06/05/2023
Esomeprazole (အီဆိုမီပရာဇောလ်)
***************************
အသုံးပြုပုံများ
**********
Esomeprazole(အီဆိုမီပရာဇော)ကိုဘာအတွက်အသုံး
ပြုကြသလဲ?
****************************************
Esomeprazoleကိုအစာအိမ်နှင့် အစာပြွှန်ရောဂါများအတွက် အသုံးပြုပါသည်။Proton Pump Inhibitors အမျိုးအစား
ဖြစ်ပါသည်။
Esomeprazole သည် အစာအိမ်တွင်းရှိအက်ဆစ်ဓါတ်များ
လျှော့ချပေးသည်။ ရင်ပူခြင်း၊ အစာမြိုရခက်ခဲခြင်း၊
အဆက်မပြတ်ချောင်းဆိုးခြင်းများအတွက် အသုံးပြုပါသည်။
Esomeprazoleသည်အက်ဆစ်ဓါတ်ကိုထိန်းညှိခြင်းအားဖြင့် အစာအိမ်နှင့် အစာအိမ်ပြွှန်အတွင်း အနာများမဖြစ်ပေးရန် ကင်ဆာများမဖြစ်ပွားရန် ကူညီပေးပါသည်။
Esomeprazole(အီဆိုမီပရာဇော) ဘယ်လိုသောက်သုံး
သင့်သလဲ?
*****************************************
ဆရာဝန်ညွှန်ကြားသည့် အတိုင်းသောက်သုံးရပါမည်။
ထမင်းမစားမီ ၁ နာရီ တွင်သောက်သုံးနိုင်ပါသည်။
မိမိရောဂါပေမူတည်၍ ဆေးပမာဏနှင့် ကြာချိန်ကွာပါသည်။
ဆေးကိုဝါး၍မစားရပါ။ အတောင့်လိုက်မြိုချရပါမယ်။ ထိုသို့
မြိုချရန်အခက်အခဲရှိပါက ဆေးတောင့်ကိုဖွင့်၍ အမှုန့်ကို
ဇွန်းထဲထည့်၍သောက်သုံးနိုင်ပါသည်။ မသောက်သေးဘဲ နဲ့ ဆေးကို ကြိုမဖွင့်ထားပါနှင့် ဆေး၏အကျိုးသက်ရောက်မှုကို ထိခိုက်နိုင်ပါသည်။
လိုအပ်လျှင် အခြားသော အစာအိမ်ဆေးများနှင့် တွဲ၍
သောက်သုံးနိုင်ပါသည်။ Sucralfate ဆေးသောက်သုံးနေလျှင် ထိုဆေးမသောက်မီ နာရီဝက်ခြားပြီးမှ Esomeprazole ကိုသောက်သုံးရပါမည်။
အချိန်မှန်သောက်သုံးရပါမည်။
မိမိရောဂါလက္ခဏာသက်သာသွားသည့်တိုင်ဆေးကို
သတ်မှတ်ထားသောရက်အတိုင်းပုံမှန်သောက်သုံးရပါမည်။
အခြေအနေဆိုးလာလျှင် ဆရာဝန်ဆီသွားပါ။
Esomeprazole (အီဆိုမီပရာဇော) ဘယ်လိုသိမ်းဆည်းရမလဲ?
******************************************
ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါ
တယ်။
Esomeprazole ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။
ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်Esomeprazoleကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Esomeprazole ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့
ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ဒီအတွက်ဆေးဘူးအခွံမှာပါတဲ့သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲ
လုပ်ပါ။
Esomeprazole ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်
ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။
ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်
တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေး
ကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရ
မယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာ
ရှင်နဲ့တိုင်ပင်ပါ။
#ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ
Esomeprazole (အီဆိုမီပရာဇော) အသုံးမပြုခင် ဘာတွေသိသင့်သလဲ?
******************************************
ဆေးမသုံးမှီ
*********
ယခုဆေးသို့မဟုတ်အခြားသောဆေးများ(dexlansoprazole (Dexilant), lansoprazole (Prevacid), omeprazole (Prilosec, Zegerid), pantoprazole (Protonix), rabeprazole (aciphex) နှင့် ဓါတ်မတည့်မှုများရှိလျှင် ဆရာဝန်ကိုကြိုတင်၍ ပြောရပါမည်။
သင် ဆရာဝန်ညွှန်ကြားသော ဆေးများ၊ ဆေးဆိုင်က မိမိဖာသာ ဝယ်သောက်နေသောဆေးများ၊ဗီတာမင်များ၊ အားဆေးများ၊တိုင်းရင်းဆေးများ သောက်သုံးနေလျှင် ဆရာဝန်ကို
ပြောပြပါ။ အောက်ပါဆေးများသောက်သုံးနေလျှင် သေချာ
ပေါက်ပြောဖို့မမေ့ပါနဲ့။
cilostazol (Pletal)၊ clopidogrel (Plavix)၊ diazepam (Valium)၊ digoxin (Digitek, Lanoxicaps, Lanoxin)၊ ဆီးဆေး၊ သံဓါတ်အားဆေး၊ HIV ရောဂါဆေးအချို့ နဲ့ methotrexate (Rheumatrex, Trexall)
ဆရာဝန်က သင့် ဆေးဝါးများကို ပြောင်းလဲခြင်း၊ ဆေးပမာဏ အတိုးအလျှော့ လုပ်ပေးခြင်းများကို ပြုလုပ်ပေးပါ
လိမ့်မယ်။
ခန္ဓါကိုယ်တွင် မဂ္ဂနီဆီယမ်ဓါတ်နည်းနေလျှင်
ကိုယ်ဝန်ဆောင်နေလျှင် နို့တိုက်မိခင်ဖြစ်လျှင် ဆရာဝန်ကို
ကြိုတင်၍ ပြောရပါမည်။
အသက် ၅၀ကျော်သောသူများဖြစ်လျှင် ဆေးမသုံးမီ ဆရာ
ဝန်နှင့်တိုင်ပင်ပါ။ အသက်ကြီးသူများတွင် ဝမ်းပျက်ခြင်းများ
ဖြစ်ပေါ်တက်ပါသည်။ ထိုမှတစ်ဆင့်ရောဂါပိုးမွှားများဝင်၍ အရိုးအလွယ်တကူကျိုးခြင်းများဖြစ်ပေါ်စေနိုင်ပါသည်။
အခြားသော အစာအိမ်ဆေးများနှင့် တွဲ၍သောက်သုံးနိုင်ပါသည်။ ဆရာဝန်နှင့် တိုင်ပင်နိုင်ပါသည်။
ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ
Esomeprazole (အီဆိုမီပရာဇော) ကိုသုံးစွဲဖို့ စိတ်ချရပါသလား?
******************************************
ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်
နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်
ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမှီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာ
ဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည်
အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါး
ကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် C ရှိသည်ဟု သတ်မှတ်ထား
သည်။
အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါး
ကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
A=ဆိုးကျိုးမရှိပါ။
B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
N=အခြေအနေကို မသိရသေးပါ။
ဘေးထွက်ဆိုးကျိုးများ
Esomeprazole (အီဆိုမီပရာဇော) ကိုအသုံးပြုခြင်းဖြင့်
ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ?
*****************************************
ဓါတ်မတည့်သောရောဂါလက္ခဏာများဖြစ်သော အရေပြားအနီကွက်များဖြစ်ခြင်း အသက်ရှူရခက်ခဲခြင်း မျက်နှာ နှုတ်
ခမ်းနှင့် လျှာတို့ရောင်ရမ်းလာလျှင်အရေးပေါ်ကုသမှုရယူပါ။
မဂ္ဂနီဆီယမ်ဓါတ်နည်းသော ရောဂါလက္ခဏာများဖြစ်သော
မူးခြင်း၊ စိတ်ကစဉ့်ကလျားဖြစ်ခြင်း
နှလုံးခုန်နှုန်းမမှန်ခြင်း
ကြွက်သားတဆတ်ဆတ်လှုပ်ရှားခြင်း
ကတုန်ကယင်ဖြစ်ခြင်း
ဝမ်းသွားခြင်း (သွေး၊ အရည်ဝမ်း)
ကြွက်တက်ခြင်း၊ ကြွက်သားအားနည်းခြင်း၊ အားမပါသောခံစားမှုများ
ချောင်းဆိုးခြင်း၊ သီးခြင်း
တက်ခြင်း စသည်တို့ဖြစ်ပေါ်လာလျှင် အရေးပေါ်ကုသမှုရယူပါ။
မပြင်းထန်သော ဘေးထွက်ဆိုးကျိုးများမှာ ခေါင်းမူးခေါင်း
ကိုက်ခြင်း၊ဝမ်းလျှောခြင်း ပျို့အန်ခြင်း၊ဗိုက်အောင့်ခြင်း
ဝမ်းချုပ်ခြင်း နှင့် ပါးစပ်ခြောက်ခြင်း တို့ဖြစ်ပါသည်။
ထိုသို့သောဘေးထွက်ဆိုးကျိုးများသည်လူတိုင်းတွင်မတွေ့ရ တတ်ပါ။ ဘေးထွက်ဆိုးကျိုးလက္ခဏာများပေါ်ပေါက်ခဲ့လျှင် ဆရာဝန်နှင့် တိုင်ပင်ပါ။
ဆေးဓါတ်ပြုမှုများ
*************
ဘယ်ဆေးတွေက Esomeprazole (အီဆိုမီပရာဇော) နဲ့
ဓါတ်ပြုနိုင်သလဲ?
*****************************************
Esomeprazoleဟာသင်အခုလောလောဆယ်သောက်သုံး
နေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး
ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုး
တွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။
မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။
Esomeprazole ကို Rilpivirine နှင့် တွဲမသုံးရပါ။ မိမိဆရာ
ဝန်သည် Esomeprazole ဆေးသုံးသင့် မသုံးသင့် ပြောင်းသင့် မပြောင်းသင့်ဆုံးဖြတ်ပေးပါလိမ့်မည်။
အောက်ဖော်ပြပါဆေးများနှင့်လည်းတွဲသုံး၍မရပါ။ Atazanavir, Bosutinib, Citalopram, Clopidogrel, Dabrafenib, Dasatinib, Erlotinib, Eslicarbazepine Acetate, Ketoconazole, Ledipasvir, Methotrexate, Mycophenolate Mofetil, Nelfinavir, Nilotinib, Pazopanib, Posaconazole, Saquinavir, Tacrolimus, Thiopental, Vismodegib
ဆေးနှစ်မျိုးလုံးတွဲ၍သုံးလျှင်သင့်ဆရာဝန်ကဆေးပြောင်းပေးပါလိမ့်မည်။
Cranberry, Levothyroxine, Risedronate, Warfarin
စသောဆေးများနှင့်တွဲသုံးပါက ဘေးထွက်ဆိုးကျိုးများပို၍ များပြားလာနိုင်ပါသည်။ ဆေးနှစ်မျိုးလုံးတွဲ၍သုံးလျှင် မိမိဆရာဝန်က ဆေးပြောင်းပေးပါလိမ့်မည်။
အစားအသောက်တွေနဲ့ အရက်က Esomeprazole (အီဆိုမီပရာဇော) နဲ့ ဓါတ်ပြုနိုင်သလား?
******************************************
Esomeprazole က အစားအသောက် ဒါမှမဟုတ် အရက်
သေစာနဲ့ဓါတ်ပြုမှုတွေဖြစ်ပြီးဆေးဝါးတွေအကျိုးသက်ရောက်
မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှု
တွေဖြစ်နိုင်ပါတယ်။မလိုလားအပ်တဲ့ဓါတ်ပြုမှုတွေမဖြစ်လာ
အောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြု
နိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။
ဘယ်ရောဂါအခြေအနေတွေက Esomeprazole (အီဆိုမီပရာဇော) နဲ့ ဓါတ်ပြုနိုင်သလဲ?
******************************************
Esomeprazole ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာ
ရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ်ဆေးသက်
ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။
ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို
သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီးပါတယ်။
အထူုးသဖြင့်
ဝမ်းလျောခြင်း
မဂ္ဂနီဆီယမ်ဓါတ်နည်းခြင်း
အရိုးပွခြင်း
တက်ခြင်း (သတိထားရပါမည်။)
အသည်းရောဂါ (မစွန့်ထုတ်နိုင်သောကြောင့် Esomeprazole ၏ အာနိသင်များပြားလာကာ အန္တရာယ်
ဖြစ်နိုင်ပါသည်။)
ယခုဖော်ပြပါအချက်အလက်များသည် ဆေးပညာရပ်ဆိုင်ရာ အကြံပြုချက်များနေရာတွင်အစားထိုးရန်မဟုတ်ပါ။ ဆေးမ
သောက်သုံးခင်မှာဆရာဝန်နှင့်ဖြစ်စေ ဆေးဝါးကျွမ်းကျင်သူ
နှင့်ဖြစ်စေ အမြဲ ဆွေးနွေးတိုင်ပင်ပါ။
သောက်သုံးရန်အညွှန်း
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်။
အရွယ်ရောက်ပြီးသူတွေအတွက် Esomeprazole (အီဆိုမီပရာဇော) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ?
******************************************
စားချဉ့်ပြန်သောရောဂါများအတွက်:
===================
Esomeprazole Magnesium 20 mg တစ်နေ့ တစ်ကြိမ်ကို ၄ပတ်သောက်သုံးရပါမည်။
Esomeprazole Strontium 24.65mg တစ်နေ့
တစ်ကြိမ်ကို ၄-၈ပတ်သောက်သုံးရပါမည်။
စားချဉ့်ပြန်သောရောဂါများနှင့် အစာအိမ်နာရောဂါများတွင် ထိုးဆေးကို 20-40mg ကို ၃မိနစ်ထက်မနည်း တစ်နေ့တစ်
ကြမ် သုံးနိုင်ပါသည်။ သို့မဟုတ် မိနစ်၃၀ထက်မနည်း ထိုး၍သုံးနိုင်ပါသည်။
အစာအိမ်နာရောဂါများအတွက်:
=================
Esomeprazole Magnesium ကို 20-40mg တစ်နေ့တစ်
ကြိမ် ၄-၈ပတ်သောက်သုံးရပါမည်။
Esomeprazole Strontium 24.65-49.3mg တစ်နေ့
တစ်ကြိမ်ကို ၄-၈ပတ်သောက်သုံးရပါမည်။
Helicobacter Pylori အစာအိမ်အနာဖြစ်စေသော ရောဂါများအတွက်:
===============================
Esomeprazole Magnesium 40mg ကို တစ်နေ့တစ်ကြိမ် ၁၀ရက်သုံးနိုင်ပါသည်။ ထိုဆေးနှင့် တွဲ၍ ပိုးသတ်ဆေးများ
ဖြစ်သော Amoxicillin 1000 mg၊ Clarithromycin 500mg တစ်နေ့နှစ်ကြိမ်ကို ၁၀ရက်သုံးနိုင်ပါသည်။
Esomeprazole Strontium 49.3mg ကို တစ်နေ့တစ်ကြိမ် ၁၀ရက်သုံးနိုင်ပါသည်။ ထိုဆေးနှင့် တွဲ၍ ပိုးသတ်ဆေးများ
ဖြစ်သော Amoxicillin 1000 mg Clarithromycin 500mg တစ်နေ့နှစ်ကြိမ်ကို ၁၀ရက်သုံးနိုင်ပါသည်။
NSAID (စတီးရွိုက်မပါသော အရောင်ကျဆေး) ကြောင့်
ဖြစ်သော အစာအိမ်အနာများအတွက်:
===============================
Esomeprazole Magnesium 20-40mg တစ်နေ့
တစ်ကြိမ်ကို ၆လအထိသုံးနိုင်ပါသည်။
Esomeprazole Strotium 24.65-49.3mg တစ်နေ့
တစ်ကြိမ်ကို ၆လအထိသုံးနိုင်ပါသည်။
Zollinger-Ellison Syndrome: (အက်ဆစ်များခြင်းကြောင့်
ဖြစ်ပေါ်လေ့ရှိသော အစာအိမ်နာရောဂါ ) အတွက်:
==============================
Esomeprazole Magnesium 40mg တစ်နေ့နှစ်ကြိမ်
Esomeprazole Strontium 49.3mg တစ်နေ့နှစ်ကြိမ်
သောက်သုံး နိုင်ပါသည်။
ပုံမမှန် အက်ဆစ် အများအပြားထွက်သောကြောင့် ဖြစ်သော ရောဂါများအတွက်:
===============================
Esomeprazole Magnesium 40mg တစ်နေ့နှစ်ကြိမ်
Esomeprazole Strontium 49.3mg တစ်နေ့နှစ်ကြိမ်ေ
သောက်သုံး နိုင်ပါသည်။
အူသိမ်အနာ ကာကွယ်ရန်အတွက်:
===================
Esomeprazole Sodium
ရှေးဦးစွာ အကြောဆေးကို 80mg မိနစ်၃၀ ကြာထိုးပေးရပါမည်။
ထို့နောက် ဆေးကို ၁နာရီ 80mg နှင့် 72နာရီကြာအောင် ဆက်သွင်းထားရပါသည်။(intravenous infusion)
အစာအိမ်နာရောဂါကာကွယ်ရန်:
==================
ရှေးဦးစွာ Esomeprazole Sodiumကို အကြောဆေးကို 80mg မိနစ်၃၀ကြာအောင်သွင်းရပါမည်။
ထို့နောက် အကြောဆေးကို ၁နာရီ 80mg နှင့် 72နာရီကြာ
အောင် ဆက်သွင်းထားရပါသည်။
ကလေးတွေအတွက် Esomeprazole (အီဆိုမီပရာဇော) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ?
===============================
တစ်နှစ်အောက်ကလေးများအတွက် တိကျသောစမ်းသပ်
မှုမျိုးမရှိပါ။ ဆေးအကြောင်းကို ကောင်းစွာသိနားလည်ရပါ
မည်။
တစ်နှစ် မှ ၁၁နှစ် ကလေးများအတွက် 10mg ကို
တစ်နေ့တစ်ကြိမ် ၈ပတ်ထိသောက်သုံးနိုင်ပါသည်။
၁၂ နှစ် မှ ၁၇ နှစ် အထိ 20mg ကို တစ်နေ့တစ်ကြိမ် ၄ပတ်ထိသောက်သုံးနိုင်ပါသည်။
Esomeprazole Sodium အစာမြိုပြွန်ရောင်ရမ်းနာအတွက်
===============================
၁လအောက်ကလေးများအတွက် သုံးရန်မသင့်လျော်ပါ။
၁လ မှ ၁နှစ် ကလေးများအတွက် ကိုယ်အလေးချိန်1kg
လျှင် 0.5mg ထိုးဆေးကို ၁၀-၃၀မိနစ်ထိထိုးနိုင်ပါသည်။
၁နှစ် မှ ၁၇နှစ် အထိ 55kg အောက်ကလေးများ
အတွက်10mg ထိုးဆေးကို ၁၀-၃၀မိနစ်ထိထိုးနိုင်ပါသည်။
၁နှစ် မှ ၁၇နှစ် အထိ 55kg အထက်ကလေးများ
အတွက်20mg ထိုးဆေးကို ၁၀-၃၀မိနစ်ထိထိုးနိုင်ပါသည်။
#ကလေးငယ်များတွင် Esomeprazole Strontium သုံး
ရန်မသင့်တော်ပါ။
အစာမြိုပြွန်ရောင်ရမ်းနာရောဂါများအတွက်:
========================
Esomeprazole Magnesium – အနာကျက်ခြင်းအတွက်:
===============================
တစ်နှစ်အောက်ကလေးများအတွက် တိကျသောစမ်းသပ်မှုမျိုးမရှိပါ။ ဆေးအကြောင်းကို ကောင်းစွာသိနားလည်ရပါ
မည်။
တစ်နှစ် မှ ၁၁နှစ် ကလေးများ 20mg အောက်ကလေးများအတွက် 10mg ကို တစ်နေ့တစ်ကြိမ် ၈ပတ်ထိသောက်သုံးနိုင်ပါသည်။
၁၂ နှစ် မှ ၁၇ နှစ် အထိ 20mg ကို တစ်နေ့တစ်ကြိမ် ၄ပတ်ထိသောက်သုံးနိုင်ပါသည်။
အက်ဆစ်ထွက်ခြင်းကြောင့်ဖြစ်သော အစာအိမ်တိုက်စား
ခြင်းရောဂါအတွက်:
===============================
တစ်လအောက်ကလေးများအတွက် တိကျသောစမ်းသပ်မှုမျိုးမရှိပါ။ ဆေးအကြောင်းကို ကောင်းစွာသိနားလည်ရပါမည်။
တစ်လ မှ ၁နှစ် ကလေးများအတွက် 3-5kg း 2.5mg 10mg ကို တစ်နေ့တစ်ကြိမ် သုံးနိုင်ပါသည်။
5-7.5kg ကလေးများအတွက် တစ်နေ့လျှင် 5mg
သောက်သုံးနိုင်ပါသည်။ 7.5-12kg ကလေးများအတွက်
တစ်နေ့လျှင် 10mg သောက်သုံးနိုင်ပါသည်။၆ပတ်ေ
သောက်သုံးနိုင်ပါသည်။
တစ်နှစ်အထက်ကလေးများအတွက် တိကျသောစမ်းသပ်မှုမျိုးမရှိပါ။ ဆေးအကြောင်းကို ကောင်းစွာသိနားလည်ရပါ
မည်။ ဆရာဝန်နှင့် တိုင်ပင်ပါ။
Esomeprazole (အီဆိုမီပရာဇော)ကိုဘယ်လိုရရှိနိုင်သလဲ?
===============================
ဆေးလုံး၊ အရည်၊ 10mg အထုပ်များ
ဆေးပြား 20-40mg
အမှုန့် ၊ထိုးဆေး ၊အကြောဆေးများ အနေနှင့် ရရှိနိုင်ပါ
သည်။
အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွား
ချိန်မှာ ဘာလုပ်သင့်သလဲ?
===============================
အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။
ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ?
===============================
ဆေးကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆို
ရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။
Regard;
Medical Editor Dr. K Zin Thwe
By Dr. Zin Thu Thu Wi
ကူးယူဖော်ပြခြင်းဖြစ်သည်။ မူရင်းရေးသားသူ ဆရာကြီးအား Credit ပေးပါတယ်။