Smart Care Aesthetics - Yangon

Smart Care Aesthetics - Yangon Your Trusted Aesthetic Clinic in Yangon, Myanmar

🌼 ရာသီဥတုက ပူအိုက်စိုစွတ်‌ တော့ ချွေးထွက်များပြီး အနံ့ဆိုးတွေထွက်နေလား?🌼 အင်္ကျီလှလှလေး ဝတ်ထားပေမဲ့ ချိုင်းကြားနေရာမှာ ခ...
07/03/2026

🌼 ရာသီဥတုက ပူအိုက်စိုစွတ်‌ တော့ ချွေးထွက်များပြီး အနံ့ဆိုးတွေထွက်နေလား?

🌼 အင်္ကျီလှလှလေး ဝတ်ထားပေမဲ့ ချိုင်းကြားနေရာမှာ ချွေးထွက်များပြီး အကွက်လိုက် ဖြစ်ကာ အလှပျက်နေလား?

အဲဒီပြဿနာတွေအတွက် ချိုင်းကြား ဧရိယာကို Botox ဆေးထိုးလို့ရပါပြီ။

🎀 Botox ဆေးထိုးခြင်းအားဖြင့် ချိုင်းချွေးထွက်များခြင်းကို သက်သာစေပြီး အနံ့ဆိုးထွက်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။

🎀 ထုံဆေးလိမ်းပြီးမှ ဆေးထိုးတာ ဖြစ်တဲ့အပြင် သေးငယ်တဲ့ အပ်လေးတွေကိုသာ အသုံးပြုတာ ဖြစ်လို့ နာကျင်မှုကလည်း အလွန်နည်းပါတယ်။

🎀 အချိန် နာရီဝက်ကျော်လောက်သာ ပေးရပြီး လူမှုဆက်ဆံရေး ညံ့ဖျင်းစေတဲ့ ချွေးနံ့နံခြင်း၊ ချွေးထွက်လွန်ခြင်းတွေကို သက်သာသေမှာ ဖြစ်လို့...

🏥 Smart Care Aesthetic Clinics

တိုက်မှတ်(၂၃၆)၊2D ပထမထပ်၊ရတနာလမ်း၊စမ်းချောင်းမြို့နယ်၊ရန်ကုန်မြို့။
📞09 764 101080, 09 9696 16888

အမှတ် (၃၁၆-အေ)၊ ပြည်ထောင်စု လမ်းမကြီး၊ မြို့သစ်ရပ်ကွက်၊ မြစ်ကြီးနားမြို့။
📞 09447203040 ကို အမြန်ဆုံးဆက်သွယ်လိုက်ပါ။

🧑‍🦲 လူတယောက်ရဲ့ လှပခြင်း၊ နုပျိုခြင်းတွေ အများကြီးမူတည်နေတဲ့ ဆံပင်က  အသက် အရွယ်ရလာလို့ဖြစ်စေ၊ ကောက်ဆေးဖြောင့်ဆေးတွေကြောင...
06/03/2026

🧑‍🦲 လူတယောက်ရဲ့ လှပခြင်း၊ နုပျိုခြင်းတွေ အများကြီးမူတည်နေတဲ့ ဆံပင်က အသက် အရွယ်ရလာလို့ဖြစ်စေ၊ ကောက်ဆေးဖြောင့်ဆေးတွေကြောင့် ဖြစ်စေ၊ အရက်ဆေး‌လိပ်ကြောင့်ဖြစ်စေ၊ မျိုးရိုးလိုက်လို့ဖြစ်စေ၊ ရောဂါ အခြေအနေ တမျိုးမျိုးကြောင့် ဖြစ်စေ ဆံပင်ကျွတ်တာ၊ ဆံပင် မသန်တာတွေဖြစ်လာတတ်ပါတယ်။

🧑‍🦲 အမျိုးသားအများစုမှာဆိုရင် အသက် (၃၀) ကျော်နောက်ပိုင်း ဆံပင်စကျွတ်လာတတ်ပြီး အသက် (၅၀)နောက်ပိုင်း သိသိသာသာ ဆံပင်ကျဲပြီး ပြောင်လာတာကို တွေ့ရမှာပါ။

⚠️တဖြည်းဖြည်းဆံပင်​တွေကျဲလာတာ
⚠️ဆံပင်​တွေပါးလာတာ၊
⚠️ဆံပင်​တွေအကွက်လိုက် ကျွတ်​နေတာ
⚠️ဆံပင်ကျွတ်ပြီး ထိပ်​ပြောင်ဖြစ်​နေတာ
⚠️အရွယ်တင်လို့​​ကောင်းတဲ့ အသက်ရွယ်မှာ ဆံပင်​​ကြောင့် စိတ်ရှုပ်နေပြီလား ?

ဒီလိုဆိုရင်စိတ်ရှုပ်ခံမ​နေပါနဲ့🧏‍♀️ ဆံပင်ကျွတ်၊ ဆံပင်ကျဲ စတဲ့လက္ခဏာကို သတိထားမိပြီဆိုတာနဲ့ အချိန်မ​နှောင်းခင် ​ကောင်းမွန်တဲ့ ကုထုံး​တွေနဲ့ကုသလို့ ရပါတယ်။

🤔ဘယ်လိုကုသလို့ရလဲ......

​➡️သောက်​ဆေး💊၊ လိမ်းဆေး​🧫 တင်မကဘဲ
➡️ဆံပင်​​အတွက် အ​ကောင်းဆုံး ကုထုံးဖြစ်တဲ့
(Hair PRP💉- ​သွေးရည်ကြည်ကုထုံး)လေးရှိပါတယ်။

➡️🩸သွေးရည်ကြည်ကုထုံးဆိုတာက မိမိရဲ့ ပင်ကိုယ် သွေးကို သွေးရည်ကြည် ရအောင် ထုတ်ယူပြီးတော့ ဦးရေပြားမှာ ထိုးပြီး ကုသရတဲ့ ကုထုံး တစ်မျိုးပါ။

➡️🩸သွေးရည်ကြည်မှာ ပါဝင်တဲ့ Growth Factor တွေ၊ Stem Cell တွေက ဆံပင်ကျွတ်တာကို သက်သာစေတယ်၊ ဦးရေပြားကို ပြန်လည်အားဖြည့်ပေးပြီးတော့ ဆံပင်တွေ သန်စွမ်းလာစေနိုင်ပါတယ်။

ကုသမှု ပြုလုပ်ပုံအဆင့်ဆင့်က....
💉 ‌ကုသမှုခံယူမဲ့နေရာကို ထုံဆေး မိနစ် (၃၀)ခန့် လိမ်းပါတယ်။
💉 သွေးထုတ်ယူပါတယ်။
💉 ထုတ်ယူထားတဲ့သွေးကို စက်ထဲ ထည့်ပြီး သွေးရည်ကြည်ရအောင် ပြုလုပ်ပါတယ်။
💉 သွေးရည်ကြည်ကိုလိုအပ်တဲ့ နေရာမှာ ထိုးပြီး ကုသပေးပါတယ်။
💉 လိုအပ်ပါက Hair Laser ကုထုံး ပြန်ပေးပါတယ်။
💉 နောက်ဆုံးအဆင့်အနေနဲ့ ‌လိုအပ်တဲ့ ဆေးတွေ လိမ်းပါတယ်။

နုပျိုခြင်းက လူ၁​ယောက်ရဲ့ ဆံပင်​မှာအများကြီး မူတည်​နေတာမလို့....... ဆံပင်တွေ ကျွတ်နေပြီဆိုရင်တော့ ကောင်းရာနိုးနိုးဆေးတွေ လိမ်းမနေပဲ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ ပြသပြီး ထိရောက်တဲ့ ကုသမှုတွေ ခံယူဖို့ လိုအပ်ပါတယ်။

SMART CARE CLINIC မှာ ကျွမ်းကျင်တဲ့ ဆရာဝန်တွေနဲ့ တိုင်ပင်ပြီး အကောင်းဆုံးသော ကုသမှုတွေကို ခံယူလိုက်ပါ။

🏥 SMART CARE AESTHETIC CLINICS

တိုက်မှတ်(၂၃၆)2D ပထမထပ်၊ရတနာလမ်း၊မြေနီကုန်း/တောင်ရပ်ကွက်၊စမ်းချောင်းမြို့နယ်၊ရန်ကုန်မြို့။
📞09 764 101080, 09 9696 16888

အမှတ် (၃၁၆-အေ)၊ ပြည်ထောင်စုလမ်းမကြီး၊
မြို့သစ်ရပ်ကွက်၊ မြစ်ကြီးနားမြို့။
📲 09 447 203040

💜 မိမိရဲ့ မျက်နှာ ပုံစံက လုံးဝန်းနေလို့ ပုံစံပြောင်းချင်နေတာလား?💜 မေးရိုးကားလို့ မိန်းကလေးဆန်ဆန် မလှပဘူးလို့ ခံစားနေရပါသ...
04/03/2026

💜 မိမိရဲ့ မျက်နှာ ပုံစံက လုံးဝန်းနေလို့ ပုံစံပြောင်းချင်နေတာလား?

💜 မေးရိုးကားလို့ မိန်းကလေးဆန်ဆန် မလှပဘူးလို့ ခံစားနေရပါသလား?

💜 သွယ်လျတဲ့ မျက်နှာကျလေး လိုချင်နေပါသလား?

💜 ရှိရင်းစွဲ အသက်ထက် ပိုနုငယ်ချင်ပါသလား?

💜 Korea Star တွေလို သေးငယ် သွယ်လျတဲ့ မျက်နှာလေး ရချင်ပါသလား?

ဒီလိုဆိုရင်တော့ V shape Botox လိုအပ်နေပါပြီ။

💜 V shape မျက်နှာ ဆိုတာ သွယ်လျတဲ့ ဘဲဥပုံ မျက်နှာလေးကို ခေါ်တာဖြစ်ပါတယ်။

💜 ကားနေတဲ့ မျက်နှာထက် စာရင် V shape မျက်နှာလေးက ...
❣️ ငယ်ရွယ် နုပျိုတဲ့ အသွင်အပြင်ကို ရစေတယ်။
❣️ နူးညံ့လှပတဲ့ အလှတရားကို ရစေတယ်။
❣️သဘာဝကျတဲ့ လှပမှုကို ဖော်ဆောင်ပေးတယ်။
❣️ အမျိုးသမီးတွေသာ မက အမျိုးသားတွေပါ ပိုမို လန်းဆန်းတက်ကြွ တဲ့ မျက်နှာ သွင်ပြင်လေးကို ဖော်ဆောင်ပေးနိုင်ပါတယ်။

💜 V shape မျက်နှာဖြစ်စေဖို့ ကားနေတဲ့ မေးရိုးကြွက်သားတွေကို Botox ထိုးပြီး သွယ်လျလှပအောင် ပြုပြင်နိုင်ပါတယ်။

💜 V shape Botox ထိုးတော့မယ် ဆိုရင် ...
- ပထမဆုံး မိမိလိုချင်တဲ့ အနေအထား၊ ဆေးအာဏိသင်၊ ဘေးထွက်ဆိုးကျိုး စတာတွေကို ဆရာဝန်နဲ့ အသေးစိတ် တိုင်ပင် ဆွေးနွေးရပါမယ်။
- ဆွေးနွေးပြီးတဲ့အခါ ကုသမှုခံယူဖို့ မျက်နှာကို သန့်စင်ပေးပါတယ်။
- ထုံဆေး နာရီဝက်ခန့် လိမ်းပါတယ်။
- ကျွမ်းကျင်တဲ့ဆရာဝန်က Botox ဆေး ထိုးပေးပါတယ်။
- ဆေးထိုးပြီး (၁)ပတ်ခန့်အကြာမှာ ဆေးအာဏိသင် စတင်ပြမှာ ဖြစ်ပြီး (၁)နှစ်ဝန်းကျင်ခန့် အာဏိသင် ခံပါတယ်။

💜 ကျွမ်းကျင်တဲ့ ဆရာဝန်တွေကိုယ်တိုင် အရည်အသွေးမြင့် ဆေးတွေကိုသာ အသုံးပြုပြီး ဆွေးနွေးကုသပေးနေတာဖြစ်လို့....

🏥 SMART CARE AESTHETICS
တိုက်မှတ်(၂၃၆)၊2D ပထမထပ်၊ရတနာလမ်း၊မြေနီကုန်း(တောင်)ရပ်ကွက်၊စမ်းချောင်းမြို့နယ်၊ရန်ကုန်မြို့။
📞09 764 101080

အမှတ် (၃၁၆-အေ)၊ ပြည်ထောင်စုလမ်းမကြီး၊
မြို့သစ်ရပ်ကွက်၊ မြစ်ကြီးနားမြို့။
📲 09 447 203040, 09 760 5400 89
ကို အမြန်ဆုံး ဆက်သွယ်လိုက်ပါ။

🎀 သတိ။ မိမိရဲ့ မျက်နှာပေါ်က နှာတံကို ပိုလှချင်သူတွေသာ ဖတ်ရန်။🎀 နှာခေါင်းဆိုတာ မျက်နှာတခုရဲ့ အလယ်မှာရှိပြီး မျက်နှာလှမလှက...
03/03/2026

🎀 သတိ။ မိမိရဲ့ မျက်နှာပေါ်က နှာတံကို ပိုလှချင်သူတွေသာ ဖတ်ရန်။

🎀 နှာခေါင်းဆိုတာ မျက်နှာတခုရဲ့ အလယ်မှာရှိပြီး မျက်နှာလှမလှကို ဆုံးဖြတ်တဲ့ နေရာမှာ အထူးပဲ အရေးကြီးတဲ့ အစိတ်အပိုင်းတခုဖြစ်ပါတယ်။

🎀 မိမိရဲ့ နှာတံနဲ့ နှာခေါင်းကို စိတ်တိုင်းမကျဘူးဆိုရင်တော့ တိုးတက်လာတဲ့ခေတ်ကြီးမှာ ပိုမိုလှပအောင် အလှအပရေးရာ ဆေးပညာနဲ့ ပြုပြင်ပြောင်းလဲနိုင်နေပါပြီ။

🎀 နှာတံနဲ့ နှာခေါင်းကို ပြုပြင်ကြတဲ့အခါ အောက်ပါနည်းလမ်းတွေကို အသုံးပြုများကြပါတယ်။

1️⃣ နှာတံကြိုးထိုးခြင်း (Nose Thread Lift)
နှာတံပုပုလုံးလုံးကိုပိုင်ဆိုင်ထားလို့ နှာတံပိုမြင့်ပြီး ပိုပေါ်ချင်သူတွေ အတွက်သင့်တော်ပါတယ်။ Collagen ကြိုးများကို အသုံးပြုတာဖြစ်လို့ အချိန်ကုန်သက်သာပြီးချက်ချင်းလှသွားတဲ့အပြင် အန္တရာယ်လည်း ကင်းလို့ လူကြိုက်များတဲ့ အလှအပကုထုံး တမျိုးပဲဖြစ်ပါတယ်။

2️⃣ Nose Filler
ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ Filler ထိုးမှသာ အန္တရာယ်ကင်းကင်းနဲ့ လှပတဲ့ ရလဒ်ကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ နှာခေါင်း Filler က အခန့်မသင့်ပါက မျက်စိကွယ်တဲ့အထိ အန္တရာယ်ရှိနိုင်လို့ မကျွမ်းကျင်သူ၊ အတွေ့အကြုံနည်းသူတွေ နဲ့ လုံးဝ လုံးဝ ကို မထိုးသင့်ပါ။

3️⃣ နှာခေါင်းခွဲစိတ်ပြုပြင်ခြင်း (Rhinoplasty)
မိမိရဲ့ နှာခေါင်းကို လုံးလုံးလျားလျား ပြုပြင်ပြောင်းလဲ ဖို့အတွက် အမျိုးမျိုးသော နည်းစနစ်များကို သုံးပြီး ခွဲစိတ်ပြုပြင်နိုင်ပါတယ်။ ခွဲစိတ်ပြီးနောက် ရလဒ်က ရာသက်ပန် ခံလို့ လူကြိုက်များတဲ့ ခွဲစိတ်ပြုပြင်မှုတမျိုးပဲ ဖြစ်ပါတယ်။

🎀 မိမိရဲ့နှာခေါင်းကို ပြုပြင်ချင်နေပြီဆိုရင်တော့ ပြောင်းလဲချင်တဲ့ နှာ‌တံပုံစံ ကို စဉ်းစားရုံသာ မက ရလဒ်ကောင်းတဲ့ ဆေးခန်း၊ အမှန်တကယ် ကျွမ်းကျင်တဲ့ဆရာဝန်၊ အရည်အသွေးမြင့် ဆေးနှင့် ဆေးဝါးများကို အသုံးပြုခြင်း ရှိမရှိတွေကို ပါစဉ်းစားပြီး ရွေးချယ်ဖို့လိုအပ်ပါတယ်။

🎀 နှာတံသွယ်သွယ် မျက်နှာလှလှ ဖြစ်စေမဲ့အပြင် ဘေးထွက်ဆိုးကျိုး လုံးဝ မရှိတဲ့အထိ အာမခံပေးနိုင်တဲ့အတွက် ...

🏥 Smart Care Aesthetics

တိုက်မှတ်(၂၃၆)၊2D ပထမထပ်၊ရတနာလမ်း၊စမ်းချောင်းမြို့နယ်၊ရန်ကုန်မြို့။
📞09 764 101080

အမှတ် (၃၁၆-အေ)၊ ပြည်ထောင်စု လမ်းမကြီး၊ မြို့သစ်ရပ်ကွက်၊ မြစ်ကြီးနားမြို့။
☎️ 094 47 203040, 09 760 5400 89
ကို အမြန်ဆုံး ဆက်သွယ်လိုက်ပါ ။

☀️ နွေရာသီရောက်လာလို့ အတိုလေးတွေဝတ်မယ်၊ Biki လေးတွေဝတ်မယ် ဆိုကာမှ ဒူး၊ တတောင်တွေမဲနေတာ၊ ဟိုကြား ဒီကြားမဲနေတာ၊ ခြေထောက်မှ...
01/03/2026

☀️ နွေရာသီရောက်လာလို့ အတိုလေးတွေဝတ်မယ်၊ Biki လေးတွေဝတ်မယ် ဆိုကာမှ ဒူး၊ တတောင်တွေမဲနေတာ၊ ဟိုကြား ဒီကြားမဲနေတာ၊ ခြေထောက်မှာ အမဲစက် အမာရွတ်တွေရှိတာကြောင့် စိတ်ညစ်နေရရင် Chemical Peeling ကုသမှုနဲ့ ကုသမှုခံယူနိုင်ပါပြီ။

☀️ Chemical Peeling ကုသမှုဆိုတာ မဲညစ်ပြီး ပျက်စီးနေတဲ့အသားအရေကို ကွာကျစေပြီး အသားအရေ အသစ်ပြန်ဖြစ်စေတဲ့ Exfoliation Treatment တမျိုးပဲဖြစ်ပါတယ်။

☀️ ကုသမှုခံယူပြီး (၃)ရက်ကနေ (၁)ပတ်အတွင်း ညစ်နေ မဲနေတာတွေ ကွာကျပြီး ကြည်လင်ဝင်းပ တဲ့အသားအရေကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

☀️ ချိုင်းကြား၊ ဒူး၊ တတောင်နဲ့ ဟိုကြား ဒီကြားမဲတာတွေကြောင့် မိမိကိုယ်ကိုယ် ယုံကြည်မှုမရှိဘူး ဖြစ်နေတယ်ဆိုရင် ညီမတို့ Smart Care Aesthetic Clinics ကို အမြန်ဆုံး ဆက်သွယ်လိုက်ပါ။

🏥Smart Care Aesthetics - Yangon
တိုက်မှတ်(၂၃၆)၊2D ပထမထပ်၊ရတနာလမ်း၊မြေနီကုန်း(တောင်)ရပ်ကွက်၊စမ်းချောင်းမြို့နယ်၊ရန်ကုန်မြို့။
☎️09 764 101080

🏠 Smart Care Aesthetics - မြစ်ကြီးနား
အမှတ် (၃၁၆-အေ)၊ ပြည်ထောင်စုလမ်းမကြီး၊ မြို့သစ်ရပ်ကွက်၊ မြစ်ကြီးနားမြို့၊
☎️ 09 447 203040

ဝက်ခြံတွေကို အရှင်းပျောက်အောင် စနစ်တကျ ကုသကြမယ်…🎗️ဝက်ခြံဆိုတာ နာတာရှည် အရေပြားပြဿနာ တမျိုး ဖြစ်ပါတယ်။ ဝက်ခြံတွေက …..(၁) ...
20/02/2026

ဝက်ခြံတွေကို အရှင်းပျောက်အောင် စနစ်တကျ ကုသကြမယ်…

🎗️ဝက်ခြံဆိုတာ နာတာရှည် အရေပြားပြဿနာ တမျိုး ဖြစ်ပါတယ်။ ဝက်ခြံတွေက …..
(၁) အဆီထွက်လွန်ခြင်း၊
(၂) အရေပြားဆဲလ်အသေများနှင့် အညစ်အကြေးများကြောင့် ချွေးပေါက်ပိတ်ခြင်း၊
(၃) ပိတ်နေသောချွေးပေါက်များအတွင်း ဘက်တီးရီးယားများ ပေါက်ဖွားလာခြင်းတို့ကြောင့် ဖြစ်လာရခြင်း ဖြစ်ပါတယ်။

🎗️ဝက်ခြံတွေကို စနစ်တကျ ကုသမှုမခံယူဘူးဆိုရင် ဝက်ခြံတွေ ဆိုးဝါးလာနိုင်ပြီး နောက်ဆက်တွဲအနေနဲ့ အမဲစက် ချိုင့်ခွက်တွေကျန်ခဲ့တာ၊ စိတ်ဓာတ်ကျ၊ စိုးရိမ်စိတ်များလာတာ၊ မိမိကိုယ်ကို ယုံကြည်မှု လျှော့နည်းလာတာနဲ့၊ လူတောမတိုးဝံ့တာတွေ ဖြစ်လာနိုင်ပါတယ်။

🎗️ဝက်ခြံကြောင့် စိတ်ညစ်နေပြီး ကောင်းနိုးရာရာ skincare ပစ္စည်းတွေ ဝယ်သုံးနေတာ၊ ဝက်ခြံတွေကို တွေ့ကရာနဲ့ ညှစ်လိုက် ဖောက်လိုက် လုပ်နေတာတွေကို ရပ်တန်းကရပ်ပြီး ကျွမ်းကျင်တဲ့ဆရာဝန်တွေထံမှာ စနစ်တကျ ကုသမှုခံယူဖို့ လိုအပ်ပါတယ်။

🏥Smart Care Clinic -Yangon
အမှတ်(၂၃၆)၊ 2D ပထမထပ်၊ရတနာလမ်း၊မြေနီကုန်း/တောင်ရပ်ကွက်၊စမ်းချောင်းမြို့နယ်၊ရန်ကုန်မြို့။
☎️09764 101080

🏥 Smart Care Aesthetic Clinic
အမှတ် (၃၁၆-အေ)၊ ပြည်ထောင်စု လမ်းမကြီး၊ မြို့သစ်ရပ်ကွက်၊ မြစ်ကြီးနားမြို့။
☎️09447203040, 09760540089

Your acne journey could be ended by the right treatment.

🎗️ Acne is a common long-term skin problem caused by the …
(1) excessive sebum production
(2) building up of death cells and impurities in the pore
(3) growth of bacteria in the pore.

🎗️ Without proper treatment, acne becomes worsen, causes dark spots and disfiguring scars, subsequently it may affect one’s emotions, including depression, anxiety and low self-esteem.

🎗️ Therefore, please do not listen to the non-professional advice of skincare products and drugs. Please stop picking of your acne and get the right treatment from the expert aesthetic doctors.

🏥Smart Care Clinic- Yangon
No.236,2D 1st Floor,Yadanar St,Sanchaung Township,Yangon
☎️09764 101080

🏥 Smart Care Aesthetic Clinic
No. (316-A), Pyithaung Su Road, Myothit ward, Myitkyina, Kachin State
☎️ 09447203040, 09760540089

💋 Lip Filler ဆိုတာကတော့ ခွဲစိတ်စရာမလိုပဲ နှုတ်ခမ်းကို ပိုမိုလှပသွားအောင် အနုပညာနဲ့ အလှအပရေးရာ ဆေးပညာ (၂)မျိုးပေါင်းစပ်ပြ...
12/02/2026

💋 Lip Filler ဆိုတာကတော့ ခွဲစိတ်စရာမလိုပဲ နှုတ်ခမ်းကို ပိုမိုလှပသွားအောင် အနုပညာနဲ့ အလှအပရေးရာ ဆေးပညာ (၂)မျိုးပေါင်းစပ်ပြီး ပုံဖော်ပေးရတဲ့ Aesthetic Procedure တမျိုးပဲဖြစ်ပါတယ်။

💋 Lip Filler ထိုးတဲ့ နည်းလမ်း ပေါင်းများစွာရှိတဲ့ထဲကမှ လတ်တလော နိုင်ငံတကာမှာ အရမ်းခေတ်စားနေတဲ့ Russian Lip Filler Method လေးအကြောင်း ပြောပြပေးပါမယ်။

💋 Russian Lip Filler ကတော့ နှုတ်ခမ်းကို ထူထူကြီး မဖြစ်သွားစေပဲ Cupid’s bow လို့ခေါ်တဲ့ နှုတ်ခမ်းရဲ့ “ကကြီး” ကွေးလေးကို ပေါ်အောင် သဘာဝ ဆန်ဆန် ထိုးပေးတဲ့ နည်းလမ်းပဲဖြစ်ပါတယ်။

💋 နှုတ်ခမ်းသား ပါးပြီး နှုတ်ခမ်းပုံမပေါ်တဲ့သူ၊ နှုတ်ခမ်းတဖက်နဲ့ တဖက်မညီမညာ ဖြစ်နေသူတွေနဲ့ နှုတ်ခမ်းကို အရမ်းမထူစေပဲ ပေါ့ပေါ့ပါးပါးနဲ့ ဆွဲဆောင်မှုရှိချင်သူတွေအတွက် အထူးသင့်တော်ပါတယ်။

💋 ညီမတို့ Smart Care Aesthetic Clinic မှာ ကျွမ်းကျင်တဲ့ ဆရာဝန်တွေကိုယ်တိုင် ကုသမှုပေးနေတာဖြစ်လို့ စိတ်ချလက်ချနဲ့ လာရောက်ကုသနိုင်ပါတယ်။

🏠 Smart Care Aesthetic-Yangon
တိုက်အမှတ်(၂၃၆)၊2D ပထမထပ်၊ရတနာလမ်း၊မြေနီကုန်းတောင်ရပ်ကွက်၊စမ်းချောင်းမြို့နယ်၊ရန်ကုန်မြို့။
☎️ 09764101080

🏡 Smart Care Aesthetic Clinic
အမှတ် (၃၁၆-အေ)၊ ပြည်ထောင်စုလမ်းမကြီး၊ မြို့သစ်ရပ်ကွက်၊ မြစ်ကြီးနားမြို့။
☎️ 09447203040, 09760540089

01/12/2025
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၄)ရက်၊ အင်္ဂါနေ့ မှာ ကျရောက်တယ့် တန်ဆောင်မုန်းလပြည့်နေ့မှာ မိဘပြည်သူများ ပျော်ရွှင်ချမ်းမြေ့ကြပါ...
04/11/2025

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၄)ရက်၊ အင်္ဂါနေ့ မှာ ကျရောက်တယ့် တန်ဆောင်မုန်းလပြည့်နေ့မှာ မိဘပြည်သူများ ပျော်ရွှင်ချမ်းမြေ့ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေရှင်။

Smart Care - Yangon Page လေး စ Run တဲ့အထိန်းအမှတ်အနေနဲ့ မေးခွန်းတခု မေးချင်ပါတယ်။Question : သင့်အတွက် အလှတရားဆိုတာဘာလဲ?အ...
28/10/2025

Smart Care - Yangon Page လေး စ Run တဲ့အထိန်းအမှတ်အနေနဲ့ မေးခွန်းတခု မေးချင်ပါတယ်။

Question : သင့်အတွက် အလှတရားဆိုတာဘာလဲ?

အဖြေက ကိုယ်လက်ခံထားတဲ့အတိုင်းဖြေဆိုနိုင်ပါတယ်။ တချို့လူတွေအတွက် အလှတရားက မျက်စေ့တထောက်စာ အရေးမပါဘူး ဆိုတာမျိုး ရှိသလို တချို့တွေအတွက်ကျ ကိုယ့်ရဲ့အလှတရား က မိမိကိုယ်ကိုယ် တန်ဖိုးထားတတ်ခြင်း ဆိုတာမျိုးလည်း ရှိပါတယ်။

Comment မှာ မိမိကြိုက်နှစ်သက်သလို ဖြေဆိုနိုင်ပြီးတော့ အဖြေတွေထဲက အကောင်းဆုံး အဖြေပိုင်ရှင်ကို ပထမဆု ဖုန်းဘေ (၃၀၀၀၀)ကျပ်၊ ဒုတိယဆု (၂၀၀၀၀)ကျပ်နဲ့ တတိယဆု (၁၀၀၀၀)ကျပ်ဆိုပြီး ၁၁.၁၁.၂၀၂၅ မှာ ရွေးချယ်ပေးသွားမှာပဲ ဖြစ်ပါတယ်။

အကောင့်အတုများနှင့် တဦးထဲ အကောင့်များစွာ ဖြေဆိုခြင်းမျိုး လက်မခံပါဘူးနော်။ အငြင်းပွါးမှုတစုံတရာရှိပါက Smart Care Team ၏ ဆုံးဖြတ်ချက်သည်သာ အမှန်ဖြစ်ပါမည်။

🏡Smart Care Aesthetic Clinic (Yangon)
မြေနီကုန်း၊ စမ်းချောင်း၊ ရန်ကုန်။
☎️09764101080

စိတ်ပျော်ရွှင်စေတဲ့ဟော်မုန်းများအကြောင်းနဲ့ တိုးများလာအောင်လုပ်နည်း 💛📈
18/12/2022

စိတ်ပျော်ရွှင်စေတဲ့ဟော်မုန်းများအကြောင်းနဲ့
တိုးများလာအောင်လုပ်နည်း 💛📈

ကိုယ်ဝန်တားဖို့ လက်မောင်ထဲ ပိုက်ထည့်ပြီး ဝလာလို့ ငါစိတ်တွေညစ်၊ ခေါင်းတွေကိုက် ဖြစ်နေပြီလား?လက်မောင်းအရေပြားအောက်ထည့် ကို...
13/08/2021

ကိုယ်ဝန်တားဖို့ လက်မောင်ထဲ ပိုက်ထည့်ပြီး ဝလာလို့ ငါစိတ်တွေညစ်၊ ခေါင်းတွေကိုက် ဖြစ်နေပြီလား?

လက်မောင်းအရေပြားအောက်ထည့် ကိုယ်ဝန်တား ပစ္စည်း(Implants) ကြောင့် ဝ လာတာလား?

ဟုတ်ပါတယ်။ Implant တွေက ခန္ဓာကိုယ်ထဲက ဟော်မုန်းတွေကို ပြောင်းလဲ စေလို့ ဝ စေတတ်ပါတယ်။

ဒါပေမဲ့ Implant ကြောင့် ဝ စေတဲ့ ရာခိုင်နှုန်းက မပြောစလောက် အလွန်နည်းပါတယ်။ အမှန် တကယ် ဝ စေတဲ့ အဓိက အကြောင်းပြချက်ကတော့ သင့်ရဲ့ စားသောက်နေထိုင်မှု ပုံစံကြောင့်ပါ။ ဒါ့အပြင် အသက်အရွယ်နဲ့ တချို့သော ကျန်းမာရေး အခြေအနေ ကြောင့် လည်း ဝ လာ တတ်ပါတယ်။

Implant သုံးနေရင်းနဲ့ ဝ လာပြီဆိုရင် မိမိရဲ့ စားသောက်ပုံကို ပြန် စမ်းစစ်ပါ။ တနေ့တာ စားသမျှကို စာရွက်မှာ ချ ရေးထားကြည့်ပါ။ မိမိရဲ့ တနေ့တာ စားသမျှ မှာ Carbohydrates (ဆန်၊ ဂျုံ၊ ပြောင်း၊ အာလူး) စတာ‌နဲ့ လုပ်ထားတဲ့ အစားအသောက်‌တွေ၊ ဆီ၊ ဆီကြော်စာတွေ၊ အသင့်စား အစားအစာတွေ၊ အချိုရည်တွေ များနေရင်တော့ စားသောက်ပုံကို ပြောင်းဖို့ လိုအပ်နေပါပြီ။

ပြီးတော့ မိမိက တနေ့တာမှာ လှုပ်ရှားမှု မရှိပဲ ထိုင်နေရတာ များနေရင်လည်း ကိုယ်လက်လှုပ်ရှား မှု တခုခု လိုက်စားဖို့ လိုအပ်ပါတယ်။

လူတွေက အသက်အရွယ် ရ လာတာနဲ့အမျှ ဇီဝကမ္မ ဖြစ်စဉ်တွေက နှေးလာပါတယ်။ ဒီတော့ စားထားသမျှကို ငယ်ငယ်တုန်းကလောက် မချေ ဖြတ်နိုင်တော့ပဲ အဆီတွေ ဖြစ်ကုန်တာပါ။ ဒီအဆီတွေကို ခြေဖြတ်ဖို့က ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း လိုကို လိုအပ်ပါတယ်။

မိမိက ပုံမှန်လည်း စားသောက်တယ်၊ လေ့ကျင့်ခန်းတွေလည်း လုပ် နေရက်နဲ့မှ ကိုယ်အလေးချိန်က ဆက်တိုးနေတုန်းပဲ ဆိုရင်တော့ ဆရာဝန်နဲ့ ပြသပြီး ဆွေးနွေးဖို့ လိုအပ်ပါတယ်။

Address

No. 236, 2D 1st Floor, Yadanar Street, Sanchaung Township
Yangon
11111

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Website

Alerts

Be the first to know and let us send you an email when Smart Care Aesthetics - Yangon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram