Myanmar Mediland

  • Home
  • Myanmar Mediland

Myanmar Mediland Take Care Yourself everyday with us

22/03/2023

စိတ်ဖိစီးမှုတွေလျော့ကျလာစေဖို့နည်းလမ်းများ 🧠💫

တစ်နေ့တာအလုပ်တွေလုပ်ရတဲ့အခါမှာ စိတ်ဖိစီးမှုတွေက လူတိုင်း အနည်းအများတော့ ရှိကြတာပါဘဲ။
နည်းတုန်းက ကိစ္စမရှိဘူးထင်ကြပေမယ့် ဖိအားတွေများလာခဲ့အခါ ပြဿနာတွေရှိလာတတ်ကြပါတယ်။

ဒီနေ့မှာတော့ စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်မယ့် နည်းလမ်းလေးတွေကို ပြောပြေပေးမယ်နော် 💫

- သီချင်းနားထောင်ပါ။ 🎶
သီချင်းတွေထဲကမှ ပျော်ဖို့ကောင်းတဲ့သီချင်းတွေ၊ ငြိမ့်ညောင်းတဲ့သံစဉ်တွေနဲ့ စိတ်ကိုပြေလျောစေမယ့်တီးလုံးလေးတွေနားထောင်ပေးပါ။

- သူငယ်ချင်းတွေနဲ့စကားပြောပါ။ 🙋🏻💁🏼‍♀️
ကိုယ့်အနီးအနားကသူတွေ၊ ကိုယ့်မိသားစု၊ သူငယ်ချင်းတွေကို ရင်ဖွင့်ပါ။ အကြံတောင်းပါ။ တစ်ခြားစိတ်ပေါ့ပါးရာတွေ လျှောက်ပြောပါ။ ရယ်မောစရာတွေပြောပါ။

- တရားထိုင်ပါ။ 🧘🏻✨
တရားထိုင်ခြင်းက စိတ်ကို တည်ငြိမ်စေပြီး စိတ်ဖိစီးမှုကိုလည်း လျှော့ချပေးနိုင်ပါတယ်။ အသက်ဝဝရှုပြီး စိတ်ငြိမ်အောင်လုပ်လို့လဲရပါတယ်။

- အိပ်ပါ။ 💤😴
အချိန်ကိုသေချာစီမံ ခန့်ခွဲပြီး လုံလောက်တဲ့ အိပ်ချိန်ရအောင်ကြိုးစားပါ။ အိပ်ရေးဝတဲ့သူတွေဟာ စိတ်ကြည်ကြည်လင်လင်နဲ့ အလုပ်လုပ်နိုင်ကြတာပါ။

- အားဆေးမှီဝဲပါ။ 💊
အပေါ်မှာပြောထားတဲ့အချက်တွေကို မလုပ်နိုင်တဲအခါ VITA Plus ကိုသောက်ပါ။ VITA Plus မှာ multivitamin and mineral (၁၃) မျိုးပါတဲ့အတွက် အိပ်ပျော်စားဝင်စေပြီး စိတ်ကြည်လင်လန်းဆန်းစေပါတယ်။

မှာယူချင်ရင်တော့
နာမည်၊ ဖုန်းနံပါတ်၊ လိပ်စာနဲ့ မှာယူမည့်အရေအတွက်ကို page messanger မှာလာပြောပေးပါနော်။

လူတိုင်း စိတ်ဖိစီးမှုပြေပျောက်ပြီး ကျန်းကျန်းမာမာနဲ့ အလုပ်တွေအောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ 🤍🙏🏻


တကယ်အောင်မြင်ချင်ရင် ဒါလေးတွေလုပ်ပါ… 🫵🏻✨☘️ မနက်စောစောထပါ။ မနက်စောစောထကြတဲ့သူတွေဟာ အောင်မြင်သူတွေပါဘဲ။ မနက်စောစောထဖို့ဆို...
17/03/2023

တကယ်အောင်မြင်ချင်ရင် ဒါလေးတွေလုပ်ပါ… 🫵🏻✨
☘️ မနက်စောစောထပါ။

မနက်စောစောထကြတဲ့သူတွေဟာ အောင်မြင်သူတွေပါဘဲ။ မနက်စောစောထဖို့ဆို ညဘက်တော့ စောစောအိပ်ယာဝင်ရမှာပေါ့။ မနက်စောစောထရင် ရမယ့်အကျိုးကျေးဇူးတွေကတော့ စိတ်ကြည်လင်လန်းဆန်းတာ၊ နေရောင်ခြည်ကရမယ့် Vitamin D, စိတ်ကူးစိတ်သန်းအသစ်တွေနဲ့ သူများတွေထက် အချိန်ပိုရတာတွေဘဲဖြစ်ပါတယ်။

☘️ လေ့ကျင့်ခန်းလုပ်ပါ။

အောင်မြင်နေတဲ့သူတွေဟာ စိတ်ရော ကိုယ်ပါ ကျန်းမာအောင်နေကြပါတယ်။ တစ်ရက်ကို ၁ နာရီအနည်းဆုံး အချိန်ပေးပြီး Yoga ကစားတာ၊ ကခုန်တာ၊ အကြောလျော့တာ၊ Gym ဆော့တာ၊ တရားထိုင်တာ စတာတွေလုပ်ကြပါတယ်။

☘️ အာဟာရပြည့်စေမယ့်မနက်စာ

မနက်စာက လူတစ်ယောက်အတွက် တော်တော်အရေးကြီးပါတယ်။ ဦးနှောက်က မနက်နိုးတဲ့အခါ မနက်စာကပေးတဲ့အာဟာရတွေနဲ့ တစ်နေ့တာကို စတင်ရမှာဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့မနက်စာတွေကတော့ ကြက်ဥ၊ နို့၊ ပေါင်မုန့်နဲ့ အသီးအနှံ တွေဖြစ်ပါတယ်။

☘️ တစ်နေ့တာအတွက် အစီအစဉ်ဆွဲပါ။

တစ်နေ့တာ အစီအစဉ်ဆွဲခြင်းက သင့်ကို ပိုတိုးတက်စေပြီး လမ်းကြောင်းကို တည့်မတ်စေမှာပါ။ အောင်မြင်နေတဲ့သူတိုင်းမှာ တစ်နေ့တာလုပ်မယ့် အစီအစဉ်တွေ အမြဲရှိနေပါတယ်။ အဲ့အစီအစဉ်ထဲကမှ အရေးကြီးတာတွေကို မှတ်ထားပြီး အရင်လုပ်သင့်ပါတယ်။

☘️ အနားယူဖို့မမေ့ပါနဲ့။

အောင်မြင်ဖို့ကြိုးစားရမှာ မှန်ပေမယ့် ဦးနှောက်နဲ့ ခန္ဓာကိုယ်ကို အနားပေးဖို့လဲလိုအပ်ပါတယ်။

☘️ သူများတွေနဲ့ ချိတ်ဆက်ပါ။

မသိသေးတဲ့သူတွေနဲ့ မိတ်ဆွေဖွဲ့ပြီး စကားပြောတာက ပညာဖလှယ်ရာရောက်သလို အတွေ့အကြုံအသစ်၊ အတွေးအခေါ်အသစ်တွေအပြင် အကူအညီအသစ်တွေလဲရပါတယ်။

☘️ အသစ်တွေလေ့လာပါ။

အောင်မြင်ချင်ရင် ကြိုးစားရမယ့်အပြင် အတွေးအခေါ်အသစ်တွေရှိမှလဲရမှာပါ။ ပညာသစ်တွေလေ့လာနေခြင်းက ပိုပြီး တိုးတက်စေပါတယ်။

☘️ တစ်နေ့တာကို မအိပ်ခင် ပြန်လည်သုံးသပ်ပါ။

ဒီနေ့ဘာတွေလုပ်လိုက်လဲ။ ဘာတွေပြီးမြောက်သွားလဲ။ ဘာတွေမှားခဲ့လဲ…နောက်နေ့မှာပိုကောင်းအောင် ဘာတွေလုပ်ကြမလဲဆိုတာ ပြန်လည် သုံးသပ်သင့်ပါတယ်။

☘️ အိပ်ရေးဝဝအိပ်ပါ။

လုံလောက်တဲ့အိပ်စက်မှုရှိခြင်းက ကိုယ်ခန္ဓာရော စိတ်ရောကို ကောင်းမွန်စေပြီး နောက်နေ့အတွက် ခွန်အားအသစ်တွေပေးနိုင်ပါတယ်။

အဲ့တာတွေအပြင် အောင်မြင်တဲ့သူတွေက အားဆေးတွေမှီဝဲကြပါသေးတယ်။ VITA Plus အားဆေးကလဲ အောင်မြင်ဖို့ လျှောက်လမ်းနေတဲ့လမ်းမှာ လိုအပ်တဲ့အကူအညီတွေပေးမှာပါ။ ယုံယုံကြည်ကြည်သောက်သုံးလိုက်ပါ….VITA Plus 🤍

ပြောင်းလဲချင်ရင် ကိုယ်တိုင်ကြိုးစားမှ ရမယ်နော်
14/03/2023

ပြောင်းလဲချင်ရင် ကိုယ်တိုင်ကြိုးစားမှ ရမယ်နော်

အခုရက်ပိုင်း အရမ်းပူတာဘဲနော်🥵ဒီရက်ပိုင်းနေပူတာ တော်တော်ဆိုးဆိုးပါ။ နေပူထဲအလုပ်လုပ်နေရတဲ့သူတွေဆို အားနည်းသလိုခံစားနေကြရမှ...
14/03/2023

အခုရက်ပိုင်း အရမ်းပူတာဘဲနော်🥵

ဒီရက်ပိုင်းနေပူတာ တော်တော်ဆိုးဆိုးပါ။ နေပူထဲအလုပ်လုပ်နေရတဲ့သူတွေဆို အားနည်းသလိုခံစားနေကြရမှာ...

အဲ့လိုမဖြစ်ရအောင် VITA Plus ​လေးသောက်ကြည့်နော်... ရေလည်းများများသောက်ပြီး နေရောင်ကာကွယ်ပေးတဲ့ အဝတ်အစားတွေလဲ ဝတ်ကြအုံးနော်...

မင်္ဂလာမနက်ခင်းလေးပါရှင့် 🥰 ဒီနေ့ပြောပြပေးမှာကတော့ Vitamin D3 အကြောင်းလေးဘဲဖြစ်ပါတယ်။ Vitamin D3 က ဘာလဲဆိုတာကို မသိသေးရင...
10/03/2023

မင်္ဂလာမနက်ခင်းလေးပါရှင့် 🥰

ဒီနေ့ပြောပြပေးမှာကတော့ Vitamin D3 အကြောင်းလေးဘဲဖြစ်ပါတယ်။ Vitamin D3 က ဘာလဲဆိုတာကို မသိသေးရင်တော့ ဆက်ဖတ်ကြည့်ပါနော် ✨

🦴Vitamin D3 က ခန္ဓာကိုယ်ထဲမှာရှိတဲ့ အရိုးအဆစ်တွေ calcium (ကယ်လ်စီယမ်ဓာတ်) ကိုစုပ်ယူနိုင်အောင် ကူညီပေးတာပါ။ Calcium ဓာတ်က အရိုးတွေသန်မာစေပါတယ်။

Vitamin D3 လုံလုံလောက်လောက်မရှိရင် ❕

- လူကြီးတွေမှာဆို အရိုးအဆစ်နာတာ၊ ဒူးဆစ်တွေမခိုင်တာ၊ စတဲ့ အရိုးအဆစ် နာကျင် ကိုက်ခဲခြင်းတွေ ခံစားရတတ်ပါတယ်။
- ကလေးတွေမှာဆိုလဲ အရိုးပျော့တာ၊ မသန်တာ စတဲ့ပြဿနာတွေ ကြုံရတတ်ပါတယ်။

☝🏻Vitamin D3 ကို နေရောင်ခြည်ကရတဲ့ vitamin လို့လဲ ခေါ်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ခန္ဓာကိုယ်က နေရောင်ထဲထွက်လိုက်တာနဲ့တင် နေရောင်ခြည်ကို Vitamin D3 အဖြစ်ပြောင်းလဲပေးနိုင်တာကြောင့်ပါ။ ဒါကြောင့် မနက်စောစောလမ်းထလျှောက်ဖို့၊ လေ့ကျင့်ခန်းလုပ်ကြဖို့ တိုက်တွန်းကြတာဖြစ်ပါတယ်။

‼️ ဒါပေမယ့် မြန်မာနိုင်ငံရာသီဥတုကြောင့် ၉:၃၀ လောက်ဆိုရင် နေက တော်တော်ပူလာတဲ့အတွက် သတိထားရမှာပါ။ နေရောင်ခြည်အရမ်းပြင်းတဲ့အခါမှာ အသားလောင်တာ၊ ခရမ်းလွန်ရောင်ခြည်သင့်တာတွေလဲဖြစ်တတ်လို့ ပိုသတိထားပေးရမယ်နော်။ အကောင်းဆုံးကတော့ မနက် ၆ နာရီလောက်ကနေ ၈ နာရီခွဲလောက်အတွင်းမှာ နေရောင်ခြည်ခံ တာပါဘဲ။

ကျွန်တော်တို့ တော်တော်များများက မနက်စောစောထပြီး အလုပ်အတွက်ပြင်ဆင်ကြရတော့ မနက်ပိုင်း နေရောင်ခံပြီး လေ့ကျင့်ခန်းလုပ်ဖို့ အချိန်သိပ်မပေးနိုင်ကြဘူး။ အဲ့တာကြောင့် အစားအသောက်နဲ့ ဆေးတွေကို ပိုပြီး အားကိုးသင့်ပါတယ်။ Vitamin D3 ရစေတဲ့အစားအသောက်တွေကတော့ ကြက်ဥအကာ၊ ငါးနဲ့ အင်အားဖြစ် အစေ့အဆန်တွေဖြစ်ပါတယ်။
💊🐟🥚🥣

ဆေးအနေနဲ့ကတော့ VITA Plus ကိုညွှန်းပေးမယ်နော်။ သူ့မှာက တစ်နေ့တာအတွက်လိုအပ်တဲ့ Vitamin ပမာဏအစုံပါတော့ အပေါ်မှာပြောထားတဲ့အစားအသောက်တွေကို မမှီဝဲမိရင်တောင် အဆင်ပြေပါတယ်။

⁉️ဘယ်လိုလူတွေပိုလိုအပ်လဲ?

Vitamin D3 အရိုးအဆစ်တွေကို သန်မာအောင်လုပ်တဲ့နေရာမှာ ကူညီပေးတာကြောင့် ကလေးငယ်တွေနဲ့ သက်ကြီးပိုင်းတွေအတွက်ပိုလိုအပ်ပါတယ်။

ဒါကြောင့် ဒီစာလေးကိုဖတ်ပြီးရင် ကိုယ်ကိုယ်တိုင်ရော ပတ်ဝန်းကျင်က ကိုယ်ချစ်တဲ့သူတွေကိုရော Vitamin D3 အကြောင်းလေးပြောပြရင်း တူတူဂရုစိုက်ကြရအောင်နော် 🤍

ဒီလို ဗဟုသုတရတာလေးတွေဖတ်ချင်တယ်ဆိုရင်တော့ page လေးကို follow ပြီး ဒီ ပို့စ်လေးကိုလဲ share ပေးအုံးနော် 🙏🏻



photo credit.

“အသက်ကြီးလာတာနဲ့ ရောဂါတွေပေါများလာလိုက်တာ”….လူကြီးတွေတော်တော်များများ အဲ့စကားပြောတာ မကြာမကြာ ကြားဖူးကြလိမ့်မယ်နော် 🧐ဟုတ်...
03/03/2023

“အသက်ကြီးလာတာနဲ့ ရောဂါတွေပေါများလာလိုက်တာ”….

လူကြီးတွေတော်တော်များများ အဲ့စကားပြောတာ မကြာမကြာ ကြားဖူးကြလိမ့်မယ်နော် 🧐

ဟုတ်ပါတယ်… အသက်အရွယ်ရလာတာနဲ့ ကျန်းမာရေးဘက်ကို ပိုပြီး ဦးစားပေး ဂရုစိုက်သင့်ပါတယ်။

ကျန်းမာရေးဆိုလို့ ဗဟုသုတရအောင် ဗိုက်တာမင် အေ (Vitamin A) အကြောင်းလေးပြောပြချင်လို့ 🙏🏻🅰️

အသက်အရွယ်ရလာတာနဲ့ ကိုယ်ခံအားတွေ၊ အမြင်အာရုံတွေ နဲ့ အသားအရေတွေက တဖြည်းဖြည်း ချို့ယွင်းလာပါတယ်။ ဒါဟာ သဘာဝတရားပါ။ လူတိုင်းကြုံတွေ့ရမှာပါ။ ဒါကိုရှောင်လွှဲလို့မရပေမယ့် ထိန်းလို့တော့ရပါသေးတယ်။

ဘယ်လိုထိန်းသိမ်းကြရမလဲဆိုတော့ …

- မျက်လုံးကို ဂရုစိုက်ခြင်း 👀

Vitamin A က အမြင်အာရုံကိုကောင်းမွန်အောင်ထိန်းသိမ်းပေးတဲ့အပြင် ညဘက်တွေမှာ သိပ်မမြင်ရတာတို့၊ မှုန်မှုန်ဝါးဝါးဖြစ်လာတာတို့အတွက် ကောင်းပါတယ်။ ဒါကြောင့် Vitamin A ပါတဲ့အစားအသောက်နဲ့ VITA Plus ကိုမှီဝဲသင့်ပါတယ်။

VITA Plus ကဘာကြီးဆိုတာသိချင်ရင် စာကိုဆုံးအောင် ဖတ်ကြည့်ပေးပါနော် 😁🙏🏻

- ကိုယ်ခံအားစနစ် အောင်မွန်အောင်နေထိုင်စားသောက်ခြင်း 💪

အသက်ကြီးလာတာနဲ့ ခန္ဓာကိုယ်ထဲက immune system လို့ခေါ်တဲ့ ကိုယ်ခံအားစနစ်က တဖြည်းဖြည်း အားနည်းလာပါတယ်။ အနေအထိုင်နည်းနည်းလောက်ပေါ့လိုက်တာနဲ့ကို နေမကောင်း၊ နှာစည်း၊ ချောင်းဆိုးတွေဖြစ်ကြတယ်ဆိုတာ သူ့ကြောင့်ပေါ့။ ဒါအတွက်လဲ Vitamin A ကကောင်းနေပြန်ကော။ သူက လိုအပ်တဲ့ immune system တွေကို ပြန်လည်ဖြည့်တင်းပေးပြီး ပိုအားကောင်းလာစေတာပါ။ ခန္ဓာကိုယ်မှာ ကိုယ်ခံအားကောင်းနေရင် အပြင်ကရောဂါတွေလဲ ကြောက်စရာမလိုတော့ဘူးပေါ့။ VITA Plus မှာ vitamin A 1000IU တောင်ပါတာဆိုတော့ ကွက်တိဘဲနော်။ 👍🏻

- အရေပြားထိန်းသိမ်းခြင်း ✨

အရေပြားခြောက်တာတို့၊ အသားအရေတွန့်လာတာတို့ဆိုတာမျိုးက အရေပြားပေါ်က cell လို့ခေါ်တဲ့ဟာလေးတွေသေသွားပြီး အသစ်ပြန်မဖြစ်နိုင်လို့ပါ။ VITA Plus မှာပါတဲ့ Vitamin A က အဲ့ cell လေးတွေအသစ်ပြန်ဖြစ်အောင်ကူညီပေးပြီး ပိုမိုကောင်းမွန်အောင်တောင်လုပ်ပေးတာဆိုတော့ ခုနကပြဿနာတွေ ရှင်းပြီးသားဘဲပေါ့။ 👊🏻

နောက်ဆုံးပြောရရင် Vitamin A က မရှိမဖြစ်လိုအပ်တာပေါ့။ တကယ်အရေးကြီးတာနော်။ အဲ့တော့ အသက်အရွယ်ရလာတာနဲ့ vitamin A ကိုပစ်ထားလို့မရတော့ဘူး။ ဒါကြောင့် ကျွန်တော်တို့ကလည်း လူကြီးမင်းတို့အတွက် အကုန်တစ်ခါထည်းအဆင်ပြေအောင် Vietnam နိုင်ငံကထုတ်လုပ်တဲ့အဆင့်မြင့်ဆေးဖြစ်တဲ့ VITA Plus ကိုမိတ်ဆက်ပေးလိုက်တယ်နော်။ 💊😇

မှာယူချင်တယ်ဆိုရင် page messanger မှာလာပြောလို့ရပါတယ်။ ၂ ဘူးနဲ့အထက်ဆိုရင် အိမ်တိုင်ရာရောက်ပါလာပို့အုံးမှာတဲ့။ တစ်ကဒ်ကို ၁၈၀၀ နဲ့ တစ်ဘူးဆိုရင် ၁၇၀၀၀ နဲ့ရမှာပါ။

ကျွန်တော်တို့ page လေးက လူကြီးမင်းတို့အတွက် အကျိုးရှိစေမယ့် ဗဟုသုတနဲ့ ရသလေးတွေကို တင်ဆက်ပေးသွားမှာဖြစ်လို့ Like and Follow လုပ်ထားပေးအုံးနော် 🙏🏻🙏🏻

ြောင်းသိကောင်းစရာ #ဗိုက်တာမင်အေ

သင့် ကျန်းမာရေး (မျက်လုံး)👀ယခုခေတ်သည် digital ခေတ်ဖြစ်သောကြောင့် ဖုန်း၊ ကွန်ပြုတာ နဲ့ အခြား အလင်းပြန်သော screen များနဲ့ ...
03/03/2023

သင့် ကျန်းမာရေး (မျက်လုံး)👀

ယခုခေတ်သည် digital ခေတ်ဖြစ်သောကြောင့် ဖုန်း၊ ကွန်ပြုတာ နဲ့ အခြား အလင်းပြန်သော screen များနဲ့ နေ့တိုင်းထိတွေ့နေကြရသည်။ ထို့ကြောင့် မိမိ မျက်လုံးကို အရင်ကထက် အများကြီး ပိုပြီး ဂရုစိုက်ပေးရပါမည်။

မျက်စိသည် အလွန်နုနယ်သော အရေးကြီး ကိုယ်အင်္ဂါ အစိတ်အပိုင်း တစ်ခုဖြစ်ပါသည်။
မျက်စိနှစ်ကွင်း အလင်း မရလျှင် တစ်ကိုယ်ရည် စိတ်ဆင်းရဲမှုများ ဖြစ်ပေါ်ကာ ပတ်ဝန်းကျင် အပေါ်၌ မှီခိုရမှု၊ လုပ်အား ဆုံးရှုံးမှုများကို ဖြစ်ပေါ်စေသည်။ မြန်မာ နိုင်ငံတွင် မျက်ခမ်းစပ် ရောဂါ၊ ဗီတာမင်အေ ချို့တဲ့၍ ဖြစ်ပွားသော ကြက်မျက်သင့် ရောဂါ၊ မျက်စိ မတော်တဆ ထိခိုက်ဒဏ်ရာ ရခြင်းများ အဖြစ်များလျက် ရှိသည်။
ထို့ကြောင့် မျက်စိ ကျန်းမာရေး အတွက် အောက်ပါတို့ကို လိုက်နာသင့် ပါသည်-
(၁) အလင်းရောင် နည်းသော အချိန်များနှင့် နာလန်ထ အားနည်း နေချိန်တွင် မျက်စိအားစိုက်ရသော အလုပ်များ ကို ရှောင်ပါ။
(၂) စာကြည့်စဉ်နှင့် အလုပ်လုပ်စဉ် အလင်းရောင်ကို မျက်စိထဲသို့ တိုက်ရိုက် မဝင်အောင် အကာအကွယ်ဖြင့် နေပါ။ အလင်းရောင်ကို နောက်ကျောမှ လာစေလျှင် ပိုကောင်းပါ၏။
(၃) အနီးကြည့်စဉ် ကြည့်သော အရာဝတ္ထုနှင့် မျက်စိကို သာမန်အားဖြင့် တစ်ပေမျှ ကွာသင့်သည်။ နီးပါက မျက်စိ အားစိုက်ရ တတ်သည်။
(၄) နာရီဝက်၊ တစ်နာရီ တစ်ခါ စာဖတ်ပြီးတိုင်း ၅ မိနစ် ၁ဝ မိနစ်ခန့် မျက်စိကို အနားပေးပါ။
(၅) နေရှိန်ပြင်းသော နေရာများနှင့် တံလျှပ်များ ထနေသော နေရာများတွင် ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ရန် နေကာ မျက်မှန် သို့မဟုတ် ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်နိုင်မည့် မျက်မှန် တပ်ပါ။
(၆) ပါဝါ မျက်မှန်ကို မျက်စိဆရာဝန်ဖြင့် စမ်းပြီးမှသာ တပ်ပါ။ သူတစ်ပါး မျက်မှန်ကို ခေတ္တတပ်ခြင်း ရှောင်ပါ။
(၇) မျက်စိထဲသို့ ဖုန် သို့မဟုတ် အမှိုက်သရိုက် ဝင်ခဲ့သော် တအား မပွတ်ပစ်ဘဲ မျက်စိဆရာဝန်နှင့် ပြသ၍ ကုသမှု ခံယူပါ။ မျက်စဉ်းဆေး ကောင်းနိုးရာရာ ထည့်ခြင်း ရှောင်ပါ။
(၈) ကျောင်းသား လူငယ်များ ဗီတာမင်အေ ကြွယ်ဝသော နို့၊ ထောပတ်၊ ဒိန်ခဲ၊ ဥနှင့် ဟင်းသီးဟင်းရွက် များများစားပါ။
(၉) ခေါင်းကိုက်ခြင်း၊ ဇက်ကြောထိုးခြင်း၊ မျက်စိမှုန်ခြင်း စသည့် မျက်စိနှင့် ပတ်သက်သည့် ထူးခြားသော ဝေဒနာ တစ်ခုခု တွေ့ရလျှင် မျက်စိ ဆရာဝန်နှင့် ပြသ စစ်ဆေး ကုသမှု ခံယူပါ။
(၁ဝ) ဗီတာမင်အေသည် အမြင်အာရုံအတွက် အရေးကြီးသော်လည်း ကိုယ်ဝန်သည် များသည် တိရစ္ဆာန် များ၏ အသည်းကို ချက်ထားသော ဟင်းလျာ စားလျှင် သို့မဟုတ် ဗီတာမင်အေ အားဆေးများ စားပါက သန္ဓေသား အမြင်လွှာ ပျက်ယွင်းတတ်သည်။
ဗီတာမင်အေမှာ လူတို့ကို ဒုက္ခပေးလျက်ရှိသော အောက်ဆီးဒင့်များကို ဖျက်ဆီး ဖယ်ရှားနိုင်သည်။ အရိုးနု၊ အရိုးနှင့် ကိုယ်အင်္ဂါ အစိတ်အပိုင်းများ ကြီးထွား ဖွံ့ဖြိုးရန် အတွက်မူ ဗီတာမင်အေ လိုသည်။ ခန္ဓာကိုယ်တွင် မြူးကပ် လွှာ အောက်ရှိ တစ်သျှူးများ၏ ခုခံစွမ်းအားကို ကောင်းစေသဖြင့် ရောဂါပိုးမွှား ဝင်ရောက်ခြင်းမှလည်း ကာကွယ်ပေး သည်။
ဗီတာမင်အေ လုံလောက်စွာ ရရှိစေရန် အသည်း၊ နို့နှင့် နို့ထွက် ပစ္စည်း၊ ဥအမျိုးမျိုး၊ ငါးကြီးဆီ၊ မုန်လာဥတို့ စားပေးသကဲ့သို့ အားဆေး အေဒီဗစ် တစ်နေ့တစ်လုံး တစ်လခန့် စားလျှင် ဗီတာမင်အေ ချို့တဲ့မှုမှ ကာကွယ်နိုင်သည်။ ကလေး အားဆေး ရက်ကီနော ကျွေးလျှင် မျက်စိအတွက် လိုအပ်သော ဗီတာမင်အေ ရရှိနိုင်ပါသည်။
မျက်စိအဆုံး ဆိုသကဲ့သို့ မြင်လွှာ ထိခိုက်စေတတ်သည့် ဖုန်ဝင်၊ သဲဝင်၊ အမှိုက် ဝင်သဖြင့် မျက်စိနာလျှင် ဆရာဝန်နှင့် ပြ ပါ။ မျက်စဉ်းဆေး ထည့်ပါ။ ပိုးသတ်ဆေး အမောက်စလင်နှင့် ပါရာ သုံးကြိမ် လေးရက် စားပါ။
credit

နေရောင်ခြည်ကပေးတဲ့ အကျိုးကျေးဇူး ☀️———————————🤔လူတွေနေရောင်အကြောင်းတွေးလိုက်ပြီဆိုတာနဲ့ ပထမဆုံးတွေးမိတာကတော့ နေရောင်ကပေး...
01/03/2023

နေရောင်ခြည်ကပေးတဲ့ အကျိုးကျေးဇူး ☀️
———————————
🤔လူတွေနေရောင်အကြောင်းတွေးလိုက်ပြီဆိုတာနဲ့ ပထမဆုံးတွေးမိတာကတော့ နေရောင်ကပေးနိုင်တဲ့ ဆိုးကျိုးတွေဖြစ်နေဖို့ များပါတယ်။
နေရောင်ခံတာများရင်လည်း ဖြစ်နိုင်တဲ့ ဆိုးကျိူးတွေအများကြီးပါ။
ဒါပေမယ့် လိုအပ်တဲ့နေရောင်ရတာဟာ ကောင်းကျိုးတွေအများကြီးပေးပါတယ်။

☝️ ဘယ်လောက်ကြာကြာနေရောင်ခံသင့်လဲ။
- ဒါကတော့ လူတစ်ဦးနဲ့ တစ်ဦးအတွက် လိုအပ်တဲ့ပမာဏချင်း ကွာပါတယ်။ ပုံမှန်ဆိုရင်တော့ ၅မိနစ်ကနေ ၁၅မိနစ်ဆိုရင် လုံလောက်ပါတယ်။ အသားညိုတဲ့လူဆိုရင်တော့ မိနစ်၃၀ လောက်ထိ နေရောင်ခံလို့ရပါတယ်။

✨Vitamin D
- နေရောင်ကပေးတဲ့ UV ray (ခရမ်းလွန်ရောင်ခြည်) က အရိုး၊ ဆဲလ်နဲ့ ကိုယ်ခံအားကောင်းစေတဲ့ vitamin D ကိုပေးပါတယ်။ သူက calcium နဲ့ phosphorus တွေဆုပ်ယူမှုကိုလည်း ကူညီပေးပါတယ်။ vitamin D ကို အစားအစာတွေကလည်းရနိုင်ပါတယ်။
ကောင်းကောင်းမွန်မွန်အိပ်စေပါတယ်။
- မနက်စောစော နေအလင်းရောင်က မျက်လုံးကိုလည်း အထောက်အကူပေးပြီး ညဘက်တွေမှာ ကောင်းကောင်းအိပ်ပျော်စေမှာပါ။ အဲ့တာကြောင့် ညဘက်တော်ရုံနဲ့ အိပ်မရတဲ့သူတွေဆို မနက်ဘက်စောစော နေရောင်လေးခံပြီး လေ့ကျင့်ခန်းလုပ်ပေးသင့်ပါတယ်။
ဝိတ်ကျစေတယ်။
- နေရောင်က ခန္ဓာကိုယ်အတွင်းက အဆီတွေကို အထိုက်အလျောက် လောင်ကျွမ်းစေနိုင်ပါတယ်။ မိနစ်၂၀ ကနေ ၃၀လောက်အထိ နေရောင်ခံပေးလို့ရပါတယ်။ စောလေကောင်းလေပါ။
စိတ်ကို ကြည်လင်စေပြီး ခံစားမှုကောင်းစေတယ်။
- မနက်စောစော နေရောင်က ဦးနှောက်ထဲက ဓာတုဓာတ်အချို့ကို boost လုပ်ပေးပြီး energy လည်းပိုပေးပါတယ်။ စိတ်ကို တည်ငြိမ်စေပြီး အကောင်းမြင်စိတ်တွေကိုတိုးစေတဲ့အပြင် အာရုံစိုက်မှုတွေကိုလည်း ကောင်းစေပါတယ်။
ဆောင်းရာသီရောက်လာပြီဖြစ်တဲ့အတွက် မနက်စောစောထပြီး နေရောင်လေးလည်းခံရင်း လေ့ကျင့်ခန်းလုပ်တာဟာ တစ်နေ့တာအတွက် ကောင်းမွန်တဲ့ အစပြုခြင်းပါဘဲ။ ခန္ဓာကိုယ်အတွက်သာမက စိတ်နှလုံးအတွက်ပါ ကောင်းစေပါတယ်။

‼️သတိထားရမှာကတော့ နေပူထဲမှာ လိုတာထက်ပိုပြီး မနေသင့်ပါဘူး။ အသားအရေကျန်းမာရေးက်ို အလေးပေးတဲ့သူတွေ၊ အသားအရေနဲ့ ဓာတ်မတည့်တဲ့သူတွေကလည်း sun cream တွေလိမ်းပြီး နေရောင်ခံလို့ရပါတယ်။ မျက်စိနဲ့ပတ်သက်ပြီး ရောဂါရှိတဲ့သူတွေကလည်း နေကာမျက်မှန်တပ်ပြီး နေပူစာလှုံသင့်ပါတယ်။

ဒီလို အကျိုးရှိတဲ့စာလေးတွေဖတ်ချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ Myanmar Mediland page လေးကို like and follow လုပ်ထားပေးပါနော်။
ကျေးဇူးတင်ပါတယ်။

Photo credit.

🔸အလုပ်တွေလုပ်ရတာများလို့ စိတ်ပင်ပန်းနေပြီလား...? 🔸မောပန်းနွမ်းနယ်ပြီး အားမရှိသလိုဖြစ်နေလား...?🔸ညဘက်အိပ်မရဖြစ်နေပြီး ဘာစာ...
27/02/2023

🔸အလုပ်တွေလုပ်ရတာများလို့ စိတ်ပင်ပန်းနေပြီလား...?
🔸မောပန်းနွမ်းနယ်ပြီး အားမရှိသလိုဖြစ်နေလား...?
🔸ညဘက်အိပ်မရဖြစ်နေပြီး ဘာစားစား စားလို့မကောင်းတော့ဘူးလား...?

အဲ့တာဆိုရင်တော့ ဘာမှစိတ်မပူပါနဲ့... Vietnam နိုင်ငံကထုတ်လုပ်တဲ့ VITA Plus အားဆေးမှာ Multivitamin and Mineral ၁၄ မျိုး ပါရှိတဲ့အတွက် လူကြီးမင်းတို့ တစ်နေ့တာလိုအပ်နေတဲ့အရာတွေကို ဖြည့်ဆည်းပေးနိုင်မှာပါ။ လူကြီးလူငယ်မရွေးသောက်သုံးနိုင်ပြီး ဆီးချိုသမားတွေလည်း သောက်သုံးနိုင်ပါတယ်..👍

VITA Plus မှာ ပါဝင်တဲ့ Multivitamin နဲ့ Mineral ၁၃ မျိုးကတော့
-Vitamin A (Retinyl palmitate) ........1000.00IU
-Vitamin D3 (Cholecalciferol) ..400.00IU
-Vitamin E (Tocoferol acetate) ..10.00mg
-Vitamin B1 (Thiamine nitrate) ....2.00mg
-Vitamin B2 (Riboflavin).......3.00mg
-Vitamin C (Ascorbic acid)..9.00mg
-Vitamin B6(Pyridoxine HCl)..1.00mg
-Vitamin PP (Nicotinamide) ..15.00mg
-Vitamin B5 (Calcium pantothenate)..10.00mg
-Iron (Ferrous fumarate) ...1.65mg
-Magnesium (Magnesium oxide) ...6.00mg
-Zinc (Zinc oxide) ... 0.80mg
-Calcium ..... 21.42mg
"နေ့တိုင်းတက်ကြွလန်းဆန်းစေဖို့ သောက်လိုက်ပါ VITA Plus..."
ဝယ်ယူလိုပါက page messenger သို့ဆက်သွယ်နိုင်ပါတယ်။

✨ဗီယက်နမ် နိုင်ငံမှ အဆင့်မြင့်နည်းပညာတွေနဲ့ ဖော်စပ်ပြုလုပ်ထားပြီး တင်သွင်းသည့် VITA Plus အားဆေးမှာ Multivitamin နှင့် Mi...
24/02/2023

✨ဗီယက်နမ် နိုင်ငံမှ အဆင့်မြင့်နည်းပညာတွေနဲ့ ဖော်စပ်ပြုလုပ်ထားပြီး တင်သွင်းသည့် VITA Plus အားဆေးမှာ Multivitamin နှင့် Mineral 13 မျိုးပါရှိတဲ့အတွက်...
- စားမဝင် အိပ်မပျော်တဲ့သူတွေ
- အလုပ်တွေကြောင့် စိတ်ဖိစီးနေတဲ့သူတွေ
- ပင်ပန်းနွမ်းနယ်နေတဲ့သူတွေ သောက်သုံးသင့်ပါတယ်။

💊တစ်နေ့တစ်လုံး ပုံမှန်လေး မှီဝဲပေးရုံနဲ့ တစ်သက်လုံး စိတ်ချမ်းချမ်းသာသာ ကိုယ်ကျန်းကျန်းမာမာနဲ့ နေနိုင်မှာနော်...

✍️ဝယ်ယူချင်တယ်ဆိုပါက နီးစပ်ရာဆေးဆိုင် (သို့မဟုတ်) 09751691242 ကို ဆက်သွယ်ဝယ်ယူလို့ရပါတယ်နော်။

Address

Corner Of Thila Street And Byamaso Street

11091

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959783452328

Website

Alerts

Be the first to know and let us send you an email when Myanmar Mediland posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram