Nutrition Tips by Dr Aye

Nutrition Tips by Dr Aye Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Nutrition Tips by Dr Aye, Nutritionist, Yangon.

📢Nutrition Online Consultation ပြုလုပ်လို့ရပါပြီအချိန်မရွေး၊ နေရာမရွေး သင့်ကျန်းမာရေးအတွက် Expert Nutritionist Support ရ...
18/02/2026

📢Nutrition Online Consultation ပြုလုပ်လို့ရပါပြီ

အချိန်မရွေး၊ နေရာမရွေး သင့်ကျန်းမာရေးအတွက် Expert Nutritionist Support ရယူနိုင်ပါပြီ။
"One-size-fits-all" ဆိုတာမရှိပါဘူး။ သင့်ရဲ့ lifestyle, ရောဂါအခံရှိမရှိပေါ်မူတည်ပြီး Diet plan တွေ Diet Strategy က အပြောင်းအလဲရှိနိုင်ပါတယ်။ သင့်ရဲ့ Personalized Nutrition Plan ကို ခုပဲ messenger မှာ booking ယူပြီး Online Nutrition Consultation ရယူလိုက်ရအောင်👩‍⚕️👩‍⚕️👩‍⚕️

You can consult
🥗weight management
🌸Pediatric, adolescent and elderly nutrition
🌼NCD & Therapeutic Diet
🌷Enteral tube feeding support

✨Personalized 💫Practical ⭐️Evidence-based

📩Booking & Inquiry- Message us anytime!

အောက်တိုဘာ 21 ရက်နေ့ဟာ World Iodine Deficiency Day ဖြစ်ပါတယ်။ လည်ပင်းကြီးရောဂါမဖြစ်ရလေအောင် အိုင်အိုဒင်းဆားသုံးပါလို့ပြေ...
21/10/2025

အောက်တိုဘာ 21 ရက်နေ့ဟာ World Iodine Deficiency Day ဖြစ်ပါတယ်။
လည်ပင်းကြီးရောဂါမဖြစ်ရလေအောင် အိုင်အိုဒင်းဆားသုံးပါလို့ပြောလေ့ရှိခဲ့ပါတယ်။ ဒါပေမယ့် ခုနောက်ပိုင်းမှာ ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်တွေမှာရော၊ ကလေးသူငယ်တွေမှာပါ တနေ့တာလိုအပ်တဲ့ အိုင်အိုဒင်းဆားဓာတ်ပမာဏ ပြည့်ဝဖို့လိုပါတယ်။ အသက်၂ နှစ်အောက် ကလေးတွေမှာ ဦးနှောက်ဖွံ့ဖြိုးတိုးတက်တဲ့ချိန်ဖြစ်တာမို့ အိုင်အိုဒင်းဓာတ်ဟာ အရေးကြီးတဲ့ ကဏ္ဍာမှာပါဝင်ပါတယ်။

အိုင်အိုဒင်းချို့တဲ့ခြင်းမှ ကာကွယ်ရန် ဟင်းချက်ရာတွင် အိုင်အိုဒင်းဆား သုံးစွဲရုံမက အိုင်အိုဒင်းဓာတ်ကြွယ်ဝသော ပင်လယ်စာ၊ နို့နှင့်နို့ထွက်ပစ္စည်းများ၊ ဥအမျိုးမျိုးတို့စားသုံးခြင်းမှလည်း ရရှိနိုင်ပါတယ်။

အိုင်အိုဒင်းဓာတ်ချို့တဲ့ တဲ့သူတွေမှာ အားအင်ချိနဲ့ခြင်း၊ ပင်ပန်းနွမ်းနယ်လွယ်ခြင်း၊ ကိုယ်အလေးချိန်တက်ခြင်း၊ ဆံပင်ကျွတ်ခြင်း၊ သားပျက်သားလျှောခြင်း၊ နေ့မစေ့ဘဲမွေးခြင်း၊ ခန္ဓာကိုယ်ကောင်းစွာမဖွံ့ဖြိုးခြင်း၊ ဥာဏ်ရည်နိမ့်ကျခြင်း စသည့်လက္ခဏာများတွေ့ရတတ်ပါတယ်။

"Nourish well,live well, eat well"
Dr Aye




#အာဟာရ

စားချဥ့်ပြန်ရောဂါ(GERD) အတွက်အစားအသောက် လမ်းညွှန်GERD ဆိုတာ ဘာလဲ။အစာမျိုပြွန်သို့ အစာအိမ်အက်ဆစ်ရည်များ ပြန်ကန်တက်ခြင်း (...
12/10/2025

စားချဥ့်ပြန်ရောဂါ(GERD) အတွက်အစားအသောက် လမ်းညွှန်

GERD ဆိုတာ ဘာလဲ။

အစာမျိုပြွန်သို့ အစာအိမ်အက်ဆစ်ရည်များ ပြန်ကန်တက်ခြင်း (GERD) ဆိုသည်မှာ အစာအိမ်အတွင်းရှိ အက်ဆစ်ရည်များက အစာမျိုပြွန် (ခံတွင်းမှ အစာအိမ်သို့ အစားအသောက်များ ဖြတ်သန်းသွားသောပြွန်) သို့မဟုတ် ခံတွင်းထဲသို့ ပြန်လည်စီးဝင်သည့် အစာခြေစနစ်ဆိုင်ရာ ပြဿနာတစ်ခုဖြစ်သည်။ ၎င်းသည် အစာမျိုပြွန်နှင့် အစာအိမ်ကြားရှိ ကြွက်သားများ အားနည်းသွားသည့်အခါ သို့မဟုတ် အလွန်အမင်း လျော့ရဲသွားသည့်အခါတွင် ဖြစ်ပွားနိုင်ပါသည်။ထိုသို့ဖြစ်ခြင်းကြောင့် ခံစားရသော ရောဂါလက္ခဏာများမှာ

* ရင်ပူခြင်း (Heartburn)
* ရင်ဘတ်အောင့်ခြင်း (Chest pain)
* ပျို့အန်ခြင်း (Nausea)
* ချောင်းဆိုးခြင်း (Coughing)

☘️GERD ရဲ့ရောဂါလက္ခဏာများလျော့နည်းစေရန်

GERD ကို ကုသရာတွင် အစားအသောက်ကို ဂရုပြုထိန်းသိမ်းခြင်းသည် အလွန်အရေးကြီးပါသည်။ ရည်ရွယ်ချက်မှာ အစားအသောက်များကို တင်းကျပ်စွာ ရှောင်ကြဉ်ရန်မဟုတ်ဘဲ မိမိနှင့်မတည့်သော အစားအစာများကို သတိပြုရှာဖွေပြီး ရောဂါလက္ခဏာများ လျော့ပါးစေရန် ဖြစ်ပါသည်။

သင်နှင့် မတည့်သော အစားအစာများကို ရှာဖွေဖော်ထုတ်ခြင်း

GERD အတွက် အကောင်းဆုံးဟု သတ်မှတ်ထားသော သီးသန့်အစားအစာပုံစံဟူ၍ မရှိပါ။ လူတစ်ဦးနှင့်တစ်ဦး မတည့်သော အစားအစာများ ကွဲပြားနိုင်ပါသည်။ အကယ်၍ သင်သည် အစားအစာတစ်ခုခုကို ရှောင်လိုက်ပြီး ရက်အနည်းငယ်ကြာသည့်တိုင် ရောဂါလက္ခဏာများ မသက်သာပါက ထိုအစားအစာကို ရှောင်ကြဉ်ရန်မလိုအပ်ဘဲ သင်၏အစားအသောက်များတွင် ပြန်လည်ထည့်သွင်းစားသုံးနိုင်ပါသည်။

GERD ကို အဖြစ်များစေသော အစားအစာများနှင့် အဖျော်ယမကာများ

အဆီများသော အစားအစာများ အကြော်အလှော်များ၊ ကိတ်မုန့်ခြောက် (pastries)၊ ဟော့ဒေါ့၊ ဝက်အူချောင်း
အချဉ်ဓာတ်ပါသော အသီးများ လိမ္မော်သီး၊ ရှောက်သီး၊ နာနတ်သီး
အစပ်များ ငရုတ်သီး၊ ငရုတ်ကောင်းမှုန့်
အခြားအစားအစာများ ပူစီနံ၊ ခရမ်းချဉ်သီးနှင့် ထုတ်ကုန်များ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချောကလက်
အဖျော်ယမကာများ ကဖင်း (ကော်ဖီ၊ လက်ဖက်ရည်၊ အားဖြည့်အချိုရည်)၊ အရက်၊ ကာဗွန်ပါသောအချိုရည်များ (ဆိုဒါ၊ ဆိုဒါရေ)

ရောဂါလက္ခဏာများ လျော့ပါးစေမည့် အစာစားခြင်းဆိုင်ရာ အလေ့အကျင့်ကောင်းများ

* ညဘက် မိုးချုပ်မှ အစာစားခြင်းကို ရှောင်ကြဉ်ပါ- အိပ်ရာမဝင်မီ ၂-၃ နာရီအတွင်း အစာစားခြင်းကို ရှောင်ပါ။
* အစာကို နည်းနည်းနှင့် အကြိမ်များများ ခွဲစားပါ- တစ်နေ့တာလုံးတွင် အစာကို အနည်းငယ်စီ အကြိမ်များများခွဲ၍ စားသုံးပါ။
* စိတ်တည်ငြိမ် အေးချမ်းသောနေရာတွင် အစာစားပါ- အေးဆေးသက်သောင့်သက်သာရှိသော နေရာတွင် အစာစားပါ။
* ထိုင်နေစဉ် အစာစားပါ- အစာစားနေစဉ် မတ်မတ်ထိုင်ပါ။
* အချိန်ယူ၍ ဖြည်းဖြည်းစားပါ- အစာတစ်နပ်ကို အနည်းဆုံး မိနစ် ၂၀-၃၀ အချိန်ပေး၍ စားသုံးပါ။
* အစာကို သေချာစွာ ဝါးစားပါ- အစာမမျိုချမီ သေချာစွာကြေညက်အောင် ဝါးပါ။
* အစာစားပြီးလျှင် ချက်ချင်းမလှဲပါနှင့်- အစာစားပြီးနောက် ၂-၃ နာရီခန့် မတ်မတ်ထိုင်နေပါ။
* အဆီများသော အစားအစာများကို အများအပြား မစားသုံးပါနှင့်- အဆီများသော အစားအစာများကို အလွန်အကျွံစားသုံးခြင်းမှ ရှောင်ကြဉ်ပါ။

☘️အစာအိမ်နှင့်အူလမ်းကြောင်းတစ်ခုလုံး၏ ကျန်းမာရေး ကောင်းမွန်စေရန်

* အမျှင်ဓာတ်များများ စားသုံးပါ- အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ အစေ့အဆန်နှင့် ပဲအမျိုးမျိုးကဲ့သို့ အမျှင်ဓာတ်ကြွယ်ဝသော အစားအစာများကို စားသုံးပါ။ အမျှင်ဓာတ်သည် အူလမ်းကြောင်းကျန်းမာရေးကို အားကောင်းစေပြီး ဝမ်းမှန်စေသည်။

* ကြာရှည်ခံအောင်ပြုလုပ်ထားသော အစားအစာများကို လျှော့ချပါ- သကြား၊ ဆား၊ နှင့် ပြည့်ဝဆီ အများအပြားပါဝင်သော အသင့်စား အစားအစာများ (ဥပမာ- ဘာဂါ၊ အာလူးကြော်၊ ပီဇာ)၊ သကြားလုံး၊ ကွတ်ကီး၊ ကိတ်မုန့်၊ ကြက်သားချောင်း၊ ငါးချောင်း၊ နံနက်စာ စီရီယယ် အစရှိသည်တို့ကို တတ်နိုင်သလောက် လျှော့စားပါ။

* ကျန်းမာရေးနှင့် ညီညွတ်သော အရည်များ သောက်သုံးပါ- ရေကို အဓိကထားသောက်ပါ။ သကြားမပါသော ကော်ဖီနှင့် လက်ဖက်ရည်ကိုလည်း သောက်သုံးနိုင်ပါသည်။ သကြားများသော အချိုရည်များနှင့် အရက်ကို ရှောင်ကြဉ်ပါ။

☘️အစားအသောက်မဟုတ်သော အခြား GERD ထိန်းချုပ်ရေးနည်းလမ်းများထဲတွင် လူနေမှုပုံစံပြောင်းလဲခြင်းသည် အစွမ်းထက်သော နည်းလမ်းတစ်ခုဖြစ်ပါသည်။

1. အိပ်စက်သည့်အခါ ခေါင်းပိုင်းကို မြှင့်ထားပါ- ညဘက်တွင် ရောဂါလက္ခဏာများ ခံစားရပါက၊ ခေါင်းအုံး သို့မဟုတ် ခုတင်ခေါင်းရင်းကို ၆-၉ လက်မခန့် မြှင့်ထားပါ။
2. ဘယ်ဘက်သို့ စောင်းအိပ်ပါ- ဤသို့အိပ်စက်ခြင်းက ရောဂါလက္ခဏာများကို သက်သာစေနိုင်သည်။
3. ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ- ဝမ်းဗိုက်တွင် အဆီပိုများခြင်းက အစာအိမ်နှင့် အစာမျိုပြွန်အောက်ပိုင်းရှိ အထိန်းကြွက်သား (Lower Esophageal Sphincter or LES) အပေါ် ဖိအားသက်ရောက်စေပြီး အက်ဆစ်ရည်များ ပြန်ကန်တက်ခြင်းကို ဖြစ်စေနိုင်သောကြောင့် ကျန်းမာသော ကိုယ်အလေးချိန်ကို ထိန်းပါ။
4. ဗိုက်ကို တင်းကြပ်စေသော အဝတ်အစားများ မဝတ်ပါနှင့်- ချောင်ချိသော အဝတ်အစားများကို ဝတ်ဆင်ပါ။
5. ဆေးလိပ်မသောက်ပါနှင့်- ဆေးလိပ်သောက်ခြင်းသည် ရောဂါလက္ခဏာများကို ပိုဆိုးစေနိုင်သည်။
6. ပေါ့ပါးသော လေ့ကျင့်ခန်းများ ပြုလုပ်ပါ- လမ်းလျှောက်ခြင်းကဲ့သို့သော လေ့ကျင့်ခန်းများ ပုံမှန်ပြုလုပ်ပါ။
7. ပီကေ ဝါးပါ- ပူစီနံမပါသော ပီကေကို ဝါးခြင်းဖြင့် တံတွေးပိုမိုထွက်ရှိစေပြီး အစာမျိုပြွန်ထဲရှိ အက်ဆစ်ပမာဏကို လျော့ကျစေနိုင်သည်။

"Nourish well, live well, eat well"
Dr Aye

Nutrition Tips for Today
11/09/2025

Nutrition Tips for Today

ကိုယ်ဝန်လနုစဥ် ဘယ်အစားအစာတွေ မစားသင့်ဘူးလဲကိုယ်ဝန်ရှိပြီဆိုတာသိလိုက်တာနဲ့တပြိုင်နက် မေမေတို့က ကိုယ့်ရဲ့ကျန်းမာရေး၊ လှုပ်...
09/09/2025

ကိုယ်ဝန်လနုစဥ် ဘယ်အစားအစာတွေ မစားသင့်ဘူးလဲ

ကိုယ်ဝန်ရှိပြီဆိုတာသိလိုက်တာနဲ့တပြိုင်နက် မေမေတို့က ကိုယ့်ရဲ့ကျန်းမာရေး၊ လှုပ်ရှားသွားလာမှုတွေကို ဂရုစိုက်ဖို့လိုသလို ဘယ်လိုအာဟာရရှိတဲ့အစားအစာတွေစားသင့်လဲ၊ ဘာတွေရှောင်ရမလဲဆိုတာသိဖို့လိုပါတယ်။
သားပျက်သားလျှောခြင်းက ကိုယ်ဝန်အပတ် ၂၀ ပတ်မတိုင်ခင် ဖြစ်တတ်လေ့ရှိပါတယ်။ သားပျက်သားလျှောခြင်း ဖြစ်ပွားစေတဲ့အကြောင်းအရာများစွာရှိသလို ဘယ်လိုအစားအစာလေးတွေရှောင်ဖို့လိုလဲဆိုတာသိထားသင့်ပါတယ်။

တချို့အစားအသောက်တွေမှာ ဟိုမုန်းမညီမျှခြင်း၊ သားအိမ်ညှစ်အားကိုအားပေးခြင်း၊ အစားအသောက်ကတစ်ဆင့်ကူးစက်နိုင်သောရောဂါ တို့ဖြစ်ပွားစေတာမို့ ဖြစ်ပါတယ်။

1.သင်္ဘောသီးစိမ်း သို့မဟုတ် သင်္ဘောသီးမမှည့်တမှည့်
-သင်္ဘောသီးမှာပါတဲ့ Latex compound ဟာသားအိမ်ညှစ်လာအောင်လုပ်ဆောင်တာမို့ ကလေးစောစောမွေးခြင်း၊သားပျက်သားလျောခြင်းကိုဖြစ်စေပါတယ်။ ဒါကြောင့်မို့ သင်္ဘောသီးစိမ်း နှင့်သင်္ဘောသီးမမှည့်တမှည့်တို့ကိုစားခြင်း၊သောက်ခြင်းကို ကိုယ်ဝန်လာနုစဥ်မှာရှောင်သင့်ပါတယ်။

2.နာနတ်သီး
-နာနတ်သီးမှာပါတဲ့ bromelain enzyme ကလည်း သားအိမ်ညှစ်လာအောင်အားပေးတာမို့ ကိုယ်ဝန်လနုစဥ်မစားသင့်ပါဘူး။ နည်းနည်းပါးပါးစားတာတော့ ကိစ္စမရှိပေမယ့် ကိုယ်ဝန်လကလည်းနု၊ ပမာဏလည်းများများစားမိရင် သားပျက်သားလျောခြင်းကိုဖြစ်စေနိုင်ပါတယ်။ကိုယ်ဝန်ဆောင်ပထမ၃လမှာ သတိထားပေးဖို့လိုပါတယ်။

3.ရှားစောင်းလက်ပတ်
-Anthraquinones ဆိုတဲ့ဓာတ်တမျိုးက ရှားစောင်းလက်ပတ်မှာပါဝင်တာမို့ ပမာဏများများ စားမိသောက်မိလျှင် သားအိမ်ညှစ်ခြင်းကိုဖြစ်စေကာ သားပျက်သားလျောခြင်း၊ မွေးရာပါရောဂါပါခြင်းတို့ဖြစ်စေတာမို့ဖြစ်ပါတယ်။ ရှားစောင်းလက်ပတ်နဲ့ပက်သတ်တဲ့ အလှကုန်တွေကိုယ်ဝန်ဆောက်စဥ်မှာသုံးလို့ရပါတယ်။

4.အသားစိမ်း သို့မဟုတ် အသားမကျတ်တကျတ်
-Listeria,Salmonella, Toxoplasma gondii ကဲ့သို့ ဘတ်တီးရီးယားပိုးတွေဟာ အသားစိမ်း၊ငါးစိမ်း၊ သေချာကျတ်အောင်ချက်ပြုတ်မထားတဲ့အသားတွေမှာတွေ့နိုင်ပြီး အစာအဆိပ်သင့်ခြင်း၊ ရောဂါကူးခြင်းများဖြစ်နိုင်ကာဆိုးရွားရင်သန္ဓေသားကိုပါထိခိုက်နိုင်တာမို့ဖြစ်ပါတယ်။
ဆယ်လမွန်အစိမ်းစားခြင်းမျိုးမလုပ်သင့်ပါ။ ပင်လယ်စာစားမယ်ဆိုရင်လည်းသေချာကျတ်အောင်ချက်ပြီးမှစားသင့်ပါတယ်။

5.ကြက်ဥစိမ်းသို့မဟုတ်ကြက်ဥမကျတ်တကျတ်
-ကြက်ဥကနေတဆင့် Salmonella ပိုးကူးစက်နိုင်တာမို့ ကြက်ဥစားမယ်ဆိုသေချာချက်ပြုတ်ပြီးမှစားသင့်ပါတယ်။ အိမ်လုပ်မရိုးနိစ်ကိုလည်းကိုယ်ဝန်ဆောင်စဥ်မှာစားသုံးခြင်းကိုရှောင်ရှားသင့်ပါတယ်။

6.တိရစ္ဆာန်အသည်း
-အသည်းမှာဗီတာမင်အေဓာတ်ပါဝင်မှုများတာမို့ သန္ဓေသားကိုထိခိုက်စေနိုင်ပါတယ်။ အရမ်းစားချင်ရင်တော့ ပမာဏနည်းနည်း 50 ဂရမ်ပမာဏလောက်တော့စားနိုင်ပါတယ်။ အသီးအနှံကရတဲ့ ဗီတာမင်အေကတော့ကိုယ်ဝန်ဆောင်တွေအတွက်အန္တရာယ်မဖြစ်စေပါ။

7.ပိုးမသတ်ထားတဲ့နွားနို့ နှင့် နို့ထွက်ပစ္စည်း (Unpasteurized Dairy Products)
-ပိုးမသတ်ထားတဲ့နို့တွေမှာ Listeria monocytogenes ဘတ်တီးရီးယားပါဝင်နိုင်တာမို့ ကိုယ်ဝန်ဆောင်မိခင်တွေမှာနွားနို့သောက်မယ်ဆို သေချာပိုးသတ်ထားတဲ့ (Pasteurized) နို့နှင့်နို့ထွက်ပစ္စည်းကိုရွေးချယ်သင့်ပါတယ်။

8.ကဖင်း
-ကိုယ်ဝန်ဆောင်မိခင်တွေမှာတနေ့ကိုcaffeine 200mg ထိသောက်လို့ရတယ်လို့ဆိုပါတယ်။ Caffeine ဓာတ်များရင်သန္ဓေသားရဲ့နှလုံးခုန်နှုန်းမြန်ခြင်း၊ metabolism ကိုထိခိုက်မှုရှိတာမျိုးရှိပါတယ်။ အတတ်နိုင်ဆုံးရှောင်သင့်ပါတယ်။ ကော်ဖီ၊ လ္ဘက်ရည်၊ အားဖြည့်အချိုရည်၊ ချောကလက်တို့ကိုစားမယ်ဆိုပမာဏနည်းနည်းသာစားသင့်ပါတယ်။

9.အရက်ကတော့ကိုယ်ဝန်ဆောင်စဥ်တလျှောက်မသောက်သင့်ပါ။

10.အသီးအရွက်၊အသီးအနှံများကိုသေချာဆေးကြောပြီးမှစားသင့်ပါတယ်။

11.အသင့်စားအစားအစာတွေမှာအငန်ပါဝင်မှုများပြားခြင်း၊အချိုလွန်ကဲခြင်း၊ ဆိုးဆေး၊ တာရှည်ခံဆေးများပါဝင်တာမို့ အတတ်နိုင်ဆုံးရှောင်သင့်ပါတယ်။

"Nourish well, live well, eat well"
Dr Aye


#ကိုယ်ဝန် #အာဟာရ

စားချဥ့်ပြန်ရောဂါ (GERD) ရှိရင်ဘယ်လိုအပြုအမူတွေကို ရှောင်ရှားရမလဲ?1.အိပ်ခါနီးအစာစားခြင်းကိုရှောင်ပါ။ တတ်နိုင်ရင် အိပ်ချိ...
05/09/2025

စားချဥ့်ပြန်ရောဂါ (GERD) ရှိရင်ဘယ်လိုအပြုအမူတွေကို ရှောင်ရှားရမလဲ?

1.အိပ်ခါနီးအစာစားခြင်းကိုရှောင်ပါ။ တတ်နိုင်ရင် အိပ်ချိန်နှင့် ၃နာရီလောက်ခွာပြီး စားပါ။

2.အစာစားပြီးပြီးခြင်း လှဲလျောင်းခြင်းကိုရှောင်ပါ။

3.အဝတ်အစားကြပ်ကြပ်ဝတ်ခြင်းကို ရှောင်ပါ။

4.ဆေးလိပ်သောက်ခြင်းကိုရှောင်ပါ။

"Nourish well, live well, eat well"
Dr Aye


#စားချဥ့်ပြန်ရောဂါ
#အစာလည်မျိုပြွန်ယောင်ခြင်း

Medical checkup လုပ်ရင်းဖြစ်ဖြစ် အကြောင်းအမျိုးမျိုးကြောင့်သွေးစစ်ဖြစ်လိုက်တဲ့အခါ ကျောက်ကပ်ဓာတ်တက်နေတဲ့အခါ ထပ်ပြီးတက်မလာ...
02/09/2025

Medical checkup လုပ်ရင်းဖြစ်ဖြစ် အကြောင်းအမျိုးမျိုးကြောင့်သွေးစစ်ဖြစ်လိုက်တဲ့အခါ ကျောက်ကပ်ဓာတ်တက်နေတဲ့အခါ ထပ်ပြီးတက်မလာအောင်၊ ကျောက်ကပ်အခြေအနေပိုမဆိုးလာအောင် ဘာတွေစားသင့်လဲ၊ ဘာတွေရှောင်ရမလဲဆိုပြီးသိချင်လာတာရှိပါတယ်။

ဘာလေးတွေရှောင်ရမလဲဆိုရင်တော့-

၁။ ကျောက်ကပ်ကိုထိခိုက်စေသည့် ဆားတနည်းအားဖြင့် အငန်ဓာတ်ကို လျော့စားပေးပါ။
-ဆားကိုတနေ့ လ္ဘက်ရည်ဇွန်း၁ဇွန်း (၆ဂရမ်) ထက်ပိုမစားသင့်ပါ။

ဆားသုံးစွဲမှုနည်းအောင်
-မိမိအိမ်တွင် ချက်ပြုတ်သော အစားအစာများကို စားပါ။ အပြင်စာစားခြင်းကို ရှောင်ပါ။
-တာရှည်ခံအစားအစာ၊ အအေးရိုက်ပြီးခဲထားသောအစားအစာ၊ စည်သွပ်အစားအစာ၊ အသင့်စားအစားအစာများစားသုံးခြင်းမှရှောင်ပါ။
-ဆားအစား ဟင်းခတ်အမွှေးအကြိုင်များ အစားထိုးသုံးကြည့်ပါ။
-အစားအသောက်တစ်ခုဝယ်ခါနီးတိုင်း အိတ်မှာပါသည့် Nutrition Facts (အာဟာရပါဝင်မှု)ကို ဖတ်ပါ။
-စည်သွပ်အစားအစာများ စားရဖို့အကြောင်းဖန်လာသော် ရေဆေးပြီးမှစားပါ။

၂။မှန်ကန်သည့်အသားဓာတ်ပမာဏစားရန်လိုပါသည်။
-သင်ဟာ ကိုယ်အလေးချိန် 50kg (110lb) ရှိသောလူတစ်ယောက်ဆိုရင် အသား (၁၀-၁၂ကျပ်သား)သာ စားသင့်ပါတယ်။
-အသားဓာတ်များသွားလျှင် ကျောက်ကပ်အတွက်မကောင်းသလို နည်းသွားရင်လည်း အာဟာရချို့တဲ့ခြင်းကို ခံစားရနိုင်ပါတယ်။

၃။မီးစုန်းဓာတ် (Phosphorus) များလျှင် ကျောက်ကပ်ဝေဒနာရှင်တွေမှာ အသားယားယံခြင်းနှင့် အရိုးအဆစ်နာခြင်းများ ဖြစ်တတ်ပါတယ်။

မီးစုန်းဓာတ်များသောအစားအစာများ

အသည်း၊ကျောက်ကပ်၊ ငါးသေတ္တာစည်သွပ်ဘူး (လုံးဝရှောင်ရန်)
ကိုလာ (လုံးဝရှောင်ရန်)
ပုဇွန်ခြောက် (အနည်းငယ်သာစားရန်)
ပဲအမျိုးမျိုး (တစ်နေ့တရုတ်ပန်းကန်လုံး တဝက်ခန့်)
နို့နှင့်နို့ထွက်ပစ္စည်းများ (တစ်နေ့၁ခွက်သာသောက်သင့်ပါတယ်)
အစေ့အဆန်(တစ်နေ့ ၁၀ စေ့ခန့်သာ)

၄။ ကျောက်ကပ်ဝေဒနာရှင်များတွင် သွေးထဲ Potassium ဓာတ်များနေတတ်ပါတယ်။ Potassium များလျှင် နှလုံးခုန်မမှန်တာဖြစ်တတ်သောကြောင့် potassium ဓာတ်နည်းသော ဟင်းသီးဟင်းရွက်၊ အသီးအနှံများကို ရွေးချယ်စားသောက်ပါ။

Potassium ဓာတ်များသောအစားအစာများ

အုန်းရည်
ငှက်ပျောသီး
ထောပတ်သီး
အခြောက်ခံထားသောအသီး
အာလူး
Beetroot
ခရမ်းချဥ်သီးခြောက်၊ ခရမ်းချဥ်သီးယို
ပဲအမျိုးမျိုး
အသီးဖျော်ရည်၊ ကော်ဖီ
အစေ့အဆန်၊ peanut butter
ချောကလက်၊နို့၊ဒိန်ချဥ်၊နို့ဆီ

Potassium ဓာတ်နည်းအောင်ချက်ပြုတ်နည်း

၁။ဟင်းသီးဟင်းရွက်များကို ပြုတ်ပြီးမှ မိမိလိုအပ်သလိုကြော်၊ချက်၊သုပ်စားနိုင်ပါတယ်။
၂။အာလူးကိုပြုတ်မည်ဆိုလျှင် အတုံးလေးတွေတုံးကာ ပြုတ်ခြင်းဖြင့် ဓာတ်ကို နည်းစေပါတယ်။
၃။Pressure cooker ဖြင့်ပေါင်းခြင်း၊ microwave ဖြင့်ချက်ပြုတ်ခြင်းကို ရှောင်ပါ။

"Nourish well, live well, eat well"
Dr Aye


#အာဟာရ
#ကျောက်ကပ်

ကင်ဆာဆေးသွင်းနေစဥ် သို့မဟုတ် ဆေးစားနေစဥ် ပျို့ချင်အန်ချင်တာတွေဖြစ်လာရင် ဘာတွေစားရမလဲ၊ ဘာတွေရှောင်ရမလဲ-တနေ့ကို၂- ၃နာရီခြာ...
29/08/2025

ကင်ဆာဆေးသွင်းနေစဥ် သို့မဟုတ် ဆေးစားနေစဥ် ပျို့ချင်အန်ချင်တာတွေဖြစ်လာရင် ဘာတွေစားရမလဲ၊ ဘာတွေရှောင်ရမလဲ

-တနေ့ကို၂- ၃နာရီခြားအစာကိုနည်းနည်းနဲ့အကြိမ်ရေများများစားပေးပါ။ တနေ့ကို ၆-၈ ကြိမ်ထိစားပေးပါ။
-အန်ချင်လို့ဆိုပြီးမစားပဲမနေပါနှင့်။ အစာမရှိရင်လေခံပြီးပိုပျို့ချင်အန်ချင်ပါတယ်။
-အစာကိုအရမ်းပူနေချိန်မစားပါနှင့်။ အအေးခံပြီးမှစားသင့်ပါတယ်။
-အနံ့ပြင်းသောအစားအစာများ၊ ငရုတ်ကောင်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူစားခြင်း၊ ကျွေးခြင်းရှောင်ပါ။
-အဆီများသောအစားအစာ၊ စပ်သောအစားအစာများ၊အရမ်းချိုလွန်းသောအစားအစာများရှောင်ပါ။
-ပျို့ချင်အန်ချင်စဥ်ထမင်း၊ဟင်းချက်ခြင်း၊ မီးဖိုချောင်ဝင်ခြင်းရှောင်ပါ။
-အစာစားပြီးချင်းလှဲလျောင်းခြင်းရှောင်ပါ။ အစာစားပြီးအနည်းဆုံးမိနစ်၃၀ လှဲလျောင်းခြင်းမလုပ်ရပါ။
-ခံတွင်းသန့်ရှင်းရေးဂရုစိုက်ပါ။
-အစာစားနေစဥ်ရေသောက်ခြင်းမျိုးမလုပ်ဘဲအစာမစားခင် သို့မဟုတ် အစာစားပြီး မိနစ်၃၀ အကြာမှ ရေသောက်ပါ။
-ရေ၊အရည်သောက်ရာတွင် ပိုက်လေးဖြင့်စုပ်သောက်ခြင်းမျိုးလည်းလုပ်လို့ရပါတယ်။
-ပွပွချောင်ချောင်အကျီမျိုးဝတ်ဆင်ပေးပါ။
-ကော်ဖီ၊လ္ဘက်ရည် မသောက်ပါနှင့်

ဘာတွေစားလို့ရမလဲ
-အသီး၊ အသီးဖျော်ရည်၊ အသီးsmoothies
-ပေါင်မုန့်မီးကင်၊ ဆမ်းဝစ်၊ crackers
-ကြက်ပေါင်းရည်(အသားလေးတွေနုတ်နုတ်စင်းထည့်ပေးပါ)
-ဆန်ပြုတ်(ကြက်၊ မုန်လာဥနီ)
-ခေါက်ဆွဲပြုတ်
-အာလူးထောင်း
-ပူတင်း၊ ဒိန်ချဥ်

"Nourish well, live well, eat well"
Dr Aye

#ကင်ဆာအာဟာရ

သင့်မှာ ခဏခဏလေထိုးလေပွ ဗိုက်ထဲမအီမသာဖြစ်တာမျိုးရှိပါသလားသင့်ရဲ့ အူလမ်းကြောင်းကောင်းမွန်မှုရှိလားမရှိလားဆိုတာ သင့်အူလမ်းက...
26/08/2025

သင့်မှာ ခဏခဏလေထိုးလေပွ ဗိုက်ထဲမအီမသာဖြစ်တာမျိုးရှိပါသလား
သင့်ရဲ့ အူလမ်းကြောင်းကောင်းမွန်မှုရှိလားမရှိလားဆိုတာ သင့်အူလမ်းကြောင်း တစ်လျှောက်မှာရှိတဲ့ ကောင်းမွန်တဲ့ဘတ်တီးရီးယားပမာဏပေါ်လည်း မူတည်ပါတယ်။

ဘယ်အရာတွေက သင့်ရဲ့အူလမ်းကြောင်းထဲမှာရှိတဲ့ ကောင်းမွန်တဲ့ဘတ်တီးရီးယားတွေကိုလျော့နည်းစေသလဲ?
-စိတ်ဖိစီးမှုများခြင်း
-အအိပ်အနေနည်းခြင်း
-အချိုလွန်ကဲစွာစားခြင်း
-ပိုးသတ်ဆေးများသောက်ရခြင်း တို့က အူလမ်းကြောင်းရဲ့ကောင်းမွန်တဲ့ဘတ်တီးရီးယားတွေကိုလျော့နည်းစေပါတယ်။

ကောင်းမွန်တဲ့ပိုးမွှားတွေအူလမ်းကြောင်းမှာလျော့နည်းလာတဲ့အခါ - ကိုယ်ခံအားကျဆင်းခြင်း၊ ဟိုမုန်းမညီညွတ်ခြင်း၊ ကိုယ်အလေးချိန်ထိန်းမရခြင်း၊ တခြားသောရောဂါများဖြစ်ပေါ်လာခြင်းတို့ဖြစ်နိုင်ပါတယ်။ ဒီအချက်တွေကလတ်တလောမသိသာနိုင်ပါဘူး။

လတ်တလောခံစားနိုင်တဲ့အချက်တွေကတော့-
1.လေပွ၊လေချုပ်ခြင်း၊ ရင်ပူခြင်း
2.ဝမ်းချုပ်ခြင်း
3.ဝမ်းလျှောခြင်း
4.ကိုယ်လက်မအီမသာဖြစ်ကာနှုံးချိခြင်း
5.ညဘက်အိပ်မပျော်ခြင်း
6.အသားအရည်ယားယံခြင်း
7.အစာမကြေခြင်းတို့ခံစားရနိုင်ပါတယ်။

သင့်ရဲ့အူလမ်းကြောင်းလေးကောင်းမွန်ပြီး ကောင်းတဲ့ပိုးတွေများဖို့

1.တရားထိုင်ခြင်း၊ ကိုယ်လက်လှုပ်ရှားလုပ်ခြင်း၊ ယောဂကစားခြင်း၊ ကိုယ်ချစ်ရသူများနှင့်အချိန်ဖြုန်းခြင်းတို့ဖြင့်စိတ်ဖိစီးမှုကိုလျော့ချလို့ရပါတယ်။
2.တနေ့ကိုအိပ်ချိန်၇-၈နာရီပြည့်အောင်အိပ်ပါ။
3.အစာစားရင်ဖြေးဖြေးဝါးစားပါ။
4.ရေဓာတ်ပြည့်ဝဖို့ကလည်းအရေးကြီးတာမို့တနေ့ကိုရေ ၂-၃လီတာခန့်သောက်ပေးပါ။
5.Prebiotics/probiotics ပါဝင်တဲ့ဆေးများလည်းသောက်သုံးလို့ရပါတယ်။
6.အမျှင်ဓာတ်ကြွယ်ဝသောအစားအစာများစားပေးဖို့လိုပါတယ်။ အသီးအနှံ၊ အသီးအရွက်တနေ့ကိုတရုတ်ပန်းကန်လုံး၂လုံးခွဲစားပေးဖို့လိုပါတယ်။
7.Probiotics ကြွယ်ဝသော ဒိန်ချဥ်၊ ကင်ချီ၊ kombuchaဖျော်ရည်၊ kefir၊ မီဆို၊ Natto ၊ အချဥ်ဖောက်ထားသောအသီးအရွက်တို့ကိုစားပေးလို့ရပါတယ်။

"Nourish well, live well, eat well"
Dr Aye



#အာဟာရ

သင်က Multitasking လုပ်လေ့ရှိတတ်တဲ့သူဆိုရင် အာဟာရဆိုင်ရာနှင့်ပတ်သတ်ပြီး ဒါလေးတွေသိထားဖို့လိုပါတယ်နော်ဒေါက်တာအေးတို့တွေ အလ...
21/08/2025

သင်က Multitasking လုပ်လေ့ရှိတတ်တဲ့သူဆိုရင် အာဟာရဆိုင်ရာနှင့်ပတ်သတ်ပြီး ဒါလေးတွေသိထားဖို့လိုပါတယ်နော်

ဒေါက်တာအေးတို့တွေ အလုပ်တွေလုပ်တဲ့အချိန်မှာ အလုပ်မြန်မြန်ပြီးမြောက်ချင်ဇောနဲ့အလုပ်၂ခု ၃ခုလုပ်လေ့ရှိပါတယ်။ အစာစားရင်းနဲ့လည်း အလုပ်လုပ်တာ၊ တီဗီကြည့်တာ၊ ဖုန်းကြည့်တာ၊ သီချင်းနားထောင်တာမျိုးလုပ်တတ်ပါတယ်။ အဲလိုလုပ်မိနေခြင်းက ခန္ဓာကိုယ်ရဲ့အစာချေဖျက်ခြင်းကိုထိခိုက်ခြင်း၊ လိုအပ်သည်ထက်ပို၍စားမိခြင်း၊ အဝလွန်ခြင်း၊ လိုအပ်သောအာဟာရဓာတ်များမရရှိခြင်းတို့ ဖြစ်နိုင်ပါတယ်။

ဘာလို့ multitasking က ဒါတွေဖြစ်ရတာလဲ?
1.အလုပ်လုပ်လိုက်စားလိုက် လုပ်နေမိခြင်းက သင့်ရဲ့ခန္ဓာကိုယ်က ဗိုက်ပြည့်နေပြီဆိုတာကို မသိတော့ဘဲ လိုတာထက်ပိုစားမိတာမျိုး ရှိပါတယ်။

2.ခန္ဓာကိုယ်ကကောင်းစွာ အစာအာဟာရစုပ်ယူနိုင်စွမ်းလည်းလျော့ကျစေပါတယ်။

3.အလုပ်တွေလုပ်စရာရှိလို့ အစာမြန်မြန်စားမိတဲ့အခါ လေပွခြင်း၊ လေခံခြင်းတို့ဖြစ်နိုင်ပါတယ်။

4.အလုပ်လုပ်ရင်းအစာစားမိတဲ့အခါ ဦးနှောက်က တခုခုကိုကောင်းစွာတုံ့ပြန်နိုင်ခြင်းလည်း ကျဆင်းပြီး အစာကိုကောင်းစွာမဝါးမိတာမျိုး၊ အာဟာရပြည့်ဝအောင်မစားမိတာမျိုး ကြုံရနိုင်ပါတယ်။

အဲဒါကြောင့်ကိုယ်က multitasking လုပ်တတ်သူဆို အစာစားတဲ့အချိန်မှာတော့ multitasking လုပ်တာမျိုးရှောင်ရှားရပါမယ်နော်

"Nourish well, live well, eat well"
Dr Aye




#အာဟာရ

ဆယ်ကျော်သက်အရွယ်ရောက်လာတာနှင့်အမျှသူသူကိုယ်ကိုယ် လှချင်လာတယ်၊ ကြည့်ကောင်းချင်လာကြပါတယ်။အသားအရည်လေးကြည်ချင်တယ်၊ အရပ်ရှည်ခ...
14/07/2025

ဆယ်ကျော်သက်အရွယ်ရောက်လာတာနှင့်အမျှသူသူကိုယ်ကိုယ် လှချင်လာတယ်၊ ကြည့်ကောင်းချင်လာကြပါတယ်။
အသားအရည်လေးကြည်ချင်တယ်၊ အရပ်ရှည်ချင်တယ်၊ ကိုယ်အလေးချိန်ကျချင်တယ် ဆိုတဲ့အတွေးလေးတွေတွေးမိလာပါတယ်။ ကျန်းမာရေးနှင့်လျော်ညီတဲ့ စားသောက်မှုပုံစံတွေလေးစိတ်ဝင်စားလာကြပါတယ်။

ဒီတစ်ခေါက်တော့ အရပ်ရှည်ဖို့ဘာတွေစားလို့ရလဲ ဆိုတာစိတ်ဝင်စားတဲ့ ဆယ်ကျော်သက်တွေအတွက် ဘာတွေစားလို့ရလဲဆိုတာမျှဝေပေးလိုက်ပါတယ်။ ဆယ်ကျော်သက်အရွယ်မှာ အရပ်ရှည်နှုန်း၊ ကြီးထွားနှုန်း အမြင့်ဆုံးဖြစ်ပါတယ်။ မိန်းကလေးတွေမှာ ၁၂နှစ် မှ ၁၄နှစ်ကြား အသိသာဆုံးဖြစ်ပါတယ်။

အရပ်ရှည်ခြင်း၊ပုခြင်းက အစားအသောက်နှင့်သာမက မျိုးရိုးဗီဇနှင့်လည်းသက်ဆိုင်ပါတယ်။ ကိုယ့်ရဲ့မျိုးရိုးဗီဇအရ ကိုယ့်ရဲ့အရပ်ကပုနိုင်တယ်ဆိုပေမယ့် ကိုယ်ကအစားအသောက်ကို ကျန်းမာရေးနှင့်ညီညွတ်စွာစားမယ်၊ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေလုပ်မယ်ဆို အရပ်ရှည်ဖို့အခွင့်အရေးများစွာရှိပါတယ်။

အရပ်ရှည်စေရန် အသားဓာတ်၊ ကယ်ဆီယမ်၊ ဗီတာမင်ဒီကြွယ်ဝသောအစားအသောက်များ စားသောက်ရန်လိုပါတယ်။ တစ်နေ့တာ ကယ်ဆီယမ်လိုအပ်ချက်မှာ ၁၀၀၀ မှ၁၂၀၀ မီလီဂရမ်ကြားရှိပါတယ်။ နို့တခွက်မှာ ကယ်ဆီယမ်၂၄၀ မီလီဂရမ် ရရှိပါတယ်။

ဒါကြောင့် နို့၊ဒိန်ချဥ်၊ အသား၊ ငါး၊ပဲအမျိုးမျိုး၊ ကြက်ဥ၊ အစေ့အဆန် တို့ကိုကိုယ့်ရဲ့ကိုယ်အလေးချိန်နှင့်အညီ စားပေးဖို့လိုပါတယ်။

နို့မကြိုက်ဘူး၊ နို့နှင့်မတည့်တဲ့လူတွေမှာ ဒိန်ချဥ်၊ ပန်းဂေါ်ဖီစိမ်း၊ အစိမ်းရင့်ရောင်ရှိတဲ့အသီးအရွက်၊ အရိုးပါစားလို့ရတဲ့ငါးလေးတွေစားလို့ရပါတယ်။

ဗီတာမင်ဒီကိုနေရောင်ခြည်ကရရှိသလို နို့နှင့်နို့ထွက်ပစ္စည်း၊ ဆယ်လမွန်၊ တူနာ၊ ကြက်ဥအနှစ်တို့က ရရှိနိုင်ပါတယ်။

အသားဓာတ်ကိုလုံလောက်အောင်မစားတဲ့သူတွေမှာလည်းကြီးထွားနှုန်းနှေးကွေးတာ တွေ့ရပါတယ်။
အသားစားနည်းတဲ့လူတွေမှာ အသားကိုလည်းစားချင်လာအောင်ပုံစံအမျိုးမျိုးပြောင်းလဲချက်ပြုတ်လို့ရသလို ပဲအမျိုးမျိုး၊ တို့ဖူး၊ပဲပြား၊ ကြက်ဥတို့ပါဖြည့်စွက်စားလို့ရပါတယ်။

ဒီလိုစားသောက်မှုပုံစံအပြင် အိပ်စက်ချိန်လုံလောက်စွာရှိဖို့လည်း လိုပါတယ်။ အိပ်စက်နေစဥ် ကြီးထွားစေတဲ့ဟိုမုန်း ထွက်ရှိတာမို့ဖြစ်ပါတယ်။

ဒါ့အပြင်ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေဖြစ်တဲ့ ရေကူးခြင်း၊ ဘတ်စကတ်ဘောကစားခြင်း၊ ကြက်တောင်ရိုက်ခြင်း၊ ယောဂကစားခြင်းတို့က အရပ်ရှည်ဖို့အထောက်အကူပြုတာဖြစ်ပါတယ်။

"Nourish well, live well, eat well"
Dr Aye


#အာဟာရ

Address

Yangon

Alerts

Be the first to know and let us send you an email when Nutrition Tips by Dr Aye posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category