Hnin with plants and treasures

Hnin with plants and treasures About plants and books and memories

Hello It’s me 😁Hello နှင်းပါ အလွန်တရာကြာမှ ပြန်ပြန်ပေါ်လာတတ်တဲ့ နှင်း ကလေးပါ 😁ဒီရက်ပိုင်းတော့ post တင်ဖို့ ကြိုးစားနေရင်...
14/06/2025

Hello It’s me 😁
Hello နှင်းပါ အလွန်တရာကြာမှ ပြန်ပြန်ပေါ်လာတတ်တဲ့ နှင်း ကလေးပါ 😁
ဒီရက်ပိုင်းတော့ post တင်ဖို့ ကြိုးစားနေရင်းနဲ့ မအားလပ်နိုင်တဲ့ အလုပ်တွေကြောင့် သေချာလေး မတင်နိုင်ဖြစ်နေတာပါ
အဲ့လို မအားနေတဲ့ ကြားကပဲ မေတ္တာရှိတဲ့ အစ်မတစ်ယောက်ကို မေတ္တာ လက်ဆောင်ပေးချင်လို့ blanket လေး တစ်ထည် ထိုးဖြစ်နေပါတယ် မအားတဲ့ကြားကဆိုတော့ နဲနဲတော့ ကြာမယ်ပေါ့ရှင် 🤭
မေတ္တာရှိတဲ့ အစ်မဆိုတာက ကိုယ့်အပေါ် ချစ်ပေးဂရုစိုက်ပေးလို့ ကိုယ့်လက်ရာလေး တစ်ခု ပြန်ပေးချင်လောက်အောင် ခင်ရတဲ့ အစ်မကို ဆိုလိုတာပါ 😁
Crochet ပစ္စည်းတွေ အထူးသဖြင့် နှင်းရဲ့ crochet လက်ရာလေးတွေက တော်တော် ရ ခဲ လှပါတယ် မအားတာရော စိတ်နှစ်ဖို့ မသေချာတာရောကြောင့် တော်ရုံလူကို မပေးတတ်ပါဘူး
တကယ်ကို လူအားရင် စိတ်မအား စိတ်အားရင် လူမအားနဲ့ ရှုပ်နေတတ်တဲ့ လူမို့လိူ့လေ 🥹
အခုတော့ စိတ်ကလေးက ကြည်လင်ချမ်းမြနေတုန်း လူကို မအားအားအောင် လုပ်ပြီး crochet project လေး တစ်ခုလုပ်နေပါတယ် လှလှလေးပြီးသွားတဲ့အခါ ပြန်ပြမယ်နော် 🫠
ခက်ခဲလှတဲ့ လူ့ဘဝကြီးထဲ အားလုံးပဲ စိတ်ရဲ့အနာတရ ကင်းဝေးပြီး ကိုယ်ရဲ့ ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေ
Blanket လှလှလေး ပြီးတဲ့ အခါ ပြန်တွေ့ပါမယ်နော်
Hnin ❄️

Profile pic က သေမလိုလို ရှင်မလိုလို အပင်ပေါက်ကလေးက အခုတော့ ပန်းတောင် ပွင့်နေပြီ ဘယ်လိုပဲ ဖြစ်ဖြစ် အဆိုးဆုံးနေ့တွေကို ကျေ...
13/02/2024

Profile pic က သေမလိုလို ရှင်မလိုလို အပင်ပေါက်ကလေးက အခုတော့ ပန်းတောင် ပွင့်နေပြီ
ဘယ်လိုပဲ ဖြစ်ဖြစ် အဆိုးဆုံးနေ့တွေကို ကျော်ပြီး
အကောင်းဆုံး ပွင့်လန်းတဲ့နေ့ကို ရောက်လာခဲ့တာပဲ
ကိုယ်တွေလည်းပဲ သူ့လို
အခုလက်ရှိဆိုးရွားနေတဲ့နေ့တွေကို ကျော်ဖြတ်ပြီး
ပွင့်လန်းနိုင်မယ့် နေ့ဆိုတာ ရှိလာအုံးမယ်လို့ မျှော်လင့်ကြရမှာပေါ့ 🤜
Fighting 💪

ကိုယ့်ကို လွှတ်ချ တော့မှာ သိနေလည်း ငြိမ်ငြိမ်လေး ရပ်ကြည့်နေရုံပဲ လုပ်ခဲ့တယ် ဘယ်လို ကြိုးစားမှုမျိုးနဲ့မှ ကပ်တွယ်မနေချင်ဘ...
25/10/2023

ကိုယ့်ကို လွှတ်ချ တော့မှာ သိနေလည်း
ငြိမ်ငြိမ်လေး ရပ်ကြည့်နေရုံပဲ လုပ်ခဲ့တယ်
ဘယ်လို ကြိုးစားမှုမျိုးနဲ့မှ ကပ်တွယ်မနေချင်ဘူး
အရာရာကို ကြိုးစားချင်စိတ်ရှိတဲ့ ကိုယ်ဟာ
အနားမှာ မနေချင်တဲ့ တစ်စုံတစ်ယောက်ကိုတော့
ဆွဲ ထားဖို့ မကြိုးစားချင်ခဲ့ဘူး
ဒီတိုင်း အလိုက်တသိနဲ့ပဲ လွှတ်ပေးချင်ခဲ့တယ်
ကိုယ့်အတွက် နောက်ဆံ တင်းစရာမလိုအောင်
တိတ်ဆိတ်ပေးခဲ့တယ်
တကယ်တော့ အဲ့ဒီ တိတ်ဆိတ်မှုက
တစ်သက်လုံး ဝေးရတော့မယ့် ကိုယ့်တို့ ဘဝခရီး အစရဲ့
အသံဆိုတာရော သိရဲ့လား 🙂

ဖေဖေ့မေတ္တာ ❤️အိမ်မှာ ပဲစောင်းလျား ပင်စိုက်တော့ ကိုယ်က အဲ့လိုဟာမျိုး လုံးဝ မစားတတ်တာလေ အဲ့ဒါနဲ့ ဖေဖေ့ အဲ့အပင်က တကူးတက စင...
16/10/2023

ဖေဖေ့မေတ္တာ ❤️

အိမ်မှာ ပဲစောင်းလျား ပင်စိုက်တော့
ကိုယ်က အဲ့လိုဟာမျိုး လုံးဝ မစားတတ်တာလေ အဲ့ဒါနဲ့ ဖေဖေ့ အဲ့အပင်က တကူးတက စင်ထိုးရအုံးမှာရယ်
ပြီးတော့ စျေးထဲဝယ်စားလည်း လွယ်တာပဲ အလုပ်ရှုပ်တယ် လို့ပြောတော့ ဖေဖေက
သမီးရယ် သမီးမေမေက စိတ်ကူးပေါက်မှ ထ စားချင်တာ စျေးထဲက ကြိုမဝယ်တတ်ဘူး သူစားချင်တဲ့အချိန် လတ်လတ်ဆတ်ဆတ် ခူးစားရတာပေါ့
ပြီးတော့ သမီးမေမေက ပဲမြစ် အရမ်းကြိုက်တာကို အပင်ကျတဲ့အခါ ပဲမြစ် လတ်လတ်ဆတ်ဆတ် တူးပြီး ပြုတ်စားလို့ရတာပေါ့တဲ့ 🫠
ချစ်ခြင်းမေတ္တာမှာ အလုပ်ရှုပ်တာမျိုးမရှိဘူး
တကူးတကဆိုတာမျိုး မရှိဘူး
လုပ်ပေးချင်စိတ်ရှိတဲ့အခါ အလိုလို အဆင်သင့်သွားတာပဲ 🥰
ဖေဖေက သူအားတဲ့အချိန်တိုင်းကို သမီးတွေကြိုက်တတ်တဲ့ သူ့အမျိုးသမီး ကြိုက်တတ်တဲ့ သီးပင် စားပင် ပန်းပင်တွေနဲ့ အချိန်ကုန်နေတတ်တာ
ဖေဖေ့ရဲ့ love language က အမြဲ ဆန်းသစ်နေတယ် ဖေဖေက မေမေ့ကို တကယ်အများကြီးချစ်ခဲ့ ချစ်နေတယ်ဆိုတာ ထုတ်ပြောစရာကိူ မလိုနေခဲ့ဘူး ❤️

တစ်ချို့အရာတွေက သိသိရက်နဲ့ မသိချင်ယောင်ဆောင်လိုက်ရတယ် တစ်ခုခုဆို ငါဘာလုပ်ရမလဲ တွေးတာထက် ဘာမှ မလုပ်ပဲ ငြိမ်နေပေးလိုက်တာ အ...
12/10/2023

တစ်ချို့အရာတွေက သိသိရက်နဲ့
မသိချင်ယောင်ဆောင်လိုက်ရတယ်
တစ်ခုခုဆို ငါဘာလုပ်ရမလဲ တွေးတာထက်
ဘာမှ မလုပ်ပဲ ငြိမ်နေပေးလိုက်တာ အကောင်းဆုံးဖြစ်လာခဲ့တယ်
ဒီလိုဖြစ်တော့မှာ သိပေမယ့်
ဒီလိုဖြစ်တဲ့အထိ ထိုင်ကြည့်နေလိုက်ရုံသာတတ်နိုင်ခဲ့တယ်
မေတ္တာဆိုတာ တောင်းယူရတာမျိုးမှ မဟုတ်တာဘဲ
တစ်ဖက်က ပေးသလောက်ပေါ့ 🫠
ဒါပေမယ့်လေ
ခံစားချက်တွေဟာ ကစားစရာမဟုတ်ဘူးကွယ်
ထိခိုက် အက်ကွဲသွားရတာဟာ
အမှိုက်ပုံးထဲ လွယ်လွယ် ပစ်လို့ရတဲ့ ဖန်ခွက်တစ်လုံး ဟုတ်မနေခဲ့ဘူး 🙂
နေကြာတွေလိုပေါ့ အပူဒဏ်ခံရလည်း
မပြိုလဲပြဘူး ပြိုလဲခွင့်မရှိခဲ့ဘူး 🥺

Photo crd

ပုံမှန်ထက် အရေးကြီးတာလေးတွေ လုပ်စရာရှိတဲ့နေ့မျိုးဆို မိုးရွာတာနဲ့ အမြဲ ကြုံရတတ်တယ် ဟိုးအရင် site Engineer ဘဝ ကတည်းက ကိုယ...
10/10/2023

ပုံမှန်ထက် အရေးကြီးတာလေးတွေ
လုပ်စရာရှိတဲ့နေ့မျိုးဆို မိုးရွာတာနဲ့ အမြဲ ကြုံရတတ်တယ် ဟိုးအရင် site Engineer ဘဝ ကတည်းက
ကိုယ့် casting date ဆို နွေရာသီတောင်
မုန်တိုင်းရှိပြီး မိုးရွာတတ်တယ်
သူငယ်ချင်းကတော့ မိုးချုပ်တဲ့ထိ casting မလုပ်ရရင် မိုးရွာရမယ် နင်ကိုက မိုးနတ်သူဇာ လို့ စတယ် 😁
မိုး က ကိုယ့်ကိုဆို အဲ့လို စိတ်အနှောင့်အယှက်လေးတွေ ပေးနေကျ ပေါ့
အဲ့လိုဆိုတိုင်း မိုး ကို မုန်းနေတာတော့ မဟုတ်ပါဘူး
မိုးရွာတိုင်း ကိုယ်က မိုး စို ရမယ့် နေရာမှာ ရှိနေတတ်တာ အကျင့်တောင် ဖြစ်နေတတ်ပြီ 🥲
စိတ်အနှောင့်အယှက် ဖြစ်စေတဲ့ အရာတွေဟာ ဒီလိုပဲ ဘဝ ထဲကို တတိတိ တိုးဝင်လာတတ်ပြီး အကျင့်ဖြစ်အောင် လုပ်တတ်တယ်ထင်ပါရဲ့
မိုးနဲ့ တူတဲ့ သက်ရှိနာမ်စားလေးကလည်း အဲ့လိုပဲ စိတ်အနှောင့်အယှက်တွေပေးရင်းနဲ့
ကိုယ့်အတွေးတွေထဲကို တတိတိ တိုးဝင်တယ် 🫠

1:38 am
07/10/2023

1:38 am

October လရဲ့ အစကို ကြက်ဥကြော် ပန်း (Daisy ) တွေနဲ့ Hello လုပ်ကြရအောင် 😁ပန်းဆိုရင် အကုန် ကြိုက်တတ်ပေမယ့် အနံ့ ထွေထွေထူးထူ...
01/10/2023

October လရဲ့ အစကို ကြက်ဥကြော် ပန်း (Daisy ) တွေနဲ့
Hello လုပ်ကြရအောင် 😁
ပန်းဆိုရင် အကုန် ကြိုက်တတ်ပေမယ့်
အနံ့ ထွေထွေထူးထူး မပါတဲ့ ပန်းမျိုးကို ပိုကြိုက်တတ်တာမို့ Daisy တွေဟာ ကိုယ့်ရဲ့ fav တွေထဲက တစ်ခုပါပဲ မနေ့က facebook မှာ meaning of flowers ဆိုတာလေး တွေ့လိုက်တော့ Daisy ဆိုတာ ဘယ်တော့မှ ဖွင့်ဟ ဝန်ခံမှာ မဟုတ်တဲ့ ချစ်ခြင်း မေတ္တာကို ကိုယ်စားပြုတယ်တဲ့ 🫠
သိပ်မကျေနပ်ချင်တဲ့ အကြောင်းအရာဖြစ်နေတာနဲ့ နဲနဲ ပြန်ရှာကြည့်တော့ true love ကိုလည်း ကိုယ်စားပြုတယ်လို့ တွေ့ပြန်တယ်
တကယ်တော့ အဓိပ္ပာယ်ဆိုတာ လူတွေက
သတ်မှတ်တာပါ 🙂
ပန်း ပေးတယ်ဆိုတာ တစ်နည်းအားဖြင့် မေတ္တာကို ဖော်ပြတာပဲပေါ့ ဘယ်ပန်းကိုပဲ ဖြစ်ဖြစ် ပေးလိူက်တယ်ဆိုတာ
ပျော်ရွှင်စေချင်တဲ့ ချစ်ခြင်း မေတ္တာ တွေနဲ့ ပေးတယ်လို့ပဲ မြင်တယ် စျေးကြီးမှ မဟုတ်ပါဘူး ပန်းတစ်ပွင့်ပဲ ဖြစ်ဖြစ် တစ်ယောက်ယောက်အတွက် ရည်ရွယ်ပြီးပေးရင် အဲ့ဒီ မေတ္တာ ဟာ အဖိုးတန်ရတာပါပဲ
အကြောင်းပြချက် မရှိ ပန်းတွေရတဲ့အခါ ကိုယ်တို့ဟာ
အတိုင်းအဆ မဲ့ ပျော်ရွှင်ကြရတာ အမှန်ပဲပေါ့
လောကမှာ လူတွေနဲနဲ ပန်းတွေများများဆိုတာ
ကိုယ်ချစ်တဲ့ လူတွေ နဲ့ဖြစ်တည်တဲ့ ပတ်ဝန်းကျင် ကျဉ်းကျဉ်းလေးရယ်နဲ့ အပင်တွေ ပန်းတွေ ပဲ ရှိမယ်ဆို ပြီးပြည့်စုံပြီ ဆိုတဲ့ အဓိပ္ပာယ်ပဲ ဖြစ်မယ် ထင်ပါတယ် 🤍

ယောရောဘွန်းတို့ရဲ့ Oct လလေးလည်း သာယာကြပါစေ 🫶

နောက်ဆုံး ပြောသွားတဲ့ စကားက 그때 보자 အဲ့အခါကျတွေ့ကြတာပေါ့ တဲ့ တစ်ဘဝစာ သယ်ပိုးထားတဲ့ ချစ်ခြင်းမေတ္တာတွေကို ဘယ်တော့မှန်းမသိတဲ...
30/09/2023

နောက်ဆုံး ပြောသွားတဲ့ စကားက

그때 보자

အဲ့အခါကျတွေ့ကြတာပေါ့ တဲ့
တစ်ဘဝစာ သယ်ပိုးထားတဲ့ ချစ်ခြင်းမေတ္တာတွေကို
ဘယ်တော့မှန်းမသိတဲ့ နောက်ဘဝ တွေမှာ တွေ့ကြရအောင် ဆိုတာနဲ့ အဆုံးသတ်သွားတာလေး
တကယ်ကို သဘောကျရတာပဲ
အကျိုးရလဒ်တစ်စုံတစ်ရာ မမျှော်ကိုးပဲ ချစ် ရတယ်ဆိုတာ အဲ့လိုပါလားလို့ သိလိုက်တယ် လောဘ နဲနဲလေးတောင် မပါဘဲ တစ်ခါလောက် ပြန်ဆုံချင်ရုံလောက်လေးဘဲ 🥹
ဖြစ်နိုင်ရင်တော့ translate တွေနဲ့ မကြည့်ပါနဲ့ ဇာတ်လမ်းကို တစ်ကယ်ပေါ့စေတဲ့ ဘာသာပြန် စကေးတွေကြောင့် စိတ်ရှုပ်ရတယ် မင်းသားနဲ့ မင်းသမီး ပြောတဲ့စကားတွေ မင်းသမီးနဲ့ သူ့အမျိုးသား ပြောတဲ့ စကားတွေက တကယ်ကောင်းပေမယ့် translate ကြောင့်တော်တော် စိတ်မကျေမနပ် ဖြစ်ရလို့ ဘာစာတန်းမှ မပါတာနဲ့ ပြန်ကြည့်ရတယ် 😅
Weekends မှာ အချိန်ပိုနေရင် အချိန်ဖြုန်းသင့် တဲ့ way 🥹
Emotional damage တော့ဖြစ်ပါတယ် 😅

စိတ်တွေ အရမ်းရှုပ်တဲ့အခါ ကောင်းကင်ကို မော့ကြည့်ဖူးလား မှုတ်ထုတ်လိုက်တဲ့ လေပူတွေက တိမ်တွေ ဖြစ်သွားတယ်လို့ တွေးကြည့်ဖူးလား...
25/09/2023

စိတ်တွေ အရမ်းရှုပ်တဲ့အခါ
ကောင်းကင်ကို မော့ကြည့်ဖူးလား
မှုတ်ထုတ်လိုက်တဲ့ လေပူတွေက
တိမ်တွေ ဖြစ်သွားတယ်လို့ တွေးကြည့်ဖူးလား
ထွက်ပေါက်မရှိအောင် မွန်းကြပ်လာတဲ့အခါ
တိမ်တွေကို မော့ကြည့်ရင်း သက်ပြင်းဖွဖွ ချလိုက်ရတာဟာလည်း ဒီအသက်အရွယ်ရဲ့ ရင့်ကျက်လာခြင်းမျိုးပဲ
ဒီရက်တွေမှာ ခဏတိုင်း ကောင်းကင်ကို
မော့ကြည့်မိတယ် မော့ကြည့်တိုင်းလည်း တိမ်တွေက တကယ်လှနေတယ် ❤️
ဘဝမှာ ငေးကြည့်ပြီး ပြုံးမိစေတာ
တိမ်တွေရယ် အချစ်ကလေးရယ်ပဲရှိတယ်
အချစ်ကလေးကို လွမ်းနေတယ်ဆိုတာ အချစ်ကလေးကတော့ မသိပါဘူး
တိမ်တွေလိုပဲ ကိုယ့်ကို ငုံ့မကြည့်ခဲ့ဘူး 🫠

I purple you 💜ခရမ်းရောင်မြင်ရင် သေမလို လိုချင်တဲ့ ညီမလေး တစ်ယောက်ရှိလို့ အိမ်မှာ ဘာအသုံးအဆောင်မဆို ခရမ်းရောင် တွေက များတ...
24/09/2023

I purple you 💜

ခရမ်းရောင်မြင်ရင် သေမလို လိုချင်တဲ့
ညီမလေး တစ်ယောက်ရှိလို့ အိမ်မှာ ဘာအသုံးအဆောင်မဆို ခရမ်းရောင် တွေက များတယ်
အပင်ဆိုလည်း နှင်းဆီ ခရမ်းရောင် ပါ စိုက်ရတယ်
အခု ဒီအပင်လေးတွေ့တော့လည်း ထုံးစံအတိုင်း
သူလိုချင်တာနဲ့ ဝယ်လာဖြစ် သွားတာရယ် 😁

New indoor plant 💜

Address

Dawbone
Yangon

Website

Alerts

Be the first to know and let us send you an email when Hnin with plants and treasures posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Hnin with plants and treasures:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram