Nyein Specialist Clinic

Nyein Specialist Clinic Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Nyein Specialist Clinic, Medical and health, Yangon.

👨‍⚕️👩‍⚕️Pfizer Bivalent (နှစ်မျိုးစပ်) Covid Vaccine အကြောင်း သိကောင်းစရာယခင် ကိုဗစ် ကာကွယ်ဆေးတွေနဲ့ ဘာကွာခြားလဲ❓ကိုဗစ်-...
22/05/2025

👨‍⚕️👩‍⚕️Pfizer Bivalent (နှစ်မျိုးစပ်) Covid Vaccine အကြောင်း သိကောင်းစရာ

ယခင် ကိုဗစ် ကာကွယ်ဆေးတွေနဲ့ ဘာကွာခြားလဲ❓

ကိုဗစ်-၁၉ ရောဂါပိုးဟာ ပထမဦးဆုံး တွေ့ရှိတဲ့ Virus မျိုးစိတ် နဲ့ အခုနောက်ဆုံးတွေ့ရှိထားခဲ့တဲ့ ကူးစက်မြန် Omicron မျိုးကွဲတွေမှာ ကွာခြားမှုရှိပါတယ်။

အခု Bivalent ကာကွယ်ဆေးတွေကတော့ မူလ Covid ဗိုင်းရပ်စ်ပိုး အပြင် နောက်ဆုံး Omicron မျိုးကွဲတွေ အတွက်ပါ ကာကွယ်နိုင်အောင် ထည့်သွင်းထုတ်လုပ်ပေးထားတာကြောင့် ပိုမိုထိရောက်တဲ့ ကာကွယ်ဆေး ဖြစ်ပါတယ်။

သု​တေသနရလဒ်တွေကို အခြေခံပြီး ထုတ်ပြန်ချက်တွေအရ Bivalent vaccine တွေဟာ အရင်အမျိုးအစား booster ကာကွယ်ဆေးတွေထက် ပြင်းထန်ကိုဗစ်ရောဂါဖြစ်ပွါးနိုင်ချေကို ၃၇ ရာခိုင်နှုန်းထိ ပိုမိုလျှော့ချပေးနိုင်တယ်လို့ ဆိုထားပါတယ်။

ဘယ်အရွယ်က စပြီး ထိုးလို့ရလဲ ❓

ဒီဆေးကို ကလေး ၆ လက အရွယ်က စလို့ ထိုးလို့ရပါတယ်။
ဒီဆေးကို ပထမဆုံးအကြိမ် ထိုးနှံသူတွေက သီတင်းပတ် ၈ ပတ် ခြားပြီး စုစုပေါင်း ၃ ကြိမ် ပြည့်အောင် ထိုးနှံပေးရမှာ ဖြစ်ပါတယ်။

ဘယ်နိုင်ငံထုတ်လဲ ❓

အမေရိကန်နိုင်ငံထုတ် Pfizer အမှတ်တံဆိပ် ဖြစ်လို့ ယုံကြည်စိတ်ချစွာ ထိုးနှံလို့ရပါတယ်။

📢 ကုမ္ပဏီ၊ စက်ရုံ အလုပ်ရုံများအတွက် on site အထူးနှုန်းများ နှင့် အိမ်တိုင်ရာရောက် ကာကွယ်ဆေးထိုးနှံခြင်း (Home Service) ဝန်ဆောင်မှုများကိုလည်း ရယူနိုင်ပါတယ်။

🔊 ကိုဗစ်ကာကွယ်ဆေးနဲ့ပတ်သက်တဲ့ အချက်အလက်များရှိရင်လည်း အခမဲ့ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။

☎ Booking တင်လိုပါက
အသေးစိတ်စုံစမ်းလိုပါက Messenger မှ ဖြစ်စေ၊ ဆေးခန်းဖုန်း 09 755348810 , 09755348808 မှဖြစ်စေ မနက် ၈ နာရီမှ ည ၈နာရီခွဲ နာရီအတွင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

🏩 လူကိုယ်တိုင် လာရောက်ချင်တယ် ဆိုရင်တော့
Room 102, DD 6, ဗိုလ်မှူးဗထူးအိမ်ရာ အပိုင်း ၂၊ မြောက်ဒဂုံမြို့နယ် ကို လာရောက်ထိုးနှံလို့ရပါတယ်ရှင့်။ 🥰

🎊 အလုပ်အကိုင်အခွင့်အလမ်းတွေ သယ်ဆောင်လာပေးမယ့် သင်တန်းကျောင်းကြီး လာပါပြီ 🎉❓ ဆယ်တန်းမအောင် ၊အတန်းပညာ၊ ကျောင်း တပိုင်းတစမိ...
17/05/2025

🎊 အလုပ်အကိုင်အခွင့်အလမ်းတွေ သယ်ဆောင်လာပေးမယ့် သင်တန်းကျောင်းကြီး လာပါပြီ 🎉

❓ ဆယ်တန်းမအောင် ၊အတန်းပညာ၊ ကျောင်း တပိုင်းတစမို့ ဘာလုပ်ရမလဲမသိ စိတ်ညစ်နေလား....😔

❓ အလုပ်ကြမ်းတွေလုပ်စရာမလိုဘဲ ဂုဏ်ရှိစေမယ့် အလုပ်လေးနဲ့ တည်ငြိမ်ချင်တာလား.... 👩‍🔬
ဝင်ငွေရမှာ၊ အလုပ်ရမှာ သေချာမယ့် သင်တန်းတစ်ခုခုကို ရွေးတက်ချင်တာလား.... 🤑

❓ နိုင်ငံခြားသွားရမလား...ဒီမှာပဲနေမလား မသေချာဘူးလား.... 🤔
ဘယ်နိုင်ငံသွားသွားအဆင်ပြေစေမယ့် သင်တန်းတက်ချင်သလား??? 🤩

✅ ပညာရေး+ နေထိုင်ရေး+ အလုပ်အကိုင် အကုန်တစ်နေရာထဲ ပြည့်စုံစေမယ့် **Nyein Nurse Aid Training School** ကို ယုံကြည်စွာ အပ်နှံလိုက်ပါ.... 🤗

ဘာတွေသင်မှာလဲ 💁‍♀️

- Pharmicist aid training ဆေးဝါးပိုင်း
- Nurse aid training သူနာပြုစုကျွမ်းကျင်အပိုင်း တို့အပြင်...
အတန်းတိုင်းအတွက် English 4 skill အခမဲ့ သင်တန်းလဲ ပါဝင်မှာ ဖြစ်တဲ့အတွက်
ပြည်တွင်း၊ ပြည်ပ ဘယ်သွားသွား သူများထက် နှာတဖျားသာနေတော့မှာနော် 😎

ဘယ်သူတွေသင်မှာလဲ 👨‍🏫

👩‍⚕️ ဝါရင့် ဆရာဝန်ကြီးများ
🧑‍🔬 ဝါရင့် သူနာပြုဆရာမကြီး များ
👩‍🏫 ဝါရင့် English ဆရာမကြီးများ ကိုယ်တိုင် မတတ်မချင်းသင်ပေးမှာပါ။ 💯

အထူးအစီအစဥ်အနေနဲ့ ပထမဆုံး အပ်နှံသူ
၁၀ ယောက်ကို (10% discount) ပေးမှာမို့
တွေဝေမနေ၊ လက်မနှေးဘဲ အမြန်အပ်ထားလိုက်နော် 🏃‍♀️🏃‍♂️

ဘယ်တော့ဖွင့်မှာလဲ ❓
၂၀၂၅ ခုနှစ် ,ဇူလိုင်လ မှာ ဖွင့်မှာ ဖြစ်ပါတယ် 🎊

📌 တည်နေရာလေးက..
မြောက်ဒဂုံမြို့နယ် ထဲမှာပဲ ဖြစ်ပါတယ်။

သင်တန်းကျောင်းလခက package အလိုက်ရှိတာမို့
အသေးစိတ်ရှင်းပြပေးဖို့

📩 page messenger (သို့)
Ph 09-420155482 ကို ဖုန်းဆက်စုံစမ်းပေးနော် ☎️

ဖုန်းနံပါတ်လေး ချန်ထားခဲ့လျှင်လည်း ပြန်လည်ဆက်သွယ်ပေးမှာပါရှင့်...😍

အနာဂတ်မှာ ငြိမ်းအေးဖို့ * ငြိမ်း *သင်တန်းကို ဆက်သွယ်စို့ 🚩

မိုးလွန်မှ ထွန်ချ ဆိုသလို မိုးရာသီ ဖျားနာမှ တုတ်ကွေး ကာကွယ်ဆေးမထိုးခဲ့တာ နောင်တ မရနဲ့နော် မိုးရာသီ မရောက်ခင် တုတ်ကွေး ကာ...
07/05/2025

မိုးလွန်မှ ထွန်ချ ဆိုသလို မိုးရာသီ ဖျားနာမှ တုတ်ကွေး ကာကွယ်ဆေးမထိုးခဲ့တာ နောင်တ မရနဲ့နော်

မိုးရာသီ မရောက်ခင် တုတ်ကွေး ကာကွယ်ဆေး အမြန်ထိုးဖို့ Nyein ဆေးခန်းကို ဆက်သွယ်စို့ 😉

အိမ်အရောက်လား.....ဆေးခန်းမှာလား.....
ဘယ်နေရာဖြစ်ဖြစ် ကာကွယ်ပေးမယ့် Nyein ကို ဆက်သွယ်လိုက်ပါ

Prevention is better than cure!

Nyein Clinic- 09-755348808, 09-755348810

အခန်း 102, တိုက် DD6, ဗိုလ်မှူးဗထူးအိမ်ရာ အပိုင်း ၂, ၄၈ ရပ်ကွက်၊ မြောက်ဒဂုံ။

အအေးမိ၊ တုပ်ကွေး (Flu/Influenza) အကြောင်း သိထားသင့်သမျှ တုပ်ကွေးဆိုတာ ဘာလဲတုပ်ကွေး (Flu) သည် Influenza ဗိုင်းရပ်စ်ကြောင့...
05/05/2025

အအေးမိ၊ တုပ်ကွေး (Flu/Influenza) အကြောင်း သိထားသင့်သမျှ

တုပ်ကွေးဆိုတာ ဘာလဲ
တုပ်ကွေး (Flu) သည် Influenza ဗိုင်းရပ်စ်ကြောင့်ဖြစ်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါတစ်မျိုးဖြစ်ပြီး ရုတ်တရက် ဖျားနာခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ ချောင်းဆိုးခြင်းစသော လက္ခဏာများဖြင့် ပြင်းထန်စွာ ခံစားရနိုင်ပါတယ်။

လက္ခဏာများ
- အဖျားကြီးခြင်း (38C အထက်)
- ကြွက်သားနှင့် အဆစ်အမြစ်များကိုက်ခဲခြင်း
- လည်ချောင်းနာခြင်း၊ ချောင်းခြောက်ဆိုးခြင်း
- နှာစေး/နှာပိတ်ခြင်း
- အားနည်းပြီးမောပန်းလွယ်ခြင်း

ကာကွယ်နည်းများ
1. တုပ်ကွေးကာကွယ်ဆေးထိုးပါ (နှစ်စဉ်အသစ်ထိုးရန် အကြံပြုထားပါတယ်)။
2. လက်ကို ဆပ်ပြာနဲ့ စင်ကြယ်စွာဆေးကြောပါ။
3. နှာချေ/ချောင်းဆိုးရင် တံတောင်ဆစ်ဖြင့် အုပ်ထားပါ။
4. ဖျားနာသူနှင့် နီးနီးကပ်ကပ် မနေပါနဲ့။

ကုသမှု
- အိပ်ရေးဝဝအိပ်ပြီး ရေများများသောက်ပါ။
- Paracetamol/Cold-Flu ဆေးများသောက်နိုင်သော်လည်း ဆရာဝန်နှင့် တိုင်ပင်ပြီးမှသောက်သုံးသင့်ပါတယ်။
- **အထူးသတိထားရန်** : ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ၊ နာတာရှည်ရောဂါသည်များတွင် နောက်ဆက်တွဲပြဿနာများ (ဥပမာ-နမိုးနီးယား) ဖြစ်နိုင်သဖြင့် စောစောကုသမှုခံယူသင့်ပါတယ်။

သိမှတ်ဖွယ်ရာ
- တုပ်ကွေးကို Antibiotic (ပဋိဇီဝဆေး) ဖြင့် မကုသနိုင်ပါ (ဗိုင်းရပ်စ်ဖြစ်သောကြောင့်)။
- လူစုလူဝေးရှောင်ပြီး Mask တပ်ခြင်းဖြင့် ကူးစက်မှုကို လျှော့ချနိုင်ပါတယ်။

တုပ်ကွေးဟာ ရိုးရိုးအအေးမိထက် ပိုပြင်းထန်တတ်တာမို့ လက္ခဏာပြင်းထန်ပါက ဆရာဝန်နှင့် အမြန်ပြသကာ ဆေးကုသမှုခံယူသင့်ပါတယ်!



*(ဤပိုစ့်သည် အထွေထွေအသိပညာပေးရန်အတွက်သာဖြစ်ပြီး ကျန်းမာရေးအခြေအနေအတွက် ဆရာဝန်နှင့်သာ တိုင်ပင်ပါ။)

---Nyein Specialist Clinic တွင် အထူးကုဆရာဝန်ကြီးများနှင့် လာရောက် ကုသခြင်း၊ ဆရာဝန်ကြီးများကို အိမ်အရောက် ပင့်ဆောင် ကုသနိုင်ရုံမက 😍
ယခုအခါ တိကျမှန်ကန် မြန်ဆန်တဲ့ Nyein Laboratory နှင့်ပါ တွဲဖက် ဖွင့်လှစ်လိုက်ပြီ ဖြစ်လို့
One stop Medical Service အဖြစ် ဝန်ဆောင်မှုတွေ ပေးနေပြီနော်

ဖုန်းလေးသာ ဆက်လိုက်ပါ... ကျန်းမာစေရမှာ...
09-755348808 / 09-755348810






19/04/2025

ဆေးခန်း ဖွင့်ပါပြီ ရှင်

18/04/2025

Lab runner (male/ female)= 1 post
salary= 220,000 mmk
Working time - 8:00 am to 8:00 pm
Lunch break =12-1 pm
(coffee and snack ကျွေးမည်)

တစ်ပတ် တစ်ရက် ပိတ်ရက် ရှိသည်။

Requirements::

# စက်ဘီးစီးတတ်ရမည်။ဆက်ဆံရေးပြေပြစ်ရမည်။

(အခြေခံပညာအရည်အချင်း မလိုပါ။
အတွေ့ကြုံမလိုပါ။)

နယ်မှလာသူများ အဆောင်စီစဥ်ပေးသည်။

ဆက်သွယ်ရန် Viber or ph 09-977215065

❌ Messenger သို့ စာမပို့ပါနှင့်❌

18/04/2025

Phlebotomist (male/female)=1posts

salary= 280000-300000
Working time =8:00 am to 8:00 pm
Lunch break = 12:00-1:00 Pm
(coffee and snack ကျွေးမည်)
တစ်ပတ် တစ်ရက် ပိတ်ရက် ရှိသည်။

Requirements:: အတွေ့အကြုံ(2)နှစ်ရှိရမည်။

ဆက်သွယ်ရန် Viber or ph 09-977215065

❌ Messenger သို့ စာမပို့ပါနှင့်❌

18/04/2025

Pharmacist aid (male/female))=1 post

salary= 280000-300000
Working time =8:00 am to 8:00 pm
Lunch break = 12:00-1:00 Pm
(coffee and snack ကျွေးမည်)
တစ်ပတ် တစ်ရက် ပိတ်ရက် ရှိသည်။

Requirements:: အတွေ့အကြုံ(2)နှစ်ရှိရမည်။

ဆက်သွယ်ရန် Viber or ph 09-977215065

❌ Messenger သို့ စာမပို့ပါနှင့်❌

18/04/2025

ပိုမိုလှပကောင်းမွန်သော အသွင်သစ်ဖြစ်စေရန် ဆေးခန်း အတွင်းပိုင်း ပြင်ဆင်ရန် ရှိသည့်အတွက် ယခုရက်ပိုင်းအတွင်း ခေတ္တပိတ်ထားပါမည်ရှင့်။

20.4.2025 (Sunday) တွင် Nyein Clinic & Lab ပြန်လည်ဖွင့်လှစ်သွားပါမည်ရှင့်။

ငလျင်လှုပ်တဲ့အခါ ဘေးကင်းစေဖို့ ဘာတွေပြင်ဆင်ထားမလဲကြိုတင် ခန့်မှန်းထားလို့ မရတဲ့ သဘာဝ ဘေးအန္တရာယ် တစ်ခု ဖြစ်တဲ့ ငလျင် လှု...
28/03/2025

ငလျင်လှုပ်တဲ့အခါ ဘေးကင်းစေဖို့ ဘာတွေပြင်ဆင်ထားမလဲ

ကြိုတင် ခန့်မှန်းထားလို့ မရတဲ့ သဘာဝ ဘေးအန္တရာယ် တစ်ခု ဖြစ်တဲ့ ငလျင် လှုပ်ခတ်တဲ့အခါ ထိခိုက်မှုတွေ ရှိနိုင်တယ် ဆိုပေမယ့် ကိုယ်တိုင်နဲ့ ချစ်ရတဲ့ မိသားစုဝင်တွေ ဘေးအန္တရာယ် ကင်းစေဖို့ ဒီအချက်လေးတွေကို သိထားဖို့ လိုပါမယ်။ ဒီတစ်ခေါက်တော့ Hello ဆရာဝန် ပရိသတ်ကြီးကို ငလျင်လှုပ်တဲ့အခါ ဘေးကင်းစေဖို့ ဘာတွေပြင်ဆင်ထားမလဲ ဆိုတာကို ဒီဆောင်းပါးလေး ကနေ တဆင့် ဖော်ပြပေး လိုက်ပါတယ်။

ငလျင်လှုပ်တဲ့အခါ ဘေးကင်းစေဖို့ ဘာတွေပြင်ဆင်ထားမလဲ

ငလျင်လှုပ်တဲ့အခါ ဘေးကင်းစေဖို့ ဘာတွေပြင်ဆင်ထားမလဲ ဆိုတော့

ငလျင် မလှုပ်ခင်

ငလျင် မလှုပ်ခင်မှာ ဒီ အချက်လေးတွေကို ပြင်ဆင် ထားဖို့ လိုပါမယ်။

နေအိမ်ရဲ့ အနေအထားကို သေချာ လေ့လာ ထားပါ။

ဝင်ပေါက် ထွက်ပေါက် နေရာတွေကို သေချာလေး ရှင်းလင်းထားပါ။ ချော်လဲနိုင်မယ့် အရာတွေကို ဖယ်ထားပါ။

မိသားစုဝင်တွေကို ငလျင် လှုပ်တဲ့ အခါ ဘယ်လို ဘေးကင်းအောင် နေရမလဲ ဆိုတာကို သင်ပေးထားပါ။

အိမ်ထဲမှာ လုံခြုံတဲ့ အခန်း တစ်ခန်း ထားရှိပေးပါ။

ကွဲနိုင်တဲ့ အရာတွေကို သိမ်းထားပါ။

နံရံမှာ ချိတ်ဆွဲထားတဲ့ အရာတွေကို ဖြုတ်သိမ်းထားပါ။

မီးဖိုနဲ့ အနီးနားမှာ မီးလောင် လွယ်မယ့် အရာတွေကို မထားပါနဲ့။

အရေးကြီး စာရွက်စာတမ်းတွေကို သေချာ သိမ်းဆည်းထားပါ။

လက်နှိပ် ဓါတ်မီး ဆောင်ထားပါ။ ဘက်ထရီ အပိုဆောင် ထားပေးပါ။

သောက်သုံးရေကို အသင့် ဆောင်ထားပေးပါ။

စားစရာ အခြောက်တွေကို အရန်သင့် ဆောင်ထားပေးပါ။

ငလျင်လှုပ်နေစဉ်အတွင်းမှာ

ငလျင်လှုပ်နေစဉ်မှာ

နေအိမ်ထဲမှာ ရှိနေမယ် ဆိုရင် အိမ်ထဲမှာပဲ နေပါ။ ခိုင်ခိုင်ခန့်ခန့် စားပွဲခုံ အောက်မှာ နေပါ။

ပြတင်းပေါက်နားမှာ မနေပါနဲ့။

မှန်ချပ်တွေနဲ့ ခပ်ကင်းကင်း နေပါ။

လေးလံတဲ့ ပရိဘောဂတွေနဲ့ ဝေးဝေးမှာ နေပါ။

မီးလောင်လွယ်တဲ့ ပစ္စည်းတွေနဲ့ အနီးနားမှာ မနေပါနဲ့။

တကယ်လို့ ငလျင် လှုပ်စဉ်မှာ အပြင် ရောက်နေမယ် ဆိုရင် ပြုတ်ကျနိုင်တဲ့ ပစ္စည်းတွေနဲ့ ဝေးဝေးမှာ နေပါ။

အဆောက်အဦတွေ၊ မီးကြိုးတွေ၊ သစ်ပင်တွေနဲ့ ဝေးဝေးမှာ နေပါ။

ကားမောင်း နေစဉ်ဆိုရင် ကားကို လမ်းဘေး တစ်နေရာမှာ ရပ်လိုက်ပါ။ တံတားအောက်၊ သစ်ပင်၊ မီးကြိုး၊ ဆိုင်းဘုတ်တွေ အောက်မှာ မရပ်ပါနဲ့။

ငလျင်လှုပ်ပြီးတဲ့အခါ

ထိခိုက် မိထားလား ကိုယ့်ကိုယ်ကို စစ်ဆေးပါ။ လိုအပ်တဲ့ ကုသမှု ခံယူပါ။ မိသားစုဝင်တွေကိုလည်း ထိခိုက်မိထားလား စစ်ဆေးပေးပါ။

နေအိမ်တွင်းမှာ အက်နေတာ ပြိုနေတာမျိုး ရှိနေလား သေချာစစ်ဆေးပါ။

ဂတ်စ် ယိုစိမ့်နေတာမျိုးရှိလား စစ်ဆေးပါ။

လျှပ်စစ်ပစ္စည်းတွေ ကျိုးပျက်နေတာမျိုး ရှိလား စစ်ဆေးပါ။

ဖန်ကွဲစတွေ ရှိနေလား၊ အပျက်အစီး အပိုင်းအစတွေ ရှိနေလား စစ်ဆေးကြည့်ပါ။

ကြိုတင် ခန့်မှန်းရခက်တဲ့ ငလျင်ကြောင့် မိသားစုဝင်တွေနဲ့ ကိုယ်တိုင်မှာ ထိခိုက်မှု ကင်းစေဖို့ ဒီအချက်တွေကို လိုက်နာစေချင်ပါတယ်။

Crd hellosayarwon



#ငလျှင်လှုပ်ခြင်း

homehellosayarwon logoChickenpox (ရေကျောက် ရောဂါ)ကူးစက်ရောဂါများတခြား ဗိုင်းရပ်စ် ကူးစက်ရောဂါမျာChickenpox (ရေကျောက် ရော...
27/03/2025

home
hellosayarwon logo
Chickenpox (ရေကျောက် ရောဂါ)
ကူးစက်ရောဂါများ
တခြား ဗိုင်းရပ်စ် ကူးစက်ရောဂါမျာ

Chickenpox (ရေကျောက် ရောဂါ) အကြောင်း လေ့လာလိုက်ရအောင်နော်။

အဓိပ္ပါယ်ဖွင့်ဆိုချက်
Chickenpox (ရေကျောက် ရောဂါ) ကဘာလဲ။
ရေကျောက် ဆိုသည်မှာ မျက်နှာ နှင့်ခန္ဓါပေါ်ရှိ အရေပြားနှင့် နံရံအမြှေးပါးတို့တွင် အဖုအပိန့်ထွက်၍ varicella zoster ဗိုင်းရပ်စ် ကြောင့်ဖြစ်သည့်ရောဂါတစ်မျိုးဖြစ်သည်။

ရေကျောက် ခုခံအားမရထားသူ (မပေါက်ဘူးသူ)နှင့် ရေကျောက် ကာကွယ်ဆေး မထိုးထားသူတို့တွင်ပို၍ကူးစက်နိုင်သည်။

ထိုဗိုင်းရပ်စ်သည် ကလေးများတွင် ရေကျောက် ဖြစ်စေတတ်သလိုပင် လူကြီးများတွင်လည်း ရေယုန်ဟူ၍ဖြစ်စေတတ်သေးသည်။

လူကြီးရေယုန်ဖြစ်ပါက ထိုအဖုအပိန့်များသည် အလွန်နာကျင်တတ်ကာ ဆိုးရွားသော နောက်ဆက်တွဲများ ဖြစ်နိုင်ပါသည်။

Chickenpox (ရေကျောက် ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ
ရေကျောက်သည် အသက်အရွယ်အပိုင်းအခြားမရွေး ကူးစက်နိုင်သောရောဂါဖြစ်ကာ ၁၅ နှစ်အောက် အရွယ်များတွင် ပို၍ဖြစ်တတ်သည်။ ကလေးများ ၊ကိုယ်ဝန်ဆောင်မိခင်များ ၊သက်ကြီးရွယ်အိုများတွင်လည်း အဖြစ်များတတ်သည်။

ထိုကြောင့်ကာကွယ်ဆေးထိုးခြင်းဖြင့် ရေကျောက်ရောဂါ ကူးစက်မှုကို ကြိုတင်ကာကွယ်နိုင်သလို၊ ရေကျောက်ရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများကိုပါကြိုတင်ကာကွယ်နိုင်သည်။

လက္ခဏာများ
Chickenpox (ရေကျောက် ရောဂါ)ရဲ့လက္ခဏာတွေကဘာတွေလဲ
ရေကျောက်ဗိုင်းရပ်စ်သည်ကူးစက်ခံရပြီး ၇ ရက်မှ ၂၁ ရက်အတွင်း ရောဂါလက္ခဏာများဖြစ်ပေါ်တတ်သည်။ ရောဂါလက္ခဏာများမှာ ကိုယ်ပူခြင်း၊ နှာရည်ယိုခြင်း၊ချောင်းဆိုးခြင်း၊ ခေါင်းကိုက်ခြင်း ၊နုံးခြင်း၊ခံတွင်းပျက်ခြင်း၊ ခန္ဓါကိုယ် အနီစက်ထွက်ခြင်းများ ဖြစ်ပေါ်တတ်သည်။

အရေပြားရှိအနီစက်များသည် ၂ရက် ၃ရက်ကြာပြီးနောက် ယားယံအနီကွက်ဖြစ်လာကာ ထိုမှတဆင့် အရည်ကြည်ဖုအဖြစ်သို့ ပြောင်းလဲသွားသည်။ ရောဂါလက္ခဏာပေါ်မူတည်၍ အရည်ကြည်ဖု အနည်းအများကွာခြားနိုင်ပြီး အချို့လူများတွင်မျက်စိ၊နား၊ပါးစပ်တို့တွင် အနာများဖြစ်တတ်ကြသည်။

ထိုအရည်ကြည်ဖုများသည် ၄ရက် ၅ ရက်အတွင်း ခြောက်လာကာ နောက်ဆုံးအနာဖေးများ အဖြစ်သို့ ပြောင်းလဲသွားသည်။ ရေကျောက်ရောဂါသည် အနီစက်ပေါ်ပြီး ၁ရက် ၂ရက် နှင့် အရည်ကြည်ဖုပေါ်ပြီး ၆ ရက်အထိ တခြားသူများသို့ ကူးစက်နိုင်သည်။

ရောဂါလက္ခဏာအပြောင်းအလဲရှိနိုင်သောကြောင့် ရေကျောက်ပေါက်သည်ဟု သံသယရှိပါက နီးစပ်ရာ ဆရာဝန်နှင့် တိုင်ပင်ကုသသင့်သည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ
အောက်ပါလက္ခဏာများ ဖြစ်ပေါ်လာပါက ဆရာဝန်နှင့်တိုင်ပင်ကုသ သင့်သည်။

• မျက်လုံးတစ်ဖက်သို့မဟုတ်နှစ်ဖက်စလုံးတွင်အနီစက်များဖြစ်ပေါ်လာခြင်း။

• အနီစက်များပိုးဝင်၍ပူစပ်နာကျင်လာခြင်း။

• ခေါင်းမူးခြင်း၊ရင်တုန်ခြင်း၊အသက်ရူကျပ်ခြင်း၊ခြေလက်များတုန်ရီခြင်း၊ မူးမေ့ခြင်း၊ချောင်းတအားဆိုးခြင်း၊အန်ခြင်း၊ဇက် ကြောတက်ခြင်း၊အဖျားကြီးခြင်း။

• ခြောက်လအောက်ကလေးများနှင့်ကိုယ်ခံအား နည်းသူများတွင်ဖြစ်ခြင်း။

အထက်ပါရောဂါလက္ခဏာများဖြစ်ပေါ်လာပါကနီးစပ်ရာဆရာဝန်နင့်တိုင်ပင်ဆွေးနွေးသင့်သည်။

အကြောင်းရင်းများ
ရေကျောက် ရောဂါကို ဘာတွေကဖြစ်စေသလဲ
ရေကျောက်သည် varicella zoster ဗိုင်းရပ်စ်ကြောင့်ဖြစ်ပြီး တစ်ဦးမှတစ်ဦးသို့ အသက်ရှူလမ်းကြောင်း မှတဆင့် သော်လည်းကောင်း အရေပြားခြင်း ထိတွေ့၍သော်လည်းကောင်း ကူးစက်နိုင်သည်။

ဖြစ်ပွားနိုင်ခြေမြင့်မားစေသော အကြောင်းအရာများ
ရေကျောက် ရောဂါ ဖြစ်နိုင်ခြေကို ဘာတွေက မြင့်တက်စေသလဲ
ရေကျောက်ဖြစ်ပွားနိုင်ချေ မြင့်မားစေသော အကြောင်းအရာများမှာ

• ရေကျောက်တစ်ခါမှမပေါက်ဖူးသူများ။

• ရေကျောက်ကာကွယ်ဆေးမထိုးထားသူများ။

• နေ့ကလေးထိန်းနှင့်မူကြိုကျောင်းများတွင်အလုပ်လုပ်သူများ။

• ကလေးများနှင့်နေထိုင်ကြသူများ။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

ရေကျောက် ရောဂါကို ဘယ်လိုအတည်ပြုပါသလဲ
ရေကျောက်သည် တခြားအရေပြားရောဂါများနှင့် ကွာခြားသည်။ ထို့ကြောင့်ရေကျောက်ပေါက်ပါက သိသာသည်။ နီးစပ်ရာဆရာဝန်နှင့်ပြသရုံဖြင့်ပင် ရေကျောက်ကိုသိရှိနိုင်သည်။

ရေကျောက် ရောဂါကို ဘယ်လိုကုသပါသလဲ
ပင်ကိုကျန်းမာရေးကောင်းသောကလေးများတွင် ဗိုင်းရပ်စ်သတ်ဆေး သောက်ရန်မလိုပါ။ အဖျားကြီးပါကပါရာစီတမော့ကဲ့သို့ဆေးဝါးပေးနိုင်သည်။ သို့သော်အက်စပရင်ပါသောအကိုက်ခဲပျောက်ဆေးများမပေးသင့်ပါ။ လိုအပ်ပါကယားယံခြင်းသက်သာစေရန်သောက်ဆေးများ၊ လိမ်းဆေးများ ၊အုပ်ဂျူံ ကွေကာအုပ်တို့ ဖြင့် ရေချိုးခြင်းများပြုလုပ်နိုင်သည်။

ရေကျောက်ပေါက်ပါကအရည်များများသောက်ခြင်း၊ အနားယူခြင်းများလိုအပ်သည်။ တခြားအိမ်သားများသို့ရေကျောက်ရောဂါမကူးစက်စေရန် အရည်ကြည်ဖုများ သက်သာသည်အထိ သီးခြားခွဲနေစေရန် လိုအပ်သည်။ ဗိုင်းရပ်စ်ပျောက်ဆေးဝါးများကို ရောဂါအခြေနေ ဆိုးဝါးနိုင်သူ၊ ခုခံအားကျဆင်းနေသူ (ဥပမာကင်ဆာရောဂါသည်များ၊ ရိုးတွင်းခြင်ဆီအစားထိုးကုသခံထားသူများ)တွင်သာ အသုံးပြုရန်လိုအပ်သည်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ရေကျောက် ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။
အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် ရေကျောက် ကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

• ကိုယ်ဝန်ဆောင်မိခင်များရေကျောက်ပေါက်ပါကဆရာဝန်နှင့်ချက်ခြင်းပြသင့်သည်။

• လက်ကိုအချိန်မှန်သေချာစွာဆေးရမည်။ အိပ်ယာခင်းများဝတ်ထားသောအဝတ်များကိုရေနွေး၊ ဆပ်ပြာများဖြင့်လျှော်ရမည်။

• လက်သည်းညှပ်ခြင်းဖြင့် အရည်ကြည်ဖုများ ကုပ်မိခြင်း မှကာကွယ်နိုင်ပြီး ပိုးမဝင်အောင်တားဆီးနိုင်သည်။

• အက်စပရင်ပါသော ဆေးဝါးများမသုံးသင့်ပါ။

• ရေကျောက် ပေါက်သောကလေး၏ ကျောင်းကျန်းမာရေးဝန်ထမ်းနှင့်အခြားကလေး များ၏မိသားစုဝင်များကိုပါ အကြောင်းကြားထားသင့်သည်။

• ယားယံခြင်းသက်သာစေရန်ဆေးတိုက်ခြင်း၊ ရေပတ်တိုက်ခြင်းများပြုလုပ်ပေးနိုင်သည်။

• အဖျားကြီးခြင်း၊နုံးလာခြင်း၊ခေါင်းကိုက်ခြင်း၊ အလင်းကြည့်လျှင်မျက်လုံးစူးခြင်း၊အန်ခြင်း၊ဂနာမငြိမ်ဖြစ်ခြင်း၊မူးမေ့ခြင်း စသည်တို့ဖြစ်လျှင်နီးစပ်ရာ ဆရာဝန်နှင့်ချက်ခြင်း ကုသသင့်သည်။

• ရေကျောက်ကာကွယ်ဆေးများကို ရေကျောက် မပေါက်ဖူးသူများအား ထိုးထားပေးသင့်သည်။

ရေကျောက်နှင့် ပတ်သတ်သည့် အခြားအချက်အလက်များ ထပ်မံသိရှိလိုပါက သင်၏ ဆရာဝန်နှင့် တိုငိပင်ဆွေးနွေးရန် လိုအပ်ပါသည်
Nyein Specialist Clinic တွင် အထူးကုဆရာဝန်ကြီးများနှင့် လာရောက် ကုသခြင်း၊ ဆရာဝန်ကြီးများကို အိမ်အရောက် ပင့်ဆောင် ကုသနိုင်ရုံမက 😍
ယခုအခါ တိကျမှန်ကန် မြန်ဆန်တဲ့ Nyein Laboratory နှင့်ပါ တွဲဖက် ဖွင့်လှစ်လိုက်ပြီ ဖြစ်လို့
One stop Medical Service အဖြစ် ဝန်ဆောင်မှုတွေ ပေးနေပြီနော်

ဖုန်းလေးသာ ဆက်လိုက်ပါ... ကျန်းမာစေရမှာ...
09-755348808 / 09-755348810






Address

Yangon

Telephone

+959755348808

Website

Alerts

Be the first to know and let us send you an email when Nyein Specialist Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Nyein Specialist Clinic:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram