16/08/2023                                                                            
                                    
                                                                            
                                            Calcium ၏လွဲမှားသော အယူအဆကြီး (၅) ချက်❌
💢 အယူအဆအမှား (၁)လူငယ်များတွင် Calcium ဖြည့်ဆည်းရန်မလိုအပ်ပါ။
ကျွန်မတို့ရဲ့ ၉၀% သော အရိုးပမာဏသည် အသက် ၂၀ မတိုင်မှီတွင် အားလုံးနီးပါးဖွဲ့စည်းသွားတာကြောင့် ထိုအချိန်အတွင်း သွင်းဝင်သော Calcium ဓာတ်များမှာ စုပ်ယူခြင်းခံရတာကြောင့် အရိုးကြီးထွားသန်မာစေရန် လူငယ်ဘဝမှာလည်း Calcium သောက်ရန် လိုအပ်ပါတယ်ရှင်။
💢အယူအဆအမှား (၂) နေ့စဉ်နွားနို့တစ်ခွက်သောက်ခြင်းသည် Calcium လိုအပ်မှုအတွက် လုံလောက်သည်။
နွားနို့တစ်ခွက်မှာ Calcium (200) mg ပါဝင်ပြီး တရုတ်နိုင်ငံရဲ့ အာဟာရဆိုင်ရာ နည်းပညာဌာနမှ ဖော်ပြထားသော Calcium စံနှုန်းနှင့် မကိုက်ညီပါ။ ဆေးပညာကျွမ်းကျင်သူများ၏ သုတေသန ရှာဖွေတွေ့ရှိမှုအရ အကယ်၍ နွားနို့အလွန်အကျွံသောက်သုံးပါက နွားနို့တွင်းမှ ထွက်ပေါ်လာသော Galactose သည် မျက်လုံးအလင်းမှန်ကြည်တွင် အလွယ်တကူ အနည်စုပုံလာနိုင်ပြီး သက်ကြီးပိုင်းတွင် မျက်စိအတွင်းတိမ်စွဲခြင်းကို ဖြစ်ပေါ်လာနိုင်စေပါတယ်။
💢အယူအဆအမှား (၃) အရိုးပြုတ်ရည်သည် Calcium ဖြည့်တင်းခြင်းကို အကျိုးဖြစ်စေသည်။
အရိုးပြုတ်ရည်အတွင်း Calcium ပါဝင်မှု ပမာဏမှာ အလွန့်အလွန်ပင်နည်းပါးပါသည်။ အသက်ကြီးသူများအမြဲစားသုံးပါက အရိုးတွင်း အဆီပမာဏများစွာ ပါဝင်နေသဖြင့် အခြားသော ကျန်းမာရေးပြဿနာများစွာ ဖြစ်ပေါ်လာနိုင်ပါသည်။
💢အယူအဆအမှား (၄) အသားစားခြင်းသည် Calcium ဖြည့်ဆည်းခြင်းအတွက် အကျိုးဖြစ်သည်။
အသားတွင် "အက်စစ်ဓာတ်ဖြစ်စေသော" ဒြပ်စင်များစွာပါဝင်ပြီး သွေးရည်များကို အက်စစ်ဓာတ်သို့ တိမ်းညွတ်စေသဖြင့် ခန္တာကိုယ်ကြီးမှာ အရိုးတွင်းမှ calcium :ion ကို မဖြစ်မနေသုံးပြီး မျှတအောင် ပြုပြင်ရသည်။ ထို့ကြောင့် Calcium ဒြပ်စင်များဆုံးရှုံးမှုကို ပို၍ လျင်မြန်သွားစေသည်။
💢အယူအဆအမှား (၅) ဖျော်ရည်သောက်သုံးခြင်းဖြင့် Calcium ဖြည့်ဆည်းနိုင်သည်။
Carbonic Acid ဖျော်ရည်တွင် Phosphate ပမာဏများစွာ ပါဝင်သဖြင့် Calcium စုပ်ယူမှုကို အကြီးအကျယ် အဟန့်အတားဖြစ်စေပြီး Calcium ဆုံးရှုံးမှုကို ပို၍ပင် လျင်မြန်သွားစေသည်။