26/10/2024
သွေးတိုးရောဂါအတွက် ဆရာမကြီး ရေးထားတဲ့ အပိုင်း ၃ ပိုင်းကို ကူးယူ ဖော်ပြလိုက်ပါတယ်။
ယနေ့ ကျန်းမာရေး ဗဟုသုတ ဒါန
သွေးတိုးရောဂါ အလွန် များလာသည့် ခေတ်မို့ သွေးပေါင်ချိန် တက်ရခြင်း၊ ရှောင်ရန်၊ ဆောင်ရန်တွေကို ဗဟုသုတ အဖြစ် တင်ပေးလိုက်ပါတယ်။
သွေးတိုး ရောဂါကို သဘာဝနည်းနဲ့ ချချင်သူများ အတွက်လည်း ဖြစ်ပါတယ်။
သွေးတိုးရောဂါ နှင့် မိတ်ဆွေ တစ်ဦး၏ မေးခွန်း
” ဆရာမ ကျနော်က ရန်ကုန်ကပါ အသက် ၂၅ နှစ် သွေးတိုးတာ ၁ နှစ် ရှိပါပြီ အပေါ် ၁၄၀ အောက် ၉၀။
ဆေးသောက်တုန်း ပုံမှန်ပါ amlong 5mg တနေ့ ၁ လုံးသောက်ပါတယ်။
ဆရာမ ကျနော်က ငယ်သေးတော့ ဆေးကို လုံးဝ မသောက်ချင်တာ ဘယ်လိုနည်းလမ်းနဲ့ ဖြတ်ရမယ် ဆိုတာ ဖြေကြားပေးပါ ”
အဖြေ
လူငယ်ပိုင်းမှာ သွေးတိုး၊ ဆီး ချို၊ ကိုယ်အလေးချိန် များနေခြင်းတွေ အလွန်ပဲ များလာကြပါတယ်။
ကျွန်မ မကြာသေးခင်ကပဲ လူရွယ်ပိုင်းမှာ လေဖြတ်နှုံး အတော် တက်လာတယ် ဆိုတဲ့ ဆောင်းပါးလေး တစ်ခုကို ပြန်ပြီး ဝေငှပေးလိုက်ပါသေးတယ်။
သွေးတိုး ရောဂါဟာ လူကြီး လူငယ် မရွေး ဖြစ်တတ်တာမို့ ဒီ ရောဂါ အကြောင်းကို နားလည်ဖို့ အရေးကြီးတယ်လို့ ထင်ပါတယ်။ အခု မြန်မာပြည်မှာ အလွန် အဖြစ်များတဲ့ ရောဂါလဲ ဟုတ်ပါတယ်။
သွေးတိုး ဘာကြောင့် ဖြစ်ရတယ်?
သွေးတိုးရခြင်း အကြောင်းတွေ အမျိုးမျိုး ရှိတဲ့ အထဲမှာ
၁. အဓိက အကြောင်းတစ်ခုကတော့ ခန္ဓာကိုယ်ထဲမှာ Insulin ဓာတ်နဲ့ leptin ဓာတ် များနေခြင်း ဖြစ်ပါတယ်။
Insulin ဆိုတာ ကဆီဓာတ် (carbohydrate) စားတဲ့အခါ Pancreas မှ ထွက်တဲ့ ဟော်မုန်း ဖြစ်ပါတယ်။
Leptin ဆိုတာကတော့ အစာ ထပ်ပြီး မစားဖို့ တင်းတိမ်စေတဲ့ ဟော်မုန်းဓာတ် ဖြစ်ပါတယ်။ ဒီ ဟော်မုန်းကတော့ အဆီလွှာကနေ ထုတ်တဲ့ ဟော်မုန်း ဖြစ်ပါတယ်။
High carbohydrate and processed food များ စားတဲ့ အခါမှာ ထွက်လာသော ဟော်မုန်းတွေ ဖြစ်ကြပါတယ်။
ဒီ ဓာတ်နှစ်မျိုး တက်လာတာနဲ့ အမျှ သွေးပေါင်ချိန်ဟာလည်း တက်လာပါတယ်။
၂. Uric acid level တက်နေခြင်းဟာလည်း သွေးတိုးနဲ့ အတူ တွေ့ရတတ်ပါတယ်။ ဒါကြောင့်လဲ သွေးပေါင်ချိန်ကို ချဖို့ အရေးမှာ Insulin နဲ့ Uric acid level ကို ဂရုတစိုက် ပုံမှန် ဖြစ်သွားအောင် ကြိုးစားရမှာ ဖြစ်ပါတယ်။
သကြား၊ အထူးသဖြင့် fructose သကြား ပမာဏကို အထူးတလည် လျှော့ချလိုက်သည် ဖြစ်စေ ဖြတ်လိုက်သည် ဖြစ်စေ သွေးပေါင်ချိန်၊ insulin ဓာတ်၊ leptin ဓာတ်ပါ ကျသွားမှာ ဖြစ်ပါတယ်။
သွေးပေါင်ချိန် တက်ရခြင်း အကြောင်း နှစ်မျိုး ရှိပါတယ်။
Primary hypertension ဆိုတာ ၉၀ - ၉၅% လောက် လူတွေမှာ ဖြစ်ကြတာ ဖြစ်ပါတယ်။
Conventional ဆရာဝန်တွေ (အကျိုးကို ဦးတည်ပြီး ကုနေကြတဲ့ ဆရာဝန်) က အကြောင်းမရှိ လို့ အမြဲ ပြောလေ့ရှိတဲ့ Idiopathic hypertension ဆိုတာ ဖြစ်ပါတယ်။
သို့ပါသော်လည်း အကြောင်းမရှိပဲ အကျိုး တရား တစ်ခုဟာ ဖြစ်ပေါ်လာလေ့ မရှိပါ။
Functional medicine ဆရာဝန် (အကြောင်း အကျိုး ကုတဲ့ ဆရာဝန်) တွေ ပြောတာကတော့ သကြားဓာတ် အထူး သဖြင့် fructose သကြားဓာတ် များနေလို့ပါတဲ့။
၃. ကျန်တဲ့ ၅-၁၀% သော သွေးတိုးခြင်းဟာ နာတာရှည် အသည်း ရောဂါကြောင့် ဖြစ်ပါတယ်။ chronic liver disease.
ရှောင် ရန် တွေ က တော့
၁။ အချိုမှုံ့၊ ကြက်သားမှုံ့၊ Fructose သကြား၊ ရိုးရိုး သကြား (အလွန် အရေးကြီးသော အကြောင်း တစ်ခု)
၂။ ဆေးလိပ် သောက်ခြင်း
၃။ ငံပြာရည် (အခုခေတ် ငံပြာရည်တွေမှာ အချိုမှုံ့တွေ ပါလို့ ဖြစ်ပါတယ်)
၄။ ငပိ စိမှးစား
၅။ တရုပ် ငံပြာရေ
၆။ ပြုပြင်ပြီး အစာများ processed food
လိုက်နာရန်
၁. မိမိ၏ Fasting insulin level ကို တိုင်း ကြည့်ရမှာ ဖြစ်ပါတယ်။
မြန်မာပြည်မှာ သွေးဖောက်စစ်လို့ ရပါတယ်။ ရှိသင့်တဲ့ ပမာဏကတော့ 2-3 microU / ml ဖြစ်ပါတယ်၊
အကယ်၍ 5 and above ဆိုရင် ဆီးချို၊ သွေးတိုးနဲ့ သူ့ကြောင့် ဖြစ်လာမဲ့ နောက်ဆက်တွဲ ရောဂါတွေ မဖြစ်ရအောင် ချရမှာ ဖြစ်ပါတယ်။
ဓာတ်ခွဲခန်း အတော် များများက ပုံမှန် level ကို 5-25 microU/ml လို့ ရေးလေ့ ရှိကြပါတယ်။
ပုံမှန် insulin level range ဟာ ကိုယ့်အတွက် optimal level ရှိဖို့ အသင့်ဆုံးနဲ့ မတူပါ။
သွေးပေါင်ချိန်ဟာ 140/90 or 160/100 အထိလောက် ရှိနေသူတွေ အကယ်၍သာ အစားအသောက် အနေအထိုင်ကို အမှန်တကယ် ပြုပြင်နိုင်မယ် ဆိုရင် သွေးပေါင်ချိန် ချရန် ခေတ်မှီ ဆေးများ မှီဝဲဖို့တောင် မလိုဖူးလို့ ထင်ပါတယ်။
အခြား လိုအပ်တဲ့ သဘာဝဆေးတွေကိုလဲ သောက်ရမှာ ဖြစ်ပါတယ်။
သို့ပါသော်လည်း သွေးပေါင်ချိန် သိပ်တက်နေမယ်ဆိုရင်တော့ လေ မဖြတ်ရအောင် နဲ့ အခြား ပြဿနာများ မဖြစ်ရအောင် ချက်ချင်း ရုတ်တရက်ကြီး ဆေးတွေ conventional drugs ကို မဖြတ်သင့်ပါ။ တဖြေးဖြေး ကောင်းလာတဲ့ အခါကြတော့ ဖြတ်လို့ ရနိုင်ပါတယ်။
၂. ခန္ဓာကိုယ် ရောင်ကိုင်းခြင်း မဖြစ်အောင် antioxidants များ အလှမ်းမီမယ် ဆိုရင် သောက်သင့်ပါတယ်။
အထူးသဖြင့် CoQ10 ဟာ antioxidant ဖြစ်သည့်အပြင် သွေးပေါင်ချိန်လဲ ကျစေပါတယ်။ 200mg လောက် သောက်ကြည့်သင့်ပါတယ်။ ဒီမိတ်ဆွေ သောက်နေတဲ့ amlong သွေးချဆေးဟာ calcium channel blocker ဖြစ်ပါတယ်။
သူက သွေးကြော ကလာပ်စည်းထဲကို calcium တွေ အများကြီး မဝင်ရအောင် ထိန်းပေးထားတာ ဖြစ်ပါတယ်။
အများကြီး ဝင်မယ်ဆိုရင် သွေးပေါင်ချိန် တက်သည့်အပြင် နှလုံးခုန်တာလဲ ပုံမှန် မဟုတ် ဖြစ်တတ်ပါတယ်။ ဖြည့်စွက်စာ အနေနဲ့ သောက်သင့်ပါတယ်။
၃. သဘာဝ calcium channel blocker ကတော့ magnesium ဖြစ်ပါတယ်။
သဘာဝအားဖြင့် မြေကြီးထဲမှ ရှိပြီး အရွက်တွေ စားရင် ရနိုင်ပါတယ်။
သို့ပါသော်လည်း ပြောင်းလဲသွားသော ခေတ်မှာ မြေကြီးထဲက Magnesium ဓာတ် အလွန် နည်းသွားပြီ ဖြစ်တာကြောင့် လူတိုင်း လိုလိုမှာ ဒီ အလွန် အရေးကြီးတဲ့ သတ္တုဓာတ်ဟာ နည်းနေပါတယ်။
Magnesium ကို သောက်ဖို့ ရွေးချယ်တဲ့အခါ တတ်နိုင်ရင် Magnesium oxide ကို ရှောင်ရမှာ ဖြစ်ပါတယ်။ သူက အူမှ စုတ်ယူမှု သိပ် မကောင်းပါ။ ဝမ်းလျောတတ်ပြီး ဝမ်းထဲကနေ ပြန်ပါသွားတတ်ပါတယ်။
Magnesium citrate (or) malate (or) Glycinate ကတော့ သင့်တော်ပါတယ်။ သောက်သင့်တဲ့ dosage က တော့ 400 - 600 mg a day in divided doses ဖြစ်ပါတယ်။
၄. Omega 3 oil
Omega 3 oil ဟာ နှစ်မျိုး ရှိပါတယ်။
Plant based short chain fatty acids (ဥပမာ Flax seed, Avocado ကလာပ်စည်းစွမ်းအင် အတွက် အသုံးချ ပါတယ်)
Animal based long chain fatty acids အထူးသဖြင့် DHA ဟာ ကလာပ်စည်းရဲ့ တည်ဆောက်မှု အတွက် ဖြစ်ပါတယ်။ (ငါးမှ ရသော အဆီ)
Plant based omega3 နဲ့ animal based omega3 ရဲ့ အဓိက ခြားနားချက် ဖြစ်ပါတယ်။
၅. VitaminD ဟာလည်း သွေးပေါင်ချိန်ကို လျော့စေပါတယ်
၆. လေ့ကျင့်ခန်း မှန်မှန် လုပ်ပါ။
၇. ဆေးလိပ်သောက်ရင် ဖြတ်ပါ။
၈. မြေဓာတ် ယူပါ။
၉ . စိတ်ဖိစီးမှု လျော့ပါ။
၁၀. အစာ စားချိန် ချဲပေးလိုက်ပါ။ ခဏခဏ မစားသင့်ပါ။ Intermittent fasting
၁၁. အရွက် များများ စားပါ။
၁၂. အိမ်ချက် အစာများကိုသာ စားပါ။
၁၃. Thyroid hormone လုံလုံ လောက်လောက် ရှိနေပါစေ
သွေးတိုးရောဂါ ကုသမှုဟာ ကိုယ့်လက်ထဲမှာ ရှိတာမို့ ဒီရောဂါ မဖြစ်လာရအောင်၊ ဖြစ်နေရင်လဲ သက်သာသွားရအောင် ပြုပြင်လို့ ရတယ်ဆိုတာ တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။
သွေးတိုး ရောဂါ နောက်ဆက်တွဲ
သွေးပေါင်ချိန် ကျအောင် လူ အတော် များများဟာ Conventional drugs များကို မှီဝဲ သောက်သုံးနေကြပါတယ်။
အစားအသောက် အနေ အထိုင်ကို တိတိကျကျ သေသေချာချာ မပြင်နိုင်သူတွေကတော့ ဒီဆေးတွေ လိုမှာ အမှန်ပါပဲ။
ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ရမှာကတော့ ကိုယ့်ဘဝ အတွက် အစားအသောက်က အရေးကြီးဆုံးလား ဆိုတာပါပဲ
ကိုယ့်ရဲ့ ဘဝ အရည်အသွေး၊ မိသားစုနဲ့ ပျော်ပျော် ရွှင်ရွှင် နေထိုင်ရေးနဲ့ ဘာက ပိုပြီး အရေးကြီးတယ် ဆိုတာ ရွေးချယ်ရမှာ ဖြစ်ပါတယ်။
တဏှာထဲမှာ ရသတဏှာဟာ အတော် ဆိုးတာကတော့ အမှန်ပဲ ဖြစ်ပါတယ်။ သို့ပါသော်လည်း အမှတ်အသား ပြုပြီး မှတ်ထားတဲ့ သညာ စေတသိက်ကို ပြုပြင်လို့ ရတယ် ဆိုတာလဲ မမေ့လိုက်ကြပါနဲ့။
စားလဲ စားမယ်၊ တဖက်ကလဲ ဒီ ဓာတုဆေးတွေ သောက်မယ် ဆိုရင်တော့ အောက်ပါ အချက် အလက်များကို နားလည် သဘောပေါက်ရအောင် ရှင်းပြပါဦးမယ်။
ဓာတုဆေး conventional drugs တွေဟာ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ အာဟာရဓာတ်တွေ (nutrients, vitamins, supplements, minerals) တွေကို အဓမ္မ လုယူတတ်ပါတယ်။
ဒါကြောင့်လဲ ဒီဆေးတွေ သောက်တာ ကြာလာပြီ ဆိုရင် ဆေးကြောင့် ဖြစ်တဲ့ ရောဂါတွေ ထပ်ပေါ်လာပြီး ကုရ ခက်လာပါတယ်။
သွေးပေါင်ချိန် ကျဆေးတွေနဲ့ စပ်လျဉ်းပြီး အနည်းငယ် ဖော်ပြသွားမှာ ဖြစ်ပါတယ်။
၁. ACE inhibitors --------- captopril, enlapril, lisinopril, quinapril, ramipril, trandopril, fosinopril စသည်ဖြင့် ဖြစ်ပါတယ်။
ဒီဆေးတွေဟာ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ zinc, magnesium, potassium calcium တွေကို လုယူတတ်ကြပါတယ်။
၂. Beta blockers - atenolol, metoprolol, timolol, nadolol, sotalol စသည်ဖြင့် ဖြစ်ပါတယ်။
ဒီဆေးတွေကြတော့ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ CoQ10 နဲ့ melatonin level ကို ကျဆင်းစေပါတယ်။
၃. Calcium channel blockers ----- nifedipine, felodipine, verapamil, diltiazem, amlodipine စသည်ဖြင့် ဖြစ်ပါတယ်။
ဒီဆေးတွေဟာ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ potassium, vitaminD, calcium and CoQ10 level ကို ကျဆင်းစေပါတယ်။
၄. Clonidine , methyldopa ----- CoQ10 level ကို ကျဆင်းစေပါတယ်။
၅. ဆီးဆေးများ diuretics ------ B vitamins, vitaminC, zinc, calcium, magnesium, potassium တွေကို ကျဆင်းစေပါတယ်။
ဒီဆေးတွေကို ကြာကြာ သောက်လေ ခန္ဓာကိုယ်ထဲမှ အလုပ်လုပ်ဖို့ ကုန်ကြမ်းတွေ လျော့ပါးကုန်လေ ဖြစ်တာကြောင့် ခန္ဓာကိုယ်ဟာ ကောင်းကောင်း အလုပ် မလုပ်နိုင်တော့ပါ။
အလုပ် မလုပ်နိုင်တော့တဲ့အခါ ရောဂါ လက္ခဏာ မျိုးစုံ ဝင်ပြီ ဖြစ်ပါတယ်။
ဆရာဝန်နဲ့ ပြပြန်ရင်လည်း အကျိုးတွေကိုသာ ဦးတည်ပြီး ကုလေ့ ရှိတာမို့ ဆေးမျိုးစုံ ထပ်ပြီး ပေးပြန်တယ်။
ဒီလိုနဲ့ပဲ လူနာတွေဟာ ရောဂါ သံသရာမှာ တဝဲလယ်လယ် ဖြစ်နေကြပါတယ်။
ဒီဆေးတွေ သောက်ရင်းနဲ့ပဲ ဥဏှောက် သွေးကြောတွေ ပိတ်၊ ပြတ်တဲ့ လူတွေ၊ နှလုံးသွေးကြော ပိတ်တဲ့လူတွေ၊ ကျောက်ကပ် ပျက်စီးသွားတဲ့ လူတွေ နဲ့ စုံလို့ပါပဲ။
လူဆိုတာ ဘာမဆို ကိုယ်ပိုင်ဥာဏ်နဲ့ ဆုံးဖြတ်ခွင့် ရှိပါတယ်။
သေသေချာချာ စဉ်းစားကြည့်ပြီး ကိုယ်နဲ့ အဆင်ပြေမဲ့ လမ်းကို လျှောက်ရုံပဲ ဖြစ်ပါတယ်။
အရေးကြီးတာက ကျန်းမာရေး ဗဟုသုတတွေနဲ့ ပြည့်စုံမယ် ဆိုရင် လမ်းမှန်ကို လျှောက်ဖို့ လမ်းက ပိုများမယ်လို့ ထင်ပါတယ်။
သွေးတိုးရောဂါ နဲ့ ကျွန်မ၏ အတွေ့အကြုံ
ကျွန်မမှာလည်း အရင်နှစ်တွေများက သွေးတိုးရောဂါ ရှိခဲ့ဖူးပါတယ်။
အများနည်းတူ ကျွန်မလဲ ဆရာဝန် နဲ့ ပြပြီး conventional ဆေးတွေ မှီဝဲခဲ့ဖူးပါတယ်။
အဲဒီ အချိန်တုန်းက သွေးပေါင်ချိန် ထိန်းနိုင်ဖို့ အရေး ဆေး သုံးမျိုး သောက်ရပါတယ်။ Ace inhibitor, beta blocker, and diuretic စုံလို့ပါပဲ။
သို့ပါသော်လည်း ခွန်အားလည်း သိပ်မရှိ၊ သိပ်မမြင့်လှတဲ့ အိမ်ပေါ် ထပ် တက်ရင်တောင် မောနေ၊ ကြွက်သားတွေ အားမရှိတဲ့ အပြင် အလွန်လည်း နာနေပါတယ်။
ကားပေါ် အဆင်း အတက်တောင် သိပ် အဆင် မပြေလှပါ။ တစ်ခါတရံ ကိုယ့်ခြေထောက်ကို လက်နှစ်ဖက်နဲ့ ဆွဲတင်ပြီး မ ရတဲ့ အထိပါပဲ။
ဆရာဝန်ကိုလည်း မေးကြည့်မိပါတယ်။ သောက်နေတဲ့ ဆေးတွေရဲ့ ဘေးထွက် ဆိုးကျိုးတွေလား ဆိုတာလေ။
သို့ပါသော်လည်း ဆရာဝန်က တိတိကျကျ အဖြေ မပေးနိုင်ခဲ့ပါ
ကျွန်မလဲ ကိုယ် ခံစားနေရတာတွေကို စိတ်ရှုပ်တာနဲ့ပဲ စာတွေကို စပြီး ဖတ်ဖြစ်ပါတော့တယ်။
တဖြေးဖြေး ဖတ်ရင်းနဲ့ သိလာတာမို့ ကိုယ့် ကျန်းမာရေးကို ကိုယ့်ဖာသာ ကိုယ်ပဲ တာဝန်ယူမယ်လို့ စိတ်ကူးလိုက်ပါတယ်
သဘာဝ ဖြည့်စွက်ဆေးတွေ၊ ဗီတာမင်တွေ သောက်ပြီး ဆေးသုံးမျိုးကို တစ်ခုပြီးတစ်ခု ဖြေးဖြေးချင်း ဖြတ်ချလိုက်တာ နောက်ဆုံးမတော့ သဘာဝဆေးတွေနဲ့ သွေးပေါင်ချိန်ကို ထိန်းလို့ ရသွားပါတယ်။
စာလဲ ဖတ်ဖြစ်သွားပြီး တစတစ နဲ့ အရင်က မသိ နားမလည်ခဲ့တဲ့ ကျန်းမာရေး ဗဟုသုတတွေနဲ့ ပြည့်စုံလာပါတယ်။
ကိုယ်တွေ့လဲ စမ်းထားတာမို့ ပိုပြီး ယုံကြည်လာပါတယ်။
အဘိဓမ္မာပါ သင်လိုက်တော့ အကြောင်း အကျိုး ဆက်စပ်ပြီး စဉ်းစား တတ်တဲ့ ပညာ တစ်မျိုးပါ ထပ်တိုးလာပါတယ်။
ကျွန်မက အစားအသောက်ကို လုံးဝ ပြောင်းပြစ်လိုက်ပါတယ်။ ပြောင်းလို့ ရမှန်းလဲ တဖြေးဖြေး သိလာပါတယ်။
ဘယ်လောက်ပဲ ဗီတာမင်တွေကို သောက်သောက် အစား အသောက် အနေအထိုင်ကို မပြုပြင်လျှင် သွေးပေါင်ချိန်ကို လုံးဝ မထိန်းနိုင်ပါ။
အခုတော့ အရင်က လုပ်ဖို့ ခဲယဉ်းခဲ့တာတွေ ပြန် လုပ်နိုင်သွားပါပြီ။ ကျန်းမာရေးဟာလဲ အရင်ကထက် စာရင် ပိုပြီး ကောင်းလာတယ်လို့ ထင်ပါတယ်။
မိတ်ဆွေတွေ အားလုံးလဲ ကျန်းမာရေး ဗဟုသုတတွေနဲ့ ပြည့်စုံကြပြီး မိမိ ခန္ဓာကိုယ်ကို ထမ်းဆောင်နိုင်ကြပါစေ။
crd a better health