Neo-Specialist Clinic & Diagnostic Center

Neo-Specialist Clinic & Diagnostic Center Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Neo-Specialist Clinic & Diagnostic Center, Medical Lab, No. 64, Sipin Street, Ward 24, South Dagon Township, Yangon.

🌸 အမျိုးသမီးတွေ ဘာလို့အဖြူဆင်းတာလဲ? 🌸🌸 အရည်ကြည်တွေ၊ ချွဲတွေ ၊ အဖတ်လေးတွေ ဆင်းလာတာကို အမျိုးသမီးများ အဖြူဆင်းတာလို့ ခေါ်ပ...
30/08/2025

🌸 အမျိုးသမီးတွေ ဘာလို့အဖြူဆင်းတာလဲ? 🌸

🌸 အရည်ကြည်တွေ၊ ချွဲတွေ ၊ အဖတ်လေးတွေ ဆင်းလာတာကို အမျိုးသမီးများ အဖြူဆင်းတာလို့ ခေါ်ပါတယ်။ အဖြူဆင်းတာက အမျိုးသမီးတွေအတွက် သဘာဝဖြစ်စဉ်တစ်ခုဖြစ်ပြီး၊ ကိုယ်ခန္ဓာကနေ ကိုယ့်ဘာသာကိုယ် သန့်ရှင်းရေးလုပ်တာမျိုး ဖြစ်ပါတယ်။

🌸 အဖြူဆင်းတဲ့အခါ ပုံမှန်အတိုင်း သားအိမ်နဲ့ ဆီးလမ်းကြောင်းကို ပိုးမဝင်အောင် ကာကွယ်ပေးတဲ့အပြင် အင်္ဂါစပ်ဧရိယာကိုလည်း ချောမွေ့အောင် ကူညီပေးပါတယ်။

🌸 ပုံမှန်အဖြူဆင်းခြင်း လက္ခဏာများ:
* အရောင်က ဖြူဖွေးတဲ့အရောင် ဒါမှမဟုတ် ကြည်လင်တဲ့အရောင် ဖြစ်မယ်။
* အနံ့မရှိဘူး။
* အဖြူဆင်းတဲ့ပမာဏက ပုံမှန်အတိုင်း ဖြစ်မယ်။
* ချွဲတွေ၊ အရည်တွေက ခပ်ပျစ်ပျစ် ဒါမှမဟုတ် ခပ်ပါးပါး ဖြစ်မယ်။

🌸 အကယ်၍ အောက်ဖော်ပြပါ လက္ခဏာတွေ ဖြစ်ပေါ်လာရင် ကျန်းမာရေးအတွက် စိုးရိမ်စရာရှိနိုင်ပါတယ်။
* အဖြူဆင်းတဲ့ပမာဏက သိသိသာသာ များလာမယ်။
* အရောင်က အဝါ၊ အစိမ်း ဒါမှမဟုတ် သွေးရောင်တွေ ပြောင်းလာမယ်။
* အနံ့က ငါးညှီနံ့ ဒါမှမဟုတ် ပုံမှန်မဟုတ်တဲ့ အနံ့အသက်ဆိုးတွေ နံလာမယ်။
* ယားယံတာ၊ ပူလောင်တာ၊ နာကျင်တာမျိုးတွေ ဖြစ်လာမယ်။
* ဆီးသွားတဲ့အခါ ပူလောင်တာ၊ နာကျင်တာမျိုးတွေ ခံစားရမယ်။
ဒီလို လက္ခဏာတွေ ရှိလာရင် ဆရာဝန်နဲ့ ပြသဖို့ လိုအပ်ပါတယ်။

🌸 အဖြူဆင်းခြင်းကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းများ:
* မဟော်မုန်းဓာတ် ပြောင်းလဲမှု (ဥပမာ ရာသီလာခါနီး၊ ကိုယ်ဝန်ဆောင်ချိန်)
* သားအိမ်တွင်းပိုးဝင်ခြင်း
* လိင်ဆက်ဆံရာမှတစ်ဆင့် ကူးစက်တတ်သောရောဂါများ (STI) ကူးစက်ခံရခြင်း
* သားအိမ်ခေါင်းရောင်ရမ်းခြင်း
* သားအိမ်ခေါင်းကင်ဆာ ဖြစ်ခြင်း

🌸 အဖြူဆင်းတာနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေ ရှိနေရင်၊ မေးခွန်းတွေ ရှိနေရင် ဆေးမှီးတိုများဖြင့် မကုဘဲ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်တာ အကောင်းဆုံးပါပဲ။ အမျိုးသမီးဆရာဝန်များနှင့် ဆွေးနွေးလိုပါက Neo - နီရိုဆေးခန်းမှာ အပတ်စဉ် တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ သောကြာနေ့များတွင် ဆွေးနွေးတိုင်ပင်နိုင်ပါတယ်ရှင်..

ဆက်သွယ်ရန်ဖုန်း - 09 942 942 151

လိပ်စာ - အမှတ်(၆၃)၊စည်ပင်လမ်း၊၂၄ရပ်ကွက်၊တောင်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။

#အဖြူဆင်း
#မိန်းမကိုယ်အနံ့ရှိ
#နီရိုအထူးကုဆေးခန်း
#နီရိုအွန်လိုင်းဆေးခန်း
#နီရိုအိမ်ပင့်ကုသခြင်း
#နီရိုဓာတ်ခွဲခန်း
#နီရိုဆေးမျိုးစုံဆိုင်
#နီရိုဓာတ်မှန်နှင့်အာထရာဆောင်း

🫁 အဆုတ်နှင့် ရင်ခေါင်းအထူးကုဆရာဝန် (Pulmonologist) ဆိုတာ အသက်ရှူလမ်းကြောင်းစနစ်နဲ့ ရင်ဘတ်ပိုင်းဆိုင်ရာ ရောဂါတွေကို အထူးပ...
26/08/2025

🫁 အဆုတ်နှင့် ရင်ခေါင်းအထူးကုဆရာဝန် (Pulmonologist) ဆိုတာ အသက်ရှူလမ်းကြောင်းစနစ်နဲ့ ရင်ဘတ်ပိုင်းဆိုင်ရာ ရောဂါတွေကို အထူးပြုကုသပေးတဲ့ ဆရာဝန်ဖြစ်ပါတယ်။ ဒီဆရာဝန်နဲ့ ပြသနိုင်တဲ့ အဓိကရောဂါတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်-

အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ
-———————————————————
🫁 ပန်းနာရင်ကျပ် (Asthma): လေပြွန်များ ရောင်ရမ်းပြီး ကျဉ်းမြောင်းတဲ့အတွက် အသက်ရှူရခက်ခဲစေတဲ့ ရောဂါ။

🫁 နာတာရှည် အဆုတ်ရောဂါ (COPD): လေပြွန်ရောင်ခြင်း (Chronic Bronchitis) နဲ့ အဆုတ်လေအိတ် ပျက်စီးခြင်း (Emphysema) တို့ကို ပေါင်းစပ်ခေါ်ဝေါ်တဲ့ ရောဂါစု ဖြစ်ပါတယ်။ အဓိကအားဖြင့် ဆေးလိပ်သောက်သူတွေမှာ အဖြစ်များပါတယ်။

🫁 အဆုတ်ရောင်ခြင်း (Pneumonia): ဘက်တီးရီးယား၊ ဗိုင်းရပ်စ် သို့မဟုတ် မှိုပိုးတွေကြောင့် အဆုတ်ထဲမှာ ရောင်ရမ်းမှုဖြစ်ပြီး အဆုတ်လေအိတ်တွေထဲမှာ အရည် သို့မဟုတ် ပြည်တွေ ပြည့်နေတဲ့ ရောဂါ။

🫁 တီဘီ (Tuberculosis - TB): အဆုတ်ကို အဓိက ထိခိုက်စေတဲ့ ဘက်တီးရီးယားပိုးကြောင့် ဖြစ်တဲ့ ကူးစက်ရောဂါ။

🫁 အဆုတ်ကင်ဆာ (Lung Cancer): အဆုတ်ထဲမှာ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေ ထိန်းမနိုင်သိမ်းမနိုင် ပေါက်ပွားလာတဲ့ ရောဂါ။

အခြားသော ရောဂါများ
———————————
🫁 အဆုတ်ထဲ အရည်ဝင်ခြင်း (Pleural Effusion): အဆုတ်ကို ဖုံးအုပ်ထားတဲ့ အမြှေးပါးနှစ်ခုကြားမှာ အရည်တွေ စုနေတဲ့ အခြေအနေ။

🫁 အဆုတ်သွေးကြောပိတ်ခြင်း (Pulmonary Embolism): သွေးခဲတွေက အဆုတ်သွေးကြောထဲကို ရောက်ပြီး သွေးစီးဆင်းမှုကို ပိတ်ဆို့တာကြောင့် အသက်အန္တရာယ်ရှိတဲ့ အခြေအနေ။

🫁 အိပ်ပျော်နေစဉ် အသက်ရှူရပ်ခြင်း (Sleep Apnea): အိပ်ပျော်နေချိန်မှာ အသက်ရှူတာ ခဏတာ ရပ်တန့်သွားတဲ့ ရောဂါ။

🫁 အဆုတ်ထဲ အမာရွတ်ဖြစ်ခြင်း (Pulmonary Fibrosis): အဆုတ်တစ်သျှူးတွေ ထူထဲမာကျောလာတဲ့အတွက် အသက်ရှူရခက်ခဲစေတဲ့ ရောဂါ။

🫁 အသက်ရှူရခက်ခဲခြင်း၊ ကြာရှည်စွာ ချောင်းဆိုးခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူသံ ပုံမှန်မဟုတ်ခြင်းနဲ့ နှာစေး၊ ချောင်းဆိုးလက္ခဏာတွေဟာ အချိန်ကြာမြင့်စွာ မသက်သာဘဲ ရှိနေရင် အဆုတ်နှင့် ရင်ခေါင်းအထူးကုဆရာဝန်နဲ့ ပြသဖို့ လိုအပ်နိုင်ပါတယ်…

ဆက်သွယ်ရန်ဖုန်း - 09 942 942 151

လိပ်စာ - အမှတ်(၆၃)၊စည်ပင်လမ်း၊၂၄ရပ်ကွက်၊တောင်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။

#နီရိုအထူးကုဆေးခန်း
#နီရိုအွန်လိုင်းဆေးခန်း
#နီရိုအိမ်ပင့်ကုသခြင်း
#နီရိုဓာတ်ခွဲခန်း
#နီရိုဆေးမျိုးစုံဆိုင်
#နီရိုဓာတ်မှန်နှင့်အာထရာဆောင်း

ခွေးရူးပြန်ရောဂါအကြောင်း (Rabies)~~~~~~~~~~~~~~~~~~~~~~~~~🐕 ခွေးရူးပြန်ရောဂါ (Rabies) ဆိုတာကတော့ ဗိုင်းရပ်စ်ပိုးကြောင့်ဖ...
24/08/2025

ခွေးရူးပြန်ရောဂါအကြောင်း (Rabies)
~~~~~~~~~~~~~~~~~~~~~~~~~
🐕 ခွေးရူးပြန်ရောဂါ (Rabies) ဆိုတာကတော့ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ အသက်အန္တရာယ်ရှိတဲ့ ရောဂါတစ်မျိုးပါ။ ဒီရောဂါဟာ အာရုံကြောစနစ်ကို တိုက်ခိုက်ပြီး ဦးနှောက်ရောင်ရမ်းစေပါတယ်။

🐕 ခွေးရူးပြန်ဗိုင်းရပ်စ်ဟာ ကူးစက်ခံရတဲ့ တိရစ္ဆာန်တွေရဲ့ တံတွေးကနေတစ်ဆင့် လူကို ကူးစက်နိုင်ပါတယ်။ ရောဂါလက္ခဏာပြပြီဆိုရင်တော့ ကုသလို့မရတော့ဘဲ သေဆုံးနိုင်တဲ့အတွက် အချိန်မီ ကြိုတင်ကာကွယ်ကုသဖို့ အလွန်အရေးကြီးပါတယ်။

🐕 ဘယ်လိုကူးစက်နိုင်သလဲ
ခွေးရူးပြန်ရောဂါကို အဓိကအားဖြင့် ရောဂါပိုးရှိတဲ့ တိရစ္ဆာန်တစ်ကောင်က ကိုက်မိ၊ ခြစ်မိတာကနေတစ်ဆင့် ကူးစက်နိုင်ပါတယ်။ အဖြစ်များတဲ့ တိရစ္ဆာန်တွေကတော့-
* ခွေးများ (အဓိက ကူးစက်မှုအရင်းအမြစ်)
* ကြောင်များ
* လင်းနို့များ
* မြေခွေး၊ ရှဉ့်၊ တောကြောင်၊ ကြွက်စတဲ့ တောရိုင်းတိရစ္ဆာန်များ

🐕 ရောဂါပိုးရှိတဲ့ တိရစ္ဆာန်ရဲ့ တံတွေးဟာ ပွင့်နေတဲ့ ဒဏ်ရာ ဒါမှမဟုတ် မျက်လုံး၊ နှာခေါင်း၊ ပါးစပ်စတဲ့ ချွဲမြှေးတွေကနေတဆင့် ခန္ဓာကိုယ်ထဲကို ဝင်ရောက်နိုင်ပါတယ်။

🐕 ရောဂါလက္ခဏာများ
ခွေးရူးပြန်ရောဂါရဲ့ လက္ခဏာတွေဟာ တိရစ္ဆာန်ကိုက်ခံရပြီးနောက် ရက်သတ္တပတ် ဒါမှမဟုတ် လအနည်းငယ်ကြာမှ ပေါ်လာလေ့ရှိပါတယ်။ ရောဂါလက္ခဏာကို အဓိက အဆင့် ၂ ဆင့် ခွဲခြားနိုင်ပါတယ်။
🐕 ပထမအဆင့် (အစောပိုင်းလက္ခဏာများ)
* ဖျားနာခြင်း၊ ခေါင်းကိုက်ခြင်း
* ကိုက်ခံရတဲ့နေရာမှာ ပူလောင်ခြင်း၊ နာကျင်ခြင်း၊ ယားယံခြင်း
* ပင်ပန်းနွမ်းနယ်ပြီး အားနည်းခြင်း
* စိုးရိမ်စိတ်များပြီး စိတ်လှုပ်ရှားခြင်း

🐕 ဒုတိယအဆင့် (အာရုံကြောဆိုင်ရာလက္ခဏာများ)
* ရေကြောက်ခြင်း (ရေသောက်ဖို့ကြောက်ခြင်း)
* လေကြောက်ခြင်း (လေတိုက်တာကို ကြောက်ခြင်း)
* စိတ်ရှုပ်ထွေးခြင်း၊ ရန်လိုခြင်း
* တံတွေးများထွက်ခြင်း
* ကြွက်သားတွေ အကြောဆွဲပြီး
* လေဖြတ်သလိုဖြစ်ခြင်း
* နောက်ဆုံးမှာတော့ ကိုမာဝင်ပြီး သေဆုံးခြင်း

🐕 ဒီလိုလက္ခဏာတွေ ပေါ်လာပြီဆိုရင်တော့ ဆေးကုသမှု ခံယူဖို့ အချိန်လွန်သွားပါပြီ။ ဒါကြောင့် တိရစ္ဆာန်ကိုက်ခံရတာနဲ့ ချက်ချင်း ကုသမှုခံယူဖို့က အသက်ရှင်သန်ရေးအတွက် အရေးကြီးဆုံးပါပဲ။

🐕 ကာကွယ်ခြင်းနှင့် ကုသခြင်း
ခွေးရူးပြန်ရောဂါကို ကာကွယ်ဖို့အတွက် အဓိက နည်းလမ်း ၂ ခု ရှိပါတယ်။
၁။ ကြိုတင်ကာကွယ်ခြင်း
* မိမိအိမ်မွေးတိရစ္ဆာန်တွေကို ခွေးရူးပြန်ကာကွယ်ဆေး မှန်မှန်ထိုးပေးခြင်း။
* အပြင်သွားတဲ့အခါ ခွေးနဲ့အခြားတိရစ္ဆာန်တွေကို ကိုင်တွယ်တဲ့အခါ သတိထားပြီး ကိုက်မခံရအောင် နေပါ။
* တိရစ္ဆာန်တွေနဲ့ အလုပ်လုပ်ရတဲ့သူတွေ (တိရစ္ဆာန်ဆရာဝန်၊ သစ်တောဝန်ထမ်း) တွေဟာ ကြိုတင်ကာကွယ်ဆေး ထိုးထားသင့်ပါတယ်။

၂။ ရောဂါပိုးနဲ့ ထိတွေ့ပြီးမှ ကုသခြင်း (Post-exposure Prophylaxis)
* တိရစ္ဆာန်ကိုက်ခံရတာနဲ့ ချက်ချင်း ဆရာဝန်နဲ့ ပြသပါ။
* ဒဏ်ရာကို ဆပ်ပြာနဲ့ရေသုံးပြီး စက္ကန့် ၂၀ ကြာအောင် သေချာဆေးကြောပါ။
* ဆရာဝန်ရဲ့ ညွှန်ကြားချက်အတိုင်း ခွေးရူးပြန်ကာကွယ်ဆေးနဲ့ လိုအပ်ရင် Rabies Immunoglobulin ဆေးတွေကို အချိန်မီ ထိုးနှံပါ။
ဒီအဆင့်တွေကို မြန်မြန်ဆန်ဆန် လုပ်ဆောင်မှသာ ရောဂါပိုး ဦးနှောက်ထဲမရောက်ခင် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

🐕 အနှစ်ချုပ်အားဖြင့်၊ ခွေးရူးပြန်ရောဂါဟာ အချိန်မီ ကုသမှုခံယူရင် လုံးဝကာကွယ်နိုင်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် တိရစ္ဆာန်ကိုက်ခံရတာနဲ့ ပေါ့ဆမနေဘဲ ချက်ချင်းနီးစပ်ရာ ဆေးရုံဆေးခန်းကိုသွားပြီး ဆေးကုသမှုခံယူဖို့ အထူးအရေးကြီးပါတယ်။

🐕 ခွေးရူးပြန်ကာကွယ်ဆေးအကြောင်း ပိုမိုသိရှိလိုပါက မေးမြန်းနိုင်ပါတယ်။

ဆက်သွယ်ရန်ဖုန်း - 09 942 942 151

လိပ်စာ - အမှတ်(၆၃)၊စည်ပင်လမ်း၊၂၄ရပ်ကွက်၊တောင်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။

#နီရိုအထူးကုဆေးခန်း
#နီရိုအွန်လိုင်းဆေးခန်း
#နီရိုအိမ်ပင့်ကုသခြင်း
#နီရိုဓာတ်ခွဲခန်း
#နီရိုဆေးမျိုးစုံဆိုင်
#နီရိုဓာတ်မှန်နှင့်အာထရာဆောင်း

22/08/2025

လက်မောင်းထဲထည့်တဲ့ သားဆက်ခြား Implant နဲ့ သားအိမ်ထဲထည့်တဲ့ ပစ္စည်းတွေကို အရင်စျေးနှုန်းတွေနဲ့ပဲ ဆေးခန်းမှာထည့်လို့ရကြောင်း Post တင်တာ အဘမ်းခံရလို့ သိချင်တဲ့နှုန်းထားတွေရှိရင် Cb မှာ လာမေးလို့ရပါတယ်ရှင်..

Implant ကတော့ အရင်စျေးနဲ့ တစ်ယောက်ပဲရပါတော့မယ်ရှင့်.. ထည့်မယ်ဆို ဘိုကင်တင်ပေးပါနော်..

ဆက်သွယ်ရန်ဖုန်း - 09 942 942 151

လိပ်စာ - အမှတ်(၆၃)၊စည်ပင်လမ်း၊၂၄ရပ်ကွက်၊တောင်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။

#နီရိုအထူးကုဆေးခန်း
#နီရိုအွန်လိုင်းဆေးခန်း
#နီရိုအိမ်ပင့်ကုသခြင်း
#နီရိုဓာတ်ခွဲခန်း
#နီရိုဆေးမျိုးစုံဆိုင်
#နီရိုဓာတ်မှန်နှင့်အာထရာဆောင်း

🌷LARC ဆိုတာဘာလဲ?🌷Long Acting Reversible Contraception မြန်မာလိုတိုက်ရိုက်ဘာသာပြန်ရရင် နှစ်ရှည်ခံသားဆက်ခြားနည်းလမ်းလို့ ခ...
15/08/2025

🌷LARC ဆိုတာဘာလဲ?

🌷Long Acting Reversible Contraception မြန်မာလိုတိုက်ရိုက်ဘာသာပြန်ရရင် နှစ်ရှည်ခံသားဆက်ခြားနည်းလမ်းလို့ ခေါ်ပါတယ်။

🌷နှစ်ရှည်ခံထဲမှာမှ လက်မောင်းအရေပြားအောက်ထည့်တာ (Implant) နဲ့ သားအိမ်ထဲထည့်တာ (IUCD) ဆိုပြီး (၂) မျိုးရှိပါတယ်။

🌷ဆရာမရေ ကျွန်မတော့ ၃၊၄၊၅ နှစ်လောက်ခြားဦးမယ်ဆို Implant ထည့်၊ မယူတော့ပါဘူး သားကြောလဲ မဖြတ်ချင်ဘူး ဆရာမရေဆို IUCD သာထည့် ၁၀ နှစ်တစ်ခါမှ လဲယုံပဲ။

🌷Neo - နီရိုဆေးခန်းမှာ လက်မောင်းထဲရော သားအိမ်ထဲရောကို ယခင်စျေးမတက်ခင်ကအတိုင်း ထည့်လို့ရနေပါသေးတယ် (ပစ္စည်းရှိသလောက်သာ)

🌷Implant - 170000 ကျပ်
🌷IUCD - 80000 ကျပ်

🌷နည်းလမ်း (၂) မျိုးလုံးက မသုံးချင်တော့တဲ့အချိန်မှာ ပြန်ထုတ်နိုင်ပြီး ထုတ်ပြီးရင််လည်း ကလေးပြန်ရဖို့ စောင့်ရတာမျိုး မရှိပါဘူး။

🌷နေ့စဉ်သောက်တဲ့ ဆေးကဒ်တွေလို၊ (၃) လခံထိုးဆေးတွေလို မေ့ပြီးကျော်သွားမှာ စိုးရိမ်စရာလုံးဝမလိုတော့တဲ့အပြင် သန္ဓေတားနိုင်တဲ့ ရာခိုင်နှုန်းလဲ ပိုမြင့်ပါတယ်။

🌷ဆေးခန်းမှာ OG ဆရာမ ကိုယ်တိုင်ထည့်ပေးမှာမို့ ထည့်ချင်တယ်ဆို တစ်ရက်ကြိုဘိုကင်တင်ပေးပါရှင်

ဆက်သွယ်ရန်ဖုန်း - 09 942 942 151

လိပ်စာ - အမှတ်(၆၃)၊စည်ပင်လမ်း၊၂၄ရပ်ကွက်၊တောင်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။

#နီရိုအထူးကုဆေးခန်း
#နီရိုအွန်လိုင်းဆေးခန်း
#နီရိုအိမ်ပင့်ကုသခြင်း
#နီရိုဓာတ်ခွဲခန်း
#နီရိုဆေးမျိုးစုံဆိုင်
#နီရိုဓာတ်မှန်နှင့်အာထရာဆောင်း

ဆေးခန်းမှာ နားဖောက်လို့လဲ ရတယ်နော်..နားကပ်ပါလာလဲရတယ် မပါလာလဲ ရတယ်..ဒါလေးကတော့ နားကပ်မပါလို့ စက်မှာကျောက်နားကပ်တစ်ခါတည်းပ...
14/08/2025

ဆေးခန်းမှာ နားဖောက်လို့လဲ ရတယ်နော်..
နားကပ်ပါလာလဲရတယ် မပါလာလဲ ရတယ်..
ဒါလေးကတော့ နားကပ်မပါလို့ စက်မှာကျောက်နားကပ်တစ်ခါတည်းပါတဲ့ နားဖောက်စက်နဲ့ဖောက်ပေးထားတာပါ.. 💎
ဘယ်လောက်လှလဲသာ ကြည့်တော့နော်.. 🤩
ထုံဆေးနဲ့မို့ ပုရွတ်ဆိတ်ကိုက်သလောက်ပဲနာမှာ.. 👀

🆘 နှလုံးသွေးကြောကျဉ်းရောဂါ (Coronary Artery Disease) ဆိုတာ⁉️🆘 နှလုံးသွေးကြောကျဉ်းရောဂါဆိုတာ နှလုံးကို သွေး၊ အောက်ဆီဂျင်န...
10/08/2025

🆘 နှလုံးသွေးကြောကျဉ်းရောဂါ (Coronary Artery Disease) ဆိုတာ⁉️

🆘 နှလုံးသွေးကြောကျဉ်းရောဂါဆိုတာ နှလုံးကို သွေး၊ အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေ ပေးပို့နေတဲ့ သွေးကြောတွေ တဖြည်းဖြည်း ကျဉ်းလာတာ ဒါမှမဟုတ် ပိတ်ဆို့လာတာကို ခေါ်တာပါ။

🆘 ဒီလိုဖြစ်လာတဲ့အခါ နှလုံးဆီကို သွေးစီးဆင်းမှု လျော့နည်းလာပြီး ရင်ဘတ်အောင့်တာ၊ မောပန်းတာနဲ့ နောက်ဆုံးမှာ နှလုံးဖောက်တာအထိ ဖြစ်နိုင်ပါတယ်။

🆘 ဖြစ်ရတဲ့အကြောင်းရင်းများ..
အဓိကအကြောင်းရင်းကတော့ သွေးကြောနံရံတွေမှာ အဆီ၊ ကိုလက်စထရောနဲ့ တခြားအရာတွေ စုပုံလာကာ သွေးကြောထဲမှာ တဖြည်းဖြည်းနဲ့ အထူကြီးဖြစ်လာပြီး သွေးစီးဆင်းမှုကို ဟန့်တားလာပါတယ်။

🆘 ရောဂါလက္ခဏာများ..
ရောဂါအစောပိုင်းမှာ လက္ခဏာမပြတာမျိုး ဖြစ်နိုင်ပါတယ်။ ရောဂါပိုဆိုးလာတဲ့အခါမှာတော့ အောက်ပါလက္ခဏာတွေ ပြတတ်ပါတယ်။

* ရင်ဘတ်အောင့်ခြင်း (Angina): ရင်ဘတ်အလယ်မှာ ဖိထားသလို၊ တင်းကျပ်သလို ခံစားရတာ။ လှုပ်ရှားတဲ့အခါ ဒါမှမဟုတ် စိတ်ဖိစီးမှုများတဲ့အခါ ပိုဆိုးလာတတ်ပါတယ်။

* အသက်ရှုမဝခြင်း: လှုပ်ရှားမှုလုပ်တဲ့အခါ အသက်ရှုမဝတာမျိုး ဖြစ်တတ်ပါတယ်။

* နှလုံးဖောက်ခြင်း: ရင်ဘတ်အောင့်တာအပြင် လက်၊ လည်ပင်း၊ မေးရိုးနဲ့ နောက်ကျောတွေမှာပါ နာကျင်မှုတွေဖြစ်ပေါ်နိုင်ပါတယ်။

🆘 ဘယ်သူတွေမှာ ပိုဖြစ်နိုင်လဲ
ဒီရောဂါဖြစ်နိုင်ခြေကို မြင့်တက်စေတဲ့ အချက်တွေကတော့
* သွေးတိုးရောဂါ
* ဆီးချိုရောဂါ
* ကိုလက်စထရောများခြင်း
* ဆေးလိပ်သောက်ခြင်း
* အဝလွန်ခြင်း
* လှုပ်ရှားမှုနည်းပါးခြင်း
* မိသားစုမျိုးရိုးရှိခြင်း
* အသက်ကြီးလာခြင်း

🆘 ကုသမှုနှင့် ကာကွယ်မှု

* နေထိုင်မှုပုံစံပြောင်းလဲခြင်း: ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေ စားသုံးတာ၊ ပုံမှန်ကိုယ်လက်လှုပ်ရှားမှုလုပ်တာ၊ ဆေးလိပ်ဖြတ်တာနဲ့ အရက်လျှော့သောက်တာတွေ လုပ်သင့်ပါတယ်။

* ဆေးဝါးကုသခြင်း: သွေးပေါင်ကျဆေး၊ ကိုလက်စထရောကျဆေးနဲ့ သွေးကျဲဆေးတွေ ပေးပြီး ကုသလေ့ရှိပါတယ်။

* ခွဲစိတ်ကုသခြင်း: ရောဂါအခြေအနေပေါ် မူတည်ပြီး သွေးကြောပိတ်ဆို့မှုကို ဖွင့်ပေးတဲ့ ခွဲစိတ်မှု (Angioplasty and Stenting) ဒါမှမဟုတ် သွေးကြောအသစ်အစားထိုးတဲ့ ခွဲစိတ်မှု (Coronary Artery Bypass Grafting) တွေ လုပ်နိုင်ပါတယ်။

🆘 ဒီလိုအရေးကြီးတဲ့ နှလုံးသွေးကြောကျဉ်းရောဂါနဲ့ပတ်သက်၍သော်လည်းကောင်း၊ အခြားနှလုံးရောဂါတွေအတွက်သော်လည်းကောင်း ဆွေးနွေးပြသလိုပါက Neo - နီရိုဆေးခန်းမှာ နှလုံးအထူးကုဆရာဝန်ကြီးနှင့် ပြသနိုင်ပါပြီရှင်။

ဆက်သွယ်ရန်ဖုန်း - 09 942 942 151

လိပ်စာ - အမှတ်(၆၃)၊စည်ပင်လမ်း၊၂၄ရပ်ကွက်၊တောင်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။

#နီရိုအထူးကုဆေးခန်း
#နီရိုအွန်လိုင်းဆေးခန်း
#နီရိုအိမ်ပင့်ကုသခြင်း
#နီရိုဓာတ်ခွဲခန်း
#နီရိုဆေးမျိုးစုံဆိုင်
#နီရိုဓာတ်မှန်နှင့်အာထရာဆောင်း

အခုတလော တောင်ဒဂုံဘက်မှာ သွေးလွန်တုပ်ကွေးတွေ ရက်ဆက်ဆိုသလိုတွေ့လာရလို့ သတိထားရအောင် တင်ပြပေးလိုက်ပါတယ်။  သွေးလွန်တုပ်ကွေး ...
08/08/2025

အခုတလော တောင်ဒဂုံဘက်မှာ သွေးလွန်တုပ်ကွေးတွေ ရက်ဆက်ဆိုသလိုတွေ့လာရလို့ သတိထားရအောင် တင်ပြပေးလိုက်ပါတယ်။

သွေးလွန်တုပ်ကွေး (Dengue Fever)
—————————————————
📌 ကူးစက်ပုံ (Transmission)

ရောဂါပိုးကို သယ်ဆောင်ထားသောခြင်ကိုက်ခံရခြင်းမှ တစ်ဆင့် ကူးစက်ခံရတာ ဖြစ်ပါတယ်။

📌 ပိုမိုဖြစ်တတ်သည့်အသက်အရွယ်အုပ်စု

- ကလေးများ (သေးငယ်သောကလေးများ၊ သာမန်အားဖြင့် ၅–၁၅ နှစ်အတွင်း)

- လုပ်ငန်းခွင်ဝင်သော အသက်အရွယ် (၁၆–၃၀)

- အသက်ကြီးသူများ (၆၀ နှစ်အထက်)

📌 ရောဂါလက္ခဏာများ (Signs and Symptoms)

(ပိုးကူးခံပြီး ၄-၁၀ ရက်အကြာတွင် စတင်ဖြစ်ပေါ်နိုင်သည်)

ပုံမှန် သွေးလွန်တုပ်ကွေးလက္ခဏာများ
——————————————————
- ရုတ်တရက်အဖျားတက်ခြင်း
- ခေါင်းကိုက်ခြင်း
- ကြွက်သားနဲ့အဆစ်အမြစ်ကိုက်ခဲခြင်း
- အရေပြားပေါ် ဖုများ၊ အနီစက်များပေါ်ခြင်း
- မအီမသာဖြစ်ခြင်း၊ ဝမ်းလျှောခြင်း
- မှိန်းနေခြင်း
- သွားနဲ့နှာခေါင်းမှ သွေးနည်းနည်းထွက်နိုင်ခြင်း

ပြင်းထန်သောသွေးလွန်တုပ်ကွေး (Severe Dengue)
————————————————————————-
- အစားမဝင်ဘဲ အန်ခြင်း
- ဗိုက်အောင့်ခြင်း
- အရေပြားမှာ အနီကွက်တွေပေါ်လာခြင်း
- အသက်ရှူခက်ခဲခြင်း
- ခြေဖျားလက်ဖျား အေးစက်ခြင်း
- ဆီးသွားနည်းခြင်း
- သွေးပေါင်ကျခြင်း

📌 နောက်ဆက်တွဲ ဆိုးကျိုးများ (Complications)

- ခန္ဓာကိုယ်အတွင်းသွေးယိုစိမ့်ခြင်း
- Dengue Shock Syndrome (DSS)–သွေးပေါင်ကျ၍ရှော့ဝင်ခြင်း
- ရေဓာတ်ခမ်းခြောက်ခြင်း (Severe dehydration)
- အချိန်မီကုသမရလျှင် သေဆုံးနိုင်ခြင်း

📌 ကာကွယ်နည်းများ (Prevention)

သွေးလွန်တုပ်ကွေးအတွက် သုံးစွဲနိုင်သော စနစ်တကျအထွေထွေကာကွယ်ဆေးမရှိသေးပါ။
အဓိကအားဖြင့် သွေးလွန်တုပ်ကွေးဖြစ်စေနိုင်သော ခြင်ကျား ကင်းစင်ရေးအတွက် “ဖုံး၊ သွန်၊ လဲ၊ စစ်”အရေးကြီးပါသည်။

- ခြင်ပေါက်ဖွားနိုင်သော ရေသေများအား ဖယ်ရှားရန် – (ပန်းအိုး၊ ရေအိုး၊ ရေတွင်းပျက်များ၊ အသုံးမပြုသော ပုံးဟောင်းများ၊ တာယာများ)
- ခြင်ပြေးအနံ့ဆီ၊ ဖျန်းဆေးများ သုံးရန်
- လက်ရှည်အင်္ကျီ၊ ဘောင်းဘီရှည် ဝတ်ဆင်ရန်
- ခြင်ထောင်ဖြင့် အိပ်ရန်
- တံခါးပြတင်းများ ပိတ်ထားရန်
- အများပြည်သူနေရာများတွင် ဆေးဖျန်းခြင်း/ Abate ခပ်ခြင်းများ ပြုလုပ်ရန်

🚨သတိပြုရန်မှာကလေးက အဖျားကြီးခြင်း၊ ရက်ရှည်ဖျားခြင်း၊ အဖျားကျပြီးမှ ပြန်ဖျားခြင်း၊ ကလေးမှိန်းနေလျှင်သွေးလွန်တုပ်ကွေး ဖြစ်နိုင်ချေ အရမ်းများလို့ ဆေးခန်းချက်ချင်းပြသင့်ပါတယ်။

ဆက်သွယ်ရန်ဖုန်း - 09 942 942 151

လိပ်စာ - အမှတ်(၆၃)၊စည်ပင်လမ်း၊၂၄ရပ်ကွက်၊တောင်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။

#နီရိုအထူးကုဆေးခန်း
#နီရိုအွန်လိုင်းဆေးခန်း
#နီရိုအိမ်ပင့်ကုသခြင်း
#နီရိုဓာတ်ခွဲခန်း
#နီရိုဆေးမျိုးစုံဆိုင်
#နီရိုဓာတ်မှန်နှင့်အာထရာဆောင်း

✅ Neo - နီရို အထွေထွေနဲ့ အထူးကုဆေးခန်းကို ဖွင့်ခဲ့တာ (၂)လပြည့်ခဲ့ပါပြီ။✅ နှစ်လအတွင်း လူနာတွေနှစ်ဆဖြစ်ခဲ့သည်မှာ လူနာအပေါ်...
06/08/2025

✅ Neo - နီရို အထွေထွေနဲ့ အထူးကုဆေးခန်းကို ဖွင့်ခဲ့တာ (၂)လပြည့်ခဲ့ပါပြီ။

✅ နှစ်လအတွင်း လူနာတွေနှစ်ဆဖြစ်ခဲ့သည်မှာ လူနာအပေါ်ဂရုစိုက်သော ဆရာဝန်တွေနဲ့ ဝန်ထမ်းတစ်ဦးချင်းစီရဲ့ စိတ်ပါဝင်စားစွာ ကြိုးစားအားထုတ်မှုကြောင့်လို့ပဲ ပြောပါရစေ။

✅ ပီတိအဖြစ်ရဆုံးအချက်ကိုပြောပါဆိုရင် Customer Retention လို့ခေါ်တဲ့ လူနာအဟောင်းတွေ ထပ်တလဲလဲလာပြခြင်းပါပဲ။ အမျိုးသမီးလာပြဖူးရင် အမျိုးသားပါ ခေါ်လာပြတာ၊ သမီးပြဖူးရင် အမေကိုပါ ခေါ်လာပြတာ၊ လူနာတစ်ယောက်ထဲက အထူးကုအမျိုးမျိုးနဲ့ပြစရာရှိရင် နီရိုဆေးခန်းကိုပဲ ရွေးချယ်ပြကြတာမျိုးကို Customer Retention ကောင်းတယ်လို့ ပြောလို့ရပါတယ်။

✅ ဘယ်လိုအချက်တွေကြောင့် ဒီဆေးခန်းမှာပဲ ထပ်တလဲလဲလာပြကြတာလဲ? ဆေးခန်းတစ်ခုမှာ Customer Retention ရခြင်းအတွက် အဓိကအကြောင်းအရာများကတော့

🛡️ ကျွမ်းကျင်ပြီး အတွေ့အကြုံများသော ဆရာဝန်များ ရှိခြင်း

🛡️ ဆေးခန်းဝန်ထမ်းတွေကယဉ်ကျေးခြင်း၊ တုံ့ပြန်မှုကောင်းခြင်း၊ မြန်ခြင်း

🛡️ စောင့်ဆိုင်းချိန်နည်းအောင် စီမံခန့်ခွဲခြင်း

🛡️ သတ်မှတ်ထားတဲ့ follow-up appointment များကို အချိန်မှီ ပြန်လည် သတိပေးခြင်း

🛡️ လူနာအခြေအနေကို စဉ်ဆက်မပြတ်စောင့်ကြည့်ခြင်း၊ သက်သာလာပြီလား၊ ဆေးသောက်နည်းမှန်လား စသဖြင့် ဖုန်းဆက်မေးပေးခြင်း

🛡️ သုံးစွဲရမယ့်ငွေကြေးပမာဏကို ခန့်မှန်းပြောပြခြင်း

🛡️ လူနာတစ်ဦးချင်းစီကို သဘောပေါက်စွာဆက်ဆံခြင်း၊ လူနာဟာ “စဉ်းစားပေးခံရတယ်” လို့ခံစားရစေခြင်း

🛡️ ပုံမှန်ထိုင်တဲ့ ဆရာဝန်တွေရှိနေခြင်းဟာ လူနာယုံကြည်မှုကိုမြှင့်တင်နိုင်ခြင်း

🛡️ ဆရာဝန်နှင့်လူနာ ဆက်ဆံရေးကောင်းမွန်ခြင်းဖြင့် ယုံကြည်မှုတည်ဆောက်နိုင်ခြင်း တို့ပဲဖြစ်ပါတယ်။

Neo - နီရိုဆေးခန်းကို ရွေးချယ်မှုအတွက် အမြဲစိတ်ချမ်းသာရပါမယ်ရှင် 🙏

ဆက်သွယ်ရန်ဖုန်း - 09 942 942 151

လိပ်စာ - အမှတ်(၆၃)၊စည်ပင်လမ်း၊၂၄ရပ်ကွက်၊တောင်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။

#နီရိုအထူးကုဆေးခန်း
#နီရိုအွန်လိုင်းဆေးခန်း
#နီရိုအိမ်ပင့်ကုသခြင်း
#နီရိုဓာတ်ခွဲခန်း
#နီရိုဆေးမျိုးစုံဆိုင်
#နီရိုဓာတ်မှန်နှင့်အာထရာဆောင်း

💐 မင်္ဂလာပါရှင် 💐💐 ဒီနေ့ကတော့ August 1 ရက်နေ့မှာ ကျရောက်တဲ့ Neo - နီရိုဆေးခန်းရဲ့ Founder တစ်ဦးရဲ့ မွေးနေ့ရက်မြတ်လေးပဲ ဖ...
01/08/2025

💐 မင်္ဂလာပါရှင် 💐

💐 ဒီနေ့ကတော့ August 1 ရက်နေ့မှာ ကျရောက်တဲ့ Neo - နီရိုဆေးခန်းရဲ့ Founder တစ်ဦးရဲ့ မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်ရှင်..

💐 Neo စတင်ဖြစ်ပေါ်လာရခြင်းမှာ ယခုမွေးနေ့ကျရောက်တဲ့ Founder ရဲ့ကျေးဇူးတွေကြောင့်ပါ..

💐 Founder ဟာ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းကို ၂၀၁၈ ခုနှစ်လောက်က စတင်ဝင်ရောက်ခဲ့ပါတယ်..

💐ဆရာဝန်တစ်ဦးမဟုတ်ပေမယ့် ကိုဗစ် -၁၉ ကာလ တတိယလှိုင်းမှာ ကူရာကယ်ရာမဲ့နေတဲ့လူနာတွေကို မျက်မြင်ကိုယ်တွေ့ကြုံတွေ့ခဲ့ပြီးနောက် တကယ်လိုအပ်လာလျှင် လူတွေအသက်ကိုကယ်ပေးနိုင်တဲ့ ဆေးရုံဆေးခန်းလုပ်ငန်းကို ပိုစိတ်ဝင်စားခဲ့တာပါ..

💐 ဆရာဝန်အနေနဲ့ မဟုတ်ဘဲ လူနာအနေနဲ့ခံစားပြီးမှ ကိုယ်တိုင်လိုချင်တဲ့ ဝန်ဆောင်မှုကို Neo ဆေးခန်းမှာ ပုံဖော်ထားတာပဲ ဖြစ်ပါတယ်..

💐 ဝန်ဆောင်မှုဆိုတာ Neo - နီရိုဆေးခန်းရဲ့ အသက်ပါ..

💐 Founder ကိုချစ်ခင်ခြင်းများစွာဖြင့် မွေးနေ့အမှတ်တရအဖြစ် Medical Check Up Package များကို အထူးလျှော့သောနှုန်းထားများဖြင့် ဩဂုတ်လတစ်လလုံး ဝယ်ယူရရှိနိုင်ပါပြီရှင်..

ဆက်သွယ်ရန်ဖုန်း - 09 942 942 151

လိပ်စာ - အမှတ်(၆၃)၊စည်ပင်လမ်း၊၂၄ရပ်ကွက်၊တောင်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။

#နီရိုအထူးကုဆေးခန်း
#နီရိုအွန်လိုင်းဆေးခန်း
#နီရိုအိမ်ပင့်ကုသခြင်း
#နီရိုဓာတ်ခွဲခန်း
#နီရိုဆေးမျိုးစုံဆိုင်
#နီရိုဓာတ်မှန်နှင့်အာထရာဆောင်း

စာတွေချည်း ပြောနေတော့ အီရောပေါ့ ☺️မအီအောင် Neo - နီရိုက အချောအလှ အတော်ဆုံးလေးများနဲ့ မိတ်ဆက်ပေးတာပါနော် 🥰ဘယ်သူအချောဆုံးလ...
31/07/2025

စာတွေချည်း ပြောနေတော့ အီရောပေါ့ ☺️

မအီအောင် Neo - နီရိုက အချောအလှ အတော်ဆုံးလေးများနဲ့ မိတ်ဆက်ပေးတာပါနော် 🥰

ဘယ်သူအချောဆုံးလေးလဲ 🤩

💎 စုံစုံလေးမှ စစ်ချင်တဲ့သူတွေအတွက် အစုံလင်ဆုံး Medical Check up ဒိုင်းမွန်း Package ကိုမှ (၂) သိန်းကျော်လေးနဲ့ အတန်ဆုံးရ...
29/07/2025

💎 စုံစုံလေးမှ စစ်ချင်တဲ့သူတွေအတွက် အစုံလင်ဆုံး Medical Check up ဒိုင်းမွန်း Package ကိုမှ (၂) သိန်းကျော်လေးနဲ့ အတန်ဆုံးရှိပါမယ်ရှင် 💎

ဆက်သွယ်ရန်ဖုန်း - 09 942 942 151

အွန်လိုင်းမှ ဆေးခန်းပြရန် Facebook link - https://www.facebook.com/share/1Abk4diK3L/?mibextid=wwXIfr

ကျန်းမာရေးနဲ့ဆိုင်သော ဗဟုသုတများ ရရှိရန် - Telegram link https://t.me/neospecialistclinic

လိပ်စာ - အမှတ်(၆၃)၊စည်ပင်လမ်း၊၂၄ရပ်ကွက်၊တောင်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။

Address

No. 64, Sipin Street, Ward 24, South Dagon Township
Yangon

Telephone

+959780100021

Website

Alerts

Be the first to know and let us send you an email when Neo-Specialist Clinic & Diagnostic Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Neo-Specialist Clinic & Diagnostic Center:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category