ရှိနေမယ်

ရှိနေမယ် Mental health and resilience knowledge hub for children, parents and caregivers in Myanmar

ကလေးငယ်လေးတွေရဲ့ တချို့အပြုအမူတွေက ဖေဖေမေမေတို့ကို စိတ်ရှုပ်အောင် တမင်လုပ်နေတာမဟုတ်ဘဲ သူတို့ရဲ့ စိတ်ခံစားချက်တွေကို နည်း...
13/03/2026

ကလေးငယ်လေးတွေရဲ့ တချို့အပြုအမူတွေက ဖေဖေမေမေတို့ကို စိတ်ရှုပ်အောင် တမင်လုပ်နေတာမဟုတ်ဘဲ သူတို့ရဲ့ စိတ်ခံစားချက်တွေကို နည်းလမ်းမျိုးစုံနဲ့ ဖော်ပြဖို့ ကြိုးစားနေကြတာပါ။ 🥰

သူတို့လေးတွေဟာ စိတ်ထဲမှာ ခက်ခဲနေရတာတွေကို နှုတ်နဲ့ ဘယ်လိုပြောရမှန်း မသိသေးတဲ့အခါ ပစ္စည်းတွေ ပစ်ပေါက်တာ၊ ကြမ်းပြင်မှာ လူးလှိမ့်ငိုတာ၊ လူကြီးကို ပြန်ရိုက်တာ ဒါမှမဟုတ် အတင်းဖက်ထားတာ စတဲ့ အပြုအမူတွေကတစ်ဆင့် သူတို့ရဲ့ ခံစားချက်တွေကို ထုတ်ဖော်ပြသတတ်ကြပါတယ်။ 😔

ဒီလိုအချိန်မျိုးမှာ မိဘတွေဘက်ကလည်း စိတ်ဖိစီးတာ၊ ပင်ပန်းနွမ်းနယ်တာနဲ့ မိဘဖြစ်ရတာ ခက်ခဲလိုက်တာ လို့ ခံစားရတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒါဟာ ပုံမှန် ဖြစ်စဉ်တစ်ခုပဲမလို့ ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့။ အသက် ဝဝရှူပါ၊ ကိုယ့်ကိုယ်ကိုယ် အချိန်ပေးပါ၊ အနားယူပေးပါ။ 🤗

ကလေးရဲ့ အပြုအမူကို နားလည်ပေးဖို့ လိုသလို ဖေဖေမေမေတို့ရဲ့ စိတ်ကျန်းမာရေးကိုလည်း မဖြစ်မနေ ဂရုစိုက်ပေးဖို့ လိုပါတယ်။ 💙

#ရှိနေမယ်

ကလေးတွေမှာလည်း လူကြီးတွေလိုပဲ သူတို့အပေါ် ဆက်ဆံပုံနဲ့ အပြောအဆိုတွေအပေါ်မှာ တုံ့ပြန်ခံစားတတ်တဲ့ စိတ်ခံစားချက်တွေ ရှိကြတာက...
09/03/2026

ကလေးတွေမှာလည်း လူကြီးတွေလိုပဲ သူတို့အပေါ် ဆက်ဆံပုံနဲ့ အပြောအဆိုတွေအပေါ်မှာ တုံ့ပြန်ခံစားတတ်တဲ့ စိတ်ခံစားချက်တွေ ရှိကြတာကြောင့် ဖေဖေမေမေတို့အနေနဲ့ သူတို့လေးတွေကို ဆုံးမသွန်သင်တဲ့အခါ အပြောအဆို ဂရုစိုက်ဖို့ အင်မတန် အရေးကြီးပါတယ်။ 🧸

မိဘတိုင်းမှာ မိမိရင်သွေးကို ချစ်တဲ့စိတ်၊ ကောင်းစေချင်တဲ့ စေတနာ အရင်းခံရှိကြတာကြောင့် တစ်ခါတလေမှာ အပြစ်တင် ဆူပူကြိမ်းမောင်းတာမျိုးတွေ လုပ်မိတတ်ကြတာ သဘာဝပါပဲ။ ဒါပေမဲ့ အဲဒီစေတနာတွေက သူတို့လေးတွေကို ကောင်းမွန်တဲ့ သက်ရောက်မှုအဖြစ် ရောက်ရှိသွားစေဖို့ဆိုရင် ဆူပူတာထက် ပိုမိုထိရောက်တဲ့ နည်းလမ်းတွေကို အသုံးပြုဖို့လည်း လိုအပ်ပါတယ်။ ဥပမာ - အမှားတစ်ခုကို ထပ်မလုပ်မိအောင် တားဆီးတဲ့အခါမှာ အမှားကိုပဲ အသားပေး အပြစ်ပြောနေမယ့်အစား ဘယ်လို ပြောင်းလဲပြုပြင်သင့်တယ် ဆိုတဲ့ လမ်းညွှန်ချက်ကို အလေးထား ပြောဆိုပေးခြင်းက ကလေးတွေ လိုလိုလားလား လက်ခံကျင့်သုံးလာစေဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ ✨

ဒါ့အပြင် ကလေးရဲ့ ကြင်နာတတ်တဲ့ စိတ်ထားလေးတွေ၊ ကြိုးစားအားထုတ်မှုတွေနဲ့ အပြုအမူကောင်းလေးတွေကို ဖေဖေမေမေတို့က မြင်အောင်ကြည့်ပြီး အသိအမှတ်ပြု ချီးမွမ်းပေးလိုက်ပါ။ အဲဒီအခါ ကလေးဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးလာပြီး ကောင်းမွန်တဲ့ အလေ့အကျင့်တွေကို ဆက်လက်လုပ်ဆောင်ဖို့ ခွန်အားတွေ ရရှိသွားပါလိမ့်မယ်။ ဒါဟာ မိဘနဲ့ သားသမီးကြားက နွေးထွေးတဲ့ ဆက်ဆံရေးကို ပိုမိုခိုင်မာစေရုံတင်မကဘဲ ဖေဖေမေမေတို့တွေ မြင်ချင်တဲ့ အလေ့အကျင့်ကောင်းတွေကိုပါ အကောင်းဆုံး ပျိုးထောင်ပေးရာ ရောက်ပါတယ်။

ဒါကြောင့် ဒီနေ့ကစပြီး သင့်ကလေးရဲ့ ကောင်းမွန်တဲ့ အပြုအမူလေးတွေကို အသိအမှတ်ပြုချီးမွမ်းပေးဖို့လည်း မမေ့နဲ့နော်... 🥰

#ရှိနေမယ်

“ဘယ်သူကမှ မင်းကို မင်းမလုပ်နိုင်ဘူး လို့ အပြောမခံနဲ့။ ငါကပြောရင်တောင် အပြောမခံနဲ့။ မင်းမှာ အိပ်မက်တစ်ခုရှိရင် အဲ့ဒါကို မ...
04/03/2026

“ဘယ်သူကမှ မင်းကို မင်းမလုပ်နိုင်ဘူး လို့ အပြောမခံနဲ့။ ငါကပြောရင်တောင် အပြောမခံနဲ့။ မင်းမှာ အိပ်မက်တစ်ခုရှိရင် အဲ့ဒါကို မင်းကိုယ်တိုင်ပဲ ကာကွယ်ရမယ်။

လူတွေက သူတို့မလုပ်နိုင်တော့တဲ့အရာဆိုရင် မင်းလည်း လုပ်နိုင်မှာမဟုတ်ဘူးလို့ ပြောကြလိမ့်မယ်။ အဲ့ဒီစကားတွေကို ဂရုမစိုက်ဘဲ မင်းဘက်ကရအောင်
လုပ်ပြဖို့ ပဲ လိုတယ်။”
- Chris Gardner

ပတ်ဝန်းကျင်က မလုပ်နိုင်ဘူးလို့ ပြောနေရင်တောင် မိဘတွေက မင်းလုပ်နိုင်တယ် လို့ ယုံကြည်ပေးနေသရွေ့ အဲ့ဒီကလေးဟာ ဘယ်လို အခက်အခဲမျိုးနဲ့ပဲ တွေ့တွေ့ နောက်မဆုတ်တမ်း ရင်ဆိုင်နိုင်တဲ့ သတ္တိတွေ ပိုင်ဆိုင်နေမှာပါ။ 🥰

သူတို့လေးတွေရဲ့ အိပ်မက်တွေကို အတူတူ ကာကွယ်ပေးပြီး ဘေးကနေ ယုံယုံကြည်ကြည်နဲ့ လက်တွဲပေးနိုင်တဲ့ ဖေဖေမေမေတို့ ဖြစ်အောင် ကြိုးစားကြည့်ရအောင်နော်…💙

#ရှိနေမယ်

တစ်ခါတလေ တွယ်နှောင်မိတဲ့ အရာသေးသေးလေးတွေကပဲ ဘဝကို အရှုံးမပေးဘဲ ရှေ့ဆက်ဖို့ ခွန်အားတွေ ပေးခဲ့တာ ✨🌿တခြားသူတွေအတွက် ဘာမှ မဟ...
28/02/2026

တစ်ခါတလေ တွယ်နှောင်မိတဲ့ အရာသေးသေးလေးတွေကပဲ ဘဝကို အရှုံးမပေးဘဲ ရှေ့ဆက်ဖို့ ခွန်အားတွေ ပေးခဲ့တာ ✨🌿

တခြားသူတွေအတွက် ဘာမှ မဟုတ်တဲ့ အရာလေး ဖြစ်နေရင်တောင်မှပေါ့…

Photo crd: Internet

#ရှိနေမယ်

မွန်းကြပ်မှုတွေကြားကနေ ခဏလောက် ရုန်းထွက်ပြီး ကိုယ့်စိတ်လေးကို ပြန်လည်အနားပေးရအောင် 🥰စိတ်အနှောင့်အယှက်ဖြစ်စရာတွေ၊ စိတ်ပင်...
27/02/2026

မွန်းကြပ်မှုတွေကြားကနေ ခဏလောက် ရုန်းထွက်ပြီး ကိုယ့်စိတ်လေးကို ပြန်လည်အနားပေးရအောင် 🥰

စိတ်အနှောင့်အယှက်ဖြစ်စရာတွေ၊ စိတ်ပင်ပန်းစေတဲ့အရာတွေကို ခဏလောက် အဝေးမှာထားပြီး ကိုယ်ဝါသနာပါတဲ့ အရာလေးတွေ (ဥပမာ - သီချင်းအေးအေးလေးတွေနားထောင်တာ ဒါမှမဟုတ် စာဖတ်တာမျိုး) လုပ်ရင်း စိတ်ကို အနားယူပေးပါ။ 😇

အဲဒီသေးငယ်တဲ့အရာလေးတွေက ကိုယ့်ရဲ့ပျော်ရွှင်မှုတွေ စိတ်ခွန်အားတွေကို ပြန်လည်ရှာဖွေပေးနိုင်ပါတယ်။ 💙

#ရှိနေမယ်

အချစ်ခံရဖူးလား...❤️ဘယ်လိုအခြေအနေမျိုးမှာမဆို ကိုယ့်ဘက်ကနေ အမြဲရပ်တည်ပေးမယ့်သူ၊ ကိုယ့်ကို နားလည်လက်ခံပေးမယ့်သူရှိတယ်ဆိုတဲ...
22/02/2026

အချစ်ခံရဖူးလား...❤️

ဘယ်လိုအခြေအနေမျိုးမှာမဆို ကိုယ့်ဘက်ကနေ အမြဲရပ်တည်ပေးမယ့်သူ၊ ကိုယ့်ကို နားလည်လက်ခံပေးမယ့်သူရှိတယ်ဆိုတဲ့ အသိက လောကကြီးတစ်ခုလုံးကို ရင်ဆိုင်ဖို့ အကောင်းဆုံး ခွန်အားတစ်ခုပဲ မဟုတ်လား။ 😔

ကလေးတွေအတွက်လည်း ဒီလိုမျိုး စိတ်ချလုံခြုံမှု နဲ့ ချစ်ခြင်းမေတ္တာကို ခံစားရစေဖို့က အရေးကြီးဆုံးပါပဲ။ 🙆🏼‍♀️

ကလေးတစ်ယောက်ဟာ ချစ်ခြင်းမေတ္တာကို အပြည့်အဝ ခံစားရတဲ့အခါ စိုးရိမ်စိတ်တွေကင်းပြီး သူတို့ရဲ့ ရင်ထဲမှာ လုံခြုံနွေးထွေးမှုကို အပြည့်အဝ ခံစားရတတ်ပါတယ်။ အဲဒီလို လုံခြုံမှုရှိသွားတဲ့အတွက်လည်း ဖေဖေမေမေတို့ကို အယုံကြည်ရဆုံးသူအဖြစ် သတ်မှတ်ပြီး ဘာမဆို ပွင့်ပွင့်လင်းလင်း ရင်ဖွင့်တိုင်ပင်ရဲလာကြတာပါ။ 🤩

သူတို့လေးတွေရဲ့ ဘဝမှာ ကျရှုံးမှုတွေ၊ အခက်အခဲတွေ ရှိလာခဲ့ရင်တောင် ကိုယ့်ကို နားလည်ဖေးမပြီး အားပေးကူညီမယ့်သူ ရှိနေတယ်ဆိုတဲ့ အသိစိတ်ကပဲ အခက်အခဲတွေကြားမှာ စိတ်ဓာတ်မကျဘဲ ကိုယ့်အားကိုယ်ကိုးပြီး ပြန်လည်ရုန်းထနိုင်တဲ့ စိတ်ဓာတ်ကြံ့ခိုင်မှု ကို တည်ဆောက်ပေးတာ ဖြစ်ပါတယ်။ 😇

သင့်ရဲ့ ချစ်ခြင်းမေတ္တာတွေနဲ့အတူ လုံခြုံနွေးထွေးတဲ့ နေရာလေးတစ်ခု သူတို့လေးတွေအတွက် တည်ဆောက်ပေးကြရအောင်နော်… ❤️

#ရှိနေမယ်

အခြားသူတွေ စိတ်ချမ်းသာဖို့အတွက် ကိုယ့်ရဲ့ ဆန္ဒတွေကို ဘေးဖယ်ထားတာမျိုး ခဏခဏ လုပ်မိနေပြီလား… လူတိုင်းကို ပျော်ရွှင်အောင် ထ...
16/02/2026

အခြားသူတွေ စိတ်ချမ်းသာဖို့အတွက် ကိုယ့်ရဲ့ ဆန္ဒတွေကို ဘေးဖယ်ထားတာမျိုး ခဏခဏ လုပ်မိနေပြီလား…
လူတိုင်းကို ပျော်ရွှင်အောင် ထားနိုင်ဖို့ ကြိုးစားရင်း ကိုယ်တိုင်ကရော ပင်ပန်းနေပြီလား… 🥀

အားနာတတ်တာဟာ အားနည်းချက်မဟုတ်ပေမယ့် ကိုယ့်ကိုယ်ကိုယ် နာကျင်စေတဲ့အထိတော့ အားမနာပါနဲ့။ ကိုယ့်မှာလည်း ကန့်သတ်ချက်ရှိတာကို လက်ခံပေးဖို့ လိုပါတယ်။ ကိုယ်မလုပ်ပေးနိုင်တာကို ပွင့်ပွင့်လင်းလင်း ငြင်းဆန်လိုက်တာဟာ ကိုယ့်ကိုယ်ကိုယ်ရော တဖက်လူကိုပါ ရိုးသားရာ လေးစားရာ ရောက်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် ပြန်ရွေးချယ်တယ်ဆိုတာ အတ္တဆန်တာမဟုတ်ဘဲ ဘဝကို ပိုပြီး ကျန်းကျန်းမာမာနဲ့ ဖြတ်သန်းနိုင်ဖို့အတွက် လိုအပ်တဲ့ အရာတစ်ခုပါ။ ကိုယ့်ရဲ့ ပျော်ရွှင်မှုကလည်း တခြားသူတွေရဲ့ ပျော်ရွှင်မှုလိုပဲ အရေးကြီးတယ် မဟုတ်လား🌻

ဒီနေ့ကစပြီး ကိုယ့်ကိုယ်ကိုယ် ရွေးချယ်ပေးပါ၊ နားထောင်ပေးပါ၊ အမြဲ ရှိနေပေးပါ
ပြီးတော့ အရင်ကထက် ပိုပြီး ကြင်နာပေးပါ… ✨🌿

#ရှိနေမယ်

11/02/2026

တစ်ခါတလေကျရင် ဖုန်းလေးကိုပိတ်၊ မျက်စိလေးမှိတ်ပြီး လောကကြီးနဲ့ ခဏလောက် အဆက်အသွယ် ဖြတ်ထားလိုက်ချင်မိတဲ့ အချိန်တွေ ရှိဖူးကြတယ် မဟုတ်လား…😔

ဆိုရှယ်မီဒီယာသုံးရင်း မြင်ရတဲ့ စိတ်မကောင်းစရာ သတင်းတွေကြောင့် စိတ်ပင်ပန်းနွမ်းနယ်တာ၊ သူများတွေရဲ့ ပျော်ရွှင်စရာ အခိုက်အတန့်တွေ၊ ပြီးပြည့်စုံတယ်လို့ ထင်ရတဲ့ ဘဝတွေကို ကြည့်ပြီး ကိုယ့်ရဲ့ ဘဝနဲ့ နှိုင်းယှဉ်မိတဲ့အခါ ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရဖြစ်တာတွေ၊ အခြားသူတွေရဲ့ အမြင်တွေကြောင့် ကိုယ့်ကိုယ်ကိုယ် စိတ်မလုံခြုံမှုတွေ ဝင်လာတတ်ပါတယ်။ 😣

ဒါပေမဲ့ ဒီလို ခံစားရတာ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ ဒီလို ခံစားချက်တွေကနေ ရုန်းထွက်ပြီး စိတ်ပေါ့ပါးသွားဖို့ဆိုရင်…

📌 နှိုင်းယှဉ်နေတာတွေကို ရပ်လိုက်ပါ
လူတိုင်းဟာ သူတို့ဘဝရဲ့ အကောင်းဆုံး အစိတ်အပိုင်းကိုပဲ ဆိုရှယ်မီဒီယာပေါ် တင်လေ့ရှိကြတာပါ။

📌 ကိုယ်ကြည့်နေတဲ့ အကြောင်းအရာတွေကို သတိထားပါ
သင့်ကို စိတ်ဓာတ်ကျစေတဲ့၊ မလုံခြုံမှုတွေ ဖြစ်စေတဲ့ Page တွေ၊ လူတွေကို Unfollow လုပ်တာ ဒါမှမဟုတ် Block လုပ်ထားလိုက်ပါ။

📌 ဆိုရှယ်မီဒီယာကို အချိန်သတ်မှတ်ပြီး သုံးပါ
တစ်နေ့ကို ဖုန်းဘယ်လောက်သုံးမလဲ ဆိုတာ သတ်မှတ်ထားပြီး အင်တာနက် အသုံးပြုချိန်ကို လျှော့ချပါ။ အထူးသဖြင့် မနက်နိုးနိုးချင်းနဲ့ ညအိပ်ခါနီးအချိန်တွေမှာ ဆိုရှယ်မီဒီယာ မသုံးဘဲ ကိုယ့်စိတ်နဲ့ကိုယ် အေးအေးဆေးဆေး နေပေးပါ။

📌 ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားပါ
ကိုယ်တိုင်က ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှ အခြားသူတွေကလည်း ကိုယ့်ကို တန်ဖိုးထားမှာပါ။

စိတ်ဖိစီးမှုတွေကို နားလည်ပြီး အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်ရမလဲဆိုတဲ့ အကြံပြုချက်တွေကို ရယူချင်တယ်ဆိုရင် U-Report Myanmar ရဲ့ Mental Health ChatBot လေးရှိပါတယ်။ အခုပဲ U-Report Myanmar ရဲ့ Facebook Messenger ဒါမှမဟုတ် Viber မှာ “Hi” လို့ ပို့ပြီး လေ့လာဖတ်ရှုနိုင်ပါတယ်။ 💙

#ရှိနေမယ်

နေ့စဥ်ဘဝမှာ အလုပ်အတွက်၊ လေ့လာသင်ယူဖို့အတွက်၊ စာရေးဖို့အတွက်၊ ပုံတွေ ဖန်တီးဖို့အတွက်...ဘာပဲ လိုလို AI ကို မေးနေကြသလိုပဲ တ...
10/02/2026

နေ့စဥ်ဘဝမှာ အလုပ်အတွက်၊ လေ့လာသင်ယူဖို့အတွက်၊ စာရေးဖို့အတွက်၊ ပုံတွေ ဖန်တီးဖို့အတွက်...ဘာပဲ လိုလို AI ကို မေးနေကြသလိုပဲ တကမ္ဘာလုံးက လူတော်တော်များများ၊ အထူးသဖြင့် ဆယ်ကျော်သက်တွေနဲ့ လူငယ်တွေက ကိုယ့်ရဲ့စိတ်ကျန်းမာရေးအတွက်ပါ ChatGPT နဲ့ Gemini စတဲ့ AI တွေကို စိတ်ခံစားချက်တွေ၊ စိတ်အခြေအနေတွေကို ဆန်းစစ်သုံးသပ်ဖို့ Therapist တစ်ယောက်လို သုံးလာကြတာ trend တစ်ခုလို ဖြစ်လာနေပါပြီ။ 🔵💻📱

တကယ်တမ်းမှာ ဒီလိုမျိုး ကိုယ့်စိတ်ကျန်းမာရေးအတွက် AI ကို Therapist တစ်ယောက်လို အသုံးပြုသင့်ပါသလား? ကိုယ့်စိတ်ထဲ ခက်ခဲအဆင်မပြေနေတာတွေကို AI က နားလည်ပေးနိုင်တယ်လို့ ထင်ပါသလား? 💬

ချစ်ခြင်းမေတ္တာဆိုတာ ကလေးတိုင်း ခံစားနားလည်တတ်တဲ့ ဘာသာစကားတစ်ခုပါ။ ✨ဒါကြောင့် သူတို့လေးတွေနဲ့အတွက် အချိန်ပေးပြီး အတူ ရှိ...
09/02/2026

ချစ်ခြင်းမေတ္တာဆိုတာ ကလေးတိုင်း ခံစားနားလည်တတ်တဲ့ ဘာသာစကားတစ်ခုပါ။ ✨

ဒါကြောင့် သူတို့လေးတွေနဲ့အတွက် အချိန်ပေးပြီး အတူ ရှိနေပေးပါ၊ နားထောင်ပေးပါ၊ ဂရုစိုက်ပေးပါ၊ နွေးထွေးတဲ့ မေတ္တာတွေ ပံ့ပိုးပေးပါ။ 🤗

မေတ္တာနဲ့ ပျိုးထောင်တဲ့ ပန်းလေးတွေဟာ ဘယ်လိုပန်းမျိုးထက်မဆို ပိုလှပါတယ်။ 🌸🌼

#ရှိနေမယ်

ကလေးက ဖုန်းမရရင် ဂျီကျမယ်၊ ဒေါသကြီးမယ်၊ ဖုန်းကြည့်နေရမှ ထမင်းစားမယ်၊ ဖုန်းပေးမှ ကိုယ်ပြောတာကို နားထောင်မယ်ဆိုတာမျိုးတွေ ...
08/02/2026

ကလေးက ဖုန်းမရရင် ဂျီကျမယ်၊ ဒေါသကြီးမယ်၊ ဖုန်းကြည့်နေရမှ ထမင်းစားမယ်၊ ဖုန်းပေးမှ ကိုယ်ပြောတာကို နားထောင်မယ်ဆိုတာမျိုးတွေ ဖြစ်နေပြီဆိုရင် ဖေဖေမေမေတို့ဘက်က screen time ကို အတင်းအကျပ် ဖြတ်ပစ်ဖို့ထက် စိတ်ရှည်လက်ရှည်နဲ့ နည်းလမ်းပြောင်းလဲ ထိန်းကျောင်းပေးဖို့ လိုအပ်လာပါပြီ။

ပထမဆုံးအနေနဲ့ Screen Time ကို အတင်းဖြတ်ဖို့ မကြိုးစားဘဲ ဖုန်းကြည့်ချိန်ကို ဘယ်အချိန်ကနေ ဘယ်အချိန်အထိ၊ တစ်နေ့ကို ဘယ်နှစ်နာရီပဲ ကြည့်ရမယ်ဆိုတဲ့ တိကျတဲ့အချိန် တစ်ခုကို ကလေးနဲ့အတူ သဘောတူညီချက်ယူပြီး သတ်မှတ်ပေးပါ။ ⏳

ကလေးအတွက် ဖုန်းကြည့်တာထက် ပိုပျော်စရာကောင်းတဲ့ အချိန်တွေကို ဖန်တီးပေးဖို့ကလည်း မဖြစ်မနေ အရေးကြီးပါတယ်။ အတူတူပုံဆွဲတာ၊ အရုပ်ဆက်တာ၊ အိမ်ပြင်ထွက်ပြီး အပြေးအလွှား ဆော့ကစားတာမျိုးတွေ လုပ်ပေးနိုင်သလို အားလပ်ရက်တွေမှာလည်း သူတို့သွားချင်တဲ့နေရာ၊ မရောက်ဖူးတဲ့နေရာတွေကို အတူတူလျှောက်လည်ပေးရင်း ဖုန်းပေါ်မှာ ရောက်နေတဲ့ အာရုံတွေကို တခြားစိတ်ဝင်စားစရာတွေဆီ ဖြည်းဖြည်းချင်း လွှဲပြောင်းပေးရမှာ ဖြစ်ပါတယ်။ 🎨⚽

အရေးအကြီးဆုံးကတော့ မိဘကိုယ်တိုင်က ကလေးရှေ့မှာ ဖုန်းသုံးတာကို တတ်နိုင်သမျှ လျှော့ချပေးဖို့ပါပဲ။ 💖

ဖေဖေမေမေတို့ရော ကလေးကို screen time လျှော့ချဖို့ ကြိုးစားတဲ့အခါ ဘယ်လိုအခက်အခဲတွေ ကြုံဖူးလဲ? ကိုယ်တိုင်သုံးဖြစ်တဲ့ တခြားနည်းလမ်းကောင်းလေးတွေ ရှိရင်လည်း အခြားမိဘတွေ၊ ပြုစုစောင့်ရှောက်သူတွေ သိအောင် Comment မှာ မျှဝေခဲ့ပေးပါဦးနော်… 💬

#ရှိနေမယ်

ကလေးကို ဖုန်းပေးကြည့်ရမှာလည်း စိုးရိမ်တယ်၊ လုံးဝမပေးဘဲ နေဖို့ကလည်း မလွယ် ဖြစ်နေပြီလား? 🤔ဒါဆိုရင်တော့ ကလေးတွေရဲ့ အသက်အရွယ...
08/02/2026

ကလေးကို ဖုန်းပေးကြည့်ရမှာလည်း စိုးရိမ်တယ်၊ လုံးဝမပေးဘဲ နေဖို့ကလည်း မလွယ် ဖြစ်နေပြီလား? 🤔

ဒါဆိုရင်တော့ ကလေးတွေရဲ့ အသက်အရွယ်အလိုက် သင့်တော်မယ့် screen time သတ်မှတ်ချိန်လေးတွေကို "ရှိနေမယ်" က မျှဝေပေးလိုက်ပါတယ်။

⚠️ အသက် (၂) နှစ်အောက် - Screen Time လုံးဝ မပေးသင့်
ဒီအရွယ်ဟာ ကလေးရဲ့ ဦးနှောက်က လက်တွေ့ကမ္ဘာနဲ့ ထိတွေ့မှုတွေကနေတစ်ဆင့် အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးရမယ့် အချိန်ဖြစ်ပါတယ်။ Screen တွေက ဒီဖွံ့ဖြိုးမှုကို နှေးကွေးစေနိုင်လို့ မိသားစုဝင်တွေနဲ့ Video Call ပြောတာမျိုးကလွဲရင် ကျန်တဲ့ Digital Screen အားလုံးကို လုံးဝ (လုံးဝ) မပြသင့်ပါဘူး။ 🙅‍♂️

⚠️ အသက် (၂) နှစ်မှ (၅) နှစ် - တစ်နေ့ (၁) နာရီခန့်သာ
ဒီအရွယ်ကလေးတွေကို screen time ပေးမယ်ဆိုရင် တစ်နေ့ကို (၁) နာရီထက် မပိုဖို့တော့ လိုပါတယ်။ အရေးကြီးဆုံးက ကလေးကို တစ်ယောက်တည်း ပစ်ထားတာမျိုး မလုပ်ဘဲ ဖေဖေမေမေတို့က ဘေးကနေ အတူတူကြည့်ပေးရင်း မြင်တွေ့ရတာတွေကို အပြန်အလှန် မေးမြန်းစကားပြောပေးဖို့လည်း လိုအပ်ပါတယ်။ 💬

⚠️ အသက် (၆) နှစ်နှင့်အထက်
အသက် ၆ နှစ်ကျော်ရင်တော့ တစ်နေ့ကို (၁) နာရီကနေ (၂) နာရီအတွင်း ပေးကြည့်လို့ရပါတယ်။ ဖုန်းကြည့်ခြင်းက ကလေးရဲ့ အိပ်စက်ချိန်ကို မထိခိုက်ဖို့၊ ကိုယ်လက်လှုပ်ရှားမှု နဲ့ ဆော့ကစားချိန်တွေ ရှိနေဖို့၊ သင်ယူလေ့လာမှုအပိုင်းမှာ အားမနည်းသွားဖို့နဲ့ မိသားစုနဲ့ အတူရှိရမယ့် အချိန်တွေ ကို မဆုံးရှုံးစေဖို့အတွက် မျှတတဲ့ အလေ့အကျင့်တစ်ခုဖြစ်အောင် ဖေဖေမေမေတို့က လမ်းပြပေးရမှာ ဖြစ်ပါတယ်။ 💖

Screen Time များခြင်းက ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာကို ကို ဘယ်လိုထိခိုက်စေလဲဆိုတာ အသေးစိတ် သိရှိလိုရင်တော့ ဒီ Post လေးမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 👇
https://www.facebook.com/share/p/14auk6kX5eH/?mibextid=wwXIfr

#ရှိနေမယ်

#ဖုန်းကြည့်ချိန်

Address

Yangon

Website

Alerts

Be the first to know and let us send you an email when ရှိနေမယ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram