Aung Kaung San Clinic

Aung Kaung San Clinic Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Aung Kaung San Clinic, Medical and health, Yangon.

22/10/2024

Livovax B လိုချင်သူများဆက်သွယ်ပေးပါ
Plz CB
YGN

စိတ်ဖိစီးတာက သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်သလားစိတ်ပိုင်းဆိုင်ရာ ဖိစီးမှုနဲ့ ရုပ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေက ကျန်း...
28/09/2022

စိတ်ဖိစီးတာက သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်သလား

စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုနဲ့ ရုပ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေက ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ စိတ်ဖိစီးမှုက အိပ်ရေးပျက်တာကစလို့ နေ့စဉ်ဘဝမှာပါ အများကြီး သက်ရောက်နေပါတယ်။ စိတ်ဖိစီးမှုက ကျန်းမာရေးအပေါ် ထိခိုက်မှု များတယ်ဆိုတဲ့ အချက်တွေထဲမှာမှ ဆီးချိုရှိသူတွေနဲ့ ဆီးချိုဖြစ်မှာ စိုးရိမ်နေသူတွေ သိချင်နေလောက်မယ့် မေးခွန်းလေးတွေ ရှိနေနိုင်ပါတယ်။ ဒါကတော့ စိတ်ဖိစီးတာက သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်သလား ….. စိတ်ဖိစီးရင် ဆီးချိုရောဂါ ဖြစ်မှာလားဆိုတဲ့ မေးခွန်းတွေပါ။ ဒီမေးခွန်းလေးတွေရဲ့ အဖြေကို ဆောင်းပါးလေးထဲမှာ ဖော်ပြပေးထားတာမို့ ဖတ်ကြည့်လိုက်နော်။

ဆီးချိုရောဂါ
ဆီးချိုရောဂါ ဆိုတာ ခန္ဓာကိုယ်က စားလိုက်တဲ့ အစားအစာတွေကို စွမ်းအင်အဖြစ် ပြောင်းလဲမှု ဖြစ်စဉ်ကို ထိခိုက်စေတဲ့ နာတာရှည် ကျန်းမာရေးပြဿနာပါ။

ပုံမှန်အားဖြင့် ခန္ဓာကိုယ်က စားလိုက်တဲ့ အစားအစာတွေထဲက သကြားဓာတ်ကို ဖြိုခွဲပြီး သွေးကြောတွေထဲကို ပို့ဆောင်ပေးပါတယ်။ သွေးကြောတွေထဲကို ဖြိုခွဲထားတဲ့ အချိုဓာတ်တွေ ရောက်ရှိသွားတဲ့အခါ သွေးတွင်းသကြားဓာတ် မြင့်တက်လာပြီး ပန်ခရိယက အင်ဆူလင်ကို ထုတ်လုပ်ပေးပါတယ်။ အင်ဆူလင်က သွေးတွင်းသကြားဓာတ်ကို ခန္ဓာကိုယ်အတွက် စွမ်းအင်အဖြစ် အဓိကပြောင်းလဲပေးတဲ့အရာပါ။

ဆီးချိုရှိသူတွေမှာတော့ ခန္ဓာကိုယ်က အင်ဆူလင်ကို ကောင်းကောင်း မထုတ်လုပ်နိုင်သလို ထိထိရောက်ရောက်လည်း အသုံးမချနိုင်တော့ပါဘူး။ ဆီးချို ရေရှည်မှာ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကိုပါ ခံစားရစေနိုင်ပါတယ်။ ဆီးချိုရောဂါကို အချိန်ကြာမြင့်စွာ ခံစားရတဲ့အခါ ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ အနေနဲ့ နှလုံးရောဂါ၊ အမြင်အာရုံ ထိခိုက်တာ၊ ကျောက်ကပ်ရောဂါ စတာတွေကို ခံစားရနိုင်ပါတယ်။

စိတ်ဖိစီးတာက သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်သလား

စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေက ခန္ဓာကိုယ်အပေါ်ကိုရော ကျန်းမာရေးအပေါ်ကိုပါ နည်းအမျိုးမျိုးနဲ့ သက်ရောက်နေပါတယ်။ စိတ်ဖိစီးမှုရဲ့ ကျန်းမာရေးအပေါ် သက်ရောက်မှုတွေထဲက တစ်ခုကတော့ သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေတာပါ။

စိတ်ဖိစီးမှုကို အချိန်ကြာမြင့်စွာ ခံစားရတာက ခန္ဓာကိုယ်ရဲ့ ကော်တီစောလို့ခေါ်တဲ့ ဟော်မုန်း ထုတ်လုပ်မှုကို မြင့်တက်စေနိုင်ပါတယ်။ စိတ်ဖိစီးမှုဖြစ်တဲ့အခါ ထွက်လာတတ်တဲ့ ဟော်မုန်း တစ်မျိုးပါ။

ကိုယ်တွင်းမှာ ကော်တီစောဟော်မုန်း ပမာဏ များလာတာက ပန်ခရိယရဲ့ အင်ဆူလင် ထုတ်လုပ်မှုကို ကျဆင်းစေပါတယ်။ အင်ဆူလင်က သွေးကြောတွေထဲက သကြားဓာတ်တွေကို ဆဲလ်တွေထဲကို ရောက်ရှိစေပြီး စွမ်းအင်အဖြစ် ပြောင်းလဲဖို့ ထောက်ကူပေးပါတယ်။

ခန္ဓာကိုယ်က အင်ဆူလင်ကို ကောင်းစွာ မထုတ်လုပ်နိုင်တဲ့အခါ သွေးကြောတွေထဲမှာ သကြားဓာတ်တွေ ကျန်ရှိနေပြီး သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်ပါတယ်။

စိတ်ဖိစီးမှု သွေးတွင်းသကြားဓာတ် အပေါ်မှာ တိုက်ရိုက်အားဖြင့်ရော သွယ်ဝိုက်တဲ့ အားဖြင့်ပါ သက်ရောက်မှု ရှိနေပါတယ်။ ခံစားနေရတဲ့ ဆီးချိုရောဂါ အမျိုးအစားကို လိုက်ပြီး သက်ရောက်ပုံချင်းတော့ ကွာခြားနိုင်ပါတယ်။ စိတ်ဖိစီးမှုကို ကာလရှည်ကြာ ခံစားရမယ်ဆိုရင် ကော်တီစောပမာဏ မြင့်တက်ပြီး အင်ဆူလင် ထုတ်လုပ်မှု ပမာဏ ကျဆင်းလာနိုင်ပါတယ်။ ဒီအနေအထားက ဆီးချိုရှိသူတွေမှာ ရောဂါ အခြေအနေကို ပိုဆိုးစေနိုင်ပါတယ်။

စိတ်ဖိစီးတာက ဆီးချို ဖြစ်စေနိုင်လား
စိတ်ဖိစီးမှု တစ်ခုတည်းကြောင့်တော့ ဆီးချိုရောဂါ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် စိတ်ဖိစီးမှုနဲ့ အမျိုးအစား – ၂ ဆီးချိုကြားမှာ ဆက်စပ်မှုရှိနေတယ်ဆိုတဲ့ အထောက်အထားအချို့တော့ ရှိနေပါတယ်။

သုတေသီတွေကတော့ စိတ်ဖိစီးမှုကြောင့် ထွက်လာတဲ့ ကော်တီစောဟော်မုန်းတွေက အင်ဆူလင် ထုတ်လုပ်မှုကို အဟန့်အတားဖြစ်စေပြီး ပန်ကရိယက ကောင်းကောင်းအလုပ်မလုပ်နိုင်စေဖို့ အဟန့်အတားဖြစ်စေပါတယ်။

အင်ဆူလင် ထုတ်လုပ်မှု ပမာဏကို လျော့ကျသွားစေနိုင်ပါတယ်။ ဒီအနေအထားက အမျိုးအစား -၂ ဆီးချိုကို အစပျိုးစေတာပါ။

ကော်တီဟောဟော်မုန်း များလွန်းတဲ့သူတွေမှာ အမျိုးအစား -၂ ဆီးချို ဖြစ်စေနိုင်လားဆိုတာကိုတော့ လေ့လာမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။

စိတ်ဖိစီးမှု များတဲ့အခါ အစားတွေကို အလွန်အကျွံ စားတာကလည်း အမျိုးအစား -၂ ဆီးချို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းပါ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အလေ့အထတွေကို လိုက်မလုပ်ဖြစ်တာကလည်း အကြောင်းအရင်း တစ်ရပ် ဖြစ်နိုင်ပါတယ်။

စိတ်ဖိစီးတာက သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်သလား ဆိုတဲ့ အဖြေထွက်လောက်ပြီ ထင်ပါတယ်။

Credit hellosayarwon
Credit Photo from google

နှလုံးကျန်းမာစေဖို့ လိုက်နာသင့်တဲ့ အလေ့အထများ❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️နှလုံးက ရှင်သန်မှုအတွက် အရေးပါတဲ့ အစိတ်အပိုင်...
27/09/2022

နှလုံးကျန်းမာစေဖို့ လိုက်နာသင့်တဲ့ အလေ့အထများ

❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️

နှလုံးက ရှင်သန်မှုအတွက် အရေးပါတဲ့ အစိတ်အပိုင်းလေးပါ။ မနားမနေလုပ်ဆောင်နေတဲ့ အစိတ်အပိုင်းလေးပေါ့။ နှလုံးလေး ကျန်းမာမှလည်း နေ့စဉ်ဘဝကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာ ဖြစ်ပါတယ်။ နှလုံးက ရောဂါဖြစ်မှ စောင့်ရှောက်ရမှာ မဟုတ်ဘဲ မဖြစ်ခင်ကတည်းက သေချာလေး ကာကွယ်ထားတာက နည်းလမ်းကောင်းပါ။ ဒါကြောင့် နှလုံးကျန်းမာစေဖို့ နေ့စဉ်ဘဝမှာ လိုက်နာရမယ့် ရိုးစင်းတဲ့ နည်းလမ်းလေးတွေကို ပြောပြပေးသွားပါမယ်။

နှလုံးကျန်းမာစေဖို့ လိုက်နာသင့်တဲ့ အလေ့အထများ
နှလုံးကျန်းမာစေဖို့ လိုက်နာသင့်တဲ့ အလေ့အထများ ကတော့ အခုပြောပြမယ့် လွယ်ကူရိုးစင်းတဲ့ နည်းလမ်းလေးတွေပါ။

လေ့ကျင့်ခန်း လုပ်ပါ
လေ့ကျင့်ခန်း လုပ်ပါဆိုတာက နေ့တိုင်း ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်း လုပ်ရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ တစ်ပတ်ကို ၂ နာရီခွဲလောက် ကိုယ်လက်လှုပ်ရှားမှု ရှိစေချင်တာပါ။

ပြေးတာ၊ လမ်းလျှောက်တာ၊ gym ဆော့တာလိုမျိုး လေ့ကျင့်ခန်းတွေကို ဝင်လေထွက်လေ မှန်မှန်ရှူရင်း လုပ်ရမှာပါ။ လေ့ကျင့်ခန်း စလုပ်တဲ့အခါ နိုင်သလောက်ကနေ ဖြည်းဖြည်းချင်း စလုပ်ရမှာ ဖြစ်ပါတယ်။

အကျိုးမပြု ကိုလက်စထရော လျှော့ပါ
လေ့ကျင့်ခန်းက အကျိုးမပြုကိုလက်စထရောကို လျှော့ချဖို့ ထောက်ကူပေးပါတယ်။ ဒါပေမယ့်လည်း အစားစားတဲ့အခါမှာလည်း ပြည့်ဝဆီတွေကို လျှော့စားဖို့ လိုပါမယ်။ သွေးတွင်းကိုလက်စထရော မြင့်တာက နှလုံးကို ထိခိုက်စေနိုင်လို့ပါ။

ဒါကြောင့် တိရစ္ဆာန်ကနေ ရတဲ့ အဆီတွေကို မစားပါနဲ့။ တတ်နိုင်သမျှ လျှော့စားပါ။

သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ များများစားပါ
နေ့စဉ် စားသုံးမှုမှာ လတ်ဆတ်တဲ့ သစ်သီးတွေ၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ များများ ပါဝင်အောင် စားသုံးပေးပါ။ ကိုက်လန်၊ ပန်းဂေါ်ဖီစိမ်း၊ ပန်းသီး၊ ခရမ်းချဉ်သီး၊ ကညွတ်၊ ငရုတ်ပွ၊ မုန်လာဥနီ စတာတွေကို စားပေးဖို့ လိုပါမယ်။

ပုံမှန် သွေးပေါင် ချိန်ပါ
တစ်ခါတလေမှာ သွေးပေါင်ချိန် တက်နေတာက လက္ခဏာ မပြဘဲ တက်နေတာမျိုး ဖြစ်နိုင်ပါတယ်။ သွေးပေါင်ချိန် တက်တာက နှလုံးကို အတော်လေး ထိခိုက်စေနိုင်ပါတယ်။

ဒါကြောင့် ပုံမှန် သွေးပေါင်ချိန်လေးတိုင်းပြီး အစားအသောက်ကို ထိန်းညှိတာ၊ လေ့ကျင့်ခန်း လုပ်တာ၊ လိုအပ်တဲ့ ကုသမှု ခံယူတာ၊ ဆေးသောက်တာတွေကို သေချာလေး ဂရုစိုက်ပေးဖို့ လိုပါမယ်။ ဒါမှ နှလုံးလေးက ကျန်းမာမှာပါ။

ကိုယ်အလေးချိန် ထိန်းပါ
အဝလွန်တာက၊ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် များနေတာက နှလုံးရောဂါ ဖြစ်နိုင်ခြေ များစေပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်ကို ရှိသင့်တဲ့ ပုံမှန် ကိုယ်အလေးချိန် ရှိနေအောင် ထားဖို့ လိုပါမယ်။ BMI ကို သေချာလေး တွက်ချက်ထားတာမျိုးပေါ့။

ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ပိုင်ဆိုင်ထားတာက သွေးတွင်းကိုလက်စထရောကို ကျဆင်းစေပြီး သွေးပေါင်ချိန်ကိုလည်း အကောင်းဆုံး ထိန်းညှိနိုင်မှာဖြစ်လို့ နှလုံးလေးကို ကျန်းမာစေနိုင်မှာပါ။

သွေးတွင်းသကြားဓာတ်ကို ထိန်းပါ
ဆီးချိုရှိသူတွေက နောက်ဆက်တွဲ နှလုံးရောဂါ ခံစားရပြီး နှလုံးရောဂါနဲ့ သေဆုံးနိုင်ခြေ တော်တော်လေး များပါတယ်။ ဒါကြောင့် သွေးတွင်းသကြားဓာတ်ကို ပုံမှန် စစ်ဆေးပြီး ကျန်းမာတဲ့ အတိုင်းအတာထဲမှာ ရှိနေအောင် သေချာလေး ထိန်းဖို့ လိုပါမယ်။

ဒါကြောင့် အစားအစာတွေကို သေချာလေး ဂရုစိုက်တာ၊ လေ့ကျင့်ခန်း ပုံမှန်လုပ်တာ၊ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်မယ့် ကုသစစ်ဆေးမှုတွေကို ခံယူဖို့ လိုပါမယ်။

ဆေးလိပ်ဖြတ်ပါ
ဆေးလိပ်သောက်တာက ကျန်းမာရေးကို တော်တော်လေး ထိခိုက်စေနိုင်တာပါ။ ဆေးလိပ်ဖြတ်လိုက်မယ်ဆိုရင် စိတ်ရောကိုယ်ပါ ကျန်းမာလာမှာ ဖြစ်သလို နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျှော့ချနိုင်မှာပါ။

ဒါတင်မကသေးပါဘူး။ လေဖြတ်နိုင်ခြေကို လျှော့ချနိုင်မှာ ဖြစ်သလို အဆုတ်ရောဂါတွေနဲ့ ကင်ဆာ အတော်များများ ဖြစ်နိုင်ခြေကိုလည်း ထိထိရောက်ရောက် လျှော့ချနိုင်မှာပါ။

ခံတွင်း သန့်ရှင်းရေး ဂရုစိုက်ပါ
သွားကို ပုံမှန် တိုက်ပေးတာက သွားနဲ့ခံတွင်းကိုပဲ ကျန်းမာစေတာ မဟုတ်ပါဘူး။ နှလုံး ကျန်းမာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့ကို နှစ်ကြိမ် သွားတိုက်ပါ။ သွားပွတ်ကြိုးသုံးတာမျိုး လုပ်ပြီး ခံတွင်း သန့်ရှင်းရေးကို ဂရုစိုက်ပါ။

အိပ်ရေးဝဝ အိပ်ပါ
အိပ်ရေးဝဝ အိပ်တာက နှလုံးကျန်းမာစေဖို့ အရေးပါတဲ့ အချက် တစ်ချက်ပါ။ အိပ်ရေးမဝတာက နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။ တစ်ညကို အိပ်ချိန် ၆ နာရီထက် နည်းသူတွေမှာ လေဖြတ်နိုင်ခြေ နဲ့ ရုတ်တရက် နှလုံးရပ်နိုင်ခြေက ပုံမှန်ထက် ၂ ဆလောက် များနေတတ်ပါတယ်။

ဒါကြောင့် အိပ်ရေး ဝဝအိပ်တာကိုလည်း နှလုံး ကျန်းမာစေဖို့ လိုက်နာရမယ့် အလေ့အထလေးထဲကို ထည့်ထားဖို့ ပြောပါရစေ။ နှလုံးကျန်းမာစေဖို့ တစ်ညကို အိပ်ချိန် ၇ နာရီကနေ ၈နာရီကြား ရှိအောင် ဂရုစိုက်ပါ။

အထိုင် မများပါစေနဲ့
အထိုင်များတာက နှလုံးကို ထိခိုက်စေသလို ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ အထိုင်များတာက နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကို ခံစားရစေနိုင်ပါတယ်။

အထိုင်များတာက ရုတ်တရက် နှလုံးရပ်ပြီး သေဆုံးနိုင်ခြေကို မြင့်တက်စေနိုင်ပါတယ်။ ဒါကြောင့် တစ်နေကုန်မှာ ထိုင်နေတာမျိုး မလုပ်ဘဲ သင့်တင့်တဲ့ လှုပ်ရှားမှုလေးတွေ လုပ်ပါ။

Credit hellosayarwon
Credit Photo from google

အောင်ကောင်းစံ အထွေထွေရောဂါကုဆေးခန်းတွင် ∆သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး( အသက် ၉ နှစ် နှင့်အထက် အမျိုးသမီးများ)∆အသည်းရောင် ...
09/09/2022

အောင်ကောင်းစံ အထွေထွေရောဂါကုဆေးခန်းတွင်

∆သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး( အသက် ၉ နှစ် နှင့်အထက် အမျိုးသမီးများ)

∆အသည်းရောင် အသားဝါ B ပိုးကာကွယ်ဆေး

∆သန္ဓေတားဆေး (၃လခံ)

∆မေးခိုင်ကာကွယ်ဆေး

∆ခွေးရူးပြန် ကာကွယ်ဆေး စသည်တို့အား ဆရာဝန်မှ သေချာစွာတိုင်ပင်ဆွေးနွေး၍ ထိုးနှံပေးပါသည်။

26/08/2022

“လေဖြတ်ခြင်းသည် စောစီးစွာသိရှိကုသပါက ရာနှုန်းပြည့် ပြန်လည်ကောင်းမွန်လာနိုင်သော ရောဂါဖြစ်ပါသည်”

💢 လေဖြတ်ရောဂါသည်များအတွက် အရေးပေါ်သွေးခဲဖျော်ဆေးသွင်းခြင်းကုသမှု (rtPA Infusion – Recombinant Tissue-Type Plasminogen Activator Infusion) သည်

🧠 ဦးနှောက်သွေးကြောပိတ်၍ လေဖြတ်ခြင်းကိုသာ ကုသနိုင်သော စံကိုက်ကုထုံးတစ်ခုဖြစ်ပါသည်…

💢 rtPA သွေးခဲဖျော်ဆေး၏ ကောင်းကျိုးများ

rtPA ဆေးသွင်းကုသပြီး (၁) ရက်အတွင်းတွင် ၎င်း၏ကောင်းကျိုးရလဒ်များကို ချက်ချင်းတွေ့ရမည်မဟုတ်ပါ။ ဆေးမသွင်းထားသောလူနာများနှင့် နှိုင်းယှဉ်ပါက rtPA ဆေးသွင်းကုသထားသောလူနာများ၏ ၃၀% သည် (၃) လအကြာတွင် ကိုယ်တစ်ခြမ်းမသန်စွမ်းဖြစ်ခြင်း လုံးဝမကျန်တော့ဘဲ အနည်းငယ်သောလူနာများတွင်သာ ကျန်ရှိသည်ကိုတွေ့ရပါသည်။ လေဖြတ်ရောဂါ စတင်ခံစားရသည့် အချိန်မှစ၍ (၄) နာရီအတွင်း rtPA ဆေးသွင်းပါက လူ (၈) ယောက်တွင် (၁) ယောက်သည် အထက်ပါကောင်းကျိုးများ ရရှိနိုင်မည်ဖြစ်ပါသည်။

💢 rtPA သွေးခဲဖျော်ဆေး၏ ဘေးထွက်ဆိုးကျိုးများ

rtPA သွေးခဲဖျော်ဆေးကြောင့် ဦးနှောက်သွေးယိုစိမ့်မှုနှင့် အခြားသောသွေးယိုစိမ့်မှုများ ဖြစ်ပွားနိုင်ပါသည်။ သွေးယိုစိမ့်မှုဖြစ်နိုင်ချေသည် ဦးနှောက်သွေးကြောပိတ်သည့် ပမာဏကြီးမားမှုနှင့် သက်ဆိုင်ပါသည်။ ECASS III စမ်းသပ်ချက်များအရ rtPA သွေးခဲဖျော်ဆေးကို (၄) နာရီအတွင်း သွင်းခြင်းဖြင့် ဘေးထွက်ဆိုးကျိုးအနေဖြင့် သွေးယိုစိမ့်မှုဖြစ်နိုင်ချေများသည် အောက်ပါ ရာခိုင်နှုန်းအတိုင်းဖြစ်ပါသည်။

✅ လက္ခဏာမပြသော သွေးယိုစိမ့်မှု - ၁၉.၁%
✅ လက္ခဏာပြသော သွေးယိုစိမ့်မှု - ၇.၉%
✅ အသက်အန္တရာယ်မရှိနိုင်သော သွေးယိုစိမ့်မှု - ၇.၂%
✅ အသက်အန္တရာယ်ရှိသော သွေးယိုစိမ့်မှု - ၀.၇%

▫️▫️▫️▫️▫️▫️▫️▫️▫️▫️

💢 လေဖြတ်ရောဂါဆိုသည်မှာ ဦးနှောက်သို့ သွေးသွားလာမှု ရပ်ဆိုင်းသွားခြင်းကြောင့် ဖြစ်ပေါ်လာသော နောက်ဆက်တွဲဆိုးကျိုးရလဒ်ဖြစ်ပါသည်။

🧠 ဦးနှောက်သည် ၎င်း၏လုပ်ငန်းများဆောင်ရွက်နိုင်ရန် လုံလောက်သောသွေးပမာဏအား ပုံမှန်ရရှိရန် လိုအပ်ပါသည်။ ဦးနှောက်၏အစိတ်အပိုင်းများသည် လုံလောက်သောသွေးပမာဏကို မရရှိပါက ၎င်းအစိတ်အပိုင်းမှ ထိန်းချုပ်ထားသော ခန္ဓာကိုယ်၏လုပ်ငန်းများအား ရပ်ဆိုင်းသွားစေသဖြင့် လေဖြတ်ရောဂါလက္ခဏာများ ဖြစ်ပေါ်လာပါသည်။

❗️အဓိကအားဖြင့် လေဖြတ်ရောဂါ အမျိုးအစား (၂) မျိုး ရှိပါသည်။

✅ ဦးနှောက်အတွင်း သွေးကြောပိတ်၍ လေဖြတ်ခြင်း (Ischaemic Stroke)
✅ ဦးနှောက်အတွင်း သွေးကြောပေါက်၍ လေဖြတ်ခြင်း (Haemorrhagic Stroke)
တို့ဖြစ်ပါသည်။

💢 လေဖြတ်ရောဂါ ဖြစ်ပွားစေသော အကြောင်းအရင်းများမှာ -

✅ သွေးတိုးရောဂါရှိခြင်း
✅ နှလုံးရောဂါရှိခြင်း
✅ ဆီးချို၊ သွေးချိုရောဂါရှိခြင်း
✅ သွေးအတွင်းတွင် မကောင်းသောအဆီများဖြစ်ကြသည့် Cholesterol/Triglyceride များခြင်း
✅ အဝလွန်ခြင်း
✅ အရက် (သို့မဟုတ်) ဆေးလိပ် အလွန်အကျွံသောက်ခြင်း
✅ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း
✅ စိတ်ဖိစီးမှုများခြင်း
✅ အသက်အရွယ်ကြီးလာခြင်း
✅ မိသားစုမျိုးရိုးတွင် လေဖြတ်ခြင်း (သို့မဟုတ်) နှလုံး၊ သွေးတိုး၊ ဆီးချိုသွေးချိုရောဂါများ ဖြစ်ဖူးသောရာဇဝင်ရှိခြင်း
✅ လည်ပင်းသွေးကြောမကြီး ထူခြင်း၊ ကျဉ်းခြင်း
✅ သွေးကျဲဆေးများနှင့် ဟော်မုန်းဖြည့်စွက်ဆေးများ ရေရှည်သောက်သုံးခြင်း

# လေဖြတ်မည့်ရှေ့ပြေးလက္ခဏာ_၁၀ချက်
*****************************
၁။ ဦးခေါင်းနောက်စေ့တွင်
ခေါင်းကိုက်ခြင်း၊ မကြာခဏ မူးဝေခြင်း။
(Sub occipital headache)

၂။ ခြေ လက် တို့တွင်
မကြာခဏ ကျ ဉ်ခြင်း၊
ကိုယ်လက် လေးလံ ထိုင်းမှိုင်းခြင်း။
(Tingling sensation of limbs)

၃။ မျက်ခွံနှင့် မျက်နှာကြွက်သားတို့
ဆတ်ခနဲ လှုပ်ခြင်း၊ အသားကွက်၍
တဆတ်ဆတ် လှုပ်ခြင်း။
(Fluttering or Tic of eyelids
and facial muscles)

၄။ မကြာ ခဏ ဝမ်းချူ ပ်ပြီး
ဗိုက်တွင်လေပွနေခြင်း။
(Occassional constipation
and fluctuation)

၅။ ညအိပ်ချိန် ကျ ဉ်ထုံခြင်း၊ လန့်နိုးခြင်း။
(Tingling and numbress
of limbs during sleep)

၆။ ဆီး အနီရောင် သွားခြင်း။
(Redness discolouration of urine)

၇။ ပစ္စည်းများ ကိုင်လျှင် မမြဲခြင်း၊
မကြာ ခဏ လွတ်ကျ တတ်ခြင်း။
(Freguent fall down of
objects when bandling)

၈။ ဘယ်ဘက် လက် ကိုက်ခဲပြီး
လက်မ တွင် ထုံခြင်း၊ ဘယ်ခြေ ဆွဲခြင်း။
(Tingling and aching sensation of
left upper limbs, thumb and lower limbs)

၉။ အမျိုးသား များ အသက် ၄၅-နှစ်ကျော်လျှင်
ရက်ရှည် ခြေ,လက် ထုံ ကျ ဉ်ခြင်း။
(Male over 45yrs,numbers
sensation longtime)
အမျူ ိးသမီး များ
သွေးဆုံးချိန် တွင်
ခြေ,လက် များ ထုံကျ ဉ်ခြင်း။
လက်ညှိုး၊ လက်ခလယ်
ကွေးရာ မှ ချက်ချင်း ဆန့် မရခြင်း။
(Numbness sensation
during menolpasuse)

၁၀။ ရေချိုးပြီး လျှင် မျက်စိ များ ကြာမြင့် စွာ နီရဲခြင်း။
(Redness of eye after bath
(or) Conjunctivities after bath)
___________________________________

# ကြိုတင်သိရှိပြီးလူသားများအားလုံး

လေဖြတ်ခြင်း မှ ကာကွယ်နိုင်ကြပါစေ။

#ကျန်းမာရေးဆိုင်ရာဗဟုသုတများ






---------------------------

Address

Yangon

Opening Hours

Monday 08:00 - 20:00
Tuesday 08:00 - 20:00
Wednesday 09:00 - 21:00
Thursday 08:00 - 20:00
Friday 08:00 - 20:00
Saturday 08:00 - 20:00
Sunday 08:00 - 20:00

Telephone

+959942172446

Website

Alerts

Be the first to know and let us send you an email when Aung Kaung San Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram