Aryu Magga Medical Tourism

Aryu Magga Medical Tourism 🏥 Trusted guidance for overseas medical care
🌍 Treatment • Care • Recovery
🛤️ Your pathway to better health
📩 Doctor-led consultation

အက်ဒမင်တို့ရဲ့ အာယုမဂ္ဂနဲ့အတူ နိုင်ငံခြားမှာ ​ဆေးကုမယ် ​ဆေးစစ်မယ်ဆိုရင်​တော့ ​ဆေးခန်းမပြခင် စတင်တိုင်ပင်​ဆွေး​နွေးရာကနေ ...
22/02/2026

အက်ဒမင်တို့ရဲ့ အာယုမဂ္ဂနဲ့အတူ နိုင်ငံခြားမှာ ​ဆေးကုမယ် ​ဆေးစစ်မယ်ဆိုရင်​တော့ ​ဆေးခန်းမပြခင် စတင်တိုင်ပင်​ဆွေး​နွေးရာကနေ ​ဆေးကု ​ဆေးစစ်တဲ့ စ၊လယ်၊ဆုံး အဆင့်တိုင်းမှာ မိသားစုလို​ရော အသိမိတ်​ဆွေဆရာဝန်တစ်​ယောက်လို​ပါ ဆွေး​နွေးအကြံ​ပေးပြီး လမ်းညွှန်​ကူညီ​ပေး​နေမယ့်အပြင် ​ဆေးကုသမှုပြီးဆုံးသွားသည့်တိုင်​အောင် ကျ​နော်တို့ ​ဒေါက်တာဖြိုးရဲ့ အ​သေးစိတ် ထပ်မံရှင်းလင်းညွှန်ကြား​ပေး​နေတာ​တွေကိုပါ နား​ထောင်နိုင်ဖို့​တော့ လိုမယ်​နော် 😬✌️

‐---------------

👩‍💻 အသေးစိတ် စုံစမ်းဆွေးနွေးလိုသည်များရှိပါက 🗨 Aryu Magga Medical Touriam Messenger မှ တစ်ဆင့်သော်လည်းကောင်း၊☎ ဖုန်းနံပါတ် +959 788788775 နှင့် +66922648499 တို့ကို ဖုန်းဆက်၍ (သို့) 📲 Viber/Whatsapp / Line တို့မှတဆင့်လည်းကောင်း အခမဲ့ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

အာယုမဂ္ဂ အပြည်ပြည်ဆိုင်ရာခရီးသွားကျန်းမာ​ရေး​​စောင့်​ရှောက်မှုကုမ္ပဏီသည် မြန်မာနိုင်ငံ မှ ပြည်ပနိုင်ငံများသို့ ကျန်းမာရေးစစ်ဆေးမှုခရီးစဉ် သွားရောက်လိုသော မိတ်​ဆွေများအတွက် ကျန်းမာရေးစစ်ဆေးမှု/ကုသမှု Package အမျိုးမျိုး တို့ကို ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။

ချာချာလည်​အောင်မူးတယ်မျက်စိမှိတ်ထားလဲ မူး​နေမယ်ကိုယ်ကငြိမ်​နေလဲပတ်ဝန်းကျင်ကြီးကလည်နေသလို ခံစားရမယ်မတ်တပ်ရပ်ရင် / လှည့်လိ...
20/02/2026

ချာချာလည်​အောင်မူးတယ်
မျက်စိမှိတ်ထားလဲ မူး​နေမယ်

ကိုယ်ကငြိမ်​နေလဲ
ပတ်ဝန်းကျင်ကြီးက
လည်နေသလို ခံစားရမယ်

မတ်တပ်ရပ်ရင် / လှည့်လိုက်ရင် ပိုဆိုးမယ်
ထိန်းမရ ​အောင့်မရ​​အောင် ပျို့ချင်မယ် အန်ချင်မယ်

မတ်တပ်ကို သေချာမရပ်နိုင်ဘဲ လဲကျနိုင်တာမျိုးဖြစ်မယ်

မျက်စိမြင်ကွင်း​တွေကလဲ မတည်မငြိမ်​လည်ထွက်​နေမယ်

တစ်ချို့မှာဆိုရင် နားအူ၊ နားပိတ်သလိုပါ ခံစားရမယ်

ဒါဆိုရင်​တော့ .. ကိုယ့်မှာ Vertigo လို့​ခေါ်တဲ့
​ချာချာလည်​မူး​ဝေခြင်းရောဂါ ရ​နေတာဖြစ်ဖို့များပါတယ် ..

ကျ​နော်တို့ အများစုက အဲ့လို ​ခေါင်းမူးပြီး ​
နေရခက်လာရင် ဦး​နှောက်နဲ့ အာရုံ​ကြောဆရာဝန်နဲ့ပြရမယ်လို့
အရင်ဦးဆုံး ကိုယ့်ဘာသာတန်းပြီး ​တွေးတတ်ကြပါတယ်

တစ်ကယ်သာ Vertigo (​ချာချာလည်မူး​ဝေရောဂါ) ဆိုရင်​တော့
ကျ​နော်တို့ဟာ ENT လို့​ခေါ်ကြတဲ့
နား၊ နှာ​ခေါင်း၊ လည်​ချောင်း အထူးကုဆရာဝန်ကြီး​တွေနဲ့အရင်
ပြသ စစ်​ဆေး ကုသမှုခံယူရမှာဖြစ်ပါတယ် ..
ဆရာဝန်ကြီး​တွေကမှတစ်ဆင့် လိုအပ်ရင်
ဦး​နှောက်နဲ့အာရုံ​ကြောဆရာဝန်ကြီးများဆီကို
လွှဲ​ပြောင်း​ပေးတာမျိုးရှိနိုင်တာပါခင်ဗျာ

ဆို​​တော့ . . မြန်မာက​နေပဲဖြစ်​စေ ..
ထိုင်းနိုင်ငံမှာ​ရောက်​နေသူများပဲဖြစ်​စေ ..
ဒီလို Vertigo ​ရောဂါနဲ့ပတ်သက်ပြီး
တိကျထိ​ရောက်တဲ့ ကုသမှုများကို
ဘန်​ကောက် ၊ ချင်းမိုင် နဲ့ ချင်းရိုင်း စတဲ့မြို့များက ​
ဆေးရုံများမှာ စစ်​ဆေး ကုသမှု ခံယူလိုပါက
ကျ​နော့်ကို အချိန်မ​ရွေး ဆက်သွယ်စုံစမ်း ​ဆွေး​နွေးနိုင်ပါတယ်ခင်ဗျာ ..

ပုံထဲက အန်ကယ်ဆိုရင် ​မြေး​လေး​တွေကို
ကျောင်းပို့ ​ကျောင်းကြို ကား​မောင်း​ပို့​နေရင်း
Vertigo attack ရခဲ့တာပါ

အန္တရာယ်များ​ပေမယ့် သတိ​ကောင်း​တဲ့သူမို့
အချိန်မှီ လမ်း​ဘေးချပြီး ကားရပ်နိုင်ခဲ့တဲ့ သူပါ ..
(ဒါ​တောင် တစ်နာရီ​လောက်ကြာတယ် ကားရပ်ထားရတာ)

ကျ​နော် ကူညီ​ပေးနိုင်ခဲ့တာလဲ ဝမ်းသာရသလို
အခုဆို သက်သာ​နေပြီဖြစ်လို့လဲ ပိုဝမ်းသာရပါတယ်

(ပုံက လူနာရှင်​တွေကို ခွင့်​တောင်းပြီးမှ အသုံးပြုထားခြင်း ဖြစ်ပါတယ်ခင်ဗျာ)

အာယုမဂ္ဂ နဲ့ချိတ်ဆက်ပြီး ကိုယ့်နှလုံးသား​လေးကို စစ်​ဆေးကြမယ် 😉❤️နှစ်သစ်မှာ ကိုယ့်နှလုံးသား​လေး​ကရောသစ်သစ်လွင်လွင် ကျန်းက...
20/02/2026

အာယုမဂ္ဂ နဲ့ချိတ်ဆက်ပြီး
ကိုယ့်နှလုံးသား​လေးကို စစ်​ဆေးကြမယ် 😉❤️

နှစ်သစ်မှာ ကိုယ့်နှလုံးသား​လေး​ကရော
သစ်သစ်လွင်လွင် ကျန်းကျန်းမာမာ ရှိ​နေလား စစ်​ဆေးမယ်ဆိုရင်
အရမ်းတန်​နေတဲ့ Package ​လေး​ ​ပြောပြချင်ပါတယ်

နှလုံးအတွက်လိုအပ်တဲ့ ​သွေးစစ်​ဆေးမှု​တွေအပြင်
Special Test ​တွေအ​နေနဲ့

Echocardiogram လို့​ခေါ်တဲ့

❤️ နှလုံးအရွယ်အစား၊ ပုံသဏ္ဍာန်
💓 နှလုံးသွေးညှစ်အား (Pump function)
🚪 နှလုံးတံခါး (Valve) အလုပ်လုပ်ပုံ
(တံခါးပိတ်မကောင်းဘဲ သွေးယိုနေသလား၊ တံခါးကျဉ်းနေတာလား)
🩸 နှလုံးအတွင်း သွေးစီးဆင်းပုံ
🧱 နှလုံးကြွက်သား အထူ၊ အားနည်းမှု
(နှလုံးကြွက်သားထူနေလား၊ ပင်ပန်းပြီး အားနည်းနေလား​ပေါ့​လေ)
💧 နှလုံးပတ်လည် အရည်ရှိ/မရှိ
(နှလုံးကို ဝန်းရံထားတဲ့ အိတ်အတွင်း အရည်စုနေလားဆိုတာ​တွေ)

အဲ့ဒီစစ်​ဆေးမှု​တွေပါဝင်မှာဖြစ်ပြီး

EST လို့​ခေါ်တဲ့ Exercise Stress Test ကလဲ

🫀 နှလုံးသွေးကြော ကျဉ်းနေလား (Ischemic heart disease)
💓 နှလုံးခုန်နှုန်း၊ လှုပ်ရှားမှု ပြောင်းလဲမှု
📉 သွေးပေါင်တက်ချိန် တုံ့ပြန်ပုံ​ကောင်းရဲ့လား
⚡ မူမမှန်တဲ့ နှလုံးခုန်မှု (Arrhythmia) ရှိ​နေလား
🏃‍♂️ လေ့ကျင့်ခန်းခံနိုင်ရည် (Exercise tolerance)

စတာတွေကို စစ်​ဆေးသိရှိနိုင်မှာဖြစ်ပါတယ်

ဘန်​ကောက်က Vimut ​ဆေးရုံမှာ ဒီစစ်​ဆေးမှုအားလုံးကို
ဘတ် ၉၈၀၀ နဲ့ရယူနိုင်မှာဖြစ်ပြီး စစ်​ဆေးမှု အ​ဖြေ​တွေအားလုံးကို
နှလုံးအထူးကုဆရာဝန်ကြီး ကိုယ်တိုင်က ​
ဆွေး​နွေးကုသလုပ်​ဆောင်​ပေးမှာဖြစ်ပါတယ်ခင်ဗျာ

လက်တစ်ဆုပ်စာပဲရှိတဲ့ ကိုယ့်နှလုံးသား​လေးကိုပဲဖြစ်​စေ
ကိုယ်ချစ်တဲ့သူ​တွေရဲ့ နှလုံးသား​လေး​တွေကိုဖြစ်​စေ
စောင့်​ရှောက်​ပေးနိုင်​စေဖို့ လက်တို့လိုက်ပါတယ်​နော် ❤️🫶

ဆက်သွယ်ရန် - ⚠️🚨📢
LINE : spring_gbg
Viber / Whatsapp : +959 788 788 775
Ph : +66 0922648499

Address

No. 9, A1, Aye Yeik Mon
Yangon
11011

Alerts

Be the first to know and let us send you an email when Aryu Magga Medical Tourism posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram