I Love Diet

I Love Diet စနစ်တကျ ဝိတ်ချကြစို့

ဒီနေ့ဟာ  ရမ်ချို ,  ဖာဟန် ,  ရာဂျူးတို့သုံးယောက်ကို   ချာတူး (Chatur) က  ဒေါသအိုးပေါက်ကွဲပီး  နောင်အနာဂတ်မှာ  ဘယ်သူက  အသ...
05/09/2024

ဒီနေ့ဟာ ရမ်ချို , ဖာဟန် , ရာဂျူးတို့သုံးယောက်ကို ချာတူး (Chatur) က ဒေါသအိုးပေါက်ကွဲပီး နောင်အနာဂတ်မှာ ဘယ်သူက အသာဆုံးဖြစ်နေမလဲဆိုတဲ့ Challenge လေးကို စတင်ခဲ့တဲ့ 15 နှစ်ပြည့်နေ့ပါ။

ဒီနေရာမှာ , ချာတူးကို လူအများစုက ဘာဖြစ်လို့မုန်းကြလဲဆိုတာကို ကျွန်တော်မတွေးတတ်ဘူး။
ဒါပေမဲ့ , For me Personally အရတော့ ချာတူးဆိုတဲ့ကျောင်းသားက တခြားနေရာတွေမှာသာ အကျင့်မကောင်းရင်နေမယ်။
အနည်းဆုံးသူ့ဘ၀မှာတော့ ရည်မှန်းချက်တစ်ခုရှိခဲ့တယ်။
ရမ်ချိုထက်သာကိုသာစေရမယ်ဆိုတဲ့ ရည်မှန်းချက်။

ပီးတော့ , သူရမ်ချိုလောက် ပါရမီမပါဘူး။
ဒါပေမဲ့နော် သူရမ်ချိုကို ဘယ်တော့မှမကြောက်နေခဲ့ဘူး။

အဲ့လိုချာတူးဆီကနေ , ဘာကိုသင်ယူခဲ့ရလဲဆိုတော့ "ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိဖို့" ဆိုတဲ့အချက်ကလေး။
ချာတူးက သူ့ကိုယ်သူ Show off လုပ်တာ , ထုတ်ကြွားပြတာတွေအရမ်းများပေမဲ့ ဒီလိုအကျင့်တွေသာမရှိဘူးဆိုရင် ချာတူးဟာ အတုယူစရာတွေ ပိုပီးများလာမှာပါ။

ဥပမာ - Self-Cnfidence , Hardworking , Indomitable Spirit (အနိုင်မခံ အရှုံးမပေးလိုစိတ်) စတာတွေကို အကုန်လုံးချာတူးဆီကနေ သင်ယူနိုင်တာပဲလေ။

ဒီနေ့ကချာတူးရဲ့နေ့လေးမို့ ချာတူးကိုပိုအမွှန်းတင်နေပေမဲ့လဲ သူတယောက်ထဲတင်မကပါဘူး။
3 Idiots ဆိုတဲ့ ဇာတ်ကားလေးထဲကနေ သင်ယူနိုင်တာတွေက အများကြီး" ပဲရယ်။

တက္ကသိုလ်ကျောင်းတွေမှာ ပညာတင်မက , မိသားစု၀င်လို သူငယ်ချင်းအသစ်တွေကိုပါ ရှာလို့ရကြောင်း သင်ပေးခဲ့တဲ့ရာဂျူး !

၀င်ငွေကောင်းဖို့ဆိုတာထက် ကိုယ့်ကိုနေ့စဉ်ပျော်ရွှင်နေစေမဲ့ အလုပ်မျိုးကိုပဲလုပ်ပါလို့ လမ်းပြခဲ့တဲ့ဖာဟန် !

ဘ၀ဟာ အပြေးပြိုင်ပွဲတခုလိုပဲ , မင်းမြန်မြန်မပြေးနေရင် ချနင်းခံခဲ့ရမှာဆိုတဲ့အသိကို သူ့ဘ၀နဲ့ရင်းပီး သင်ပေးခဲ့တဲ့ ကျောင်းအုပ်ကြီး Virus !

ကျောင်းသူ/သားအများစုမှာမှာလဲ မခံမရပ်နိုင်လောက်စရာ ပြသနာတွေစုပုံလာတဲ့အခါ သူတို့လွတ်မြောက်ရာလမ်းအဖြစ် Sui*ide ကို ရွေးချယ်သွားတတ်ကြကြောင်း ပညာပေးခဲ့တဲ့ Joy Lobo ဆိုတဲ့ ကျောင်းသားလေး !

ရင်ဆိုင်နေရတဲ့ပြသနာတခုဟာ ဘယ်လောက်ပဲကြီးမားနေပါစေ , မင်းရဲ့နှလုံးသားဆီ "အရာအားလုံး အဆင်ပြေသွားမှာပါ ( All is well )" ဆိုတဲ့စကားလေးတခွန်းကိုသာ ဆက်တိုက်ပြောနေဖို့ သင်ပေးခဲ့တဲ့ရမ်ချို !

ဒါတွေက ကျွန်တော် ဒီဇာတ်ကားလေးထဲကနေ သင်ကြားခဲ့ရတဲ့ အဖိုးတန်သင်ခန်းစာလေးတွေပေါ့။
ဘာရယ်မဟုတ်ပါဘူး။
ဒီနေ့ကလဲ ဒီဇာတ်ကားလေးရဲ့ Memorable Day လေးလို ဖြစ်နေလို့မို့။

September 5 ဆိုတဲ့ ကျောင်းခေါင်မိုးပေါ်က ဒီအမှတ်အသားလေးတစ်ခုကြောင့် , 15 နှစ်အကြာမှာ သူတို့အားလုံးကို နောက်ထပ်တကြိမ် အမှတ်ရရင်း , ကျွန်တော်တို့နိုင်ငံအတွက်လဲ ရမ်ချိုရဲ့ "All is well" (အရာအားလုံး အဆင်ပြေသွားတော့မှာပါ ) ဆိုတဲ့စကားလေးကို လက်ဆောင်ပါးလိုက်ချင်ပါတယ်။

ဒီပုံလေးကိုမြင်တဲ့သူတိုင်းနှစ်ဆန်းတရက်နေ့မှ စတင်၍ ကောင်းမွန်သော ကံကြမ္မာပြောင်းလဲခြင်းများ ဝင်ရောက်လာမည်။ လာဘ်လာဘများ ပွင...
17/04/2024

ဒီပုံလေးကိုမြင်တဲ့သူတိုင်း

နှစ်ဆန်းတရက်နေ့မှ စတင်၍ ကောင်းမွန်သော ကံကြမ္မာပြောင်းလဲခြင်းများ ဝင်ရောက်လာမည်။ လာဘ်လာဘများ ပွင့်လန်းလာပြီး အလုပ်အကိုင်များ အဆင်ပြေမည်။ ​ငွေကြေးအခက်အခဲများ ပြေလည်ပြီး စိတ်ချမ်းသာ ​ပျော်ရွှင်မှုများ ရရှိလာပါလိမ့်မည်။

အရသာရှိပြီး ပြင်ဆင်ရလွယ်ကူသော သစ်သီးဖျော်ရည်များ 🍑🍒🍈🍓🍇🍹🍹🍹
26/03/2024

အရသာရှိပြီး ပြင်ဆင်ရလွယ်ကူသော သစ်သီးဖျော်ရည်များ 🍑🍒🍈🍓🍇🍹🍹🍹

အမေက ပြောတယ်။ မင်းကို တကယ်ချစ်တဲ့သူက မင်းကို စိတ်ညစ်အောင် မလုပ်ဘူးတဲ့ ။အဲ့ဒီစကားကို ကြားရပြီးကတည်းက လူတစ်ယောက်က လိုတာထက်...
25/03/2024

အမေက ပြောတယ်။
မင်းကို တကယ်ချစ်တဲ့သူက
မင်းကို စိတ်ညစ်အောင် မလုပ်ဘူးတဲ့ ။

အဲ့ဒီစကားကို ကြားရပြီးကတည်းက
လူတစ်ယောက်က လိုတာထက်ပိုပြီး
ကိုယ့်ကို စိတ်ညစ်စေရင်
ဒီလူဟာ ကိုယ့်ကို တကယ် မချစ်တာပါလားဆိုတဲ့
အသိကလေးပါ ဒွန့်တွဲပြီး ဝင်လာတယ်။

ကိုယ့်ကို ချစ်တဲ့သူတစ်ယောက်က
သူ့အတွက်နဲ့ ကိုယ့်ကို စိတ်ညစ်ရအောင် မလုပ်ဘူး။
စိတ်ညစ်အောင်လည်း မထားဘူး။
အမြဲကိုယ်ပျော်ဖို့ပဲ လိုက်လျောပေးတဲ့ လူစားမျိုးပေါ့

ကိုယ့်ကို မျက်ရည်ကျစေတဲ့သူဟာ
ကိုယ်ချစ်ရတဲ့သူဖြစ်ပြီး
ကိုယ့်မျက်ရည်ကို နားလည်တာကတော့
ကိုယ့်ကို ချစ်တဲ့သူပဲ

ဒီစာသားလေးကို နိုင်နိုင်းစနေရဲ့ စာအုပ်လေးထဲမှာ
ဖတ်မိထားတာ ကြာတော့ကြာပြီ။
သဘောကျလို့
ခုချိန်ထိ အမြဲလိုလို ခေါင်းထဲ ရှိနေတဲ့စာသားလေး ။

လူတစ်ယောက်က ကိုယ့်ကို ချစ်တယ်ပြောပြီး
နေ့စဉ်နှင့်အမျှ ဒူးနဲ့မျက်ရည်သုတ်ရအောင် လုပ်နေရင်
သူပြောတဲ့ ချစ်တယ်ဆိုတာဟာ အလကားပဲ။

တကယ်ချစ်ရင် ပျော်အောင်ထား ။
လူတစ်ယောက်ကို
ကိုယ့်ကြောင့် အမြဲပျော်ရွှင်အောင် လုပ်ပေး ။
ဒါမျိုးမှ တကယ် ချစ်တာ...

စိတ်ညစ်စရာတွေ လာပေးတဲ့သူက တကယ်ချစ်တာလား
ကိုယ့်ကို အမြဲပျော်အောင်ထားတဲ့သူက
တကယ်ချစ်တာလားဆိုတာ ခင်ဗျားလည်း သိမှာပါ။

အမေက အဖေ့ကို ဘာလို့ရွေးချယ်ခဲ့လဲ ဆိုတော့
အမေက အဖေ့ကြောင့်တစ်ခါမှ စိတ်မညစ်ရဖူးဘူးလို့
ဖြေတယ်။

လူတစ်ယောက်ရဲ့ ချစ်တယ် ဆိုတာဟာ
ကိုယ့်ကို ပျော်အောင်ထားခြင်းပါပဲ ။
Credit

ဝတာလေးက ဖက်ထားလို့ရပါတယ် 😍
19/03/2024

ဝတာလေးက ဖက်ထားလို့ရပါတယ် 😍

ဒီကမ်ဘာမှာ အအေးချမ်းဆုံး နေရာတွေဟာပန်းတွေရှိတဲ့အရပ်ရယ် စစ်ပွဲတွေမရှိတဲ့အရပ်ဒေသရယ်စစ်မှန်တဲ့မေတ္တာတွေရှိတဲ့ရပ်ဝန်းရယ်ပဲဖြ...
16/03/2024

ဒီကမ်ဘာမှာ အအေးချမ်းဆုံး နေရာတွေဟာ
ပန်းတွေရှိတဲ့အရပ်ရယ် စစ်ပွဲတွေမရှိတဲ့အရပ်ဒေသရယ်
စစ်မှန်တဲ့မေတ္တာတွေရှိတဲ့ရပ်ဝန်းရယ်ပဲဖြစ်လိမ့်မယ်။

-

စကားဆိုတာနိမိတ်ပါပဲ နိမိတ်ဆိုရှိပါတယ်နော် 🙏 ဇမ္ဗူဒီပါ လက်ယာတောင်ကျွန်း      သြဘာနိမိတ်ထွန်းစေသတည်း....🙏🙏🙏ငွေဆိုတာအပေါဆုံး...
13/03/2024

စကားဆိုတာနိမိတ်ပါပဲ နိမိတ်ဆိုရှိပါတယ်နော် 🙏

ဇမ္ဗူဒီပါ လက်ယာတောင်ကျွန်း
သြဘာနိမိတ်ထွန်းစေသတည်း....🙏🙏🙏

ငွေဆိုတာအပေါဆုံးအရာပဲ
ငွေရှာရတာအရမ်းလွယ်ကူတယ်
ငါဟာငွေကိုစုပ်ယူဆွဲငင်နိုင်စွမ်းရှိတယ်

ဒီပိုစ့်ကို မြင်တဲ့ သူတွေအားလုံး
အသက်ရှုတိုင်းငွေဝင်ပါစေ
အလုပ်ကိုင်အဆင်ပြေပါစေ
ဆန္ဒနဲ့ဘဝတစ်ထပ်ထဲကျပါစေ

သတ္တဝါများအားလုံး ကျန်းမာချမ်းသာကြပါစေ

ရွှေ၊ငွေ၊အိမ်၊ကားစည်းစိမ်ချမ်းသာလိုတိုင်းတရကြပါစေ🙏

ကျွန်တော်တို့ လူ့သက်တမ်းကို ပျမ်းမျှ အနှစ် ၇၀ သတ်မှတ်မယ်ဆိုရင် ကျွန်တော်တို့ ၁၀ နှစ် ၇ ကြိမ်ပဲ ရကြမှာပါ..ပထမ ၁၀ နှစ်ကတော...
13/03/2024

ကျွန်တော်တို့ လူ့သက်တမ်းကို ပျမ်းမျှ အနှစ် ၇၀ သတ်မှတ်မယ်ဆိုရင် ကျွန်တော်တို့ ၁၀ နှစ် ၇ ကြိမ်ပဲ ရကြမှာပါ..

ပထမ ၁၀ နှစ်ကတော့ ဘာမှ တတ်သိနားလည်မှု မရှိသေးတဲ့ ကလေးဘဝနဲ့ပဲ အချိန်ကုန်ခဲ့ရတယ်...

ဒုတိယ ၁၀ နှစ်ကျပြန်တော့ ကျောင်းစာတွေ သင်ကြား လေ့ကျင့်ရင်း အချိန်ကုန်ခဲ့ကြပြန်ရော...

တတိယ ၁၀ နှစ်ကျတော့ သင်တန်းတွေ တက်ရင်း အလုပ်တွေ တစ်ခုပြီးတစ်ခု ပြောင်းလုပ်ရင်း အချိန်တွေကုန်လို့ ကုန်မှန်းမသိ ဘဝကို ဖြတ်သန်းခဲ့ကြတယ်...

စတုတ္ထ ၁၀ နှစ်ကျပြန်တော့ စီးပွားရှာ မိသားစုဘဝ တည်ဆောက်ရင်းနဲ့ပေါ့...

ပဉ္စမ ၁၀ နှစ်မှာကျတော့ ရှာဖွေစုဆောင်းထားသမျှကို အသုံးပြုရင်း တည်မြဲအောင် ထိန်းသိမ်းရင်း အချိန်တွေ ကုန်သွားပြန်ရော...

ဆဋ္ဌမ ၁၀ နှစ်ထဲရောက်လာတော့ ကိုယ်ကျန်းမာရေး စိတ်ကျန်းမာရေးတွေ ကောင်းမွန်ဖို့အတွက် လုံးပမ်းရပြန်တယ်...

နောက်ဆုံး ၁၀ နှစ်ထဲမှာရောက်တော့ အရာရာ လွှတ်ချထားခဲ့နိုင်ဖို့ ကြိုးစားရင်း လာလမ်းအတိုင်း ပြန်ဖို့အချိန်ကို စောင့်ဆိုင်းကြရတယ်...

( ဒါတွေဟာ ယေဘုယျအားဖြင့်ပါ.)

ကျွန်တော်တို့ ဖြတ်သန်းပြီးခဲ့တဲ့ အချိန်တွေကို သေချာ ပြန်စဉ်းစားကြည့်ပါ. ၁၀ နှစ် တစ်စုချင်းစီက ကုန်ဆုံးတာ အရမ်း မြန်ဆန်လွန်းလို့ မျက်လှည့် ပြလိုက်သလိုပါပဲ...

သိပ်မကြာခင် အချိန်မှာပဲ ကျွန်တော်တို့ လက်ရှိ ၁၀ နှစ် အပိုင်းအခြားလေးက ကုန်ဆုံးသွားတော့မယ်...

ကျွန်တော်တို့ လုပ်ဆောင်ပြီးခဲ့တာတွေလည်း အများကြီး ရှိသလို မလုပ်ရသေးတာတွေလည်း အများကြီး ကျန်နေသေးတယ်...

ကျွန်တော်တို့ရဲ့ အချိန်တွေကို ကိုယ်လိုချင်တဲ့ အရာဝတ္ထုတွေနဲ့ လဲလှယ်ခဲ့ကြတယ်...

ကျွန်တော်တို့ရဲ့ အချိန်တွေကို အလုပ်တွေနဲ့ သွားလဲခဲ့ကြတယ်...

ကျွန်တော်တို့တွေ အချိန်တွေကို ငွေတွေနဲ့ သွားလဲခဲ့ကြတယ်...

ဒါပေမဲ့ ကျွန်တော်တို့တွေ ငွေနဲ့ ကုန်သွားတဲ့ အချိန်တွေကို ပြန်ဝယ်လို့ မရေတာ့ဘူး...

အချိန်ဘဏ်တိုက်ဆိုတာ မရှိတဲ့အတွက် ကျွန်တော်တို့မှာ နောက်ထပ်သုံးဖို့ အချိန်တွေ ဘယ်လောက် ကျန်သေးလဲဆိုတာ ပြန်စစ်ဖို့ အချိန်စုစာအုပ် မရှိကြဘူး...

ကျွန်တော်တို့ သိနိုင်တာတစ်ခုက ကျွန်တော်တို့ ၁၀ နှစ်အစုတွေ ဘယ်နှစ်ကြိမ် ထုတ်သုံးခဲ့ကြပြီလဲ...

ကျန်နေသေးတဲ့ ၁၀ နှစ်အစု အချိန်တွေကို အကုန်ပြည့်အောင် သုံးခွင့်ရပါ့မလား ဆိုတာကိုတော့ ဘယ်သူမှ မသိနိုင်ပါဘူး...

ကျွန်တော်တို့ သုံးပြီးခဲ့တဲ့ ဆယ်နှစ် အစုတွေအတွက်ကရော တန်ခဲ့ကြရဲ့လား...

နောက်ပြန် လှည့်ကြည့်မိတဲ့ အခါတိုင်းမှာ ပြန်နှမြောနေစရာ မလိုအောင် အကျိုးရှိရှိ အသုံးချခဲ့ကြရဲ့လား...

ဒါကြောင့် လက်ရှိပစ္စုပ္ပန် ၁၀ နှစ်အစုကို အကျိုးရှိရှိ
အသုံးချကြရအောင် ..!

- မဖျားနာသေးပေမဲ့ ကြိုတင်ကာကွယ်ထားပါ.
- မဆာသေးဘူးဆိုပေမဲ့ ရေများများသောက်ပေးပါ.
- ဘဝက အရမ်း ရှုပ်ထွေးနေတယ်ဆိုရင် လွှတ်ချသင့်တာ လွှတ်ချထားခဲ့ပါ.
- ပတ်သက်ဖို့ အကြောင်းတရား ရှိနေသေးတယ် ဆိုရင်လည်း အလျှော့ပေး ဆက်ဆံလိုက်ပါ.
- ရာထူးအာဏာ ရှိတယ်ဆိုရင်တောင် ကိုယ့်ကိုယ်ကို နှိမ့်ချပါ.
- လူက မပင်ပန်းဘူးဆိုရင်တောင် စိတ်ကိုတော့ အနားပေးလိုက်ပါ.
- မချမ်းသာသေးဘူး ဆိုပေမယ့် ရှိတာနဲ့ တင်းတိမ် ရောင့်ရဲပါ.
- အလုပ်တွေ ဘယ်လောက်များများ မိသားစုနဲ့ အပန်းဖြေလိုက်ပါ.
- စားချင်တာရှိရင် စားပါ. လည်ပတ်ချင်ရင် လည်ပတ်လိုက်ပါ.
- စိတ်ဆင်းရဲစရာ စိတ်မချမ်းသာစရာတွေ သိမ်းမထားပါနဲ့. ပျော်ပျော်ရွှင်ရွှင်သာ နေပါ.
- လက်တွဲခွင့်ရတုန်း တွေ့ဆုံခွင့်ရကြတုန်း အပေါင်းအသင်းတွေနဲ့ ရင်းရင်းနှီးနှီး ပျော်ပျော်ရွှင်ရွှင် ပွင့်ပွင့်လင်းလင်း နေလိုက်ပါ...

- တစ်ယောက်နဲ့တစ်ယောက် ဖက်ထားလို့ ရနေသေးချိန်မှာ အားရပါးရ ဖက်ထားလိုက်ပါ.
- အဖေ အမေ ညီအကို မောင်နှမ သူငယ်ချင်း ချစ်သူ ဇနီး ခင်ပွန်း စတဲ့ ရောက်ရာ တာဝန်တွေမှာ အကောင်းဆုံးဖြစ်အောင် နေလိုက်ပါ...

- အတူတူ ရှိနေကြတုန်းမှာ ဘာအကြာင်းကြောင့်ပဲဖြစ်ဖြစ် လွယ်လွယ်နဲ့ မမုန်းတီးကြ အာဃာတ မထားကြပါနဲ့...

- အရေးအကြီးဆုံးကတော့

ဘဝကို ကိုယ်ကအသုံးချတဲ့သူ ဖြစ်နေပါစေ... ဘဝက ကိုယ့်ကို ပြန်အသုံးချပြီး ဒီအတိုင်း ..

"သေဆုံးသွားရတာမျိုး"

မဖြစ်ပါစေနဲ့....။

လေးညှင်းပွင့်ဖြင့် ငွေခေါ်နည်း ခုတေလာ ငွေဝင်နည်းလေးတွေဝေမျှပါလို့ပြောလို့ လည်းpost မတင်တာကြာတော့ ငွေခေါ်နည်းတွေထဲက တစ်ခုဖြ...
05/03/2024

လေးညှင်းပွင့်ဖြင့် ငွေခေါ်နည်း

ခုတေလာ ငွေဝင်နည်းလေးတွေဝေမျှပါလို့ပြောလို့ လည်း
post မတင်တာကြာတော့ ငွေခေါ်နည်းတွေထဲက တစ်ခုဖြစ်တဲ့
လေးညှင်းပွင့်ကိုသုံးပြီး ငွေခေါ်နည်းလေးကိုဝေမျှပေးလိုက်ပါတယ်....

ဒီနည်းလေးဟာ အရမ်းကိုရိုးရှင်းပြီးလုပ်ရတာလည်းလွယ်ကူပါတယ်....

လေးညှင်း (Clove) ကိုရပ်ကွက်ထဲက ကုန်ခြောက်ဆိုင် ၊ ကုန်စုံဆိုင်တွေလည်း အလြယ္တကူဝယ္လို့ရသလို ပရဆေးဆိုင်တွေမှာလည်းဝယ်လို့ရပါတယ်...
Ocean/ City Mart တို့မှာလည်းဝယ်လို့ရတာကြောင့်
ဒီနည်းလေးကိုရေးပေးဖြစ်တာပါ....

နည်းလေးကတော့....

အရောင်းအဝယ်ကောင်းချင်သူများ/ဈေးရောင်းနေသူများ
ပစ္စည်းတွေရောင်းမထွက်ပါက လေးညှင်းပွင့်လေးကို ပစ္စည်းတွေကြားမှာထားပေးပါ.....
( အပွင့်အရေအတွက်မသတ်မှတ်ထားပါ)
တပတ် တခါတော့လုပ်ပေးပါ...
ထင်မထားလောက်အောင်အရောင်းသွက်လာပါမယ်နော်....

Online မှအရောင်းအဝယ်လုပ်နေသူများကတော့ လေးညှင်းပွင့်ကို လေးညှင်းပွင့်လေး 5 ပွင့်ကို အိတ်ထဲထည့်ကာ ဆောင်ထားပါ...
မနက်တိုင်း အိတ်ဖြင့် ဖုန်းကိုပုတ်ကာ မိမိလိုရာဆုတောင်းပါ...
အရောင်းအဝယ် ငွေကြေးလာဘ်လာဘတွေပွင့်ပါလိမ့်မယ်....

မိမိအိမ်ခြံမြေဆိုင်ခန်းမှာ လာဘ်ပိတ်နေတယ်လို့ထင်ရင်တော့ လေးညှင်းပွင့် ပြုတ်ရည်ဖြင့်သာ နေရာအနှံ့ပတ်ဖြန်းပါတော့....
ပြုတ်ရည်သာသုံးပါရန်....
တလတကြိမ်လုပ်လို့ရပါတယ်....

ငွေဝင်ချင်ရင်တော့ ပိုက်ဆံအိတ်ထဲမှာ လေးညှင်းပွင့် 3 ပွင့်ထည့်ကာဆောင်ထားပါ....

စန်းကျနေတယ်ထင်ပါက လေးညှင်းပွင့်ပြုတ်ရည်နှင့်ခေါင်းလျှော်ပေးပါ....အနံစွဲတာမကြိုက်သူများကတော့ ပြီးရင်တော့ရေနဲ့ပြန်လျှော်ပေါ့နော်.....
စန်းကောင်းမှ လာဘ်ကောင်းတာမလို့ စန်းဟာလည်းအရေးကြီးလှပါတယ်....

လုပ်ရလွယ်တဲ့နည်းမို့လို့ လူတိုင်းလိုက်လုပ်ကြည့်ပါနော်....

ယခုနည်းလေးကို မိမိနှစ်သက်ရာ နေ့ရက် အချိန်မှစပြီးလုပ်လို့ရပါတယ်....

Credit to the owner

အားမငယ်တော့ဘူးFashion ကျိန်စာ မိနေတဲ့ အဖော်တွေ ရှိသေးတယ် 😁😁😁😁😁😁
05/03/2024

အားမငယ်တော့ဘူး
Fashion ကျိန်စာ မိနေတဲ့ အဖော်တွေ ရှိသေးတယ်
😁😁😁😁😁😁

"မိဘတွေအတွက် ရှင်သန်ပါ "ကြိုးစားတိုင်းမအောင်မြင်ပါဘူး ။ အောင်မြင်မှုတစ်ခု ၊ ကိုယ်လိုချင်တဲ့အရာတစ်ခုဟာလွယ်လွယ်နဲ့ရတယ်ဆိုတ...
09/01/2024

"မိဘတွေအတွက် ရှင်သန်ပါ "

ကြိုးစားတိုင်းမအောင်မြင်ပါဘူး ။
အောင်မြင်မှုတစ်ခု ၊ ကိုယ်လိုချင်တဲ့အရာတစ်ခုဟာ
လွယ်လွယ်နဲ့ရတယ်ဆိုတာ မရှိပါဘူး။

ရူးသွပ်စွာ ကြိုးစားဖို့လို့တယ် ။
ကိုယ့်အလုပ်နဲ့ပတ်သက်ရင်
အမြဲဆာလောင်နေဖို့ လိုပါတယ် ။

ကိုယ် တကယ် ဖြစ်ချင်တဲ့အရာ ၊
ကိုယ့်နှလုံးသားက တကယ်မြတ်နိုး
တဲ့အရာကို လုပ်ပါ ။

ပင်ပန်းလာရင် ခဏတာအပန်းဖြေလိုက်ပါ ။
ကျွန်တော်တို့ ရပ်နေလို့ မဖြစ်ဘူး

ရှေ့ဆက်လျှောက်ရမယ့် ခရီးအတွက်
အားအင်တွေရှိဖို့လိုတယ် ။

အရာရာခက်ခဲနေခဲ့ရင်တောင် ငါ့မိဘအတွက်
ငါ ရှင်သန်ရမယ်ဆိုတဲ့စိတ်ကို မွေးစေချင်ပါတယ် ။

ဘဝခရီးက ကြမ်းပါတယ် ။
ကိုယ်ကိုယ်တိုင်က သန်မာအောင်နေပါ ။
လက်ရှိဘဝထက် ပိုမြင့်တဲ့နေရာရောက်အောင်
အမြဲကြိုးစားအားထုတ်နေပါ ။

နေ့ရက်တိုင်းကို တန်ဖိုးရှိအောင် ဖြတ်သန်းပါ ။

အရာရာခက်ခဲနေခဲ့ရင်တောင်
မိဘတွေအတွက်ရှင်သန်ပါ ။

🙏🙏🙏

#မေတ္တာဖြင့်

🙏🙏🙏🙏🙏

ခင်တွယ်စရာမိဘဟူသည် အစားထိုးဖွယ်မရှိပြီ ❤
28/12/2023

ခင်တွယ်စရာမိဘဟူသည် အစားထိုးဖွယ်မရှိပြီ ❤

Address

Yangon

Website

Alerts

Be the first to know and let us send you an email when I Love Diet posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to I Love Diet:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram