Yoga with Dr K

Yoga with Dr K 🧘🏻‍♀️Yoga changes lives🧘🏻‍♀️ Namaste Yogis🙏
I am Dr K, a yoga instructor and also a medical doctor. As far as I know, yoga is not only about Asana (i.e.

My yoga journey started in 2019 and since then I have been practising yoga as it is good for health both physically and mentally. Being a medical doctor, I give great attention to correct alignment and muscle contraction while doing yoga. poses) but also other limbs of yoga, but Asana practice really makes a drastic change to body and mind in a good way. So Let's Do Yoga Now!🕉

မင်္ဂလာပါရှင်🙏
ကျွန

်မက ​ယောဂဆရာမ Dr K ပါ။ အ​ထွေ​ထွေ​ရောဂါကု ဆရာဝန်လည်း ဖြစ်ပါတယ်။ ​ယောဂကို ၂၀၁၉က စတင်​လေ့ကျင့်ခဲ့ပြီး ယခုချိန်ထိ ​နေ့စဥ် ​လေ့ကျင့်​နေဆဲပါ။ ​ယောဂ​လေ့ကျင့်တဲ့အခါမှာ ခန္ဓာမှာ မလိုအပ်တဲ့ ဒဏ်​တွေမဖြစ်​အောင် ခန္ဓာကိုယ်အ​နေအထား မှန်ကန်မှု၊ ကြွက်သားညှစ်နည်းမှန်ကန်မှုကို အဓိက ဦးစား​ပေးပြီး ​လေ့ကျင့်ဖြစ်ပါတယ်။ ​​ယောဂရဲ့ အစိတ်အပိုင်းတခုဖြစ်တဲ့ ခန္ဓာကိုယ် ပုံစံအ​နေအထား (Asana)တွေကို ပုံစံမှန်မှန်ကန်ကန်နဲ့ ပုံမှန် ​လေ့ကျင့်​ပေးသွားရင် စိတ်နဲ့ ခန္ဓာအတွက် အလွန်အကျိုးရှိလာမှာပါ။
​ယောဂကို အခုပဲ စကျင့်လိုက်ရ​အောင်ပါ🕉

Strength doesn't come from what you can do. It comes from overcoming the things you once thought you couldn't. ✨🔥
10/04/2026

Strength doesn't come from what you can do. It comes from overcoming the things you once thought you couldn't. ✨🔥

10/04/2026

Headstand to Peacock transition

April 20,21,22  မှာ လုပ်မဲ့ Aerial Yoga Level 1 Workshopအတွက် နောက်ထပ် ၃ ဦးပဲ ရပါတော့မယ်ရှင် 🫶🏻ကြိုးကိုင်တာကစပြီး စနစ်တက...
09/04/2026

April 20,21,22 မှာ လုပ်မဲ့ Aerial Yoga Level 1 Workshopအတွက် နောက်ထပ် ၃ ဦးပဲ ရပါတော့မယ်ရှင် 🫶🏻

ကြိုးကိုင်တာကစပြီး စနစ်တကျ သင်ကြားပေးမှာဖြစ်တဲ့အတွက် စိတ်ဝင်စားရင် chatbox မှာ အသေးစိတ်စုံစမ်းနိုင်ပါတယ်🌻

Backbend တွေမှာ Eccentric Contraction (ကြွက်သားအလျားရှည်ထွက်ရင်း ကြွက်သားညှစ်ခြင်း) ဟာ အဓိက ကျောရိုးကို ထိန်းကျောင်းပေးတ...
08/04/2026

Backbend တွေမှာ Eccentric Contraction (ကြွက်သားအလျားရှည်ထွက်ရင်း ကြွက်သားညှစ်ခြင်း) ဟာ အဓိက ကျောရိုးကို ထိန်းကျောင်းပေးတဲ့ Braking mechanism အဖြစ် ဆောင်ရွက်ပါတယ်။

Eccentric contraction ဆိုတာ ဘာလဲ⁉️
ပုံမှန်အားဖြင့် ကြွက်သားညှစ်တယ်ဆိုရင် တိုဝင်သွားတာ (Concentric) ကိုပဲ ပြေးမြင်တတ်ကြပါတယ်။ ဒါပေမဲ့ Eccentric မှာတော့ ကြွက်သားမျှင်တွေက တစ်ခုနဲ့တစ်ခု ဝေးရာကို ဆွဲဆန့်ခံရပေမဲ့ အဲဒီဆွဲဆန့်မှုကို အရှိန်ထိန်းဖို့အတွက် အားစိုက်ပြီး ပြန်ဆွဲထားတာမျိုးပါ။ နေ့စဉ်လှုပ်ရှားမှုတွေမှာ "ဘရိတ်ဖမ်းပေးတဲ့ အား" (Braking force) လို့လည်း တင်စားလေ့ရှိပါတယ်။

🌟Backbend လုပ်တဲ့အခါ ခန္ဓာကိုယ်ရဲ့ ရှေ့ပိုင်းကြွက်သားတွေဖြစ်တဲ့ ဗိုက်ကြွက်သား (Abs) နဲ့ ပေါင်ရှေ့ကြွက်သား (Quads) တွေက ဆန့်ထွက်သွားရပါတယ်။ ဒါပေမဲ့ သူတို့က ဒီအတိုင်း လျော့တိလျော့ရဲ ဆန့်ထွက်သွားတာမျိုးမဟုတ်ဘဲ အားစိုက်ပြီး ထိန်းဆန့် (Eccentric) တာမျိုး ဖြစ်ရပါမယ်။

✨ဗိုက်ကြွက်သားများ (Abdominals)
Backbend ကွေးချလိုက်တဲ့အခါ ကမ္ဘာ့မြေဆွဲအားကြောင့် ခါးရိုးတွေပေါ်မှာ pressure ဖိမိမသွားအောင် ဗိုက်ကြွက်သားတွေက Eccentric နည်းနဲ့ ထိန်းပေးရပါတယ်။ ဒါမှသာ ခါးဆစ် (Lumbar spine) မှာ ဝန်ပိတာကို သက်သာစေပြီး ရှည်လျားပြီး လှပတဲ့ Backbend ကို ရရှိမှာပါ။

✨ပေါင်ရှေ့ကြွက်သားများ (Quadriceps)
ပုံထဲမှာ မြင်ရတဲ့အတိုင်း တင်ပါးကို အပေါ်တွန်းတင်ဖို့နဲ့ ဒူးကို တည်ငြိမ်ဖို့ ပေါင်ကြွက်သားတွေက အရေးကြီးပါတယ်။ ပေါင်ကြွက်သားတွေက တင်းအား (Tension) ကို ထိန်းထားရင်း ဆန့်ထွက်ပေးတဲ့အတွက် တင်ပါးဆုံ (Hip joints) တွေ ရှေ့ကို ပွင့်လာအောင် ကူညီပေးပါတယ်။ Eccentric အားမပါဘဲ ဆန့်လိုက်ရင် ဒူးနာတာ ဒါမှမဟုတ် ဟန်ချက်ပျက်တာမျိုး ဖြစ်တတ်ပါတယ်။

✨ရင်ဘတ်နှင့် လက်မောင်း (Chest & Shoulders)
လက်ဖျံတွေကို မြေကြီးမှာ ထောက်ထားတဲ့အခါ ရင်ဘတ်ကြွက်သား (Pectorals) တွေက ဆန့်ထွက်နေရပါတယ်။ ဒီကြွက်သားတွေက Eccentric ဖြစ်နေမှသာ ပုခုံးအဆစ်တွေ ကျန်းကျန်းမာမာနဲ့ ပွင့်လာပြီး လည်ပင်းနဲ့ ခေါင်းကို လုံခြုံစွာ အောက်ချနိုင်မှာပါ။

ဘာကြောင့် Eccentric Contraction က အရေးကြီးတာလဲ⁉️
✅ဒဏ်ရာမရအောင် ကာကွယ်တာပါ။ ကြွက်သားတွေက ထိန်းမထားဘဲ ဒီအတိုင်း ပျော့ခွေပြီး ဆန့်ထွက်သွားရင် အရိုးအဆစ်တွေ (Joints) ပေါ်မှာ ဝန်ပိပြီး ဒဏ်ရာရတတ်ပါတယ်။✅Stability (တည်ငြိမ်မှု) ရှိအောင်နဲ့ Backbend pose မှာ အသက်ရှူရလွယ်ကူဖို့နဲ့ ကြာကြာနေနိုင်ဖို့အတွက် ဒီထိန်းအားက မရှိမဖြစ်လိုအပ်ပါတယ်။
✅Active Flexibility: ကြွက်သားညှစ်အားကို သုံးပြီး ကြွက်သားတွေကို ဆွဲဆန့်စေတာပါ။ ကြွက်သားက အားရှိမှသာ ပိုမိုနက်ရှိုင်းတဲ့ Backbend ကို ဘေးကင်းကင်းနဲ့ ရောက်ရှိနိုင်မှာပါ။

🌟Backbend ဆိုတာ အနောက်ဘက်ကြွက်သားတွေကို ကျုံ့တာ၊ ညှစ်တာ (Concentric) တစ်ခုတည်းမဟုတ်ဘဲ၊ ခန္ဓာကိုယ်အရှေ့ဘက် ကြွက်သားတွေကို စနစ်တကျ ထိန်းဆန့် (Eccentric) တဲ့ အနုပညာတစ်ခု ဖြစ်ပါတယ်။

ေ့လာပါ

08/04/2026

April လမှာ Dr K ရဲ့Unlock Your Practice Yoga Class | Online Hatha all-level အတန်းလေးကို နားထားပါတယ်။
May လမှာ ပြန်ဖွင့်ပါမယ်ရှင့်။

Instructor ဖြိုးရဲ့ Online Beginner Yoga Class ကတော့ ပုံမှန် ရက်နဲ့အချိန်အတိုင်း ဆက်ဖွင့်ထားပါတယ်။

08/04/2026

Sukha Kula ရဲ့ ယောဂအတန်း 🪷

Alignment တွေ မမှားအောင် တဆင့်ချင်းစီ လိုတာတွေကို ပြောပြပေးတာပါ 😊

"Balance is not something you find, it's something you create."✨တည်ငြိမ်မှုဆိုတာ အလိုလိုဖြစ်လာတာမဟုတ်ဘဲ ကိုယ်တိုင်ဖန်တီး...
06/04/2026

"Balance is not something you find, it's something you create."

✨တည်ငြိမ်မှုဆိုတာ အလိုလိုဖြစ်လာတာမဟုတ်ဘဲ ကိုယ်တိုင်ဖန်တီးယူရတဲ့အရာပါ။
✨နံရံကို အမှီပြုပြီး ခွန်အားယူရသလိုပဲ၊ အခြေခံကနေ စိတ်ရှည်လက်ရှည် လေ့ကျင့်ခြင်းကသာ အကောင်းဆုံး ရလဒ်ကို ပေးပါလိမ့်မယ်။

03/04/2026

Aerial Yoga Workshop ကို သင်မဲ့ တီချယ်ဂျူးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်🌻
~~~~~~~~~~~~~~~~~~~~~~
Aerial Yoga ကို စိတ်ဝင်စားပေမယ့် အခြေခံမရှိလို့ စိုးရိမ်နေလား? ခန္ဓာကိုယ်က သိပ်မပျော့ပျောင်းသေးလို့ရော အခက်အခဲဖြစ်နေလား?အဲဒီအတွက် လုံးဝစိတ်ပူစရာမလိုတဲ့ Aerial Yoga Level 1 (3-Day) Workshop လေး ပြုလုပ်ပေးဖို့ရှိပါတယ်!

ဒီ Workshop မှာတော့:
✅ Basic Poses နဲ့ Foundation ကို အသေအချာ နားလည်စေရမယ်။
✅ ခန္ဓာကိုယ် Balance ထိန်းပုံနဲ့ Core Strength ကောင်းအောင် လေ့ကျင့်ပေးမယ်။
✅ Hammock ကို စနစ်တကျနဲ့ ဘေးကင်းအောင် အသုံးပြုနည်းတွေ သင်ပေးမယ်။

Instructor Juu Juu Yoga က အခြေခံကနေ step-by-step စိတ်ရှည်လက်ရှည် သင်ကြားပေးမှာဖြစ်လို့ Yoga မလုပ်ဖူးသူတွေအတွက်ပါ အထူးသင့်တော်ပါတယ်။ သင်တန်းပြီးရင်လည်း Workshop တက်ရောက်ထားကြောင်း Certificate ရဦးမှာနော်! 🎓

🗓 Date: April 20, 21, 22
🕙 Time: 10:30 AM to 1:30 PM
📍 Location: Sukha Kula Yoga Studio
💰Investment: 600,000 kyats

ကြိုးနေရာအကန့်အသတ်ရှိလို့ တက်ချင်တယ်ရင် ၂ ခါ မစဉ်းစားပဲ အမြန်ဆုံး စာရင်းပေးသွင်းလိုက်တော့နော်!
📞 Contact: 09 89 2021 063

ကောင်းကင်ပေါ်မှာ လွင့်မျောရင်း ကိုယ့်ရဲ့ Yoga Journey ကို စတင်လိုက်ရအောင်! 🧚‍♀️✨

02/04/2026

🌻Hand-on Adjustment ပေးခြင်းဖြင့် လေ့ကျင့်သူတွေဟာ ကိုယ့်ရဲ့ ခန္ဓာကိုယ် အနေအထား၊ ညှစ်ရမဲ့ ကြွက်သား၊ လျှော့ထားရမဲ့ နေရာ စတာတွေကို သတိထားမိစေပါတယ်။ အထူးသဖြင့် ခန္ဓာဇောက်ထိုးဖြစ်နေတဲ့အနေအထားမျိုးမှာ ခန္ဓာကို သတိကပ်စေဖို့ အထောက်အကူဖြစ်ပါတယ်။

🌻 Hand-on Adjustment ပေးတိုင်း ဖိတာ၊ တွန်းတာ၊ ပို့စ်ကို ပိုရစေအောင်လို့ ပေးတယ်လို့ မမြင်သင့်ပါရှင်။

31/03/2026

Aerial Yoga ဟာ ခန္ဓာကိုယ် ပျော့ပျောင်းဖို့အတွက်ပဲလား ?

Aerial Yoga ကို အခြေခံကနေ စလေ့လာချင်သူတွေအတွက် အကောင်းဆုံး workshop ကြိုးကို စနစ်တကျ ကိုင်တွယ်နည်းကနေ ကြိုးပေါ်မှာ အကွက်...
31/03/2026

Aerial Yoga ကို အခြေခံကနေ စလေ့လာချင်သူတွေအတွက် အကောင်းဆုံး workshop

ကြိုးကို စနစ်တကျ ကိုင်တွယ်နည်းကနေ ကြိုးပေါ်မှာ အကွက်တွေကို ကိုယ်တိုင် လေ့ကျင့်နိုင်အောင်ထိပါ တဆင့်ချင်းသင်ပေးမှာပါ

နောက်တခါ ဖွင့်ဖို့ဆိုတာ မသေချာတဲ့အတွက် Workshop ဖွင့်တုန်း တက်ဖို့ အကြံပေးချင်ပါတယ်

သင်ပေးမှာကတော့ တကယ်ကိုတော်တဲ့ Instructor Juu ပါရှင်

Aerial Yoga ကို စိတ်ဝင်စားပေမယ့် အခြေခံမရှိလို့ စိုးရိမ်နေလား? ခန္ဓာကိုယ်က သိပ်မပျော့ပျောင်းသေးလို့ရော အခက်အခဲဖြစ်နေလား?အဲဒီအတွက် လုံးဝစိတ်ပူစရာမလိုတဲ့ Aerial Yoga Level 1 (3-Day) Workshop လေး ပြုလုပ်ပေးဖို့ရှိပါတယ်!

ဒီ Workshop မှာတော့:
✅ Basic Poses နဲ့ Foundation ကို အသေအချာ နားလည်စေရမယ်။
✅ ခန္ဓာကိုယ် Balance ထိန်းပုံနဲ့ Core Strength ကောင်းအောင် လေ့ကျင့်ပေးမယ်။
✅ Hammock ကို စနစ်တကျနဲ့ ဘေးကင်းအောင် အသုံးပြုနည်းတွေ သင်ပေးမယ်။

Instructor Juu Juu Yoga က အခြေခံကနေ step-by-step စိတ်ရှည်လက်ရှည် သင်ကြားပေးမှာဖြစ်လို့ Yoga မလုပ်ဖူးသူတွေအတွက်ပါ အထူးသင့်တော်ပါတယ်။ သင်တန်းပြီးရင်လည်း Workshop တက်ရောက်ထားကြောင်း Certificate ရဦးမှာနော်! 🎓

🗓 Date: April 20, 21, 22
🕙 Time: 10:30 AM to 1:30 PM
📍 Location: Sukha Kula
💰Investment: 600,000 kyats

ကြိုးနေရာအကန့်အသတ်ရှိလို့ တက်ချင်တယ်ရင် ၂ ခါ မစဉ်းစားပဲ အမြန်ဆုံး စာရင်းပေးသွင်းလိုက်တော့နော်!
📞 Contact: 09 89 2021 063

ကောင်းကင်ပေါ်မှာ လွင့်မျောရင်း ကိုယ့်ရဲ့ Yoga Journey ကို စတင်လိုက်ရအောင်! 🧚‍♀️✨

Regular Yoga Class at Sukha Kula 🪷
29/03/2026

Regular Yoga Class at Sukha Kula 🪷

Address

Yangon
11171

Telephone

+959757936477

Website

Alerts

Be the first to know and let us send you an email when Yoga with Dr K posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Yoga with Dr K:

Share

Category