Beauty Diet for You

Beauty Diet for You စနစ်တကျ သွယ်လျစေဖို့ ဝိတ်ချကြစို့

အိမ်ထောင်ရေး သက်တမ်း ခိုင်မြဲဖို့ဒီအချက်တွေကိုရှောင်ကြပါ။.1️⃣စိတ်နာစေတဲ့စကား အသုံးအနှုန်းများ။စိတ်ဆိုးအောင် လုပ်လို့ရတယ်...
28/11/2024

အိမ်ထောင်ရေး သက်တမ်း ခိုင်မြဲဖို့
ဒီအချက်တွေကိုရှောင်ကြပါ။.
1️⃣
စိတ်နာစေတဲ့
စကား အသုံးအနှုန်းများ။

စိတ်ဆိုးအောင် လုပ်လို့ရတယ်။
စိတ်နာအောင် မလုပ်ကြပါနဲ့။

စိတ်နာစေတဲ့ စကားမျိုးကို
လုံးဝ ရှောင်ကြဉ်သင့်ပါတယ်။

ရှင့်ကို အားကိုးလို့ကတော့
သူတောင်းစားပဲ ဖြစ်သွားမှာ။

သူများယောက်ျားတွေကို ကြည့်ပါဦး။

ပိုက်ဆံရှာတာ
ဘယ်လောက် တော်သလဲ-?

ရှင်နဲ့ တစ်စက်ကလေးမှ မတူဘူး
စတဲ့ စကားမျိုးကို မပြောဆိုရပါ။

2️⃣
ပစ္စည်း လွင့်ပစ်တတ်တဲ့အကျင့်။

ရန်ဖြစ်ပြီ ဆိုမှတော့
နဂိုကတည်းက
အသံက ကျယ်လောင်ပြီးသား၊

ပစ္စည်းလွင့်ပစ်တဲ့ အသံ၊
ခုန်ထုတဲ့ အသံ၊
ပစ္စည်းကျကွဲသွားတဲ့ အသံတွေနဲ့
ရောသွားရင် ပွဲအများကြီး
ပိုကြမ်းသွားတတ်ပါတယ်။

ချစ်လို့ ယူထားကြတာပဲ၊
ပစ္စည်းလွင့်ပစ်လို့ ကျကွဲတယ်ဆိုတာ
နှလုံးသား ကျကွဲတာနဲ့ တူတတ်ပါတယ်။

3️⃣
အိမ်ထောင်ဖက်၏
“ မိဘနဲ့ အိမ်သား” များကို
ထိခိုက်စေသော စကားများ။

ရန်ဖြစ်တယ်ဆိုတာ
တစ်ခုခုအပေါ် မကျေနပ်လို့
သဘောမတူနိုင်လို့ ဖြစ်ပါတယ်။

အဲဒီကိစ္စ အပေါ်သာ
အချေအတင် ငြင်းခုန်သင့်ပါတယ်။

အိမ်ထောင်ဖက်ရဲ့ မိဘနဲ့
မိသားစုကို စောင်းပြောတာမျိုး
ထိခိုက်စေတဲ့ စကားလုံးမျိုးကို
လုံးဝ ရှောင်ကြဉ်ရမှာပါ။

4️⃣
ကွဲမယ်ဆိုတဲ့ စကား အလွယ်တကူ သုံးခြင်း

ဘယ်သူပဲ ဖြစ်ဖြစ် စိတ်ဆိုးတဲ့ အခါ
ဖြစ်ချင်ရာဖြစ် ဆိုတဲ့စိတ်မျိုး
ဝင်တတ်ပါတယ်။

ကွဲမယ်ဆိုတဲ့ စကားဟာ
အင်မတန်မှ ကြောက်စရာကောင်းတဲ့
နိမိတ် ဖြစ်တတ်ပါတယ်။

နောက်ဆုံး ပြောချင်တာကတော့
ရန်မဖြစ်တာ အကောင်းဆုံးပါ။

အချစ်ဆိုတာဟာ
အိမ်ထောင်သက် ကြာလာတာနဲ့အမျှ
ရင်ခုန်တာတွေ၊ ဓါတ်လိုက်တာတွေ
တဖြည်းဖြည်း ပျောက်ကွယ်သွားပေမဲ့
တစ်ဦးအပေါ် တစ်ဦးဆက်ပြီး
တန်ဖိုးထားနေသေးခြင်းကို
ဆိုလိုပါကြောင်း တင်ပြလိုက်ရပါတယ်။

5️⃣
လက်ပါခြင်း။

ဘယ်လောက်ပဲ စိတ်ဆိုး စိတ်ဆိုး
ကိုယ့်လက်ကို
လုံးဝ ထိန်းချုပ်ထားရပါမယ်။

တစ်ချက် ရိုက်မိသွားရင်
ချစ်ခဲ့သမျှ အတိုးရော အရင်းပါ
ဆုံးရှုံးသွားနိုင်ပါတယ်။

ပြင်ပက ဒဏ်ရာဟာ
ကုစားရ လွယ်သလောက်
စိတ်တွင်းက ဒဏ်ရာကို
ဖျောက်ပစ်ဖို့တော့ မလွယ်လှပါ။

6️⃣
သားသမီးရှေ့မှာ ရန်ဖြစ်ခြင်း။

မိဘဆိုတာ
သားသမီးရဲ့ အားကိုးရာဖြစ်သလို
ခိုလှုံရာလည်း ဖြစ်ပါတယ်။

လင်မယားနှစ်ယောက်
ပြဿနာတစ်ခုခု ရှိခဲ့ရင်
သား သမီးကို ရှောင်ပါ။

လင်မယား ရန်ဖြစ်တယ်ဆိုတာ
လူကြီး နှစ်ဦးရဲ့ကိစ္စပါ။

မိဘရန်ဖြစ်တာကို
ကလေးတွေ တွေ့သွားရင်
ကလေးတွေရဲ့ အတွင်းစိတ်ကို
ထိခိုက်သွားနိုင်သလို သူတို့ရဲ့ အနာဂတ်
အိမ်ထောင်ရေးအပေါ် ထားရှိတဲ့
စိတ်ထားကိုပါ ထိခိုက်နိုင်ပါတယ်။

တကယ်လို့ သားသမီးများဟာ
အိမ်မှာ သာယာတဲ့ အရသာကို
မခံစားရဘူးဆိုရင်
နောင်မျိုးဆက် တစ်ခုလုံးကို
ထိခိုက်သွားစေနိုင်ပါတယ်။

7️⃣
အိမ်ထောင်ဖက်
နေမကောင်းတဲ့အခါ ရန်ဖြစ်ခြင်း။

အိမ်ထောင်ဖက် တစ်ဦးဦးက
နာမကျန်းဖြစ်နေရင် စိတ်ဓါတ်ကျပြီး
စိတ်ဆိုးလွယ်တတ်လေ့ ရှိပါတယ်။

အဲဒီအချိန်မှာ ရန်ဖြစ်မိရင်
အိမ်ထောင်ရေးကို
လုံးဝ ထိခိုက်သွားနိုင်ပါတယ်။

8️⃣
အနာဟောင်း ပြန်ဖော်ခြင်း။

ရန်ဖြစ်တိုင်း
အနာဟောင်းကို ပြန်ဖော်တာမျိုး
လုံးဝ ရှောင်ကြဉ်သင့်ပါတယ်။

မမှားတဲ့ရှေ့နေ မသေတဲ့ဆေးသမား
မရှိ ဆိုသလို လူတိုင်းကိုယ်စီ
တစ်ခုခု မှားဖူးတတ်ကြစမြဲပါ။

အနာဟောင်းကို
လက်ကိုင်တုတ် အဖြစ်
ခဏခဏ ထုတ်သုံးရင်တော့
အဲဒီအိမ်ထောင်ရေး ပြန်အဆင်ပြေဖို့
ခက်ခဲသွားတတ်ပါတယ်။

9️⃣
လူရှေ့ သူရှေ့ မရှောင်
အိမ်ထောင်ဖက်ကို အပြစ်တင်ခြင်း။

လင်နဲ့ မယားဆိုတာ
လျှာနဲ့ သွားပါ။

အိမ်ထောင်သက် ရလာတာနဲ့အမျှ
အထစ်အငေါ့လေးတွေတော့
ရှိတတ်ကြပါတယ်။

လူရှေ့သူရှေ့ မရှောင် တဘက်သားကို
အပြစ်တင် ရန်ထောင်ရင်တော့
ရန်ပွဲပဲ ဖြစ်လာမှာပါ။

အဲဒီလို ရန်ဖြစ်တာဟာ
ပြဿနာကို ပြေလည်အောင်
မဖြေရှင်းနိုင်တဲ့အပြင် မီးလျှံထဲကို
ဓါတ်ဆီ လောင်းထည့်လိုက်သလို
ဖြစ်သွားတတ်ပါတယ်။

နောက်ဆုံးကျရင်
ဘယ်သူမှ အလျော့ပေးလို့ မရတဲ့
အနေအထား ရောက်သွားတတ်ပြီး
ခက်ခဲသွားပါတယ်။

ဒါကြောင့်မို့လို့
လင်မယား မှတ်ထားရမှာက
မည်သူရဲ့ ရှေ့မှာမဆို
အိမ်ထောက်ဖက်ကို အပြစ်တင်မိတာမျိုး
လုံးဝ ရှောင်ကြဉ်ပါ။

လက်ဝါးတစ်ဘက်ထဲ ဘယ်တော့မှ
လက်ခုတ်တီးလို့ မရပါဘူး။

🔟
သေတာနဲ့ ချိန်းခြောက်ခြင်း။

ငါ အသက်ရှင်နေတာ
ဘာထူးသေးလဲ-?

ငါ အသက်မရှင်ချင်တော့ဘူး။

ငါ မင်းကို သေပြမယ် စသည်ဖြင့်
သေတာနဲ့ ချိန်းခြောက်တာမျိုး
လုံးဝ ရှောင်ကြဉ်သင့်ပါတယ်။

crd_to_owner

နောင်တဆိုတာနောက်မှ ရတတ်တာမျိုးပါ။ဘာဘဲဖြစ်ဖြစ် ကိုယ်ချစ်လို့ဘဲ ယူထားယူထား၊မိဘသဘောတူလို့ဘဲ ယူထားယူထား။ဘာအကြောင်းကြောင်းကြေ...
28/11/2024

နောင်တဆိုတာ
နောက်မှ ရတတ်တာမျိုးပါ။

ဘာဘဲဖြစ်ဖြစ်
ကိုယ်ချစ်လို့ဘဲ ယူထားယူထား၊
မိဘသဘောတူလို့ဘဲ ယူထားယူထား။
ဘာအကြောင်းကြောင်းကြောင့်နဲ့ဘဲယူထားကြသည်ဖြစ်စေ၊

ကိုယ်အိမ်ထောင်ဖက်ကိုတန်ဖိုးထားပေးကြပါ။

မနေ့တစ်နေ့ကမှ တွေ့ကြရသည့် လူကိုတောင်
မေတ္တာထားနိုင်သေးရင် တသက်လုံးကိုယ့်အနားမှာ

အဆိုးအကောင်း
အကျိုးအကြောင်း
အမှားအမှန်တွေနဲ့ အေးရင်လည်းအတူတူ
ပူရင်လည်းမျှမျတတ နေပေးခဲ့တဲ့သူကိုကော
မေတ္တာမထားနိုင်ကြဘူးလား။

အရင်က ကြည်နူးခဲ့ကြရသည့် အချိန်လေးတွေကို
ပြန်သတိရပေးကြည့်ပါလား။

ချစ်သူဘဝ လက်မထပ်ခင်ကာလ
လက်ထပ်ပြီးပြီးခြင်း ချစ်စ ခင်စ ကြင်နာစ ကာလ
သားဦးလေးလား သမီးဦးလေးလား မွေးဖွာစဥ်ကာလ
ကိုယ့်သားသမီးတွေ တီတီတာတာပြောတတ်တဲ့
အချိန် မိသားစု ပျော်ရွှင်ခဲ့ရသည့်ကာ အစရှိသည်တို့ကို ပြန်သတိရကြည့်ပါလား။

တကယ်တော့
လူတွေက အဟောင်းနဲ့အသစ်ကြားမှာ ဗျာများနေကြတာမျိုးပါ။

အသစ်ဘယ်လောက်ကောင်းကောင်း အဟောင်းလောက်တော့ ဘယ်သီးခံပေးနိုင်ကြမလဲ။

အသစ်ဆိုတာ လဲမနေသေးရင်တော့ တွဲထူစရာမှ မလိုတာ အလိုလိုက် အကြိုက်ဆောင်ပေးနေကြမှာပါဘဲ။

မင်းလဲကြသွားကြည့်ပါလား။
တွဲထမလား၊ လှဲချမလား
ကိုယ်တိုင်ကြုံတွေ့ခံစားနေကြရတဲ့သူတွေ အများကြီးပါ။

လူတွေပြောပြောနေသလို့ပေါ့ဗျာ
မနက်ဖြန်ဆိုတာကြီးကတော့ နေ့တိုင်းရှိနေဦးမှာပါ

ကျနော်တို့ ခင်ဗျားတို့ကသာ မနက်ဖြန်မှာ ရှိချင်မှရှိနေကြဦးတော့မှာပါ။

ထို့ကြောင့်
ထားမသွားရသေးခင် ကြားစကားတွေကြောင့်
ဘေးမဆွဲကြပါနဲ့တော့။

မိသားစုတိုင်း
မိသားစုတိုင်း
ဖောက်ပြန်ခြင်းဘေးမှ အမြဲထာဝရဝေးကြပါစေ
ကြောင်း ဆုမွန်ကောင်းလေးတောင်းပေးလိုက်ရပါတော့သည်။

"ဆည်ဖေါက်ချတယ် ဆိုတာ အရပ်သုံးစကားပါ"        ဆည် ရဲ့ ရေပိုလွှဲ အလုပ်လုပ်ပုံ နဲ့ ရေအသုံးပြုပုံ သဘော ကိုသိထားဘို့ လိုပါတယ်။...
12/09/2024

"ဆည်ဖေါက်ချတယ် ဆိုတာ အရပ်သုံးစကားပါ"

ဆည် ရဲ့ ရေပိုလွှဲ အလုပ်လုပ်ပုံ နဲ့ ရေအသုံးပြုပုံ သဘော ကိုသိထားဘို့ လိုပါတယ်။ ဆည် တစ်ခု ရှိထားရင် အဲဒီဆည်ရဲ့ အောက်ပိုင်းမှာ မုန်တိုင်းမိုးရေကြောင့် ရုတ်တရက် ရေကြီးမှုတွေကို တားဆီးနိုင်ပါတယ်။

အရပ်သုံး စကား ဖြစ်တဲ့ "ဆည်ရေဖေါက်ချတယ်" ဆိုတဲ့ အသုံးအနူန်း အစား ဆည်ရေပိုလွှဲကနေ ရေထုတ်နေတယ် ဆိုတာမျိုး သုံးရင်ပိုမှန်ပါတယ်။ ဆည်တစ်ခု မှာ ရေဝင်ရေထွက် မှတ်တမ်း ကို မိုးရေချိန် တိုင်းတာစက်၊ ဆည်ရေ အနိမ့်အမြင့် နဲ့ ရေပိုထွက်ပေါက် (spill way) ရဲ့ အတိုင်းအတာ ရေအသုံးပြုတဲ့ ရေလွှတ်ပေါက် (sluices) အကျယ် (opening) အရ အချိန်နဲ့ တပြေးညီ တွက်ချက် စောင့်ကြည့် နိုင်ပါတယ်၊

ဆည်တစ်ခုရဲ့ ရေပိုလွှဲက ရေထုတ်နိုင်တဲ့ စွမ်းအား ကို နှစ် ၁၀၀၀, ၁၀၀၀၀ မှာ လာနိုင်တဲ့ ရေကြီးမှု ပုံစံ (flood design model) နဲ့ တွက်ချက် ထားရတာဖြစ်ပြီး ရေပိုလွှဲရဲ့ အောက်ပိုင်းမှာဆိုရင်လည်း ရေအားကြောင့် ရေပိုလွှဲက ရေလွှတ်တဲ့ မြောင်းကို မထိခိုက် မတိုက်စားအောင် ရေအားထိန်း အတားအစီး (hydrualic jump) နဲ့ ရေအားကို ထိန်းသိမ်းပြီး လွှတ်ချ ခြင်းဖြစ်ပါတယ်၊

ဒေသတစ်ခုမှာ မုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာပြီး ရေကြီးရေလျှံ ဖြစ်မယ်ဆိုရင် အဲဒီကျလာတဲ့ ရေပမာဏဟုဟာ သူစီးဆင်းရာ လမ်းမှာ ဆည်တစ်ခု ရှိခဲ့ရင် ဆည်ထဲမှာ ရေအပြည့် မရှိရင် ဆည်က မိုးရေများကို ထိန်းထားမှာဖြစ်ပြီး ဆည်ရေပြည့်တဲ့ အခါ ဆိုရင် ဆည်ထဲ စီးဝင်လာသမျှသော ရေများဟာ ဆည်ရဲ့ ရေပိုလွှဲကနေ ထွက်သွားမှာ ဖြစ်ပါတယ်၊

ဆည်ရဲ့ ရေပိုလွှဲမှာ သစ်တုံးများ အမှိုက်များ က မတရား ပိတ်ဆို့လို့ ဒီဇိုင်းလုပ်ထားတဲ့ ရေပမာဏ မထွက်ဘဲ ဆည်ရေ level မြင့်တက်ပြီး တမံပေါ်က ရေကျော်တာ (over topping) ဖြစ်ခဲ့ရင်တော့ ဆည်ကျိုးပြီး ဆည်အောက်ခြေမှာ ရုတ်တရကိ ရေကြီးရေလွှမ်းမိုး တာ ဖြစ်နိုင်ပါတယ်။ ဒီလို ဖြစ်ရင်တော့ ဆည်မှ တာဝန်ရှိသူများက ဆည်အောက်ခြေမှာ နေထိုင်တဲ့ သူများကို အရေးပေါ် သတိပေး ဥဩဆွဲတာ အကြောင်းကြားတာ မျိုးတွေကို အချိန်နဲ့ တပြေးညီ ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်၊

*
ပေါင်းလောင်းဆည်က ဆည်ထဲရေ၀င်မှုများလာရင် ယခုပုံပါအတိုင်း ရေပိုလွှဲကတဆင့် ရေလျှံကျအောင် လုပ်ထားတာပါ ရေအားလျှပ်စစ်စက်ရုံမှလဲ ဓာတ်အားထုတ်တာဘိုင် 70MW (၄)လုံးလည်ပတ်ပါတယ်။

တမင်ဖောက်ချတာမျိုးမရှိပါဘူး ။ ရေပိုလွှဲတွေကထွက်လာတဲ့ရေပမာဏများတဲ့အခါ ဆည်ခြေရင်းက ရွာတွေ ရေကြီးနိုင်ပါတယ် ။ ပျဥ်းမနားဘက်တော့ အရမ်းစိုးရိမ်စရာမလိုသေးပါဘူး ။

Credit.

ဒီနေ့ဟာ  ရမ်ချို ,  ဖာဟန် ,  ရာဂျူးတို့သုံးယောက်ကို   ချာတူး (Chatur) က  ဒေါသအိုးပေါက်ကွဲပီး  နောင်အနာဂတ်မှာ  ဘယ်သူက  အသ...
05/09/2024

ဒီနေ့ဟာ ရမ်ချို , ဖာဟန် , ရာဂျူးတို့သုံးယောက်ကို ချာတူး (Chatur) က ဒေါသအိုးပေါက်ကွဲပီး နောင်အနာဂတ်မှာ ဘယ်သူက အသာဆုံးဖြစ်နေမလဲဆိုတဲ့ Challenge လေးကို စတင်ခဲ့တဲ့ 15 နှစ်ပြည့်နေ့ပါ။

ဒီနေရာမှာ , ချာတူးကို လူအများစုက ဘာဖြစ်လို့မုန်းကြလဲဆိုတာကို ကျွန်တော်မတွေးတတ်ဘူး။
ဒါပေမဲ့ , For me Personally အရတော့ ချာတူးဆိုတဲ့ကျောင်းသားက တခြားနေရာတွေမှာသာ အကျင့်မကောင်းရင်နေမယ်။
အနည်းဆုံးသူ့ဘ၀မှာတော့ ရည်မှန်းချက်တစ်ခုရှိခဲ့တယ်။
ရမ်ချိုထက်သာကိုသာစေရမယ်ဆိုတဲ့ ရည်မှန်းချက်။

ပီးတော့ , သူရမ်ချိုလောက် ပါရမီမပါဘူး။
ဒါပေမဲ့နော် သူရမ်ချိုကို ဘယ်တော့မှမကြောက်နေခဲ့ဘူး။

အဲ့လိုချာတူးဆီကနေ , ဘာကိုသင်ယူခဲ့ရလဲဆိုတော့ "ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိဖို့" ဆိုတဲ့အချက်ကလေး။
ချာတူးက သူ့ကိုယ်သူ Show off လုပ်တာ , ထုတ်ကြွားပြတာတွေအရမ်းများပေမဲ့ ဒီလိုအကျင့်တွေသာမရှိဘူးဆိုရင် ချာတူးဟာ အတုယူစရာတွေ ပိုပီးများလာမှာပါ။

ဥပမာ - Self-Cnfidence , Hardworking , Indomitable Spirit (အနိုင်မခံ အရှုံးမပေးလိုစိတ်) စတာတွေကို အကုန်လုံးချာတူးဆီကနေ သင်ယူနိုင်တာပဲလေ။

ဒီနေ့ကချာတူးရဲ့နေ့လေးမို့ ချာတူးကိုပိုအမွှန်းတင်နေပေမဲ့လဲ သူတယောက်ထဲတင်မကပါဘူး။
3 Idiots ဆိုတဲ့ ဇာတ်ကားလေးထဲကနေ သင်ယူနိုင်တာတွေက အများကြီး" ပဲရယ်။

တက္ကသိုလ်ကျောင်းတွေမှာ ပညာတင်မက , မိသားစု၀င်လို သူငယ်ချင်းအသစ်တွေကိုပါ ရှာလို့ရကြောင်း သင်ပေးခဲ့တဲ့ရာဂျူး !

၀င်ငွေကောင်းဖို့ဆိုတာထက် ကိုယ့်ကိုနေ့စဉ်ပျော်ရွှင်နေစေမဲ့ အလုပ်မျိုးကိုပဲလုပ်ပါလို့ လမ်းပြခဲ့တဲ့ဖာဟန် !

ဘ၀ဟာ အပြေးပြိုင်ပွဲတခုလိုပဲ , မင်းမြန်မြန်မပြေးနေရင် ချနင်းခံခဲ့ရမှာဆိုတဲ့အသိကို သူ့ဘ၀နဲ့ရင်းပီး သင်ပေးခဲ့တဲ့ ကျောင်းအုပ်ကြီး Virus !

ကျောင်းသူ/သားအများစုမှာမှာလဲ မခံမရပ်နိုင်လောက်စရာ ပြသနာတွေစုပုံလာတဲ့အခါ သူတို့လွတ်မြောက်ရာလမ်းအဖြစ် Sui*ide ကို ရွေးချယ်သွားတတ်ကြကြောင်း ပညာပေးခဲ့တဲ့ Joy Lobo ဆိုတဲ့ ကျောင်းသားလေး !

ရင်ဆိုင်နေရတဲ့ပြသနာတခုဟာ ဘယ်လောက်ပဲကြီးမားနေပါစေ , မင်းရဲ့နှလုံးသားဆီ "အရာအားလုံး အဆင်ပြေသွားမှာပါ ( All is well )" ဆိုတဲ့စကားလေးတခွန်းကိုသာ ဆက်တိုက်ပြောနေဖို့ သင်ပေးခဲ့တဲ့ရမ်ချို !

ဒါတွေက ကျွန်တော် ဒီဇာတ်ကားလေးထဲကနေ သင်ကြားခဲ့ရတဲ့ အဖိုးတန်သင်ခန်းစာလေးတွေပေါ့။
ဘာရယ်မဟုတ်ပါဘူး။
ဒီနေ့ကလဲ ဒီဇာတ်ကားလေးရဲ့ Memorable Day လေးလို ဖြစ်နေလို့မို့။

September 5 ဆိုတဲ့ ကျောင်းခေါင်မိုးပေါ်က ဒီအမှတ်အသားလေးတစ်ခုကြောင့် , 15 နှစ်အကြာမှာ သူတို့အားလုံးကို နောက်ထပ်တကြိမ် အမှတ်ရရင်း , ကျွန်တော်တို့နိုင်ငံအတွက်လဲ ရမ်ချိုရဲ့ "All is well" (အရာအားလုံး အဆင်ပြေသွားတော့မှာပါ ) ဆိုတဲ့စကားလေးကို လက်ဆောင်ပါးလိုက်ချင်ပါတယ်။

၃ ဆိုင် စျေးမေးတယ် ၃ ဆိုင်လုံး စျေးမတူဘူး၊ စျေးနှုန်းတွေကို မထိန်းချုပ်နိုင်သရွေ့ အမြတ်ကြီးစား ခေါင်းပုံဖြတ်တဲ့သူတွေ ကြီ...
02/09/2024

၃ ဆိုင် စျေးမေးတယ် ၃ ဆိုင်လုံး စျေးမတူဘူး၊ စျေးနှုန်းတွေကို မထိန်းချုပ်နိုင်သရွေ့ အမြတ်ကြီးစား ခေါင်းပုံဖြတ်တဲ့သူတွေ ကြီးပွားတိုးတက်ဦးမှာပဲ.. စားသုံးသူတွေ ခက်ခဲမွဲတေနေဦးမှာပဲ..

ပရီမီယာ 3 in 1 တစ်ထုပ်ကို..
ပထမတဆိုင် - 15500
ဒုတိယတဆိုင် - 14800
တတိယတဆိုင် - 12900

ဘာကြောင့် စျေးနှုန်းတွေ မတူညီကြတာလဲ.. သင့်တင့်လျောက်ပတ်တဲ့ အမြတ်ငွေတစ်ခုရရင် မတင်းတိမ်နိုင်ကြဘူးလား.. တခြားဆိုင်မှာ ဒီစျေးနဲ့ရောင်းနိုင်ရင် ကိုယ်ရော မရောင်းနိုင်ဘူးလား.. အမြတ်ကြီးစား မတန်တဆ ရောင်းနေကြတာမျိုး သယ်ယူပို့ဆောင်ရေးကြောင့် စျေးမတူတာလို့ စောဒကတက်ရင် အဲ့ ၃ ဆိုင်စလုံးက တူညီတဲ့ နေရာဒေသ တခုတည်းက ဆိုင်တွေချည်းပါပဲ.. အရင်စျေးနဲ့ ဝယ်ထားလို့ ဒီစျေးနဲ့ရောင်းနိုင်တာလို့ ပြောရအောင်လည်း ၃ ဆိုင်စလုံးက လက်မလည်အောင် ပုံမှန်ရောင်းနေရတဲ့ ဆိုင်တွေချည်းမို့ လက်ကျန်ပစ္စည်းကို ရရာစျေးနဲ့ ကျန်ဖြတ်ဖြတ်ပြီး လျှော့ရောင်းရတဲ့ အနေအထား မဟုတ်ကြဘူး.. လက်သင့်သလို ပါးစပ်ထဲရှိတဲ့စျေးနှုန်းတစ်ခုက စျေးသည်တွေရဲ့ လျှာရိုးမရှိတဲ့ ပါးစပ်ထဲမှာ ကြုံသလို ကိုယ့်ဘက်ကိုယ်ယက်ပြီး ထွက်နေကြတာ.. ထုတ်လုပ်သူတွေ ကိုယ်တိုင် မိမိကုန်ပစ္စည်းကို ရောင်းရမယ့် စျေး တခါတည်း သတ်မှတ်ပေးရင် ကောင်းမှာပါပဲ..။
(Zinme Win Mg)

#ပရီမီယာ

ဘဝမှာ ကိုယ့်ကို ညှာတဲ့လူကိုရွေးချယ်ပါတဲ့ဒီစကားကို ကိုယ့် တီချယ် တစ်ယောက်ကပြောဖူးတယ်  အစက အမှတ်တမဲ့ပဲ သေချာ တွေးကြည့် လို...
14/05/2024

ဘဝမှာ ကိုယ့်ကို ညှာတဲ့လူကိုရွေးချယ်ပါတဲ့

ဒီစကားကို ကိုယ့် တီချယ် တစ်ယောက်ကပြောဖူးတယ်
အစက အမှတ်တမဲ့ပဲ သေချာ တွေးကြည့် လိုက်ရင်
ကိုယ့်ရဲ့ life partner ရွေးချယ်တဲ့ နေရာမှာ
ဒါက အရေးကြီးဆုံး ဖြစ်လိမ့်မယ်
ပိုက်ဆံချမ်းသာဖို့ ထက်
စိတ်ချမ်းသာဖို့က အရေးကြီးတယ်မဟုတ်လား
ကိစ္စသေးသေးလေးက အစ ကိုယ့်ဘက် ငှဲ့ကြည့်တတ်တဲ့ သူမျိုး , ကိုယ်ငိုမှာကို ကြောက်တဲ့သူမျိုး , ဝမ်းနည်းသွားမှာ စိုးလို့ လေသံတောင် မမာတဲ့သူမျိုး ဒီအချက် တွေ အကုန်လုံးက ညှာတယ် ဆိုတဲ့ စကားလုံး တစ်လုံးအောက်မှာ အကုန် ပါ နေတာမဟုတ်လား
တစ်ချို့သော သူတွေက ချစ်သာချစ်တာ မညှာတတ်ကြဘူး
အနိုင်လိုချင်တဲ့စိတ်က တစ်ခါတစ်ရံ ပိုတတ်ကြတယ်

ဘဝမှာ စိတ်ချမ်းသာချင်တဲ့အခါ
တကယ်ချစ်ပြီး ကိုယ့်အပေါ်ညှာတဲ့ သူကို ရွေးချယ်ပါ

My story

ဒီပုံလေးကိုမြင်တဲ့သူတိုင်းနှစ်ဆန်းတရက်နေ့မှ စတင်၍ ကောင်းမွန်သော ကံကြမ္မာပြောင်းလဲခြင်းများ ဝင်ရောက်လာမည်။ လာဘ်လာဘများ ပွင...
17/04/2024

ဒီပုံလေးကိုမြင်တဲ့သူတိုင်း

နှစ်ဆန်းတရက်နေ့မှ စတင်၍ ကောင်းမွန်သော ကံကြမ္မာပြောင်းလဲခြင်းများ ဝင်ရောက်လာမည်။ လာဘ်လာဘများ ပွင့်လန်းလာပြီး အလုပ်အကိုင်များ အဆင်ပြေမည်။ ​ငွေကြေးအခက်အခဲများ ပြေလည်ပြီး စိတ်ချမ်းသာ ​ပျော်ရွှင်မှုများ ရရှိလာပါလိမ့်မည်။

" ရွှေဘတ်ကားကြီး လာပြီ ကြိုက်တာ ယူကြပါလော့ ရွှေကားဓာတ်ပန်းချီထူး " မိမိလိုအပ်သော ငွေအမောင့်ကို ရေးပြီး ဆုတောင်းသွားကြပါ။ြ...
05/04/2024

" ရွှေဘတ်ကားကြီး လာပြီ ကြိုက်တာ ယူကြပါလော့ ရွှေကားဓာတ်ပန်းချီထူး "

မိမိလိုအပ်သော ငွေအမောင့်ကို ရေးပြီး ဆုတောင်းသွားကြပါ။ ဖြစ်နိုင်တာကိုသာ ဆုတောင်းပါ။ (၁၈)နာရီ သို့ (၁၈)ရက်အတွင်း ကျိန်းသေပေါက်ပြည့်လိမ့်မည်။ လျစ်လျစ်ရှူသူများ အလွဲလွဲအချော်ချော်ဖြစ်တတ်လေသည်။
လင်းညှို့တာရာ

ကမ္ဘာ့အဖိုးတန်ဆုံး သစ်တွေထဲက တစ်မျိုးဖြစ်တဲ့ တမလန်း (သို့မဟုတ်) သစ်နှင်းဆီတမလန်း သစ်ပင်များကို ကမ္ဘာပေါ်တွင် အရှေ့တောင်အာရှ...
05/04/2024

ကမ္ဘာ့အဖိုးတန်ဆုံး သစ်တွေထဲက တစ်မျိုးဖြစ်တဲ့ တမလန်း (သို့မဟုတ်) သစ်နှင်းဆီ

တမလန်း သစ်ပင်များကို ကမ္ဘာပေါ်တွင် အရှေ့တောင်အာရှနိုင်ငံများဖြစ်ကြသော မြန်မာ၊ ထိုင်း၊ လာအို၊ ဗီယက်နမ် နှင့် ကမ္ဘောဒီးယား စသည့် နိုင်ငံများတွင် ပေါက်လေ့ရှိသည်။ ပထမတန်းသစ်အမျိုးအစားထဲမှာ တမလန်း (သို့မဟုတ်) သစ်နှင်းဆီ လည်းပါဝင်ပါတယ်။

တမလန်းအပင်သည် အမြင့် 15 မှ 30 မီတာအထိ (ပေ 100 အထိ) ပေါက်ရောက်နိုင်သော Fabaceae မျိုးရင်းဝင်မျိုးစိတ်ဖြစ်သည်။
၎င်း၏ နာမည်အခေါ်အဝေါ်များမှာ
ဒေသဘာသာစကားပေါ်မူတည်ပြီး
နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံမတူညီကြပါဘူး။

ထိုင်းနိုင်ငံတွင် ( Mai Chaing Chan),

လာအိုနိုင်ငံတွင် ( Mai Kham Phii),

ကမ္ဘောဒီးယား နိုင်ငံတွင် (Neang Nuon),

ဗီယက်နမ်နိုင်ငံတွင် (Cam Lai or Trac Lai ) နှင့်

မြန်မာနိုင်ငံတွင် (Tamalan) သို့မဟုတ် (သစ်နှင်းဆီ) ဟု ခေါ်ဆိုကြပါတယ်။

သိပ္ပံအမည်မှာတော့ Dalbergia Oliveri လို့အမည်တွင်ပါတယ်။

တမလန်းသား၏ ထူးခြားချက်မှာ အလွန်လှပသော အပွေးအရစ်လေးများပါရှိပြီး ပင်စည်တွင် ဖြူဝါရောင် အကာ နှင့် ညိုနက်ရောင် အနှစ် ရှိကြသည်။ ၎င်း၏ အကာသည် ပါးပါးလေးသာရှိပြီး
ပင်စည်အားလုံးနီးပါးမှာ အနှစ်တည်လေ့ရှိသည်။

ထို့ကြောင့် တမလန်းသားမှာ အလွန်အင်မတန် လေးလံပြီး မာကြောလှသည်။ ရနံ့မွေးပြီး နီညို့ရောင်အဆင်းလည်းရှိပါတယ်။

တမလန်းသားမှာ ကျန်းမာရေးအတွက် အလွန်ကောင်းမွန်းသည်ဟုလည်း ဆိုကြပါတယ်။

ထို့ကြောင့် ကမ္ဘာပေါ်ရှိနိုင်ငံတချို့တွင် တမလန်းသားဖြင့် ပြုလုပ်သော ထိုင်ခုံ၊ စားပွဲ၊ ကုတင်၊ အိမ်အသုံးဆောင်ပစ္စည်း နှင့် အိမ်တွင်း အလှပ ပစ္စည်းများကို တန်ဖိုးထားဝယ်ယူကြသည်။

အထူးသဖြင့် တရုတ်နိုင်ငံသားတို့မှာ တမလန်းသားဖြင့်ပြုလုပ်သော အသုံးဆောင် ပစ္စည်းများကို အလွန်ကြိုက်ကြပြီး သူတို့၏ချမ်းသာကြွယ်ဝမှုများကို ၎င်းအလှပ ပစ္စည်းများ ခင်းကျင်းပြသ အသုံးပြုခြင်းဖြင့် ဂုဏ်ယူဝံ့ကြွားလေ့ရှိကြလေသည်။

#တမလန်း #သစ်နှင်းဆီ

Myanmar NewsRoom

သိမ်ငယ်ရမယ့် ရပ်ဝန်းကိုရှောင်ပါကိုယ်လည်း ကိုယ့်မိဘရဲ့အဖိုးတန်လေးပဲ မဟုတ်ပါလား ။
02/04/2024

သိမ်ငယ်ရမယ့် ရပ်ဝန်းကိုရှောင်ပါ
ကိုယ်လည်း ကိုယ့်မိဘရဲ့
အဖိုးတန်လေးပဲ မဟုတ်ပါလား ။

အရသာရှိပြီး ပြင်ဆင်ရလွယ်ကူသော သစ်သီးဖျော်ရည်များ 🍑🍒🍈🍓🍇🍹🍹🍹
26/03/2024

အရသာရှိပြီး ပြင်ဆင်ရလွယ်ကူသော သစ်သီးဖျော်ရည်များ 🍑🍒🍈🍓🍇🍹🍹🍹

ဝတာလေးက ဖက်ထားလို့ရပါတယ် 😍
19/03/2024

ဝတာလေးက ဖက်ထားလို့ရပါတယ် 😍

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Beauty Diet for You posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Beauty Diet for You:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram