27/11/2024
𝟓𝟐𝟖 𝐋𝐨𝐯𝐞 𝐩𝐚𝐠𝐞 ရဲ့ ရင်ခုန်စိတ်လှုပ်ရှားစရာ အစီအစဥ်လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
📌၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့မှာ ကျရောက်မယ့် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ (𝐖𝐨𝐫𝐥𝐝 𝐀𝐈𝐃𝐒 𝐃𝐚𝐲) ကို ဂုဏ်ပြုတဲ့အနေနဲ့ 528 Love page မှ #𝐃𝐫𝐚𝐰𝟒𝐀𝐈𝐃𝐒 ကမ်ပိန်းအတွက် တစ်မျက်နှာစာ ပုံဆွဲပြိုင်ပွဲတစ်ခု စီစဥ်ထားပါတယ်။
📌ဒီအစီအစဉ်ဟာ ရုပ်ပုံများမှတစ်ဆင့် ပြည်သူလူထုအတွင်း 𝐇𝐈𝐕 နဲ့ပတ်သက်တဲ့ အသိပညာမြှင့်တင်ဖို့၊ 𝐇𝐈𝐕 ပိုးနဲ့အတူတကွနေထိုင်သူများအပေါ် ခွဲခြားနှိမ့်ချဆက်ဆံတာ မရှိစေဖို့နဲ့ သူတို့ရဲ့ တွေ့ကြုံခံစားမှုများကို စာနာနားလည်တတ်စေရန် ရည်ရွယ်ပါတယ်။ ယှဉ်ပြိုင်ရမယ့် ခေါင်းစဉ်လေးကတော့ “𝐇𝐈𝐕 ကူးစက်ခြင်းကို ကာကွယ်စို့” ပဲဖြစ်ပါတယ်။
🏆 ချီးမြှင့်သွားမယ့်ဆုတွေကတော့ - 🏆
ပထမဆု - ၃၀၀,၀၀၀ ကျပ်
ဒုတိယဆု - ၂၀၀,၀၀၀ ကျပ်
တတိယဆု - ၁၀၀,၀၀၀ ကျပ်
နှစ်သိမ့်ဆု (၂) ဆု
📅 ဘယ်နေ့နောက်ဆုံးထား ယှဥ်ပြိုင်ရမလဲ
ပေးပို့ရန်နောက်ဆုံးရက်- နိုဝင်ဘာလ ၃၀၊ ၂၀၂၄
ဆုရရှိသူကြေညာမည့်ရက်- ဒီဇင်ဘာလ ၁၂၊ ၂၀၂၄
📌ဒီအစီအစဥ်လေးမှာ မိမိတို့ရဲ့ တီထွင်ဖန်တီးနိုင်စွမ်းကို အသုံးချပြီး HIV နဲ့ ပတ်သက်တဲ့ အသိပညာမြှင့်တင်ဖို့၊ 𝐇𝐈𝐕 ပိုးနဲ့အတူတကွနေထိုင်သူများအပေါ် ခွဲခြားနှိမ့်ချဆက်ဆံတာတွေ လျော့ပါးစေဖို့်အတွက် အခုပဲ ဝင်ရောက် ယှဥ်ပြိုင်လိုက်ကြရအောင်။
ပြိုင်ပွဲဝင်ရန် လိုအပ်ချက်များ
---------------------------------------------
✅ပြိုင်ပွဲဝင်များ အနေဖြင့် ဒီဂျစ်တယ် (သို့မဟုတ်) လက်ရေးမူဖြင့် ရေးဆွဲထားသော တစ်မျက်နှာစာ ရုပ်ပုံအနုပညာလက်ရာများကို ကြည်လင်ပြတ်သားသော (PNG, JPG, etc., ) format များဖြင့် ပေးပို့ ရပါမယ်။
✅မိမိတို့ Facebook စာမျက်နှာပေါ်မှာ #𝐃𝐫𝐚𝐰𝟒𝐀𝐈𝐃𝐒 ဟူသော hashtag များဖြင့် တင်ပေးရပါမယ်။
✅ပြီးလျှင် comms.ais@cpintl.org (သို့မဟုတ်) 528 Love page ရဲ့ messenger သို့ နိုဝင်ဘာ(၃၀)ရက်နေ့ နောက်ဆုံးပေးပို့ရပါမယ်။
✅File size သည် 10 MB ထက် မကြီးရပါ။ လက်ရေးဖြင့်ဆွဲထားသောပုံများ ပေးပို့မည် ဆိုပါက ရှင်းလင်းပြတ်သားစွာ scan ဖတ်ထားသော file များ၊ Photo ရိုက်ထားသော file များသာ ပေးပို့ရပါမယ်။
✅ကိုယ်တိုင်ဖန်တီးထားသော အနုပညာရုပ်ပုံများသာ ဖြစ်ရပါမယ်။ copyright ငြိသော ရုပ်ပုံများကို ထည့်သွင်းစဥ်းစားမည် မဟုတ်ပါ။
✅HIVနဲ့ပတ်သက်သည့် အသိပညာမြှင့်တင်ရန်၊ HIV ပိုးနဲ့ အတူတကွနေထိုင်သူများအပေါ် ခွဲခြားနှိမ့်ချဆက်ဆံတာတွေ နည်းပါးစေရန် ထင်ဟပ်သော ရုပ်ပုံများ၊ AIDS ရောဂါကာကွယ်ခြင်းနဲ့ ကိုက်ညီသော ပုံများ ဖြစ်ရပါမယ်။
✅ပြိုင်ပွဲဝင် တစ်ဦးလျှင် (၃) ပုံအထိ ပေးပို့ပါဝင်နိုင်ပါတယ်။
✅ပြိုင်ပွဲနဲ့ပတ်သက်ပြီး အငြင်းပွားဖွယ်ရာ တစ်စုံတစ်ရာဖြစ်လာခဲ့ရင် 528 Love page admin ရဲ့ ဆုံးဖြတ်ချက်ကိုသာ အတည်ယူမှာဖြစ်ပါတယ်။