Zay Yone Gyi Mart

Zay Yone Gyi Mart zayyonegyimart

🦠 ကိုဗစ်ကနေ ပြန်ကောင်းသွားပြီ။ ဒါပေမယ့် ခုချိန်အထိ မောတုန်း၊ နှုံးနေတယ်၊ အားမရှိဘူး၊ ပုံမှန်လို လှုပ်ရှားလို့မရသေးဘူး။✔️...
06/08/2021

🦠 ကိုဗစ်ကနေ ပြန်ကောင်းသွားပြီ။ ဒါပေမယ့် ခုချိန်အထိ မောတုန်း၊ နှုံးနေတယ်၊ အားမရှိဘူး၊ ပုံမှန်လို လှုပ်ရှားလို့မရသေးဘူး။

✔️ ဒါတွေခံစားနေရတယ် ဆိုရင် ဘာလုပ်ရမှာလဲ။

✔️ သူတို့နိုင်ငံတွေမှာ ဒီလိုတွေ့တယ်။

🔹 အိုင်ယာလန်နဲ့ အီတလီနိုင်ငံက Survey တွေမှာ ကိုဗစ်ဖြစ်ပြီး လူနှုံးနေတယ်၊ အားမရှိဘူးလို့ ခံစားရတာ ၅၀ % ကနေ ၈၀% ကျော်အထိ ရှိပြီး ပျမ်းမျှ ၂ လခွဲလောက်အထိ ခံစားရပါတယ်လို့ တွေ့ရပါတယ်။

🔹 ကိုဗစ်အရမ်းပြင်းထန် တဲ့ သူတွေမှာမောတာ၊ အသက်ရှုမဝတာက၊ လူနှုံးနေတာကို ခံစားကြရတာ ၅၄ % ကနေ ၇၈% အထိ ၁ လကနေ ၂ လလောက်အထိ ဖြစ်တက်ကြတယ်လို့ တရုတ်၊ ဂျာမဏီနဲ့ အင်္ဂလန်မှာ တွေကြရပါတယ်။

✔️ တစ်ချို့ဆိုရင် ရောဂါပျောက်ပြီးပေမယ့် စိတ်ဓါတ်ကျတာ၊ အလုပ်ကို ကောင်းကောင်းပြန် မလုပ်နိုင်တာ တွေကို ၃ လလောက်ကို ခံစားကြရပါသတဲ့။

🔹 ဒါဆိုရင် ပျောက်ကင်းအောင် ဘယ်လိုကုသကြမှာလဲ။

✔️ Pulmonary Rehabilitation (PR)လို့ ခေါ်တဲ့ အဆုတ်ပြန်လည်သန်စွမ်းရေး Program ကို စနစ်တကျ လုပ်ခြင်းအားဖြင့် အရင်လို ဘဝက မြန်မြန်ပြန်ရောက်နိုင်ပါတယ်။

PR လို့ခေါ်တဲ့ အဆုတ်ပြန်လည်သန်စွမ်းရေး မှာ

၁။ ကိုယ်ကာယ လေ့ကျင့်ခန်း
၂။ အသက်ရှုလေ့ကျင့်ခန်း
၃။အစားအသာက် အာဟာရ
၄။ စိတ်ဓါတ်ခွန်အားပေးခြင်း
တို့ပါဝင်ပါတယ်။

ဘယ်လို လူတွေ လုပ်လို့ မရသေးဘူးလဲ???
➖➖➖➖➖➖➖➖➖➖➖➖➖➖➖

(၁)နားနေတုန်း တိုင်းတဲ့ နှလုံးခုန်နှုန်း ၁၀၀ ကြိမ်/မိနစ် ထက်များနေရင်
(၂) သွေးပေါင်ချိနိ 90/60 mmHg အာက် သို့မဟုတ် 140/90 mmHg အထက်များနေရင်
(၃) သွေတွင်းအောက်ဆီဂျင် SpO2 ၉၅%အောက် ရောက်နေရင် လုပ်လို့ မရသေးပါဘူး။
(သူတို့အတွက် supervised PR လိုပါမယ်)

Exercise လုပ်နေစဉ် ရပ်ရမည့် လက္ခဏာများ
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

(၁)အဖျားတက်လိုက် ကျလိုက်ဖြစ်နေရင် Temperature 37.2 C အထက် ဖြစ်နေရင်
(၂) အသက်ရှူလမ်းကြောင်းဆိုင်ရာလက္ခဏာများနှင့်ပင်ပန်းနွမ်းနယ်မှုများပိုဆိုးလာပြီးအနားယူပြီးနောက်မသက်သာပါခြင်း
(၃) ရင်ဘတ်အောင့်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ ပြင်းထန်သောချောင်းဆိုးခြင်း၊ ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း

✔️ ဘာတွေလုပ်ရမှာလဲ

၁။ ကိုယ်ကာယ လေ့ကျင့်ခန်း
➖➖➖➖➖➖➖➖➖➖

🔹 လမ်းလျှောက်ခြင်း၊ လျင်မြန်စွာလမ်းလျှောက်ခြင်း၊ ရွရွပြေးခြင်း စတဲ့ လေ့ကျင့်ခန်းများကို မိမိအမောခံနိုင်သလောက် ဖြည်းဖြည်းချင်း တိုးပြီးလုပ်သွားပါ။

✔️ တပတ်လျှင် ၃ ကြိမ်ကနေ ၅ ကြိမ်
တစ်ခါလုပ်ရင် ၅မိနစ် ကစပြီး မိနစ်၂၀ မှ ၃၀ အထိ ဖြည်းဖြည်းချင်းတိုးသွားပေးပါ။

✔️ ပင်ပန်းနွမ်းနယ်နေသောလူနာများမှာ နားနားပြီး လေ့ကျင့်ခန်းလုပ်နိုင်ပါတယ်။

🔹 ကြံ့ခိုင်မှုလေ့ကျင့်ခန်း
➖➖➖➖➖➖➖➖➖

✔️ ဥပမာ လက်နဲ့ ရေသန့်ဗူး မတဲ့ လေ့ကျင့်ခန်းလုပ်တာ၊ ထိုင်ရင်းနဲ့ ခြေထောက်ကို ၁၀ စက္ကန့်လောက်မြောက်တာ စသဖြင့် ကြွက်သားကြံ့ခိုင်မှုအတွက် လေ့ကျင်ခန်းကို တစ်ပတ်ကို ၂ ကြိမ်မှ ၃ ကြိမ် ၆ ပတ်အထိ လေ့ကျင့်ခန်းပြုလုပ်ပေးပါ။

✔️အကြိမ်အရေနဲ့ အလေးချိန်ကို အပတ်စဉ် ၅% မှ ၁၀% တိုးရန်အကြံပြုပါတယ်။

🔹 ဟန်ချက်ညီလေ့ကျင့်ခြင်း( Balancing Exercises) ➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

✔️ နေမကောင်းလို့ အိပ်ရာထဲ လှဲနေတာ ကြာရင် ဟန်ချက်ညီမှု ပျက်ယွင်းမှုရှိလာပါတယ်။ အထူးသဖြင့် အသက်ကြီးတဲ့ လူနာတွေမှာ လဲကျပြီး ပေါင်ရိုးကျိုးတာ၊ လက်ရိုးကျိုးတာ ဖြစ်တက်ပါတယ်။

✔️ ကိုင်စရာတစ်ခုခုရှေ့မှာ ကိုင်၍မတ်တပ်ရပ်ပြီး ခန္ဓာကိုယ်ကို ဘေး ဘယ်ညာ၊ရှေ့နောက် ယိမ်းပေးပါ။ အလေ့အကျင့်ရသွားရင် ခြေတစ်ဖောင်ကျိုးလုပ်ပြီး ပြန်လုပ်ပေးပါ။

(၂) အသက်ရှူလေ့ကျင့်ခန်း
➖➖➖➖➖➖➖➖➖➖

✔️ အသက်ကို ရင်ခေါင်းထဲ များများရောက်အောင်ရှုပြီး ပြန်ထုတ်တဲ့ အခါ ပါးစပ်ကို ကျဉ်းထားပြီး လေကို ထွက်စေတာပါ။
ဒါဆိုရင် Positive End Expiratory Pressure effect နဲ့ လေအိတ်ကလေးတွေကို ကျယ်စေပြီး အမောသက်သာစေပါတယ်။

✔️ ချွဲတွေရှိပါက မှောက်ပြီး ကျောကို (Percussion)ပုတ်ပေးပြီး အသက်ပြင်းပြင်းရှူပြီး ဟတ်ထုတ်ပေးရပါမယ်။


၃။ အစားအသောက် အာဟာရ
➖➖➖➖➖➖➖➖➖➖➖

✔️ ကျန်းမာစေတဲ့ အသီးအနှံ( ပိုးသတ်ဆေး ပါဝင်နိုင်၍ ရေနှင့် သေချာဆေးပါ)၊ ထမင်း၊ အသား၊ ရေဓါတ် မျှတစွာစားပါ။
✔️ နေရောင်ခြည် ၁၀ မိနစ်ကနေ ၁၅ ခံရင် Vitamin D3 10,000 IU အထိ ရနိုင်ပါတယ်။

၄ ။ စိတ်ဓါတ် ခွန်အားပေးခြင်း
➖➖➖➖➖➖➖➖➖➖➖

✔️ ကိုဗစ်ဖြစ်တဲ့လူ တစ်ဝက်ကနေ သုံးပုံပုံရင် ၂ ပုံလောက်က ၂ -၃ လလောက်က အခုလို ခံစားကြရတာပါ။

✔️ မိမိတစ်ယောက်တည်း မဟုတ်ပါ။

💪 စိတ်ဓါတ်မကျပါနဲ့။

🙏 ယုံကြည်ရာ ဘာသာတရား လုပ်ပါ။

✔️ ကိုဗစ်နဲ့ပတ်သတ်ပြီး သတင်းအချက်အလက် အများကြီး ကြည့်ရှူခြင်း ရှောင်ကြဉ်ပါ။

✔️ လေ့ကျင်ခန်းလုပ်ပါ။

✔️ ဒုက္ခရောက်သူကို ကူညီပါ။

✔️ အများကို ကူညီတာက မိမိကိုယ်ကို စိတ်ဓါတ်ခွန်အားတက်စေပါတယ်။

နေ့စဉ် လှုပ်ရှားမှုလမ်းညွှန် -

✔️ နေ့စဉ်လူနေမှုဘ ၀ ၏အခြေခံလုပ်ဆောင်ချက်များ ( ADL) (မိမိကိုယ်ကို သန့်ရှင်းရေးလုပ်ခြင်း၊ အိမ်သာသွားခြင်း၊ ရေချိုးခြင်းစသည့်) နေ့စဉ်လုပ်ဆောင်မှုများကို လုပ်နေစဉ် မောပန်းပါက မကြာခဏ နားနားပြီး မှ ဆက်လုပ်ပါ။မိမိ၏စွမ်းဆောင်ရည်ကိုအကဲဖြတ်ပါ။

✔️နေ့စဉ်လုပ်ငန်းဆိုင်ရာ ဆောင်ရွက်ခြင်းများ (Instrumental ADL):
ဥပမာ.

✔️ ဖုန်းပြောတာ၊ စျေးထွက်ဝယ်တာ၊ အစားအသောက်ချက်ပြုတ်စီမံတာ ကနေ ကားမောင်းတာ၊စီးပွါးရေးအတွက် စီမံတာက အထိ ပါဝင်ပါတယ်။

✔️ မိမိ၏ နေစဉ်လုပ်ဆောင်နိုင်မှုကိုအကဲဖြတ်ပါ။

✔️လုပ်ငန်းဆောင်ရွက်မှုအခက်အခဲများကိုဖော်ထုတ်ပြီး ပြုပြင်ပါ။

ဥပမာ စိတ်ဓါတ်ကျပြီး အာရုံမစူးစိုက်နိုင်ပါက မိမိယုံကြည်ရာ ဘာသာရေး လုပ်တာ၊ လေ့ကျင့်ခန်းလုပ်တာ၊ ချစ်ခင်လေးစားရတဲ့သူနဲ့ စကားပြော အကြံအဥာဏ်တောင်းတာ၊ ဆရာဝန်ဆီ ဖုန်းဖြင့် ကုသမှုခံယူတာ စသဖြင့် လုပ်ဆောင်ပါ။

💪စိတ်ဓါတ်မကျပါနဲ့။💪

ကိုဗစ်-19 နှင့် ပတ်သတ်ပြီး တိုင်ပင်ဆွေးနွေးချင် ကျနော်တို့ကို သတိရပါ။

Tele Clinic Monywa #အဆုတ်ပြန်လည်သန်စွမ်းရေး

Reference

https://journals.sagepub.com/doi/pdf/10.1177/0300060520948382

28/07/2021

Covid 19 ကာကွယ်ဆေးတွေ ထိုးပေးတော့မယ်ဆိုတော့ သိချင်နေတဲ့ မေးခွန်တွေ အတွက်ပါ

၁။ လက်ရှိ ကိုဗစ်လက္ခဏာ ခံစားနေရသူများ ထိုးလို့ရပါသလား?
- ပြောထားကတော့ လက်ရှိဖျားနာ နေရင်ထိုးမရပါဘူး။ အဓိက က ကာကွယ်ဆေး လာထိုးတဲ့အချိန်သူများတွေကိုကူးသွားမှာ စိုးလို့ပါ။ ကူးစက်ခံရရင် ရောဂါ အစပျိုးချိန်က ၅ ရက်ခန့်ဖြစ်နေတဲ့အချိန်မှာ ကာကွယ်ဆေး ထိုးတဲ့သူတွေ မှာ ခုခံအားဖြစ်လာဖို့က ၂ ပတ်လောက် စောင့်နေရတဲ့အတွက် သူများတွေကူးမှာစိုးလို့ပါ။

၂။ ဒါဆို ခု ကူးစက်ခံနေရတဲ့သူ တွေက ဘယ်အချိန်ထိုးလို့ရသလဲ
ရောဂါဖြစ်ပြီး ပြန် ကောင်းလာတဲ့သူတွေ က သဘာဝ ခုခံအား ပဋိပစ္စည်း ထွက်လာပြီဖြစ်ပြီး တွေ့ရှိချက်အရ ၃ လအထိ ပြန်လည်ကူးစက်နိုင်ဖို့ခဲယဉ်းတာ တွေ့ရတယ်။ ၃လနောက်ပိုင်းကျရင် ပဋိပစ္စည်းက တဖြေးဖြေးအားလျော့လာပြီး ရောဂါပြန်ကူးစက်လာနိုင်ခြေရှိတယ်။ ဒါကြောင့် ရောဂါဖြစ်ပြီးစ လူတွေ အနေနဲ့ ၃ လအတွင်းကာကွယ်ဆေး ပြန် ထိုးနှံဖို့လိုတယ်လို့ ပြောပါတယ်။ ရောဂါပျောက်ကင်းစ လူနာတွေ အနေနဲ့ ၂ ပတ် မှ ၃ ပတ်အထိ သူများကို ကူးစက်စေနိုင်သေးတဲ့ အတွက် အိမ်မှာ Quarantine နေထိုင်ရန်လိုအပ်သဖြင့်တစ်လ အကြာမှ ထိုးသင့်ကြောင်း သိရပါသည်။ ( ကျန်းမာရေးမှ အစ်မ Dr Khin khin gyi ကလည်း ရောဂါဖြစ်သူများအနေဖြင့်တစ်လ အကြာမှ ထိုးဖို့ ဖြေကြားထားတာ တွေ့ပါသည်)

၃။ ကာကွယ်ဆေး ထိုးခါနီးတွင် ကိုဗစ်ရောဂါ ရှိ မရှိ စစ်ရန်လိုပါသလား
- စစ်ရန်မလိုအပ်ပါလို့ပြောထားပါသည်။

၄။ သွေးတိုး၊ ဆီးချို၊ ကျောက်ကပ်ရောဂါရှိသူတွေ ထိုး လို့ရသလား
- အဆိုပါ လူနာများကိုဗစ်ရောဂါ ခံစားရပါက သေ ဆုံးနှုန်းတက်နိုင်သဖြင့် ပို၍ ပင် ထိုးနှံထားသင့်ပါသည်

၅။ ကင်ဆာ ရောဂါ၊ ခုခံအားကျရောဂါ၊ Auto immune disorders များအတွက်
- ထိုးနှံ လိုပါက ထိုးနှံ နိုင်ကြောင်း၊ ခုခံအား စနစ် ချို့ ယွင်းနေသည့်အတွက် ကာကွယ်ဆေး ထိုးနှံ ပြီးနောက် ရောဂါ ကာကွယ်နိုင်သည့်ပဋိပစ္စည်း ထွက်ရှိမည် ဟု အာမ မခံနိုင်ပါ။ ထို့အပြင် ကာကွယ်ဆေး ထိုးနှံရန် လာရောက် စောင့်ဆိုင်း နေစဉ်အတွင်း ရောဂါကူးစက်သွား နိုင်သည်။ အကျိုး / အပြစ် များရှိနေ၍ လူနာ ကိုယ်တိုင် ဆုံးဖြတိရန်။

၆။ ကိုယ်ဝန်ဆောင်မိခင်၊ နို့တိုက်မိခင် ထိုး လို့ရသလား
- ထိုးလို့ရပါပြီ

၇။ အသက် ၁၂ နှစ် နှင့် ၁၈ နှစ်အကြား ထိုးလို့ရသလား
- ဥရောပ နိုင်ငံ များတွင်ထိုးနှံနေသည့် mRNA vaccine ဖြစ်သည့် Pfizer BioNTech ကာကွယ်ဆေး အား အသက်၁၂ နှစ်နှင့် ၁၈ ကြား လူငယ်များတွင်ထိုးနှံ နိုင်ကြောင်း ခွင့်ပြုပြီးဖြစ်သည်။ ကျန်ဆေးများမှာ သုတေသန ပြုလုပ်ဆဲ ဖြစ်၍ ခွင့်ပြုခြင်းမရှိသေးပါ။ ယခု ထိုးနှံမည့် ကာကွယ်ဆေးများသည် အသက် ၁၈ နှစ် အထက်သာ ထိုးနှံနိုင်သည်

၈။ လက်ရှိ ကာကွယ်ဆေး ၂ ကြိမ် ထိုးနှံ ထားသူများ ဘယ်အချိန်ထိုးနှံ နိုင်သလဲ
- စွမ်းအားမြှင့် ဒို့စ် ထပ်မံ လိုအပ်မည့် ကာလ မှာ သက်ဆိုင်ရာကာကွယ်ဆေး ထုတ်လုပ်သည့် စက်ရုံမှ သုတေသန ပြုလုပ်ဆဲ ဖြစ်၍ တိတိကျကျ မပြောနိုင်ပါ။

၉။ မြန်မာနိုင်ငံတွင်ယခင်ထိုးနှံပေးခဲ့သည့် Covishield နှင့် Covaxin ထိုးနှံထားသူများအနေဖြင့် ယခု တရုတ်ကာကွယ်ဆေး ထိုး၍ ရ မရ
- ပထမ ထိုးသော ကာကွယ်ဆေး အမျိုးအစား မတူသော ကာကွယ်ဆေး ထိုးခြင်း (heterologus booster vaccination) ထိုးနှံ၍ ရနိုင်သည်။ဥပမာ Sputnik V မတူညီသော viral vector 2 ခု သုံးထားသည့် ပိုမိုတိကျသော သတင်းအချက်အလက် ထပ်မံ လိုအပ်နိုင်သည်

Crd
ယခု ပြောကြားချက်များသည် CDC website မှ ကိုဗစ်ကာကွယ်ဆေး နှင့်ပက်သက်၍ ထုတ်ပြန်ထားမှူ မှ ကောက်နှူတ်ဖော်ပြခြင်းဖြစ်ပါသည်။

ကိုဗစ်ကာကွယ်ဆေးများနှင့်ပတ်သက်၍===========♣ အမေရီကန်နိုင်ငံထုတ် ကာကွယ်ဆေးများMODERNAModerna ကာကွယ်ဆေးဟာ Vanderbilt Unive...
27/07/2021

ကိုဗစ်ကာကွယ်ဆေးများနှင့်ပတ်သက်၍
===========

♣ အမေရီကန်နိုင်ငံထုတ် ကာကွယ်ဆေးများ

MODERNA
Moderna ကာကွယ်ဆေးဟာ Vanderbilt University က ၉၄.၁ ရာခိုင်နှုန်းအထိကာကွယ်နိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။ ဒီဆေးက လောလောဆယ် ကမ္ဘာမှာ အကောင်းဆုံး ကာကွယ်ဆေး ဆိုပြီး သတ်မှတ်ထားပါတယ်
PFIZER
Moderna ထက်တစ်ပတ်စောကာ ကြေညာခဲ့တဲ့ ပထမဆုံး COVID ကာကွယ်ဆေး ဖြစ်ပါတယ်။ Pfizer ကာကွယ်ဆေးကတော့ Modernaထက် ရာခိုင်နှုန်းအနည်းငယ်လျော့ ကာကွယ်နိုင်စွမ်းရှိပါတယ် ( ၈၁.၈ - ၉၅ ရာခိုင်နှုန်း)
ဆေးထိုးပြီးရင် ဘာတွေ ခံစားရလေ့ရှိလဲ?
Pfizer နဲ့ Moderna က ဒုတိယ အလုံးထိုးပြီးရင်ပိုဖြစ်တယ်လို့တွေ့ရှိရပါတယ် ။ ထိုးတဲ့နေရာမှာ နာတာ နုံးတာ ခေါင်းကိုက် ကြွက်သားနာတာတွေက အဖြစ်များပါတယ် ။ ရှားရှားပါပါး နှလုံးကြွက်သားရောင်တာ နှလုံးအမြှေးရောင်တာကို Pfizer နဲ့ Moderna မှာတွေ့ရပါတယ်

♣ အိန္ဒိယနိုင်ငံထုတ် ကာကွယ်ဆေးများ

COVISHIELD
ဗြိတိန် နည်းပညာကို အိန္ဒိယ မှာ ထုတ်ခွင့်ပေးတာပါ ။ ဗြိတိန် မှာထုတ်တာကိုတော့ AstraZeneca နာမည်ပေးထားပါတယ် ။ ဒီနိုင်ငံမှာ ဇန်နဝါရီလကတည်းက Covishield ကာကွယ်ဆေးကို စတင်ထိုးနှံပေးခဲ့ပါတယ်။ တစ်ဦးကို နှစ်ကြိမ်နှုန်းနဲ့ လူဦးရေတစ်သန်းခွဲစာကို သက်တမ်းကုန်ဆုံးရက် မတိုင်ခင် ဇွန်လအထိ ထိုးပေးနိုင်ခဲ့ပါတယ်။ (ဒီ Covishield ကာကွယ်ဆေးဟာ သက်တမ်းခြောက်လသာ ရှိပါတယ်)
ဒီဆေးကို ပထမတစ်ကြိမ်ထိုးထားရင် ရောဂါမဖြစ်အောင် ၇၀.၄ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ပြီး ဒုတိယအကြိမ် ထိုးပြီးချိန်မှာတော့ ၈၂.၄ ရာခိုင်နှုန်းအထိ ကာကွယ်နိုင်ပါတယ်။ ရောဂါကြောင့် သေဆုံးနှုန်းကို အသက် ၆၅ နှစ်ကျော်အရွယ်တွေမှာ ၉၄ ရာခိုင်နှုန်းအထိ ကာကွယ်နိုင်တယ်လို့ သိရပါတယ်။
ဒီဆေးထိုးထားသူတွေက မိမိမှတစ်ဆင့် တခြားသူကို ရောဂါပြန်ဖြန့်နိုင်နှုန်း ၆၇ ရာခိုင်နှုန်း လျော့ကျသွားနိုင်ပါတယ်။
COVAXIN
အခုလက်ရှိ အပြင်ဆေးခန်းတချို့မှာ ထိုးပေးနေတဲ့ ကာကွယ်ဆေးက အိန္ဒိယနိုင်ငံထုတ် Covaxin အမျိုးအစား ဖြစ်ပါတယ်။ ဒီဆေးကိုတော့ BBV152 လို့လည်း သိကြပြီး သေဆုံးနေတဲ့ဗိုင်းရပ်စ်ကို ပြုပြင်ကာ ပြုလုပ်ထားတဲ့ကာကွယ်ဆေးဖြစ်ပါတယ်။ သူက ခန္ဓာကိုယ်ထဲကိုရောက်ရင် antibody တွေ ထွက်လာပြီး ခုခံအားစနစ်ကို လှုံ့ဆော်ကာ ရောဂါကို တိုက်ထုတ်ပစ်နိုင် ပါတယ်။ ဒီဆေးက အိန္ဒိယ နိုင်ငံအပြင် အီရန်၊ မက္ကဆီကို၊ နီပေါ၊ ဖိလစ်ပိုင်၊ ပါရာဂွေး၊ ဇင်ဘာဘွေနဲ့ မောရစ်ရှားနိုင် ငံတွေမှာပါ အသုံးပြုနေပြီဖြစ်ပါတယ်။ ဒီဆေးကို တစ်ကြိမ်နဲ့ တစ်ကြိမ် ၄-၆ ပတ်ခြားပြီး နှစ်ကြိမ် ထိုးရမှာဖြစ်ပါတယ်။ ဆေးကို နှစ်ကြိမ်ထိုး ပြီးရင် ရောဂါကို ကာကွယ်နိုင်စွမ်း ၇၈ ရာခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။
ဘေးထွက်ဆိုးကျိုးအနေနဲ့ အဖျား ရှိတာ၊ ခေါင်းကိုက်တာ၊ စိတ်တိုတာ၊ ဆေးထိုးတဲ့နေရာမှာ ရောင်ရမ်းပြီး နာကျင်တာတွေဖြစ်တတ်ပါတယ်။ ကာကွယ်ဆေးထိုးအပြီး ပါရာစီတမောလို မျိုး အကိုက်အခဲပျောက်ဆေးကို သောက်ထားသင့်ပါတယ်။
ဆေးနဲ့ ပြင်းထန်ဓာတ်မတည့်မှု ဖြစ်တာကတော့ အလွန်ရှားပါတယ်။ ဓာတ်မတည့်မှုဖြစ်ရင် လည်ချောင်းရောင်ရမ်းပြီး အသက်ရှူမ၀တာ၊ ပျို့တာ၊ အန်တာ၊ အဖုအပိမ့်ပေါက်တာ၊ အဖျားရှိတာ၊ ခေါင်းကိုက်တာ၊ ခန်္ဓာကိုယ်အနှံ့ကိုက်ခဲတာနဲ့ ဆေးထိုးထားတဲ့လက်တစ်ဖက် တောင့်တင်းနေတာတွေဖြစ်တတ်ပါတယ်။
သွေးယိုစီးမှုပြဿနာရှိသူတွေ၊ ကိုယ်၀န်ဆောင်မိခင်တွေ ဒါမှမဟုတ် နို့တိုက်မိခင်တွေက ဒီကာကွယ်ဆေးကို မထိုးသင့်ပါဘူး။

♣ တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးများ

တရုတ်နိုင်ငံထုတ်ကာကွယ်ဆေး တွေဖြစ်တဲ့ Sinopharm ကို WHOက ယခုနှစ် မေလအတွင်း အရေးပေါ်အသုံး ပြုခွင့်ပေးထားခဲ့ပြီး Sinovac ကို ဇွန်လမှာ ခွင့်ပြုထားခဲ့ပြီး ဖြစ်ပါတယ်။ ဒီဆေးတွေကို လက်ရှိမှာ နိုင်ငံပေါင်း ၈၀ ကျော် အသုံးပြုနေကြပြီလို့ သိရပါတယ်။
ဒီကာကွယ်ဆေးနှစ်မျိုးစလုံး ကြောင့် ရရှိနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေ က တခြားကာကွယ်ဆေးတွေလောက် အဖြစ်မများဘူးလို့ သိရပါတယ်။ ဆေး ထိုးတဲ့နေရာမှာ နာကျင်တာ၊ ပင်ပန်းနွမ်း နယ်တာ၊ ၀မ်းပျက်တာနဲ့ ကြွက်သားနာ ကျင်တာလောက်သာဖြစ်ပြီး နှစ်ရက်အ တွင်း ပြန်လည်ပျောက်ကင်းသွားတတ်ပါ တယ်။
SINOPHARM
ဒီကာကွယ်ဆေးက တရုတ်နိုင်ငံက ဒီနိုင်ငံကို လှူဒါန်းခဲ့တဲ့ကာကွယ် ဆေးဖြစ်ပါတယ်။ တရုတ်ကုန်သည် များအသင်းချုပ်ကလည်း အသင်း၀င် တွေကို ဒီဆေးထိုးပေးဖို့ စီစဉ်နေတယ်လို့ ကြားသိရပါတယ်။ ဒီကာကွယ်ဆေးက SARS-CoV-2 ကို Beta-propiolactone ခေါ်တဲ့ ဓာတုပစ္စည်းနဲ့ ကုသမှုပြုလုပ်ထား တာဖြစ်ပါတယ်။ ဒီဓာတုပစ္စည်းက ကိုဗစ်ဗိုင်းရပ်စ်နဲ့ပေါင်းပြီး COVID-19 ဖြစ် စေတဲ့ ဗိုင်းရပ်စ်ပွားများမှုကို ရပ်တန့်ပေးလိုက်တာဖြစ်ပါတယ်။ ဒါ့ပြင် သူ့မှာ ပါ၀င်တဲ့ အလူမီနီယမ်ဟိုက်ဒရော ဆိုက်ကြောင့် ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်က ပိုမိုမြင့်တက်လာပါတယ်။
အသက် ၁၈ နှစ်အထက်ရှိသူတွေ ထိုးဖို့သတ်မှတ်ပေးထားပြီး တစ်ကြိမ်နဲ့ တစ်ကြိမ်ကြား သုံးပတ်ကနေ လေးပတ် ခြားကာ နှစ်ကြိမ်စီ ထိုးပေးရမှာဖြစ်ကာ ရောဂါကာကွယ်နိုင်စွမ်းမှာ ၇၉.၃ ရာ ခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။ ဒီဆေး ကို ကိုယ်၀န်ဆောင်မိခင်နဲ့ နို့တိုက်မိခင် တွေအတွက် ထိုးပေးနိုင်ပါတယ်။
ဒီကာကွယ်ဆေးမှာပါတဲ့ ပါ၀င် ပစ္စည်းတွေနဲ့ ဓာတ်မတည့်မှုဖြစ်ဖူးသူ၊ အပူချိန် ၃၈.၅ ဒီဂရီထက် မြင့်မားသူ တွေက ဒီဆေးကို မထိုးသင့်ပါဘူး။
ဘေးထွက်ဆိုးကျိုးအနေနဲ့ ကာ ကွယ်ဆေးထိုးတဲ့နေရာမှာ နာကျင်တာ၊ အဖျားရှိတာတွေအပြင် ခေါင်းကိုက်တာ နဲ့ ပင်ပန်းနွမ်းနယ်တာတွေဖြစ်တတ်ပါ တယ်။
SINOVAC
ဒီကာကွယ်ဆေးက ယခုလအတွင်း တစ်သန်းရောက်ရှိမှာဖြစ်ပြီး အသက် ကြီးသူ၊ ရောဂါအခံရှိသူ၊ ကာကွယ်ဆေး မထိုးရသေးတဲ့ ကျန်းမာရေး၀န်ထမ်းတွေ၊ ပုဂ္ဂလိက ကျန်းမရေးစောင့်ရှောက်မှုပေး နေသူတွေကို ဦးစားပေးထိုးနှံပေးသွားမယ်လို့ သိရပါတယ်။
ဒီဆေးက ဓာတ်ခွဲခန်းကနေ ထုတ် လုပ်ထားတဲ့ ဗိုင်းရပ်စ်အမျိုးအစားနဲ့ ပြု လုပ်ထားတဲ့ Inactivated Virus Vaccine အမျိုးအစားဖြစ်ပါတယ်။ ကာကွယ်ဆေးမှာ ပါ၀င်တဲ့ များစွာသော ပရိုတင်းတွေကို ခုခံအားနစ်က တုံ့ပြန်ပြီး ကိုဗစ်ရောဂါကို တိုက်ထုတ်မယ့် Antibody တွေထွက်လာအောင် လှုံ့ဆော်ပေးမှာ ဖြစ်ပါတယ်။ အသက် ၁၈ နှစ်အထက်ရှိ သူ၊ နို့တိုက်မိခင်၊ ကိုဗစ်ဖြစ်နိုင်ခြေ မြင့် မားတဲ့ အ၀လွန်သူ၊ နှလုံးသွေးကြောရောဂါရှိသူနဲ့ အဆုတ်ရောဂါရှိသူတွေထိုးဖို့ သတ်မှတ်ထားပြီး တစ်ကြိမ်နဲ့ တစ်ကြိမ် ကြား ၂-၄ ပတ်ခြားပြီး နှစ်ကြိမ်ထိုးရမှာ ဖြစ်ပါတယ်။
ရောဂါကာကွယ်နိုင်စွမ်းက နိုင်ငံအ ပေါ်လိုက်ပြီး ၄၉.၆ - ၅၀.၇ % ရှိကာ ကိုဗစ် ဆိုး ဆိုးရွားရွား အခြေအနေမရောက်အောင် ၈၅-၁၀၀ %၊ ကိုဗစ်ကြောင့် ဆေးရုံတက် ရတာမျိုးမဖြစ်အောင် ၈၀-၁၀၀ % ကာကွယ်နိုင်ပါတယ်။

♣ ရုရှားနိုင်ငံထုတ်ကာကွယ်ဆေးများ

ရုရှားနိုင်ငံကထုတ်တဲ့ ကာကွယ် ဆေး နှစ်မျိုးဖြစ်တဲ့ Sputnik V နဲ့ Sputnik Light တွေကို မြန်မာနိုင်ငံအ တွက် ခုနစ်သန်း၀ယ်ဖို့ မှာယူထားကာ မကြာမီ အလုံးရေ နှစ်သန်းရောက်ရှိမယ်လို့ သိရပါတယ်။
SPUTNIK V
ဒီကာကွယ်ဆေးက တုပ် ကွေးရောဂါဖြစ်စေတဲ့ Adenovirus အမျိုးအစားနှစ်မျိုးကို ရောဂါသယ်ဆောင် တဲ့အနေနဲ့ ထည့်သွင်းအသုံးပြုထားတာ ဖြစ်ပါတယ်။ ရောဂါသယ်ဆောင်တဲ့ဗိုင်း ရပ်စ်တွေက ပြုပြင်ထားတာကြောင့် ခန်္ဓာ ကိုယ်ထဲမှာ ပိုးထပ်မံပွားများတာ၊ ရောဂါ ဖြစ်တာတွေ မရှိတော့ပါဘူး။
ဒီဆေးကို အိန်္ဒိယ၊ အာဂျင်တီးနား၊ မွန်တီနီဂရိုး၊ ရုရှား၊ ဗင်နီဇွဲလား၊ ဘီလာ ရုစ်၊ ဆားဗီးယား၊ ယူအေအီးနဲ့ Europe တိုင်းပြည်ထဲက ဟန်ဂေရီအပါအ၀င် နိုင်ငံပေါင်း ၆၄ နိုင်ငံမှာ အသုံးပြုနေကြ ပြီဖြစ်ပါတယ်။
အသက် ၁၈ နှစ်အထက်ရှိသူတွေ ထိုးနိုင်ပြီး ရောဂါကာကွယ်နိုင်စွမ်းက ၉၁.၅ ရာခိုင်နှုန်းရှိကာ ကာကွယ် ပထမအကြိမ်ထိုးပြီး သုံးပတ်အကြာမှာ ဒုတိယအကြိမ် ထပ်မံထိုးရမှာဖြစ်ပါ တယ်။
ဘေးထွက်ဆိုးကျိုးအနေနဲ့ -ပင်ပန်း နွမ်းနယ်တာ၊အဆစ်နာတာ၊ ခေါင်းကိုက်တာ၊ ကြွက်သားနာကျင်တာ၊ ချမ်းတုန်တာ၊ အဖျားရှိတာ၊ ပျို့အန်တာတွေ ရှိပါတယ်။
SPUTNIK LIGHT
ဒီကာကွယ်ဆေးက COVID-19 ရောဂါကိုဖြစ်စေတဲ့ SARS-CoV-2 ဗိုင်းရပ်စ်ကို ခုခံအားတည်ဆောက် ပေးတာဖြစ်ပြီး ကာကွယ်နိုင်စွမ်း ၇၉.၄ ရာခိုင် နှုန်းရှိတယ်လို့ သိရပါတယ်။ သူရဲ့ အား သာချက်က ဆေးတစ်ကြိမ်သာ ထိုးရမှာဖြစ်ပြီး ဆေးထိုးအပြီး လေးပတ်အကြာမှာ ဗိုင်းရပ်စ်ပိုးကို အားပျော့စေတဲ့ anti-body ထွက်လာနိုင်နှုန်း ၉၁.၆၇ ရာခိုင် နှုန်းအထိ ရှိတယ်လို့ သိရပါတယ်။
ရုရှားနိုင်ငံမှာ ယခုနှစ် မေလအတွင်း က အရေးပေါ်အသုံးပြုခွင့်ရရှိထားတာ ဖြစ်ပါတယ်။ ဒီဆေးကို ရုရှား၊ ဗင်နီဇွဲလား၊ အင်ဂိုရာ၊ ဘာရိန်း၊ နီကာရဂူး၊ မောလစ်ရှ၊ ပါလက်စတိုင်း၊ အာဂျင်တီးနား၊ ဘီလာ ရုစ်၊ ကွန်ဂို၊ မွန်ဂိုလီးယား တောင်ကိုရီး ယားအပါအ၀င် နိုင်ငံပေါင်း ၁၃ နိုင်ငံမှာ ရရှိနိုင်ပြီဖြစ်ပါတယ်။

Credit : source from https://www.drugmm.com
Dr. khin Moe Moe

26/07/2021

For your info……….

Remdisivir, Dexamethasone, Antibiotics and Enoxaprin များ အကြောင်း လာမေးနေသူများအတွက်ပါ။

အထူးအားဖြင့် Non medical person များအတွက် ဗဟုသုတ နှင့် သိထားစေချင်ရန်အလို့ငှါ COVID ရောဂါနှင့်ပတ်သတ်သည့် အကြောင်းအရာ(ကုသနည်းများ)အား လေ့လာမှတ်သားထားသည့် အချက်များထဲမှ တတ်သလောက်မှတ်သလောက် အရာလေးများကို ဆွေမျိုး အသိမိတ်ဆွေများ သိရှိစေရန် ဝေမျှအပ်ပါသည်။

*** ( antiviral for COVID infection ( best before 7th days of fever - phase 1 )

1st dose - 200 mg ( 2vial ) with 100 ml of Normal
saline ( 0.9 % NS ) infusion and then
100 mg (1 vial ) with Normal saline (0.9% NS ) infusion from 2nd day to 5th day of fever

ထိုဆေးထိုးရန်လိုအပ်သည့်အချက်များ -
- 1st day of fever to 3 rd day fever ( high fever 103 and above)
- SPO2 level reduce from 92 % to below ( no proper response to Oxygen supply)
- low lymphocyte account (can be checked by CP (auto )
-အဖျား ၁ရက်မှ ၃ ရက်မြောက်အတွင်း
-အောက်ဆီဂျင် ၉၂% အောက်ကျလျှင်
-သွေးထဲတွင် Lymphocyte ဟုခေါ်သော သွေးဖြူဥတစ်မျိုးနည်းခြင်း

မထိုးရမည့်သူများ ( အကြမ်းဖျင်း)
- အသဲမကောင်းသောသူများ ( high liver enzymes AST , ALT

- ကျောက်ကပ်မကောင်းသောသူများ ( high creatinine level)

*** ( treatment for cytokines strom which may appear on 2nd week of fever - phase 2 )

- start from 7th day of fever
- dose - oral or IV 6mg once day for 7 to 10 days
- add PPI ( အစာအိမ်ဆေး eg Omeprazole / rabeprazole / pantocid ) if given by oral route
(အစာအိမ်ထိတတ်ပါသဖြင့် အစာအိမ်ဆေးနှင့်တွဲသောက်သင့်ပါသည်)

Indications
- reduced SPO2 level from 92 to below esp: on 7th day to 10th day of fever
- Increase blood parameters ( increased level of inflammatory markers like CRP , ferritin , LDH , AST )
ပေးသင့်သောအခြေအနေ
- အောက်ဆီဂျင် ၉၂%အောက်ကျခြင်း
-အဖျားရက် ၇-၁၀ ရက်အတွင်း
- သွေးထဲတွင် ရောဂါပိုးရှိသောလက္ခဏာများဖြစ်သည့် သွေးအဖြေများတက်နေခြင်း
သောက်ဆေး/ထိုးဆေး ၂ မျိုးပေးနိုင်ပါသည်။

Dexamethasone သည် ဆီးချိုရောဂါသည်များ သောက်သုံးလျှင် ဆီးချိုတက်နိုင်ပါသည်။ ဆီးချိုတက်လာလျှင် ဆရာဝန်နှင့်မတိုင်ပင်ပဲ မိမိစိတ်တိုင်းကျ ဆီးချိုဆေးများ တိုးသောက်ခြင်းမပြုပါနှင့်။ ဆီးချိုဆေးများသွား၍ ဆီးချိုအရမ်းကျသွားလျှင် အသက်အန္တရာယ်ရှိနိုင်ပါသည်။

***Broad spectrum (IV )
Eg - IV CS 1 / CS 2 , Sulperazone, Cefipime , Meropenem

-should be given to cover secondary bacteria infections during dexa treatment which has immune suppressive action)
-must be given by CP ( auto ) results (if Neutrophils leucocytosis present)
- must be given if increased PCT level ( Pro - calcitonin level ) which is released by bacteria infectious tissues triggered by inflammatory mediators)

ပိုးသတ်ဆေး
ကိုဗစ်သည် ဗိုင်းရပ်စ်ပိုးဖြစ်ပါသည်။ ဘက်တီးရီးယားမဟုတ်ပါ။ သို့သော် ကိုဗစ်ဖြစ်၍ကိုယ်ခံအားကျနေချိန် ဘက်တီးရီးပိုးဝင်ဖို့ Chance များနိုင်ပါသည်။ ဘက်တီးရီးယားပိုး ကာကွယ်ကုသရန် ပေးခြင်းဖြစ်သည်။ သွေးဖြူဥတက်နေလျှင်/Procalcitonin တက်နေလျှင် ပေးသင့်ပါသည်။ ပိုးသတ်ဆေးနှင့်မတည့်သည့်အခါ Reaction များဖြစ်တတ်ပါသည်။ ယားခြင်း, အဖုအပိမ့်များထွက်ခြင်း, အသက်ရှုကျပ်ခြင်းများသည် ဆေးမတည့်ခြင်း လက္ခဏာများဖြစ်ပါသည်။

(*ATD - After Test Dose ) ဆိုသည်မှာ ထိုပိုးသတ်ဆေးတမျိုးမျိုးအား သွေးကြောတွင်းသို့ မထိုးမှီ ထိုပိုးသတ်ဆေးအား 10cc distilled water ( မိုးရေ) ဖြင့် အရည်ဖျော်ပီး ဆုတ်ထားသည့်ဆေးထိုးအပ်ဖြင့် လက်ဖျံအရေပြားတနေရာကို အပေါ်ယံ အနည်းငယ်သော ပမာဏာအားလျှပ်ထိုးပြီး ၁၀ မိနစ် ၁၅ မိနစ်ခန့် စောင့်ပီး ဆေးတည့်မတည့်စမ်းသပ်ခြင်းကို ဆိုလိုပါသည် ၊ ထိုအချိန်အတွင်း အရေပြားပေါ် အဖုအပိန့်ထွက်လာခြင်း ၊ အရေပြားများ ယားယံလာခြင်း ၊ အသက်ရှုကြတ်လာခြင်း ၊ မူးဝေပြီး သတိလစ်ချင်သလိုဖြစ်လာခြင်း တခုခုဖြစ်ပေါ်လာပါက ဆေးမတည့်ပါ ၊ သွေးကြောတွင်းထိုးလို့မရတော့ပါ ။

*** SC 40 mg / 0.4 ml for thrombosis (သွေးကြောတွင်းသွေးခဲမှုကို ကာကွယ် ကုသခြင်း) ( Phase 3) ( results from infection and inflammation mechanism) **သွေးထဲတွင် သွေးခဲစေသောဓါတ် D-Dimer တက်နေမှသာ Enoxaparin ဆေးထိုးရန်လိုပါသည်**

- ထိုးရမည့်နေရာ > ချက်အောက် ဝမ်းဗိုက် ဘယ်/ညာ ပေါ်တွင် အပေါ်ယံအရေပြားအား လက်တဖက်ဖြင့် ဆွဲမကာ နောက်လက်တဖက်ဖြင့် insulin ထိုးသောအပ်ဖြင့်တူသည့် ထိုဆေးထိုးအပ်အား ထိုးပါ ၊ ပြီးလျှင် အပ်ကိုဆွဲထုတ်ပါ ၊ ထို့နောက် ဆွဲမထားသောအရေပြားကို ဖြေးဖြေးပြန်လွှတ်လိုက်ပါ ၊ ဆေးထိုးထားသည့်နေရာတဝိုက်ကို ခြေရန်မလိုပါ။

- should be given in phase 2 for prophylactic treatment because slight increased chance of thrombosis ( သွေးကြောတွင်းသွေးခဲခြင်း) due to immobilization/ movement limitations not to reduce SPO2 level and high chance of thrombosis due to underlying uncontrolled Diabetes mellitus ဆီးချို , Hypertension သွေးတိုး, Obesity အဝလွန်ခြင်း , previous history of Deep vein thrombosis ( ခြေထောက်သွေးပြန်ကြောသွေးခဲဖူးခြင်း ) , Venous thrombo embolism (သွေးပြန်ကြောသွေးခဲပြုတ်ထွက်ခဲ့ဖူးခြင်း)
- must be given if increased D Dimer level ( more than two time normal level )

Enoxaprin သည် သွေးကျဲစေပါသည်။ သွေးထွက် သွေးစိမ့်ဖြစ်နိုင်ပါသည်။ ဆရာဝန်ညွှန်ကြားမှုဖြင့်သာ ထိုးသင့်ပါသည်။ ထိုးနေရချိန်တွင်လည်း ဆီးထဲသွေးပါခြင်း, သွေးတိတ်ရန်ခက်ခဲခြင်းများဖြစ်တတ်သဖြင့် ဂရုတစိုက် ကြည့်ရှုရန်လိုပါသည်။ ဆေးထိုးရက်ပြည့်လျှင်လည်း သွေးပြန်စစ်၍ ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။

သွေးကြဲဆေး မထိုးသင့်သောလူနာများ ( အကြမ်းဖျင်း)
-bleeding disorder ( ခန္ဓာကိုယ်နှင့် ကိုယ်တွင်း အလိုလို သွေးယိုစိမ့်ထွက်သည့်ရောဂါရှိသောသူများ )
-အစာအိမ်အနာနှင့် အူလမ်းကြောင်းသွေးယိုထားသောသူများ
-Recent hemorrhagic stroke ( လတ်တလောဦးနှောက်သွေးကြောပေါက်ထားသူများ )
-Recent major operation ( လတ်တလော အကြီးစားခွဲစိတ်ထားသူများ )
- kidney and liver disease ( ကျောက်ကပ်နှင့်အသဲရောဂါ )
- uncontrolled high blood pressure သွေးတိုးရောဂါမထိန်းနိုင်သူများ
- Allergic reaction / hypersensitivity to Drug ဆေးမတည့်သောသူများ

Remark - ထိုသွေးကြဲဆေးသည် အချင်း ( placenta) ကို မဖြတ်သန်းနိုင်သည့်အတွက် ကိုယ်ဝန်ဆောင်တွင် အထိုက်အလျောက် စိတ်ချစွာထိုးနိုင်ပါသည် ။

ဆေးတိုင်းဆေးတိုင်းသည် ပါရာစီတမောမှစ၍ မည်သည့်ဆေးမဆို ကောင်းကျိုး ဆိုးကျိုးရှိပါတယ်။ တတ်သိနားလည်တဲ့ ဆရာဝန် ဆရာမ များနှင့် တိုင်ပင်ပြီးမှသာ သုံးစွဲကြပါ။ တန်ဆေး လွန်ဘေး မဖြစ်ပါစေနှင့် 🙏

ရှောင်ရန်ဆောင်ရန်အချက်များ

( အထူးသဖြင့် ဖျားပီး ၁ ပါတ်အကြာ phase 2 တွင်) SPO2 level သည် 92 နှင့်အောက် စကျလာပြီဆိုပါက 1:2:2:1 ( ခေါင်းအုံး) ဖြင့် ၄နာရီ တကြိမ်ခန့် မှောက်အိပ်ရန် ( prone position) လိုအပ်ပါသည် ။ အကြောင်းမှာ အဆုတ် tissue များသည် ကျောဘက်တွင် များစွာတည်ရှိနေပါသောကြောင့် ပက်လက်အိပ်ပါက ( supine position) အဆုတ်tissue များကို ဖိထားသလိုဖြစ်သောကြောင့်ဖြစ်ပါသည် ။ မှောက်အိပ် ဘယ်စောင်း မှောက်အိပ် ညာစောင်း rotate လုပ်ပေးပါ ။

ဖျားပီး တပါတ်ခန့်ကြာလာပါက Silence hypoxia ကိုလဲ အထူးဂရုပြုပါ ။ ထို့ကြောင့် နည်းနည်းလှုပ်ရှားမှု ပြုပီးတိုင် pulse oximeter နှင့် တိုင်းတိုင်းကြည့်နေပါ ။ အကြမ်းဖျင်း ၇ ရက်မှ ၁၀ ရက် အတွင်း oxygen လုံးဝ မကျပါက စိတ်ပူစရာသိပ်မရှိပါ ။ ပိုမိုစိတ်ချရန် ၁၄ ရက်ခန့်ထိ သတိထားနေရန်လိုအပ်ပါသည်။

Covid သည် လူတစ်ယောက် နှင့် တစ်ယောက် ပြင်းထန်မှုမတူညီပါ။ အသက်အရွယ် ငယ်သူများလည်း အသက်ဆုံးရှုံးနိုင်သလို ရောဂါအခံများစွာရှိပြီး အသက်အရွယ်ကြီးသူများလည်း မည်သည့် ဆိုးကျိုးမှ မည်မည်ရရ မခံစားရပဲ ပြန်ကောင်းသူများလည်းရှိနိုင်ပါသည်။ သတိကြီးစွာထားပြီး ဆေးများကို ဆရာဝန်ညွှန်ကြာမှသာ သုံးစွဲစေချင်ပါသည်။ အမှန်တစ်ကယ်လိုအပ်သည့်သူများ ဆေးဝါးများလိုအပ်လျှင်လည်း အခက်အခဲမရှိပဲ ဝယ်ယူသုံးစွဲနိုင်ကြပါစေ 🙏

အားလုံးအားလုံးသောမိသားစုများ COVID ရောဂါမှ ကင်းဝေးပျောက်ကင်းကျပါစေ 🙏🙏🙏

Credit - Dr. Paing Htoo Shein

Pulse Oximeter ရှာနေသူများ 1yr Warranty China Made Instock ရပါမယ်နော် (stock နည်းပါတယ်) 18000 ကျပ်ပါ (ဓာတ်ခဲ ပါပါတယ်)Cha...
26/07/2021

Pulse Oximeter ရှာနေသူများ
1yr Warranty
China Made

Instock ရပါမယ်နော် (stock နည်းပါတယ်)

18000 ကျပ်ပါ (ဓာတ်ခဲ ပါပါတယ်)
Chat box မှာ မှာလို့ရပါတယ်

ဒီနေ့ ရောက်လာတဲ့ စက်လေးတွေပါ … မင်မင် ရယ် မှာထားတဲ့ သူတွေ အချို့ရယ် ပေးလိုက်ပါပြီ … စက်လေးတွေ မြင်မှ မင်မင်လဲ စိတ်အေးရတေ...
26/07/2021

ဒီနေ့ ရောက်လာတဲ့ စက်လေးတွေပါ … မင်မင် ရယ် မှာထားတဲ့ သူတွေ အချို့ရယ် ပေးလိုက်ပါပြီ … စက်လေးတွေ မြင်မှ မင်မင်လဲ စိတ်အေးရတော့တယ် ..သုံးရတာ အဆင်ပြေကြပါစေ

အားလုံး အမြန်ဆုံး နေကောင်း ကျန်းမာ ကြပါစေ 🙏🏻🙏🏻🙏🏻

August 1week ထဲ မှာ 3လုံး အပိုရဖို့ရှိပါတယ် Oxygen Concentrator 10L -Dual Flow (China Made) ပါ ShenLu medical equipment ...
26/07/2021

August 1week ထဲ မှာ 3လုံး အပိုရဖို့ရှိပါတယ်

Oxygen Concentrator 10L -Dual Flow
(China Made) ပါ

ShenLu medical equipment company ဟာ တရုတ်ပြည် ​ပေကျင်း မှာတည်ရှိပြီး Certified company အကြီး ပါ။ ShenLu Medical Company ဟာ Oxygen Concentrator ​တွေထုတ်လုပ်လာတာ 15 နှစ် ရှိပြီဖြစ်ပါတယ် ။ ShenLu မှတိုက်ရိုက်မှာယူ​ပေးမှာဖြစ်ပါတယ်ရှင့်။

Medical grade Hospital useမို့ 10L flow rate တွင် oxygen purity 93+/-3% ​ပေးပါတယ်ရှင့်။
Dual flowဖြစ်၍ single flowထက် ပိုပြီး အသုံး၀င်ပါတယ်ရှင့်။

factory direct
CE, ISO, FDA certified factory
*Flow rate - 10L/min
*Purity - 93+\-3%
*Medical grade (ဆေးရုံသုံး)
*Dual flow ( ၂ယောက်တစ်ပြိုင်နက်တည်းသုံးလို့ ရ)
* Germany imported compressor
* Sieve and filter USA imported
* အသံငြိမ် ပါသည်
* Alarm ပါ- Power failure, low Oxygen purity
* Accessories- Nasal Cannula, adult mask, humidifier bottle, oxygen tube
✅Model - SL-3C-550
Air cargo​နေရာ ​စျေးတက်​နေလို့ စက်တန်ဖိုးလည်း အနည်းငယ်တကွသွားပါတယ်ရှင့်

Deposit 50%​ပေးပြီးလျှင်order confirmပါမယ်ရှင့်။

1700000 MMK လောက် ကျပါတယ်

လိုချင်တဲ့ သူများ chat box ကို Confirmed လုပ်ပေးကြပါ

အဆုတ်အားကောင်းစေဖို့ အဆုတ်လေ့ကျင့်ခန်း(၃)မျိုး•••••••••••••••••••••••••••••••••••••••••••••••••••         အသက်ရှူခြင်းကိ...
23/07/2021

အဆုတ်အားကောင်းစေဖို့ အဆုတ်လေ့ကျင့်ခန်း(၃)မျိုး
•••••••••••••••••••••••••••••••••••••••••••••••••••

အသက်ရှူခြင်းကို မလေ့ကျင့်မီ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင် သင့်ပါတယ်။ စိတ်ကို လျှော့ထားနိုင်စေတဲ့ စိတ်တည်ငြိမ်ရာ နေရာကို ဖန်တီးသင့်ပါတယ်။ သင့်ကို သက်တောင့်သက်သာ ရှိစေတဲ့ အဝတ်အစားကို ဝတ်ဆင်သင့်ပြီး ကြွက်သားတွေကို လျှော့သင့်ပါတယ်။

လေ့ကျင့်ခန်း(၁)

1. ပထမဦးဆုံး ခါးကိုမတ်မတ်ထားပြီး ထိုင်ပါ။

2. ထို့နောက် နှာခေါင်းမှ အသက်ရှုသွင်းမှုလုပ်ပြီး အသက်ခန အောင့်ထားပါ

3. ပြီးလျင် နှုတ်ခမ်းဆူ ကာခုနက ရှုသွင်းထားသောလေကို ဖြေးညှင်းစွာ နှုတ်ခမ်းမှ ရှုထုတ်ပါ။

4. အသက်ရှုထုတ်ခြင်း သည် သာမန်အားဖြင့် ရှုသွင်းခြင်းထက် ၂ ဆကြာရပါမည်။
_________________________________________

လေ့ကျင့်ခန်း(၂)

1. လက်တစ်ဖက်ကို ရင်ဘတ်ပေါ်တင်ပြီး နောက်တစ်ဖက်ကို ဗိုက်ပေါ်တင်ပါ။ အသက်ပြင်းပြင်းရှူပါ။

2. အသက်ပြင်းပြင်းရှူဖို့ diaphragm ရင်ဝမ်းခြားကြွက်သား ကိုအသုံးပြုဖို့လိုတယ်ဆိုတာ သတိရပါ။

3. သင်တတ်နိုင်သလောက် အသက်အောင့်ထားပြီး ဖြည်းညင်းစွာ ရှူထုတ်ပါ။
_________________________________________

လေ့ကျင့်ခန်း(၃)

1. ဒူးခေါင်း အောက်မှာ စောင် မထူမပါးလေး ထည့်ထားပေးပါ။

2. ပြီးရင်တော့ နှာခေါင်းနှင့်ပါးစပ်ကို ဟ ထားပြီး လေကို ဝအောင် ရှူသွင်းပါ။ ဝမ်းဗိုက်လေး ချပ်သွားတဲ့အထိပေါ့။

3. ခဏလေး အောင့်ထားပြီး ပါးစပ်ကနေ လေကို ပြန်မှုတ်ထုတ်ပါ။ ၁၀ ခေါက်လောက် လုပ်ပေးပါ။
_________________________________________
Crd.

ပုံတွေကို save ပြီး ဒီညမအိပ်ခင် ငါးမိနစ်ခန့်ကြည့်ပါ။ ကြာကြာကြည့်ရင်လည်းရပါတယ်။မနက်ထရင်လည်းပြန်ကြည့်ပါ။နေ့တိုင်းလုပ်နိုင်...
22/07/2021

ပုံတွေကို save ပြီး ဒီညမအိပ်ခင် ငါးမိနစ်ခန့်ကြည့်ပါ။ ကြာကြာကြည့်ရင်လည်းရပါတယ်။

မနက်ထရင်လည်းပြန်ကြည့်ပါ။
နေ့တိုင်းလုပ်နိုင်ရင်ကောင်းတယ်။

စိတ်ဓါတ်အင်အားကျနေချိန်အတွက် အသုံးပြုပါတယ်။

ကျွန်တော်ကိုယ်တိုင်အသုံးပြုပြီး သူများကိုလည်း ကူညီကုပေးပါတယ်။ အရောင်ကုထုံးပါ။

Credit - Pascal

22/07/2021

“ခုချိန်ရှောင်လို့မရတော့ဘူး လူတိုင်းကိုဗစ်ဖြစ်မှာပဲ” ဆိုတာ လုံးဝမဟုတ်ပါ။ ကိုဗစ်က ကာကွယ်လို့ရတဲ့ ရောဂါပါ။ “ကိုဗစ်က ဖြစ်ချင်တဲ့သူပဲ ဖြစ်တာပါပဲ ကံပါပဲ” လို့လည်း ပြောလို့ မရပါဘူး။ ကံဆိုတာ အကြောင်းအကျိုး ရှိပါတယ်။ ကိုဗစ်ရောဂါဖြစ်စေဖို့ အောက်ကအချက်တွေအပေါ် မူတည်နေပါတယ်။

🔺ဘယ်လောက်အကွာအဝေးက နီးကပ်မိလဲ ?
ကိုဗစ်ပိုးက စကားပြောလို့ ထွက်လာတဲ့ တံတွေးအမှုန်တွေကတဆင့် အပြင်ကိုလွင့်စင်လာတယ်။ လေဟာပြင်ဆိုရင်တော့ ပိုးရှိတဲ့တံတွေးမှုန်တွေက ၆ ပေထက် ပိုမလွင့်နိုင်ဘူး။ ၆ ပေအတွင်း နီးကပ်မိရင် ပိုးကူးခံရနိုင်ပါတယ်။

🔺နီးကပ်ချိန် ဘယ်လောက်ကြာလဲ?
ပိုးရှိသူနဲ့ အတူတူအနီးကပ်နေမိတဲ့သူတိုင်း ကိုဗစ် ရောဂါမဖြစ်ဘူး။ ကိုဗစ်ပိုးပါလာတဲ့လေကို ကြာကြာရှူမိရင် ပိုးအကောင်ရေ (viral load) များများ ကိုယ်ထဲကို ဝင်လာမယ်။ ပိုးအကောင်ရေနည်းနည်းကို ကိုယ်ခံအားစနစ်တွေက တိုက်ထုတ်နိုင်ပေမဲ့ ပိုးအကောင်ရေများလာရင်တော့ ပိုးအကူးခံရနိုင်ပါတယ်။ ကြာချိန်ကို ၁၅ မိနစ်နဲ့ ယေဘုယျသတ်မှတ်ပြီး ထိတွေ့မိချိန် ၁၅ မိနစ်အနည်းဆုံးကြာရင် ပိုးကူးခံရဖို့ များပါတယ်။

🔺ပိုးရှိသူက ပိုးတွေကို ထုတ်နေလား?
ပိုးရှိသူက ရောဂါလက္ခဏာမပြခင် ၂ ရက် ကစပြီး ရောဂါလက္ခဏာပြသပြီး ၁၀ ရက်လောက်အထိ သူ့ဆီကပိုးတွေက သူများတွေဆီကို ကူးစက်နိုင်ပါတယ်။ အဲ့ဒိရက်အတွင်းမှာ ပိုးရှိသူနဲ့ ထိတွေ့မိရင် ပိုးအကူးခံရနိုင်ပါတယ်။

🔺Maskဝတ်ဆင်ထားမှု
ကိုဗစ်ပိုးက စကားပြောလို့ ထွက်လာတဲ့ တံတွေးအမှုန်တွေကတဆင့် အပြင်ကိုလွင့်စင်လာတယ်။ သေးငယ်တဲ့ တံတွေးမှုန်တွေက လေထဲမှာ အချိန်တခုအထိ လွင့်မျောနေနိုင်တယ်။ တံတွေးမှုန်တွေပါတဲ့လေကို ရှုမိရင် ပိုးကူးခံရနိုင်တယ်။ မာစ်ဝတ်ဆင်ခြင်းက ပိုးရှိနေသူကော သာမန်လူပါ မာစ်ကို စနစ်တကျ လုံလုံခြုံခြုံ ဝတ်ဆင်ထားရင် ကိုဗစ်ကို အထိရောက်ဆုံး ကာကွယ်နိုင်ပါတယ်။

🔺လက်ဆေးမှု
ကိုဗစ်ပိုးပါလာတဲ့ သေးငယ်တဲ့တံတွေးမှုန်တွေက လေထဲမှာ အချိန်တခုအထိ လွင့်မျောနေနိုင်ပြီး ကြာရင် ကြမ်းပြင်ပေါ် နဲ့ ပစ္စည်းတွေအပေါ် ကို ကပ်ညိအနည်ထိုင်လာတယ်။ တံတွေးစင်ထားတဲ့ ပစ္စည်းတွေကို ကိုယ်တွယ်မိရင် လက်မှာပိုးတွေပါလာမယ်၊ ပိုးတွေပါလာတဲ့လက်နဲ့ မျက်စိ နှာခေါင်း ပါးစပ်ကို ကိုင်မိ ပွတ်မိရင် ပိုးတွေ ဝင်လာနိုင်ပါတယ်။ ဒါကြောင့် လက်ဆေးပါ။ ပစ္စည်းတွေကို သန့်ရှင်းရေးလုပ်ပေးပါ။

🔺လေဝင်လေထွက်
ကိုဗစ်ပိုးပါလာတဲ့ သေးငယ်တဲ့တံတွေးမှုန်တွေက လေထဲမှာ အချိန်တခုအထိ လွင့်မျောနေနိုင်တယ်။ လေဟာပြင်ဆိုရင်တော့ ပိုးရှိတဲ့တံတွေးမှုန်တွေက ၆ ပေထက် ပိုမလွင့်နိုင်ဘူး။ လေဝင်လေထွက်ရှိတဲ့ အခန်းဆိုရင် ပိုးရှိတဲ့လေက တခဏအတွင်း အပြင်ကို ရောက်သွားမယ်။ အလုံပိတ်အခန်းဆိုရင်တော့ ခပ်ကြာကြာရှိနေမယ်။ exhaust မပါတဲ့ အဲကွန်းအခန်းဆိုရင် ပိုးရှိတဲ့လေက အခန်းထဲမှာ တဝဲလည်လည်ပဲ ဖြစ်နေမယ်။

🛡 အတူနေမိသူရဲ့ ကိုယ်ခံအား - ၂ မျိုးရှိတယ်
- မွေးရာပါသဘာဝ ကိုယ်ခံအား innate immunity က အကြမ်းဖျင်းအားဖြင့် ဘာပိုးဝင်လာလာ ကြိုးစားတိုက်ထုတ်ပေးပါတယ်။ အားဆေးတွေ ဗိုက်တာမင်တွေ သောက်ရင် မွေးရာပါ ကိုယ်ခံအားကို တက်စေတယ်လို့ဆိုပေမဲ့ တကယ်တမ်းတော့ innate immunity က အစွမ်းသိပ်မထက်လှပါဘူး။

- သူ့ထက်ပိုပြီး ပိုးအမျိုးအစား အတိအကျကို သေသေချာချာ ကာကွယ်နိုင်တဲ့ ကိုယ်ခံအားက လေ့ကျင့်ယူရတဲ့ ကိုယ်ခံအားအမျိုးအစား adaptive immunity ပဲ ဖြစ်ပါတယ်။ ယခင်က ကိုဗစ်ဖြစ်ဖူးရင် Antibody တွေက ထွက်လာတယ်။ သုတေသနများအရ Antibody တွေက ကိုယ်ထဲမှာ ၃-၈ လလောက်အထိ အနည်းဆုံးရှိနေပြီး နောက်တခါ ရောဂါထပ်မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ထပ်ဖြစ်လာရင်လည်း အရင်လောက် မဆိုးရွားစေပါဘူး။

💉ကာကွယ်ဆေး💉
ကာကွယ်ဆေးက adaptive immunity တမျိုးပါပဲ။ ရောဂါမပေးနိုင်တဲ့ ပိုးရဲ့ အစိတ်အပိုင်းတခုခုကို ကိုယ်ထဲထည့်ပေးပြီး Antibody ထွက်လာအောင် လုပ်ပေးတဲ့နည်းပါ။ နိုင်ငံအများစုက မိမိရဲ့လူဦးရေများများကို ဆေးထိုးပြီး ပုံမှန်လည်ပတ်ဖို့ ပြင်ဆင်နေကြပါပြီ။ ကာကွယ်ဆေးက ပိုးမကူးအောင်ကာကွယ်ပေးတယ်၊ ပိုးကူးခံခဲ့ရင်တောင် ပိုဆိုးရွားတဲ့ အဆင့်မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ကမ္ဘာပေါ်မှာ ကပ်ရောဂါကို အဆုံးသတ်ဖို့ တနည်းတည်းသောအဖြေပါ။

🤒ရောဂါပြမှု နဲ့ ရောဂါဖြစ်မှု🤒
ရောဂါပိုးရှိပေမဲ့ ရောဂါလက္ခဏာမပြတဲ့အခါ ပိုးမရှိဘူး ကိုဗစ်မဖြစ်ဘူးလို့ ထင်တတ်ကြတယ်။ ပိုးရှိပြီးရောဂါမပြတဲ့သူဟာ တိတ်တဆိတ် ပိုးဖြန့်ဖြူးသူ ဖြစ်နေနိုင်လို့ ပိုသတိထားရပါတယ်။ ဒါကြောင့် မိမိကိုယ်ကို အကူးခံရနိုင်တဲ့ ထိတွေ့မှုရှိခဲ့တယ်လို့ ထင်ရင် အနည်းဆုံး ၁၁ - ၁၄ ရက် သီးခြားနေထိုင်သင့်ပါတယ်။ အဖျားပျောက်တာနဲ့ အပြင်ထွက်လာရင်တော့ တဆင့်ဆင့်ကူးနေကြဦးမှာပဲ။ စာနာစိတ်နဲ့ သည်းခံပြီး သီးခြားနေပေးကြပါ။

MED INFO Myanmar

OXygen concentrator တွေကို+positive သမား တစ်ယောက် သုံးထားပြီး သားရူးပြီး သား စက် ကိုနောက်ထပ် တစ်ယောက်  ရှုး ရင် စက်ကို ပ...
21/07/2021

OXygen concentrator တွေကို
+positive သမား တစ်ယောက် သုံးထားပြီး သား
ရူးပြီး သား စက် ကို
နောက်ထပ် တစ်ယောက်
ရှုး ရင်
စက်ကို ပြန် သန့်စင် ဖို့လိုပါသလားဗျ

စက်သန့်ရှင်းရေး ဘယ်လို လုပ်ရပါသလဲခင်ဗျာ

နားလည် သူများ တစ်ချက်လောက်ဖြေပေးပါလာခင်ဗျာ

credit

ဆရာတစ်ယောက် ဖြေပေးထားတဲ့ ဟာ လေးပါ တစ်စုတည်း ဖတ်လို့ရအောင် edit ပေးထားပါတယ်

Oxygen Concentrator #စက်အားပိုးသန့်စင်ခြင်း

Oxygen concentrator မှာ ပိုးသန့်စင်ရန်စဉ်းစားဖို့ (၁) စက်အပြင်ပိုင်း၊ (၂) လေစစ်ဇကာ filters များ၊ (၃) mask နဲ့ လေရှုပြွန် cannula and tubing (၄) ရေအိုး water trap humidifiers (၅) စက်အတွင်းပိုင်း ဆိုပြီး (၅) ပိုင်းခွဲစဉ်းစားပါမယ်။

ပထမတစ်ယောက်သုံးပြီး နောက်တစ်ယောက်မသုံးခင်မှာဖြစ်စေ၊ အခြားနေရာကသယ်ယူလာတာဖြစ်စေ #ပိုးသတ်ပြီးမှသုံးစွဲသင့်ပါတယ်။

ပိုးသန့်စင်မယ့်သူဟာ #လူနဲ့ဝေးရာမှာ mask နဲ့လက်အိတ်သေချာဝတ်ပြီးမှ ပိုးသန့်စင်သင့်ပါတယ်။

(၁) စက်အပြင်ပိုင်းကို အစွန်းချွတ်ဆေးမပါတဲ့ဆပ်ပြာရည်စိမ်ထားတဲ့အဝတ်နဲ့သုတ်နိုင်ပါတယ်။ ပြီးတာနဲ့ kitchen tower စက္ကူလိပ်နဲ့ရေပြန်သုတ်နိုင်ပါတယ်။

စက်ကိုအသုံးပြုနေစဉ်မှာ ရေစိုအဝတ်နဲ့သန့်စင်ခြင်း #မပြုလုပ်ပါနဲ့။

အဓိကကလက်ကိုင်တွေ၊ setting ချိန်တဲ့နေရာတွေ လက်နဲ့ထိတွေ့နိုင်တဲ့နေရာတွေမှာ ပိုးသန့်စင်ပစ်ရမှာဖြစ်ပါတယ်။

(၂) Filters လေစစ်စကာတွေကို ဖြုတ်ထုတ်ပါ။ ဖုန်ခါသန့်စင်ပြီး ချွတ်ဆေးမပါတဲ့ဆပ်ပြာရည်ထဲမှာ ၂ မိနစ်ခန့်စိမ်ပါ။ ပြီးရင်ပိုက်ခေါင်းအောက်ကရေနဲ့ပြန်ဆေးပစ်ပါ။

တတ်နိုင်ရင် UV light ခရမ်းလွန်ရောင်ခြည်ဖြစ်ဖြစ်၊ နေရောင်ထဲမှာ မိနစ် ၂၀ လောက်ထားပြီးဖြစ်ဖြစ် ပိုးသတ်ပါ။

လေသလပ်ခံကာ #လုံးဝခြောက်သွေ့သွားမှပြန်လည်တပ်ဆင်သုံးစွဲပါ။ မခြောက်သွေ့လို့ စက်အတွင်းသို့ရေမှုန်ရေမွှားပါသွားတာ မကောင်းပါ။

ဆေးရုံလိုနေရာများမှာသုံးဖို့ filter အပိုဝယ်ထားသင့်ပါတယ်။

အထဲမှာ HEPA လို့ခေါ်တဲ့ လေစစ်ဇကာပါပါတယ်။ အဲ့ဒါကိုသေချာဖြုတ်ပြီး ဘရပ်ရှ်လေးနဲ့သန့်စင်ရပါတယ်။

ဖုန်ထဲမှာလူနာကရှုထုတ်ထားတဲ့ #ဗိုင်းရပ်စ်ပိုးတွေကပ်နေနိုင်တာကြောင့် mask နဲ့ goggles 🥽 တပ်ပြီးမှဖုန်သန့်စင်သင့်ပါတယ်။

(၃) လေရှုပြွန် cannula and tubing နဲ့ mask ကို နောက်တစ်ယောက်ပြန်သုံးရန် သန့်စင်ဖို့က #လက်တွေ့မကျပါဘူး။ နောက်တစ်ယောက်သုံးရင် #အသစ်လဲပါ။

Cannula ထိပ်နဲ့ mask ကို တစ်ယောက်တည်းသုံးရင်တောင်မှ ❌ ကြမ်းပြင်၊ စားပွဲခုံ၊ အိပ်ရာပေါ်စသည်တို့အပေါ်မှာမချမိဖို့ ဂရုစိုက်ပါ။ အဲ့လိုချမိရင် ရောဂါပိုးကိုဒါရိုက်ရှုမိသလိုဖြစ်စေပါတယ်။

မျက်နှာပြင်တစ်ခုခုပေါ် ချမိတယ်ဆိုရင် ဆပ်ပြာရည်ပါတဲ့ရေနွေးထဲမှာစိမ်ပါ။ ပြီးရင်ရေနဲ့ဆေးပါ။ ပြီးရင် (white vinegar ၁ ဆ - ရေ ၃ ဆ) ပါတဲ့ရေနွေးထဲ မိနစ် ၂၀ စိမ်ပြီးခြောက်အောင်သုတ်ပြီးမှ သုံးပါ။

အကယ်လို့ antiseptic solution ပိုးသတ်ဆေးရည်ရှိရင် အဲ့ဒီအထဲမှာမိနစ် ၃၀ စိမ်ပါ။

UV အလင်းရောင် (သို့မဟုတ်) နေရောင်ထဲထားပြီးလည်း ပိုးသတ်နိုင်ပါတယ်။

ဒါက cannula ထိပ်နဲ့ mask ကိုသာဆေးကြောသန့်စင်ဖို့ပြောတာဖြစ်ပြီး tubing ပြွန်ရှည်ကိုလုံးဝရေမစိမ်ရပါ။ ❌

ပြွန်ထဲရေဝင်သွားရင် ခြောက်သွေ့အောင်လုပ်ရတာအရမ်းခက်ပါတယ်။

လူနာတစ်ယောက်တည်းသုံးတာတောင်မှ လူနာကနေမကောင်းဖျားနာမှုရှိခဲ့ရင် cannula နဲ့ mask ကိုအသစ်လဲလှယ်သင့်ပါတယ်။

(၄) ရေအိုး water trap humidifiers ကိုလည်း အပေါ်ကနည်းအတိုင်းဆေးကြောနိုင်ပါတယ်။ လူနာပြောင်းရင် ကျိန်းသေပိုးသတ်ဖို့လိုပါတယ်။ လူနာမပြောင်းရင်တောင် ၅ ရက်တစ်ခါလောက်ဆေးပေးပါ။

အကယ်လို့ antiseptic solution ပိုးသတ်ဆေးရည်ရှိရင် အဲ့ဒီအထဲမှာမိနစ် ၃၀ စိမ်ပါ။

အဲ့ဒီ humidifier ပလတ်စတစ်ဘူးလေးထဲထည့်တဲ့ရေဟာ ရေသန့်ဖြစ်ရပါမယ်။ ကြိုချက်ထားတဲ့ရေသန့်ဖြစ်ရင်ပိုကောင်းပါတယ်။ အဲ့ဒီရေကို ထပ်ထပ်ဖြည့်တာထက် #နေ့စဉ်အသစ်လဲလှယ်ပေးတာမျိုးလုပ်ပေးသင့်ပါတယ်။

ရေမသန့်ခဲ့ရင်၊ ဘူးမသန့်ခဲ့ရင် mucormycosis လို့ခေါ်တဲ့ Covid လူနာမှာနောက်ဆက်တွဲမှိုနက်ရောဂါဖြစ်တတ်ပါတယ်။

ဟုတ်ပြီ။ အပေါ်က အဆင့် (၄) ဆင့်နဲ့စက်အပြင်လည်းသန့်ပြီ။ လေစစ်ဇကာတွေလည်းသန့်ပြီ။ လေရှုပြွန်ကလည်းအသစ်သုံးထားပြီးပြီ။ ရေဘူးကိုလည်းသေချာဆေးပြီးရေအသစ်လဲလှယ်ပြီးပြီ။

ဒါဆိုရင် လူနာတစ်ယောက်နဲ့တစ်ယောက်မကူးစက်ဘူးလို့ ၁၀၀ % သေချာပြီလား❓

Filter ဘယ်လောက်ကောင်းသလဲပေါ်မှာမူတည်ပါတယ်။ ကျနော့်အယူအဆကိုပြောပါမယ်။

အရင်လူနာရှုထုတ်သမျှလေဟာ စက်ပတ်ဝန်းကျင်ကိုရောက်သွားမှာပါ။ စက်ကအဲ့ဒီလေကိုစုပ်ယူပြီး နိုင်ထရိုဂျင်ဖယ်ထုတ်ကာ အောက်ဆီဂျင်ကိုစုစည်းပေးလိုက်တာပါ။

အဲ့ဒီတော့ စက်ရဲ့ Filter တွေက ဗိုင်းရပ်စ်နဲ့ဘက်တီးရီးယားကိုမစစ်ထုတ်ပေးနိုင်ဘူးဆိုရင် စုပ်ယူတဲ့လေနဲ့အတူအထဲကိုဝင်သွားမှာဖြစ်ပါတယ်။

စက်ထဲက ဇီယိုလိုက်ဇကာနဲ့ပိုက်ထဲမှာ အချိန်အတိုင်းအတာတစ်ခုအထိရှိကောင်းရှိနေနိုင်ပါတယ်။ စက်အထဲပိုင်းကိုသန့်စင်ဖို့မဖြစ်နိုင်ပါ။

အဲ့လိုပါသွားခဲ့ရင်တော့ အနည်းဆုံး (၅) ရက်ခန့်ထားပြီးမှသုံးသင့်ပါတယ်။

Richard Myo Thant
12-July-2021

Address

Yangon

Telephone

+959777793666

Website

Alerts

Be the first to know and let us send you an email when Zay Yone Gyi Mart posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Zay Yone Gyi Mart:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram