Khin May Kha

Khin May Kha medicinal knowledge

Diclofenac Potassium and Diclofenac Sodium  အာနိသင်ဘာကွာတာလဲ 🧐🧐✨Diclofenac ဆိုသည်မှာ နာတာ ရောင်ရမ်းတာတွေကို သက်သာအောင်ပြ...
18/06/2025

Diclofenac Potassium and Diclofenac Sodium အာနိသင်ဘာကွာတာလဲ 🧐🧐

✨Diclofenac ဆိုသည်မှာ နာတာ ရောင်ရမ်းတာတွေကို သက်သာအောင်ပြုလုပ်ပေးတဲ့ NSAID တမျိုးပဲဖြစ်ပါတယ်။ အခြားသော opioid analgesics တွေနှင့်တွဲဖက်၍လဲ ပြင်းထန်စွာနာကျင်ရောင်ရမ်းမှုများ လျော့ချပေးနိုင်ရန်အတွက်လဲ အသုံးပြုကြပါတယ်။

✨ဒီနေ့မှာတော့ Diclofenac ရဲ့အနောက်က sodium နဲ့ potassium စတဲ့ salt formလေးတွေ မတူညီတာကြောင့် ဆေးအာနိသင် သက်ရောက်မှု၊ ဆေးအာနိသင်ရရှိမှု၊ ဆေးရဲ့ဘေးထွက်ဆိုးကျိုးနှင့် ဘယ်လိုရောဂါမျိုးမှာ Diclofenac sodium နဲ့ Diclofenac potassium ဘယ်လိုရွေးချယ်ပေးကြလဲ သိနိုင်စေရန် ဗဟုသုတလေးမျှဝေပေးခြင်းဖြစ်ပါတယ်။

✨Diclofenac Potassium ✨

Diclofenac Potassium သည်

✨အစာအိမ်အူလမ်းကြောင်းမှ ဆေးစုပ်ယူမှုအား မြန်ဆန်ကောင်းမွန်တဲ့အတွက် ဆေးအာနိသင်ကို မြန်မြန်ရရှိနိုင်စေပါတယ်။

✨ဆေးသောက်ပြီး နာရီဝက်မှ တနာရီအတွင်း ဆေးအာနိသင်ရရှိနိုင်ပါတယ်။

✨လျင်မြန်စွာ နာကျင်မှုသက်သာရန်
လိုအပ်သောဝေဒနာတွေဖြစ်သည့်

✨ခေါင်းတခြမ်းကိုက်ခြင်း၊
✨အမျိုးသမီးများ ဓမ္မတာလာချိန်တွင် ခံစားရသော နာကျင်မှုသက်သာစေခြင်း၊
✨ သွားနာခြင်း စသည့်ဝေဒနာမျိုးတွင် သုံးလေ့ရှိပါတယ်။
✨နှလုံးသွေးကြောရောဂါနှင့်ပတ်သက်သောဝေဒနာ ခံစားနေရသူတွေမှာလဲ သုံးနိုင်ပါတယ်။

✨Diclofenac Sodium ✨

Diclofenac Sodium သည်

✨delayed-release formulationနှင့်ထုတ်လုပ်ထားသောကြောင့် ဆေးစုပ်ယူနိုင်မှုအားနှေးကွေးသောကြောင့် ဆေးသောက်ပြီး ၂နာရီမှ ၄နာရီအတွင်းမှသာ ဆေးအာနိသင်ကို ရရှိနိုင်ပါတယ်။

✨အရိုးနှင့်အဆစ်အမြစ် နာတာရှည်ရောင်ရမ်းနာကျင်မှု ခံစားနေရသောဝေဒနာမျိုးတွင် ပေးကြပါတယ်။

✨နှလုံးသွေးကြောရောဂါနှင့်ပတ်သက်သောဝေဒနာ ခံစားနေရသူတွေမှာတော့သတိထားအသုံးပြုသင့်ပါတယ်။

•Diclofenac ကို
-Enteric-coated tablets
-Sustained-release tablets
-Topical gels
-Suppositories
-Injections ( IV/IM )
-Ophthalmic drops အစရှိတဲ့ ဆေးဝါးပုံစံအမျိုးမျိုးဖြင့်ရရှိနိုင်ပါတယ်။

✨✨✨နှလုံးသွေးကြောရောဂါနှင့်ပတ်သက်သောဝေဒနာ ခံစားနေရသူတွေ၊ သွေးတိုးရောဂါရှိသူတွေ၊ သွေးထဲမှာ potassium level မြင့်နေတဲ့သူတွေ၊ ဆေးနှင့်ဓာတ်မတဲ့သူတွေ၊ အသဲမကောင်းတဲ့သူတွေ၊ ကျောက်ကပ်မကောင်းတဲ့သူတွေမှာတော့ salt and water retention ကြောင့် အရည်စုတာ၊ ဖောရောင်တာတွေကြောင့် နောက်ဆက်တွဲဆိုးကျိုးများ ရှိနိုင်သဖြင့် အထက်ပါရောဂါအခံရှိသူတွေမှာသက်ဆိုင်ရာဆရာဝန်၊ ဆေးဝါးပညာရှင်တို့၏ ညွှန်ကြားချက်ဖြင့်သာ သောက်သုံးသင့်ပါကြောင်း သတိပြုမိရန်အတွက် ဗဟုသုတအနေဖြင့် မျှဝေပေးလိုက်ပါတယ်ရှင် 💁‍♀️

💜

***Copy ကူးယူခြင်းခွင့်မပြုပါ***
**Sharing ပြုလုပ်နိုင်ပါသည်**

👉 လိပ်ခေါင်းလား 🙄?  အူမကြီးကင်ဆာလား 🙄??လူတိုင်းလိုလိုမှာ ထုတ်မပြောကြပေမဲ့ လိပ်ခေါင်းနဲ့ပတ်သက်လို့ ခံစားနေရတာလေးတွေ ရှိနေ...
06/06/2025

👉 လိပ်ခေါင်းလား 🙄? အူမကြီးကင်ဆာလား 🙄??

လူတိုင်းလိုလိုမှာ ထုတ်မပြောကြပေမဲ့ လိပ်ခေါင်းနဲ့ပတ်သက်လို့ ခံစားနေရတာလေးတွေ ရှိနေတတ်ပါတယ်။ ရောဂါပြင်းထန်လာလေ နေ့စဉ်လုပ်ဆောင်မှုတွေမှာပါ ထိခိုက်လာလေပဲ ဖြစ်ပါတယ်။

ယနေ့ခေတ်တွင် လူတိုင်းသည် အလုပ်အတွက်အချိန်နဲ့အမျှ လှုပ်ရှားရုန်းကန်နေကြရသောကြောင့် balanced diet ရရှိအောင်ပုံမှန်စားဖို့ မလွယ်ကူပါ။

ကြာရှည်စွာ အညောင်းထိုင်ခြင်း၊ မတ်တပ်ရပ်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဝမ်းညှစ်ခြင်း၊ အပူအစပ်စားလွန်းခြင်း၊ processed food( ready made) တွေစားလွန်းခြင်း၊ သင့်တော်သောပုံမှန် exercise မလုပ်ခြင်း၊ unhealthy diet၊ unhealthy lifestyle အစရှိသည့် အကြောင်းအရာတို့မှ တဆင့်ဖြစ်ပွါးလာရခြင်းဖြစ်ပါတယ်။

အူမကြီးကင်ဆာနှင့် လိပ်ခေါင်းရောဂါ တို့မှာ ရောဂါဖြစ်ပွါးပုံအခြေအနေလုံးဝမတူ ကွဲပြားခြားနားသော်လည်း ရောဂါလက္ခဏာပြပုံ တချို့အရာတွေမှာ ဆင်တူနေတတ်ပါတယ်။ ဒါကြောင့်မို့ ဒီ post လေးကို knowledge sharing အနေနဲ့မျှဝေလိုက်ပါတယ်။ လူအများသိချင်နေတဲ့ ရောဂါလက္ခဏာပြပုံလေးတွေကို လေ့လာကြရအောင်

လိပ်ခေါင်းရဲ့ရောဂါလက္ခဏာများကတော့

~ ဝမ်းသွားပြီးတိုင်း နီရဲသောသွေးပါခြင်း
~ ဝမ်းညှစ်လွန်း၍ စအိုကွဲခြင်း
~ စအိုတဝိုက် ယားယံခြင်း
~ ဝမ်းသွားလျှင် နာကျင်မှုခံစားရခြင်း
~ စအိုနားမှာ ရောင်ရမ်းသောအစိုင်အခဲဖြစ်လာခြင်း
~ ဝမ်းကျန်သလိုခံစားရခြင်း
~ ဝမ်းသွားပြီးတိုင်း အချွဲအကျိများထွက်ခြင်း စသည့်လက္ခဏာများခံစားရပါတယ်။

အူမကြီးကင်ဆာရဲ့ ရောဂါလက္ခဏာများကတော့ အူမကြီးအတွင်း ရောဂါဖြစ်ပွါးခံစားနေရသောအဆင့်ပေါ်မူတည်ပါတယ်။ဖြစ်လေ့များသော လက္ခဏာများအနေနဲ့

~ ဝမ်း အရောင့်ရင့် ( သို့ ) အမဲရောင် သွားခြင်း ( ဝမ်းတွင်သွေးပါခြင်းဖြစ်စဉ် )
~ ဝမ်းလျောလိုက် ဝမ်းချုပ်လိုက် ဖြစ်နေခြင်း
~ ဝမ်းသွားရတာမဝခြင်း၊ ဝမ်းကျန်သလို အမြဲခံစားနေရခြင်း
~ ဗိုက်နာဗိုက်အောင့်ခြင်း ခံစားရခြင်း
~ အားမရှိသလိုနုံးချိပြီး အမြဲလို ပင်ပန်းနွမ်းနယ်နေခြင်း
~ အစားအသောက်ပျက်ခြင်း
~ ကိုယ်အလေးချိန်ကျလာခြင်း
~ သံဓာတ်ချို့တဲ့ကာ သွေးအားနဲလက္ခဏာဖြစ်လာခြင်း တို့ကို ခံစားရပါတယ်။

အပေါ်မှာပြောပြခဲ့တံ့လက္ခဏာလေးတွေမှာ အမျိုးမျိုးသော အခြေအနေတွေကြောင့် ဖြစ်နိုင်ပြီး အူမကြီးကင်ဆာလား 🙄?? လိပ်ခေါင်းလား 🙄? သိရှိနိုင်ဖို့အတွက် အပေါ်မှာပြောခဲ့တဲ့လက္ခဏာလေးတွေက ဆက်တိုက်ခံစားနေရပြီဆိုလျှင် မိမိ မိသားစုဝင်များမှာ အူမကြီးကင်ဆာ မျိုးရိုးရှိခဲ့ဖူးသူဆိုလျှင်
Colonoscopy ( အူမကြီးအတွင်း camera ဖြင့် စစ်ဆေးခြင်း ) ဖြင့်သိနိုင်ပါတယ်။

လူတိုင်းအသက်၄၀ကျော်ဆိုလျှင် သတိထားစစ်ဆေးသင့်သည့် medical checkup တခုဖြစ်သောကြောင့် သတိပြုနိုင်ရန်နှင့် နေ့စဉ်သတိနှင့်ယှဉ်ကာ မိမိ lifestyle၊ diet ကိုလဲ သတိထားသင့်ကြောင်း ဗဟုသုတလေးမျှဝေပေးလိုက်ပါတယ်ရှင် 🧏‍♀️

https://www.drvivekmangla.com/blog/can-we-differentiate-between-symptoms-of-haemorrhoids-piles-and-colorectal-cancert

💜

*** copy ကူးယူခြင့်ခွင့်မပြုပါရှင် ***
*** Sharing လုပ်နိုင်ပါတယ် ***

ဆောင်းရာသီ အသား​ခြောက်ခြင်းနှင့် ​​ဆောင်ရန် ​ရှောင်ရန်များ 🧏‍♀️​        ☃️ ဆောင်း​လေ​အေးလာချိန်ဖြစ်ပြီမို့ အသား​တွေလဲ​ခြ...
16/01/2025

ဆောင်းရာသီ အသား​ခြောက်ခြင်းနှင့် ​​ဆောင်ရန် ​ရှောင်ရန်များ 🧏‍♀️

​ ☃️ ဆောင်း​လေ​အေးလာချိန်ဖြစ်ပြီမို့ အသား​တွေလဲ​ခြောက်ကပ်လာပါပြီ။ အသား​တွေ​ခြောက်လို့ ယားတဲ့အထိ​တောင် ဖြစ်​နေပါပြီ။ ​ဆောင်း​လေ​အေး​အေးရာသီကို ကြိုက်​ပေမဲ့ အသား​အရည်​ခြောက်​သွေ့ပြီး ပက်ကြားအက်ကာ ယားယံတဲ့ဒုက္ခကလဲ မ​သေး​​ပေ။ ဒါ​ကြောင့်မို့ ​ဆောင်းတွင်းအသား​ခြောက်ခြင်းနှင့် ​ဆောင်ရန်ရှောင်ရန်တို့ကို မျှ​ဝေ​ပေးလိုက်ပါတယ်။

​☃️အ​ရေပြားရဲ့အ​ပေါ်ယံလွှာကို ဆဲလ်​သေများ၊ အဆီ တို့ဖြင့်ပါ၀င်​ပေါင်းစပ်ထားပြီး ခန္ဓာကိုယ်ကို အစိုဓါတ်ထိန်းထားနိုင်ရန်နှင့် ခန္ဓာကိုယ်တွင်းသို့ အဆိပ်အ​တောက်များ မ၀င်​ရောက်နိုင်ရန် ပြင်ပအကာအကွယ်လွှာတခုအ​နေနဲ့​ ပြုလုပ်​ပေးပါတယ်။ ထို့အပြင် အ​ရေပြားမှာရှိတဲ့အစိုဓါတ်ဆိုသည်မှာလည်း အသက်အရွယ်၊ ကျားမမတူမှု၊ လူမျိုး၊ ပတ်၀န်းကျင်အ​ခြေအ​နေ​တွေ​ကြောင့် တဦးနဲ့တဦးမှာ မတူညီနိုင်​ပေ။

☃️​ဆောင်းရာသီတွင် စိုထိုင်းမှုနှင့် အပူချိန်​ပြောင်းလဲလာမှု၊ ရာသီဥတုပြင်းထန်မှု၊ ​လေ​အေးကြမ်းတိုက်ခိုက်မှုတို့​ကြောင့် အ​ရေပြားရဲ့ သဘာ၀အစိုဓါတ်ထိန်းထားမှုတို့ဆုံးရှုံးကာ အ​ရေပြား​ခြောက်​သွေ့မှုဖြစ်လာပါတယ်။ လူတချို့ကမူ အသား​ရေ​ခြောက်​သွေ့ယုံမျှမက အ​ရေပြားတွင် ပက်ကြားအက်ခြင်း၊ နီလာခြင်းနှင့် ယားယံခြင်းဖြစ်ပြီး အ​ရေပြားများစူးကာကြမ်းရှလာကြပါတယ်။ အသား​ရည်နှင့် ​လေ​အေးအများဆုံးထိ​တွေ့​သော မျက်နှာ၊ ပါး၊ နှာ​ခေါင်းထိပ်​တွေမှာ အဓိက အသားပတ်ကြပါတယ်။ တချို့ဆို အသား​ရည်အရမ်း​ခြောက်ကာ ကုတ်ဖဲ့ခြင်း​ကြောင့် အ​ရေပြားတွင် အနာများ၊ ​သွေးများစို့ခြင်းများအထိ ဖြစ်လာတတ်ပါတယ်။ အ​ရေပြားပြသာနာအခံရှိသူတို့တွင် အ​ရေပြားဆိုင်ရာပြသာနာများ ပိုပြီးဆိုးရွာစွာခံစားရပါက ထိုအချိန်မျိုးတွင် သင့်​တော်​သောကုသမှုမျိုးကို ခံယူရပါမယ်။

​​☃​ဆောင်းရာသီတွင်း ခြောက်​သွေ့ပြီးပျက်စီးလာ​သော အသားအရည်အတွက် အ​ကောင်းဆုံးကုသနည်းမှာ အစိုဓါတ်ပြန်လည်ဖြည့်ခြင်းပဲဖြစ်ပါတယ်။ ဒီလိုအချိန်မျိုးတွင် မျက်နှာ​ပေါ်မှာ toner, serum, heavy make up ​တွေလိမ်းခြယ်ခြင်း မပြုပဲ moisturizer သုံးခြင်းကသာလျှင် အ​ပေါ်ယံအ​ရေပြားအလွှာကို ​ရေဓါတ်ပြန်လည်ဖြည့်တင်းနိုင်ပြီး အ​ရေပြားမှ ​ရေဓါတ်ဆုံးရှုံးမှုကိုလဲ ကာကွယ်​ပေးမှာဖြစ်ပါတယ်။

☃️​ဆောင်းရာသီတွင် ရာသီဥတု အရမ်း​​အေးခဲလာပါက နူးညံ့​သောနှုတ်ခမ်းသား​လေး​တွေပင် အသားပတ်ခြင်း၊ အဖတ်လန်ခြင်း၊ အက်ကွဲခြင်းများဖြစ်တတ်ပါတယ်။ နှုတ်ခမ်းအသားပတ်​နေချိန်မှာ ခဲဓါတ်ပါ၀င်​သော နှုတ်ခမ်းဆိုး​ဆေးရင့်ရင့်ကို မသုံးပဲ အဆီပါ၀င်​သော နှုတ်ခမ်းဆိုးဆေးကိုသာ ​ရွေးချယ်သုံးသင့်ပါတယ်။

☃️​ဆောင်းရာသီတွင် အသား​ခြောက်ခြင်းမဖြစ်ရန် Linoleic, linolenic, lauric acid ကဲ့သို့ အသားအရည်နူးညံ့​ပျော့​ပြောင်း​စေ​သော moisturizerမျိုး၊ ceramides, hyaluronic acid, glycerin, sorbitol အစရှိသည့် အစိုဓါတ်ထိန်း​ပေးထားနိုင်​သော moisturizerမျိုး၊ အခြား​​သော Bio oil, oleic oil, petroleum jelly, lanolin, silicone နှင့် mineral oil စသည့် လိမ်း​ဆေးမျိုးတို့ သုံးနိုင်ပါတယ်။ ထိုကဲ့သို့​သော moistirizer တို့သည် ပတ်၀န်းကျင်ရာသီဥတု ဒဏ်​ကြောင့် အ​ရေပြားပျက်စီးခြင်းမဖြစ်​အောင် အကာအကွယ်​ပေးနိုင်ကြပါတယ်။ moisturizer များတွင်လည်း gel type ထက်စာလျှင် ​စေးကပ်ကာ အဆီဓါတ်ပါ​​​သော moisturizer မျိူးက သာ၍ပို​ကောင်းပါတယ်။ Sensitiveဖြစ်​သော အသားအရည်မျိုးတို့တွင် Aloe vera (ရှား​စောင်းလက်ပတ်) တို့ကို ညအိပ်ရာ၀င်ခါနီးတွင် အသုံးပြုနိုင်ပါသည်။

☃️ဆောင်းရာသီတွင် အသား​အရည်​ခြောက်​သွေ့ခြင်းဖြစ်​စေနိုင်​သော ​အောက်ပါ အ​ကြောင်းအရင်းတို့ကို​ရှောင်ကျဥ်ရပါမယ်။

-​Antibacterial soap အပြင်းစားများသုံးခြင်း၊ ​
-ရေ​နွေးပူပူဖြင့် ​ရေချိူးခြင်း၊ ​
-ရေ​နွေးဖြင့် မျက်နှာသစ်ခြင်း၊ ​
-ရေ​နွေးဖြင့်​ခေါင်း​လျှော်ခြင်း၊
-မကြာခန မျက်နှာသစ်ခြင်း၊ ​ခြေလက်​ဆေးခြင်း၊
-ချမ်းမှာ​ကြောက်၍ ရေပုံမှန်မချိုးခြင်း၊ ​
-ရေ​သောက်နည်းခြင်း၊
-၀မ်းပုံမှန်မသွားခြင်း၊ ​
-အစာ​ချေဖျက်ရ ခက်ခဲ​သောအစာများစားခြင်း
တို့ကို ​ရှောင်ရှားရပါမယ်။

☃️ ​ဆောင်းရာသီမှာ အ​ရေပြားမ​ခြောက်​သွေ့​အောင် ​ဆောင်ရမှာ​တော့ ​

-ရေများများ​သောက်တာ
-vitamin E ပါ၀င်​သောမျက်နှာသစ်​ဆေးသုံးတာ
-Omega 3, Omega 6 ပါ၀င်တာ​တွေစားတာ
-moisturizer ​တွေသုံးတာ
-Humidifier( အစိုဓါတ်ထိန်းစက် ) သုံးတာ
-sunscreen လိမ်းတာ
-body lotion သုံးတာ
-ပန်းကန်​ဆေး၊ အ၀တ်​လျှော်လျှင် လက်အိတ်၀တ်တာ​ ​စသည့်တို့ကို ​ဆောင်ရွက်သင့်ပါတယ်။

💛နွေအချို၊ မိုးအခါး၊ ​ဆောင်းအချဥ်ဆိုသည့် ​ရှေးလူကြီးများ ဆိုစကားနှင့်အညီ ​အေးမြ​သော​ဆောင်းရာသီမှာ အချဥ်ဓါတ်စား​ပေးခြင်းဖြင့် ခန္ဓာကိုယ်ရဲ့ အစိုဓါတ်ကိုထိန်းညှိ​ပေးယုံမျှမက ခုခံအားစနစ်ကိုပါ ​ကောင်းမွန်​​စေပါတယ်။ အသည်းနှင့်ဆီးအိမ်ကို ကျန်းမာ​စေသည့်အပြင် မိမိစား​သောက်လိုက်​သော အစား​သောက်ထဲရှိသတ္တုဓါတ်များကို အလွယ်တကူစုပ်ယူနိုင်ပြီး ခန္ဓာကိုယ်တစ်ရှူးများကို သန့်စင်​ပေးပါတယ်။ ထို့​ကြောင့် သံပုရာသီး၊ ​ရှောက်သီး၊ သံပုရိုသီး၊ နာနတ်သီး၊ ပန်းသီး၊ မန်ကျည်းသီး၊ သစ်​တော်သီး၊ ဒိန်ချဥ်၊ ဖရဲသီး၊ ဘယ်ရီသီး စသည့်တို့ကို စားသုံးသင့်ပါတယ်။

💚ခန္ဓာကိုယ်တွင်းအပူဓါတ်​လျော့ချ​ပေးနိုင်​သော ​ဆောင်းရာသီဓါတ်စာများဖြစ်​သော
-မုန်လာဥဖြူ၊ မုန်လာဥနီ၊ ခရမ်းချဥ်သီး၊ ဘူးသီး၊ ​ ဂေါ်ရခါးသီး၊ စိမ်းစားဥ၊ သခွားသီး
တို့ကိုလဲစား​ပေးရပါမယ်။

🥚ဗီတာမင်နှင့် ပရိုတိန်းကြွယ်၀ရန်အတွက် ဗာဒံ​စေ့၊ သစ်ကြားသီးတို့ကို စားနိုင်ပါတယ် ။

🥛နို့​သောက်ခြင်းကလဲ အသားအရည်​ခြောက်တာကို သိသိသာသာသက်သာ​စေတဲ့အတွက် ​​နေ့စဥ်နို့တခွက်​သောက်ခြင်းဖြင့် ​ဆောင်းရာသီတွင်း အသားအ​ရည်​ခြောက်တာကို ကင်း​​ဝေး​စေနိုင်ပါတယ်။

🥬အစိမ်း​ရောင်ရှိ​သော ဟင်းသီးဟင်းရွက်လတ်လတ်ဆတ်ဆတ်တို့ကို စားခြင်းဖြင့်လည်း ​ဆောင်းရာသီတွင် အဖြစ်များ​သော ၀မ်းချုပ်ခြင်းကို ကာကွယ်​ပေးနိုင်ပါတယ်။

🏃‍♂️ ​ဆောင်းရာသီတွင် နိစ္စဓူဝလှုပ်ရှားမှူတိုင်းကို ခပ်သွက်သွက်လုပ်၍ ​ချွေးထွက်​အောင်​နေထိုင်သင့်ပါတယ်။ ​ဆောင်းရာသီမှာ ​ချွေးထွက်ခြင်းက ​သွေး​လေလည်ပတ်မှုကို ​ကောင်း​မွန်​စေပြီး အသားအရည်ကိုလဲ ထိန်းသိမ်းရာ​ရောက်ပါတယ်။
​​
💁‍♀️အချုပ်အားဖြင့်ဆောင်းရာသီအသား​ခြောက်ခြင်းသည် လူတိုင်း​ရှောင်လွဲမရ ကြုံ​တွေ့ရမည့် လက္ခဏာများဖြစ်​သော​ကြောင့် ​​​ဆောင်းရာသီတွင်း ရှောင်ရန်၊ ​ဆောင်ရန် တို့ကို သတိမူကာ ကျန်းမာတဲ့​အ​ရေပြား​လေးဖြစ်​အောင် ထိန်းသိမ်းနိုင်ရန် ဤ​ဆောင်းပါး​လေးမှ တ​ဆင့်ဗဟုသုတတို့ကို မျှ​ဝေ​ပေးလိုက်ပါတယ်။

💜

**Post ကို Copy ကူးယူခြင်းခွင့်မပြုပါရှင်***
**Sharing ပြုလုပ်နိုင်ပါသည်***

https://m.facebook.com/story.php?story_fbid=882675843225235&id=100044484822051&mibextid=9R9pXO

medicalnewstoday ;winter dry skin
Written by Amanda Barrell on January 29, 2021

သတိနှင့်ယှဥ်ကာ ​ကျော်ဖြတ်ကြမည် HMPV 🦠         ဆောင်းအကုန်​နွေဦးအ၀င်တွင် လူတိုင်းလိုလို နှာ​စေးကြ ​ချောင်းဆိုးကြ ဖြစ်ကြသ...
10/01/2025

သတိနှင့်ယှဥ်ကာ ​ကျော်ဖြတ်ကြမည် HMPV 🦠

ဆောင်းအကုန်​နွေဦးအ၀င်တွင် လူတိုင်းလိုလို
နှာ​စေးကြ ​ချောင်းဆိုးကြ ဖြစ်ကြသည်။
က​လေးငယ်များနှင့် သက်ကြီးရွယ်အို ဖိုးဖိုး၊ဖွားဖွားတို့ အတွက် ဒီလိုရာသီမျိုးတွင် ​ရေချိုးမှား၊ အ​အေးမိတာနှင့် အဖျားစ၀င်​တော့သည်။ HMPV (Human metapneumovirus) 🦠သည်လဲပဲ ဒီရာသီတွင် ကျင်လည်​နေ​သော အသက်ရှုလမ်း​ကြောင်းဆိုင်ရာ​​ရောဂါပိုး ဗိုင်းရပ်စ် တမျိုးပင်ဖြစ်သည်။ ကုသမှု၊ ကာကွယ်​ဆေးမရှိ​သော်လည်း မည်သို့ကူးစက်နိုင်သည်နှင့် ​ရောဂါလက္ခဏာများ၊ ​ရောဂါပြန့်ပွားမှုနဲပါး​အောင် ဂရုပြုရမည့် ​အောက်ပါအချက်တို့ကို မျှ​ဝေ​ပေးလိုက်ပါတယ်။

HMPV virus 🦠 သည် လူတစ်​ယောက်မှတစ်​ယောက်သို့ ​ချောင်းဆိုး နှာ​စေးရာမှတဆင့် ကူးစက်၀င်​ရောက်နိုင်သည်။​ရောဂါပိုးကပ်တွယ်​နေ​​​သော မျက်နှာပြင်၊ မသန့်​စင်​သောလက်တို့မှတဆင့်လဲ
ကူးစက်၀င်​ရောက်နိုင်သည်။

ရောဂါပိုးကူးစက်၀င်​ရောက်ခြင်းခံရပါက
သာမန်အ​အေးမိဖျားနာလက္ခဏာများဖြစ်​သော ​ချောင်းဆိုးခြင်း၊ ဖျားခြင်း၊ နှာပိတ်ခြင်း၊ အသက်ရှုမ၀ခြင်း၊ အသက်ရှုရခက်ခြင်း၊ လည်​ချောင်းနာ၊ အ​ရေပြားဓါတ်မတဲ့ခြင်း စသည့်လက္ခဏာများ ခံစားရ​လေ့ရှိပါတယ်။

​ရောဂါစဖြစ်ပြီး ၂ရက်မှ ၅ရက်အတွင်း ​ရောဂါလက္ခဏာများ သက်သာ​ပျောက်ကင်း လာတတ်ပါတယ်။ ကိုယ်ခံအားနဲ​နေပြီဖြစ်တဲ့ အသက်ကြီးတဲ့ဖိုးဖိုး၊ ဖွားဖွား​တွေ၊ ကိုယ်ခံအားစနစ် အပြည့်အ၀မရှိ​သေးတဲ့ ၅နှစ်​အောက် က​လေးငယ်​လေး​တွေမှာ​တော့ ​ရောဂါလက္ခဏာပြင်းထန်မှု​တွေကို ပိုမိုခံစားရတတ်ပါတယ်။

ဒီလို ရာသီတုပ်​ကွေးဖျားနာ အဖြစ်များတဲ့ ရာသီမျိုးမှာ ရာသီတုပ်​ကွေးကာကွယ်​ဆေးထိုးခြင်း၊ မိမိကိုယ်ကို ကိုယ်ခံအား​ကောင်း​အောင်​​နေခြင်း၊ တကိုယ်ရည်သန့်ရှင်းမှုဂရုစိုက်ခြင်း၊ လူထူထပ်တဲ့​နေရာ​လိုမျိုးတွေမှာ ပိုကူးစက်လွယ်နိုင်တဲ့အတွက် mask တပ်ခြင်း၊ တခုခုကိုင်တွယ်ပြီးတိုင်းလက်​ဆေးကြခြင်း၊ ​အိမ်​တွေ အ​ဆောက်အဦး​တွေမှာ လေ၀င်​လေထွက်​ကောင်း​အောင် ထားခြင်းဖြင့် ​ရောဂါကူးစက်ပြန့်ပွားနှုန်းကို ​လျော့ချနိုင်မှာပဲဖြစ်ပါတယ်။

HMPV virus 🦠 ၀င်​ရောက်ခြင်းခံရပါက အိမ်တွင်​နေ၍နားခြင်း၊ ​ခန္ဓာကိုယ်အတွက်ရေဓါတ်ပြန်လည်ဖြည့်ခြင်း နှင့် OTC ​ဆေးဝါးများဖြစ်​သော paracetamol, ibuprofen အစရှိသည့် ကိုက်ခဲဖျားနာ သက်သာ​စေ​သော​ဆေးများဖြင့် သက်သာ​ပျောက်ကင်း​နိုင်ပါသည်။ သို့ရာတွင် ​ရောဂါလက္ခဏာပြင်းထန်ပါက ​နောက်ဆက်တွဲ​ရောဂါ၀င်​ရောက်မှုများရှိနိုင်သဖြင့် ​ထိ​ရောက်​သော ဆေးကုသမှုခံယူရပါမယ်။

HMPV virus 🦠မှာ ပြင်းထန်မှုမရှိသော်လည်း မိမိကိုယ်ခံအားကျ၍ ​ရောဂါ၀င်​ရောက်​နေချိန်တွင် အိမ်တွင်အနားယူသင့်ပါသည်။ ကိုယ်ခံအားနဲ​နေ​သော လူနာများအားသွား​ရောက်ကြည့်ခြင်း၊ အသက်အရွယ်ကြီး​သောသူများ၊ က​လေးသူငယ်များနှင့် နီးနီးကပ်ကပ်​နေခြင်းမှ ​ရှောင်ကျဥ်၍ အခြားသူများသို့မပျံ့နှံ့​အောင် ​နေထိုင်ခြင်းဖြင့် သတိနှင့်ယှဥ်ကာ HMPV virus🦠 ပြန့်ပွားကူးစက်မှုကို ​ကျော်ဖြတ်ကြပါစို့။

💜

Reference; WHO , CNN Health

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Khin May Kha posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Khin May Kha:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram