Dr. သမားတော် online clinic

Dr. သမားတော် online clinic Online Clinic

Infection induced wheezing ဆိုတာ respiratory tract infection (အသက်ရှူလမ်းကြောင်းရောဂါ) တစ်ခုကြောင့် အသက်ရှူရာတွင် “wheez...
20/07/2025

Infection induced wheezing ဆိုတာ respiratory tract infection (အသက်ရှူလမ်းကြောင်းရောဂါ) တစ်ခုကြောင့် အသက်ရှူရာတွင် “wheezing” (အုတ်ခတ်အသံ) ဖြစ်ပေါ်လာခြင်းကို ဆိုလိုပါတယ်။ ဒါဟာ အသက်အန္တရာယ်ရှိနိုင်သောအခြေအနေအထိ ဖြစ်နိုင်ပါတယ်။

၁။ အကြောင်းရင်းများ (Causes)ကတော့

-ဗိုင်းရပ်စ်ပိုးဝင်ခြင်း Viral respiratory infections (ဥပမာ - RSV, rhinovirus, influenza, parainfluenza)

-ဘက်တီးရီယားပိုးမွှားကြောင့်ဖြစ်တတ်ခြင်း (Bacterial infections)

-လေပြွန်လေးတွေရောင်ရမ်းခြင်း (Bronchiolitis)

-အဆုတ်ရောင်ခြင်း(Pneumonia)

-ကိုဗစ်၁၉ ရောဂါ(COVID-19) ကြောင့်ဖြစ်တတ်ပါတယ်။

၂။ ရောဂါလက္ခဏာတွေကတော့

-အသက်ရှူလမ်းကြောင်းမှာ ပိုးဝင်တာ၊ ဖုန်မှုန့်များရှုမိတာကြောင့် ဆဲလ်များ ပျက်စီးပြီး
လေဝင်လေထွက်လမ်းကြောင်းကျဉ်းမြောင်းလာကာအသက်ရှူရာတွင် “wheezing” အသံထွက်လာပါတယ်။

-အသက်ရှူရခက်ခဲမယ်(shortness of breath)

-ချောင်းဆိုးမယ်(cough)

-တစ်ခါတစ်ရံ ဖျားတာမျိုးရှိပါမယ်။

၄။ သက်သာအောင်ဘယ်လိုလုပ်ရမလဲဆိုရင်

-ရေနွေးငွေ့ရှူပေးပါ။
-အနားယူပေးပါ။
-အာဟာရပြည့်စုံအောင်စားပါ။
-အသက်ရှူရ အရမ်းခက်လာရင် အောက်စီဂျင် နှင့် ဆေးများရှူရနိုင်တာမို့ အမြန်ဆုံး နားလည်သိကျွမ်းတဲ့ ဆရာဝန်ဆီ ပြသပါ။
-လိုအပ်ရင် ပိုးသတ်ဆေးAntibioticsသောက်ရပါမယ်။

၅။ ဘေးထွက်ဆိုးကျိုးအနေနဲ့ ကတော့

-Severe respiratory distress (အသက်ရှူရအရမ်းခက်လာတာ)

-Respiratory failure (အလွန်အန္တရာယ်ရှိတဲ့ အသက်လုံးဝမရှူနိုင်တော့တာ)

-Chronic wheezing (အမြဲတမ်း အသက်ရှုတိုင်း wheezing ဖြစ်နေတာ)

-Asthma-like symptoms (ပန်းနာရင်ကြပ်လိုမျိုး စကားမပြောနိုင်အောင် ကြပ်တာ)စတာတွေဖြစ်နိုင်ပါတယ်။

-မွေးကင်းစကလေးများ၊Asthmaပန်းနာရင်ကြပ်ရောဂါအခံ ရှိသူများ၊ အသက်ရွယ်အိုမင်းသူများနဲ့ခုခံအားနည်းတဲ့သူတွေမှာ ပိုဖြစ်နိုင်လို့ မပေါ့ဆကြပါပဲ အသက်ရှူရခက်ပြီဆိုတာနဲ့ ဆေးရုံဆေးခန်းကို အမြန်ဆုံးသွားပြီးကုသမှုခံယူပါလို့ပြောချင်ပါတယ်။

အားလုံးပဲကျန်းမာရေးဂရုစိုက်ကြပါနော်။

ဆံပင်ဖြူရခြင်း” ဆိုတာဟာ လူတစ်ဦးရဲ့ ဆံပင်တွေက အနက်ရောင်မှ ဖြူလာတဲ့ အခြေအနေကို ဆိုလိုတာပါ။ ဒီဖြစ်စဉ်ကို (Canities) လို့ ခေ...
09/04/2025

ဆံပင်ဖြူရခြင်း” ဆိုတာဟာ လူတစ်ဦးရဲ့ ဆံပင်တွေက အနက်ရောင်မှ ဖြူလာတဲ့ အခြေအနေကို ဆိုလိုတာပါ။ ဒီဖြစ်စဉ်ကို (Canities) လို့ ခေါ်ပါတယ်။

ဆံပင်ဖြူရခြင်းရဲ့ အကြောင်းအရာများ

၁။ အသက်အရွယ်ကြောင့်ဖြူခြင်း (Aging Process)

အသက်အရွယ်ကြီးလာတာနဲ့အမျှ Melanin (ဆံပင်
အရောင်နက်ဖို့အတွက် ခန္ဓာကိုယ်ကထုတ်တဲ့ရောင်
ခြယ်ဓါတ်တစ်မျိုး) တွေ ထုတ်လုပ်မှု လျော့နည်းလာပါတယ်။ ဒါကြောင့် ဆံပင်က ဖြူလာတာပါ။

၂။ မျိုးရိုးစဉ်အဆက် (Genetics)

မိဘတွေဆီက မျိုးရိုးဗီဇတွေကြောင့်လည်း ဆံပင်ဖြူလာနိုင်ပါတယ်။ မိသားစုတစ်ခုလုံးက အရွယ်ငယ်ငယ်နဲ့ ဆံပင်ဖြူတတ်တာတွေ ရှိတတ်ပါတယ်။

၃။ စိတ်ဖိစီးမှု (Stress)

စိတ်ဖိစီးရင်ထွက်လာတဲ့ Oxidative stress (ခန္ဓာကိုယ်ထဲကအဆိပ်အတောက်များ) ကြောင့် Melanin ထုတ်လုပ်မှုလျော့နည်းကာ ဆံပင်ဖြူတာကိုဖြစ်နိုင်ပါတယ်။

၄။ အာဟာရချို့တဲ့မှု (Nutritional Deficiency)

Vitamin B12, Iron, Copper, Zinc စတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ မလုံလောက်ရင်လည်း ဆံပင်ဖြူတတ်ပါတယ်။

၅။ တခြားရောဂါအမျိုးမျိုး (Diseases)

Vitiligo(ခရုသင်း)၊ Thyroid Disorders ( သိုင်းရွိုက်ရောဂါ)၊ Autoimmune Diseases (ကိုယ့်ခုခံအားကိုယ်ပြန်တိုက်တဲ့ရောဂါ) တို့ကြောင့်လည်း ဆံပင်ဖြူလာနိုင်ပါတယ်။

ဘယ်လိုတားဆီးရမလဲ?

မျိုးရိုးနဲ့ အသက်အရွယ်ကြောင့်ဖြူတာကို တားဆီးလို့မရပေမဲ့၊

-အာဟာရပြည့်ဝစွာစားသုံးခြင်း

-စိတ်ဖိစီးမှုလျှော့ချခြင်း

-ပြည့်ပြည့်ဝဝ အနားယူခြင်း

-ဆံပင်ထိန်းသိမ်းမှုများ (Hair care) ပြုလုပ်ခြင်းကြောင့်ဆံပင်ဖြူလာမှုကို အနည်းငယ်နှောင့်နှေးစေပါတယ်။ဆံပင်အတွက် သဘာဝအဆီ (Natural Oils - Coconut oil, etc.) တွေကိုပုံမှန်လိမ်းပေးခြင်း။ဗီတာမင်နှင့် သတ္တုဓာတ်ပါဝင်တဲ့ ဆံပင်အတွက်
အာဟာရပေါင်းစပ် (Hair Supplements) သောက်ပေးခြင်းကလည်း ဆံပင်ဖြူတာကိုသက်သာစေပါတယ်။ ဒါပေမဲ့ ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပြီးမှသာသောက်သင့်ပါတယ်။

-ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်းတို့ကို ရှောင်ပါ။

-ဆံပင်ကို ဓာတုပစ္စည်းများ (Chemical Products) များလွန်စွာအသုံးမပြုပါနဲ့။

-သိုင်းရွိုက်ပြဿနာ (Thyroid problems), Vitamin B12 ချို့တဲ့မှု, Autoimmune diseases တို့အတွက် စောင့်ကြည့်စစ်ဆေးပါ။

အကယ်၍ များပြားစွာဖြူလာနေတယ်ဆိုရင် ဆရာဝန်တွေ့ဆွေးနွေးသင့်ပါတယ်။ ရောဂါကြောင့် ဆံပင်ဖြူတာလား ဒါမှမဟုတ် သဘာဝအလျောက်ဖြူတာလားဆိုတာ စစ်ဆေးနိုင်အောင်ပါ။

အားလုံးပဲကျန်းမာရေးဂရုစိုက်ကြပါနော်။

Heat Stroke (အပူလျှပ်ခြင်း) ဆိုတာက ပြင်ပအပူချိန်ကြီးလွန်းတာကြောင့် ကိုယ်အပူချိန်အလွန်မြင့်သွားပြီး ဖြစ်လာတဲ့ အရေးပေါ်ကျန...
28/03/2025

Heat Stroke (အပူလျှပ်ခြင်း) ဆိုတာက ပြင်ပ
အပူချိန်ကြီးလွန်းတာကြောင့် ကိုယ်အပူချိန်အလွန်မြင့်သွားပြီး ဖြစ်လာတဲ့ အရေးပေါ်ကျန်းမာရေးပြဿနာတစ်ခုပဲဖြစ်ပါတယ်။ ကိုယ်အပူချိန် 104°F (40°C) ထက်ကျော်သွားတဲ့အခါမှာ အန္တရာယ်အရှိဆုံးအခြေအနေဖြစ်လာနိုင်ပါတယ်။

Heat Stroke ဖြစ်စေနိုင်တဲ့အကြောင်းအရာများကတော့

-နေရောင်ခြည်အောက်မှာအချိန်အတော်ကြာနေမိတာ

-အပူလွန်ကဲသောနေရာများတွင် အလုပ်လုပ်ရသူများ

-ရေဓါတ်ခန်းခြောက်တာ

-electrolyte လို့ခေါ်တဲ့ ခန္ဓာကိုယ်သတ္တုဓါတ်ချို့တဲ့တာ

-အပူပြင်းလွန်းတဲ့အချိန် အားကစားလုပ်တဲ့သူများမှာ အပူလျှပ်ခြင်းဖြစ်ပေါ်နိုင်ပါတယ်။

လက္ခဏာများ (Symptoms)ကတော့

-ကိုယ်အပူချိန်အလွန်မြင့်ခြင်း (104°F/40°C ထက်ပို)

-မူးဝေခြင်း၊ အော့အန်ခြင်း

-သတိလစ်ခြင်း

-အသက်ရှူမြန်လာခြင်း

-နှလုံးခုန်မြန်လာခြင်း

-အရေပြားတွေပူလာခြင်း

- ချွေးမထွက်နိုင်တော့ခြင်း

-အပူကြီးပြီး တက်ခြင်း

ဘယ်လိုကုသရမလဲ (First Aid & Treatment)

၁။ ကိုယ်အပူချိန်လျော့စေရန် - အရိပ်ရှိရာသို့ ပြောင်းပါ၊ အဝတ်အစားချွတ်ပါ၊ ရေအေးပတ်ဖြင့်တိုက်ပေးပါ။ ရေခဲရေစိမ်တာမျိုးလည်းပြုလုပ်လို့ရပါတယ်။

၂။ ရေသောက်ပေးခြင်း - သတိလစ်နေသူမဟုတ်ရင် ရေများများသောက်စေပါ။

၃။ ဖြစ်နိုင်ရင်အမြန်ဆုံးဆေးရုံသို့ပို့ပါ။

ဘယ်လိုကာကွယ်ရမလဲ(Prevention)

-နေအပူရှိန်ကြီးချိန်များတွင် အိမ်တွင်းမှာပဲနေပါ။

-ရေများများသောက်ပါ။

-အပူလွန်ကဲသောနေ့များတွင် နေပူကြီးထဲတွင် အလုပ်လုပ်ကိုင်တာရှောင်ပါ။

-အပူပြင်းတဲ့နေ့တွေမှာ အားကစားလုပ်ခြင်း ဖြစ်နိုင်ရင်ရှောင်ပါ။

-တကယ်လို့ သင့်မှာ ဒါမှမဟုတ် တစ်စုံတစ်ယောက်မှာဒီလက္ခဏာများရှိလာပါက အရေးပေါ်ကုသမှု လိုအပ်ပါတယ်။ ဒါ့ကြောင့် ဆေးရုံသို့ အမြန်ဆုံးသွားရပါမယ်။

အားလုံးပဲကျန်းမာရေးဂရုစိုက်ကြပါနော်။

အကြောတက်ရခြင်းအကြောင်းအကြောတက်ခြင်းဆိုတာ ကြွက်သား (muscles) တွေ တင်းကျစ်သွားခြင်းကို ဆိုလိုတာပါ။ ဒါဟာ ခြေထောက်၊ လက်၊ လည်...
09/03/2025

အကြောတက်ရခြင်းအကြောင်း

အကြောတက်ခြင်းဆိုတာ ကြွက်သား (muscles) တွေ တင်းကျစ်သွားခြင်းကို ဆိုလိုတာပါ။ ဒါဟာ ခြေထောက်၊ လက်၊ လည်ပင်း၊ ကျော၊ သို့မဟုတ် ခန္ဓာကိုယ်ရဲ့ တခြားနေရာတွေမှာလည်း ဖြစ်နိုင်ပါတယ်။

အကြောတက်ခြင်းရဲ့ အကြောင်းရင်းများ

၁။ ရေဓာတ်နည်းခြင်း (Dehydration) – ခန္ဓာကိုယ်ရဲ့ ရေဓာတ် မလုံလောက်ရင် အကြောတက်နိုင်ပါတယ်။

၂။ သတ္တုဓာတ်မလုံလောက်မှု (Electrolyte Imbalance) – ခန္ဓာကိုယ်မှာလိုအပ်တဲ့ ကယ်လ်စီယမ် (Calcium), မဂ္ဂနီစီယမ် (Magnesium), ပိုတက်စီယမ် (Potassium) တို့မလုံလောက်ရင် ဖြစ်နိုင်ပါတယ်။

၃။ ထိုင်နေချိန်ကြာလွန်းခြင်း – တစ်နေကုန် တစ်နေရာတည်းမှာ ထိုင်နေလို့ ဖြစ်နိုင်ပါတယ်။

၄။ လှုပ်ရှားမှု မလုံလောက်မှု – ကိုယ်လက်လှုပ်ရှားမှု မဖြစ်ရင် ကြွက်သားတွေ တင်းကျပ်လာနိုင်ပါတယ်။

၅။ မမှန်ကန်တဲ့ ခန္ဓာကိုယ်အနေအထား (Bad Posture) – မှန်ကန်တဲ့ body posture မထားပဲ ထိုင်ခြင်း၊ လေ့ကျင့်ခြင်းတို့ကြောင့် ဖြစ်နိုင်ပါတယ်။

၆။ အဝတ်အစား တင်းလွန်းခြင်း – တင်းရင်းလွန်းတဲ့အဝတ်အစားတွေဟာ သွေးလည်ပတ်မှုကို ထိခိုက်စေနိုင်ပါတယ်။

၇။ ဖိအားများခြင်း (Stress) – စိတ်ဖိစီးမှုကြောင့် ကြွက်သားတွေအကြောတက်နိုင်ပါတယ်။

၈။ ကြာရှည်စွာ ကြွက်သားများကို အသုံးပြုခြင်း – အထူးသဖြင့် အားကစားလုပ်ရာတွင် ကြာရှည်ကြွက်သားအသုံးပြုမှုကြောင့် အကြောတက်နိုင်ပါတယ်။

၉။ သွေးလည်ပတ်မှုမကောင်းမှု (Poor Circulation) – သွေးလည်ပတ်မှု မကောင်းတာကြောင့် အကြောတက်တာကို ဖြစ်နိုင်ပါတယ်။

၁၀။ ဆေးဝါးအချို့ရဲ့သက်ရောက်မှု – သောက်သုံးနေတဲ့ ဆေးဝါးတစ်ချို့ကြောင့် လည်း အကြောတက်နိုင်ပါတယ်။

၁၁။ ကိုယ်အလေးချိန်ပိုမှု (Obesity) – ကိုယ်အလေးချိန်ဝလွန်းတာကြောင့်လည်း အကြောတက်စေနိုင်ပါတယ်။

သက်သာအောင်ဘယ်လိုလုပ်ရမလဲ

✔ သွေးလည်ပတ်မှုကောင်းစေရန် – နူးညံ့ညင်သာစွာ နှိပ်နယ်ခြင်းပြုလုပ်ပေးပါ။
✔ လေ့ကျင့်ခန်းလုပ်ခြင်း – ကြွက်သားများကို တင်းကျပ်မနေစေဘဲ သက်သာစေရန် လမ်းလျှောက်ခြင်း၊ တင်ပါးထိုင်ခြင်း ပြုလုပ်ပေးပါ။
✔ ရေများများသောက်ခြင်း – ရေဓာတ် မပြည့်ဝခြင်းကြောင့် အကြောတက်နိုင်လို့ ရေတစ်နေ့ ၃လီတာသောက်ပေးပါ။
✔ သတ္တုဓါတ်ပြည့်စုံစေရန် – ဓာတ်ဆားပါသော အစားအစာများ (ဒိန်ချဉ်, ငါး, သံလွင်သီး, တိုဖူး) စသည်တို့ စားသုံးရန်။
✔ အပူပေးခြင်း (Heat Therapy) – အကြောတက်နေတဲ့နေရာကို ရေနွေးဝတ်ကပ်ပေးတာကလည်း အကြောတက်သက်သာစေနိုင်ပါတယ်။

ဘယ်အချိန်မှာ ဆေးခန်းသွားသင့်လဲ?

-အကြောတက်မှု မကြာခဏဖြစ်နေရင်

-ညစဉ်တိုင်းဖြစ်နေပြီး အနားယူလည်း မပျောက်ဘူးဆိုရင်

-မာကျောမှုဆိုးရွားပြီး နာကျင်မှု ပြင်းထန်ရင်

မဖြစ်မနေ အရေးကြီးတာက မကြာခဏ အကြောတက်နေရင် ဆရာဝန်နဲ့ တွေ့ဆုံစစ်ဆေးသင့်ပါတယ်။

အားလုံးပဲ ကျန်းမာရေးဂရုစိုက်ကြပါနော်။

အခုတလော ရန်ကုန်မှာ အသည်းရောင်အသားဝါ ရောဂါ A (Hepatitis A) ဖြစ်ပွါးသူများပြားနေတာ သိကြပါသလား?အသည်းရောင်အသားဝါ A ပိုးဆိုတာ...
27/02/2025

အခုတလော ရန်ကုန်မှာ အသည်းရောင်အသားဝါ ရောဂါ A (Hepatitis A) ဖြစ်ပွါးသူများပြားနေတာ သိကြပါသလား?

အသည်းရောင်အသားဝါ A ပိုးဆိုတာ Hepatitis A Virus (HAV) ကြောင့်ဖြစ်ပွါးတဲ့ အသည်းရောင်ရောဂါ တစ်မျိုးပါ။ ဗိုင်းရပ်စ်က အသည်းကိုအဓိကထိခိုက်စေပြီး အသည်းရောင်ရမ်းစေခြင်းကို ဖြစ်ပေါ်စေပါတယ်။ များသောအားဖြင့် အသည်းကို ကြာရှည်မထိခိုက်စေပဲနဲ့ ပြန်ကောင်းတတ်ပါတယ်။ HAV ရောဂါက မြန်မာနိုင်ငံမှာလည်း အလွန်အဖြစ်များတဲ့ ရောဂါဖြစ်တာကြောင့် ကာကွယ်မှုတွေပြုလုပ်ပေးဖို့လိုအပ်ပါတယ်။

အသည်းရောင်အသားဝါ A ရောဂါဘယ်လိုကူးစက်နိုင်သလဲ

-HAV ဟာ f***l oral transmission လို့ခေါ်တဲ့ မစင်ကတစ်ဆင့်ပါးစပ်ထဲသို့ဝင်ပြီး ကူးစက်ပါတယ်။ မသန့်ရှင်းတဲ့အစားအစာ၊ သောက်သုံးရေများမှ တစ်ဆင့် အဓိက ကူးစက်တတ်ပါတယ်။

-HAV ပိုးပါဝင်သော မသန့်ရှင်းတဲ့အစားအသောက်များစားသုံးမိတာ

-HAV ပိုးပါသော ရေများ သောက်သုံးမိတာ

-တစ်ကိုယ်ရည်သန့်ရှင်းမှုမရှိတာ

-စားသုံးမည့် အစားအသောက်တွေကို သန့်ရှင်းစွာကိုင်တွယ်မှု မရှိတာ

-လက်သေချာမဆေးတာ

-HAV ရောဂါရှိသူနဲ့ လိင်ဆက်ဆံမိတာ

-HAV ဖြစ်နေသူနဲ့ တိုက်ရိုက်အနီးကပ် ထိတွေ့မှုရှိတာ စတာတွေက တစ်ဆင့်ကူးစက်တတ်ပါတယ်။

ရောဂါလက္ခဏာတွေဘယ်လိုပြတတ်လဲ

HAV ပိုးဝင်ပြီး ၂ ပတ် မှ ၇ ပတ်အတွင်း ရောဂါလက္ခဏာများ ပြတတ်ပါတယ်။

-ကိုယ်လက်မအီမသာဖြစ်ခြင်း

-ပျို့အန်ခြင်း

-အသည်းရှိတဲ့နေရာ (ဝမ်းဗိုက်ညာဘက်အပေါ်ပိုင်းနားအောင့်ခြင်း)

-ဝမ်းလျှောခြင်း သို့မဟုတ် ဝမ်းချုပ်ခြင်း

-ကိုယ်ပူခြင်း / ဖျားခြင်း

-အားမရှိပဲ မောပန်းလွယ်ခြင်း

-အစားအသောက်ပျက်ခြင်း

-အသားဝါခြင်း (Jaundice) – မျက်လုံးဖြူဝါခြင်း၊ အရေပြားဝါခြင်း

-ဆီးအရောင်ရင့်ရင့်သွားခြင်း စတဲ့ လက္ခဏာတွေ ဖြစ်ပေါ်တတ်ပြီး တစ်ချို့သူတွေ မှာ လက္ခဏာပြတာ ၈ ပတ်လောက်ထိကြာတတ်ပါတယ်။

ရောဂါဖြစ်ပြီဆိုဘယ်လိုကုသရမလဲ
HAV virus ပျောက်ဆေးဆိုပြီးမရှိပါဘူး။ အဲ့တာကြောင့်ဘာတွေအဓိကလုပ်ရမလဲဆိုရင်

-ပြည့်ပြည့်ဝဝအနားယူပေးပါ။

-ရေများများသောက်ပေးပါ။

-အာဟာရပြည့်ဝသော အစားအသောက်များစားပေးပါ။

-အသည်းထိခိုက်နိုင်တဲ့ အရက်နှင့် အချို့သော ဆေးများ မသောက်ပါနဲ့။

-ရောဂါဖြစ်မှန်းစသိတာနဲ့ လိင်မှုကိစ္စ ခတ္တရှောင်ရှားပေးပါ။

HAV ရောဂါကိုဘယ်လိုကာကွယ်ရမလဲ

-Hepatitis A ကာကွယ်ဆေး ထိုးပေးပါ။
ကာကွယ်ဆေးကတော့ ၂ ကြိမ်ထိုးရပါမယ်။ ပထမတစ်ကြိမ်ထိုးပြီး ၆ လကြာရင် နောက်တစ်ကြိမ် booster dose ထပ်ထိုးရပါမယ်။ ကလေးအသက် ၁ နှစ်ကစပြီးထိုးလို့ရပါတယ်။

-လက်ကို မကြာခန ဆေးပေးပါ။
အထူးသဖြင့် အိမ်သာတက်ပြီးတိုင်း လက်ကိုသန့်ရှင်းစင်ကြယ်အောင်ဆေးရပါမယ်။

-ရေသန့်သောက်ပေးပါ။

-အစားအသောက်များကို သေချာစွာပူပူနွေးနွေးချက်ပြုတ်ပြင်ဆင်စားသုံးခြင်းပြုလုပ်ပေးပါ။ (တတ်နိုင်သမျှ အပြင်စာ၊ လမ်းဘေးစာမစားပါနဲ့)

အခုလက်တလောမှာ အသည်းရောင်အသားဝါ ရောဂါ A ပိုး အဖြစ်များနေတာမို့လို့ ကြိုတင်ကာကွယ်ကြပါနော်။

အားလုံးပဲ ကျန်းမာရေးဂရုစိုက်ကြပါနော်။

ဆံပင်တွေပုံမှန်ထက်ဘာကြောင့်ပိုကျွတ်နေတာလဲဆံပင်ကျွတ်ခြင်းဆိုတာ များသောအားဖြင့် သဘာဝအတိုင်း ဖြစ်နိုင်သလို ကျန်းမာရေး ပြဿနာ...
22/02/2025

ဆံပင်တွေပုံမှန်ထက်ဘာကြောင့်ပိုကျွတ်နေတာလဲ

ဆံပင်ကျွတ်ခြင်းဆိုတာ များသောအားဖြင့် သဘာဝအတိုင်း ဖြစ်နိုင်သလို ကျန်းမာရေး ပြဿနာများ၊ အစားအစာစားတာမှန်ကန်မှုမရှိမှုတာ၊ စိတ်ဖိစီးမှုများတာ၊ ဆံပင်ထိန်းသိမ်းမှု မကောင်းတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ဘာကြောင့်ဆံပင်ကျွတ်တာလဲ

၁။ မွေးရာပါ (Genetic Hair Loss) ဆံပင်ကျွတ်တတ်တာ – မိဘများထံမှ ဆံပင်ကျွတ်တဲ့ genes ပါလာတာကြောင့်ကျွတ်တတ်ပါတယ်။

၂။ ဟော်မုန်း ပြောင်းလဲတာ (Hormonal Changes) – အမျိုးသမီးတွေမှာ ကိုယ်ဝန်ဆောင်ချိန်၊ အပျိုဖော်ဝင်တဲ့အချိန်၊ သွေးဆုံးကိုင်
ချိန်(Menopause) တို့မှာ ဟော်မုန်းပြောင်းလဲတာတွေရှိတဲ့အတွက် ဆံပင်ကျွတ်တတ်ပါတယ်။

၃။ စိတ်ဖိစီးတာ (Stress & Anxiety) – စိတ်ဖိစီးမှုများတာဟာ ဆံပင်ကျွတ်စေတဲ့အပြင် ဆံသားပါးတာကိုလည်း ဖြစ်နိုင်ပါတယ်။

၄။ အာဟာရချို့တဲ့တာ (Nutritional Deficiency) – သံ ဓာတ်(Iron), ဗီတာမင် D, B-Complex, Protein တို့ မလုံလောက်ရင်လည်း ဆံပင်ကျွတ်နိုင်ပါတယ်။

၅။ ဆံပင်ထိန်းသိမ်းမှု မကောင်းတာ– ဆံပင်ကို မကြာခဏ အပူပေးပြီး ပုံသွင်းတာ၊ ခေါင်းလျှော်ရည်မှာ ဓာတုဆေးပမာဏ အများကြီးပါတာ တွေဟာ ဆံပင်ကျွတ်စေနိုင်ပါတယ်။

၆။ ဆံပင်ရောင်ဆိုးမှုများတာ -ဆံပင်ကို ခဏခဏ ကာလာဆိုးတာဟာ ဆံသားရဲ့ အပေါ်ဆုံးလွှာကိုပျက်စီးစေပြီး ဆံပင်ကျွတ်နိုင်ပါတယ်။

၇။ ရောဂါကြောင့် ဆံပင်ကျွတ်တာ (Alopecia areata)– ကိုယ့် ကိုယ်ခံအားကိုယ်ပြန်တိုက်တဲ့ တစ်ချို့သောရောဂါတွေကြောင့်လည်း ဆံပင်အပြုံလိုက်ကျွတ်တာမျိုးဖြစ်တတ်ပါတယ်။

၈။ ဆေးဝါးသုံးစွဲမှု ကြောင့်ဆံပင်ကျွတ်တာ – ကိုယ်အလေးချိန်ကျဆေး၊ ဆီးချိုဆေး၊ သွေးတိုးကျဆေးတွေဟာလည်း ဆံပင်ကျွတ်စေတတ်ပါတယ်။

ဆံပင်မကျွတ်အောင် ဘယ်လိုလုပ်ရမလဲ

✅ အာဟာရပြည့်စုံအောင်စားရပါမယ် – ဗီတာမင်တွေပြည့်စုံစွာပါဝင်တဲ့ အသီးအရွက်
များများစားပေးပါ။

✅ ရေဓာတ်ပြည့်ဝအောင်နေပါ။ – ရေ တစ်နေ့ ၃ လီတာသောက်ပေးပါ။

✅ ဆံပင်ကို ခဏခဏအပူမပေးပါနဲ့ - ဆံပင်ကို ခဏခဏ dryer နဲ့ မှုတ်တာတို့ အပူပေးစက်နဲ့ ခဏခဏဖြောင့်တာတို့ မလုပ်ပါနဲ့။

✅ စိတ်ဖိစီးမှုလျှော့ချပေးပါ– တရားထိုင်တာ၊ ယောဂ(Yoga) ကျင့်တာ၊ လေ့ကျင့်ခန်းလုပ်တာလေးတွေပြုလုပ်ပေးပါ။

✅ သဘာဝဆေးများအသုံးပြုပေးပါ– ချင်းနနွင်းဆီ ၊ အုန်းဆီ(Coconut Oil), ဗီတာမင် E ဆီ (Vitamin E Oil), သံပုရာရည် (Lemon Juice) တို့နဲ့ ဆံပင်ကို ခေါင်းလျှော်ခါနီးလိမ်းပေးပါ။

✅ ဆံပင်နှင့် ဦးရေပြားကိုနေ့တိုင်းမလျှော်ပါနဲ့ - တစ်ပတ်မှာ ခေါင်းကို ၂ ကြိမ်လောက်သာ လျှော်ပေးပါ။ chemical တွေနေ့တိုင်းမထိလေ ဆံပင်ကောင်းလေပါပဲမို့ပါ။

အပေါ်ကနည်းလမ်းတွေကို လိုက်လုပ်ပြီး ၁-၂ လအတွင်း မတိုးတက်ပါဘူးဆိုရင် ဆရာဝန်နှင့် ပြသတိုင်ပင်ကြည့်သင့်ပါတယ်။

အားလုံးပဲကျန်းမာရေးဂရုစိုက်ကြပါနော်။

လစဉ်အမျိုးသမီးတိုင်း အနည်းနဲ့အများ ကြုံတွေ့ရတဲ့ နာကျင်ကိုက်ခဲမှုလစဉ် ရာသီလာစဉ်အတွင်း ကိုက်ခဲမှု (menstrual cramps) ကို ဒ...
16/02/2025

လစဉ်အမျိုးသမီးတိုင်း အနည်းနဲ့အများ ကြုံတွေ့ရတဲ့ နာကျင်ကိုက်ခဲမှု

လစဉ် ရာသီလာစဉ်အတွင်း ကိုက်ခဲမှု (menstrual cramps) ကို ဒစ်စမင်နိုရီးယား (Dysmenorrhea) လို့ခေါ်ပါတယ်။ အဲ့ဒါဟာ သဘာဝအတိုင်း ဖြစ်နိုင်သလို၊ တစ်ခါတစ်လေမှာ မှန်ကန်တဲ့ကုသမှုလိုအပ်နိုင်တဲ့ ပြသနာတစ်ခုလည်း ဖြစ်နိုင်ပါတယ်။

ကိုက်ခဲရတဲ့အကြောင်းအရင်းတွေကတော့?

1. ရောဂါကြောင့်မဟုတ်တဲ့ကိုက်ခဲမှု(Primary Dysmenorrhea)

-ပရိုစတာဂလန်ဒင် (Prostaglandins) ဆိုတဲ့ ဟော်မုန်းတစ်မျိုးကြောင့် သားအိမ်ဟာ ကျုံ့ခြင်းကိုဖြစ်ပေါ်စေပြီး ကိုက်ခဲမှုဆိုတာဖြစ်လာပါတယ်။

-(Perineal ) မိန်းမကိုယ်တစ်ဝိုက်နာကျင်ခြင်း၊ ကျောနာခြင်း၊ မအိပ်မပျော်ဖြစ်ခြင်းတို့လည်း တစ်ခါတစ်လေ ဖြစ်နိုင်ပါတယ်။

2. ရောဂါတစ်ခုခုကြောင့်ဖြစ်သောကိုက်ခဲမှု (Secondary Dysmenorrhea)

-သားအိမ်နဲ့ ပတ်သက်တဲ့ ရောဂါတွေ ဖြစ်တဲ့ (Endometriosis, Fibroids, Pelvic Inflammatory Disease) စတာတွေကြောင့် ကိုက်ခဲမှုဖြစ်နိုင်ပါတယ်။

-ဟော်မုန်းမညီမျှတာ

-သားဥအိမ်မှာ ရေအိတ်တည်တာ တွေကြောင့်လည်း ကိုက်ခဲတတ်ပါတယ်။

သက်သာအောင်ဘာတွေလုပ်ရမလဲ?

အနွေးကပ်ပေးပါ
-ဥပမာ အပူပေးပစ္စည်း (heating pad) သုံးပေးတာကလည်းကိုက်ခဲမှုကိုလျော့ကျစေပါတယ်။

အနားယူပါ
-ရာသီလာနေစဉ်မှာ ခါတိုင်းထက် ခန္ဓာကိုယ်က ပင်ပန်းတတ်တာမို့လို့ ကောင်းမွန်စွာအိပ်စက်အနားယူပေးပါ။

လေ့ကျင့်ခန်း ပြုလုပ်ပေးပါ
-မပြင်းထန်ပဲတိုတောင်းတဲ့ ဘယ်လေ့ကျင့်ခန်းမဆို ပြုလုပ်ပေးတာက နာကျင်မှုကို သက်သာစေပါတယ်။

အကိုက်ခဲပျောက်ဆေးသောက်ပေးပါ
-တချို့အကိုက်ခဲပျောက်ဆေးတွေက Prostaglandins ဟော်မုန်းကို လျှော့ချပေးနိုင်တဲ့အတွက် နာကျင်မှုကိုသက်သာစေပါတယ်။
Vitamin E သောက်ပေးတာကလည်း လစဉ် ဓမ္မတာလာစဉ်ကိုက်ခဲမှုကိုလျှော့ချပေးနိုင်ပါတယ်။

အစားအသောက် မျှတအောင်စားပေးပါ
-ဆားနှင့်အဆီများတဲ့အစားအသောက်ကို လျှော့ပြီး (omega-3 fatty acids, magnesium) ပါဝင်သောအစားအစာတွေ စားပေးတာလည်းကိုက်ခဲမှုကိုသက်သာစေပါတယ်။

စိတ်ဖိစီးမှုလျှော့ချပေးပါ
-စိတ်ငြိမ်အောင် အသက်ရှူလေ့ကျင့်ခန်းလုပ်ပေးတာတို့၊ နောက် ယောဂလေးကျင့်ပေးတာတို့ လုပ်ပေးတာကလည်းနာကျင်မှုလျော့နည်းစေပါတယ်။

ဆရာဝန်ဆီသွားသင့်တဲ့အခြေအနေတွေကတော့?

-အလွန်ကိုက်ခဲပြီး နေ့စဉ်လုပ်ငန်းများ မလုပ်နိုင်တော့တာ

-မကြာခဏ သွေးဆင်းတတ်တာ(သို့) သွေးဆင်းများတာ၊ ရက်ရှည်သွေးဆင်းနေတတ်တာ

-အခြား သားအိမ်နှင့်ဆိုင်တဲ့ ရောဂါပြဿနာတွေရှိနေတာ (ဥပမာ - သားအိမ်ထဲတွင်အသားလုံးတည်ခြင်း)

-အကိုက်ခဲပျောက်ဆေးသောက်သော်လည်း သက်သာမှုမရှိတာ စတာတွေဖြစ်နေပြီဆိုရင် ချက်ချင်း နားလည်သိကျွမ်းတဲ့ ဆရာဝန်ဆီအမြန်ဆုံးပြသပြီး တခြားရောဂါပြသနာရှိမရှိစစ်ဆေးပါ။

အားလုံးပဲကျန်းမာရေးဂရုစိုက်ကြပါနော်။

ခေါင်းကိုက်တတ်တဲ့ရောဂါဟာ ဥာဏ်ကောင်းတဲ့သူတွေမှာပိုအဖြစ်များတာသိပါသလား?ခေါင်းကိုက်ခြင်းကိုဖြစ်ပေါ်စေနိုင်တဲ့ အကြောင်းရင်းအ...
12/02/2025

ခေါင်းကိုက်တတ်တဲ့ရောဂါဟာ ဥာဏ်ကောင်းတဲ့သူတွေမှာပိုအဖြစ်များတာသိပါသလား?

ခေါင်းကိုက်ခြင်းကိုဖြစ်ပေါ်စေနိုင်တဲ့ အကြောင်းရင်းအမျိုးမျိုးရှိနိုင်ပါတယ်။ အဲ့ထဲကမှ ဥာဏ်ပညာနဲ့အားစိုက်အလုပ်လုပ်ရတဲ့သူတွေမှာ ခေါင်းပိုကိုက်တတ်ပါတယ်။ ခေါင်းကိုက်ခြင်းကိုဖြစ်ပေါ်စေတဲ့အရာတွေကဘာတွေလဲဆိုရင်

-စိတ်ဖိစီးခြင်း
-Tension ဖိအားကြောင့် ခေါင်းကိုက်ခြင်း
-အာရုံကြောအားနည်းခြင်း
-ရေဓါတ်ခမ်းခြောက်ခြင်း
-အိပ်ရေးပျက်ခြင်း
-screen time များခြင်း
-သွေးတိုးခြင်း
-ဖျားနာခြင်း၊ ရာသီတုပ်ကွေးဖြစ်ခြင်း
-ဦးနှောက်အကျိတ်တည်ခြင်း
-ဦးခေါင်းထိခိုက်ဒဏ်ရာရခြင်း
-ရာသီလာနေစဉ်နဲ့ ကိုယ်ဝန်ဆောင်မှာ ခေါင်းကိုက်တတ်ခြင်း
-သွေးတွင်း သကြားဓါတ်ကျခြင်း၊ များခြင်း
-caffeine မသောက်ခြင်း(သို့) အလွန်အကျွံသောက်သုံးခြင်း
-ရှားပါးတဲ့ ခေါင်းကိုက်ရောဂါတွေဖြစ်တဲ့ migraine ၊ cluster headache ၊ ထိပ်ခပ်နာ တို့ကြောင့်လည်းခေါင်းကိုက်တတ်ပါတယ်။

ဒီတော့ ခေါင်းကိုက်သက်သာအောင် ဘာလုပ်ရမလဲဆိုရင်?

-အရင်ဆုံးခေါင်းကိုက်ပြီဆို သွေးပေါင်ချိန်ပြီးဆီးချိုလေးတိုင်းပေးပါ။
-screen time လျှော့ပြီး မျက်စိကိုအနားပေးပါ။
-ခေါင်းကိုအသာအယာနှိပ်နယ်ပေးပါ။
-ခေါင်းကိုရေခဲ(သို့)ရေနွေးကပ်ပေးပါ။
-အာရုံကြောအားဆေးလေးသောက်ပေးပါ။
-ခေါင်းကိုက်ပျောက်ဆေးသောက်ပါ။
-စိတ်ဖိအားများနေရင် ယောဂလေးကျင့်ပြီး စိတ်ကိုငြိမ်အောင် ပြုလုပ်ပါ။
-ရေ၁နေ့ ၂လီတာသောက်ပါနော်။
-အိပ်ရေးပျက်မခံပါနဲ့။
-အစာစားချိန် မှန်မှန်စားပေးပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ပြသသင့်သလဲ?
-နှစ်ပတ်နဲ့အထက် ခေါင်းကိုက်နေပြီဆိုရင်
-ခေါင်းကိုက်ပျောက်ဆေးသောက်သော်လည်း မသက်သာဘူးဆိုရင်
-ခေါင်းကိုက်တာဟာ တခြားကြီးမားတဲ့ရောဂါကြောင့်လည်းဖြစ်နိုင်တာမို့လို့ ရက်ရှည်ကိုက်နေပြီဆိုရင်တော့ နီးစပ်ရာဆေးခန်းကို အမြန်ဆုံးပြသပါ။

အားလုံးပဲကျန်းမာရေး ဂရုစိုက်ကြပါနော်။

ခွေးရူးရောဂါ ကြောက်စရာခွေးရူးရောဂါဆိုတာ Rabies virus ကြောင့်ဖြစ်ပွါးပြီးဦးနှောက်နှင့် အာရုံကြောစနစ်ထိခိုက်စေနိုင်တဲ့ရောဂ...
07/02/2025

ခွေးရူးရောဂါ ကြောက်စရာ

ခွေးရူးရောဂါဆိုတာ Rabies virus ကြောင့်ဖြစ်ပွါးပြီးဦးနှောက်နှင့် အာရုံကြောစနစ်ထိခိုက်စေနိုင်တဲ့ရောဂါတစ်ခု ပါ။ လူနဲ့ တိရစ္ဆာန်များ (ခွေး၊ ကြောင်၊ လင်းနို့၊ ခြင်္သေ့ စသည်) တွင် ဖြစ်နိုင်ပြီး ကာကွယ်ဆေးထိုးခြင်း မရှိပါက ၁၀၀% သေဆုံးနိုင်တဲ့ ရောဂါဖြစ်ပါတယ်။

၁။ ရောဂါဖြစ်ပွါးပုံကတော့
- ရောဂါပိုးရှိတဲ့ တိရစ္ဆာန်များရဲ့ ကိုက်ခံရခြင်း
-ရောဂါပိုးရှိတဲ့ လူ၊ တိရိစ္ဆာန်တွေရဲ့ သွားရည်၊ ချွေး၊ သွေး တို့က အနာထဲကိုဝင် သွားခြင်းတို့ကြောင့် ဖြစ်နိုင်ပါတယ်။

၂။လက္ခဏာတွေက ဘာတွေလဲ
သံသယဖြစ်စရာ တိရစ္ဆာန်ကိုက်ခံရပြီး ၁-၃ လအတွင်း မှာ ရောဂါလက္ခဏာတွေထွက်ပေါ်လာနိုင်ပါတယ်။ တချို့တွေမှာလည်း နှစ်များစွာကြာမှ လက္ခဏာပြတတ်ပါတယ်။ ရောဂါလက္ခဏာတွေကတော့

✔ ဖျားမယ်၊ခေါင်းကိုက်မယ်
✔ကိုက်ခံရတဲ့နေရာက ယားမယ်
✔ ကိုယ်လက်မအီမသာဖြစ်မယ်
✔ ပင်ပန်းနွမ်းနယ်မယ်၊ မူးမော်မယ်၊ အန်မယ်
✔ ရေသောက်ရန်ကြောက်မယ်(Hydrophobia)၊
✔ လည်ချောင်းနာမယ်
✔ တံတွေးမျိုရခက်ခဲမယ်
✔ မျက်နှာလေတိုက်တာကို ကြောက်မယ်
✔ သွားရေတွေကျလာမယ်
✔ ပြောဆိုမှုပြောင်းလဲလာမယ်၊အပြုအမူမမှန်ခြင်းတွေဖြစ်လာမယ်
✔ နောက်ဆုံးတွင် သတိလစ်ပြီး သေဆုံးသည်အထိဖြစ်နိုင်ပါတယ်။

၃။ဘယ်လိုကာကွယ်ကုသရမလဲ

ကာကွယ်ခြင်း
-ခွေးနှင့်ကြောင်များကို ပုံမှန် ကာကွယ်ဆေးထိုးပါ။
-တိရစ္ဆာန် ကိုက်ခံရပါက ချက်ချင်း ရေဖြင့်ဆေးပြီး ဆေးရုံသွားပါ။

ကုသခြင်း
-ခွေးရူးရောဂါဟာ အကိုက်မခံရခင်ကာကွယ်မှု ပြုလုပ်နိုင်သော်လည်း ရောဂါဖြစ်ပြီးနောက် မသက်သာနိုင် ပါ။ ဒါ့ကြောင့် အရေးပေါ် ခွေးရူးကာကွယ်ဆေး (Post-Exposure Prophylaxis, PEP) ကို ကိုက်ခံရသည့် ၂၄ နာရီအတွင်း ချက်ချင်း ထိုးဖို့ လိုအပ်ပါတယ်။

(က) ရောဂါမဖြစ်မီ (PrEP)

ခွေးရူးရောဂါ ဖြစ်နိုင်ချေရှိသော လူများ (ဥပမာ - ခွေးကြောင်များကိုကုသရေးလုပ်ရသူများ၊ တောထဲတွင် အလုပ်လုပ်ရသူများ) အတွက် ကာကွယ်ဆေး ထိုးနိုင်ပါတယ်။
💉 ပုံမှန်အနေနဲ့ ၀၊ ၇၊ ၂၈ ရက် တွေမှာ (၃ ကြိမ်)ထိုးနိုင်ပါတယ်။

(ခ) တိရစ္ဆာန်ကို ကိုက်ခံရပြီးနောက် (PEP)

✔ တိရစ္ဆာန်ကို ကိုက်ခံရပြီး ၂၄ နာရီအတွင်း ဆေးထိုးရန် အလွန်အရေးကြီးပါတယ်။
✔ 💉 PEP အနေနဲ့ – rabies vaccine ကို အကိုက်ခံရတဲ့ရက်မှ စပြီး ၅ ကြိမ် (၀၊ ၃၊ ၇၊ ၁၄၊ ၂၁ (သို့)၂၈ ရက် ) တွေမှာ ထိုးရပါမယ်။
✔ ကိုက်ခံရတဲ့နေရာကဦးနှောက်နှင့်နီးရင် ပိုပြီးမြန်မြန်ထိုးရန်လိုအပ်ပါတယ်။
✔ကိုက်ခံရတဲ့ အနာကို rabies immunoglobulin ၁ ကြိမ် ထိုးပေးရပါမယ်။
✔မေးခိုင်ကာကွယ်ဆေးထိုးရပါမယ်။

ဒါ့ကြောင့် ခွေးကြောင် ကိုက်ခံရပြီဆိုရင် ချက်ချင်းဆေးရုံသွားကြပါ။ ကာကွယ်ဆေးမထိုးမိပဲ ရောဂါလက္ခဏာပြပြီဆိုတာနဲ့ ၁၀၀% သေနိုင်တဲ့ရောဂါဖြစ်လို့ လုံးဝမပေါ့ဆကြပါနဲ့ရှင့်။

အားလုံးပဲ ကျန်းမာရေး ဂရုစိုက်ကြပါနော်။

ဖျားနေရင်  အမြန်ဆုံး သက်သာစေဖို့ အိမ်မှာဘာတွေလုပ်ရမလဲ?အခုကာလက အေးစိမ့်စိမ့်လေးနဲ့ ရာသီဥတုအကူးအပြောင်းကာလဆိုတော့ ဖျားတဲ့လ...
04/02/2025

ဖျားနေရင် အမြန်ဆုံး သက်သာစေဖို့ အိမ်မှာဘာတွေလုပ်ရမလဲ?

အခုကာလက အေးစိမ့်စိမ့်လေးနဲ့ ရာသီဥတုအကူးအပြောင်းကာလဆိုတော့ ဖျားတဲ့လူနာတွေ ပိုတွေ့လာရပါတယ်။ တုပ်ကွေးဗိုင်းရပ်စ်ကြောင့် ဖျားနိုင်သလို စိတ်ဖိစီးတာ၊ ကိုယ်ခံအားနည်းတာ၊ လူပင်ပန်းတာ၊ ရာသီဥတုအပြောင်းအလဲ စတာတွေကြောင့်လည်း ဖျားနိုင်ပါတယ်။ တစ်ခုခုကြောင့် ဖျားလာပြီဆိုရင်တော့

၁။ရေများများ သောက်ပါ

လူတစ်ယောက်ဟာ အဖျားရှိပြီဆိုရင် ရေဓါတ်ခမ်းခြောက်ပါတယ်။ ပြီးတော့ ရေသောက်တာက ကိုယ်ခံအားကို အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ ဒါကြောင့် ရေကို များများသောက်ပေးပါ။ ရေများများသောက်တဲ့အခါ ဆီးများများသွားပြီး ကိုယ်ပူရှိန်ဟာ ဆီးနဲ့အတူပါသွားပြီး အပူမြန်မြန်ကျစေပါတယ်။

၂။အာဟာရ ပြည့်ဝစုံလင်အောင်စားပါ

ဖျားနေတဲ့အချိန်မှာ ပူနွေးပြီး အစာကြေလွယ်တဲ့ အစားအစာ ကြက်စွပ်ပြုတ်၊ ဆန်ပြုတ်၊ ခေါက်ဆွဲပြုတ်၊ ကြာဇံပြုတ် စတာတွေစားပေးပါ။ ပူပူနွေးနွေးစားမှသာ ချွေးထွက်ပြီး ကိုယ်ပူမြန်မြန်ကျစေမှာပါ။

၃။ရေနွေးနွေးသောက်ပါ

ရေနွေးက ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားကို အားဖြည့်ပေးနိုင်သလို လည်ချောင်းနာတာကိုလည်းသက်သာစေပါတယ်။ ရေနွေးသောက်ရင် ချွေးထွက်စေနိုင်တာကြောင့် မြန်မြန် အဖျားကျစေပြီး နေရတာ ပေါ့ပါးစေမှာပါ။

၃။ ကြက်စွပ်ပြုတ်သောက်ပါ

ကြက်စွပ်ပြုတ်ကို ကြက်သွန်ဖြူ၊ ငရုတ်ကောင်းစတာတွေထည့်ပြီး သောက်ပေးတာကလည်း ခန္ဓာကိုယ်ကို အင်အားပြည့်ဝစေပြီး ကိုယ်ခံအား ကောင်းစေလို့ အဖျားပိုးကိုမြန်မြန်တိုက်ထုတ်နိုင်ပါတယ်။ ပရိုတင်းဓာတ်ကလည်း ကိုယ်ခံအားကို အားဖြည့်ပေးနိုင်တာကြောင့် မြန်မြန် သက်သာလာပါလိမ့်မယ်။
တခြား ပူနွေးတဲ့ အစားအစာ၊ အစာကြေလွယ်တဲ့ ခေါက်ဆွဲပြုတ်၊ ကြာဇံပြုတ်၊ ဆန်ပြုတ် လေးကတွေလည်း ကိုယ်ခံအားကောင်းစေလို့ စားပေးလို့ရပါတယ်နော်။

၄။အိပ်ရေးဝဝအိပ်ပြီးအနားယူပါ

အိပ်ရေး ဝဝအိပ်တာ၊ ပြည့်ပြည့်ဝဝ အနားယူတာကလည်း ကိုယ်ခံအားကို အားဖြည့်ရာရောက်ပြီး မြန်မြန်နေကောင်းစေနိုင်တာကြောင့် ဖျားနေရင်တော့ အိပ်ရေး ဝဝအိပ်ပါ။

၅။စိတ်ဖိစီးမှု လျှော့ပါ

စိတ်ဖိစီးမှုကလည်း လူကိုပင်ပန်းစေပြီးတော့ သင့်ကို အဖျားဝင်စေပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုကို အတတ်နိုင်ဆုံး ဖြေလျှော့ပြီး ပြည့်ပြည့်ဝဝ အနားယူပါ။

၆။Screen time လျှော့ပါ

ဖုန်း၊ တီဗီ၊ tablet ၊ ကွန်ပြူတာ စတာတွေကလည်း ဖျားနေတဲ့လူကို ခေါင်းကိုက်တာ၊ မျက်ရိုးကိုက်တာ ပိုဆိုးစေတဲ့ အတွက် screen time လျှော့ပြီး မျက်စိကို အနားပေးပါနော်။

၇။ဆေးသောက်ပါ

ဖျားနာပြီဆိုရင်တော့ အဖျားကျဆေး ပါရာစီတမော ကို အစာလေးနဲ့တွဲသောက်ပေးပါ။ ကိုယ်ခံအားမြန်မြန်ကောင်းအောင် vitamin c လေးပါတွဲသောက်ရင်ပိုကောင်းပါတယ်။

၈။ဖျားတာ ၁၀ ရက်နဲ့အထက်ဖြစ်လာပြီဆိုရင်တော့ နီးစပ်ရာဆေးခန်း အမြန်ဆုံးပြသပါ

ရက်ရှည်ဖျားတာဟာ တခြားသောရောဂါတွေ ဖြစ်တဲ့ တီဘီရောဂါ၊ ခုခံအားကျဆင်းမှူရောဂါတို့ကြောင့် ဖြစ်နိုင်တာမို့လို့ နီးစပ်ရာဆေးရုံဆေးခန်းကို အမြန်ဆုံးပြသပါနော်။

အားလုံးပဲကျန်းမာရေးဂရုစိုက်ကြပါနော်။

ဝမ်းချုပ်ရခြင်းအကြောင်းဝမ်းချုပ်ခြင်းဆိုတာ အူလမ်းကြောင်း လှုပ်ရှားမှုနှေးကွေးခြင်းကြောင့် ဝမ်းသွားရခက်ခဲခြင်း၊ ဝမ်းမာခြင...
31/01/2025

ဝမ်းချုပ်ရခြင်းအကြောင်း

ဝမ်းချုပ်ခြင်းဆိုတာ အူလမ်းကြောင်း လှုပ်ရှားမှုနှေးကွေးခြင်းကြောင့် ဝမ်းသွားရခက်ခဲခြင်း၊ ဝမ်းမာခြင်း၊ စမျဉ်းတုံးခံခြင်း၊ တစ်ပတ်လျှင် ၃ ကြိမ်နဲ့အောက်သာဝမ်းသွားခြင်း စတဲ့လက္ခဏာတွေပဲဖြစ်ပါတယ်။

၁။ဝမ်းချုပ်ခြင်းကိုဖြစ်စေတဲ့အကြောင်းရင်းတွေကတော့

-အမျှင်ဓာတ်နည်းသော အစားအစာများ စားသုံးခြင်း
လူတစ်ယောက်ဟာ အစာအုပ်စု ၃ စု စုံအောင်စားပေးသင့်ပါတယ်နော်။ အဲ့လို့မဟုတ်ပဲ ထမင်းနဲ့ အသားကိုသာစားပြီး အသီးအရွက်အစားနည်းရင်တော့ ဝမ်းချုပ်စေနိုင်ပါတယ်။

-ရေဓာတ်လျော့နည်းခြင်း
ရေသောက်နည်းတာကြောင့်လည်း ဝမ်းချုပ်နိုင်ပါတယ်။

-ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း
ဥပမာ အထိုင်များတဲ့သူတွေ၊ ရုံးအလုပ်လုပ်သူတွေဟာ ကိုယ်လက်လှုပ်ရှားမှုအားနည်းတာကြောင့် အူလမ်းကြောင်းလှုပ်ရှားမှုလည်း အားနည်းပြီး ဝမ်းချုပ်စေနိုင်ပါတယ်။

-ဆေးဝါးအချို့ရဲ့ဘေးထွက်ဆိုးကျိုးတွေကြောင့်
အကိုက်အခဲပျောက်ဆေးနဲ့တချို့ဆေးဝါးတွေ ဟာဝမ်းချုပ်ခြင်းကိုဖြစ်စေနိုင်ပါတယ်။

၂။ဘယ်လိုနေထိုင်ပြုမူရမလဲ

-အမျှင်ဓာတ်များတဲ့ အစားအစာတွေစားသုံးပေးပါသစ်သီး၊ ဟင်းသီးဟင်းရွက်၊ အစေ့အဆန်များ စားသုံးခြင်းဖြင့် အူလှုပ်ရှားမှုကို တိုးတက်စေပါတယ်။

-ရေများများ သောက်ပေးပါ
တစ်နေ့ကို ရေ ၃ လီတာသောက်ပါ။ ရေများများသောက်ခြင်းက အူလှုပ်ရှားမှုကိုပိုကောင်းစေပြီး ဝမ်းချုပ်တာကိုသက်သာစေနိုင်ပါတယ်။

-ကိုယ်လက်လှုပ်ရှားမှု များများလုပ်ပေးပါလေ့ကျင့်ခန်းတွေပုံမှန်ပြုလုပ်ပေးတာဟာ အူလှုပ်ရှားမှုကို တိုးတက်စေလို့ ဝမ်းချုပ်တာကိုသက်သာစေပါတယ်။

-အိမ်သာသုံးစွဲပုံ ပြောင်းလဲပေးပါ
အနောက်တိုင်းပုံစံ အိမ်သာများကို အသုံးပြုပါက ခြေထောက်နှစ်ဖက် အနည်းငယ် မြှင့်တင်ရန် ခြေခုံတစ်လုံး ချထားခြင်းဖြင့် အူမကြီးကို ပွင့်စေပြီး ဝမ်းသွားတာကို လွယ်ကူစေပါတယ်။

၃။ဘယ်အချိန်မှာဆေးခန်းပြရမလဲ

ဝမ်းချုပ်တာအပြင်

-ကိုယ်အလေးချိန် ကျဆင်းလာမယ်

-မစင်ထဲတွင် သွေးပါလာမယ်

-ဝမ်းချုပ်ခြင်းနှင့် ဝမ်းလျှောခြင်း တလှည့်စီဖြစ်နေမယ်

-စအိုတွင် အဖုတွေဖြစ်လာမယ် စတဲ့ဒီလက္ခဏာတွေက အူမကြီးကင်ဆာလို ပြင်းထန်တဲ့ ရောဂါတွေရဲ့လက္ခဏာတွေဖြစ်နိုင်လို့
သိကျွမ်းနားလည်တဲ့ဆရာဝန်နဲ့အမြန်ဆုံးပြသပါနော်။

၄။သတိပေးချင်တာကတော့

ဝမ်းချုပ်ခြင်းကို ကုသဖို့ ဝမ်းနှုတ်ဆေးတွေသောက်သုံးခြင်းမလုပ်ပဲ နေထိုင်မှုပုံစံ life style ကိုသာ ပြောင်းလဲပေးပါလို့ အကြံပြုပါချင်ပါတယ်။ဝမ်းနှုတ်ဆေးတွေကို မကြာခဏ သောက်သုံးခြင်းဟာအန္တရာယ်ရှိနိုင်လို့ ဆရာဝန်ညွှန်ကြားမှသာ သောက်သုံးပါ။

အားလုံးပဲကျန်းမာရေး ဂရုစိုက်ကြပါနော်။

Air pollution လေထုညစ်ညမ်းခြင်းရဲ့ ကျွန်မတို့လူသားတွေရဲ့ ကျန်းမာရေးအပေါ် အကျိုးသက်ရောက်မှုများခုဆိုရင် ထိုင်းနိုင်ငံ ဘန်က...
27/01/2025

Air pollution လေထုညစ်ညမ်းခြင်းရဲ့ ကျွန်မတို့လူသားတွေရဲ့ ကျန်းမာရေးအပေါ် အကျိုးသက်ရောက်မှုများ

ခုဆိုရင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကြီး PM2.5 လို့ခေါ်တဲ့ လေထုညစ်ညမ်းမှု ကမ္ဘာ့ အဆိုးဆုံး နံပါတ်၄ ကိုရောက်ရှိလာပါပြီ။ ညစ်ညမ်းတဲ့ လေထုကို ခနပဲဖြစ်ဖြစ် အချိန်ကြာမြင့်စွာဖြစ်ဖြစ် ရှူရှိူက်ခြင်းက လူသားတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေပါတယ်။ ညစ်ညမ်းတဲ့လေထုကို ရှူလိုက်ခြင်းကနေ ( systemic circulation) သွေးကြောစီးဆင်းမှူထဲကို ရောက်ပြီး ခန္ဓာကိုယ်အနှံ့ ရောင်ရမ်းခြင်းတွေဖြစ်ပေါ်စေပါတယ်။

systemic circulation ကတဆင့်
ဦးခေါင်းပိုင်းမှာဆိုရင်
-ခေါင်းကိုက်ခြင်း၊
-စိတ်ဖိစီးမှူမြင့်တက်ခြင်း၊
-မျက်စိယားယံခြင်း၊
-နှာခေါင်းယားပြီး နှာခြည်ခြင်း၊
-လည်ချောင်းစပ်ခြင်း၊
-ချောင်းဆိုးချွဲထခြင်း၊
-အသက်ရှူရခက်ခဲခြင်းတွေဖြစ်ပေါ်စေပါတယ်။

နာတာရှည်ရောဂါတွေဖြစ်တဲ့ dementia ၊ ဆီးချိုရောဂါနဲ့ လေဖြတ်ခြင်း အထိပါဖြစ်နိုင်ပါတယ်။

နောက်ပြီး
-နှလုံးသွေးကြောကျဉ်းရောဂါ၊
-ပန်းနာရင်ကြပ်ရောဂါ၊
-အဆုတ်ရောင်အဆုတ်ပွရောဂါ၊
-နာတာရှည်အဆုတ်ရောင်ရောဂါတွေကို ဖြစ်ပေါ်စေတတ်ပြီး
-အဆိုးဆုံး အဆုတ်ကင်ဆာထိဖြစ်နိုင်ပါတယ်နော်။

အထူးသတိပြုရမယ့်သူတွေကတော့
-အဆုတ်ရောဂါအခံရှိတဲ့သူတွေ၊
-နှလုံးရောဂါအခံရှိတဲ့သူတွေ၊
-ဆီးချိုရောဂါရှိသူတွေ၊
-ကလေးသူငယ်လေးတွေနဲ့ အသက် ၆၅ အထက်ရှိတဲ့ လူကြီးတွေ၊
-အပြင် outdoor မှာ အလုပ်လုပ်ရတဲ့သူတွေ၊ -ဆေးလိပ်သောက်တတ်တဲ့သူတွေ၊
-စက်ရုံ အလုပ်ရုံတွေမှာ မသန့်တဲ့လေကို ရှူပြီး အလုပ်လုပ်ရသူတွေ အထူးသတိထားသင့်ပါတယ်နော်။

ဘယ်လို ကာကွယ်ရမလဲဆိုရင်?

-အကြောင်းကိစ္စမရှိရင်တော့ အိမ်အပြင်မထွက်ပါနဲ့။

-အိမ်တွင်းမှာလည်း တံခါးတွေပိတ်ပြီး air purifier လေးဖွင့်ထားပေးပါနော်။
-မဖြစ်မနေ အိမ်ပြင်သို့ထွက်ရမယ်ဆိုရင် face mask😷 တပ်ပါ။ N 95 mask တပ်ရင်တော့ ပိုကောင်းပါတယ်။

အားလုံးပဲ ကျန်းမာရေး ဂရုစိုက်ကြပါနော်။

ที่อยู่

Bangkok

เวลาทำการ

09:00 - 17:00

เบอร์โทรศัพท์

+9595045664

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Dr. သမားတော် online clinicผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

ประเภท