Dr Spine

Dr Spine Sharing knowledge about spine problems

Prolapse intervertebral disc (PID)Sciatic pain
05/04/2025

Prolapse intervertebral disc (PID)
Sciatic pain

02/02/2025

လူနာကိုဇော်လတ် ခွဲစိပ်ပြီး ၁ရက်အကြာအခြေအနေ video

02/02/2025

လူနာကိုဇော်လတ်မခွဲစိပ်ခင် video

လွန်ခဲ့တဲ့ ၁၀လပိုင်း ၂၀၂၃ ကခွဲစိပ်ကုသပေးခဲ့တဲ့ ညောင်ဦးက ကိုဇော်လတ်ရဲ့ အတွေ့အကြုံလေးကိုမျှဝေပေးပါရစေခင်ဗျာကိုဇော်လတ်က ညာဖ...
02/02/2025

လွန်ခဲ့တဲ့ ၁၀လပိုင်း ၂၀၂၃ ကခွဲစိပ်ကုသပေးခဲ့တဲ့
ညောင်ဦးက ကိုဇော်လတ်ရဲ့ အတွေ့အကြုံလေးကို
မျှဝေပေးပါရစေခင်ဗျာ

ကိုဇော်လတ်က ညာဖက်တင်ပါးကနေ ခြေထောက်တချောင်းလုံး နာကျင်ကိုက်ခဲနေတာ ဖြစ်လိုက်သက်သာလိုက်နဲ့ နေလာတာ ၁၀နှစ်ဝန်းကျင်ရှိခဲ့ပါတယ်

ဆေးခန်းလာမပြခင် ၃လအတွင်းမှာ ပိုပြီးဝေဒနာပြင်းထန်လာပါတယ် ဘယ်ဘက်ခြေထောက်လဲ တင်ပါးနေရာကနေ စနာလာပါပြီ

လမ်းလျောက်ရင် ပေ ၁၅၀လောက်ပဲလျောက်နိုင်ပါတယ်

လူနာက ကျွန်တော့်ရဲ့ Dr spine page ကိုဝင်ရောက်လေ့လာပြီး ဆေးခန်းလာပြပါတယ်
လိုအပ်တဲ့စစ်ဆေးမှု့ သံလိုက်ဓါတ်မှန်(MRI) ရိုက်တော့မှ
ခါးနံပါတ် ၄-၅ ကြားက အရွတ်ပြား(Disc) ကကျွံထွက်ပြီး အာရုံကြောပင်မလမ်းကြောင်းရော ညာဖက် နဲ့
ဘယ်ဘက် အာရုံကြော (L5 nerve root) ကိုဖိမိနေတာတွေ့ရပါတယ်

လူနာနဲ့တိုင်ပင်ဆွေးနွေးပြီး အဓိကခံစားနေရတဲ့ညာဖက်ရော ဝေဒနာခံစားခါစဘယ်ဘက်ရော ၂ဖက်လုံးကို
လွတ်အောင်ခွဲစိပ်ကုသပေးခဲ့ပါတယ်
ခွဲစိပ်ပြီး ၁ရက်အကြာမှာပဲ ဝေဒနာတွေသက်သာပြီး
ကောင်းမွန်စွာလမ်းလျောက်နိုင်ခဲ့ပါတယ်

မခွဲခင်နဲ့ ခွဲပြီး videos မှတ်တမ်းလေးတွေလဲ နောက်ထပ် post တခုမှာဝေမျှပေးထားပါတယ်

လူနာရှင်ရဲ့ခွင့်ပြုချက်နဲ့ မျှဝေခြင်းဖြစ်ပါတယ်
လူနာကိုဇော်လတ်ရော ခွဲစိပ်တဲ့ Team ကိုလဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ


L4-5

Post လေးတွေ အကြောင်းအမျိုးမျိုးကြောင့်မတင်ဖြစ်တော့တာ 2022 ခုနှစ်ထဲကပါဒီအတောအတွင်း post မတင်ဖြစ်တော့ပေမယ့်ခါးကြောညပ်တဲ့လူ...
20/01/2025

Post လေးတွေ အကြောင်းအမျိုးမျိုးကြောင့်မတင်ဖြစ်တော့တာ 2022 ခုနှစ်ထဲကပါ
ဒီအတောအတွင်း post မတင်ဖြစ်တော့ပေမယ့်
ခါးကြောညပ်တဲ့လူနာပေါင်းများစွာကို ခွဲစိပ်ကုသပေးခဲ့ပါတယ်
ဒီနှစ်ထဲမှာတော့ ခါးကြောညပ်ပြီး ခွဲစိပ်ခဲ့တဲ့ လူနာတွေအကြောင်းနဲ့ ခါးကြောညပ်ခြင်း ခါးနာတဲ့ကျန်းမာရေးဗဟုသုတများကို ကြိုးစားပြီး ပြန်လည်တင်ဆက်ပေးပါ့မယ်

၂၀၂၂ ခုနှစ်က ခွဲစိပ်ပေးခဲ့တဲ့လူနာတယောက် အတွေ့အကြုံလေး မျှဝေပေးပါရစေ
အသက်၂၂နှစ်အရွယ် ဆားလင်းကြီးက မြတ်ကိုကိုဆိုတဲ့
လူငယ်လေးတယောက်ဟာ ခါးနာတာ ၄လ ရှိပြီး ဘယ်ဘက်တင်ပါးကနေ ပေါင် ခြေသလုံးအထိ ထုံကျင်ကိုက်ခဲလာလို့
လမ်းလျောက်တာ မတ်တပ်ရပ်တာလဲ ၁၀မိနစ်လောက်ပဲရပါတယ်

ဆေးသောက် လေ့ကျင့်ခန်းလုပ်တာလဲမသက်သာလို့
လိုအပ်တဲ့ MRI (သံလိုက်ဓါတ်မှန်) ရိုက်ကြည့်မှာ ခါးနံပါတ်၅ နဲ့ S1ကြားက Disc(အရွတ်ပြား)က ရွေ့ပြီး
ဘယ်ဘက်အာရုံကြောကိုဖိမိနေတာ တွေ့ရပါတယ်

လူနာနဲ့တိုင်ပင်ပြီးခွဲစိပ်ကုသပေးခဲ့ရပါတယ်
ခွဲစိပ်ပြီး နောက်တစ်ရက်မှာပဲ လမ်းလျောက်နိုင်ပါတယ်
ခွဲစိပ်ပြီး ၃လအကြာမှာ အလုပ်တွေပြန်လုပ်နိုင်ခဲ့ပါတယ်

လူနာရှင်ရဲ့ခွင့်ပြုချက်နဲ့ ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်

ကျေးဇူးတင်ပါတယ်

-S1

19/01/2025
လွန်ခဲ့တဲ့ ၈နှစ်လောက်က Malaysia fellowship သွားတုန်းက ပြုစုခဲ့တဲ့ စာတမ်းလေး ခု ၂၀၂၄ korea spine congress မှာ presentatio...
25/05/2024

လွန်ခဲ့တဲ့ ၈နှစ်လောက်က Malaysia fellowship သွားတုန်းက ပြုစုခဲ့တဲ့ စာတမ်းလေး ခု ၂၀၂၄ korea spine congress မှာ presentation လုပ်နေတုန်းဆိုတော့ ကြည်နူးပီတိဖြစ်ရပါတယ်

ပေးပို့လာတဲ့သူငယ်ချင်း ခါးရိုးအထူးကုဆရာဝန်ကြီး
ဒေါက်တာရှိန်မြင့်ဟန်ကိုလဲ ကျေးဇူးတင်ပါတယ်

လူနာအမကတော့ ခါးနာတာ ၁၀နှစ်ရှိပါပြီတနှစ်ပြီးတနှစ် လမ်းလျောက်တဲ့အကွာအဝေးတွေ တိုလာတယ် မတ်တပ်ရပ်တာလဲကြာကြာမရပ်နိုင်တော့ဘူးအမ...
13/09/2022

လူနာအမကတော့ ခါးနာတာ ၁၀နှစ်ရှိပါပြီ
တနှစ်ပြီးတနှစ် လမ်းလျောက်တဲ့အကွာအဝေးတွေ တိုလာတယ် မတ်တပ်ရပ်တာလဲကြာကြာမရပ်နိုင်တော့ဘူး
အမက အရမ်းကြောက်တက်ပါတယ်

ကျွန်တော့်ဆီမလာခင် အရင်ဆရာကြီးတွေက ခါးခွဲပေးမယ်ဆိုလို့ သွားမပြတော့ပါဘူး

ကျွန်တော့်ဆီလာပြတော့ ညာဖက်ခြေထောက်တချောင်းက ထုံကျင်ကိုက်ခဲနေပါတယ်

လမ်းလျောက်ရင်၁၅မိနစ်ပဲလျောက်နိုင်ပါတယ်

အစ်မရဲ့သမီးလေးက ကျွန်တော်ရဲ့ page ကို Facebook မှာတွေ့ပြီး ခေါ်လာပြတာပါ

အစ်မကို အကျိုးအကြောင်းတွေရှင်းပြခဲ့ပါတယ်
ခါးရိုးနံပါတ်၄က ၅ရဲ့ရှေ့ကိုကျွံထွက်ပြီး ခါးအာရုံကြောညပ်နေတာပါ

တနှစ်ပြီးတနှစ် လမ်းလျောက်တာတွေမတ်တပ်ရပ်တာတွေ တဖြည်းဖြည်းနဲ့လျော့လာမယ်

ခွဲပြီးရင် တဖြည်းဖြည်းနဲ့ ဘဝရဲ့အနှစ်သာရတွေပြန်ရလာမယ် အောက်ပိုင်းမသေစေရဘူး ၁၀၀ရာခိုင်နှုန်းအာမခံတယ်ပြောမှခွဲခံတာပါ
PLIF with peek cage နည်းပညာနဲ့ခွဲခဲ့တာပါ

ခုတော့ အစ်မကြီးက ကျွန်တော်တို့ကိုကျေးဇူးတွေတင်လို့ပေါ့

ခါးနာဝေဒနာရှင်အပေါင်း မြန်မြန်သက်သာကြပါစေ

Address

Yangon
11411

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Dr Spine posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Dr Spine:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category