Glow Studio Aesthetics & Skincare Lounge

Glow Studio Aesthetics & Skincare Lounge Iɴᴠᴇsᴛ ɪɴ ʏᴏᴜʀ Bᴇᴀᴜᴛʏ. Bᴇ Gʟᴀᴍᴏʀᴏᴜs..

ဝက်ခြံအပေါက်များပြီး အမဲစက်ကျန်တတ်သောသူလေးတွေနှင့် အခြား‌သောအကြောင်းအမျိုးမျိုးကြောင့်  အမဲစက် ကျန်နေတတ်တဲ့သူ‌လေးတွေ အတွ...
03/03/2026

ဝက်ခြံအပေါက်များပြီး အမဲစက်ကျန်တတ်သောသူလေးတွေနှင့် အခြား‌သောအကြောင်းအမျိုးမျိုးကြောင့် အမဲစက် ကျန်နေတတ်တဲ့သူ‌လေးတွေ အတွက် ဗဟုသုတ ရစရာလေးတစ်ခုကို မျှ‌ဝေပြီးပြောပြ ပေးမယ်နော်… 😘

အဲ့တာကတော့ Post-Inflammatory Hyperpigmentation ( PIH ) အကြောင်းပဲဖြစ်ပါတယ် ❤️

📌 PIH ဆိုတာကတော့ မျက်နှာနှင့် ကိုယ်ခန္ဓာ ပေါ်မှာ ဝက်ခြံတွေပျောက်သွားပြီးနောက် ကျန်ခဲ့တဲ့အမဲစက်တွေအပြင် ဒဏ်ရာရတာ၊အင်းဆက်ကိုက်ခံရတာ နှင့် Allergy ဖြစ်တာ အစရှိတာတွေကြောင့်ကျန်ခဲ့တဲ့အမဲစက်တွေ ကိုပြောတာဖြစ်ပါတယ်

ဘာကြောင့် PIH တွေဖြစ်လာရတာလဲ 🤔

📌 အရေပြားပေါ်မှာဝက်ခြံအပါအဝင် ထိခိုက်ဒဏ်ရာတွေရှိလာပြီး ရောင်ရမ်းလာတဲ့အခါ skin က healing လုပ်ပေးပါတယ်။ အဲ့ဒီ healing process မှာ melanin ထုတ်လုပ်မှုတွေများပြားသွားပြီးအကျိုးဆက်အနေနဲ့ PIH တွေဖြစ်လာပါတယ်

ဘယ်လိုလူတွေမှာပိုဖြစ်တတ်လဲ 🤔

📌 ကျား၊ မ မရွေးဖြစ်နိုင်ပြီးတော့ နေထိတာနဲ့
အသားညိုလွယ်သူတွေမှာ ပိုအဖြစ်များပါတယ်

🚨 PIH တွေဆိုတာ အသားအရေပေါ်ကအမဲစက်များသာဖြစ်ပြီး အမာရွတ်စစ်စစ်တွေမဟုတ်တဲ့အတွက် လုံးဝအရှင်းပြန်လည်ပျောက်ကင်းနိုင်ပါတယ် 💁🏻‍♀️

🚨 ပျောက်ကင်းဖို့ကတော့ လူတစ်ဦးနှင့်တစ်ဦး အချိန်ကွဲပြားနိုင်ပါတယ်၊၊အမဲစက်အရောင်ပြင်းထန်မှုပေါ်မူတည်ပြီးလည်း ကြာနိုင်ပါတယ်။ အကယ်၍ PIH ဖြစ်နေတာကို ဘာမှမလုပ်ပေးဘဲ ဒီတိုင်းထားထားမယ်ဆိုရင်တော့ ပျောက်ဖို့ပိုခက်ပြီးပိုကြာနိုင်ပါတယ်

✅ ကိုယ့်ဘာသာကိုယ် skincare လုပ်ပေးရုံနဲ့လဲသက်သာနိုင်ပါတယ်။
✅ Suncream ကို စနစ်တကျ သေချာလိမ်းပြီး နေရောင်နဲ့ထိတွေ့ချိန်ကိုလျော့ချခြင်းကလည်း PIH ရဲ့ပြင်းထန်မှုကို ကာကွယ်နိုင်ပါတယ်
✅ Niacinamide, Kojic acid, Hydroquinone ပါဝင်တဲ့ Topical cream (လိမ်းဆေး) လေးတွေလိမ်းလို့ရပါတယ်
✅ Aesthetic clinic တွေမှာ treatments တွေပြုလုပ်ချင်တယ်ဆိုရင်တော့
👍IPL Laser (အလင်းလေဆာကုထုံး)
👍Q Switch Laser (Pulse Dye Laser) / Picosecond Laser (အမဲစက်ဖျောက်လေဆာကုထုံး)
👍Microneedling with PRP (သွေးရည်ကြည်ကုထုံး) or Exosome or PDRN or Glutathione စရှိသဖြင့် Treatment လေးတွေကို ဆရာဝန်နဲ့တိုင်ပင်ပြီးကုသလို့ရပါတယ်..

✨Iɴᴠᴇsᴛ ɪɴ ʏᴏᴜʀ Bᴇᴀᴜᴛʏ. Bᴇ Gʟᴀᴍᴏʀᴏᴜs..✨
.....................................................................

Glow Studio Aesthetics & Skincare Lounge
🏡 ၂၇(A)၊ အောင်မင်္ဂလာလမ်းသွယ်၊ အောင်သိဒ္ဓိလမ်း၊(၃)ရပ်ကွက် မင်းဓမ္မ၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်။
🏡 27(A), Aung Mingalar Avenue, Aung Theikdi Rd, Ward 3, Min Dhamma, Mayangon Tsp, Yangon
🗓️Open Daily (Closed on Monday)
⏰Open Hour: 10am to 6pm
☎️ 09952275996, 09955184555
☎️ Viber: +95995227599

🧑‍🌾 တောင်သူလယ်သမားနေ့ 🌾နေပူပူ ၊ မိုးရွာရွာ စိုက်ပျိုးရေးကို အားသွန်ခွန်စိုက်လုပ်ကိုင်နေကြတဲ့ တောင်သူဦးကြီးများအားလုံး ယ...
02/03/2026

🧑‍🌾 တောင်သူလယ်သမားနေ့ 🌾

နေပူပူ ၊ မိုးရွာရွာ စိုက်ပျိုးရေးကို အားသွန်ခွန်စိုက်လုပ်ကိုင်နေကြတဲ့ တောင်သူဦးကြီးများအားလုံး ယနေ့ ၂၀၂၆ ခုနှစ် မတ်လ (၂) ရက်နေ့မှာကျရောက်သော တောင်သူလယ်သမားနေ့တွင် စိတ်ချမ်းသာ ၊ ကိုယ်ကျန်းမာကြပြီး သီးနှံအထွက်နှုန်းကောင်းကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်.. 🙏

#တောင်သူလယ်သမားနေ့

Glow Studio Aesthetics & Skincare Lounge မှာရနိုင်တဲ့ Treatment Menu လေးတွေကို မင်မင်တင်ပေးလိုက်ပါတယ်ရှင့်..👩🏻‍⚕️Treatme...
01/03/2026

Glow Studio Aesthetics & Skincare Lounge မှာရနိုင်တဲ့ Treatment Menu လေးတွေကို မင်မင်တင်ပေးလိုက်ပါတယ်ရှင့်..

👩🏻‍⚕️Treatment လုပ်ပေးတာကလဲ အတွေ့ အကြုံရှိပြီးဖြစ်တဲ့ International Certified Aesthetic Doctor (American Academy of Aesthetic Medicine) ကိုယ်တိုင် ပြုလုပ်ပေးမှာဖြစ်လို့ စိတ်ချလို့ရပါတယ်ရှင့်..

💉Treatment Steps တွေမှာသုံးပေးတဲ့ ပစ္စည်း‌လေးတွေက တခါသုံး Disposable items တွေပဲသုံးပေးတာမို့ Hygiene အတွက်တော့ စိတ်ပူစရာလုံးဝမလိုပါဘူးရှင့်..

🙋🏻‍♀️ငယ်ရွယ်နုပျိုပြီး လှပသွားအောင်လို့ Treatment‌လေးတွေမျိုးစုံနဲ့ ကုသနိုင်ပြီမို့ အမြန် Bookingလေးလှမ်းတင်လိုက်ပါတော့နော်...

✨Iɴᴠᴇsᴛ ɪɴ ʏᴏᴜʀ Bᴇᴀᴜᴛʏ. Bᴇ Gʟᴀᴍᴏʀᴏᴜs..✨.....................................................................
Glow Studio Aesthetics & Skincare Lounge
🏡 ၂၇(A)၊ အောင်မင်္ဂလာလမ်းသွယ်၊ အောင်သိဒ္ဓိလမ်း၊(၃)ရပ်ကွက် မင်းဓမ္မ၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်။
🏡 27(A), Aung Mingalar Avenue, Aung Theikdi Rd, Ward 3, Min Dhamma, Mayangon Tsp, Yangon
🗓️Open Daily (Closed on Monday)
⏰Open Hour: 10am to 6pm
☎️ 09952275996, 09955184555
☎️ Viber: +95995227599

✨Unlock Radiant & Youthful Skin with 𝗘𝘅𝗼𝘀𝗼𝗺𝗲 𝗠𝗲𝘀𝗼-𝗠𝗶𝗰𝗿𝗼𝗻𝗲𝗲𝗱𝗹𝗶𝗻𝗴 ✨𝗘𝘅𝗼𝘀𝗼𝗺𝗲 ကို ပိုထိထိမိမိလေးလုပ်ချင်တဲ့သူတွေအတွက် 𝗘𝘅𝗼𝘀𝗼𝗺𝗲...
01/03/2026

✨Unlock Radiant & Youthful Skin with 𝗘𝘅𝗼𝘀𝗼𝗺𝗲 𝗠𝗲𝘀𝗼-𝗠𝗶𝗰𝗿𝗼𝗻𝗲𝗲𝗱𝗹𝗶𝗻𝗴 ✨

𝗘𝘅𝗼𝘀𝗼𝗺𝗲 ကို ပိုထိထိမိမိလေးလုပ်ချင်တဲ့သူတွေအတွက် 𝗘𝘅𝗼𝘀𝗼𝗺𝗲 𝗦𝗸𝗶𝗻𝗕𝗼𝗼𝘀𝘁𝗲𝗿 နဲ့ 𝗘𝘅𝗼𝘀𝗼𝗺𝗲 𝗠𝗶𝗰𝗿𝗼𝗻𝗲𝗲𝗱𝗹𝗶𝗻𝗴 နှစ်မျိုးအရောပါတဲ့ treatment လေး clinic မှာ ပြုလုပ်လို့ရပါပြီနော်.. Exosome ကို Microneedle အပ်သေးသေးလေးတွေနဲ့မျက်နှာအနှံ့လှိမ့်ပြီး ချွေးပေါက်ကျယ်တဲ့ အမာရွတ်လေးတွေရှိတဲ့နေရာကို လိုအပ်သလို အသေးဆုံး ဆေးထိုးအပ်လေးနဲ့ အရေပြားအောက်ထဲဝင်အောင်ထိုးပေးမှာဖြစ်ပါတယ်..

𝗘𝘅𝗼𝘀𝗼𝗺𝗲 ဆိုတာ ဘာလဲရှင်းပြရရင်..
Exosome ဆိုတာ cell messenger vesicle သေးသေးလေးတွေပါ.. သူတို့က cell တခုချင်းစီရဲ့ လိုရင်လိုတဲ့နေရာမှာ message သွားပေးပြီး အားဖြည့်ပေးတဲ့ အာနိသင်ရှိပါတယ်..

𝗘𝘅𝗼𝘀𝗼𝗺𝗲 က ဘာအာနိသင်တွေရှိလဲဆိုရင်..
✨Stimulates Collagen Elastin Production.
Collagen အများဆုံးထုတ်ပေးဖို့ကို လှုံ့ဆော်နိုင်လို့ ချွေးပေါက်လေးတွေ အရေးအကြောင်း‌တွေ အမာရွတ်လေးတွေ ကို သိသိသာသာလျော့ပါးသက်သာလာစေပါတယ်..

✨Boosts Skin Regeneration with Growth Factor.
Growth Factors တွေ အများကြီးပါလို့ Good Skin barrier အရေပြားအတွက်အကောင်းဆုံး အားဖြည့်ပေးပြီး အရေပြားရောင်ယမ်းမှုတွေကိုပါသက်သာစေပါတယ်..

✨Brighten Skin & Flawless Skin Complexion.
အမဲရောင်ခြယ်ဆဲလ်လေးတွေကို လျော့ပါးစေပြီး အသားအရောင်မညီတာတွေကိုသက်သာစေကာ အသားအရည်ကိုဖြူစင်ဝင်းပစေမှာပါ..

𝗘𝘅𝗼𝘀𝗼𝗺𝗲 ကိုလဲ
1) Selastin Cica Plant Extract Exosome
2) Exohealer Human placenta cord Exosome
3) ASCE plus Highest Purity Rose Exosome ဆိုပြီး 3မျိုးရွေးလို့ရပါသေးတယ်..

Selastin Plant extract exosome လေးကတော့ 5 Billions Exosome Particles ပါဝင်ပြီး Exohealer Cord Exosome လေးကတော့ 245.7 Billions Exosome Particles ပါဝင်လို့ ပါဝင်တဲ့ပမာဏလေးပိုပြီးများပါတယ်ရှင့်.. ASCE ကတော့ အသန့်စင်ဆုံး နှင်းဆီပွင့်ဖတ်လေးတွေကရတဲ့ Highest Purity Rose Exosome ကိုသုံးထားတာမို့ Exosome ထဲမှာ top brand လေးပါရှင့်..
Meso-Microneedling လေးက result ပိုသိသာတော့လူကြိုက်များပြီး Discount လေးတွေထပ်မံတောင်းဆိုကြလို့ Promotion လေးကို November လကုန်အထိထပ်ပေးထားပါတယ်နော်..

Treatment Price :
1) Selastin Exosome Meso-Microneedling
Price ➡️ 150,000 Ks
2) Exohealer SB+ Meso-Microneedling
Price ➡️ 250,000 Ks
3) ASCE Rose Exosome Meso-Microneedling
Price ➡️ 320,000 Ks

Treatment လေးကတကြိမ်ဆို တကြိမ်ကိုသိသာလို့ ထိရောက်တဲ့ Exosome Meso-Microneedling လေးကိုစမ်းချင်ရင်တော့ Clinic ကို Booking လေးလှမ်းတင်လိုက်တော့နော်…

✨ Experience the Future of Skincare Today! ✨.....................................................................
Glow Studio - Aesthetics & Skincare Lounge
🏡 ၂၇(A)၊ အောင်မင်္ဂလာလမ်းသွယ်၊ အောင်သိဒ္ဓိလမ်း၊(၃)ရပ်ကွက် မင်းဓမ္မ၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်။
🏡 27(A), Aung Mingalar Avenue, Aung Theikdi Rd, Ward 3, Min Dhamma, Mayangon Tsp, Yangon
🗓️Open Daily (Closed on Monday)
⏰Open Hour: 10am to 6pm
☎️ 09952275996, 09955184555
☎️ Viber: +95995227599

✨✨𝗖𝗼𝗹𝗹𝗮𝗴𝗲𝗻 𝗕𝗶𝗼𝘀𝘁𝗶𝗺𝘂𝗹𝗮𝘁𝗼𝗿: 𝗥𝗲𝗰𝗲𝗻𝘁 𝗧𝗿𝗲𝗻𝗱 𝗶𝗻 𝗔𝗲𝘀𝘁𝗵𝗲𝘁𝗶𝗰 𝗠𝗲𝗱𝗶𝗰𝗶𝗻𝗲✨✨Knowledge Sharing Blogအခုနောက်ပိုင်း Korea Actress တွေကြည့...
28/02/2026

✨✨𝗖𝗼𝗹𝗹𝗮𝗴𝗲𝗻 𝗕𝗶𝗼𝘀𝘁𝗶𝗺𝘂𝗹𝗮𝘁𝗼𝗿: 𝗥𝗲𝗰𝗲𝗻𝘁 𝗧𝗿𝗲𝗻𝗱 𝗶𝗻 𝗔𝗲𝘀𝘁𝗵𝗲𝘁𝗶𝗰 𝗠𝗲𝗱𝗶𝗰𝗶𝗻𝗲✨✨
Knowledge Sharing Blog

အခုနောက်ပိုင်း Korea Actress တွေကြည့်လိုက်ရင် ပြင်ထားမှန်းမသိသာအောင် Natural ဆန်တဲ့ အလှတရားမျိုးတွေနဲ့ လှနေကြတာပါ.. အခုရဲ့ Aesthetic trend ကို Undetectable Era ခေတ် လို့လဲခေါ်ပါတယ်.. ကိုယ့်မှာရှိတဲ့ အလှအတိုင်းကို ပိုပြီးထင်းလာအောင် Augment လုပ်ပြီး ထိန်းသိမ်းတဲ့ သဘောနဲ့ ပြုပြင်လာကြတာ များလာပါတယ်.. ဒီ Undetectable Era မှာ အသုံးအများဆုံးနဲ့ trend အဖြစ်ဆုံးကတော့ Collagen Biostimulator တွေပါ..

မျက်နှာရဲ့ အချို့နေရာတွေမှာ Dermal Filler အစားထိုး Collagen Biostimulator လေးတွေကိုပိုသုံးလာကြပါတယ်.. Filler ထက်ပို Natural ဆန်ပြီး Own Collagen Stimulation ကိုယ့်ဘာကိုယ် collagen ထုတ်နိုင်စွမ်းရည်ကိုယူတာမို့ ပိုပြီး Naturalဆန် ပိုလဲကြာကြာခံပါတယ်.. Sculptra, Juvelook, Lenisna, HIPLA, Estella, Polydio, View Intense အစရှိတဲ့ brand လေးတွေကတော့ မြန်မာမှာအသုံးများတဲ့ Brand လေးတွေပါ..

✨✨ 𝗖𝗼𝗹𝗹𝗮𝗴𝗲𝗻 𝗕𝗶𝗼𝘀𝘁𝗶𝗺𝘂𝗹𝗮𝘁𝗼𝗿 ဆိုတာဘာလဲ?✨✨

Collagen Biostimulator ဆိုတာ ခန္ဓာကိုယ်ရဲ့ သဘာဝ Collagen ထုတ်လုပ်မှုကို လှုံ့ဆော်ပေးတဲ့ နည်းပညာတစ်မျိုးဖြစ်ပါတယ်။ Collagen ကြိုးလို့ခေါ်တဲ့ ကြိုးလေးတွေကို အမှုန် powder အနေနဲ့ လုပ်ထားတာဖြစ်ပြီး PLLA, PLA, PDO အမျိုးအစား အမျိုးမျိုးရှိပါတယ်။ Biostimulator တခါထိုးတာက ကြိုးပေါင်းထောင်နဲ့ချီထိုးတာနဲ့ညီမျှလို့ ပိုထိရောက်ပြီး သိသာတဲ့ result ကိုရစေပါတယ်။ PLLA ကတော့ အားလုံးထဲမှာresult အသိသာဆုံး lifting effect အပေးနိုင်ဆုံးနဲ့ ကြာရှည်အခံဆုံးပါ။ PLLA ဆိုတာ **Poly-L-Lactic Acid** ကို ဆိုလိုပြီး ခန္ဓာကိုယ်အတွက် Safe ဖြစ်တဲ့ Collagen လှုံ့ဆော်ပေးမှုအများဆုံးပေးနိုင်တဲ့ ဆေးတမျိုးဖြစ်ပါတယ်။ အသားအရေတင်းရင်းမှုကို ပြန်လည်ထိန်းသိမ်းဖို့ Aging ကြောင့် volume လျော့သွားတာတွေကိုပြန်ဖြည့်ဖို့နဲ့ အရေးအကြောင်းတွေကို လျော့ပါးစေဖို့အတွက် အဓိကအသုံးပြုပါတယ်။ PLLA ကိုမှ 50mg, 200mg, 400mg, 514mg, 1000mg အထိ dosage အမျိုးမျိုးနဲ့ ခန္ဓာကိုယ်ရဲ့ဖြည့်ချင်တဲ့နေရာအပေါ်မူတည်ပြီး အသုံးပြုပုံကွာသွားတာပါ..

✨✨ PLLA 𝗖𝗼𝗹𝗹𝗮𝗴𝗲𝗻 𝗕𝗶𝗼𝘀𝘁𝗶𝗺𝘂𝗹𝗮𝘁𝗼𝗿 ရဲ့ အကျိုးကျေးဇူးများ✨✨

1. Natural Look: သဘာဝကျတဲ့ရလဒ်
PLLA Collagen Biostimulator ဟာ မိမိခန္ဓာကိုယ်ရဲ့ သဘာဝ Own Collagen ထုတ်လုပ်မှုကို လှုံ့ဆော်ပေးတာကြောင့်၊ ရလဒ်ဟာ သဘာဝကျပြီး ကြာရှည်ခံပါတယ်..

2. Filler အစားထိုး သဘာဝ Collagen Filler လိုအသုံးပြုလို့ရခြင်း
မျက်တွင်းချိုင့်ပြီး အရေးအကြောင်းတွေ၊ မျက်နှာအရေးအကြောင်းတွေ၊ Smileline ရယ်လိုက်ရင်ပေါ်လာတဲ့ အချိုင့်တွေ၊ အသက်ကြီးလို့ ပါးပြင်ချိုင့်ဝင်မှုတွေကို လျော့ပါးစေပြီး၊ အသားအရေကို ပြန်လည်ပြည့်ဖြိုးစေပါတယ်..

3. Long Lasting: ကြာရှည်ပိုခံတဲ့ ရလဒ်
သူ့ course ပြည့်သွားအောင်ကုသမှုခံယူပြီးနောက်၊ ရလဒ်ဟာ လပေါင်းများစွာ ကြာရှည်ခံပါတယ်..

4. Safe to inject: Allergy ဖြစ်နိုင်ချေနည်းပါးပြီး စိတ်ချရခြင်း
PLLA ဟာ ခန္ဓာကိုယ်အတွက် လုံခြုံစိတ်ချရတဲ့ ပစ္စည်းဖြစ်ပြီး၊ ဓာတ်မတည့်မှုဖြစ်နိုင်ခြေ အလွန်နည်းပါတယ်။

5. Less Painful: နာကျင်မှုနည်းပါးခြင်း
ကုသမှုခံယူသည့်အချိန်တွင် နာကျင်မှုနည်းပါးပြီး အပ်မပါပဲ Cannula အသုံးပြုပြီး ပြုလုပ်လေ့ရှိလို့ ပိုပြီး Safe ဖြစ်ပါတယ်..

✨✨ဘယ်သူတွေအတွက် သင့်တော်သလဲ?✨✨

PLA Collagen Biostimulator ဟာ အသက် 30-35 နဲ့အထက် Anti-aging လိုအပ်နေတဲ့သူတွေ အတွက်အထူးသင့်တော်ပါတယ်။
✔️Undereye တွေ, နားထင်ချိုင့်တာတွေ, SmileLine တွေဖြည့်ချင်တယ် Filler လဲမသုံးချင်တဲ့သူတွေအတွက်
✔️အသားအရေတွန့်ခြင်း၊ အရေးအကြောင်းပေါ်ခြင်း တို့ သက်သာချင်တဲ့သူအတွက်
✔️အသက်ကြီးပြီး မျက်နှာတွဲကျနေတဲ့သူတွေ ပိန်‌နေတဲ့သူတွေ အရေပြားပါးနေတာကို ပြန်ဖြည့်ချင်သူတွေအတွက်
✔️မျက်နှာပြည့်ပြည့်ဖြိုးဖြိုးမရှိပဲ ပါးဘေးချိုင့် နားထင်ချိုင့်လို့ဖြည့်ချင်နေတဲ့သူများအတွက် အကောင်းဆုံးဖြစ်ပါတယ်။

✨✨ကုသမှုခံယူပြီးနောက် ဘာတွေမျှော်လင့်ထားသင့်သလဲ?✨✨

PLA Collagen Biostimulator တွေက ကိုယ့်ရဲ့ own collagen ကိုလှုံ့ဆော်ပေးနေတာဖြစ်လို့ ကုသမှုခံယူပြီး 1-2ရက်မှာ ရောင်ရမ်းခြင်း သို့မဟုတ် နီမြန်းခြင်းတွေ ဖြစ်နိုင်ပါတယ်.. ဒါဟာ Collagen လှုံဆော်မှုကြောင့်ယောင်ယမ်းတာဖြစ်ပြီး ပုံမှန်ဖြစ်စဉ်ပဲဖြစ်လို့ စိုးရိမ်စရာမရှိပါဘူး၊ ရက်အနည်းငယ်အတွင်း ပျောက်ကင်းသွားပါလိမ့်မယ်။ treatment ခံယူပြီး ယောင်နေတာတွေလုံးဝကျသွားပြီးရင် တဖြည်းဖြည်းချင်းတလအတွင်း နည်းနည်းစီပြည့်လာတဲ့ result ကိုမြင်ရမှာပါ။ ကိုယ့်ခန္ဓာကိုယ်က Collagen ထုတ်တာကို စောင့်ရမှာဖြစ်လို့ ရလဒ် သိသိသာသာမြင်ရဖို့ကတော့ အနည်းဆုံးတစ်လတစ်လခွဲလောက် စောင့်ရနိုင်ပါတယ်။
🧖🏻‍♀️Biostimulator တွေထိုးပြီးရင် အရေးကြီးတာက Facial Massage ပါ.. မျက်နှာတပြင်လုံးကို စက်ဝိုင်းပုံ 3-3-7 pattern (တနေ့ 3ကြိမ် တခါနှိပ် 3min 7ရက်) နှိပ်နယ်ပေးခြင်းဖြင့် Collagen ပိုထွက်ပြီး ပိုသိသာတဲ့ result လေးရစေမှာပါ.. Massage လုပ်ပေးခြင်းဖြင့် injection နေရာအလုံးလေးတွေဖြစ်ခြင်း ကိုလဲကာကွယ်ပြီးသားဖြစ်လို့ After Biostimulator Massage လေးကတကယ်ကို အသုံးဝင်ပါတယ်နော်..
💁🏻‍♀️Collagen လှုံ့ဆော်ပေးတဲ့ treatment တခုဖြစ်လို့ Collagen ပါဝင်တဲ့ အစားအသောက်လေးတွေ များများစားပေးတာတို့ supplement လေးတွေ တွဲသောက်ပေးတာတို့ လုပ်ပေးရင် ပိုပြီး သိသာတဲ့ result လေးရစေမှာပါရှင့်..

✨✨ဖြစ်နိုင်တဲ့ဘေးထွက်ဆိုးကျိုးတွေရှိလား✨✨

Biostimulator လေးတွေက မှန်ကန်တဲ့ နည်းလမ်းနဲ့စနစ်တကျ ပြုလုပ်လျှင် ဘေးထွက်ဆိုးကျိုးမရှိသလောက် နည်းပါတယ်။
ထိုးရမယ့်နေရာထက်ကို Superficial အပေါ် ရောက်သွားရင် ဖြစ်ဖြစ် ခန္ဓာကိုယ်ရဲ့ ပုံမမှန်တဲ့ immune response ကြောင့်ဖြစ်ဖြစ် အခဲလေးတွေအချို့နေရာမှာဖြစ်တတ်တယ်ဆိုပေမယ့် ဖြစ်နိုင်ချေ ကတော့ တော်တော်ကို ရှားပါတယ်။ မျက်လုံးနားမှာထိုးရင်အန္တရာယ်ရှိမှာလား ဆိုရင်တော့ အပ်မပါတဲ့ Cannula Method နဲ့ထိုးမယ် သွေးကြောထဲ ရောက်မရောက်သေချာစစ်ပြီး ထိုးမယ် ဆိုရင်တော့ အန္တရာယ် လုံးဝမရှိနိုင်ပါဘူး။

✨✨ကုသမှု ဘယ်နှကြိမ်ခံယူရမှာလဲ?✨✨

Best Result အကောင်းဆုံးရလဒ် အတွက်ဆိုရင်တော့ တစ်လတကြိမ်ကို 3-4 ကြိမ် လောက်လိုရင်လဲပြုလုပ်ရနိုင်ပါတယ်.. Collagen ထွက်နိုင်နှုန်းက တယောက်နဲ့ တယောက်ကွာတာမို့ တကြိမ်ထဲနဲ့ပြည့်သွားတာလဲရှိတတ်လို့ မိမိလိုအပ်သလိုကိုဆရာဝန်ကအသေးစိတ်ကြည့်ပြီး ညွှန်းပေးပါလိမ့်မယ်..

မင်မင်တို့ Glow Studio မှာရနိုင်တာလေးတွေကတော့ Juvelook, Estella, View Intense, HIPLA, Plenafill, Polydioလေးတွေရနိုင်ပါတယ်.. ဘာသုံးရမလဲ ဘာနဲ့ သင့်တော်မလဲဆိုတာတော့ Doctor ကအသေးစိတ်ကြည့်ပြီးပြောပေးပါလိမ့်မယ်ရှင့်..

Undereye Collagen Biostimulator PLLA 50mg (View Intense Brand)
Price ▶️ 450,000 Ks

Collagen Biostimulator PLLA 200mg (Mild) (View Intense Brand)
Price ▶️ 600,000 Ks

Collagen Biostimulator PLLA 200mg (Max) (HIPLA Brand)
Price ▶️ 1,000,000 Ks

Collagen Biostimulator PLLA (Juvelook Volume Brand)
Price ▶️ 1,250,000 Ks (Preorder)
----------------------

27/02/2026

🎉မင်မင်တို့ Glow Studio ရဲ့ Page အသစ်လေးပါ..🎉 အရင် page လေး suspended ထိထားလို့ page အသစ်လေးက ဆက်သွယ်လဲရပါတယ်ရှင့်..
💁🏻‍♀️ Appointment တွေကို ဒီpage ရဲ့ messenger ကနေလဲတင်လို့ရပါတယ်.. သိလိုတာရှိရင်လဲ ဒီpage လေးကနေမေးလို့ရပါတယ်ရှင့်.. 💛
📢Promotion လေးတွေ Post အသစ်လေးတွေလဲ တင်‌ပေးသွားမှာမို့ ဒီpage အသစ်‌လေးကို Like & Follow ပြီး စောင့်ကြည့်ပေးဖို့လဲ မမေ့ပါနဲ့ဦးနော်..❤️🥰
ဒီ post လေးကို like & share လုပ်ပြီး page လေးကို Follow ပေးတဲ့ Customer တွေကိုလဲ Screenshot လေးပြရုံနဲ့ ဆေးခန်းက ကြိုက်ရာ treatmentတိုင်းကို 5% Discount for 1 time လေးပေးဦးမှာပါရှင့်.. ❤️🥰
ဒါလေးကတော့ Page Link လေးပါရှင့်..
↘️⬇️↙️
https://www.facebook.com/profile.php?id=61588533166220

✨Iɴᴠᴇsᴛ ɪɴ ʏᴏᴜʀ Bᴇᴀᴜᴛʏ. Bᴇ Gʟᴀᴍᴏʀᴏᴜs..✨.............................................................

Glow Studio - Aesthetics & Skincare Lounge
🏡 ၂၇(A)၊ အောင်မင်္ဂလာလမ်းသွယ်၊ အောင်သိဒ္ဓိလမ်း၊ ၃ရပ်ကွက် မင်းဓမ္မ၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်။
🏡 27(A), Aung Mingalar Avenue, Aung Theikdi Rd, Ward 3 Min Dhamma, Mayangon Tsp, Yangon.
☎️09952275996, 09955184555
☎️Viber: +959952275996
🗓️Open Daily (Closed on Monday)
⏰Open Hour: 10am to 6pm
Location Link:
https://maps.app.goo.gl/ZFR273H8xR4uMzoi7

Background music credits to the original owner.

Address

27(A), Aung Mingalar St, Aung Theikdi Rd, Min Dhamma, Mayangon Tsp
Yangon
11061

Opening Hours

Tuesday 10:00 - 18:00
Wednesday 10:00 - 18:00
Thursday 10:00 - 18:00
Friday 10:00 - 18:00
Saturday 10:00 - 18:00
Sunday 10:00 - 18:00

Website

Alerts

Be the first to know and let us send you an email when Glow Studio Aesthetics & Skincare Lounge posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category