိနေရာမှာ ကျွန်တော်တို့ မြန်မာလူမျိုးတွေထင်တာက ဘီယာ ဟာ အရက်မဟုတ်ဘူး ထင်ကြတာပါဘဲ။

❤️ မှန်ပါတယ် မတူပါဘူး သို့သော်လည်း alcohol ကတော့ နှစ်ခုစလုံးမှာပါပါတယ်။ ပါဝင်တဲ့ရာခိုင်နှုန်းဘဲကွာတာပါ။ ဒါကို အကြိမ်ကြိမ်ရှင်းပြလည်း နားမလည် သလို မအူမလည် လုပ်တတ်တဲ့ သူတွေ အများကြိးပါဘဲ။ ဒိ နှစ်ခု risk factors နဲ့ တင်လေဖြတ်နိုင်ပါတယ်။

❤️ ဒုတိယမြောက်လူနာက မိန်းမက အပိုးကျိုးအောင်ထိန်းထားလို့လားမသိ အရက်ဘီယာမသောက် ဆေးလိပ်စိးကရက်မသောက် အချိန်တန် အိမ်ကို ပြန်တတ်တဲ့ သူပါ။ သူ မှာ ပြောစရာတခုဘဲရှိတယ်။ Va**ng e-cigarettes သုံးတာပါဘဲ။ အားတဲ့ အချိန် ရတိုင်း လုပ်တာလို့ ပြောပါတယ် ။ ဒိ တချက်ဟာလဲ လူလတ်ပိုင်းတွေမှာ လေဖြတ်နိုင်တဲ့ risk factor တခုမို့လို့ သတိထား ကြစေလိုပါတယ်။

❤️ အသက် ၁၈-၁၉ နဲ့ ၂၀ ကျော် လူငယ် အမျိုးသားအမျိုးသမိး များ va**ng လုပ်တာ အတော်များပါလာတယ်။ va**ng ဆိုင်တွေ ကလဲ အများကြိး တချို့ဆိုင်တွေဆို အထင်ကြိးစရာ တခန်းတနားတွေပါ။

❤️ လူနေမှုစရိုက် ဟာ ခေတ်နဲ့ အညိပြောင်းလဲလာကြတာ လက်ခံနိုင်ပေမဲ့ တချို့ သော လူမှုစရိုက် လူမှု အပြုအမူတွေဟာ ရေရှည်ကျန်းမာရေး အတွက် မသင့်တော်ဘူးဆိုတာသိမြင် စဉ်းစားတတ်စေချင်ပါတယ်။

Cheer 🙏🙏🙏
ပြန်share လုပ်နိုင်ပါတယ်။

# Dr Thar Thar Oo ( Neurologist)

 #ဆရာကြီး ဦးစောဝင်းသွေးလွန်တုပ်ကွေး ရာသီမို့သတိထားစရာလေးတွေပါ
17/06/2025

#ဆရာကြီး ဦးစောဝင်း
သွေးလွန်တုပ်ကွေး ရာသီမို့သတိထားစရာလေးတွေပါ

🤰🏻ကိုယ်ဝန်ဆောင်မေမေတို့အတွက် ကျန်းကျန်းမာမာနဲ့ ကလေးမွေးဖွားနိုင်အောင်…📌 အာဟာရပြည့်ဝအောင် စားသုံးဖို့၊📌 အန္တရာယ်ရှိတဲ့ အပ...
03/06/2025

🤰🏻ကိုယ်ဝန်ဆောင်မေမေတို့အတွက် ကျန်းကျန်းမာမာနဲ့ ကလေးမွေးဖွားနိုင်အောင်…

📌 အာဟာရပြည့်ဝအောင် စားသုံးဖို့၊
📌 အန္တရာယ်ရှိတဲ့ အပြုအမူတွေ ရှောင်ကြဉ်ဖို့နဲ့
📌 ကိုယ်ဝန်ဆောင်ကျန်းမာရေးစောင့်ရှောက်မှုတွေခံယူဖို့၊
📌 ကာကွယ်ဆေးထိုးနှံမှုတွေဆောင်ရွက်ဖို့ လိုအပ်ပါတယ်နော်။

💉ကိုယ်ဝန်ဆောင်ချိန်အတွင်း ကာကွယ်ဆေးထိုးနှံခြင်းဟာ မိခင်ရော ကလေးကိုပါ ပြင်းထန်တဲ့ရောဂါအန္တရာယ်များမှ ကာကွယ်ပေးတာကြောင့် အရေးကြီးပါတယ်။

💕 မေမေတို့ရေ... ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ့်ကိုယ်ကို ဂရုစိုက်တာဟာ သားသားမီးမီးတို့ကို ချစ်တဲ့စိတ်ပါပဲနော်။ ကျွမ်းကျင်တဲ့ကျန်းမာရေးဝန်ထမ်း (ဆရာဝန်၊ သူနာပြု၊ သားဖွားဆရာမ စသည်) တို့နဲ့ မှန်မှန်ပြသပြီး လိုက်နာသင့်တာတွေကို ဂရုတစိုက်လုပ်ဆောင်ကြပါစို့နော်။

————————————
ဒီလိုမျိုး ကျန်းမာရေးဆောင်းပါးတွေ၊ အစီအစဉ်တွေကို မျက်ခြည်မပြတ်လေ့လာဖတ်ရှုနိုင်ဖို့ Thukha Thuta page ကို Like and Follow ပြီး Telegram နဲ့ Viber Channel တွေကိုပါ Join ထားပေးဖို့မမေ့နဲ့နော်။

▫️Telegram channel: https://t.me/thukhathuta
▫️Viber channel: https://invite.viber.com/?g2=AQA32Fgn%2BDkqbVL69DK2kVokrUVnevVRfG6mA7mooQVzQOKSKLfLIsiC%2B88DZNzS

"လူတိုင်းကျန်းမာရေး သုခ နှင့် အသိပညာ ဗဟုသုတ များ ပြည့်စုံနိုင်ဖို့ ရည်ရွယ်လျက်"

လူတိုင်း ကျန်းမာရေး သုခ နှင့် အသိပညာ ဗဟုသုတ များ ပြည့်စုံနိုင်ဖို့ ရည်ရွယ်ပါသည်။

Vaginal thrush ခေါ် မိန်းမကိုယ် မှိုပိုးဝင်ခြင်း အကြောင်းရင်းများ- မိန်းမကိုယ် မှိုပိုးဝင်ခြင်း အကြောင်းရင်းများမွေးလမ်း...
23/05/2025

Vaginal thrush ခေါ် မိန်းမကိုယ် မှိုပိုးဝင်ခြင်း အကြောင်းရင်းများ

-

မိန်းမကိုယ် မှိုပိုးဝင်ခြင်း အကြောင်းရင်းများ
မွေးလမ်းမှက္ခရု လို့လည်း ခေါ်တယ်။ Yeast လို့လည်းခေါ်တဲ့ Candida albicans မှိုပိုးတွေ ပုံမှန်ထက် ကြီးထွားမှုကြောင့် ဖြစ်တယ်။ ပဋိဇီဝဆေးအသုံးပြုမှု၊ ကိုယ်ဝန်ဆောင်စဉ် သို့မဟုတ် ရာသီစက်ဝန်းအတွင်း ဟော်မုန်းအပြောင်းအလဲတွေနဲ့ ခုခံအားစနစ်အားနည်းခြင်း စတဲ့အကြောင်းရင်းအမျိုးမျိုးကြောင့် ဖြစ်စေနိုင်တယ်။ ဆီးချိုရောဂါနဲ့ ဆေးဝါးတချို့ကြောင့်လည်း ဖြစ်နိုင်တယ်။
အကြောင်းရင်းများ
1. Overgrowth of Candida albicans မှိုပိုးများကြီးထွားမှု
Vaginal thrush သည် အဓိကအားဖြင့် မိန်းမကိုယ်အတွင်း သဘာဝအတိုင်းရှိနေသည့် ယိစ် ခေါ် Candida albicans မှိုပိုးများ ကြီးထွားမှုကြောင့်ဖြစ်သည်။ ပုံမှန်အားဖြင့်၊ မိန်းမကိုယ်အတွင်းရှိ အခြားသော အဏုဇီဝပိုးမွှားများက စအဲဒီမှိုပိုးတွေကို ထိန်းသိမ်းထားသော်လည်း အချို့သောအချက်များသည် ဤဟန်ချက်ကို အနှောင့်အယှက်ဖြစ်စေနိုင်ပြီး ကြီးထွားမှုကို ဖြစ်စေသည်။
2. Antibiotic Use: ပဋိဇီဝဆေးသုံးခြင်း
ပဋိဇီဝဆေးများသည် ပုံမှန်အားဖြင့် မှိုပိုးဦးရေကို ထိန်းချုပ်သည့် အကျိုးပြုဘက်တီးရီးယားများကို သတ်ခြင်းဖြင့် မိန်းမကိုယ်အတွင်းရှိ သေးငယ်သောဇီဝရုပ်များ၏ဟန်ချက်အား အနှောင့်အယှက်ဖြစ်စေနိုင်သည်။ ၎င်းသည် Candida albicans များကို ကြီးထွားစေပြီး မှက္ခရုဖြစ်စေနိုင်သည်။
3. Hormonal Fluctuations ဟော်မုန်းအတက်အကျများ
အမျိုးသမီးတိုင်းမှာ ကိုယ်ပိုင်ဟော်မုန်းတွေ ရှိကြတယ်။ အနည်းအများ တယောက်နြ့တယောက်သာမက တချိန်နဲ့တချိန် မတူပါ။
ကိုယ်ဝန်ရှိစဉ်၊ ရာသီစက်ဝန်း သို့မဟုတ် ကိုယ်ဝန်တားဆေးများ သို့မဟုတ် ဟော်မုန်းအစားထိုးကုထုံးကို အသုံးပြုသည့်အခါတွင် ဟော်မုန်းအပြောင်းအလဲများသည် မှက္ခရုဖြစ်နိုင်ခြေကို တိုးလာစေနိုင်သည်။ ဤဟော်မုန်းအတက်အကျများသည် မိန်းမကိုယ်ပတ်ဝန်းကျင်ကို ပြောင်းလဲစေနိုင်ပြီး မှိုကြီးထွားမှုကို တိုးစေသည်။
4. Weakened Immune System အားနည်းသော ကိုယ်ခံအားစနစ်
HIV ရှိသူ သို့မဟုတ် ခီမိုသာရာပီကုထုံးခံယူခြင်းကဲ့သို့သော အားနည်းသော ကိုယ်ခံအားစနစ်ရှိသူများသည် မှက္ခရုဖြစ်နိုင်ချေပိုများသည်။ ကိုယ်ခံအားစနစ် အားနည်းလာခြင်းကြောင့် ခန္ဓာကိုယ်သည် ပိုးမွှားကြီးထွားမှုကို တိုက်ဖျက်နိုင်စွမ်း နည်းပါးသွားသည်ဟု ဆိုလိုသည်။
5. Other Factors အခြားအချက်များ
• ထိန်းချုပ်မှု ညံ့ဖျင်းသောဆီးချိုသည် သွေးတွင်းသကြားဓာတ်ပမာဏကို မြှင့်တင်နိုင်ပြီး မှိုပိုးများရှင်သန်ရန် ပတ်ဝန်းကျင်ကို ပေးစွမ်းနိုင်သည်။
• တင်းကျပ်သောအဝတ်အစားနှင့် အစိုဓာတ်သည် အပူနှင့် အစိုဓာတ်ကို ထိန်းထားနိုင်ပြီး နွေးထွေးသော ပတ်ဝန်းကျင်ကို ဖန်တီးပေးကာ ပိုးမွှားကြီးထွားမှုကို အားပေးသည်။
• အမွှေးနံ့သာ tampons၊ bubble baths သို့မဟုတ် မိန်းမကိုယ်ဆေးကြောခြင်းဆေးရည်များသည် အရေပြားကို ယားယံစေပြီး မှက္ခရုဖြစ်နိုင်ခြေကို ပိုမိုမြင့်မားစေသည်။
• Immunosuppressive ဆေးဝါးများသည် ခုခံအားစနစ်ကို အားနည်းစေပြီး မှက္ခရုဖြစ်နိုင်ခြေကို တိုးမြင့်စေနိုင်သည်။
Vaginal itching မိန်းမကိုယ် ယားခြင်း https://dr-tint-swe.blogspot.com/2021/01/vaginal-itching.html
Cervicitis သားအိမ်ဝ ရောင်ခြင်း https://dr-tint-swe.blogspot.com/2021/05/cervicitis.html
Vaginal tablet ထည့်ဆေး https://dr-tint-swe.blogspot.com/2020/12/vaginal-tablet.html
Personal hygiene for women အမျိုးသမီးများ တကိုယ်ရေသန့်ရှင်းရေး https://dr-tint-swe.blogspot.com/2021/05/personal-hygiene-for-women.html
Metronidazole မက်ထရိုနိုက်ဒဇောလ် https://dr-tint-swe.blogspot.com/2021/05/metronidazole.html
Dr. တင့်ဆွေ

(ကန်တော့) ၁။ ဆရာ့ကို မကြာခဏမေးရလို့ အားတော့နာတယ်ဆရာ။ ကျမကို Gynomix ဆေးအကြောင်းပြောပြပေးပါလားဆရာ။ ကျေးဇူးတင်ပါတ....

27/03/2025

ဧပြီလအတွက် ဆေးခန်းပိတ်ရက်လေးကြိုတင်အသိပေးချင်ပါတယ်

၅-၄-၂၀၂၅ မှ ၂၀-၄-၂၀၂၅ အထိရက်ရှည် ဆေးခန်းပိတ်မှာဖြစ်ပါတယ်

ဆေးပံုမှန်သောက်နေကျ သူများနဲ့တီဘီဆေးထုတ်မယ့်သူများ သိစေရန်ဖြစ်ပါတယ်။
🙂🙂🙂

21/03/2025

ဆီးချိုသမားတွေအများဆုံး လွဲမှားတတ်တဲ့အရာများ

ပါမောက္ခဒေါက်တာဦးကိုကို (ဆီးချိုနှင့် အထွေထွေရောဂါအထူးကု)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး။ ။ ဆီးချိုသမားတွေမှာ အများဆုံး လွဲမှားတတ်တဲ့အရာတွေကို သိပါရစေ ဆရာ။

ဖြေ။ ။ အများဆုံး လွဲမှားတဲ့အချက်တွေကတော့ ဆေးတွေကို ရပ်လိုက်တာတို့၊ လျှော့သောက်ကြတာတို့တွေဖြစ်တာ များပါတယ်။ တစ်ခါတလေ အင်္ဂလိပ်ဆေးတွေ အကုန်ရပ်လိုက်ပြီးတော့ ဆေးမြီးတိုတွေ သောက်တာလည်းရှိပါတယ်။

တစ်ခါတလေ ပျားမီးစွဲရွက်တွေသောက်တယ်၊ သကြားမကိုက်ရွက်တွေ သောက်နေတာလည်း ရှိပါတယ်။ ဒီပျားမီးစွဲရွက်တွေ၊ သကြားမကိုက်ရွက်တွေ သောက်လို့ရပါသလားလို့ မေးရင် ဆရာတို့ အတွေ့အကြုံအရတော့ အဲဒီအရွက်တွေသောက်ရင် ဆီးချိုကျပါတယ်။

ဒါပေမဲ့ ဆရာတို့က လူနာကို ဆေးကုသတဲ့အခါမှာ ဆီးချိုကျရုံ တစ်ခုတည်းမကဘဲ အသက်ရှည်အောင်ပါ ဆေးပေးရပါတယ်။ အခု ဆရာတို့တစ်တွေ သောက်သုံးခိုင်းနေတဲ့ နိုင်ငံခြားဆေးတွေကတော့ အကုန်းစမ်းသပ်ပြီးသားတွေပါ။

နိုင်ငံခြားဆေးတွေကို သောက်ရင် ဆီးချိုလည်း ကျတယ်၊ အသက်လည်းရှည်တယ်၊ သေသေချာချာ စမ်းသပ်ထားတာဖြစ်တဲ့အတွက် သေချာပါတယ်။ ဒီဆေးမြီးတိုတစ်ခွက်သောက်လိုက်ရင် ဆီးချိုက ဘယ်လောက်ကျသွားလည်း မသိနိုင်ပါဘူး။ သူတို့ကို ရေရှည်စမ်းသပ်ထားတာလည်း မရှိပါဘူး။ ဆရာတို့ကတော့ လူနာကို ကိုယ့်သဘောပါလို့ပဲ ပြောပါတယ်။

နိုင်ငံခြားဆေးတစ်လုံးသောက်လိုက်ရင် ဆီးချိုဘယ်လောက်ကျသွားမလဲဆိုတာ ဆရာတို့ အကြမ်းဖျင်းသိပါတယ်။ ဒီအရွက်တစ်ရွက်ကို သောက်လိုက်ရင် ဆီးချို ဘယ်လောက်ကျသွားမလဲ မသိပါဘူး။ ဆီးချိုတော့ ကျပါတယ်၊ ဒါပေမဲ့ ဘယ်လောက်ကျမယ်၊ ဘာတွေဖြစ်နိုင်လဲ ဆိုတာလည်း မသိ။ ကိုယ့်အယူအဆနဲ့ ကိုယ်ဆေးမြီးတိုတွေ၊ တရုတ်ဆေးတွေ သောက်တာဟာဆီးချိုကျချင် ကျမယ်၊ ဒါပေမဲ့ ကိုယ့်အသက်ကိုတော့အပ်ထားတာနဲ့ အတူတူပါပဲ။

ဆီးချိုထိန်းချုပ်မှု (Control) မကောင်းရင် နောက်ဆက်တွဲ ဆိုးကျိုးတွေဖြစ်တတ်ပါတယ်။ ခြေထောက်ဖြတ်ရတာ၊ မျက်စိမမြင်ရတော့တာတွေအထိ ဖြစ်တတ်ပါတယ်။

မေး။ ။ ဆီးချိုသမားတွေ စားသောက်ရာမှာ သတိပြုသင့်တဲ့ အချက်တွေရှိရင်လည်း သိပါရစေ ဆရာ။

ဖြေ။ ။ ဆီးချိုသမားတွေအတွက် အရေးကြီးတဲ့ အချက်တစ်ခုကတော့ အစားအသောက်ပါပဲ။

အကြမ်းဖျင်းအားဖြင့် ဆီးချိုသမားတွေမှာ ကြိုက်သလောက်စားလို့ရတဲ့ အစားအစာဆိုရင် ဟင်းသီးဟင်းရွက်တွေရယ်၊ အသားတွေ၊ ငါးတွေရယ်ကို ကြိုက်သလောက်စားလို့ရပါတယ်။ ဆီပြန်ဟင်းစားလို့ ရပါတယ်။ ဆန်၊ ဂျုံ၊ ခေါက်ဆွဲကို အသင့်အတင့်စားလို့ရပါတယ်။

ဘယ်လိုဆန်ကိုပဲစားပါလို့တော့မပြောပါဘူး။ ဒါပေမယ့် လုံးတီးဆန်က အကောင်းဆုံးဖြစ်ပါတယ်။ ဘက်စမာတီဆိုတဲ့ ဆန်ကိုလည်း ဆီးချိုမတက်ဘူးဆိုပြီးစားနေကျဆိုပေမယ့် သူလည်းတက်ပါတယ်။

ဆန်အမျိုးအစားနဲ့စာရင် ဆန်ပမာဏနဲ့ ပိုဆိုင်မယ်လို့ ပြောလို့ရပါတယ်။ အနောက်တစ်ခုက ရေခန်းချက်တာနဲ့ ရေငှဲ့ချက်တာ ဘယ်လိုချက်ရမလဲဆိုရင် ဆရာတို့ကတော့ မလိုဘူးလို့ပဲ ဖြေပါတယ်။ နည်းနည်းလေးတော့ ကွဲပြားမှုရှိပေမယ့် မထူးခြားပါဘူး။

ဆန်ပမာဏအပေါ်ပဲ မူတည်ပါတယ်။ ဆီးချိုတက်ရင် ထမင်းလျှော့စားပါ။ဆီးချိုတက်လို့ ချာပါတီနဲ့ ပြောင်းစားမယ်ဆိုလည်းမထူးပါဘူး။အသီးတွေစားမယ်ဆိုလည်း အရမ်းချိုတဲ့အသီးနဲ့ အရမ်းမချိုတဲ့ အသီးမှာ အရမ်းမချိုတဲ့ အသီးတွေကို စားလို့ရပါတယ်။ အရမ်းမချိုတဲ့ သစ်တော်သီးတို့၊ပန်းသီးတို့စားလို့ရပါတယ်။ အရမ်းချိုတဲ့ အသီးတွေဖြစ်တဲ့ သရက်သီးတို့၊ ဒူးရင်းသီးတို့ စားမယ့်အချိန်မှာတော့ ဆီးချိုတက်နေရင် မစားပါနဲ့၊ ဆီးချိုမတက်ရင်တော့ စားလို့ရပါတယ်။ တစ်သက်လုံး မစားရဘူးဆိုတဲ့ အစာ ဘာမှမရှိပါဘူး။

မေး။ ။ဆီးချိုသမားတွေကအတွက် သီးသန့် စားရမယ့် အစားအသောက်တွေ ရှိပါသလား ဆရာ။

ဖြေ။ ။ ဆီးချိုသမားတွေ သီးသန့်စားရမယ်ဆိုတဲ့ အစားအသောက်လည်းမရှိပါဘူး။ ချိုတဲ့အရည်တွေ၊ အစားအသောက်တွေ မှန်သမျှကိုလည်း ဆီးချိုမတက်ရင် စားသောက်လို့ရပါတယ်။ ဆီးချိုတက်နေရင်တော့ မစားသောက်ပါနဲ့။ တချို့အစားအသောက်တွေမှာ ဆီးချိုသကြား ထည့်သောက်ရင် ပိုကောင်းပါတယ်။

နောက်ပြဿနာတစ်ခုက ကော်ဖီမစ်ပါ။ ဆီးချိုသမားတွေ သောက်တဲ့ကော်ဖီမစ်၊ ကွေကာအုတ်ဆို ပြီး ရောင်းနေတာတွေ ရှိပါတယ်။ ဒါတွေကိုလေ့လာတဲ့အခါမှာ အဲဒါတွေကလည်း ဆီးချိုတက်တာကိုလေ့လာစမ်းသပ်မှုအရ တွေ့ပါတယ်။ အဲဒီကော်ဖီတွေ သောက်မယ့်အစား ကော်ဖီကိုအကျရည်ဖျော်ပြီး နွားနို့၊ နို့စိမ်းနဲ့ အချိုအနေနဲ့နဲ့ ဆီးချိုသကြားနဲ့ တွဲသောက်ရပါတယ်။

ဆိုင်ကနေ သောက်ချင်ရင် နို့စိမ်းတီးသောက်ပါ။ နို့ဆီ မထည့်ရဘူး၊ သကြားမထည့်ရပါဘူး။ တစ်နေ့ သုံးခွက်လောက် သောက်လို့ ရပါတယ်။
ဆရာက ဖရဲသီး ၅၀ ဂရမ်ရယ်၊ လိမ္မော်သီး ၅၀ ဂရမ်ရယ်ကို
လူတစ်ယောက်တည်းကိုပဲ ကျွေးပါတယ်။ ကျွေးပြီးရင် နှစ်နာရီကြာမှာ ပြန်တိုင်းမယ်၊ အဲဒီမှာ သွေးတွင်းသကြားဓာတ်ကို ပြန်တိုင်းပါမယ်။

အဲဒီမှာ ဘယ်အသီးစားရင် ဆီးချို ဘယ်လောက်တက်သွားလဲ ဆိုတာကိုလေ့လာပြီး ဆီးချိုတက်နှုန်းများတဲ့ အသီးတွေနဲ့ နည်းတဲ့အသီးတွေဆိုပြီးတော့ ခွဲခြားထားပါတယ်။ ဒီလိုခွဲခြားထားပေမယ့်လည်းလူနာကချိုတဲ့ အသီးတွေကို စားချင်နေတယ်၊ ဆီးချိုတိုင်းကြည့်လို့ တက်မနေရင်စားခိုင်းတယ်။ စစ်ကြည့်လို့ ဆီးချိုကောင်းရင် ခွင့်ပြုပါတယ်။ ရေခဲမုန့်လည်းကျွေးပါတယ်။ ဆီးချိုသမားတွေကို မှာချင်တာကတော့ မစားရတဲ့ အစာဆိုတာ မရှိပါဘူး။ ဒါပေမဲ့ကိုယ့်ဂဏန်းတွေကိုကိုယ်သိပါ။ ချိုတဲ့အရာ မှန်သမျှကို ဆီးချိုတက်နေရင် မစားပါနဲ့။ မတက်ရင် စားပါ။

မေး။ ။ ဆီးချိုသမားတွေဖျားတဲ့အခါ အစားအသောက်နဲ့ ပတ်သက်ပြီး ဘယ်လို သတိထားသင့်ပါသလဲဆရာ။

ဖြေ။ ။ ဆီးချိုသမားတွေမှာ လွဲမှားတတ်တာ နောက်တစ်ခုက ဆီးချိုသမားတွေ ဖျားတဲ့အခါမှာ ဘာမှမစားတော့ဘူး။ ဘာမှမစားတော့တဲ့အတွက် ဆီးချိုဆေး တွေကို ရပ်ပစ်လိုက်ပါတယ်။ အဲဒါ မှားပါတယ်။ ဘာလို့မှားလဲဆိုရင် အဖျားရှိတဲ့အတွက် ဆီးချိုသမားမှာစိတ်ဖိစီးမှုဝင်သွားပါတယ်။ စိတ်ဖိစီးမှုကြောင့် သွေးတွင်း သကြားဓာတ်က ပိုတက်လာပါတယ်။ အဲဒီအချိန်မှာ ဆီးချိုဆေးကို ရပ်လိုက်တဲ့အတွက်ကြောင့်သွေးတွင်း သကြားဓာတ်တွေ မထိန်းနိုင်တော့ဘဲဒုက္ခ ရောက်နိုင်ပါတယ်။

မေး။ ။ ဆီးချိုသမားတစ်ယောက် ဆရာတို့ဆီရောက်လာတဲ့အခါ ဘယ်လို အချက်တွေကို အဓိက စစ်ဆေးပေးလေ့ရှိပါသလဲ ဆရာ။

ဖြေ။ ။ ဆီးချိုသမားတစ်ယောက်က ဆရာတို့ဆီ ရောက်လာပြီဆိုတာနဲ့ အချက်တွေ စဉ်းစားရပါတယ်။

နံပါတ်(၁)အနေနဲ့ သူဆေးမှန်မှန် သောက်ရဲ့လားလို့စစ်ရပါတယ်။

နံပါတ် (၂) က သူဆေးတွေကို လျှော့သောက်နေသလားလို့လည်း စစ်ပါတယ်။ လူနာတွေမှာဆီးချို အရမ်းကျသွားမှာစိုးတဲ့ စိတ်ကလည်း ရှိနေတာကိုတွေ့ရတဲ့အတွက် ဆေးကို လျှော့သောက်နေတာတွေလည်း ရှိပါတယ်၊

နံပါတ် (၃) ကတော့ အစားအသောက်ကို စစ်ရပါတယ်။ ဆီးချိုတက်ရင် (၁၀၀) မှာ (၇၀) ရာခိုင်နှုန်းကအစားအသောက်ကြောင့် ဖြစ်ကြတာပါ။

နံပါတ် (၄) က ဆီးချိုတက်စေတဲ့ဆေးတွေသောက်နေတာ၊ ထိုးနေတာရှိလားလို့ စစ်ရပါတယ်။ အများဆုံးသောက်နေ၊ ထိုးနေတဲ့ ဆေးတွေကတော့ စပ်ဆေးတွေပါပဲ။ လူတွေက အဆစ်အမျက်ကိုက်လို့ စပ်ဆေးတွေ သောက်ပါတယ်၊ အဲဒီဆေးတွေထဲမှာ စတီးရွိုက်တွေပါတယ်။

ရင်တွေကျပ်လို့သောက်တယ်၊ မြန်မာဆေးတချို့ကို အကိုက်အခဲပျောက်ဆေးတွေအနေနဲ့ သောက်တယ်။ အဲဒီအထဲမှာ စတီးရွိုက်တွေပါတယ်။ အဲဒါတွေ ပါတဲ့အတွက် မျက်နှာကလည်း အမ်းလာပြီး ဆီးချိုတွေ တက်လာတာကို တွေ့ရပါတယ်။နောက်ပြီး စိတ်ဖိစီးမှုတွေများရင်လည်း ဆီးချိုတွေ တက်တယ်။ ဥပမာဆို ဆီးချိုသမား လေဖြတ်တာမျိုး၊ ဆီးချိုသမား ဖျားတာမျိုးဆိုရင် ဆီးချိုကအရမ်း တက်သွားပါတယ်။ ဆီးချိုသမားတစ်ယောက်
ဆီးချိုကို ကောင်းကောင်း Control မရရင် အဲဒီအချက်တွေ အကုန်လုံးစစ်ရပါတယ်။ အဲဒီအချက်တွေကို အကုန်လိုက်နာလို့မှ Control မရရင်တော့ သူကရောဂါသက်တမ်းကြာလာလို့ ခန္ဓာကိုယ်ထဲက အင်ဆူလင်ထုတ်တဲ့ ဆဲလ်တွေအရမ်းနည်းလာလို့လည်းဖြစ်နိုင်ပါတယ်။

Crd ___Healthy life
(မေသတင်းရပ်ကွက်လေး) မှ
မေတ္တာဖြင့် ကူးယူ မျှဝေပါသည် ။

14/12/2024

#အိမ်နီးချင်းနိုင်ငံမှာဗိုင်းရပ်စ်တစ်မျိုးပျံ့နေတယ်လို့ကြားပါတယ်
#စိုးရိမ်ရပါသလား ❓


NoroVirus ဆိုတာ အလွယ်ပြောရရင် အစာအိမ်နဲ့အူလမ်းကြောင်းကို ဒုက္ခပေးတာပါ
- ဗိုက်အောင့်တယ်
- ပျို့တယ် အန်တယ်
- ဝမ်းပျက်တယ်ပေါ့
- ငွေ့ငွေ့ဖျားတာ ချမ်းတုန်တာ
- ခေါင်းကိုက်တာ
- ကိုယ်လက်ကိုက်တာ
- နုံးချိနေတာ မျိုးတွေဖြစ်တတ်ပါတယ်
အထက်လန်အောက်လျှောရောဂါ တစ်မျိုးပါပဲ ၊ ကူစက်နှုန်းအရမ်းမြင့်ပါတယ် ၊
ဘယ်လိုကူးစက်တာလဲ
အူလမ်းကြောင်းကို ဒုက္ခပေးတဲ့အကောင်ဖြစ်တာကြောင့် ပါးစပ်ကနေတဆင့်ဝင်ပါတယ်
👉 လက်သေချာမဆေးတဲ့အခါ
👉 အစာတွေကို သေချာကျက်အောင်ချက်ပြုတ်မထားတဲ့အခါ
👉 ရေမသန့်တဲ့အခါ
👉 ယင်နားစာတွေ စားတဲ့အခါ ကူးစက်တတ်ပါတယ်

ရောဂါပိုးဝင်ပြီး ၁၂ နာရီကနေ ၄၈ နာရီ (၂ ရက်အတွင်း) ရောဂါလက္ခဏာပြပါတယ်

ပုံမှန်အားဖြင့်တော့ (၃) ရက် အတွင်းပြန်ကောင်းသွားကြပါတယ်

ဒါပေမယ့် Virus ဖြစ်တဲ့အတွက် ကိုယ်ခံအားမကောင်းတဲ့ (ကိုယ်ခံအားကောင်းစွာမဖွံ့ဖြိုးသေးတဲ့)
- ကလေးသူငယ်များ
- သက်ကြီးရွယ်အိုများ
- နာတာရှည်ရောဂါရှင်များ
- ကိုယ်ခံအားကျဆင်းမှုရောဂါရှင်များ
- ကိုယ်ခံအားထိန်းညှိဆေးသောက်နေရသူများ
- ကိုယ်အင်္ဂါအစားထိုးထားသူများ မှာ ဆိုးဝါးပြင်းထန်ပါတယ်

#ပြင်းထန်ကာလဝမ်းရောဂါ ကို ရင်ဆိုင်တိုက်ခိုက်ထားတာ မကြာသေးတဲ့ ကျွန်တော်တို့အတွက် NoroVirus အတွက် ရင်ဆိုင်ဖို့ #ကျန်းမာရေးအသိရှိနေပြီလို့ပြောလို့ရပါတယ်

✅ ဝမ်းပျက်လျှင် ဝမ်းသွားသလောက် ဓာတ်ဆားရည် သောက်ရပါမယ်
✳️ ဘာအရည်မှ မဝင်အောင်အန်နေတဲ့အခါမျိုးမှာတော့ ဆေးရုံ/ဆေးခန်း သွားပြီး ကုသမှုခံယူဖို့လိုအပ်ပါတယ်
✳️ မိမိ သဘောနဲ့ မိမိ ပိုးသတ်ဆေး ဝမ်းပိတ်ဆေး မသောက်ကြပါနဲ့

ဝမ်းပျက်ခြင်းရဲ့ ဆိုးကျိုးက အရည်ပြန်မဖြည့်နိုင်လျှင်
🚨 သွေးပေါင်ပြုတ်ကျတာ
🚨 Shock ရတာ
🚨 ကျောက်ကပ်ပျက်တာက စလို့ အသက်အန္တရာယ်အထိရှိတတ်ပါတယ်

အဲ့ဒါကြောင့် အရမ်းကြီးအဓိပ္ပာယ်မဲ့ကြောက်နေဖို့ မလိုသလို မပေါ့ဆသင့်ပါဘူး။

ဝမ်းပျက်အန်တာ အပြင် #အရေးကြီးတဲ့လက္ခဏာတွေက 🚨🚨🚨
* အာခေါင်တွေအရမ်းခြောက်လာတယ်
* ဆီးအရောင်အရမ်းရင့်ပြီး အရမ်းနည်းလာတယ်
* တစ်နှစ်အောက်ကလေးတွေမှာ ၈ နာရီကြာတဲ့အထိ ဆီးမသွားဘူး
* ကလေးတွေမှာ ၁၂ ကြာတဲ့အထိ ဆီးမသွားဘူး
* မျက်တွင်းဟောက်ပက်ဖြစ်လာတယ်
* မလှုပ်မရှားချင်နဲ့အိပ်ငိုက်လာတယ်
* အထိုင်အထမူးပြီး ရိပ်ရိပ် ရိပ်ရိပ်ဖြစ်လာတယ်
* ရင်အရမ်းတုန်လာမယ်
* ကယောင်ကတမ်းတွေပြောပြီး သတိလစ်သွားမယ်
_________
အကောင်းဆုံးက #မဖြစ်ရအောင်ကာကွယ်ကြတာပေါ့

1. အစာမစားမီလက်ကို ဆပ်ပြာနဲ့ အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် သေသေချာချာ ဆေးပါ
(***ပေါ်ပင် Hand Spray နဲ့ မလုပ်ပါနဲ့ အခုပျံ့နေတဲ့ Virus က Alcohol resistant ပါတဲ့)
2. အစားအစာတွေကို ယင်မနားရအောင် သေသေချာချာ ဖုံးအုပ်ထားပါ
3. အစားအစာများကို သေသေချာချာ ကျက်အောင်ချက်ပြုတ်ပြင်ဆင်ပါ
4. တကယ့်ရေသန့်သောက်ပါ (ရေကို သေချာစွာ ကျိုချက်သောက်သုံးပါ)
5. မချက်ပြုတ်ပဲ အစိမ်းစားသောက်တာမျိုးတွေမလုပ်ပါနဲ့
6. အပြင်စာတွေ အသုပ်စုံတွေ လမ်းဘေးယင်နားစာတွေ လုံးဝ ရှောင်ရပါမယ်

ဝမ်းပျက်ရောဂါအတွက် ထိရောက်တာက ဓာတ်ဆားရည်ပါ ဒီလို သတင်းလေးနည်းနည်းထွက်တာနဲ့ ဓာတ်ဆားစျေးတွေ ၊ သိပ်လိုတာမဟုတ်တဲ့ Probiotic စျေးတွေ မိုးအထိရောက်ကုန်တတ်ပါတယ် (တချို့က စိတ်ပူပြီး ဝယ်စုတော့ ပစ္စည်းပြတ်ကုန်တာလည်း ပါတာပေါ့)
“ဓာတ်ဆားရည်ဝယ်မရပါက
ရေတစ်လီတာ ကို သကြားလက်ဖက်ရည်ဇွန်း (၆) ဇွန်း
ဆားလက်ဖက်ရည်ဇွန်း (၁/၂) ထည့်ပြီး သမအောင်မွှေပြီး အသုံးပြုလို့ရပါတယ်”

ဝမ်းသွားသလောက် အမြန်ဆုံးပြန်ဖြည့်ရမှာဖြစ်ပါတယ်
❌ ဓာတ်ဆားသောက်ရင် ဝမ်းသွားနေလို့ မသောက်ဘူး ဆိုတာတို့
❌ သွေးတိုးရှိလို့ သွေးတက်မှာစိုးပြီး ဓာတ်ဆားမသောက်ဘူး
❌ ဆီးချိုရှိလို့ ဆီးချိုတက်မှာ စိုးပြီး ဓာတ်ဆားမသောက်ဘူး စတဲ့ လွဲမှားတဲ့အတွေးတွေက ကျောက်ကပ်ပျက်ခြင်းမှသည် အသက်အန္တရာယ်အထိရှိနိုင်ပါတယ်။

နိဂုံးချုပ်ပြောရရင်
NoroVirus ဟာ Virus အသစ်မဟုတ်ပါဘူး
ကမ္ဘာအနှံ့ ဝမ်းပျက်ဝမ်းလျှောဖြစ်တဲ့ တရားခံပါ
Outbreak က အခုမှ ထရတာ မဟုတ်ပါဘူး သူ့ရာသီအလိုက် ထ ထ ဖြစ်တတ်ပါတယ်။

နောက်တစ်ကြိမ်ထပ်ပြောရရင်
“ #အရမ်းကြီးအဓိပ္ပာယ်မဲ့ကြောက်နေဖို့မလိုသလို_ပေါ့ပေါ့ဆဆလည်းမနေသင့်ပါဘူး”

Dr. ဘုန်းစည်သူလွင်

26/10/2024

နိုဝင်ဘာလ နောက်ဆုံးပတ်
၂၃-၁၁-၂၀၂၄ (စနေနေ့)မှ ၃၀-၁၁-၂၀၂၄(စနေနေ့)အထိ
ဆေးခန်းပိတ်ပါတယ်🙂

15/10/2024

သီတင်းကျွတ်လပြည့်နေ့ဆေးခန်းမပိတ်ပါ
ပံုမှန်အချိန်အတိုင်းဖွင့်ပါတယ်
ပံုမှန်ပိတ်ရက်ဗုဒ္ဓဟူး စနေ တနင်္ဂနွေ ရက်များဘဲပိတ်ပါတယ်

21/08/2024

Credit to original

မျောက်ကျောက် ကို သိပ်မစိုးရိမ် ပါဘူး

•ရေကျောက် ပေါက်ဖူးရင် မျောက်ကျောက် မဖြစ်ဘူး
•ဖြစ်ရင် လဲ မပြင်းထန်ဘူး
•ကျောက်ရောဂါ ဗိုင်းရပ် အချင်းချင်း ကာကွယ်နိုင်မူ့ cross immunity မြင့်တယ်
•ထိရောက်တဲ့ ကာကွယ်ဆေးက ရှိတယ်
•ကာကွယ်ဆေး ထုတ်ရတာ လဲ လွယ်တယ်
•အန္တရာယ် လဲ ကင်းတယ်
•ကာကွယ်ဆေးက ထိုးစရာတောင် မလို ဘူး
•အပ်နဲ့ ခြစ်လိုက် ရုံနဲ့ ရတယ်
•အရင် ကိုယ်ခံအား ရှိပြီး သူတွေ များ လို့ herd immunity ရဖို့ လွယ်တယ်

Address

Yangon

Website

Alerts

Be the first to know and let us send you an email when TAW Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category