Being With You

Being With You Mental Health Counseling Services Being with you ဆိုတာ ဘာလဲ…? Members of "Being with you" always welcome everyone to share your emotion and feeling warmly.

Being with you ဆိုတာ လူသားတိုင်းရဲ့ mental health supportပေးနိုင်ရန်အတွက် လူသားချင်းကိုယ်ချင်းစာပေးနိုင်မှု၊မျှဝေခံစားပေးနိုင်မှု၊နွေးထွေးနိုင်မှုတွေကို အားလုံးအပေါ်မှာ တပြေးညီပေးစွမ်းနိုင်ဖို့အတွက် ရည်ရွယ်ထားတဲ့ social platform တစ်ခုပဲဖြစ်ပါတယ်။

ယနေ့ခေတ်ကာလမှာ စိန်ခေါ်မှု ၊လူသားချင်းဝေးကွာမှု၊အထီးကျန်မှု…စတဲ့ စိတ်ခံစားမှုတွေကြောင့် လူတိုင်းနီးပါးဟာ စိတ်ပင်ပန်းမှု အနည်းနှင့်အများကြုံတွေ့ခံစားနေကြရပါတယ်။ဒီစိတ်ခံစားမှုတွေကို ဂရုမပြုမိတဲ့အခါ စိတ်ကျန်းမာရေးနှင့်ဆိုင်တဲ့ ပြဿနာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

မိမိတို့ရဲ့စိတ်ခံစားချက်တွေ မျှဝေခံစားဖြေရှင်းပေးနိုင်ရန်အတွက် သင်နှင့်အတူ “Being With You” အဖွဲ့သားများက နွေးထွေးစွာကြိုဆိုလျှက်ရှိပါတယ်ရှင်။

"Being with you" is a social plaltform which is for helping every person's mental health support with full of sympathy,warmth and empathy. Nowadays,most of people are confronting with emotional stress due to a lot of challenges,loneliness and keeping one's distance.If we ignore to relieve these emotional stress,we may have mental health problem in our daily lives.

“သူငယ်ချင်းများ၊ မိသားစုဝင်များဆီတွင် ရင်ဖွင့်အကြံဉာဏ်ရယူခြင်းနှင့် Counselor နှင့် ဆွေးနွေးတိုင်ပင်ခြင်း၏ ကွာခြားချက်မျ...
22/08/2025

“သူငယ်ချင်းများ၊ မိသားစုဝင်များဆီတွင် ရင်ဖွင့်အကြံဉာဏ်ရယူခြင်းနှင့် Counselor နှင့် ဆွေးနွေးတိုင်ပင်ခြင်း၏ ကွာခြားချက်များ”

မိမိ၏ စိတ်ပိုင်းဆိုင်ရာ ပြဿနာများကို မိတ်ဆွေများနှင့် ဆွေးနွေးခြင်း သို့မဟုတ် အတွေ့အကြုံရှိသော မိသားစုဝင်များထံမှ အကြံဉာဏ်ရယူခြင်းသည် အထောက်အကူဖြစ်စေသော်လည်း၊ ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးခြင်း (Counselling) နှင့် မတူညီကြပါဘူး။ ထိုကဲ့သို့ မတူညီစေသော အဓိကအကြောင်းရင်းများမှာ –

1️⃣(၁) လေ့ကျင့်သင်ကြားထားသော ကျွမ်းကျင်မှု (Trained Profession)

Counselor များသည် စိတ်ပညာ၊ လူမှုရေးနှင့် အပြုအမူဆိုင်ရာပညာရပ်များကို သိပ္ပံနည်းကျ နည်းလမ်းများဖြင့် လေ့ကျင့်သင်ကြားထားသူများဖြစ်ကြပါတယ်။

- Counselor များသည် Client ၏ စိတ်ခံစားချက်၊ အတွေးအမြင်နှင့် အပြုအမူများကို ပညာရှင်ဆန်စွာ ရှုမြင်ဆွေးနွေးနိုင်သည့် ကျွမ်းကျင်မှု ရှိကြပါတယ်။
- မိတ်ဆွေများ/မိသားစုမှ အကြံဉာဏ်များသည် ပုဂ္ဂလိကအမြင်မျာ သာဖြစ်ပြီး၊ ပညာရှင်များ၏ အကူအညီမှာ သက်သေပြုထားသော ကုထုံးနည်းလမ်းများ (Evidence-based) အပေါ်အခြေခံပါတယ်။

2️⃣(၂) ဘက်လိုက်မှုမရှိသော ချဉ်းကပ်မှု

မိသားစုနှင့် မိတ်ဆွေများသည် –

- သင့်အား “ချစ်ခင်ခြင်း၊ ဂရုစိုက်ခြင်းကြောင့်” သင့်အကျိုးအတွက် ဆုံးဖြတ်ချက်များတွင် ၎င်းတို့၏ကိုယ်ပိုင် စိတ်ခံစားချက်များ (ဘက်လိုက်မှုများ) ပါဝင်တတ်ပါတယ်။
- အချို့သော အကြံဉာဏ်များသည် သင့်အတွက် မသင့်တော်ဘဲ၊ သူတို့၏ ကိုယ်ပိုင်အတွေ့အကြုံများအပေါ် အခြေခံနေတတ်ကြပါတယ်။

အခြားတစ်ဖက်တွင် Counselor များသည်–

- Client ၏ပြဿနာကို ဘက်လိုက်မှုမရှိ၊ ချက်ချင်းရှုမြင်ဆွေးနွေးပေးနိုင်ပြီး လိုအပ်လျင်လိုအပ်သလို သိပ္ပံနည်းကျ ဖြေရှင်းနည်းများပေးနိုင်ပါတယ်။
- Client အား ဆုံးဖြတ်ချက်ချရန် ဖိအားမပေးဘဲ၊ Client ၏ကိုယ်ပိုင်အတွေးအခေါ်များကို လွတ်လပ်စွာရှာဖွေ၍ ဆုံးဖြတ်ခွင့်ပြုကြပါတယ်။

3️⃣(၃) လျှို့ဝှက်မှုနှင့် စိတ်ချလုံခြုံရသော နေရာ
- မိတ်ဆွေများ/မိသားစုထံ ရင်ဖွင့်ပါက၊ မိမိ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များ အခြားသူများထံ လွယ်ကူစွာ ပျံ့နှံ့နိုင်လေ့ရှိပါတယ်။
- Counselor များနှင့် ဆွေးနွေးပါက Counselor တို့သည် လျှို့ဝှက်ထိန်းသိမ်းမှုစည်းမျဉ်း (Confidentiality) ကို လိုက်နာရသဖြင့် သင်၏ အခြေအနေအားလုံးအား လုံခြုံစိတ်ချစွာ ဖော်ပြနိုင်ပါတယ်ရှင်။

4️⃣(၄) စနစ်တကျဖြေရှင်းနည်း

- မိသားစုနှင့် မိတ်ဆွေများက “ဒီလိုလေးလုပ်ရင် ပြီးသွားမယ်" “ငါ့တုန်းကတော့ ဒီလိုလုပ်ခဲ့တာ အဆင်ပြေသွားတာပဲ” အစကဲ့သို့သော ယေဘုယျအကြံဉာဏ်နဲ့ ဖြေရှင်းနည်းများ ပေးတတ်ကြပါတယ်။
- Counselor များက မိမိပြဿနာ၏ အရင်းအမြစ် (Root) ကို ရှာဖွေကာ ရေရှည်တည်တံ့သော ဖြေရှင်းနည်း (Cognitive Behavioral Therapy, Mindfulness Techniques) စသည့်နည်းလမ်းတို့ဖြင့်လည်း စနစ်တကျ ဆွေးနွေးကူညီဖြေရှင်းပေးနိုင်ကြပါတယ်။

5️⃣(၅) စိတ်ခံစားချက်များကို နားလည်မှုပေးနိုင်ခြင်း

- မိတ်ဆွေများက "ငါလည်း အရင်က ဒီလိုဖြစ်ဖူးတယ်" ဟု မိမိကိုယ်ပိုင်အတွေ့အကြုံများ ပြန်ပြောတတ်ပြီး ကာယကံရှင်၏ ခံစားချက်ကို လျစ်လျူရှုမိကြတတ်ပါတယ်။
- Counselor တွေကတော့ သင့်ခံစားချက်ကို အပြည့်အဝနားထောင်ကာ (Active Listening) မည်သည့်အပြစ်တင်မှုမျှ မပြုဘဲ သင့်ရဲ့ ပြသာနာတွေကို သင်ကိုယ်တိုင် နားလည်အဖြေထုတ်နိုင်လာစေရန် ကူညီဆွေးနွေးပေးနိုင်ပါတယ်ရှင်။

အချုံ့အားဖြင့်ဆိုရသော် မိသားစုနှင့် မိတ်ဆွေသူငယ်ချင်းများ၏ အကြံဉာဏ်များသည် ချစ်ခြင်းမေတ္တာနှင့် ကိုယ်ပိုင်အတွေ့အကြုံများအပေါ် အခြေခံသော်လည်း၊ Counselor များနှင့် တိုင်ပင်ခြင်းသည် သိပ္ပံနည်းကျ၊ ဘက်လိုက်မှုမရှိ၊ လျှို့ဝှက်ထိန်းသိမ်းမှုပြည့်ဝစွာဖြင့် ဆွေးနွေးတိုင်ပင် အဖြေရှာပေးသော နည်းလမ်းဖြစ်ပါတယ်။ စိတ်ဒဏ်ရာများ၊ စိုးရိမ်ပူပန်မှုများ (Anxiety) သို့မဟုတ် စိတ်ဓာတ်ကျခြင်း (Depression) ကဲ့သို့သော နက်ရှိုင်းသည့်ပြဿနာများအတွက် Professional Counselor များနှင့် တိုင်ပင်ခြင်းဟာ အကောင်းဆုံးသော ရွေးချယ်မှုတွေထဲက တစ်ခုပဲဖြစ်ပါတယ်လို့ ဝေမျှရင်း ဒီမှာပဲ အဆုံးသတ်လိုက်ပါရစေရှင်။ 🙏🏼❣️✨


✨စိတ်ဖိစီးမှုကိုဖြေလျှော့ရန် နည်းလမ်းများ✨       ခေတ်သစ်လူမှုဘဝတွင် စိတ်ဖိစီးမှုများကို ရင်ဆိုင်နေရပြီး ၎င်းတို့ကို ထိရေ...
06/08/2025

✨စိတ်ဖိစီးမှုကိုဖြေလျှော့ရန် နည်းလမ်းများ✨

ခေတ်သစ်လူမှုဘဝတွင် စိတ်ဖိစီးမှုများကို ရင်ဆိုင်နေရပြီး ၎င်းတို့ကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ရန် နည်းလမ်းကောင်းများ လိုအပ်ပါသည်။ စာဖတ်ခြင်း၊ တရားထိုင်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းနှင့် Counselor နှင့် တိုင်ပင်ဆွေးနွေးခြင်းတို့သည် စိတ်ဖိစီးမှုကို လျှော့ချရာတွင် အထောက်အကူဖြစ်စေသော နည်းလမ်းများဖြစ်သည်။

1️⃣၁။ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ

စာဖတ်ခြင်းသည် စိတ်ကို အခြားကမ္ဘာတစ်ခုဆီသို့ ခေတ္တခေါ်ဆောင်သွားကာ နေ့စဉ်ဖိစီးမှုများမှ လွတ်မြောက်စေပါသည်။

✨ စိတ်လွတ်လပ်မှုရစေခြင်း✨ စိတ်ဝင်စားဖွယ်စာအုပ်များဖတ်ခြင်းဖြင့် စိတ်ဖိစီးမှုကို မေ့ပျောက်စေပြီး အာရုံပြောင်းစေနိုင်သည်။
✨အသိပညာတိုးပွားစေခြင်း✨ ကိုယ်ရေးကိုယ်တာနှင့် အလုပ်ခွင်ဖိစီးမှုများကို ကောင်းစွာဖြေရှင်းနိုင်ရန် အကြံဉာဏ်များရရှိစေသည်။
✨အိပ်စက်မှုကောင်းမွန်စေခြင်း ✨ ညဘက်အိပ်ခါနီး စာဖတ်ခြင်းဖြင့် စိတ်တည်ငြိမ်စေပြီး ကောင်းမွန်စွာ အိပ်ပျော်စေနိုင်သည်။

2️⃣၂။ တရားထိုင်ခြင်း၏ အခန်းကဏ္ဍ

တရားထိုင်ခြင်းသည် ရှေးယခင်ကတည်းက စိတ်တည်ငြိမ်ရန် အသုံးပြုခဲ့သော နည်းလမ်းဖြစ်ပြီး ယခုခေတ်တွင်လည်း သိပ္ပံနည်းကျ ထိရောက်မှုရှိကြောင်း သက်သေပြထားသည်။

✨စိတ်တည်ငြိမ်စေခြင်း ✨ အသက်ရှူလမ်းကြောင်းကို အာရုံစိုက်ခြင်းဖြင့် စိတ်ဖိစီးမှုဟော်မုန်းများ (Cortisol) ကျဆင်းစေသည်။
✨အာရုံစူးစိုက်မှုတိုးတက်စေခြင်း ✨ နေ့စဉ်တရားထိုင်ခြင်းဖြင့် စိတ်ရှုပ်ထွေးမှုများကို လျော့ကျစေပြီး အာရုံစိုက်နိုင်စွမ်းတိုးစေသည်။
✨စိတ်ခံစားချက်ထိန်းညှိမှု ✨ မိမိ၏ ခံစားချက်များကို ပိုမိုနားလည်လာစေကာ ဒေါသထွက်လွယ်မှုကို လျော့ကျစေသည်။

3️⃣၃။ ကိုယ်လက်လှုပ်ရှားမှု၏ အရေးပါမှု

လေ့ကျင့်ခန်းလုပ်ခြင်းသည် ခန္ဓာကိုယ်ကျန်းမာရေးသာမက စိတ်ကျန်းမာရေးကိုပါ အထောက်အကူပြုသည်။

✨Endorphin ဟော်မုန်းထွက်ရှိစေခြင်း✨ လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် စိတ်ပျော်ရွှင်စေသော ဟော်မုန်းများ (Endorphins) ထွက်ရှိစေပြီး စိတ်ဖိစီးမှုကို သက်သာစေသည်။
✨ အိပ်စက်မှုပိုမိုကောင်းမွန်စေခြင်း ✨ ပုံမှန်လေ့ကျင့်ခန်းလုပ်သူများတွင် အိပ်မပျော်ခြင်းပြဿနာ လျော့နည်းစေသည်။
✨ယုံကြည်မှုတိုးစေခြင်း ✨ ကိုယ်ခန္ဓာကျန်းမာလာခြင်းနှင့်အတူ မိမိကိုယ်ကို ယုံကြည်မှုလည်း တိုးပွားစေသည်။

4️⃣၄။ တတ်ကျွမ်းသည့် Counselor နှင့်ဆွေးနွေးတိုင်ပင်ခြင်း

စိတ်ဖိစီးမှုများကို မိမိဘာသာ ဖြေရှင်းရန် ခက်ခဲပါက ကျွမ်းကျင်သူများနှင့် တိုင်ပင်ဆွေးနွေးခြင်းက အထောက်အကူဖြစ်စေသည်။

✨ ခံစားချက်များကို လွတ်လပ်စွာဖော်ပြနိုင်ခြင်း✨ မိမိ၏ စိုးရိမ်ပူပန်မှုများကို ရင်ဖွင့်ခြင်းဖြင့် စိတ်တွင်း၌ ဖိအားများ လျော့ပါးစေသည်။
✨ သင့်တော်သော အကြံဉာဏ်ရရှိခြင်း✨ Counselor များက စနစ်တကျ လမ်းညွှန်ပေးနိုင်ပြီး စိတ်ဖိစီးမှုကို ထိရောက်စွာ ဖြေရှင်းနည်းများ ရရှိစေသည်။
✨ အထီးကျန်မှုကို လျော့ကျစေခြင်း ✨ တစ်ယောက်တည်း ရင်ဆိုင်ရသည်ဟု မခံစားရဘဲ သူတစ်ပါး၏ ပံ့ပိုးမှုကို ရရှိစေသည်။

Being With You က မျှဝေပေးလိုက်တဲ့ ဤနည်းလမ်းများကို ပုံမှန်လုပ်ဆောင်ခြင်းဖြင့် စိတ်ဖိစီးမှုကို ကောင်းစွာ ထိန်းချုပ်နိုင်ပြီး ပိုမိုပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင်။ 🙏🏼🥰✨



မဂ်လာပါရှင် 🙏🏼✨✨Being With You မှာ Online/In-person ဆွေးနွေးလို့ရမယ့် Individual/ Couple/ Family Counselling Session လေး...
20/07/2025

မဂ်လာပါရှင် 🙏🏼✨✨

Being With You မှာ Online/In-person ဆွေးနွေးလို့ရမယ့် Individual/ Couple/ Family Counselling Session လေးတွေအတွက် Session fees လေးတွေကို ဟိုးအစကကတည်းကနေ အခုချိန်ထိ မပြောင်းလဲဘဲ ထားရှိပေးထားပါသေးတယ်ရှင်။

Individual counseling
1 session - 30,000 Ks
4 sessions - 100,000 Ks
10 sessions - 250,000 Ks

Couple Counseling
1 session - 50,000 Ks
4 sessions - 170,000 Ks
10 sessions - 430,000 Ks

Family Counseling
1 session - 70,000 Ks
4 sessions - 240,000 Ks
10 sessions - 600,000 Ks

အတွေ့အကြုံရှိ Professional Counselor များနှင့် Counselling Session လေးတွေကို Appointment ကြိုတင်ရယူရန်အတွက် Available ဖြစ်နေသေးတဲ့အချိန်များကို Page Messenger ကနေတစ်ဆင့် ဆက်သွယ်စုံစမ်း မေးမြန်း၍ ဆွေးနွေးနိုင်ပါတယ်ရှင် 🥰



🙏 "ဓမ္မစကြာအခါတော်နေ့" 🙏  (ဝါဆိုလပြည့်နေ့)ဒီနေ့သည် မြတ်စွာဘုရားရှင် ပထမဆုံးအကြိမ် “ဓမ္မစကြာသုတ်တော်" ကို ပဉ္စဝဂ္ဂီငါးဦးအ...
09/07/2025

🙏 "ဓမ္မစကြာအခါတော်နေ့" 🙏
(ဝါဆိုလပြည့်နေ့)

ဒီနေ့သည် မြတ်စွာဘုရားရှင် ပထမဆုံးအကြိမ် “ဓမ္မစကြာသုတ်တော်" ကို ပဉ္စဝဂ္ဂီငါးဦးအား မိဂဒါဝုန်တော၌ ဟောကြားတော်မူခဲ့သည့် ဓမ္မစကြာအခါတော်နေ့ (ဝါဆိုလပြည့်နေ့) ဖြစ်ပါတယ်။

🌿 ဤနေ့၏ အထူးအရေးပါမှု
- ဗုဒ္ဓတရားတော်၏ အစဖြစ်သော “မဇ္ဈိမပဋိပဒါ (လမ်းမှန်အလယ်လမ်း)” ကို စတင်ဟောကြားခဲ့သည့်နေ့
- သစ္စာလေးပါး၊ အင်္ဂါရှစ်ပါးလမ်းစဉ်တို့၏ အခြေခံဖြစ်သော တရားတော်ကို ဟောကြားခဲ့သည့်နေ့ ဖြစ်ပါသည်

🙌 ဤနေ့တွင် ဗုဒ္ဒဘာသာဝင်များ အနေဖြင့် ပြုလုပ်နိုင်သော ကုသိုလ်များ

✔ ဘုရားရှိခိုး၊ တရားနာယူခြင်း
✔ သီလဆောက်တည်ခြင်း
✔ ဆွမ်းလောင်း၊ ဆီမီးပူဇော်ခြင်း
✔ မိမိ၏စိတ်ကို သန့်ရှင်းအေးချမ်းစွာ ထားရှိခြင်း

"ဒုက္ခအားလုံးငြိမ်းချမ်း၍ ဆင်းရဲကင်းကွာ၊
ပညာဉာဏ်အလင်းရောင်ဖြာ၍ နိဗ္ဗာန်ခရီးတစ်လျှောက် လျှောက်လှမ်းနိုင်ကြပါစေ”

#ဝါဆိုလပြည့်နေ့
#ဓမ္မစကြာအခါတော်နေ့
#ဓမ္မစကြာသုတ်

မင်္ဂလာပါရှင်...✨🙏✨ဒီနေ့မှာတော့ Counseling ဆိုတာဘာလဲ? ဘယ်သူတွေဟာ Counselling လုပ်ဖို့လိုအပ်နေတာလဲဆိုတဲ့ ခေါင်းစဉ်လေးနဲ့ပ...
25/06/2025

မင်္ဂလာပါရှင်...✨🙏✨

ဒီနေ့မှာတော့ Counseling ဆိုတာဘာလဲ? ဘယ်သူတွေဟာ Counselling လုပ်ဖို့လိုအပ်နေတာလဲဆိုတဲ့ ခေါင်းစဉ်လေးနဲ့ပတ်သက်ပြီး ပြန်လည်မျှဝေ တင်ပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ 🙏🏼💕🥰

“What is Counseling and who needs Counseling?” ❓❓❓

Counselling လို့အသိများကြပြီးမြန်မာလိုဘာသာပြန်ရရင်တော့ “တိုင်ပင်ဆွေးနွေးခြင်း၊ အကြံပေးခြင်း” ဟာဆိုရင် စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို ဖြေရှင်းပေးဖို့ သေသေချာချာလေ့ကျင့်သင်ကြားထားတဲ့ ပညာရှင် (counselor)နဲ့အတူ ကိုယ့်ရဲ့ စိတ်ခံစားချက်တွေ နာကျင်မှုတွေကို ကုစားဖို့ ၊ပိုမိုကောင်းမွန်တဲ့ life style တစ်ခုရရှိဖို့ကနေစပြီး ကိုယ့်ရဲ့relationship နဲ့ပတ်သက်ပြီး ရင်ဖွင့်ဆွေးနွေးဖို့နဲ့ career goal တွေအတွက် အတူအဖြရှာခြင်းတွေ အထိပါဝင်ပါတယ်။👨‍⚕️

Counselling ကို တစ်ယောက်ချင်းစီ Counselor နဲ့တိုင်ပင်ဆွေးနွေးလို့ရသလို ချစ်သူရည်းစားရှိသူများ၊ အိမ်ထောင်ရှိသူများကလည်းကိုယ့်ရဲ့ပါတနာနဲ့အတူ couple counseling ယူနိုင်ပြီး မိသားစုလိုက် family counseling ယူနိုင်တာတွေလည်းရှိပါတယ်။ ဒါကတော့တစ်ဦးတစ်ယောက်ခြင်းစီရဲ့လိုအပ်ချက်ပေါ်မူတည်ပြီး အမျိုးမျိုးကွာခြားသွားတာပဲဖြစ်ပါတယ်။

"ဒါဆိုရင် ဘယ်လိုလူတွေကcounselingလုပ်ဖို့လိုအပ်နေတာလဲ" ❓❓❓

အပေါ်မှာပြောခဲ့သလိုပဲ Counseling ဟာ အသက်အရွယ်၊ ကျား/မ မရွေး ကိုယ့်ရဲ့တစ်ဦးချင်း လိုအပ်ချက်ပေါ်မူတည်ပြီး ယူနိုင်တာဖြစ်ပေမယ့် အထူးသဖြင့် ပိုမိုလိုအပ်တတ်သူတွေကတော့

1.Stress (အကြောင်းအရာတစ်ခုခုကြောင့် စိတ်ဖိစီးမှု များနေရသူတွေ)၊ Depression စိတ်ဓာတ်ကျခြင်းကို ခံစားရသူတွေ) ၊ anxiety (စိုးရိမ်ကြောင့်ကြမှု များပြားနေသူတွေ)၊ Bipolar Disorder (စိတ်အတက်အကျအရမ်းမြန်သူတွေ)၊ Trauma စိတ်ဒဏ်ရာရထားသူတွေ၊ စသည့်အပြင် ⚠️

2.Relationship တွေမှာ ကိုယ့်ရဲ့တစ်ဖက်ပါတနာနဲ့ အခက်အခဲတွေကို ရင်ဆိုင်နေရသူတွေ၊ attachment issues (တွယ်တာမှု) ကြောင့် Relationship မှာ ပိုမိုခံစားနေရသူတွေ၊ သစ္စာဖောက်ခံခဲ့ရဖူးသူတွေ⚠️

3.လိုအပ်တာထက်ပိုပြီး အလုပ်ကနေစိတ်ဖိစီးမှုရသူတွေ၊ career development နဲ့ပတ်သက်ပြီး ဆွေးနွေးချင်သူတွေ⚠️

4. ကိုယ့်ကိုယ်ကိုရှာဖွေပြီး ပိုကောင်းတဲ့ တိုးတက်ပြောင်းလဲမှုကို ရှာဖွေချင်သူတွေ⚠️

5.ချစ်ရတဲ့သူဆုံးရှုံးထားရတာ၊ ကွာရှင်းပြတ်ဆဲထားတာ စတဲ့ကြီးမားတဲ့ဘဝအပြောင်းအလဲကြုံထားရတဲ့သူတွေပဲဖြစ်ပါတယ်။⚠️

ဒါဆိုရင်တော့ Counsellingလုပ်တာဟာ ဘာလဲ..ဘယ်သူတွေဟာ counselling ကို ပိုမိုလိုအပ်တတ်သူတွေဖြစ်မလဲဆိုတာကို အကြမ်းဖျင်းအားဖြင့်သိသွားလောက်မယ်ထင်ပါတယ်။ ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ ဒီလိုစိတ်ခံစားမှု အခြေအနေတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့သူတွေရှိရင်လည်း မှန်ကန်တဲ့counseling ယူနိုင်ဖို့ရာအတွက် ဝိုင်းဝန်းအားပေးတိုက်တွန်းပေးဖို့အတွက်လည်း အသိပေးလိုက်ပါရစေနော်။ 😉

ကိုယ့်ရဲ့ခံစားချက်တွေ၊ ပြသာနာတွေကို ရင်ဖွင့်ဖို့ရင်း ဆွေးနွေးတိုင်ပင်ဖို့အတွက် Being With You မှာ Counselling Services တွေကို Appointment ရယူလိုပါက Page Messenger မှာ လာရောက် မေးမြန်း၍ Appointment ရယူနိုင်ပါကြောင်းလည်း သတင်းကောင်းလေးပါးပါရစေရှင်။





“လက်တွဲဖေးကူ ငလျင်အလှူ” စစ်ကိုင်းငလျင်ကြောင့် ငလျင်ဘေးသင့်ခဲ့သော ပြည်သူများအတွက် အုတ်တစ်ချပ်၊ သဲတစ်ပွင့်အဖြစ်ပါဝင်၍ “Bei...
04/04/2025

“လက်တွဲဖေးကူ ငလျင်အလှူ”

စစ်ကိုင်းငလျင်ကြောင့် ငလျင်ဘေးသင့်ခဲ့သော ပြည်သူများအတွက် အုတ်တစ်ချပ်၊ သဲတစ်ပွင့်အဖြစ်ပါဝင်၍ “Being With You” မှ လှူဒါန်းငွေ (၃ သိန်း)ကျပ် လှူဒါန်းခဲ့ပါသည်။

✉️ ✉️ ✉️

ထို့အပြင် စစ်ကိုင်းမြေငလျင်ကြောင့် သဘာ၀ဘေးအန္တရာယ်ကြုံတွေ့ ခံစားခဲ့ရသူများနဲ့ ကယ်ဆယ်ရေးတွင် ပါဝင်လုပ်ဆောင်သူများ Mental Support လိုအပ်ပါက Being With You တွင် Google Meet ဖြင့် Individual Counselling Session များ အခမဲ့ ရယူနိုင်ပါသည်ရှင်။

‼️Appointment ရယူရန်အတွက် Page Messenger တွင် နာမည်၊ ဖုန်းနံပါတ်နှင့်တကွ “Free Counselling” ဟု ရိုက်နှိပ်၍ ပို့ပေးပါနော် 🙏🏼❣️

🙏မြန်မာပြည်သူ ပြည်သားများ🙏
🌸 ဘေးရန်စွယ် အန္တရာယ် ကပ်ဆိုးများမှ
🌸 အမြန်ဆုံး လွတ်မြောက်ကြပါစေ။

🙏🙏🙏

#ငလျင်အလှူ


မြန်မာနိုင်ငံတွင် ငလျင်ဘေးကြုံတွေ့နေရသူများအတွက် စိတ်ကျန်းမာရေး ထောက်ပံ့နည်း tips များ 💙 ၁။ သင့်ခံစားချက်တွေကို လက်ခံပါ"...
31/03/2025

မြန်မာနိုင်ငံတွင် ငလျင်ဘေးကြုံတွေ့နေရသူများအတွက် စိတ်ကျန်းမာရေး ထောက်ပံ့နည်း tips များ

💙 ၁။ သင့်ခံစားချက်တွေကို လက်ခံပါ
"ကြောက်ရွံ့မှု၊ စိုးရိမ်ပူပန်မှု၊ ဝမ်းနည်းမှုတွေကို ခံစားရတာ ပုံမှန်ပါပဲ။ ဒီအချိန်မှာ သင့်စိတ်ထဲက ခံစားချက်တွေကို ဖုံးအုပ်မထားဘဲ ယုံကြည်ရသူတစ်ဦးဦးနဲ့ ဝေမျှပါ။ ငိုချင်ရင် ငိုလိုက်ပါ၊ ဒါက ပျော့ညံ့တာမဟုတ်ဘူးနော်။"

🤝 ၂။ အတူတူဖေးမကြပါစို့
"တစ်ယောက်တည်းမနေပါနဲ့။ မိသားစု၊ မိတ်ဆွေတွေနဲ့ အတူနေပါ။ တစ်ယောက်နဲ့တစ်ယောက် စကားနားထောင်ပေးခြင်း၊ လိုအပ်တာတွေကို ကူညီခြင်းက စိတ်ဒဏ်ရာတွေကို သက်သာစေပါတယ်။"

🧘 ၃။ အနားယူဖို့ မမေ့ပါနဲ့
"အခုလိုအချိန်မှာ အိပ်ရေးပျက်တာ၊ မစားဘဲနေတာတွေက စိတ်ဖိစီးမှုကို ပိုဆိုးစေနိုင်ပါတယ်။ ရေများများသောက်ပါ၊ အိပ်ချိန်မှန်အောင် ကြိုးစားပါ။ တတ်နိုင်သလောက် အသက်ရှူလေ့ကျင့်ခန်း (Deep Breathing) လုပ်ကြည့်ပါ။"

📵 ၄။ သတင်းအမှားတွေကို ရှောင်ပါ
"ဆိုရှယ်မီဒီယာမှာ ပျံ့နေတဲ့ အချက်အလက်မှားတွေက စိတ်ဖိစီးမှုကို ပိုများစေနိုင်ပါတယ်။ ယုံကြည်စိတ်ချရတဲ့ သတင်းအရင်းအမြစ်တွေကနေပဲ သတင်းကို ရယူပါ။"

👶 ၅။ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေကို အထူးဂရုစိုက်ပါ
"ကလေးတွေက သူတို့ခံစားနေရတာကို စကားနဲ့ မပြောတတ်ကြပါဘူး။ သူတို့နဲ့ပိုပြီးအချိန်ပေးပါ၊ ချီပွေ့ပါ၊ စိတ်ချမ်းသာစေမယ့် ကစားနည်းတွေကစားပေးပါ။ သက်ကြီးရွယ်အိုတွေအတွက်လည်း သူတို့လိုအပ်တဲ့ ဆေးဝါးနဲ့ စိတ်ဂရုစိုက်မှုရအောင် စီစဉ်ပေးပါ။"

☎ ၆။ အကူအညီတောင်းဖို့ မရှက်ပါနဲ့
"စိတ်ထဲမှာ အရမ်းကြီး ဖိစီးနေတယ်၊ ဘာမှမလုပ်နိုင်တော့ဘူးလို့ ခံစားရရင် နီးစပ်ရာကျန်းမာရေးဌာနတွေ၊ အခမဲ့စိတ်ကျန်းမာရေးဝန်ဆောင်မှုတွေကို ဆက်သွယ်ပါ။ သင့်အတွက် အကူအညီတွေ အဆင်သင့်ရှိပါတယ်။"

🌱 ၇။ နေ့စဉ်အလေ့အကျင့်လေးတွေ ပြန်လုပ်ပါ
"ဖြစ်နိုင်ရင် ပုံမှန်လုပ်စရာတွေကို တဖြည်းဖြည်းပြန်စပါ။ နည်းနည်းချင်းစီ လမ်းလျှောက်တာ၊ ရိုးရိုးလေးစာရေးတာ၊ သီချင်းနားထောင်တာမျိုးတွေက သင့်စိတ်ကို တည်ငြိမ်စေပါတယ်။"

#ငလျင်



စစ်ကိုင်းမြေငလျင်ကြောင့် သဘာ၀ဘေးအန္တရာယ်ကြုံတွေ့ ခံစားခဲ့ရသူများနဲ့ ကယ်ဆယ်ရေးတွင် ပါဝင်လုပ်ဆောင်သူများ Mental Support လိ...
31/03/2025

စစ်ကိုင်းမြေငလျင်ကြောင့် သဘာ၀ဘေးအန္တရာယ်ကြုံတွေ့ ခံစားခဲ့ရသူများနဲ့ ကယ်ဆယ်ရေးတွင် ပါဝင်လုပ်ဆောင်သူများ Mental Support လိုအပ်ပါက Being With You တွင် Google Meet ဖြင့် Individual Counselling Session များ အခမဲ့ ရယူနိုင်ပါသည်ရှင်။

Free Counselling Session ရယူနိုင်သည့်သူများမှာ -

1️⃣စစ်ကိုင်းမြေငလျင်ကြောင့် သဘာ၀ဘေးအန္တရာယ်အား ကိုယ်တိုင်ကြုံတွေ့ ခံစားခဲ့ပြီးမှ လွတ်မြောက်လာရသူများ၊
2️⃣ထိုဖြစ်ရပ်တွင် မိမိ မိသားစု၊ ချစ်ရသူများအား ဆုံးရှုံးလိုက်ရသူများနှင့်
3️⃣ ထိုဖြစ်ရပ်တွင် မိမိ၏ နေအိမ်၊ တိုက်တာဆုံးရှုံးလိုက်ရသူများနှင့်
4️⃣ကယ်ဆယ်ရေးလုပ်ငန်းများတွင် မားမားမတ်မတ် ပါဝင်ဆောင်ရွက်နေကြသော Rescuers များ Volunteer များအားလုံးကို…

✅အယုတ်အလတ်အမြတ်မရွေး၊
✅လူမျိုးဘာသာမရွေး၊
✅နေထိုင်သည့်နိုင်ငံမရွေး

… စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ (Mental Support) လိုအပ်ပါက၊ Being With You မှ Senior Counselor များနှင့် Google Meet မှတစ်ဆင့် အခမဲ့ တစ်ဦးချင်း ရင်ဖွင့်ဆွေးနွေးနှစ်သိမ့်ခြင်းများ (Online Individual Counselling Session) ရယူနိုင်ပါသည်ရှင်။ 🙏🏼🙏🏼🙏🏼

‼️Appointment ရယူရန်အတွက် Page Messenger တွင် နာမည်၊ ဖုန်းနံပါတ်နှင့်တကွ “Free Counselling” ဟု ရိုက်နှိပ်၍ ပို့ပေးပါနော် 🙏🏼❣️

#ငလျင်


👩‍👩‍👧‍👧🙆‍♀️💗 March 8th, Happy International Women's Day 💗🙆‍♀️👩‍👩‍👧‍👧မတ်လ ၈ ရက်နေ့‌တွင်ကျရောက်သော နိုင်ငံတကာအမျိုးသမီးမျာ...
08/03/2025

👩‍👩‍👧‍👧🙆‍♀️💗 March 8th, Happy International Women's Day 💗🙆‍♀️👩‍👩‍👧‍👧

မတ်လ ၈ ရက်နေ့‌တွင်ကျရောက်သော နိုင်ငံတကာအမျိုးသမီးများနေ့ (International Women's day)တွင် ခေတ်အဆက်အဆက်၌ နယ်ပယ်အသီးသီးမှာ ဦးဆောင်ပါဝင်ခဲ့ကြသော အမျိုးသမီးများ အားလုံးကို ဂုဏ်ပြုအပ်ပါတယ်ရှင်...💗🙏💗

အမျိုးသမီးတွေရဲ့ စိတ်ဓာတ်ခိုင်မာမှုနဲ့ နူးညံ့ကြင်နာမှုတွေက လောကကြီးကို ပြောင်းလဲနိုင်တဲ့ အင်အားတစ်ခုပါ။

အမျိုးသမီးတွေဟာ မိသားစု၊ လူမှုအသိုင်းအဝိုင်းနဲ့ လောကကြီးအတွက် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေကြပါတယ်။ ဒါကြောင့် သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ဂရုစိုက်ဖို့၊ မိမိကိုယ်ကို ချစ်မြတ်နိုးပြီး ဂုဏ်ယူဖို့ အရေးကြီးပါတယ်။

ကျွန်မတို့ Being With You ဟာဆိုရင်လည်း မတူညီတဲ့ နယ်ပယ်အသီးသီးမှာ လုပ်ကိုင်ဆောင်ရွက်နေကြတဲ့ အမျိုးသမီးတွေကနေ လူအများကို ကူညီဖို့ရန် ရည်ရွယ်ချက်ဖြင့် စတင်တည်ထောင်လာခဲ့တဲ့ Mental Health Counseling Service လေးတစ်ခုဖြစ်ပါတယ်။

ဒီနေ့ International Women day မှာ Being With You ကို အခက်အခဲတွေ၊ စိန်ခေါ်မှုတွေများစွာကြားထဲက ဦးစီးဦးဆောင်ပြုပြီး လိုရာခရီးရောက်သည်အထိ မလျှော့သောဇွဲတို့ဖြင့် ဆက်လက်မောင်းနှင်နေကြတဲ့ Being With You ​၏ Founder ညီအမများကိုလည်း Being With You အဖွဲ့သားများ မှ လေးစားစွာဖြင့် ထပ်မံဂုဏ်ပြုလိုက်ပါတယ်ရှင်…💖🙏💖

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ ကျွန်မတို့ရဲ့ အဖိုးတန်အမျိုးသမီးများအားလုံး စိတ်ပိုင်းဆိုင်ရာ ကျန်းမာချမ်းသာပြီး ပျော်ရွှင်သော ဘဝတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သပါတယ်။

“ဒီနေ့မှာ မိမိကိုယ်ကို ချီးကျူးပါ၊ ကိုယ့်ရဲ့ ခံစားချက်တွေကို လေးစားပါ၊ စိတ်ကျန်းမာရေးကို အလေးထားပြီး ပျော်ရွှင်သော ဘဝတွေကို တည်ဆောက်ကြပါစို့။”



“ကျွန်တော်တို့ရဲ့ အကျင့်‌စရိုက်တွေ စိတ်ခံစားမှုပိုင်းဆိုင်ရာ အမူအကျင့်တွေက ကျွန်တော်တို့ရဲ့ innerchild လေးနဲ့ အများကြီးဆ...
22/01/2025

“ကျွန်တော်တို့ရဲ့ အကျင့်‌စရိုက်တွေ စိတ်ခံစားမှုပိုင်းဆိုင်ရာ အမူအကျင့်တွေက ကျွန်တော်တို့ရဲ့ innerchild လေးနဲ့ အများကြီးဆက်စပ်နေပါတယ်.. ကလေးဘဝမှာ ကြုံခဲ့ရတဲ့စိတ်ပိုင်းဆိုင်ရာဒဏ်ရာတွေ ကြောက်ရွံ့မှုတွေကြောင့် ယခုလက်ရှိပစ္စုပ္ပန်မှာ အခြေအနေအကြောင်းကြောင်းကို ရင်မဆိုင်နိုင်တာ၊ အရှိတရားကို လက်မခံနိုင်တာ၊ အတိတ်ကို လက်မလွှတ်နိုင်တာတွေ ဖြစ်လေ့ရှိကြပါတယ်.. ကျွန်တော်တို့ရဲ့innerchild ဟာ ‌attachment လို့ခေါ်တဲ့ လူတစ်ယောက်နဲ့တစ်ယောက်ခြား သံယောဇဉ်ဖြစ်တည်မှုတွေမှာလည်း အများကြီးရေးပါပါတယ်.. မှန်ကန်တဲ့ attachment ပုံစံဖြစ်ဖို့ ကလေးဘဝတုန်းကလည်း မှန်ကန်တဲ့ attachment ပုံစံနဲ့ ကြီးပြင်းလာရပါမယ်...

ကိုယ့်ရဲ့ innerchild‌ လေးကို အချိန်ပေးပါ.. သူပြောချင်တဲ့စကားတွေကို နားထောင်ပေးပါ.. အချစ်မခံခဲ့ရဘူးလို့ ခံစားနေရတဲ့ innerchild လေးဆိုရင် ပိုဂရုစိုက်ပေးပါ ပိုချစ်ပေးပါ.. innerchild heal ဖြစ်လာတာနဲ့အမျှ စိတ်အေးချမ်းမှုတွေ၊ မိမိကိုယ်ကို လက်ခံနိုင်စွမ်းတွေ တိုးတက်လာမှာဖြစ်ပါတယ်..”

- Dr. Shun Lei Oo
(Senior Counselor)
(Being With You)

🌟 ၃ ရက်တာ Art Therapy Workshop🌟~~~~~~~~~~~~~~~~~~~~~~~~~~~~~သင့်စိတ်ခံစားချက်များကို ပန်းချီအနုပညာဖြင့် ဖွင့်ဟလေ့လာဖို့ ...
21/01/2025

🌟 ၃ ရက်တာ Art Therapy Workshop🌟
~~~~~~~~~~~~~~~~~~~~~~~~~~~~~

သင့်စိတ်ခံစားချက်များကို ပန်းချီအနုပညာဖြင့် ဖွင့်ဟလေ့လာဖို့ စိတ်ဝင်စားပါသလား? Being With You မှ ကျင်းပပြုလုပ်မယ့် ၃ ရက်တာ Art Therapy Workshop ကိုတက်ရောက်ပြီး ခံစားချက်များကို ရင်ဖွင့်ဖော်ထုတ်ကာ မိမိ၏စိတ်ခံစားမှုများနှင့် ဘဝတိုးတက်မှုအတွက် ဖန်တီးရှာဖွေလိုက်ပါ!

✨ Workshop မှာ ဘာတွေလုပ်ရမှာလဲ❓❓❓

🎨 ပန်းချီရေးဆွဲခြင်းနှင့် ပုံဆွဲခြင်း Activities များ – မိမိစိတ်ကြိုက် ပန်းချီများကို လွှတ်လပ်စွာဖန်တီးပြီး စိတ်ခံစားချက်များကိုဖော်ပြနိုင်ခြင်း။
💭 ပန်းချီဖြင့် စိတ်ခံစားချက်များကိုဖော်ပြခြင်း – မိမိပန်းချီ၏အဓိပ္ပါယ်များကို စူးစမ်းရှာဖွေခြင်းဖြင့် သင့်စိတ်တွင်းမှပြသာနာများကို လေ့လာသိရှိနိုင်ခြင်း။

🗣️ အုပ်စုနှင့်အတူ ဆွေးနွေးခြင်းများ – လုံခြုံပြီး အားထားနိုင်သောနေရာတွင် အခြားသူများနှင့် အပြန်အလှန် အားပေးဝေမျှဆွေးနွေးနိုင်ခြင်း။

📚 စိတ်ပိုင်းဆိုင်ရာ ပညာပေးအသိများ – Being With You မှ Senior Counselor တစ်ဦး၏ ဖေးမလမ်းညွှန်မှုဖြင့် မိမိ၏ ပြသာနာများအား ဖြေရှင်းနိုင်သည့်နည်းလမ်းများကို ရင်ဖွင့်၍ အကြံဥာဏ်ရယူနိုင်ခြင်း။

📅 အချိန်ဇယား

• ကြာချိန် – ၃ ရက် ( 1, 8, 15 Feb) (အပတ်စဉ် စနေနေ့တိုင်း ၃ ပတ်ဆက်တိုက်)
• အချိန် – မနက် ၁၀ နာရီ မှ နေ့လယ် ၃ နာရီ

🏡 ပြုလုပ်မည့်နေရာ
အမှတ် (၃)၊ (၃) ရပ်ကွက်၊ အောင်သိဒ္ဓိလမ်းမကြီး၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။

Car parking is available. ✅

💵 ကျသင့်ငွေ
• တစ်ဦးလျှင် ၁၀၀,၀၀၀ ကျပ်

✅ Availablity
* Art Supplies, Coffee & Snacks

👥 ကန့်သတ်ထားသော လူဦးရေ ၇ ဦးသာ လက်ခံပါမည်။

❌ ပန်းချီဆွဲတတ်ရန် မလိုပါ!

📩 စာရင်းသွင်းရန် အသေးစိတ်သိလိုပါက page messenger တွင်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

“Let your art speak and heal. We can’t wait to create with you!”


“လက်ရှိဘဝမှာ ပျော်ရွှင် ကျန်းမာစွာ ရှင်သန် နေထိုင်ပါ။ အနာဂတ်ကိုလည်း မမျှော်ကြည့်ပါနဲ့ အတိတ်ကိုလည်း ပြန်လှည့်မကြည့်ပါနဲ့။...
21/01/2025

“လက်ရှိဘဝမှာ ပျော်ရွှင် ကျန်းမာစွာ ရှင်သန် နေထိုင်ပါ။ အနာဂတ်ကိုလည်း မမျှော်ကြည့်ပါနဲ့ အတိတ်ကိုလည်း ပြန်လှည့်မကြည့်ပါနဲ့။
မည်သည့် ဆက်ဆံရေးအတွက် မဆို ကိုယ်နဲ့ အခြားသူကြား Boundaries လို့ခေါ်တဲ့ အကန့်လေး သို့မဟုတ် အစည်းအတားလေးလုပ်ပြီး နေထိုင်ခြင်းက ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုကို အချိန်ကြာမြင့်စွာ တည်ဆောက်နိုင်မှာ ဖြစ်ပြီး စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ စိတ်ဖိစီးမှု (stress) နဲ့ စိတ်ပင်ပန်းနွမ်းနယ်ခြင်း (burnout) တို့ကိုလည်း လျော့ကျစေနိုင် သလို မိမိကိုယ်ကို တန်ဖိုးထားမှု နဲ့ လေးစားမှု (self-esteem and self-respect) တို့ကို မြင့်တက် လာစေနိုင်ပါတယ်။”

- Ma Sandary Aye Naing
(Senior Counselor)
(Being With You)


Address

Yangon

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00

Telephone

+959883501860

Website

Alerts

Be the first to know and let us send you an email when Being With You posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Being With You:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram