09/12/2020
ကြက်ခြေထောက်ချဉ်စပ် Collagen ဟင်းရည် (Chicken feet spicy Collagen soup)
ချဉ်စပ်ပြီး မွှေးမွှေးလေး နဲ့ သောက်လို့ကောင်းတဲ့ ထိုင်းစတိုင် ကြက်ခြေထောက်ချဉ်စပ်ဟင်းရည် ချက်နည်းလေးပါ။ ကြက်ခြေထောက်မစားတဲ့ သူငယ်ချင်းတွေအနေနဲ့ ကြက်တောင်ပံ ကို အစားထိုးနိုင်ပါတယ်။ ကြက်ခြေထောက်မှာ collagen( ကော်လဂျင်) အများဆုံးပါဝင်တာကြောင့် collagen ဆေးတွေကို ဈေးကြီးပေးသောက်စရာမလိုဘဲ ကြက်ခြေထောက်စားရုံနဲ့ လည်း ရရှိနိုင်ပါတယ်။ Hotpot ဆိုင်တချို့ရဲ့ collagen soup တွေမှာကြက်ခြေထောက်တွေကို ထည့်ပြုတ်လေ့ရှိပါတယ်။ အရသာလည်းရှိရှိစားပြီး အသားအရည်လှပတင်းရင်း နုပျိုစေဖို့ ကြက်ခြေထောက်စားကပြါစို့...
ပါဝင်တဲ့ပစ္စည်းတွေကို အောက်တွင် ဖော်ပြပေးထားပါတယ်။
Ingredients (ပါဝင်ပစ္စည်းများ)
- ကြက်ရိုး - ၅၀၀ ဂရမ်
- ကြက်ခြေထောက် - ၉၀၀ ဂရမ် 😊 ၅၀ ကျပ်သား)
- ပဒဲကော - အနည်းငယ်
- စပါးလင် - ၂ ချောင်း
- ကြက်သွန်ဖြူ - အနည်းငယ်
- ငရုပ်သီးစိမ်း အနည်းငယ်
- နံနံပင် - အနည်းငယ်
- ဆား - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- သကြား - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- ကြက်သားမှုန့် (သို့) အချိုမှုန့်- 1/2 လက်ဖက်ရည်ဇွန်း
- ငါးငံပြာရည် (သို့) ပဲငံပြာရည် - အနည်းငယ်
- သံပုရာသီး - အနည်းငယ်
- မြေပဲ - ၁၀၀ ဂရမ်ခန့်
တို့လိုအပ်ပါတယ်။
* ပြုလုပ်ပုံအဆင့်ဆင့် *
* Step 1 - ရေနွေးဆူထဲကို ကြက်ရိုးနှင့် ကြက်ခြေထောက်များကို ၃ မိနစ်မှ ၅ မိနစ်အတွင်းပြုတ်ပြီး အညစ်အကြေးများကို စစ်ထုတ်ပါ။
* Step 2 - အညစ်ကြေးများထွက်သွားပါက ရေလည်းပြီး မီးအေးအေးဖြင့်ပြုတ်ထားပါ။ (အရိုးများအားလုံး တော်တော်မြုတ်ရန်လိုသည်။
* Step 3 - ၁၅ မိနစ်ခန်ပြုတ်ပြီးလျှင် ကြက်သွန်ဖြူ ၊ စပါးလင် ၊ ပတဲကော ၊ မြေပဲ ကို ဒီတိုင်းထည့်ပါ။ ( 1 နာရီခန့်ပြုတ်ပြီးလျှင် စပါးလင်ဖယ်ထားပေးပါ )
* Step 4 - ထို့နောက် ၁ နာရီခွဲလောက်ထိမီးအေးအေးနဲ့ ပြုတ်ထားပါ။ ၁၅ မိနစ်ခြားလောက် အမြှုတ်အနည်းငယ်ကိုဖယ်ပေးပါ။
* Step 5 - ဟင်းရည်ရပီဆိုလျှင် ကျန်အရသာခပ် ဟင်းခပ်အမွေးကြိုင်များကို ထည့်ပြီးနောက် နံနံပင်အုတ်ပေးပါ
ကောင်းမွန်၍ Collagen ပြည့်ဝသော Spicy Collagen Soup လေးကို သုံးဆောင်နိုင်ပါပီနော်။
အကြံပေးလိုချင်းနှင့် မေးမြန်းမှုများကို Comment Box တွင်ရေးနိုင်ပါသည်။
နောက်များတွင်လည်းပိုကောင်းသောအရာများကိုကြိုးစားတင်ဆက်ပေးသွားမှာမလို့ စောင့်မျော်အားပေးကြပါဦးနော်။