Human Performance Specialization

Human Performance Specialization Health _Fitness_Performance

26/12/2025

Dead Hang,

လူသိများလာတဲ့ Dead Hang လေ့ကျင့်ခန်းဆိုတာ..

တကယ်တော့ Passive Hang ကိုပြောတာဖြစ်ပါတယ်။

Hanging ၃ မျိုးရှိပါတယ်။

Passive Hang, Active Hang နှင့် Dynamic Hang တို့ပဲ ဖြစ်ပါတယ်။

🔹 Move Like A Humanမန္တလေး အပြင်လူတွေ့ သင်တန်းတန်ဖိုးကြီးလှတဲ့ လူ့ခန္ဓာကိုယ်ကို ပြင်ပ Physical Stress အများကြီးပေးစရာမလိ...
24/12/2025

🔹 Move Like A Human
မန္တလေး အပြင်လူတွေ့ သင်တန်း

တန်ဖိုးကြီးလှတဲ့ လူ့ခန္ဓာကိုယ်ကို
ပြင်ပ Physical Stress အများကြီးပေးစရာမလိုပဲ
လူသားဆန်စွာ လှုပ်ရှားတတ်အောင် ပြန်သင်ကြားပေးမယ့် သင်တန်း။

Movement • Strength • Control • Awareness

____________________________
ဒီနေ့ ခေတ်မှာ လူတွေကို ဖျက်ဆီးနေတာက
အထိုင်များလို့ မဟုတ်ပါဘူး

👉
“ အထိုင်များတာထက်ပိုဆိုးတာက
ထိုင်ခုံတွေများနေတာဖြစ်တယ် ” ( Ido Portal )

-ရုံးမှာလည်း ထိုင်ခုံ
-အိမ်မှာလည်း ထိုင်ခုံ
-ကားထဲမှာလည်း ထိုင်ခုံ

လူ့ခန္ဓာကိုယ်က လှုပ်ရှားဖို့ ဖန်တီးထားတာပါ
ဒါပေမယ့် ကျွန်တော်တို့က
နေ့တိုင်း ထိုင်ခုံထဲမှာ လူ့ကိုယ်ကို ပိတ်ထားနေကြတယ်။

🧠 ဒါကြောင့်… Chair Antidote လိုတယ်

ထိုင်ခုံတွေက
မူးယစ်ဆေးလို မသိမသာ ဖျက်စီးတတ်ပါတယ်။
အာရုံကြော
အဆစ်အမြစ်
ကြွက်သား
လှုပ်ရှားမှုအသိအမြင်
အားလုံးကို တဖြည်းဖြည်း ပျက်စီးစေတယ်

ဒီ Antidote က
Stretch တစ်ချို့ မဟုတ်ပါဘူး
Workout တစ်ခု မဟုတ်ပါဘူး ။

လူသားဆန်ဆန် စိတ်လိုလက်ရ လှုပ်ရှားနိုင်ဖို့ပဲ
ဖြစ်ပါတယ်။

__________________
ဒီတစ်ခါ Mandalay မှာ
Gymnastics & Movement Coach – Sayar Sithu နဲ့အတူ
အထူး Offline Practical Class တစ်ခု ပြုလုပ်သွားပါမယ်။

____________

🧠 ဒီသင်တန်းမှာ ဘာတွေသင်မလဲ?

✔️ လူ့ခန္ဓာကိုယ်ရဲ့ သဘာဝလှုပ်ရှားပုံ (Natural Human Movement Pattern)
✔️ Bodyweight & Gymnastics-based Strength
✔️ Joint Control • Mobility • Stability
✔️ Ground Movement & Flow
✔️ နေ့စဉ်ဘဝမှာ အသုံးချနိုင်မယ့် Movement Intelligence

________________________
ဒီသင်တန်းက
❌ အလှအပအတွက်သာ မဟုတ်ပါဘူး
❌ အလေးချိန်၊ ကယ်လိုရီတွက်နည်း မဟုတ်ပါဘူး
👉 လူ့ခန္ဓာကိုယ်ကို သက်သာစွာ အသုံးချနိုင်အောင်
အခြေခံကနေ ပြန်တည်ဆောက်တဲ့ Class ဖြစ်ပါတယ်။
👉 Health - Fitness - Performance အတွက်
အသိပညာပေး သင်တန်းဖြစ်ပါတယ်

_________________________
👥 ဘယ်သူတွေ တက်သင့်လဲ?
• Fitness Trainers
• Athletes & Movers
• Martial Artists / Dancers
• Bodyweight / Calisthenics စိတ်ဝင်စားသူများ
• ကိုယ်လှုပ်ရှားမှုကို အမှန်တကယ် နားလည်ချင်သူများ
Beginner မှ Advanced အထိ အားလုံးအတွက် သင့်တော်ပါတယ်။

____________________________

📍 Class Details
🗓 Date:
• 26 December
• 27 December
📍 Location: Mandalay

______________________________
👨‍🏫 Coaches:
• Human Performance Coach – [U Wai Yan Phyo]
®Founder Of Human Performance Specialization Concept

• Gymnastics & Movement Coach – Sayar Sithu
( Champion Of SEA Fitness Physique)

🔥 Limited Seats – Practical Focused Class
📩 Register / Info – Inbox Now

Move Like A Human.
Train for Life, Not Just for Looks.

သင်တန်းကိုအမှန်တကယ်စိတ်ဝင်စား၍ စောင့်ဆိုင်းနေသူများအား ...PBSC မှ ဒီရက်ပိုင်းအထိလက်ခံပေးနေပါတယ်။
19/12/2025

သင်တန်းကိုအမှန်တကယ်စိတ်ဝင်စား၍ စောင့်ဆိုင်းနေသူများအား ...

PBSC မှ ဒီရက်ပိုင်းအထိလက်ခံပေးနေပါတယ်။

18/12/2025

" Flow တစ်ခုလုံးကို
အခုသင်-အခုလုပ်တတ် တဲ့ PT Client "

Movement Efficiency နဲ့ Kinesthetic Awareness ( အားကစားဉာဏ်ရည် ) ကောင်းတယ်လို့ခေါ်တယ်။

" Move Like A Human အပြင်သင်တန်း "

လူအများစုကPower Training လို့ပြောရင်Clean, Sn**ch, Jerk လို Olympic lifts တွေကိုပဲ ပြေးမြင်ကြပါတယ်။______________ဒါပေမယ့...
16/12/2025

လူအများစုက
Power Training လို့ပြောရင်
Clean, Sn**ch, Jerk လို Olympic lifts တွေကိုပဲ
ပြေးမြင်ကြပါတယ်။

______________

ဒါပေမယ့် O2 Training မှာက
လက်တွေ့ဘဝအတွက် Human Performance ကို
လေ့ကျင့်တာဖြစ်တဲ့အတွက် _

👉 Real life မှာ power ကို အသုံးချရတဲ့အချိန် အတိအကျ တသတ်မတ်တည်းမရှိတာကို
ထည့်စဉ်းစားရတယ်
👉 မ, ရ ပင့်, ရတဲ့ ပစ္စည်းတွေက ( ဆန်အိတ်/သဲအိတ်)
Barbell လို တည်ငြိမ်မနေတာကို ထည့်စဉ်းစားရတယ်

_______________________

🔹 Olympic Training ရဲ့ အဓိကသဘောတရား
( core principle ) ကို ပြောရရင်_


၁။ Ground→ Waist → Shoulder → Overhead

ဒီလိုသွားတာဖြစ်ပါတယ်။

၂။ အလွယ်မှတ်လို့ရ အောင် ပြောရရင် အဆစ်ကြီး ၃ ခုရဲ့
ဆက်တိုက် ဗြောင်းကနဲ ဆန့်ထုတ် မတင်ခြင်း
Triple Extension ပေါ့ဗျာ။
(Ankle–Knee–Hip)

၃။ Rate of Force Development လို့ခေါ်တဲ့ RFD မြင့်တယ်။
👉 အချိန်တိုအတွင်း အင်အားအမြင့်ဆုံး ထုတ်နိုင်စွမ်း

အဲဒီ သဘောတရား တွေကပဲ
လူ့ခန္ဓာကိုယ်က Power ကို ထုတ်ဖို့ အသုံးချတဲ့ နည်းလမ်း ကို သင်ပေးတာဖြစ်ပါတယ် ။

ဒါပေမယ့်—

အားကစားအဆင့် O-Lift တွေကိုကြည့်ရင် _
လက်တွေ့ဘဝမှာ သာမန်လူအတွက်
တကယ်ကို မလွယ်ကူတဲ့ Training ဖြစ်နေလို့
ယူသုံးရန် အင်မတန်ခက်ပါတယ်။

သူ့မှာက_
∆ Barbell တည်ငြိမ်တယ်

∆ Grip နေရာ မပြောင်းသွားဘူး /
အပြင်မှာ ဆန်အိတ်ပင့်သလို လက်လွှတ်တာ ရွှေ့ပြီးကိုင်ကြည့်တာမျိုး မရှိဘူးပေါ့ဗျာ။

∆ Load distribution မပြောင်း
( အလေးက ပုံသေတပ်ထားတဲ့ Rigid အဆိုင်အခဲကိုး)

ဒါတွေကြောင့်
လူတိုင်း ဆန်အိတ်/သဲအိတ် မ,နိုင် ပေမယ့်
Olympic Lifter ဖြစ်မသွားဘူးလို့ ဆိုလိုချင်တာပါ။

∆‌ နောက်တစ်ချက်က အားကစားအဆင့် မှာက Controlled environment ဖြစ်တယ်
(လုံခြုံတယ် / ဘေးကင်းတယ် )

_____________________________________

🔹ဒါဆိုရင် မိမိက Everyday Athletes အဖြစ်နဲ့
အလေးမ ကစားသမားလို
စွမ်းဆောင်ရည် Power လိုချင်ရင်_

လက်တွေ့ဘဝမှာ—

∆ မြေပြင်ပေါ်က အလေးကို မတည်ငြိမ်တဲ့အနေအထားနဲ့ ကောက်ရတယ်

∆ Grip မတည်ငြိမ်

∆ Load က ခန္ဓာကိုယ်နဲ့ မညီ

∆ ခါး၊ ခြေထောက်၊ Core ကို
အချိန်တပြိုင်နက် ချိတ်ဆက်အသုံးချရတယ်

ဒါကြောင့် ပြန်ခြုံကြည့်ရင်

Ground → Waist → Shoulder → Overhead

ဆိုတဲ့ Pattern ဟာအတူတူပဲ။

__________________________
ဒါဖြင့်ရင်---
🔹 O-Lift vs Odd-Object / Real-Life Liftsကို
ယှဉ်ကြည့်မယ်ဆိုရင်

O-Lift က
👉 Power “ဘယ်လိုထုတ်ရမလဲ” ကို သင်ပေးတယ်

Odd-Object / Ground Lifts က
👉 Power “ဘယ်လိုထိန်းပြီး အသုံးချရမလဲ” ကို သင်ပေးတယ်

___________
Science အမြင်နဲ့ပြန်ခြုံကြည့်ရင် —

O-Lift → Power Production

Odd-Object Lift → Power Expression + Power Control

လက်တွေ့ဘဝမှာ အားထုတ်နိုင်စွမ်းမြင့်ဖို့လဲလိုသလို
ကြုံရာကျပန်း အလေးအပင့် တွေကို မတဲ့အခါ
ထိန်းချုပ်နိုင်စွမ်းလည်းလိုပါတယ်။

ဒီတော့ဗျာ _
Barbell ကိုသုံးပြီးတော့
အလေးမချန်ပီယန် တွေလိုပဲ
လေ့ကျင့်နိုင်ရင် လေ့ကျင့်ပါ ၊ အားပေးပါတယ်။

အလေးမအားကစားဟာ
လက်တွေ့ဘဝထဲကပဲလာတဲ့
အားကစားဖြစ်တယ် / သဘာဝ အားကစားဖြစ်တယ်။

အဲ့လို မလေ့ကျင့်နိုင်ရင် ဘဝအတွက် အရေးကြီးတဲ့
"သက်စောင့် Power " ကို
မိမိမှာရှိတဲ့ ပစ္စည်း " Odd Object" တွေနဲ့
လေ့ကျင့်ရင်လည်း ရတယ်။

ထားပါ.....
ဘယ်လိုပဲ လေ့ကျင့် , လေ့ကျင့်_
ဘာနဲ့ပဲ လေ့ကျင့် , လေ့ကျင့် _

Power Training ရဲ့ နည်းစနစ်လမ်းကြောင်းဖြစ်တဲ့
🔹 Ground To Waist / Shoulder / Overhead
ဆိုတဲ့ ဒီ movement chain မှာ—

∆ Lower body က Force generator

∆ Core က Force transmitter

∆ Upper body က Force applicator

ဒီလိုလေး မှတ်သားနိုင်ပါတယ်။

______________________________________
သတိပြုရမှာက ဒီ chain တစ်ခုထဲမှာ—

Timing မမှန်ရင် power ပျက်မယ်

Core မတည်ငြိမ်ရင် force leak ဖြစ်မယ်

Grip မထိန်းနိုင်ရင် energy loss ဖြစ်မယ်

________________________

ဒါကြောင့်
Real-life ground lifts တွေက—

∆ Power

∆ Coordination

∆ Stability

∆ Anti-rotation

စတာတွေကို တစ်ခါတည်း လေ့ကျင့်ပေးတယ်။

______________________________

🔹 အဆုံးသတ်ပြောချင်တာကတော့_

သန်စွမ်းချင်လို့ လေ့ကျင့်ခန်းလုပ်တော့မယ်ဆိုရင်_

Power ဆိုတာ
အလေးကို မြန်မြန်တင်နိုင်တာတစ်ခုတည်း မဟုတ်ပါ။

👉 မတည်ငြိမ်တဲ့အခြေအနေမှာတောင်
အင်အားကို မပျက်မယွင်း အသုံးချနိုင်ခြင်းကို တကယ့် လက်တွေ့ဘဝရဲ့ Power လို့ခေါ်နိုင်ပါတယ်။

________________________

ဒါကြောင့် ဒီနေ့အတွက် ဆောင်ပုဒ်ကို မျှဝေရရင်_

O-Lift Training က
အခြေခံဘာသာရပ်

Odd-Object + Ground Lifts က
လက်တွေ့ဘဝအတွက် စာမေးပွဲ

Power Training , Strength-Speed Training နယ်ပယ်ရဲ့ စကားနဲ့ ပြောရရင်_

Ground to life ဖြစ်အောင် လေ့ကျင့်ပါ။
Not ground to mirror မဖြစ်ပါစေနဲ့ ။




တစ်ခါတစ်လေမှာ Bodyweight လေ့ကျင့်ခန်းလေး တွေပဲကွာ ...လွယ်လွယ်လေးပါဆိုပြီး...တကယ်ခိုင်းကြည့် တော့Trainer တွေကိုယ်တိုင်မလု...
15/12/2025

တစ်ခါတစ်လေမှာ
Bodyweight လေ့ကျင့်ခန်းလေး တွေပဲကွာ ...
လွယ်လွယ်လေးပါဆိုပြီး...

တကယ်ခိုင်းကြည့် တော့
Trainer တွေကိုယ်တိုင်မလုပ်နိုင်တာရှိတယ်

ခွန်အားမရှိတာလည်းမဟုတ်ဘူး ၊

အလေးကိုထမ်းပြီး
Lunges Exercises တွေလုပ်နိုင်တယ် ၊
ဒါပေမယ့် pistol squat ကိုမလုပ်နိုင်တာ ၊

Sissy Squat Machine မှာ
အလေးပြားရင်မှာပိုက်ပြီး လုပ်န်ုင်ပေမယ့် ၊
Knee Over Toe Squat ကို မလုပ်တတ်ဘူး ၊

Adductor Machine မှာ
ပေါင်အတွင်းကြွက်သားတွေနဲ့ အလေးများများ
ဆွဲ ညှစ်နိုင်ပေမယ့် ၊
Butterfly Get Up ကို လုံးဝမလုပ်နိုင်ဘူး။

ရှင်းရှင်းပြောရရင်တော့ ...
မလေ့ကျင့်လို့ မလုပ်နိုင်တာ ပေါ့ဗျာ ၊
လေ့ကျင့်မယ် / အသုံးပြုမယ်ဆိုရင်
လူတိုင်း လုပ်နိုင်ပါတယ်။

တကယ်တော့ လေ့ကျင့်ခန်းတွေရဲ့ထိရောက်မှု ၊
သက်ရောက်မှု နဲ့ အကျိုးရလဒ်ဆိုတာ တွေကို
Shape , Physique , Muscle Tone တွေနဲ့
မြန်မာလိုကြီး သတ်မှတ်လိုက်ကြလို့ပါ။

Pattern လိုအပ်ချက်မြင့်မားတဲ့ လေ့ကျင့်ခန်းတွေ ၊
အာရုံစူးစိုက်အားထုတ်မှုလမ်းကြောင်း လိုအပ်ချက်
မြင့်မားတဲ့ လေ့ကျင့်ခန်း တွေကို လုပ်ရင်
ရလာမယ့် ကြံ့ခိုင်မှုကို မမြင်ပဲ ၊
"ဒီလေ့ကျင့်ခန်းက ဘယ်ကြွက်သားကိုထိတာလဲ "ဆိုတဲ့ အဆင့်မှာပဲ ရပ်တန့် နေကြလို့ပါ။

ဒါတွေဟာ ဘာကြောင့်လဲ ဆိုရင်
မိမိတို့ လုပ်ခဲ့သမျှ လေ့ကျင့်ခန်းတွေက
ကြွက်သားကိုလေ့ကျင့်တည် ဆောက်တဲ့နေရာမှာ
ကြွက်သားရဲ့ flexibility, Integration ပါဝင်မှု မရှိခဲ့လို့ပဲ။

အဆစ်တစ်ခုထပ်ပိုပြီး လှုပ်ရှားရတဲ့
ခြေလွှတ်၊လက်လွှတ် Open Kinetic Chain Exercise တွေကိုမလုပ်ဖြစ်ကြပဲ ၊
ကြွက်သားအုပ်စု အလိုက်ပဲ လေ့ကျင့်ခန်း လုပ်ခဲ့ကြလို့ပဲ။

ခြုံပြီးပြောရရင်
မွေးကတည်းကတစ်ဆက်တည်း ပါလာတဲ့
ဒီခန္ဓာကိုယ်ကို ကြံ့ခိုင်အောင်
လေ့ကျင့်ခန်းလုပ်ပါတယ်ဆိုကာမှ ၊
ပူပေါင်းအားစိုက်ထုတ်နိုင်စွမ်း မရှိ ၊
Integration မရှိ ဖြစ်နေရတာမျိုးပဲဗျ။

ကိုယ်တိုင်က Online Training ပေးနေတဲ့
နည်းပြလည်းဖြစ်တယ် ၊
Bodyweight Exercise တွေကို
ကောင်းကာင်းအသုံးချ Program ရေးဆွဲနိုင်ချင်တယ် ၊

ကိုယ့်ကိုယ်ကိုလည်း လှုပ်ရှားနိုင်စွမ်း နဲ့
Skill တွေ Upgrade လုပ်ချင်တယ်ဆိုရင်
Pain Free Bodyweight Specialist Course (PBSC) ကို တက်ရမှာဖြစ်ပါတယ်။

သင်တန်းတစ်ခုစီတိုင်းက နောက်ထပ် Level ကို
တက်စေပါလိမ့်မယ်။

ဝေယံဖြိုး (ထာဝရ ဆေးကျောင်းသား)








" Boxing ကစားနေတဲ့ လူငယ်တွေ ဒီသင်တန်းကို တက်သင့်လား " ဆိုတဲ့ မေးခွန်းကို ဖြေပေးလိုက်ပါတယ်။Martial Art ( သိုင်းသမားတွေ ) ...
15/12/2025

" Boxing ကစားနေတဲ့ လူငယ်တွေ
ဒီသင်တန်းကို တက်သင့်လား " ဆိုတဲ့ မေးခွန်းကို
ဖြေပေးလိုက်ပါတယ်။

Martial Art ( သိုင်းသမားတွေ ) ၊
ရိုးရာ လက်ဝှေ့ ၊ ဘောက်ဆင်....
စသဖြင့် သော Combat Athletes တွေအားလုံးဟာ
Gym ထဲမှာ ကြွက်သားချည်းပဲများချင်တာမဟုတ်ဘဲ..

တိုက်ပွဲအတွက် အသုံးချနိုင်တဲ့ အင်အားကို
ပိုလိုအပ်ပါတယ်။

လိုတိုရှင်း ဖြေရရင်...

👉 ဒီ Training က ကြည့်လှဖို့မဟုတ်
👉 တိုက်ခိုက်နိုင်ဖို့ ဖြစ်တယ်

___________________

Odd-Object Strength-Speed Training
ဆိုတာ Barbell ပေါ်ကိုအလေးတင်ပြီး
ထိုင်တွန်းနေရမယ့် Training မဟုတ်ဘူး ။

မတည်ငြိမ်တဲ့ အလေးတွေကို အသုံးပြုပြီး
Real-Fight Power ကို ဖန်တီးတဲ့ System ဖြစ်တယ်။

---------------

🥊 Combat Athlete တွေအတွက် ဘာကြောင့်လိုအပ်လဲ?

နံပါတ်၁ ။

တိုက်ခိုက်တဲ့အချိန်မှာ
မိမိကိုယ်နေဟန်ထား / ပြိုင်ဖက်ရဲ့ Bodyကလည်း တည်ငြိမ်မနေဘူး ။

နံပါတ် ၂။

စိုက်ထုတ်ရတဲ့အား ( Force ) က
တစ်လမ်းသွား/တစ်ပိုင်းသေ မဟုတ်ဘူး။

Rotation, Anti-rotation, Balance, Grip
အကုန်ပါဝင်နေတယ်

ဒါကြောင့်
Odd-Object Training က
Fight reality နဲ့ အနီးဆုံး Training ဖြစ်တယ်။

-------------------

🔩 Landmine-Focused Tactical Training

ဒီ Course ရဲ့ အဓိကက
Landmine Strength-Speed Training အမျိုးအစား
ဖြစ်ပါတယ်။

Landmine သုံးတဲ့ လေ့ကျင့်ခန်းတွေက—

∆ ခြေထောက် → ခါး → Core → လက် ...ဒီလိုအတွဲလိုက် တစ်လျှောက်လုံးကို
Force transfer လုပ်နိုင်စေတယ်။

∆ Punch, Elbow, Knee တွေအတွက်
Rotational power ကို တိုက်ရိုက်တိုးစေတယ်။

∆ မိမိရဲ့ ကိုယ်ထည် ဒေါက်တိုင် နဲ့ အောက်ခြေကို
ယိမ်း နေစဉ် ၊ လှုပ်ရှားနေစဉ်မှာတောင်
Force ကို ထိန်းနိုင်စေတယ်။

------------------

🪨 Sandbag & Odd Object Power

Sandbag, Stone, Odd Objects တွေက—

∆ မိမိရဲ့ Grip Strength ကို လိမ်လို့မရ ၊
Body တစ်ခုလုံးကို နေရာကွက်ချန် လေ့ကျင့်လို့မရ၊
ဒီ့အပြင် ...
Opponent ကို ထိန်းထားသလို
မတည်ငြိမ်တဲ့ Load ကို ထိန်းရပါတယ်။

Combat စကားနဲ့ ပြောရရင်_
👉 Clinch, Takedown, Carry, Control
အကုန်လုံးအတွက် အင်အားဖြစ်တယ်။

----------------

⚔️ Steel Mace – Rotational Weapon Training

Steel Mace Training က—

∆ Shoulder နဲ့ Core ကို 3D အနေအထားနဲ့ အလုပ်လုပ်စေတယ် ။
( ၃ ဖက် ပတ်လည် လှုပ်ရှားရတာကို ပြောတာပါ /
အမြင်လှတဲ့ 3D Shoulder ကို ပြောတာမဟုတ်ပါ )

∆ Rotation ကို ခံနိုင်အောင်
Anti-rotation strength တိုးစေတယ်။

∆ Uppercut, Hook, Diagonal strike power ကို တိုက်ရိုက်တိုးစေတယ်။

ရှင်းရှင်း ပြောရရင်_
👉 လက်မောင်းကြီးအောင် လုပ်တာထက်
👉 လက်မောင်းကို လက်နက်လို သုံးနိုင်အောင်
လုပ်တယ်

-------------

🧠 ဒီ Training နဲ့ တိုးလာမယ့် အရာတွေက_

∆ Strength under fatigue

ကြွက်သားတစ်ခုတည်းက စိုက်ထုတ်တဲ့ခွန်အားမျိုးကို
လေ့ကျင့်တာ မဟုတ်တဲ့ အတွက် -

လက်ပန်းကျ နေသည့်အချိန်ထိအောင်
အားထုတ်လမ်းကြောင်းကို
မိမိရရ လေ့ကျင့်ထားတာဖြစ်လို့
ခွန်အား ကို လျှော့တွက်လို့မရတော့ဘူး။

∆ Explosive strength speed

အချိန်တိုအတွင်းမှာအပြီးသတ် ကိစ္စဖြတ်တဲ့
ပေါက်ကွဲအားကို မြန်မြန်ထုတ်နိုင်ဖို့ လေ့ကျင့်တဲ့
Exercise Pattern တွေ ဖြစ်နေတဲ့အတွက် Explosive ဖြစ်တယ် ၊ Strength-Speed ပါတယ်။

∆ Core armor (ခါးမကျိုး၊ အင်အားမပျက်)

မိမိခန္ဓာကိုယ်မှာ အဓိက အားအင်လွှဲပြောင်းမှု တွေလုပ် နေရတဲ့ Core ( ကိုယ်ထည် ) ကြီးဟာ
ကွန်ယက်တစ်ခု Vs ကျည်ကာတစ်ခု ကဲ့သို့
လိုသလို အသုံးချနိုင်သွားမယ်။

∆ Real-world usable power

လက်တွေ့ဘဝရဲ့ အရေးကြီးဆုံး အသက်ကယ် အခြေ အနေ တွေမှာ အလိုအပ်ဆုံးဖြစ်တဲ့ Power ကို
တည်ဆောက် ပေးတာဖြစ်တဲ့အတွက်
Human Performance တည်ဆောက်ချင်တဲ့
Everyday Athletes တွေလည်း သင့်တော်တယ်။


∆ Fightendurance + control

ရေရှည်မှာ Training အပေါ် ခံနိုင်ရည်မြင့်လာလေလေ
Adaptation ကောင်းလေ ဖြစ်ပြီး
ရလဒ်ဖြစ်တဲ့ စွမ်းဆောင်ရည်ဟာလည်း
ကြာရှည်သက်လုံကို မြင့်တင်ပေးလို့ရပါတယ်။

-------------------

စိတ်ဝင်စားသူ လူငယ် ကစားသမားများအတွက်

🗓️ Course Structure

⏱ Duration – 6 to 8 Weeks

∆ Strength + Strength-Speed sessions

∆ Landmine / Sandbag / Steel Mace drills

∆ No bodybuilding split

∆ No machine-based illusion

👉 Fighter mindset နဲ့ Fighter body တည်ဆောက်မယ့် course

---------------

မိမိက Ring, Street, Reality ထဲမှာ
strong ဖြစ်ချင်တယ်ဆိုရင်....

ဒီ Training က အသင့်တော်ဆုံးပါပဲ။

📩 O2 Training ကို Join ရန်
📍 Human Performance Specialization
📍U Wai Yan Phyo ( 09975688285 )

🔥 O2 TRAINING (Odd-Object Strength Training)( သင်တန်းအသစ် အသိပေးကြော်ငြာခြင်း )📅 Start Date – January 15🎂 ကျွန်တော့်ရဲ့ ...
14/12/2025

🔥 O2 TRAINING (Odd-Object Strength Training)

( သင်တန်းအသစ် အသိပေးကြော်ငြာခြင်း )

📅 Start Date – January 15
🎂 ကျွန်တော့်ရဲ့ မွေးနေ့အထိမ်းအမှတ်သင်တန်း
📍 Human Performance Specialization

---

❝လက်‌တွေ့ဘဝ ခွန်အားဆိုတာ အလုံပိတ်ရုံထဲမှာ
အံကိုက်အညီအညာ ဖန်တီးထားတဲ့ ပစ္စည်းတွေနဲ့ တည်ဆောက်မှ ရနိုင်တာမဟုတ်ပါ။

မပြည့်စုံ မညီညာတဲ့ ပစ္စည်းတွေ နဲ့လည်း
Performance ကိုတည် ဆောက်နိုင်တယ် ❞

____________________________________

Odd-Object ဆိုတာဘာလဲ ?

Odd-Object ဆိုတာ ဘက်မညီ/ဟန်မမျှတဲ့ အလေးဝန် ပစ္စည်း ကိရိယာ တွေကို ဆိုလိုပါတယ်။

သဘာဝအရဆိုရင် ကျွန်တော်တို့လူသားတိုင်းဟာ
ဒီလို ဘက်မညီ/ဟန်မမျှတဲ့ အလေးဝန်တွေနဲ့
နေ့စဉ်ဘဝမှာ ထိတွေ့ နေရတာဖြစ်ပါတယ်။

Gym မှာ လေ့ကျင့်ခန်းလုပ်တဲ့
အလေးတုံး / Gym စက် တွေဟာ..
သဘာဝနဲ့သွေဖယ်ပြီး
တမင် ညီညာ/မျှတ အောင်လုပ်ထားတာဖြစ်ပါတယ်။

_____________________________________

O2 Training ဟာ ......

Gym ထဲမှာပဲဖြစ်ဖြစ် ၊
Home training လုပ်တဲ့ Home Athletes ပဲဖြစ်ဖြစ်,
Everyday Athletes ပဲဖြစ်ဖြစ် ,
Performance-oriented Lifters တွေအတွက်
ဒီဇိုင်းလုပ်ထားတဲ့ Training System ဖြစ်ပါတယ်။

Strength + Endurance + Speed + Real-World Performance ကို ဦးတည်တာဖြစ်ပါတယ်။

-----------------------

🔹 ဒီသင်တန်းဟာ ဘယ်သူတွေအတွက်လဲ?

∆ Gym သွားပေမယ့် “machine strength” မဟုတ်ဘဲ "usable strength" လိုချင်သူ

∆ Home training လုပ်ပြီး performance တိုးချင်သူ

∆ Odd objects ကို ကြောက်မနေပဲ
Full Body Integration ကို တည်ဆောက်ချင်သူ
( Gym ကအလေးတုံးတွေနဲ့ လက်တွေ့ဘဝရဲ့ အလေးတုံး တွေဟာ လုံးဝမတူတဲ့အတွက် )

∆ Strength endurance, strength speed ကို တစ်ခါတည်း တိုးချင်သူ

∆ “Lift heavy only” မဟုတ်ဘဲ move strong လိုချင်သူ

( အလေးကြီးကြီးမားမားကို
အိပ်ပြီး/ထိုင်ပြီး/မှီပြီး မနိုင်ဖို့ထက်
လက်တွေ့ဘဝမှာ ကိုယ့်အားကိုယ်ကိုးရတဲ့အခါ
အလေးဝန်ကို သယ်ဆောင်/ရွှေ့ပြောင်း/မတင်/ဆွဲချ/လွှဲပစ် ရတဲ့အတွက် )

-----------------------------

🔹 Training Tools & Focus

ဒီ course မှာ အသုံးပြုမယ့် tools တွေက—

∆ Landmine (Main Focus)

∆ Sandbag (Main Focus)

∆ Steel Mace ( Main Focus )

∆ Bulgarian Bag

∆ Resistance Bands

∆ Suspension Training

👉 Barbell ကို copy လုပ်မယ့် odd-object training မဟုတ်ပါ
👉 Odd-object ကို odd-object အနေနဲ့ပဲ သင်ပေးမယ့် system ဖြစ်ပါတယ်

---

🔹 သင်တန်းကြောင့် ဘာတွေ ပြောင်းလဲသွားမလဲဆိုရင်

∆ Total-body integration

•လေ့ကျင့်ခန်းတစ်ခုတိုင်းက တစ်ကိုယ်လုံးချိတ်ဆက်အသုံးပြုရတဲ့ Skill Based ဖြစ်တာကြောင့်
တစ်သက်တာ အသုံးဝင်ပြီး ၊
ခန္ဓာကိုယ်ထိန်းသိမ်းနိုင်ဖို့ ဦးနှောက်ထဲမှာ
လက်နက်တစ်ခု တပ်ဆင်ထားသလိုဖြစ်သွားမယ်

∆ Grip-to-core-to-ground force transfer

•လက်ဖျား ၊ ခြေဖျား မှတစ်ဆင့် ကိုယ်ထည်အထိအတွင်းအား လွှဲပြောင်း ညှစ်ထုတ်နိုင်တဲ့
စွမ်းဆောင်ရည်ကြောင့် အလေးအပင်မတဲ့အခါ
ဒဏ်ကင်းမယ်

∆ Strength endurance (long-lasting output)

• Strength Training တွေထဲမှာ ဘဝအတွက် အရေးကြီးဆုံး သော Strength Endurance အမျိုးအစား ကို လေ့ကျင့်တတ်မယ်

∆ Strength speed & control

•အလေးဝန်တစ်ခုကို လျင်လျင်မြန်မြန် အားစိုက် ရွေ့လျား နိုင်ဖို့ ဟန်ချက် နှင့် နည်းစနစ် လိုပါတယ်

∆ Real-life carry, lift, push, pull capacity

•၁ နာရီသာအချိန်ပေးရတဲ့ Gym ထဲမှာသန်မာတာထက်
ပြင်ပလက်တွေ့ဘဝမှာ အချိန်တိုင်း သန်စွမ်းခြင်းက ခန္ဓာကိုယ်အတွက် အလုံးစုံသော အကျိုးကျေးဇူးကို တည်ဆောက်‌ပေးပါတယ် / ပြောင်းလဲပေးပါတယ်

" Gym strength ကို life strength အဖြစ်
ပြောင်းပေးမယ့် Training System "

---

🔹 Course Structure (Updated)

📆 သင်တန်းကာလ – ၆ ပတ် မှ ၈ ပတ်ခန့်
(1–2 Months / လက်တွေ့လုပ်ဆောင်မှုများပါဝင်သည် )

သင်ခန်းစာတစ်ခု ကျေညက်စွာ လေ့ကျင့်ပြီးမှ
အသစ်တိုးပေးသွားမည်။

Live တိုက်ရိုက် သင်ကြားခြင်း နှင့်
Video သရုပ်ပြ ပုံစံ ပူးတွဲ သင်ပါမည်။

သီအိုရီထက် လက်တွေ့ လေ့ကျင့်တာ ပိုများပါမည်။


သင်တန်းမှာပါဝင်သည့်
အကြောင်းအရာ အသေးစိပ်ကို
သင်တန်းစတင်သည့် အတောအတွင်းမှာသာ
ချပြပါမည်။

⚠️ ဤသင်တန်းသည် ကျွန်တော်ရဲ့
ဖွင့်ခဲ့သမျှ အခြားသင်တန်းများနှင့်မတူသော တိုက်ရိုက်သင်တန်းဖြစ်ပါတယ်။

✅ This is a living system, updated with practice + science

---

💰သင်တန်းကြေး (Course Fee)

120,000 Kyats ( တစ်သိန်း ၂ သောင်းကျပ် )

(One-time fee / Full access to updates during course period)

---

🔹 ဘာကြောင့် စောစာအပ်သင့်သလဲဆိုရင်

ဒီ O2 Training က
📌 Fitness trend ကိုလိုက်တဲ့ course မဟုတ်ပါ
📌 Fitness နယ်ပယ်ကို educate လုပ်မယ့်
course ဖြစ်ပါတယ်
📌ကျွန်တော်ရဲ့သင်တန်းတိုင်းဟာ Fitness နယ်ပယ်မှာ ရှေ့ကပြေးပါတယ်

ဒါကြောင့်

စောစာအပ်လျင် , ရှေ့က ရောက်မယ် ,

စောစာအပ်လျင် ,အနှစ်သာရကို
အရင်ဆုံးသိရမယ် ,

စောစာအပ်လျင်, fitness နယ်ပယ်ထဲက
အတက်ကြွဆုံးသော ဝါသနာတူ တွေနဲ့
Community ကောင်းတစ်ခုရလာမယ်။

---

📩 သင်တန်းအပ်ရန်

DM / Messenger – Human Performance Specialization /

09975688285 ( KBZ Pay - U Wai Yan Phyo )

---

🧠 ဒီသင်တန်းရဲ့ ဆောင်ပုဒ်

> “Strength isn’t about how much you lift in perfect conditions.
It’s about how well you perform in imperfect ones.”

January 15 —
Odd-Object Strength Training (O2 Training)

Bodyweight Training သီးသန့်နဲ့လုံလောက်တဲ့ Transformation လုပ်လို့ရနိုင်ပါ့မလား ?၁၀၀ % ရပါတယ်။ကြွက်သားကြီးထွားဖို့လား ?သီ...
06/12/2025

Bodyweight Training သီးသန့်နဲ့
လုံလောက်တဲ့ Transformation လုပ်လို့ရနိုင်ပါ့မလား ?

၁၀၀ % ရပါတယ်။

ကြွက်သားကြီးထွားဖို့လား ?

သီအိုရီအရ ဘက်စုံစနစ်တကျ သိပ္ပံနည်းကျ
အလေးဝန်တွေနဲ့ လေ့ကျင့်တဲ့သူဟာလည်း
သဘာဝအတိုင်းရနိုင်မယ့်
ကြွက်သားထုပဲရမယ်။

Genetic ကောင်းလို့ သဘာဝအတိုင်း ကြီးထွားမှု
ကောင်းသူဟာလည်း ....
အလေးနဲ့ပဲဆော့ဆော့
Bodyweight ပဲဆော့ဆော့ အဲ့ဒီအတိုင်းပဲရပါမယ်။

ဘာကွာမှာလဲဆိုရင်....

Bodyweight သမားက

Relative strength ၁၀၀% တက်မယ်၊

Human flag , Handstand Push Up လို skill တွေမှာ
Relative Max Strength ပါရနိုင်မယ် ၊

Muscle up လို skill တွေမှာ Strength Speed ကိုပါရနိုင်တယ်၊

Push Up Clap လို Variations တွေမှာ
Speed strength နဲ့ explosive plyometric ပါရနိုင်မယ်၊

Hypertrophy ကိုတော့ သဘာဝအတိုင်းရနိုင်တဲ့
Score ကို အချိန်ပိုပေးပြီးမှ ရနိုင်မယ်။

ဒါပေမယ့် တစ်လျှောက်လုံးမှာ
လက်တွေ့အသုံးဝင်တဲ့
အလုပ်လုပ်တဲ့ ကြွက်သားတွေ ဟာ အပိုဆုတွေနဲ့တကွ
တဖြည်းဖြည်း ရရှိပါတယ်။

Bodyweight Training ကို
တစ်ဖက်ကမ်းခတ်ကျွမ်းကျင်ပြီး ,
မိမိကိုယ်တိုင်လည်း personal skill မြင့်တက်စေတဲ့အပြင်
ရင်းနှီးမြှုပ်နှံမှု လိုအပ်ချက် အနည်းဆုံးသော
ကိုယ်ပိုင်လုပ်ငန်းကို စတင်နိုင်ဖို့....

ကျွန်တော့်ရဲ့ Pain Free Bodyweight Specialist Course
ကို Join နိုင်ပါပြီခင်ဗျာ။

သင်တန်းစတင်ရန် ၁၀ ရက်သာလိုပါတော့သည်။

သင်တန်းအသေးစိပ် -

https://www.facebook.com/share/p/1G26vifzmZ/

05/12/2025

Movement Training ကိုစတင်လေ့ကျင့်သူများအတွက်-
IMT Campaign ✅

______
ကျွန်တော်ရဲ့ စံပြုထားရသူပုဂ္ဂိုလ်များဖြစ်တဲ့-

Ido Portal ရဲ့ ထင်ရှားသော Movement များ_

∆ Dead Hang
∆ Resting Squat
∆ Diagonal Stretch

Natural Movement Training ( Movnat ) ရဲ့-

∆ Foot Hand Crawl
∆ Tripod Transition
∆ Locomotive/ Transition/ Combative

စသည့် များကို မျှဝေလာခဲ့သည်မှာ နှစ်ကာလရှည် ကြာခဲ့ပါပြီ။

ယခုအချိန်မှာတော့ လက်တွေ Technique များကို
Sharing လုပ်ပေးသွားပါမည်။

( Intermittent Movement Training )

လူပေါင်းများစွာကိုအဝလွန်စေတဲ့ Matrix ကြီးကိုဘယ်ကောင် တွေ ချုပ်ကိုင်ထားသလဲ?∆ Calorie Labelled Junk Foodကယ်လိုရီပမာဏ ပြထား...
05/12/2025

လူပေါင်းများစွာကိုအဝလွန်စေတဲ့ Matrix ကြီးကို
ဘယ်ကောင် တွေ ချုပ်ကိုင်ထားသလဲ?

∆ Calorie Labelled Junk Food
ကယ်လိုရီပမာဏ ပြထားတဲ့
ကျန်းမာ ရေး နှင့် မညီသော အစားအစာများ
(_ဥပမာ / Soft Drinks အမျိူမျိုး)
ကယ်လိုရီပမာဏ ပြထားတယ် ၊
ကယ်လိုရီလည်း နည်းတယ် ၊ သို့သော် မထိုက်တန်သောအစားအစာများ ။

∆ စီးပွားဖြစ် Bodytransformation နည်းပြများ
-မှိုလိုပေါက်နေတဲ့ ဝိတ်ချကျွမ်းကျင် ၊
Google Specialist များဟာ
လူတွေကို ကူညီနေတယ်လို့
Cognitive Dissonance အရ
ကိုယ့်ကိုယ်ကို ထင်နေကြပေမယ့်
လူတွေကို ဒီ Matrix ထဲ တွန်းပို့နေတာ ဖြစ်တယ် ။
Completely Well Rounded မဖြစ်တဲ့ Education ကြောင့်
- လေ့ကျင့်ခန်းတွေကို အဆီချဖို့ အတွက်
သက်သက်လုပ်ခိုင်းတာ ၊
- ကယ်လိုရီ လောင်ကျွမ်းဖို့အတွက် လုပ်ခိုင်းတာ ၊
- အစားအစာ တွေကို ကယ်လိုရီနဲ့သာ
စံရည်တွက်ချက်တာ ၊
- ရက်တို Challenges တွေဖန်တီးတာ ၊
- ဝိတ်ချဖို့အတွက်ပဲ Lifestyle ကိုပြောင်းလဲ့ဖို့ မြင်လာတာ
- လူတွေကို ကိုယ်အလေးချိန် အချိုးအစားကိုသာ Chase လုပ်လာစေတာ

∆ ကျွန်တော့်ရဲ့ 3 Barrier ကျဆုံးခဲ့ခြင်း

- Health, Fitness, Performance ဆိုတဲ့
ခံတပ် ၃ ခုကို လူထု မြင်တွေ့ခံစားခွင့်မရခြင်း ၊
- အပေါ်ယံ ရုပ်ထွက် အခြေပြုသော
စံတစ်လွဲ Fitness အတုများ Trend ဖြစ်စေခြင်း

∆ လူအများရဲ့ အိပ်ချိန်ကို စုပ်ယူခြင်း
- Digital Capitalism ခေတ်မှာ
ဖုန်း ၊ မော်နီတာ နှင့် အခြားသော Tools ပေါင်းများစွာ ၊
ပုံစံပြာင်း ဆေးဝါးမျိုးစုံ မှ လူမှုစွမ်းဆောင်ရည်ကို ဆက်တိုက်ထိုးကျ စေကာ အိပ်ချိန်ကို လျော့ စေခြင်း

∆ သကြားကို အလှ ဆင်၍ လိမ်ကျွေးခြင်း
-Decorative Food တွေဟာ ပုံစံမျိုးစုံနဲ့
ကလေးအရွယ် Generation မှာကတည်းက
ကြိုက်တတ်အောင်
Food & Human အကြားမှာ
Attachment ဖန်တီးထားခြင်း

စသဖြင့်.... စသဖြင့်...

‌‌
ဒီအချက်တွေဟာ
လူတစ်ဦးချင်းစီရဲ့ အဝလွန်တာ ၊ပိန်တာကို ဖြစ်စေမယ့် အကြောင်းတရားမျိုးတွေထက်
လူပေါင်းများစွာကို လူ့အဖွဲ့အစည်းလိုက်
ဒီသံသရာထဲ ဝင်သွားအောင်း
သက်သက် မောင်းပို့နေတာ တွေကို မြင်တတ်စေဖို့
ဖော်ပြခြင်းဖြစ်ပါသည်။

( ဆောင်းပါးအဟောင်းများ ...)

®ဝေယံဖြိုး (ထာဝရ ဆေးကျောင်းသား)







Address

Yangon

Telephone

+959795545005

Website

Alerts

Be the first to know and let us send you an email when Human Performance Specialization posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram