ရွှေမျိုးရွှေနွယ် အထွေထွေရောဂါ နှင့် အရိုး အကြော အဆစ် အထူးကုဆေးခန်း

  • Home
  • Myanmar
  • Yangon
  • ရွှေမျိုးရွှေနွယ် အထွေထွေရောဂါ နှင့် အရိုး အကြော အဆစ် အထူးကုဆေးခန်း

ရွှေမျိုးရွှေနွယ် အထွေထွေရောဂါ နှင့် အရိုး အကြော အဆစ် အထူးကုဆေးခန်း အထွေထွေရောဂါ နှင့် အရိုး အကြော အဆစ

07/04/2025
15/03/2025

ကြိုတင်ကာကွယ်အပူဒဏ်အန္တရာယ်

ကျန်းမာရေးဝန်ကြီးဌာန

MFG media

 #သွေးလေးဖက်နာရောဂါလက္ခဏာနှင့်သတိပြုစရာများမနက်အိပ်ရာနိုးတာနဲ့ “အဆစ်အမြစ်တွေနာကျင်လိုက်တာ လှုပ်တောင်မလှုပ်ချင်ဘူး” အဲလို...
05/02/2025

#သွေးလေးဖက်နာရောဂါလက္ခဏာနှင့်သတိပြုစရာများ

မနက်အိပ်ရာနိုးတာနဲ့ “အဆစ်အမြစ်တွေနာကျင်လိုက်တာ လှုပ်တောင်မလှုပ်ချင်ဘူး” အဲလိုမကြာခဏဖြစ်နေပြီဆိုရင် ဘာကြောင့်လဲဆိုတာ အမြန်ဆုံး အဖြေရှာဖို့လိုမယ်နော်။

အဆစ်အမြစ်တွေနာကျင်ကိုက်ခဲနေရင် အရင်ဆုံးတွေးမိတာက လေးဖက်နာလား၊ ဂေါက်ရောဂါ (Gout) လား၊ ဒါမှမဟုတ် လှုပ်ရှားမှုများလို့ပဲ နာကျင်ကိုက်ခဲတာလားပေါ့။

အဲဒီလိုဒွိဟဖြစ်နေပြီဆိုရင် မိမိကိုယ်ကိုဆန်းစစ်ပြီး စောစောကုသမှုခံယူနိုင်အောင် စောစောကုလေ အကျိုးရှိလေဖြစ်တဲ့ သွေးလေးဖက်နာရဲ့ရောဂါလက္ခဏာလေးတွေအကြောင်းကို ပြောပြပေးသွားပါမယ်။

လေးဖက်နာလို့ အရပ်သုံး အလွယ်တကူပြောကြပေမဲ့

အဆစ်အမြစ်နာကျင်ကိုက်ခဲပြီး အချိန်ကြာလာတာနဲ့အမျှ အရိုးအဆစ်တွေ ကောက်ကွေးလာတတ်တာဟာ သွေးလေးဖက်နာ (Rheumatoid Arthritis-RA) ပဲဖြစ်ပါတယ်။

မိမိကိုယ်ခံအားစနစ်က မိမိခန္ဓာကိုယ်ရဲ့ အရိုးအဆစ်တွေကို ရန်သူအထင်နဲ့မှားပြီးပြန်တိုက်လို့ Autoimmune Disorder ရောဂါတစ်မျိုးဖြစ်ပြီး အရိုးနှစ်ခုကြားက Synovial Membrane လို့ခေါ်တဲ့ အရည်အိတ်အမြှေးပါးတွေကို ပြန်တိုက်တာလို့ ယူဆကြပါတယ်။ ဒီလိုအရိုးအဆစ်ကြားက အမြှေးပါးတွေတိုက်ခိုက်ခံရတဲ့အတွက် အရိုးအဆစ်နဲ့နီးတဲ့အရိုးနဲ့ အရိုးနုတွေပါ ထိခိုက်ပျက်စီးလာခြင်းဖြစ်ပါတယ်။

သွေးလေးဖက်နာဟာ ကျန်တဲ့အဆစ်အမြစ်ကိုက်ခဲတဲ့ရောဂါတွေနဲ့ ရောဂါလက္ခဏာကွဲပြားမှုရှိတဲ့အပြင် ကုသမှုမခံယူရင် အချိန်ကြာလာတာနဲ့အမျှ ပိုဆိုးလာပြီးလမ်းမလျှောက်နိုင်တော့ဘဲ အိပ်ရာထဲလဲတဲ့အထိ ဖြစ်နိုင်တဲ့အတွက် ဂရုတစိုက်ကုသဖို့လိုပါတယ်။

ကျန်တဲ့လူသိများတဲ့ လေးဖက်နာတွေကတော့ ပိုးကြောင့်ဖြစ်ပြီး နှလုံးအဆို့ရှင်ပျက်စီးတဲ့အထိ ဖြစ်တတ်တဲ့ ပိုးလေးဖက်နာ (Rheumatic Fever-RF) နဲ့ အရေပြား (အဓိက မျက်နှာ) မှာ အနီကွက်တွေထွက်ပြီး ကိုယ်အင်္ဂါတော်တော်များများကို အတိုက်ခိုက်ခံရတဲ့ အရေပြား လေးဖက်နာ (Systemic Lupus Erythematosus-SLE) တို့ဖြစ်ပါတယ်။

သွေးလေးဖက်နာရဲ့ အဓိကအတိုက်ခိုက်ခံရတဲ့နေရာဟာ အထက်မှာဖော်ပြထားခဲ့သလို အရိုးအဆစ်တွေဖြစ်ပါတယ်။ အစပိုင်းမှာတော့ သေးငယ်တဲ့အရိုးအဆစ်လေးတွေဖြစ်တဲ့ လက်ချောင်း ခြေချောင်းအဆစ်လေးတွေဟာ အရင်ဆုံးအတိုက်ခိုက်ခံရပါတယ်။၊ အိပ်ရာနိုးနိုးချင်းမှာ လက်ချောင်း၊ ခြေချောင်းလေးတွေဟာ တစ်နာရီကျော်ကြာအောင်နာကျင်ကိုက်ခဲနေတတ်ပါတယ်။ တစ်ခါတစ်ရံ ပူနွေးရောင်ရမ်းနေတတ်ပြီး တောင့်တင်းကာ ကွေးဆန့်ရခက်ခဲနေတတ်ပါတယ်။ ကိုက်ခဲမှုဟာ လှုပ်ရှားမှုလုပ်ပြီးတဲ့အခါမှာ ပိုသက်သာလာတတ်ပါတယ်။ ဒီလိုဖြစ်နေတာ အနည်းဆုံး (၆) ပတ်ကျော်ပြီဆိုရင် သွေးလေးဖက်နာဖြစ်ဖို့များပါတယ်။

နောက်တစ်ခုက သွေးလေးဖက်နာဟာ အရိုးအဆစ်တစ်ခုထက်ပိုပြီး နာကျင်ကိုက်ခဲပါတယ်။ ဘယ်၊ ညာနှစ်ဖက်လုံးတူညီတဲ့ အဆစ်တွေတစ်ပြိုင်တည်းနာကျင်ကိုက်ခဲတတ်ပါတယ်။ တစ်ခါတစ်ရံ ဘာမှမဖြစ်သလို သက်သာနေတတ်ပေမဲ့ Flare-up လို့ခေါ်တဲ့ ရုတ်တရက်ရောဂါကြွချိန်မှာတော့ တော်တော်လေး နာကျင်ကိုက်ခဲတတ်ပါတယ်။ တခြားဖြစ်တတ်တဲ့လက္ခဏာတွေကတော့ မောပန်းလွယ်တာ၊ ချည့်နဲ့တာ၊ ဖျားတာ အစားအသောက်ပျက်တာတွေ ဖြစ်ပါတယ်။၊

သွေးလေးဖက်နာဟာ ပျောက်ကင်းအောင်ကုသလို့မရတဲ့ နာတာရှည်အဆစ်အမြစ်ရောင်ရောဂါ ဖြစ်တဲ့အတွက် အချိန်ကြာလာတာနဲ့အမျှ အဆစ်ကြီးတွေပါအတိုက်ခိုက်ခံရပါတယ်။ သေသေချာချာကုသမှုမခံယူရင် စောလျင်စွာပဲ အရိုးအဆစ်တွေဟာ ပုံသဏ္ဍာန်ပျက်ယွင်းလာပြီး မိမိရဲ့ နေ့စဥ်လုပ်ငန်းဆောင်တာတွေပါ မလုပ်နိုင်တော့ပဲ ပိုဆိုးလာရင်အိပ်ရာထဲလဲတဲ့အထိ ဖြစ်နိုင်ပါတယ်။ ပုံသဏ္ဍာန်ပျက်ယွင်းလာရင် လက်ချောင်း၊ ခြေချောင်းလေးတွေဟာ တည့်တည့်မတ်မတ်မဟုတ်တော့ဘဲ ယိုင်နဲ့သွားမယ် ။ ဒါမှမဟုတ် Z ပုံသဏ္ဍာန်ကောက်ကွေးလာမယ်။ အဲဒီအခါ ဘောပင်ကိုင်ရခက်တာ၊ ကြယ်သီးတပ်ရခက်တာတွေ ဖြစ်လာတတ်ပါတယ်။

အဆစ်ကြီးတွေဖြစ်တဲ့ လည်ပင်းအဆစ် ၊လက်ကောက်ဝတ်၊ တံတောင်ဆစ်၊ ပခုံးဆစ်၊ ခြေချင်းဝတ်၊ ဒူးဆစ်တွေဟာ အလားတူနာကျင်ကိုက်ခဲလာပြီး အချိန်ကြာလာတာနဲ့အမျှ ပုံသဏ္ဍာန် ပျက်ယွင်းလာတတ်ပါတယ်။ အကွေးအဆန့်ခက်ခဲတဲ့အတွက် ခေါင်းဖြီးတာ၊ ရေချိုးတာ၊ လမ်းလျှောက်တာ စတဲ့နေ့စဥ်လှုပ်ရှားမှုတွေကိုပါ အနှောင့်အယှက်ပေးလာတတ်ပါတယ် ။

တစ်ခါတစ်ရံ အဆစ်တွေရဲ့ဘေး အရေပြားအောက်မှာ Rheumatoid ‌Nodules လို့ခေါ်တဲ့ အသားမာလိုအဖုအထစ်တွေလည်း ထွက်လာတတ်ပါတယ်။ အဖုရဲ့အလယ်က ချိုင့်ဝင်ပြီးအနာဖြစ်တဲ့အထိ ဖြစ်တတ်ပါတယ်။ အချိန်ကြာလာပြီး သေချာမကုသရင်တော့ အရိုးအဆစ်အပြင် မျက်လုံး၊ အဆုတ်၊ အရေပြား၊ သွေးကြော၊ နှလုံး ၊အာရုံကြော၊ တံတွေးအကြိတ်၊ ဗေလုံး စတာတွေပါအတိုက်ခိုက်ခံရပါတော့တယ်။

အဲဒီအခါမှာ အဆုတ်လေပြွန်ရောင်တဲ့အတွက် ချောင်ဆိုးတာ ၊အသက်ရှုကျပ်တာ၊ မျက်သားတွေရောင်ရမ်းတဲ့အတွက် မျက်လုံးခြောက်တာ၊ မျက်လုံးဝါးပြီး ကြည့်ရအဆင်မပြေတာ၊ သွေးကြောကျဥ်းစေတဲ့အတွက် နှလုံးသွေးကြောကျဥ်းတာ ရင်ဘတ်အောင့်တာ၊ လေဖြတ်တာ၊ နှလုံးရေဝိုင်းလို့ မောတာ၊ အာရုံကြောတွေပျက်စီးတဲ့အတွက် လက်ချောင်း၊ ခြေချောင်းတွေထုံကျဉ်တာ၊ ဗေလုံးကြီးတဲ့အတွက် သွေးဖြူဥ၊ သွေးနီဥ အားနည်းတာ၊ အရိုးတွေပျက်စီးလာတဲ့အတွက် အရိုးပွတာ၊ အရိုးကျိုးလွယ်တာ စတဲ့နောက်ဆက်တွဲဝေဒနာတွေ ခံစားရတတ်ပါတယ်။

အကြောင်းရင်း အတိအကျမသိပေမဲ့ အသက်အရွယ်၊ ကျား၊မ မရွေးဖြစ်တတ်တဲ့ သွေးလေးဖက်နာဟာ ဘယ်လိုလူတွေအဖြစ်များလဲကြည့်ရအောင်နော်။

၁) လူလတ်ပိုင်း (အသက် ၄၀ မှ ၆၀ကြား)

၂) အမျိုးသမီး

၃) ဆေးလိပ်သောက်သုံးသူ

၄) သွေးလေးဖက်နာ မျိုးရိုးရှိသူ

၅) အလုပ်အကိုင် (Asbestos/Silica)တို့လိုအမှုန်တွေနဲ့ အထိအတွေ့များတဲ့လုပ်ငန်းခွင်)

အထက်ကဖော်ပြထားတဲ့လက္ခဏာတွေ ခံစားနေရတဲ့အပြင်မိမိဟာ ဖြစ်နိုင်ခြေများတဲ့ (High risk) အုပ်စုထဲပါနေပြီဆိုရင်တော့ စောလျင်စွာဆရာဝန်နဲ့သေချာတိုင်ပင်ပြီး ကုသမှုခံယူဖို့လိုပါမယ်။

ရောဂါလက္ခဏာတွေကတစ်ဆင့် သွေးစစ်တာ (ဥပမာ RF, Anti-CCP, ESR, CRP, etc.) ၊အရိုးဓာတ်မှန်ရိုက်တာ၊ အာထရာဆောင်း (USG) နဲ့ MRI ရိုက်တာ စတာတွေကတစ်ဆင့် အရိုးပျက်စီးခြင်းကြောင့်ဖြစ်တဲ့ အရိုးနှစ်ခုကြားက Space ပျောက်ပြီးအရိုးပုံသဏ္ဍာန်ပျက်ယွင်းနေခြင်း၊ အရိုးဘေးက Tissue များ ရောင်ရမ်းနေခြင်းနှင့် နောက်ဆက်တွဲဆိုးကျိုးတွေကြောင့် ကိုယ်အင်္ဂါပျက်စီးမှုရှိမရှိ စတာတွေကို သိနိုင်ပါတယ်။ ဒါ့ပြင် သွေးလေးဖက်နာမဟုတ်ပါကလည်း အလားတူရောဂါများ (ဥပမာ-SLE, Psoriatic Arthritis, Fibromyalgia) စသည်တို့ကို သိရှိပြီးကုသနိုင်ပါတယ်။

ရောဂါဖြစ်ပွားမှု နှင့် ရောဂါကြောင့်ဖြစ်တဲ့ဆိုးကျိုးတွေကို လျှော့ချဖို့ဆိုရင်တော့ ရောဂါဖြစ်နိုင်ခြေများတဲ့ အကြောင်းရင်းထဲကမှ ဆေးလိပ်ဖြတ်တာ၊ လုပ်ငန်းခွင်ပြောင်းလဲတာမျိုးလုပ်ရပါမယ်။ နောက်တစ်ခုက သွေးလေးဖက်နာ ရောဂါရှိတဲ့သူတွေဟာ နာကျင်မှုလျော့ကျစေဖို့နဲ့ မိမိတို့နေ့စဥ်လုပ်ငန်းဆောင်တာတွေကို မထိခိုက်အောင် နေ့စဥ်လေ့ကျင့်ခန်း မှန်မှန်လုပ်ပေးသင့်ပါတယ်။ အရမ်းနာကျင်ကိုက်ခဲနေတဲ့အချိန် (Flare-up) မျိုးမှာတော့ ကောင်းကောင်းအနားယူဖို့လိုအပ်ပါတယ်။

အရိုးအဆစ်တွေရောင်ရမ်းပြီး ပုံသဏ္ဍာန်ပျက်ယွင်းမှုရှိနေရင်လည်း ပိုဆိုးမလာအောင်နဲ့ နေ့စဥ်လုပ်ငန်းဆောင်တာများ လုပ်ဆောင်နိုင်အောင် အရိုး၊ အကြောပြန်လည်သန်စွမ်းရေး (Physiotherapy) လုပ်တာ၊ Splint နဲ့ထိန်းတာတွေကို ဆရာဝန်နဲ့ တိုင်ပင်ပြီးပြုလုပ်သင့်ပါတယ်။ နေ့စဥ်ဘဝကိုဒုက္ခပေးတဲ့အထိ ပုံသဏ္ဍာန်ယိုယွင်းပြီးအရမ်းနာကျင်ကိုက်ခဲနေတယ်ဆိုရင်တော့ ခွဲစိတ်ဆရာဝန်နဲ့တိုင်ပင်ပြီး ခွဲစိတ်တာတွေလုပ်လို့ရပါတယ်။

မိမိကိုယ်ခံအားစနစ်က မိမိကို ပြန်လည်တိုက်ခိုက်တဲ့ရောဂါတွေဟာ ခန္ဓာကိုယ်ထဲ ရောဂါပိုးဝင်ရောက်တဲ့အခါ၊ ဒါမှမဟုတ် မိမိနဲ့ဓာတ်မတည့်တဲ့ အစားအသောက်တွေ စားမိတဲ့အခါမျိုးမှာ ပိုဆိုးလာတတ်တာဖြစ်တဲ့ ရောဂါအလွယ်တကူမဝင်အောင် (ဥပမာ-တုပ်ကွေးရာသီမှာ တုပ်ကွေးကာကွယ်ဆေးထိုးတာ)၊ မိမိနဲ့ ဓာတ်မတည့်တဲ့ အစားအသောက်တွေရှောင်တာ (ဥပမာ-Food Antigen များတဲ့ ပုစွန်၊ ကြက်သား၊ ခြေလေးချောင်းသား၊ နို့နဲ့ နို့ထွက်ပစ္စည်း၊ ကြက်ဥ) စတာတွေကို မိမိနဲ့တည့်၊ မတည့် ဆင်ခြင်ပြီး စားသုံးသင့်ပါတယ်။ နောက်ပြီး ဓာတ်တိုးဆန့်ကျင်မှုများတဲ့ အစားအစာတွေ (ဥပမာ – ပန်းဂေါ်ဖီစိမ်း၊ စတော်ဘယ်ရီ၊ စပျစ်သီး၊ ပဲအမျိုးမျိုးစသည်ဖြင့်) နှင့် ရောင်ရမ်းမှု လျော့ကျစေတဲ့ အစားအစာတွေ (ဥပမာ – မုန်ညင်းစိမ်း၊ ပူစီနံ၊ တရုတ်နံနံ၊ နနွင်း) စတာတွေကို စားသုံးပေးသင့်ပါတယ်။

နောက်ဆုံးတစ်ခုက သွေးလေးဖက်နာဟာ နာတာရှည်ရောဂါဖြစ်ပြီး နေ့စဥ်ဘဝနဲ့ အလုပ်အကိုင်အထိပါ အနှောင့်အယှက်ပေးတတ်တဲ့အတွက် စိတ်ဓာတ်မကျအောင်၊ ရောဂါပိုဆိုးမလာအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ၊ အကောင်းဆုံးဆင်ခြင်ပြီး သေသေချာချာကုသတာတွေ ပြုလုပ်သင့်ပါတယ်။ နာတာရှည်ရောဂါဖြစ်ပေမဲ့ ထိရောက်စွာကုသခြင်းဖြင့် ရောင်ရမ်းခြင်း၊ နာကျင်ကိုက်ခဲခြင်းတို့ကို သက်သာစေပြီး ရောဂါရဲ့နောက်ဆက်တွဲဆိုးကျိုးတွေ ဝင်ရောက်ခြင်းကို တားဆီးနိုင်၊ နှောင့်နှေးစေနိုင်ပါတယ်။

ဒီလိုမှမဟုတ်ဘဲ မိမိဘာသာအကိုက်အခဲပျောက်ဆေးသောက်တာ၊ ဆေးမြီးတို ဒါမှမဟုတ် အနှိပ်သည်တွေနဲ့ကုတာဟာ အချိန်ကြာလာတာနဲ့အမျှ ရောဂါကိုပိုဆိုးလာစေနိုင်တဲ့အပြင် သွေးလေးဖက်နာကို ကုသတဲ့ ဆေးများ (ဥပမာ-Steroids, NSAID, ကိုယ်ခံအားချပေးတဲ့ DMARDS) စတာတွေဟာ မှန်မှန်ကန်ကန်မသောက်သုံးရင် အသည်း၊ ကျောက်ကပ်ပျက်စီးစေနိုင်ပြီး အန္တရာယ်ရှိနိုင်တဲ့အတွက် အထက်ဖော်ပြပါ သွေးလေးဖက်နာရဲ့ရောဂါလက္ခဏာတွေရှိနေပြီ ဒါမှမဟုတ် နောက်ဆက်တွဲဆိုးကျိုးတွေဝင်ရောက်နေပြီဆိုရင်တော့ ဆရာဝန်နဲ့တိုင်ပင်ပြီး သေချာထိရောက်စွာကုသရန်အကြုံပြုလိုက်ရပါတယ်။



Author: Dr. ဆု

Reference:

Oxford Handbook Of Clinical Medicinehttps://en.m.wikipedia.org/wiki/Rheumatoid_arthritis

 #ရွှေမျိုးရွှေနွယ်ဆေးခန်းပိတ်ရက်မရှိပြန်လည်ဖွင့်လှစ်နေပါပြီရှင့်။ရဟန်းသံဃာတော်များ၊ သီလရှင်ဆရာကြီး/ဆရာလေးများကို အခမဲ့က...
12/06/2024

#ရွှေမျိုးရွှေနွယ်
ဆေးခန်းပိတ်ရက်မရှိပြန်လည်ဖွင့်လှစ်နေပါပြီရှင့်။

ရဟန်းသံဃာတော်များ၊ သီလရှင်ဆရာကြီး/ဆရာလေးများကို အခမဲ့ကုသပေးနေတာမို့ မိမိတို့လက်လှမ်းမီရာ ပြန်ညွှန်းပြီး ကုသိုလ်ယူပေးကြပါရှင့်

အထွေထွေရောဂါ အရိုး အကြော အဆစ်ရောဂါ နှင့် ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေး
အထူးကုဆေးခန်း

အခန်း (၁)
တိုက် (၄)
အရှေ့အောင်မြေသာစည်အိမ်ရာ
ဆင်ရေတွင်းမှတ်တိုင်အနီး
အမှတ် (၁) ရပ်ကွက်
ကမာရွတ်မြို့နယ်
ရန်ကုန်မြို့။
ဖုန်း - 09885501184
09964051184

12/07/2023

ဒူးနာရောဂါသက်သာဖို့
ဝိတ်လျှော့ကြပါစို့

အဝလွန်သူ/ဝဖြိုးသူတွေဟာ သာမန်လူတွေထက် ဒူးနာ/ဒူးကျီးပေါင်း
ဖြစ်နိုင်ချေ ပိုများပါတယ်ရှင့်

ဒါ့ကြောင့်
ဒူးနာရောဂါသက်သာဖို့
ဝိတ်လျှော့ကြပါစို့

being overweight or obese was approximately 2.5 and 4.6 times more likely to have knee OA than having normal weight.

အရိုး၊ အကြော၊ အဆစ်
ရောဂါများ နှင့်
အထွေထွေရောဂါများအတွက်

ဖုန်းကြိုတင်ဆက်၍ စုံစမ်းနိုင်ပါတယ်။
09885501184
09964051184

 #ဆေးခန်းပြန်ဖွင့်ပါပြီရှင့်ကြေငြာဖို့မေ့နေလို့ 😬။ ဝေးတဲ့မြို့နယ်တွေ၊နယ်အဝေးက ဖုန်းဆက်မေးတာတွေ များလာလို့ ဆေးခန်းဖွင့်ချ...
14/01/2021

#ဆေးခန်းပြန်ဖွင့်ပါပြီရှင့်
ကြေငြာဖို့မေ့နေလို့ 😬။ ဝေးတဲ့မြို့နယ်တွေ၊နယ်အဝေးက ဖုန်းဆက်မေးတာတွေ များလာလို့ ဆေးခန်းဖွင့်ချိန် တိတိကျကျလေး တင်ပေးလိုက်ပါတယ်။

နေ့စဉ် - နံနက် (၈)နာရီ မှ ည(၇:၃၀) ပိတ်ရက်မရှိပါ။
(ကိုဗစ်ကာလ အပြောင်းအလဲတွေရှိတတ်လို့ ဖုန်းဆက်မေးရင်ပိုသေချာတာပေါ့နော်။)

ဆေးခန်းအများစုကလည်း ပိတ်ထားဆဲမို့ အရိုး၊အကြော၊အဆစ် ရောဂါများအပြင် #အထွေထွေရောဂါများပါကုသပေးလျက်ရှိပါတယ်။ ဆေးရုံဆေးခန်းမသွားချင်သူများ၊ အပြင်မထွက်ချင်သူများအတွက် Online အသုံးပြု၍ ကျန်းမာရေးကိစ္စများတိုင်ပင်ဆွေးနွေးခြင်း၊ လိုအပ်သောဆေးဝါးပစ္စည်းများ Delivery ဖြင့်ပို့ဆောင်ပေးခြင်း၊ သွေးစစ်ခြင်း၊ ဆီးစစ်ခြင်း၊ သွေးပေါင်ချိန်ခြင်း၊ သွေးချိုစစ်ဆေးခြင်းတို့ကိုလည်း ဆောင်ရွက်ပေးနေပါတယ်။

အားလုံးကျန်းမာရွှင်လန်းကြပါစေရှင့်။

#ရွှေမျိုးရွှေနွယ်
အထွေထွေရောဂါ အရိုး အကြော အဆစ်ရောဂါ နှင့် ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေး
အထူးကုဆေးခန်း

အခန်း (၁)
တိုက် (၄)
အရှေ့အောင်မြေသာစည်အိမ်ရာ
ဆင်ရေတွင်းမှတ်တိုင်အနီး
အမှတ် (၁) ရပ်ကွက်
ကမာရွတ်မြို့နယ်
ရန်ကုန်မြို့။
ဖုန်း - 01538245
09964051184
09885501184

Viber- 09966745975

အရွယ်ရောက်သူတိုင်းစီဗစ်၅၀၀မီလီဂရမ်နေ့စဉ်သောက်သုံးခြင်းဖြင့်ကိုယ်ခံအားကိုမြှင့်တင်ပြီးရောဂါများကိုကာကွယ်ပါ။ဈေးအလွန်သက်သာ၊...
24/09/2020

အရွယ်ရောက်သူတိုင်း
စီဗစ်၅၀၀မီလီဂရမ်
နေ့စဉ်သောက်သုံးခြင်းဖြင့်
ကိုယ်ခံအားကိုမြှင့်တင်ပြီး
ရောဂါများကိုကာကွယ်ပါ။

ဈေးအလွန်သက်သာ၊ မြန်မာFDAအသိအမှတ်ပြု
Cevit 100mg အလုံးတစ်ရာပါတစ်ဘူး-2100ကျပ်
Cevit 500mg အလုံးသုံးဆယ်ပါတစ်ဘူး-3500ကျပ်

အများပြည်သူအတွက်လှူဒါန်းလိုသူများကို
အထူးဈေးနှုန်းဖြင့်ကုသိုလ်ယူရောင်းချပေးပါတယ်ရှင့်။

အားလုံးကျန်းမာပျော်ရွှင်အဆင်ပြေကြပါစေ။🙏🙏🙏

 #လူနာနှင့်ဆရာဝန်တစ်ယောက်မျက်နှာတစ်ယောက်ကြည့်၍ ❤️❤️❤️ #နွေးထွေးချစ်ခင်စွာဆွေးနွေးနိုင်ပါပြီ💜💜💜ဆေးခန်းပြန်လည်မဖွင့်သေးသော...
24/09/2020

#လူနာနှင့်ဆရာဝန်တစ်ယောက်မျက်နှာတစ်ယောက်ကြည့်၍
❤️❤️❤️
#နွေးထွေးချစ်ခင်စွာဆွေးနွေးနိုင်ပါပြီ
💜💜💜

ဆေးခန်းပြန်လည်မဖွင့်သေးသော်လည်း

ြင့်ဆရာဝန်များကိုယ်တိုင်အခမဲ့ဆွေးနွေးကုသပေးနေပါတယ်။ (10AM-7PM)

#ဆရာဝန်များအလှပြင်ချိန်ရအောင်တစ်နာရီကြိုတင်ဖုန်းဆက်စာရင်းသွင်းထားရပါမည်။😘

#ဒါမှသာဆွေးနွေးသည့်အချိန်_ဆရာဝန်_ဆရာဝန်မလေးများကိုလှပသပ်ရပ်စွာတွေ့မြင်ရမှာဖြစ်ပါတယ်😜

ဆွေးနွေးသူ၊ ဆေးမှာယူသူ အလွန်များပြားနေသည့်အတွက် တစ်ဦးလျှင်ငါးမိနစ်သာ အချိန်ပေးနိုင်သည်ကိုတော့ခွင့်လွှတ်ပေးစေချင်ပါတယ်။

Viber 09964200513/09966745975/ 09894025001

(သို့မဟုတ်)

ဆေးခန်းသို့လူနာရှင်မှ (လူနာခံစားနေရသောရောဂါဝေဒနာများကို) လာရောက်တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ (ဆေးရုံ၊ဆေးခန်းများတွင်ပြသထားသော ဆေးမှတ်တမ်းများယူဆောင်လာလျှင်ပိုအဆင်ပြေပါသည်။)

ဆေးများကိုလည်း ဆရာဝန်ညွှန်ကြားချက်ဖြင့် စနစ်တကျရောင်းချပေးလျက်ရှိပါတယ်။

#ဆရာဝန်နှင့်အခမဲ့ဆွေးနွေးတိုင်ပင်ပြီးနောက်
#ဆေးများကိုအိမ်တိုင်ရာရောက်ပို့ဆောင်ပေးနေပါတယ်။

အားလုံး ကျန်းမာ ချမ်းသာစွာဖြင့် ရောဂါဆိုးကြီးကို အောင်မြင်ကျော်လွှားနိုင်ပါစေ။

Address

Yangon
11041

Opening Hours

Monday 15:00 - 18:30
Tuesday 15:00 - 18:30
Wednesday 15:00 - 18:30
Thursday 15:00 - 18:30
Friday 15:00 - 18:30
Saturday 15:00 - 19:00
Sunday 15:00 - 19:00

Telephone

+959885501184

Website

Alerts

Be the first to know and let us send you an email when ရွှေမျိုးရွှေနွယ် အထွေထွေရောဂါ နှင့် အရိုး အကြော အဆစ် အထူးကုဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram