Dr.Aung Lwin Phyo

Dr.Aung Lwin Phyo တိုးတက်ပြောင်းလဲလာတဲ့နည်းပညာဆေးဝါးများနဲ့ကျားဆိုမှကျားပီသချင်တဲ့ဦးဦး၊ကိုကို၊မောင်မောင်တို့အတွက်

24/12/2022

အမျိုးသားများတွင် အဖြစ်များသော ဆီးလမ်းကြောင်း ပိုးဝင်ခြင်း

ဆီးကျင်ခြင်း၊ ဆီးမကြာခဏသွားခြင်း၊ ဆီးလမ်းကြောင်းယားယံခြင်း၊ ရောင်ရမ်းခြင်း များသည် အမျိုးသားများ ဆီးလမ်းကြောင်း ပိုးဝင်ခြင်း ၏ အဓိက လက္ခဏာများဖြစ်ပါသည်။ တကိုယ်ရည်သုံးပစ္စည်းများ မျှဝေ သုံးစွဲခြင်းနှင့် ကျား/မ ဆက်ဆံမှုများမှလည်း ပိုးဝင်နိုင်ပါသည်။

ဆီးလမ်းကြောင်းပိုးဝင်ခြင်းသည် ပြင်းထန်သောကူးစက်မှုဖြစ်သည့်အတွက် လိင်မှုဘဝမှတစ်ဆင့် အခြားလူများထံ ကူးစက်နိုင်ပါသည်။ အချိန်မီ မကုသနိုင်သော ဆီးလမ်းကြောင်းပိုးဝင်ခြင်းများကြောင့် ဆီးကျိတ်ရောင်ခြင်းနှင့် ဆီးအိမ်ရောင်ခြင်းစသည့် ရောဂါများ ပြန့်နှံ့နိုင်ပါသည်။ ထို့အပြင် အမျိုးသား မျိုးပွားမှုဆိုင်ရာ အခက်အခဲများ ၊ အူလမ်းကြောင်းရောင်ခြင်း ၊ မျက်မြှေးရောင်ခြင်း ၊ ဦးနှောက်အမြှေးရောင်ခြင်းများပါ ဖြစ်စေနိုင်ပါသည်။

ဆီးလမ်းကြောင်း ပိုးဝင်ခြင်းသည် ပြင်းထန်သော ကူးစက်မှု ဖြစ်သည့်အတွက် အခြားသူများထံကူးစက်နိုင်ပါသည်။ အချိန်မှီ ကုသမှု မရှိပါက ဆီးကျိတ်ရောင်ခြင်း၊ ဆီးအိမ်ရောင်ခြင်းတို့ဖြစ်နိုင်ပါသည်။ မျိုးပွားမှုဆိုင်ရာ အခက်အခဲများ၊ အူလမ်းကြောင်းရောင်ခြင်း၊ မျက်မြှေးရောင်ခြင်း နှင့် ဦးနှောက်အမြှေးရောင်ခြင်းထိပါ

24/12/2022

လိပ်ခေါင်းအမျိုးအစားများ/နဲ့ လက္ခဏါများ

လိပ်ခေါင်းကိုအတွင်းလိပ်၊အပြင်လိပ်၊ အတွင်းနဲ့အပြင် တစ်ဆက်တည်းရောနှောနေတဲ့လိပ် ဆိုပြီးတော့အမျိုးအစားလဲခွဲထားပါတယ်။အပြင်ကိုပြူထွက်နေတဲ့အတိုင်းအတာပေါ်မူတည်ပြီးတော့လည်း အဆင့်၄မျိုး(degree)ခွဲထားပါတယ်။

ဘယ်သူတွေမှာရောဂါအဖြစ်များလဲ ❓

လိပ်ခေါင်းဟာ ကျားမ မရွေး အသက်အရွယ်မရွေးဖြစ်တတ်ပါတယ်။အသက် ၃၀ နဲ့ ၇၀ ကြားအဖြစ်များတတ်ပါတယ်။

ရောဂါလက္ခဏာ♨

ဝမ်းသွားလျှင်သွေးပါခြင်း၊ စအိုနားတဝိုက်ယားယံခြင်း၊ ချွဲများစိုနေခြင်း၊ နေထိုင်ရခက်ခြင်းများ ဖြစ်တတ်ပါတယ်။
အိမ်သာတက်ရင် ဝမ်းကိုစညှစ်လိုက်တဲ့အချိန် ဖောင်းနေတဲ့သွေးကြောလေးတွေပေါက်ထွက်ပြီး သွေးတွေအိမ်သာကမုတ်ပေါ်ကို ပန်းထွက်ပါတယ်။နောက်တစ်မျိုးက ဝမ်းစညှစ်တဲ့အချိန်မှာ သွေးကြောမပေါက်သေးပဲ စမြင်းတုံးနဲ့ပွတ်မိပြီးတော့မှ ပေါက်တာမို့လို့ ဝမ်းသွားပြီးနောက်မှ သွေးကကျလာခြင်းဖြစ်ပါတယ်။

✅ အကြံပြုချက် ✅

ရေများများသောက်ပေးခြင်း၊ အသီးအရွက် အသီးအနှံ များများစားပေးခြင်း၊ ကိုယ်ကာယလေ့ကျင့်ခန်းကို သင့်တင့်မျှတစွာ လုပ်ပေးခြင်း အားဖြင့် လိပ်ခေါင်းရောဂါသက်သာအောင် ပြုလုပ်နိုင်ပါတယ်။

လိပ်ခေါင်းရောဂါနည်းတူ အသည်းရောဂါ အချို့သော အူမကြီးကင်ဆာတို့တွင်လဲ ဝမ်းသွားလျှင်သွေးပါတတ်သဖြင့် သွေးပါတိုင်း လိပ်ခေါင်းရောဂါ ဟု တထစ်ချမမှတ်စေလိုပဲ သတိမူစေချင်ပါတယ်
We care About your Health!

24/12/2022

👉🏻လိင်ပညာပေးနှင့် အလွဲအမှားများ

၁။ ကြီး ရှည်

အပြာစာအုပ်တွေကို မယုံပါနဲ့ ၈လက်မ၊ကိုးလက်မဆိုတာ မြန်မာထဲ့မှာ ရှားရှားပါးပါးပါ။ပုံမှန်မြန်မာတယောက်ဟာ ၅လက်မကျော်ကျော်သာရှိတတ်ပါတယ်။
အဲဒါကို ကြီးချင်ရင် သောက်ဆေး၊စားဆေး၊လိမ်းဆေးတွေ၊လေ့ကျင့်ခန်းတွေရှိပါတယ်။ဒါမဲ့အဲဒါတွေက ၁၀၀% အာမခံလို့မရပါဘူး လူအပေါ်ရော ဆေးအပေါ်ရော မူတည်ပါသေးတယ်။ထိုးဆေးကတော့ အားမပေးပါဘူး
စီလီကွန်တွေကလူကို
ကောင်းကြိုးမပေးပါဘူး။ကြီးလို့မက်တယ်ဆိုတာတွေက ဒိတ်အောက်နေတဲ့ အယူအဆတွေပါ။ငှက်ပြောသီးလိုပေါ့ အမြင်လှတာက အသီးချိုမချိုကို အာမမခံပါဘူး။

၂။ ကြာ

အဲဟာကိုလည်း အတော်ရူးကြတယ်။စော်က ၇ခါ ၈ခါပြီးမှ တခါပြီးတာတို့ဘာတို့ကို အဲဒါကလည်း ပြောရရင် မွေးလာကတည်းက အဲလိုသန်တာ ရှားပါတယ်။တစ်သောင်းမှာတယောက်လောက်ပဲရှိမှာပါ။
ပုံမှန်အရ လေ့လာဖူးသလောက်က ယောကျားတယောက်က ပုံမှန်အရ ၃မိနစ်ကနေဆယ်ငါးမိနစ်ထိရှိတတ်ပါတယ်။တစ်နာရီ၊နှစ်နာရီကြာတယ်ဆိုတာ ဆေး၊အရက်တခုခုသုံးထားတာဖြစ်နိုင်ပြီး တချို့လူတွေကတော့ လေ့ကျင့်ယူထားတာဖြစ်ပါတယ်။

အဲတော့ အဲဒါတွေပြည့်စုံပြီး ကိုယ့်ကောင်မလေးကတမ်းတမ်းစွဲဖြစ်အောင် ဘယ်လိုလုပ်မလည်း

ကျနော်စဉ်းစားစေချင်တာက ရိုးရိုးလေးပါ။လူတွေက အိပ်ယာပေါ်က ကိစ္စဆိုရင် လိင်ချောင်းပေါ်ပဲ အာရုံစိုက်နေတယ်။အဲအရာက ကိုယ်ခန္ဓာမှာကပ်ပေါက်နေတယ်ဆိုတာ မသိချင်တာလား မသိချင်ယောင်ဆောင်နေတာလား မသဲကွဲပါ။တကယ်တော့ ကျန်းမာသန်စွမ်းတဲ့သူဖြစ်ရင် ကျန်းမာသန်စွမ်းတဲ့ စွမ်းဆောင်ရည်ကိုရမယ်ဆိုတာကို မတွေးကြဘူး။ဒီမှာကျနော်ပြောချင်တာက အိပ်ယာပေါ်မှာစွမ်းဆောင်ရည်မြင့်ဖို့က ကိုယ်နေထိုင်စားသောက်ပုံမှန်ဖို့လိုတယ်။လူအားရှိတဲ့အစာတွေစားပါ သုတ်အားရှိတာတွေစားပါ။ကျန်းမာရေးမဲ့အညီ လေ့ကျင့်နေထိုင်ပါ။အဲ့လိုမျိုးပြည့်စုံလာရင် တဖြည်းဖြည်းနဲ့ ကိုယ်လိုရာသွားနိုင်လာလိမ့်မယ်။ပြီးတော့ လေ့ကျင့်ခန်းလုပ်ပါ ဇင်ရဲ့အသက်ရှုလေ့ကျင့်ခန်းတွေတခြားကီးဂယ်လေ့ကျင့်ခန်းတွေကိုလေ့ကျင့်။အဲ့အပေါ်မှာမှ အားဆေးသောက်။အဲ့လို ကျန်းမာရေးလိုက်စားရင် စွမ်းဆောင်ရည်မြင့်ဖို့ ဘာများခဲယဉ်းမှာလည်း

ပြီးတော့ အပေးအယူမျှဖို့လိုတယ် ယောင်္ကျားဆိုတဲ့အမျိုးဟာဝုန်းဒိုင်းကြဲမြန်တတ်ပေမဲ့ မိန်းကလေးကတော့ တငြိမ်ငြိမ့်တက်လာတတ်တယ်။အဲ့ဒီအပေါ်မှာ အပေးအယူမျှပြီး သူ့ဘက်ကိုတွေးဖို့လိုတယ် ငါကောင်းပြီးရောမလုပ်ဖို။ပြီးတော့ ပုံစံစုံဖို့လုပ်သင့်တယ် တမျိုးနှစ်မျိုးဆို ဘယ်လောက်ကောင်းကောင်း အချိန်တန် ရိုးအီလာတတ်တာပဲလေ။

နောက်ဆုံးအရေးကြီးဆုံးအချက်က ကိုယ့်အဖော်စိတ်ကျေနပ်ရင် အရာရာအေးဆေးပါ သူ့စိတ်ကိုပဲနားလည်အောင်လုပ်ပါ။
ကျနော်တို့ဆီမှာ အကြီးဆုံးအမှားက ကြာကြာလုပ်နိုင် ပုံစံစုံနိုင်ရင် မိန်းမတွေက စွဲလမ်းတယ်ထင်ကြတယ်။မဟုတ်ပါဘူး မိန်းမတွေက တယောက်နဲ့တယောက်မတူကြပါဘူး။တချို့ကကြာတာကြိုက်တယ် တချို့က သိပ်မကြာလည်း အလေးမထားပါဘူး။
အဲ့တော့ အကြာကြီးဆက်ဆံနိုင်ဖို့တခုတည်း အာရုံမထားပါနဲ့ ကိုယ့်အဖော်အကြိုက်အလိုက်သိပါ

24/12/2022

👉🏻အမျိုးသားများသိသင့်တဲ့ အချက်များ

✅အကြီးဆုံး လိင်တံ

💥လိင်တံ အများစုဟာ ၃ လက်မလောက် ရှည်တတ်ပေမယ့် လိင်တံ ထောင်မတ်မှု ဖြစ်တဲ့အခါမှာ ၄.၅ ကနေ ၆.၅ လက်မ အထိ ကြီးထွားလာနိုင်ပါတယ်။ အကြီးဆုံးလိင်တံကတော့ ၁၃.၅ လက်မ ရှည်ပါတယ်။ ဒါပေမယ့် အမျိုးသားတွေက ဒါကို စိတ်မပူသင့်ပါဘူး။ လိင်ဆက်ဆံစဉ်မှာ လိင်တံ အရွယ်အစားဟာ အရေးမကြီးဘူးလို့ သိပ္ပံပညာရှင်တွေက သက်သေပြခဲ့တာကြောင့် စိတ်လျှော့ပြီး မိမိရဲ့ ကျွမ်းကျင်မှုကိုသာ အသုံးပြုသင့်ပါတယ်။

✅လိင်တံတွေဟာ ကွေးနိုင်ပြီး ကျိုးလဲကျိုးနိုင်ပါတယ်။

💥၂၀၀၂ မှာ လုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ အမျိုးသားတွေရဲ့ လိင်တံဟာ boomerang သဏ္ဍာန်ရှိပြီး ဒါဟာ အမှန်ပဲဖြစ်ပါတယ်။ ဒါ့ပြင် လိင်ဆက်ဆံမှုသာ သိပ်ပြင်းထန်ခဲ့ရင် လိင်တံကျိုးနိုင်ပါတယ်။ လိင်တံမှာ အရိုးတွေ မရှိတာကြောင့် ကျိုးတယ်ဆိုတာဟာ အကွေးလွန်သွားတာဖြစ်ပြီး သူကိုယ်တိုင် ပုံမှန်အတိုင်း ပြန်ဖြစ်လာနိုင်ဖို့ ဆေးကုသမှု လိုအပ်နိုင်ပါတယ်။

💥အမျိုးသားတွေဟာ လိင်တံထောင်မတ်စဉ်မှာ ခုတင်ပေါ်က ပြုတ်ကျပြီး လိင်တံကျိုးသွားတဲ့ အဖြစ်အပျက်တွေ ရှိပါတယ်။ သေချာကုသဖို့နဲ့ လိုတာထက်ပိုပြီး လှုပ်ရှားမှုပြုတာကို ၆ ပတ်လောက် ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။

✅သုက်ရည်ဟာ ကယ်လိုရီ နည်းပါးပါတယ်။

💥သုက်ရည်ဟာ spinach တစ်ခွက်မှာ ပါဝင်တဲ့ ကယ်လိုရီလောက်ပဲ (၁-၇ ကယ်လိုရီသာ) ပါဝင်ပါတယ်။ သူဟာ ရေတွေ၊ အင်ဇိုင်းတွေ၊ citric acid၊ fructose နဲ့ amino acids တွေ ပါဝင်ပါတယ်။ သုက်ရည်ဟာ အာဟာရဓာတ်တွေနဲ့ ပြည့်နေတတ်ပါတယ်။

✅တိုင်းတာတဲ့ အရာမရှိဘူး။

💥ခြေထောက် အရွယ်အစားနဲ့ လိင်တံအရွယ်အစားဆက်စပ်မှုတွေဟာ ယုံတမ်းစကားတွေသာဖြစ်ပါတယ်။ ကိုယ်အလေးချိန်၊ အရပ်၊ ခြေထောက်အရွယ်အစား၊ လက် အရွယ်အစား၊ နောက်ဆုံး ခေါင်းအရွယ်အစားကပါ လိင်တံအရွယ်အစားကို ခန့်မှန်းခြင်းအတွက် အသုံးမဝင်ပါဘူး။

💥အချို့လူတွေမှာ ပျော့ပျောင်းနေတဲ့ လိင်တံအရွယ်အစားဟာ လိင်ဆက်ဆံစဉ်မှာလည်း ဒီလိုပဲ ဖြစ်လိမ့်မယ်လို့ မဆိုလိုပါဘူး။ သုတေသနများစွာက ပျော့ပျောင်းစဉ် သေးငယ်တဲ့ လိင်တံတွေဟာ ကြီးမားတဲ့ လိင်တံတွေနဲ့စာရင် လိင်ဆက်ဆံစဉ် အဆမတန် ကြီးထွားလာတတ်တယ်လို့ ဆိုပါတယ်။

✅နေထိုင်မှုပုံစံက လိင်တံကျန်းမာရေးကို ထိခိုက်နိုင်တယ်

💥ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ လေ့ကျင့်ခန်း မလုပ်ခြင်းတွေ ရှိမယ်ဆိုရင် လိင်တံရဲ့ ကျန်းမာရေး ထိခိုက်နိုင်ပါတယ်။ လေ့လာမှုတွေက အိပ်စက်ခြင်း အရည်အသွေးနဲ့ လေ့ကျင့်ခန်းတွေဟာ အမျိုးသားတွေမှာ ယောက်ျား ဟော်မုန်းပမာဏနဲ့ တိုက်ရိုက်ဆက်စပ်နေပါတယ်။ဒါ့ပြင် ဆေးလိပ်သောက်ခြင်းဟာ လိင်တံထောင်မတ်မှုကို လျော့နည်းစေပြီး လိင်တံကိုလည်း တိုစေပါတယ်💯💯

24/12/2022

လိင်စိတ်နည်းလာတာ ဒါတွေကြောင့် ဖြစ်နိုင်ပါတယ်❗️

များသောအားဖြင့် လိင်စိတ်နည်းရခြင်းရဲ့ ယေဘုယျအကြောင်းရင်းတွေကို ကြည့်မယ်ဆိုရင်

အမျိုးသားတွေမှာ
• စိတ်ဖိစီးမှုများလာတာ
• ကျားဟော်မုန်း ကျဆင်းခြင်း
• ရောဂါအတွက် ဆေးပြင်းများ သောက်ရခြင်း
• အိပ်ချိန်မမှန်ခြင်း
• အရက်၊ ဆေးလိပ်၊ မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲခြင်း
• စိတ်ကျန်းမာရေးပြဿနာများ ရှိခြင်း
• စိတ်ကျရောဂါရှိခြင်း
• ခြေထောက်ကို မကြာခဏဆန့်တန်းလိုတဲ့ ရောဂါရှိခြင်း
• ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါရှိခြင်း
• အသက်ကြီးလာခြင်း
• မိမိကိုယ်ကို ချစ်ခင်စိတ်၊ တန်ဖိုးထားစိတ် နည်းခြင်း
• လေ့ကျင့်ခန်း မလုပ်ခြင်း စတာတွေကြောင့်ပဲ ဖြစ်ပါတယ်။

အမျိုးသမီးတွေမှာတော့
• လိင်မှုကိစ္စဖြစ်ရမှာ အလွန်ရှက်တာ
• သွေးဆုံးချိန် ရောက်တာ
• မဟော်မုန်း မျှခြေပျက်ယွင်းတာ
• ရာသီစက်ဝန်းမှာ ကိုက်ခဲမှုဒဏ်တွေ
• စိတ်ဖိစီးမှုများခြင်း
• လိင်မှုကိစ္စမှာ စိတ်ဒဏ်ရာရခဲ့ခြင်း စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။

လိင်စိတ်နည်းပါးခြင်း ပြဿနာတွေဟာ လူကြီးပိုင်းမှာတော့ အသက်အရွယ်သဘောအရ ဖြစ်လေ့ရှိတယ်ဆိုပေမယ့် လူငယ်ပိုင်းမှာဆိုရင် များသောအားဖြင့် နေထိုင်စားသောက်မှုပုံစံ မှားယွင်းခြင်းနဲ့ စိတ်ကျန်းမာရေးပြဿနာတွေကြောင့် ပိုအဖြစ်များပါတယ်။

ဒါကြောင့် ကိုယ့်ရဲ့ ကျန်းမာရေးကို အရင်ကထက် ပိုဂရုစိုက်ပေးပါ။

Dr.Aung Lwin Phyo
09444855886

18/12/2022
18/12/2022
ကိုယ်သောက်နေကျ ဆေးတွေရဲ့ နာမည်ကို ဂရုစိုက် ဖတ်ဖူးပါသလား? တချို့ဆေးတွေရဲ့ နာမည်အဆုံးမှာ MR, SR, OD, CR, Re**rd, XL စသဖြင့...
18/12/2022

ကိုယ်သောက်နေကျ ဆေးတွေရဲ့ နာမည်ကို ဂရုစိုက် ဖတ်ဖူးပါသလား? တချို့ဆေးတွေရဲ့ နာမည်အဆုံးမှာ MR, SR, OD, CR, Re**rd, XL စသဖြင့် ရှိတာကို သတိထားမိပါသလား?

လူအများစု ဆေးတွေကို ခြမ်းပြီး ချိုးပြီး သောက်တာမျိုး ရှိဖူးမှာပါ။ နောက်ပြီးတော့ ဆေးဆိုင်မှာ ဝယ်တဲ့အခါမှာလဲ ကိုယ်သောက်နေကျ ပမာဏ mg ပစ္စည်း ကုန်နေတာမျိုးကြုံရင် ဥပမာ ကိုယ်က ၁ဝဝမီလီဂရမ် သောက်နေကျ ပေမယ့် ဆေးက မရှိတဲ့အတွက် ၅၀ မီလီဂရမ် ၂ လုံး သောက်လိုက်တာမျိုး ၂၀၀ မီလီဂရမ်ကို တဝက်ခြမ်း သောက်လိုက်တာမျိုး ဆေးဆိုင်တွေကလဲ ၁၀၀ မီလီဂရမ် ပစ္စည်းပြတ်လို့ ၅၀ မီလီဂရမ် ၂ လုံး သောက်လိုက်ပါ ဆိုတာမျိုး လုပ်ဖူးကြမှာပါ။

အဲ့ဒီအခါမှာ ယေဘုယျအားဖြင့်တော့ မှန်ကောင်းမှန်နိုင်ပေမယ့် အပေါ်မှာ ဆိုခဲ့တဲ့ MR, SR, OD, CR, Re**rd, XL စသည်တို့နဲ့ အဆုံးသတ်ထားတဲ့ ဆေးနာမည်တွေမှာ ပြဿနာရှိနိုင်ပါတယ်။ ဒီလိုအတိုကောက် MR, SR တွေကိုဆေးနာမည်မှာ ဘာလို့ ထည့်ထားရတာလဲဆိုတော့ တစ်ချို့ ဆေးတွေမှာ သောက်သောက်ပြီးချင်း အာနိသင်ပြပြီး ချက်ချင်း အာနိသင် ကုန်မသွားအောင် ဆေးရဲ့ အာနိသင် တစ်နေကုန်ရနေအောင် ဖေါ်စပ် ဖန်တီးထားပါတယ်။ သွေးကျဆေး ဆီးချိုဆေး စတာတွေမှာပေါ့။

MR SR စတာတွေရဲ့ အရှည်ကောက်ကတော့ Modified release, Slow release, substained release ပါတဲ့ ။ ဆိုလိုတာကတော့ ဆေးကို ချက်ချင်း အာနိသင် အကုန်မပြပဲ တနေကုန် ဖြည်းဖြည်းချင်း ထွက်နေအောင် လုပ်ထားတာပါ။ တစ်နေကုန် အာနိသင် ပြနေအောင် ဒါမှမဟုတ် တရက် ၂ ကြိမ် ၃ ကြိမ် သောက်နေစရာမလိုပဲ တစ်ကြိမ်ထဲနဲ့ အဆင်ပြေအောင် ဆေးကို စတင် ထုတ်လုပ်ကတည်းက တစ်ချို့ဆေးတွေကို ဓာတုဗေဒပစ္စည်း ပေါင်းထည့်ထားတာမျိုး coat လုပ်ထားပြီး အလွှာအုပ်ထားတာမျိုး ဖန်တီးထားလေ့ ရှိပါတယ်တဲ့။

ဆေးကိုချိုးပြီး သောက်လိုက်တာမျိုး ၁၀၀ အား မရှိလို့ ၅၀ အား ၂ လုံး သောက်လိုက်တာမျိုးမှာ ဖြေးဖြေး စိမ့်ထွက်လာရမယ့် အာနိသင်တွေဟာ အချိုးအစား မှန်မှန်ကန်ကန် မရပဲ ကမောက်ကမ ဖြစ်သွားနိုင်ပါတယ်။

ဒါကြောင့်မို့ မိမိသောက်နေကျ ဆေးတွေရဲ့ အနောက်မှာ MR, SR, OD, Re**rd, XL စသဖြင့်ပါ မပါ ကြည့်ပီး ပါနေခဲ့ရင် ခါတိုင်း သောက်နေကျ ပုံစံ အတိုင်းသာ သောက်ပြီး တစ်ဝက်ခြမ်းသောက်တာမျိုး ၂ လုံးသောက်တာမျိုး မလုပ်ပဲနဲ့ ကိုယ်သောက်တဲ့အား ပမာဏ အတိကျကိုသာ ရှာဝယ်သောက်သင့်ကြောင်း အကြံပြုလိုပါတယ်။

 #အရက်သောက်ခြင်းရဲ့ဆိုးကျိုးများ   🧑‍⚕️အရက်ဟာ စိတ်ခံစားမှု၊ စိတ်စူးစိုက်မှု၊ ဆုံးဖြတ်နိုင်စွမ်းနဲ့ အတူတကွ လုပ်ဆောင်နိုင်...
18/12/2022

#အရက်သောက်ခြင်းရဲ့ဆိုးကျိုးများ

🧑‍⚕️အရက်ဟာ စိတ်ခံစားမှု၊ စိတ်စူးစိုက်မှု၊ ဆုံးဖြတ်နိုင်စွမ်းနဲ့ အတူတကွ လုပ်ဆောင်နိုင်မှုတွေကို ယုတ်လျော့စေနိုင်ပါတယ်။

🍻ဒါ့အပြင် ရေရှည်ဆိုးကျိုးတွေလည်း အများအပြား ရှိပါသေးတယ်။

🍻ဒီလို ရေရှည်ဆိုးကျိုးတွေဟာ တစ်ယောက်နဲ့တစ်ယောက် မတူတတ်ကြပါဘူး။

🧑‍⚕️အရက်ဟာ စွဲလမ်းစေတတ်ပါတယ်။

🍻လူအများစုမှာ သောက်ရင်းသောက်ရင်းနဲ့ ကြာလာတဲ့အခါ သောက်နှုန်း ပိုပိုများလာပြီး ကျန်းမာရေးနဲ လူမှုဆက်ဆံရေးတို့ကို ဆိုးရွားစွာ ထိခိုက်နိုင်ပါတယ်။

🍻အရက်ကို စွဲစွဲလမ်းလမ်း သောက်သုံးသူတွေမှာ ရုတ်တရက် ဖြတ်လိုက်တဲ့အခါ လက်တုန်ခြင်း၊ ကယောင်ခြောက်ခြားဖြစ်ခြင်း၊ ထင်ယောင်ထင်မှားဖြစ်ခြင်း၊ တက်ခြင်းနဲ့ အခြားဆိုးဆိုးရွားရွား ယင်းထခြင်း လက္ခဏာများ ဖြစ်ပေါ်လာတတ်ပါတယ်။

🍻လူအချို့မှာ အသက်အန္တရာယ် ရှိသည်အထိ ဆိုးရွားနိုင်ပါတယ်။

🍻ဒါပေမဲ့ အရက်စွဲနေသူတွေကို အရက်မဖြတ်ရဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။

🍻ကျွမ်းကျင်တဲ့ ကျန်းမာရေးဝန်းထမ်းများနဲ့ တိုင်ပင်ပြီး စိတ်အချရဆုံးနည်းလမ်းဖြင့် ဖြတ်သင့်ပါတယ်။

🧑‍⚕️အရက်စွဲနေသူတွေမှာ ကြာလာတဲ့အခါ အသည်းရောင်ပြီး အသည်းခြောက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

🍻တဖြည်းဖြည်းနဲ့ အသည်း အလုပ်မလုပ်နိုင်တော့သည်အထိ ဖြစ်စေတတ်ပါတယ်။

🍻အရက်ဟာ အသည်းအပြင် မုန့်ချိုအိတ်နဲ့ ဦးနှောက်တို့ကိုလည်း ဖျက်ဆီးနိုင်ပြီး သွေးလည်း တိုးစေတတ်ပါသေးတယ်။

🍻နှလုံးရောဂါနဲ့ လေဖြတ်ခြင်းတို့ကိုလည်း ပိုဖြစ်စေနိုင်တတ်ပါတယ်။

🧑‍⚕️ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ အရက်အများအပြား သောက်သုံးခြင်းက ကလေးငယ်တွင် မွေးရာပါ ချို့ယွင်းချက်များနဲ့ အခြားပြဿနာများကို ဖြစ်စေတတ်ပါတယ်။

 #သွေး_မခဲကြစေဖို့သွေးကျဲဆေး•ထိုးကြသူများ နှင့်သွေးကျဲဆေး•••မတတ်နိူင်သူများ အတွက်အိမ်တွင်းအစားအစာ•များနဲ့လည်းကုသ နိူင်ကြ...
18/12/2022

#သွေး_မခဲကြစေဖို့

သွေးကျဲဆေး•ထိုးကြသူများ နှင့်
သွေးကျဲဆေး•••မတတ်နိူင်သူများ
အတွက်
အိမ်တွင်းအစားအစာ•
များနဲ့လည်းကုသ နိူင်ကြပါတယ်

🧄ကြက်သွန်ဖြူ•••စားပါ။

☕ရေနွေး ••• သောက်ပါ။

🦿ခြေသလုံးလေ့ကျင့်ခန်းလုပ်ပါ။

သွေးခဲပြီး မလိုလား အပ်တာတွေ
မဖြစ် စေလိုပါ။

အခုတလောမှာ
ကြုံတွေ့နေကြရတာက
သွေးခဲ ပြီး အသက်အန္တရယ်
ထိခိုက်စေတဲ့ အဖြစ် တွေပါပဲ။

(ကိုဗစ်) ရောဂါ.ကူးစက်ခံရလို့
နည်းမျိုးစုံနဲ့ ကုသပြီး
အသက်ဘေးက" လွတ်လာကြပေမဲ့
နောက်ပိုင်းမှာ သွေး ခဲပြီး
ရုတ်တရက်သေနေကြပါတယ်။

အဲဒီလိုသွေးခဲခြင်း မဖြစ်အောင် ဆိုပြီး
သွေးကျဲဆေးတွေသောက်နေရတယ်

သဘာဝနည်းနဲ့သွေးကျဲအောင်
လုပ်တဲ့ နည်းကိုအခု ပြောပြပါမယ်။

🧄ကြက်သွန်ဖြူဘဲဖြစ်ပါတယ်။

1. ကြက်သွန်ဖြူဟာသွေးကျဲဆေး
ထက်အများကြီး ••• ပိုကောင်းပါတယ်

ထမင်း•••စားရင်
ကြက်သွန်ဖြူ" သုံးလေးတက် လောက်စားပေးသင့်ပါတယ်။

2.နနွင်း•••ဖြစ်ပါတယ်။

3 .နောက်တစ်ခု•ကတော့
သံလွင်ဆီ•••ဖြစ်တယ်။

ဆံချည်မျှင်" သွေးကြောလေးတွေ
အတွင်းထဲအထိရှင်းလင်း
ပေးနိုင်ပါတယ်။

နနွင်း" ဖျော်သောက်•••ရာမှာ
သံလွင်ဆီ" နဲ့ပဲ ဖျော်သောက်ကြပါ

4 .သွေးခဲတဲ့သူတွေမှာ
သွေးပျစ် နေလေ့•••ရှိတယ်။

သွေး ပျစ်ရတာက ရေသောက်"နည်းလို့

ရေ"များများ•••သောက်မှ
သွေးက ကျဲလာတာ•••ဖြစ်တယ်။

ဒါကြောင့်တစ်နေ့ကို

ရေ(၄)လီတာ"လောက် သောက်ရမယ်။
ရေခပ်နွေးနွေး သောက်တာ
အကောင်းဆုံးပါပဲ။

သွေးပျစ်တဲ့•••သူတွေဟာ
အချဉ်"ကြောက်ကြသူတွေ ပိုများတယ်။

5 .အချဉ် ဓါတ်" စားပေးရင်
သွေးကျဲစေပါတယ်။

ဒါကြောင့်
သံပုရာ"ရည်•ချဉ်ချဉ်လေး
သောက်သုံး ပေးသင့်ပါတယ်။

ကင်ပွန်းချဉ်ဟင်းချို
သောက် လို့လဲ ရပါတယ်။

သွေးထဲ မှာရောနေတဲ့
အရည်ကြည်"တစ်မျိုးရှိပါတယ်။

အဲဒါကို
သွေးသည်းခြေ" လို့ခေါ်ပါတယ်။

သွေးသည်းခြေ နည်းနေရင်လည်း
သွေးက••• ပျစ်တတ်တယ်။

6. သွေး"သည်းခြေဓါတ်
အားကောင်းဖို့ အတွက်ကတော့
အခါး" ကြွယ်ဝတဲ့•••ကြောင်ရှာ၊
ခွေးတောက်၊ ငရုတ်ခါး၊
ဆင်တုံး မနွယ်၊ရဲယို၊ဒန့်ဒလွန်"
တွေ စားပေးသင့်တယ်။

အခါး စားမှ••လည်း
ဝါယောအား•ကောင်းပြီးတော့

သွေးလည်ပတ်မှု့•••မှန်မှာဖြစ်တယ်။

အထိုင် များ•••အအိပ် များရင်
သွေး လေးပြီး•••သွေးခဲတတ်တယ်။

7 .ဒါကြောင့်
လမ်းလျှောက်ပေးရမယ်။
လမ်းလျှောက်လို့ခြေသလုံး ကြွက်သားတွေ ညှစ်"တော့မှ

သွေးက နှလုံး•••ကို
တွန်းအားနဲ့•••ရောက်တာဖြစ်တယ်။

ခြေသလုံး နှစ်ခုဟာ
(ဒုတိယ)နှလုံးတွေ••ဖြစ်တယ်။
ခပ်ဖြေးဖြေး ခပ်မှန်မှန်လျှောက်ပါ

သွေး ခဲတာဟာ
ခြေထောက်ပိုင်းမှာအဖြစ်များတယ်

ခဲတဲ့ သွေးဖတ်က
ပင်မ" သွေးကြောထဲမှာပါလာပြီး
နှလုံး၊ဦးနှောက်တွေမှာ
သွားပိတ်တာ•••များတယ်။

သွေး•••မခဲဖို့က
တစ်ခုကောင်း" လုပ်လို့မရပါဘူး။

အခုပြောခဲ့တာတွေကို
Networkနဲ့လုပ်မှ
ပြည့်စုံမှာဖြစ်တယ်

ဒီလိုပဲ ဉာဏ်ရှိရှိ" လုပ်သွားမယ်ဆိုရင်
သေဘေးကနေ လွန်မြောက်ကာ
ရှောင်ရှားနိုင်ကြမှာ•••ဖြစ်ပါတယ်။

ကျန်းမာခြင်း ကြောင့်
ချမ်းသာအဆင်း ရရှိကြပါစေ"

(ခြေသလုံးလေ့ကျင့်ခန်းလေးတွေ့လို့ထည့်ပေးလိုက်တယ်)

Address

Parami Road
Yangon
11061

Alerts

Be the first to know and let us send you an email when Dr.Aung Lwin Phyo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Dr.Aung Lwin Phyo:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram