05/08/2025
Hello,👋 skincare မှာ မပါမဖြစ်လည်းပြောလို့ရသလို အပြင်ထွက်ရင်လည်း မလိမ်းမဖြစ်တဲ့ အရာလေးဖြစ်တဲ့ Sunscreen အကြောင်းကို knowledge sharing လုပ်ပေးမယ်နော်🙏🙏
ယေဘူယျအားဖြင့် ရှိန်းတို့နေ့တိုင်းလိမ်းနေတဲ့ sunscreen ကို အမျိုးအစား ၃ မျိုးခွဲထားတယ်ဆိုတာ လူတိုင်းသိကြမှာပေါ့
1- Physical Sunscreen ( Or) Mineral Sunscreen
Physical sunscreen ကို ဘယ်လိုလုပ်သိအောင်လုပ်မလဲဆိုရင် ဘူးနောက်ခြမ်းမှာ features အဖြစ်ရေးထားတဲ့ ဟာတွေကို ဖတ်ပြီး သိနိုင်ပါတယ်နော် Zinc Oxide, Titanium Dioxide ဆိုပြီးရေးထားရင် Physical Sunscreen ဖြစ်ပြီး
ကောင်းတဲ့အချက်တွေက Sensitive Skin Type တွေ အတွက်ကောင်းပြီး နောက်တစ်ချက်က အပြင်ထွက်လို့နာရီဝက်ကြိုလိမ်းရတဲ့ အရာမဟုတ်သလို မကောင်းတဲ့ အချက်က မျက်နှာမှာ white cast လို့ ခေါ်တဲ့ အဖြူရောင် အဖတ်လေးတွေကျန်နေတတ်တယ် အထူးသဖြင့် အသားညိုတဲ့ လူတွေဆို အရမ်းသိသာတယ်😘
2- Chemical Sunscreen ကြ Avobenzone , Oxybenzone လို့ရေးထားရင် chemical sunscreen ဖြစ်ပြီး 😘ကောင်းတဲ့ အချက်က လိမ်းလိုက်ရင် အသားထဲကို စိမ့်ဝင်ပြီး သက်တောင့်သက်သာဖြစ်စေတယ်light weight ဖြစ်လို့ သို့ပေမယ့် sensitive skin type တွေအတွက် အဆင်မပြေသလို non recommend ပါနော်
3- နံပါတ် ၃ sunscreen ကတော့ Hybrid Sunscreen လို့ခေါ်ပြီး physical sunscreen နဲ့ chemical sunscreen ကို ပေါင်းပြီး ထုတ်ထားတာဖြစ်လို့
ကောင်းတဲ့အချက်က physical sunscreen လိုကြိုလိမ်းစရာမလို chemical sunscreen လို လိမ်းထားရင်လည်း ပေါ့ပေါ့ပါးပါးဖြစ်တယ်
မကောင်းတဲ့အချက်ကတော့ sensitive skin သမားတွေဆို သတိထားသုံးပေးရပါတယ်နော်
Summaryအနေနဲ့ပြောရမယ်ဆို sunscreen အမျိုးအစား ရွေးချယ်ရာမှာ အရေးကြီးဆုံးက ကိုယ့် skin type နဲ့ လိုက်ဖက်တာကိုရွေးချယ် အသုံးပြုတတ်ဖို့ လိုပါတယ်နော်
Generally အနေနဲ့ပြောရမယ်ဆို skin type ၅ မျိုးခွဲခြားပြီး သိသင့်ပါတယ်နော်
1- oily and acne prone skin type ရှိတဲ့သူတွေအတွက်က sunscreen ဗူးရဲ့နောက်ခြမ်းက formulation ကိုကြည့်ပြီးသုံးသင့်တယ် Gel-Based, Water-Based, Oil -Free , Non- Comedogenicဆိုတဲ့ စကားလုံးလေးတွေပါရင် အဆီပြန်သမားတွေ ရွှေချယ် အသုံးပြုသင့်တယ်
အဆီပြန်သမားတွေရှောင်ရမှာက Cream-Based, Lotion- Basedတွေကို ရှောင်နိုင်ရင် အကောင်းဆုံးဖြစ်ပြီး
2-Dry Skin သမားတွေအတွက်ဆို ရွေးချယ်အသုံးပြုသင့်တာက cream-Based, Lotion- Based တွေကို ရွေးချယ် အသုံးပြုသင့်ပြီး ရှောင်ရန်ကတော့ Gel-Based,Alcohol-Based တွေနဲ့ ထုတ်ထားတဲ့ဟာဆို skin ကို ပိုပြီးခြောက်စေလို့ မသုံးသင့်ပါဘူးနော်
3- Sensitive skin သမားတွေအတွက်ဆို physical sunscreen ကိုလိမ်းပေးသင့်ပြီး chemical sunscreen ကိုရှောင်ပေးရပါမယ်နော်
4- Combination skin type သမားတွေ အတွက်က ပြောင်းသုံးပေးတာ အကောင်းဆုံးဖြစ်ပြီး တစ်ခါတစ်ရံ အသားအရေခြောက်နေချိန် Cream-Based, Lotion-Based လေးတွေသုံးပေးသင့်ပြီး အဆီပြန်ချိန်ဆို Gel- Based, Water- Based လေးတွေ ပြောင်းသုံးပေးသင့်ပါတယ်နော်
5- Normal skin Type သမားတွေအတွက် Physical Sunscreen, Chemical Sunscreen, Hybrid Sunscreen အဆင်ပြေတာကို ရွေးချယ် အသုံးပြုသင့်ပါတယ်နော်
US/ Canada နဲ့တစ်ခြား Europe နိုင်ငံသမားတွေ အတွက်က BioDerma ကတော့ ရှာရတာ အလွယ်ဆုံးဖြစ်လို့ ပုံထဲက ဟာလေးတွေကို ရှာပြီး ဝယ်နိုင်ပါတယ်
Crd…Shane Kaung
Pharmacy တွေမှာ ဝယ်တာ ပိုစိတ်ချရပါတယ်နော် bioderma ဆို