သမားတော်ဆေးခန်း-Tha Mar Taw Clinic

  • Home
  • Myanmar
  • Yangon
  • သမားတော်ဆေးခန်း-Tha Mar Taw Clinic

သမားတော်ဆေးခန်း-Tha Mar Taw Clinic Online မှ ဆွေးနွေးမှူများပြုလုပ်နိုင်ပါသည်

သမားတော်ဆေးခန်း-Tha Mar Taw Clinic ၏စတုဒီသာအလှူမည်သူမဆိုကြွရောက်သုံးဆောင်နိုင်ပါသည်.
02/05/2023

သမားတော်ဆေးခန်း-Tha Mar Taw Clinic
၏စတုဒီသာအလှူ
မည်သူမဆို
ကြွရောက်သုံးဆောင်နိုင်ပါသည်.

21/04/2023

💎 သမားတော်ဆေးခန်း၏ ပညာဒါန 💎

ကျန်းမာရေး မေးမြန်းလိုသူများ
ယခု post comment တွင် တယောက်ကို မေးခွန်းတခုနှူန်း ဖြင့်(အခမဲ့) မေးမြန်းနိုင်ပါသည်။
post ကို share ပေးခြင်းဖြင့် ကုသိုလ်ပါဝင်ပေးကြပါဦး။

Dr-TKKK
သမားတော်ဆေးခန်း-Tha Mar Taw Clinic
ရွှေပြည်သာ၊ရန်ကုန်။

"ဆီးလမ်းကြောင်းပိုးဝင်ခြင်း"♦ ဆေးခန်းလာပြတဲ့ လူနာတွေကဆီးအောင့်တယ်ဆိုပီးလာကြပါတယ် ♦လူတယောက်က ဆေးခန်းလာပြရအောင် ဝေဒနါခံစား...
21/04/2023

"ဆီးလမ်းကြောင်းပိုးဝင်ခြင်း"

♦ ဆေးခန်းလာပြတဲ့ လူနာတွေကဆီးအောင့်တယ်ဆိုပီးလာကြပါတယ် ♦
လူတယောက်က ဆေးခန်းလာပြရအောင် ဝေဒနါခံစားရပီဆိုကတည်းက ရိုးရိုးဆီးအောင့်တာလား ၊ဆီးပိုးဝင်တာလား/ဆီးကျောက်တည်တာ/ ကျောက်ကပ်မကောင်းတာ စသည်ဖြင့် အကြောင်းရင်းအများကြီးရှိတဲ့ အထဲက ဆီးလမ်းကြောင်းပိုးဝင်တဲ့ အကြောင်းကို ဗဟုသုတအနေနဲ့ ရေးသားလိုက်ပါတယ်။

ဆီးလမ်းကြောင်းပိုးဝင်းခြင်း၏ ရောဂါလက္ခဏာများ
1) ဆီးကျဉ်ခြင်း၊ဆီးပူခြင်း
2- ဆီးခဏခဏ သွားချင်သလို ဖြစ်ခြင်း
3- ဆီး အနည်ပါခြင်း
4- ဆီးအရောင်ရင့်ခြင်း(လက်ဖက်ရည်ကြမ်းအရောင်၊ကိုကာကိုလာ အရောင်) -သွေးပါခြင်းလက္ခဏာ
5- ဆီးအနံ့ နံခြင်း
6- ဆီးစပ်ကိုက်ခြင်း၊ တင်ပါဆုံ အောင့်ခြင်း
7- မိန်းမကိုယ်ယားယံခြင်း/ယောကျာ်းအဂါယားယံခြင်း
8- အဖျားကြီးခြင်းနှင့် ချမ်းတုန်ခြင်း
9- ပျို့အန်ခြင်း
10- အဖြူဆင်းခြင်း/မိန်းမကိုယ်ထဲတွင်မလိုင်ကဲ့သို့ အဖတ်များရှိခြင်း
11- ဆီးတစက်စက်ထွက်ခြင်း
12-လိင်အဂါမှ ပြည်/ သွေးထွက်ခြင်း
ကျောက်ကပ်၊ ဆီးအိမ် နှင့် ဆီးလမ်းကြောင်း တစ်လျှောက် ပိုးဝင်ခြင်းကို ဆီးပိုးဝင်ခြင်းလို့ခေါ်ပါတယ်။ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ဆီးပိုးဝင်နှုန်း ပိုမြင့်ပါတယ်။

🔼 ဆီးပိုးဝင်ခြင်းဖြစိစေသော အကြောင်းအရာများ

1- တကိုယ်ရည် သန့်ရှင်းမှုအားနည်းခြင်း
2- တင်းကြပ်သော အတွင်းခံများ အချိန်ကြာမြင့်စွာ ဝတ်ဆင်ခြင်း
4- အဝတ်အစားများကို မီးပူမတိုက်၊ မလျှော်မဖွပ်ဘဲ
ဝတ်ခြင်း
5- အမျိုးသမီးသန့်စင်ဆေးရည်များကို လိုအပ်သည်ထက်ပိုသုံးစွဲခြင်း အစရှိသည်တို့ကြောင့် ဖြစ်ပါတယ်။

🔼 ဆီးပိုးဝင်နိုင်ခြေ များသောအခြေအနေများ (Risk factor)
1) အမျိုးသမီးတွေဟာ အမျိုးသားများ ထက်ဆီးပိုးဝင်နိုင်ခြေ ပိုများပါတယ်။
♦ အမျိုးသမီးတွေရဲ့ ဆီးလမ်းကြောင်းဟာ အမျိုးသားများထက် တိုခြင်း
♦ သားအိမ်ထဲထည့်​သောကိုယ်ဝန်တားပစ္စည်းများသုံးခြင်း
♦ သွေးဆုံးပြီးချိန် oestrogen ဟော်မုန်း လျော့နည်းလာခြင်း တို့ကြောင့် ဖြစ်ပါတယ်။

2) မွေးရာပါ ဆီးလမ်းကြောင်းပုံမှန် မဟုတ်ခြင်း
3) ဆီးလမ်းကြောင်း တွင်ကျောက်တည်ခြင်း
4) ဆီးကျိတ်ရောဂါရှိသူများ
5) ဆီးပိုက် အချိန်ကြာမြှင့်စွာ ထည့်ထားရသူများ
6) ဆီးလမ်းကြောင်းခွဲစိတ်မှုပြုလုပ်ထားသူများ
7) ဆီးချိုရောဂါရှိသူများ နှင့်ကိုယ်ခံအားကျဆင်းစေသော ရောဂါ အခံရှိသူများ တို့ပဲ ဖြစ်ပါတယ်။

🔼 ဆီးပိုးဝင်ခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

ဆီးပိုးရောဂါ ဖြစ်ဖြစ်ချင်းကုပါက နောက်ဆက်တွဲဆိုးကျိုးဖြစ်နိုင် ခြေနည်းပါတယ်။သို့သော် မကုသပါက
1) ခဏခဏ ဆီးပိုးဝင်ခြင်း
အမျိုးသမီးတွေမှာ မကုသပဲ ထားပါက ၆လတစ်ကြိမ် (သို့) ၁နှစ်အတွင်း ၄ကြိမ် နှင့်အထပ် ရောဂါ လက္ခဏာ ပေါ်လာတတ်ပါတယ်။
2) ကျောက်ကပ် ပျက်စီးခြင်း
3) ကိုယ်ဝန်ဆောင် အမျိုးသမီးများရောဂါကိုအချိန်မှီ မကုသပါက နေ့မစေ့၊လမစေ့မွေးခြင်း နှင့် ပေါင်မပြည့်သောခလေး မွေးခြင်း
4) ပိုးဆိပ်တက်ခြင်း တို့ဖြစ်နိုင်ပါတယ်။

🔼 ဆီးပိုးမဝင်အောင် လိုက်နာရမည့် အချက်များကတော့
1) ဆီးသွားလျှင် ဆီးဝသည်ဟု သေချာသည်အထိ သွားပါ။ အလျင်မလိုပါနှင့်။
2) အညစ်အကြေး သန့်ရှင်းချိန်တွင် စက္ကူကို အရှေ့မှ အနောက်သို့ ဦးတည်ချက် တခုတည်းကိုသာ သုတ်ပါ။ နောက်မှ အရှေ့သို့ မသုတ်ရပါ။ အရှေ့အနောက် ဆွဲပြီးလဲ မသုတ်ရပါ။
3) ရေများများသောက်ပါ။
4) အမျိုးသမီး သန့်စင်ဆေးရည်၊ကိုယ်တိုက်ဆပ်ပြာ၊တခြား အမွေးနံ့သာ ပါသော သန့်စင်ရည်တို့နဲ့ သန့်ရှင်းခြင်းရှောင်ပါ။ ဖြစ်နိုင်လျှင်ရိုးရိုးရေသာ သုံးပါ။
5) လိင်မဆက်ဆံခင် မိမိ အင်္ဂါကို သန့်ရှင်းရေး လုပ်ပါ။
6) လိင်ဆက်ဆံ ပြီးပြီးချင်းပိုးများ ဆီးလမ်းကြောင်းထဲ မဝင်စေရန် အပေါ့သွားပေးပါ
7) ချည်သားအတွင်းခံ၊တအားမကြပ်သော အတွင်းခံများကိုသာ ဝတ်ဆင်ပါ။

ဒီဗဟုသုတ လေးကို share လုပ်ပီးလက်ဆင့်ကမ်းမျှဝေခြင်းဖြင့် ဆီးပိုးဝင်နေတဲ့လူတဦးတယောက်(သို့)လူအများစု ချမ်းသာရာသက်သာရာ ရကြပါစေ 💎

Dr-TKKK
M.B.B.S(ygn)
University of Medicine (1) ,Yangon.
သမားတော်ဆေးခန်း
ရွှေပြည်သာ၊ရန်ကုန်။

၄လသာရှိသေးတဲ့ သမီးငယ်လေးက အာခေါင်ကို ခြစ်ပြီးငိုနေဆဲ.... ချော့တစ်ခါ အော်တလှည့်နဲ့ မေမေရော ဖေဖေပါ လက်ပန်းကျနေပါပြီ... သမီ...
19/04/2023

၄လသာရှိသေးတဲ့ သမီးငယ်လေးက အာခေါင်ကို ခြစ်ပြီးငိုနေဆဲ.... ချော့တစ်ခါ အော်တလှည့်နဲ့ မေမေရော ဖေဖေပါ လက်ပန်းကျနေပါပြီ... သမီးလေးက နေ့နဲ့ညလည်း ပြန်မှားနေပြီး လူကြီးတွေလည်း အိပ်ရေးပျက်တာ ၂လဆက်တိုက်မို့လို့ အလဲလဲအကွဲကွဲ... ငိုနေတာ တစ်နာရီနီးပါးရှိလာတော့ စိတ်ကမရှည်တော့ဘူး..... ကိုယ်ပြောနေတာလည်း နားမလည်မှန်းသိနေတော့ အပြောင်းအလဲများ ဖြစ်မလားဆိုပြီး ခပ်ကြမ်းကြမ်းကလေး လှုပ်ချီကြည့်တယ်... မထူး.... စိတ်မရှည်တဲ့အဆင့်ကနေ စိတ်တိုတဲ့အဆင့်ကို သတိမထားလိုက်မိခင်မှာပဲ ချက်ခြင်းပြောင်းသွားတယ်.... ခပ်ကြမ်းကြမ်းကလေးလှုပ်ချီပေးနေရာကနေ အလိုအလျောက် ပခုံးကလေးနှစ်ဘက်ကနေကိုင်ပြီး ရှေ့တိုးနောက်ဆုတ် ကိုင်လှုပ်လိုက်ပါလေရော.... ရုတ်တရက် စိတ်လိုက်မာန်ပါ လုပ်လိုက်မိပြီးမှ သနားသွားပြီးပြန်ချော့ရပြန်တယ်.... တစ်မိနစ်တောင် မကြာလိုက်ပေမယ့် သမီးလေးအတွက်တော့ တစ်ဘဝလုံး ပေးဆပ်ရမယ့် အခြေအနေကို ရောက်သွားခဲ့ပါပြီ....
ကလေးငယ်လေးတွေကို ကြမ်းတမ်းစွာ အဆက်မပြတ်လှုပ်ခါမှုကြောင့် ဦးနှောက်ပျက်စီးရတဲ့အခြေအနေကို Shaken Baby Syndrome လို့ခေါ်ပါတယ်.... အသက်၂နှစ်အောက် ကလေးတွေမှာ ပိုအဖြစ်များပြီး ၅နှစ်အရွယ်လေးတွေအထိ ဖြစ်တတ်ပါတယ်... ကလေးတွေ ငယ်သေးတဲ့အချိန်မှာ ဦးခေါင်းခွံနဲ့ ဦးနှောက်သေးသေးလေးတွေကြားမှာ လွတ်နေတဲ့ နေရာလေးတွေရှိပါတယ်.... ကလေးကို ပြင်းပြင်းထန်ထန် လှုပ်ခါတဲ့အခါ ခေါင်းခွံနဲ့ ဦးနှောက်ရှေ့တိုးနောက်ဆုတ် ရိုက်မိပြီး ဦးနှောက်ပျက်စီး သွေးယိုတာဖြစ်တတ်ပါတယ်...
ရောဂါလက္ခဏာတွေ ချက်ချင်းမပြတတ်ဘဲ နောက်ပိုင်းမှ ကလေးက အစာမစားတော့ဘဲ အရမ်းမှိန်းလာမယ်... ဒါမှမဟုတ် မအိပ်နိုင်တော့ဘဲ ဂဏာမငြိမ်ဖြစ်လာမယ်... အန်မယ်... တက်မယ်.... ကိုယ်မြှူရင် ပြန်မရယ်ပြတော့ဘူး... ဘာမှ မတုန့်ပြန်တော့ဘူး.... အကြောသေသွားမယ်... မလှုပ်ရှားနိုင်တော့ဘူး.... အသားရောင်ဖျော့လာမယ်... ပြာလာမယ်.... အသက်ရှူမမှန်တော့ဘဲ အသက်ရှူရပ်တဲ့အထိ ဖြစ်တတ်တယ်... ကလေးနည်းနည်းစပြီး အနေအထားပြောင်းတာနဲ့ ဆေးရုံကို အမြန်ဆုံးသွားပါ... အပြင်ပန်းဘာမှ ဒဏ်ရာဒဏ်ချက်မရှိပေမယ့် အသက်အန္တရာယ် အစိုးရိမ်ရဆုံးအခြေအနေဖြစ်ပါတယ်... ကလေးအန်နေရင် ဘေးစောင်းထားပါ.... အန်လိုက်တဲ့ အရည်တွေ အဆုတ်ထဲမရောက်အောင် အကောင်းဆုံးကာကွယ်တာဖြစ်ပါတယ်... ထောင်မချီထားပါနဲ့....
ကလေးကို စိတ်ဆိုးလို့ဖြစ်စေ.. ဆော့ကစားမြှူပြီးတော့ဖြစ်စေ ဘယ်တော့မှ ကိုင်မလှုပ်ပါနဲ့.... လူကြီးချင်းရန်ဖြစ်နေချိန်မှာ ကလေးကို ချီမထားပါနဲ့.... ဒေါသအလျောက် စိတ်လိုက်မာန်ပါ လုပ်လိုက်မိတတ်ပါတယ်.... ကလေးကို မွေ့ယာအပျော့ပေါ်ကို ဖြစ်ပါစေ ပစ်မချပါနဲ့.... ကလေးအပေါ်မှာ စိတ်မရှည်ဖြစ်လာပြီဆိုရင် နီးစပ်ရာလူကိုအကူအညီခေါ်ပါ.... လူပြောင်းပြီး ထိန်းပါ....

ဆရာဝန် သူနာပြူများ နဲ့ အခြားကျန်းမာရေးဝန်ထမ်းများအတွက်....
Shaken baby Syndrome လို့ သံသယရှိရင် ဘယ်အချက်တွေ ကြည့်ရမလဲ.... အရင်ဆုံးနဲ့ အလွယ်ဆုံးက Retinal hemorrhage ရှိမရှိကြည့်ပါ.... Ophthalmoscope နဲ့ Retina ကို ကြည့်တဲ့အခါ လှုပ်ခါခံခဲ့ရတဲ့ဒဏ်ကြောင့် မျက်လုံးထဲမှာ သွေးထွက်နေပါလိမ့်မယ်.... CT scan, MRI ရိုက်ကြည့်ရင် ဦးနှောက်ထဲမှာ သွေးထွက်နေတာ (သို့မဟုတ်) ဦးနှောက်ယောင်နေတာ (Encephalopathy) ကို တွေ့နိုင်ပါတယ်.... CT/MRI လုပ်ဖို့ ခက်ခဲတဲ့အခါ.... Lumbar puncture လုပ်ကြည့်ပါ... bloody tap ဖြစ်နေရင် ဦးနှောက်ထဲမှာ သွေးထွက်နေတာ ဖြစ်ဖို့ ရာခိုင်နှုန်းများပါတယ်... (Traumatic tap ကို exclude လုပ်ပါ)... Child abuse ပေါများတဲ့ နေရာတွေမှာတော့ အခြားတွဲဖက်ရှိနိုင်တဲ့ ဒဏ်ရာတွေကို ရှာပါ....(သွေးချည်ဥနေတာတွေ စသည်ဖြင့်)... ကလေးတစ်ကိုယ်လုံးကို ဓါတ်မှန်ရိုက်ပါ... အရိုးကျိုးထားတဲ့ ဒဏ်ရာဟောင်းတွေကို တွေ့နိုင်ပါတယ်... အခြားဖြစ်နိုင်ချေရှိတဲ့ ရောဂါတွေကို exclude လုပ်ပါ.... ဥပမာ... ဦးနှောက်အမှေးယောင် (Meningitis)

Risk factor တွေက ဘာတွေလဲ....
ကလေးအပေါ်မှာ ဘယ်လိုလူတွေက ပိုပြီး စိတ်မရှည်ဖြစ်တတ်သလဲဆိုတာ စဉ်းစားရအောင်...
(၁) ကလေးမလိုချင်ဘဲ မတော်တဆရလာတဲ့မိဘတွေ (ပြင်ဆင်ထားတာဘာမှမရှိဘဲ အဆင်မပြေတဲ့အခြေအနေတွေ အများကြီးရှိနေတတ်တာ)
(၂) အသက်အရမ်းငယ်တဲ့မိဘတွေ (သို့မဟုတ်) Single parent တွေ
(၃) စိတ်ဖိစီးမှု များတဲ့သူတွေ
(၄) အရက်/မူးယစ်ဆေးဝါး စွဲလန်းနေသူတွေ
(၅) အိမ်တွင်းနှိပ်စက်မှု (Domestic violence)ရှိနေ ခံစားနေရတဲ့သူတွေ
(၆) မိသားစု မတည်ငြိမ်မှုတွေ
(၇) ဝင်ငွေခက်ခဲနေတာတွေ
(၈) စိတ်ကျရောဂါရှိသူတွေ
(၉) ကလေးဘဝက ကိုယ်တိုင်နှိပ်စက်ခံခဲ့ရဖူးသူတွေ

နောက်ဆက်တွဲ (နာတာရှည်) ဆိုးကျိုးတွေက ဘာတွေလဲ...
(၁) အသက်သေဆုံးခြင်း
(၂) အသက်မသေဘဲ ကျန်ခဲ့ရင်လည်း မျက်လုံးကွယ်ခြင်း
(၃) နားမကြားတော့ခြင်း
(၄) ဖွံ့ဖြိုးမှု နောက်ကျခြင်း၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု ဥာဏ်ရည်မမှီဖြစ်ခြင်း၊ စာသင်ကြားဖို့ ခက်ခဲခြင်း
(၅) အတက်ရောဂါရခြင်း
(၆) Cerebral palsy လို့ခေါ်တဲ့ မသန်စွမ်းသူဖြစ်သွားခြင်း စတဲ့နောက်ဆက်တွဲတွေကြောင့် မိသားစုဘဝတွေမှာ စိတ်ဖိစီးခြင်းကို တသက်လုံးခံသွားရတော့တယ်...

မေမေမွေးလိုက်တုန်းက ခြောက်ပစ်ကင်းသဲလဲစင်ကလေး.... ကံမကောင်းအကြောင်းမလှရှာဘဲ တသက်လုံး ဒုက္ခိတဘဝနဲ့ ရှင်သန်သွားရရှာတာ ရင်နာစရာကောင်းလှပါတယ်.... ဒါကြောင့် သတိကြီးကြီးထားကြပါ... ကိုယ့်စိတ်က အရမ်းပင်ပန်းပြီး ရှေ့ဆက်လို့ မရလောက်အောင် စိတ်ဖိစီးနေရင် အကူအညီခေါ်ပါ... မိဘဆွေမျိုးများရဲ့ ပံ့ပိုးမှုကို တတ်နိုင်သလောက်ရှာပါ.... ကျတော်တို့ ယဉ်ကျေးမှုနဲ့ အသိုင်းအဝိုင်းမှာ ကူမယ့်သူမရှားပါ..... ကိုယ့်သားသမီးကို ကိုယ်တိုင်ပဲ ထိန်းကျောင်းချင်ကြတာ မိဘတိုင်းရဲ့ စိတ်ကူးဖြစ်ပေမယ့် Risk and benefit ကို ချင့်ချိန်ပြီး လိုတိုးပိုလျော့လုပ်သင့်တဲ့အခါ လုပ်ကြရမှာပါ....

ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်လေးတွေ ဖြစ်ကြပါစေ း)

Wellness Mommy

Ref: https://www.nlm.nih.gov/medlineplus/ency/article/007578.htm
http://www.emedicinehealth.com/shaken_baby_syndrome-health/article_em.htm
http://www.mayoclinic.org/diseases-conditions/shaken-baby-syndrome/basics/definition/con-20034461

# wellnessmommy

၊ #ကိုယ်ဝန်ဆောင်နှင့်ဆေးဝါးများ~~~~~~~~~~ကိုယ်ဝန်ဆောင်စဉ် ဆေးသောက္မယ်ဆိုရင် ကေလးကို ထိခိုက္နိုင္လား ဆိုတဲ့အခ်က္ကို အၿမဲစ...
15/04/2023

၊ #ကိုယ်ဝန်ဆောင်နှင့်ဆေးဝါးများ
~~~~~~~~~~

ကိုယ်ဝန်ဆောင်စဉ် ဆေးသောက္မယ်ဆိုရင် ကေလးကို ထိခိုက္နိုင္လား ဆိုတဲ့အခ်က္ကို အမြဲစဉ်းစားရပါတယ်။ ကိုယ်ဝန်ရှိမှန်း ဆရာဝန်ကသိရင် ကလေးကို အန္တရာယ်မဖြစ်စေမယ့် ဆေးကိုသာ ဆရာဝန်က ပေးပါလိမ့်မယ်။ ကိုယ်ဝန်ရဖို့ ကြိုးစားနေရင်လည်း ဆေးပေးမယ့် ဆရာဝန်ကို အသိပေးသင့်ပါတယ်။

မြန်မာနိုင်ငံမှာ ဆေးအတော်များများကို ဆရာဝန်ရဲ့ ဆေးစာမပါဘဲ ဝယ်ယူနိုင်ပါတယ်။ ဆေးရောင်းသူ အများစုကလည်း ဆေးဝါးကျွမ်းကျင်များ (Pharmacist) မဟုတ်ကြပါ။ မြန်မာဆေးနှင့် ဓာတ်စာဆေးများကိုလည်း အလွယ်တကူ အသုံးပြုနေကြပါတယ်။ ဓာတ်စာ ရောင်းချသူများရဲ့ အယုံသွင်းမှုကလည်း ကြောက်ခမန်းလိလိ။ လူ့လောကထဲ ရောက်မလာသေးတဲ့ ကလေးမှာ ရသွားနိုင်တဲ့ ဆိုးကျိုးတွေကတော့ ဒုနဲ့ဒေး။

အနောက်တိုင်း ဆေးတိုင်းကို အုပ်စုခွဲပြီး ကိုယ်ဝန်ဆောင်စဉ် သုံးရင် ဘယ်လောက် အန္တရာယ်ကင်းမကင်းဆိုတာ သတ်မှတ်ထားပါတယ်။ နိုင်ငံများရဲ့ FDA အဖွဲ့အစည်းများက လုပ်ဆောင်ပါတယ်။ နိုင်ငံမတူရင် ဆေးတူပေမယ့် အုပ်စုကွဲတာလည်း ရှိတတ်ပါတယ်။

အုပ်စုများ
--------
Category A - အန္တရာယ် မရှိပါ။

Category B - လူမှာ သုတေသန အနည်းငယ်လုပ်ထားပြီး အန္တရာယ်ရှိကြောင်း မတွေ့ရပါ။ တိရစ်ဆာန်နဲ့လုပ်တဲ့ သုတေသန အချို့မှာ အနည်းငယ် အန္တရာယ်ရှိကြောင်း တွေ့ရနိုင်ပါတယ်။

Category C - အန္တရာယ် အနည်းငယ် ရှိနိုင်သော်လည်း အင်္ဂါ မချို့ယွင်းစေပါ။

Category D - အင်္ဂါ ချို့ယွင်းစေနိုင်ပါတယ်။

Category X - အင်္ဂါ ချို့ယွင်းဖို့ သေချာပါတယ်။

Category D and X ဆေးတွေကို ကိုယ်ဝန်ဆောင်မှာ မသုံးရပါ။ ချွင်းချက် အနည်းငယ်ပဲ ရှိပါတယ်။ Category C ဆေးကို သူ့ဆီကရမယ့် ကောင်းကျိုးက ပိုကြီးမှ သုံးပါတယ်။


အသုံးများဆေးများ

- Paracetamol သောက်နိုင်ပါတယ်။
- Aspirin 300mg မသောက်ရပါ။ အချို့ သွေးခဲလွယ်ရောဂါ ရှိသူတွေကိုတော့ 100mg ပေးရတတ်ပါတယ်။
- အခြား အကိုက်အခဲပျောက်ဆေးများ မသောက်သင့်ပါ။ Eg. Ibuprofen, Diclofenac, Naproxen, Indomethacin
- ချောင်းဆိုးပျောက်ဆေးအစား ပျားရည်၊ သံပရာရည်၊ ပူရှိမ်း သကြားလုံး သုံးကြည့်ပါ။
- နှာခေါင်းပွင့်ဆေး Pseudoephedrine အစား anti-histamine တစ်မျိုးဖြစ်တဲ့ Chlorpheniramine ကို သုံးကြည့်ပါ။ Burmeton လို့ အသိများပါတယ်။
- ပိုးသတ်ဆေး အချို့ကို မသုံးရပါ။ Eg. Tetracycline, Doxycycline
- ဝမ်းပိတ်ဆေး Loperamide ကို လိုအပ်ရင်သောက်နိုင်ပါတယ်။ ဝမ်းနုတ်ဆေး အချို့ မသောက်ရပါ။ Eg. Castor oil (ကြက်ဆူဆီ)၊ Senna
- လေဆေး၊ အစာအိမ်ဆေးများ ချင့်ချိန်ပြီး သောက်နိုင်ပါတယ်။ Ranitidine က ကိုယ်ဝန်အတွက် သင့်တော်ပါတယ်။ အစာအိမ် အနာကျက်ဆေးများ မသောက်ရပါ။
- ကိုယ်ဝန်တားဆေး သောက်နေရင်း ကိုယ်ဝန်ရရင် ရမှန်း သိသိချင်း ရပ်ပါ။ စိတ်တော့မပူပါနဲ့။ အများအားဖြင့် ပြဿနာ မရှိပါ။
- ဝက်ခြံပျောက်ဆေးများ မလိမ်းရ၊ မသောက်ရပါ။ Vitamin A အမျိုးနွယ်တွေ ပါလို့ပါ။
- ဆီးချို၊ သွေးတိုး၊ ကိုလက်စထရော ချ၊ အတက်ရောဂါ၊ ပန်းနာရင်ကျပ်၊ စိတ်ကျရောဂါ၊ ကိုယ်ခံအားချ၊ သွေးကျဲ ဆေးများ သောက်နေသူများ ဆေးပြောင်းရနိုင်ပါတယ်။ သွေးတိုးဆေး -pril (သို့) -sartan နှင့်ဆုံးသော နာမည်ရှိ ဆေးများ မသောက်ရပါ။ ကိုလက်စထရောကျဆေးလည်း မသောက်ရပါ။


ကာကွယ်ဆေး

- တုပ်ကွေး၊ မေခိုင် ဆုံဆို့ ကြက်ညှာ ကာကွယ်ဆေးထိုးသင့်ပါတယ်။
- အခြားကာကွယ်ဆေးများ ထိုးချင်ရင် ဆရာဝန်နဲ့တိုင်ပင်ပါ။ ရေကျောက်၊ ဂျိုက်သိုး ကာကွယ်ဆေး မထိုးရပါ။


ဖြည့်စွက်စာ၊ ဓာတ်စာ၊ မြန်မာဆေး

- ကိုယ်ဝန်ဆောင်မှာ အန္တရာယ်ကင်းမကင်း သုတေသနတွေ သေချာ မလုပ်ထားတာ များပါတယ်။
- အချို့ဆေးတွေမှာ ဘာပါမှန်းလည်း သေချာ မသိပါ။
- အချို့မှာ ဟော်မုန်းတွေ ထည့်ထားကြောင်းလည်း သိရပါတယ်။
- ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်သင့် မသောက်သင့် ဆုံးဖြတ်ပါ။
- ကိုယ့်ရဲ့ ယုံကြည်ချက် အစွဲအလန်း တစ်ခုကြောင့် ကလေးမှာ ဒုက္ခိတ ဘဝရောက်သွားရရင် ကိုယ်လည်း တစ်သက် စိတ်မချမ်းမသာ ဖြစ်ရနိုင်တာ သတိမူပါ။


အားဆေးများ

- ကိုယ်ဝန်ဆောင်အတွက် ထုတ်လုပ်တဲ့ အားဆေးများကိုသာ သောက်ပါ။ ဒီဆေးတွေမှာ Vitamin A လျှော့ထားပါတယ်။ Folic acid, Iron, Vitamin D တွေပါ ပါတယ်။ ဒါတွေ ပိုလိုတဲ့သူတွေအတွက် ဆရာဝန်က သီးသန့် ထပ်ပေးပါလိမ့်မယ်။
- အားပိုရှိမယ်ထင်ပြီး ညွှန်ကြားတာထက် အလုံးရေပိုသောက်တာ မလုပ်ပါနဲ့။ ဆိုးကျိုးပဲ ပိုရှိပါမယ်။
- ငါးကြီးဆီ Omega 3 ကို သွေးထွက်လွန်ရောဂါ မရှိရင် သောက်ချင်က သောက်နိုင်ပါတယ်။ လမစေ့ဘဲ မွေးထားတဲ့ နို့တိုက်မိခင်ကတော့ သောက်သင့်တယ်လို့ အချို့ သုတေသနက ပြောပါတယ်။ လမစေ့ကလေးရဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုကို အားပေးတယ်လို့ ယူဆလို့ပါ။


Probiotics

- Probiotic ဆိုတဲ့ အကျိုးပြု ဗက်တီးရီးယားပါ ဆေးတွေကတော့ အန္တရာယ် မရှိလောက်ဘူးလို့ ပြောနိုင်ပါတယ်။ ဝမ်းလျှော၊ အဖြူဆင်း စတာတွေမှာ သုံးကြည့်ကြပါတယ်။ အရည်အသွေး အမျိုးမျိုးရှိပြီး သုတေသနတွေလည်း မပြည့်စုံသေးလို့ ရောဂါမရှိဘဲ ပုံမှန်သုံးရန် မလိုပါလို့ ယေဘုယျ ပြောချင်ပါတယ်။


>>>>>>~~~~~~~~~~~~~~~~~

 #ဂေါက်ရောဂါကိုအစားအစာနဲ့ ကုသမယ် ===================ယူရစ်အက်ဆစ် (Uric Acid) နဲ့ ဂေါက်ရောဂါ ( စားသင့် / မစားသင့်သောအစားအစ...
15/04/2023

#ဂေါက်ရောဂါကို
အစားအစာနဲ့ ကုသမယ်
===================

ယူရစ်အက်ဆစ် (Uric Acid) နဲ့ ဂေါက်ရောဂါ ( စားသင့် / မစားသင့်သောအစားအစာများ

ယူရစ်အက်ဆစ်ဆိုတာ အစားအစာအတော်များများတွေရတဲ့ purine ဓါတ်ပြိုကွဲမှုကနေ ထွက်လာတဲ့ product တစ်ခုဖြစ်ပါတယ်။ ခန္ဓာကိုယ်က Purine ပရိုတင်းတမျိုးကို ခြေဖျက်ရာကနေ ယူရစ်အက်ဆစ်ဆိုတဲ့ ဓာတ်တစ်မျိုး ထွက်ပေါ်လာပါတယ်။

ယူရစ်အက်ဆစ်က များသောအားဖြင့် ဆီးထဲမှာ ပါသွားပေမယ့် သင့်ကျောက်ကပ်က ကောင်းစွာ အလုပ်မလုပ်ဘူးဆိုရင်၊ သင့်ခန္ဓာကိုယ်က ယူရစ်အက်ဆစ် အများကြီး ထုတ်လုပ်မယ်ဆိုရင် ၎င်းက ပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

ယူရစ်အက်ဆစ်ပိုလျှံမှုက သင့်အဆစ်များမှာ အနည်ထိုင်လာပြီး (အဆစ်အမြစ် ဂေါက်ရောဂါလို့ သိကြတဲ့) ရောင်ရမ်းခြင်းတွေ၊ နာကျင်ကိုက်ခဲခြင်းတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

သင့်ကျောက်ကပ်ထဲမှာ substanceတွေ စုပုံနိုင်ပြီး ကျောက်ကပ် ကျောက်တည်ခြင်း ဖြစ်လာနိုင်ပါတယ်။

အရွယ်ရောက်ပြီး အမျိုးသားများနှင့် သွေးဆုံးပြီး အမျိုးသမီးများတွင် အဖြစ်များပါသည်။

ယူရစ် အက်ဆစ်လွန်ကဲလာတာကို လေ့လာတဲ့အခါ ၃ ပုံ ၁ ပုံကစားသုံးတဲ့ အစားအစာ
တွေကြောင့်လို့သိရပါတယ်။

ဂေါက်ရောဂါ ကို အစားအစာနဲ့ ကုမယ်

၁ ရေသောက်ခြင်း

ရေသောက်ခြင်းက သွေးထဲမှာရှိတဲ့ ယူရစ်အက်ဆစ်ပမာဏကို ဆီးကနေစွန့်ထုတ်ပေးသောကြောင့် တနေ့လျှင်ရေ ၈ ခွက်မှ ၁၀ ခွက်အထိ သောက်ပေးပါ။

၂ တရုတ်နံနံ

တရုတ်နံနံအစေ့(သို့)အရွက်ဟာ uric acidကိုကျစေတဲ့ အာနိသင်ရှိတာကြောင့် ထမင်းစားရင်ဘဲဖြစ်ဖြစ် ဟင်းချက်တဲ့နေရာမှာဘဲဖြစ်ဖြစ် တရုတ်နံနံရွက်ကို ထည့်ချက်ပါ။အစေ့ကို သုံးခွက်တစ်ခွက်ကျိုပြီး သောက်လို့လည်းရပါတယ်။

၃ ဗိုစားပဲ

ဗိုစားပဲသီးကို အစိမ်းလိုက် ဝါးစားခြင်း ( သို့ ) ဗိုစားပဲသီး ဖျော်ရည် တနေ့ ၁၅၀ မီလီလီတာ သောက်ပေးခြင်းဖြင့် အကျိုးထူး ခံစားရပါလိမ့်မည်။

၄ ပန်းသီး

ပန်းသီးထဲရှိ မဲလစ်အက်ဆစ်ဓာတ်က ယူရစ်အက်ဆစ်ပမာဏကို မျှတစေလို့ နံနက်နေ့လည်. ည ထမင်းစားပြီးတိုင်း ပန်းသီး ၁ လုံးစီစားပါ ။(သို့မဟုတ်) ပန်းသီးဖျော်ရည်ကို သဘာဝပျားရည်နဲ့ ရောဖျော်သောက်ပါ။

၅ ငှက်ပျောသီး

ဂေါက်ရောဂါ ပြင်းပြင်းထန်ထန် ခံစားနေရချိန်မှာ တနေ့လျှင် ငှက်ပျောသီး ၁လုံးကျစီဖြင့် ၄ရက် ဆက်တိုက်လောက် စားပေးပါ။

၆ ရှောက်သီးနဲ့ သံပရိုသီး

ရှောက်သီးနဲ့ သံပရိုသီးထဲရှိ ဗီတာမင်စီ ဓာတ်များက အရိုးအဆစ်များကို သန်မာစေရုံသာမက ယူရစ်အက်ဆစ်ပမာဏကိုလည်း မျှတစေလို့ ရှောက်ရည် (သို့)သံပရိုသီးဖျော်ရည်ကို သကြားနဲ့ဆား လုံးဝမထည့်ပဲနဲ့ သောက်ပါ။

၇ နာနတ်သီး

ယူရစ်အက်ဆစ်ကိုမျှတစေသည့် ရှားပါးသော bromelain ပါရှိသော နာ နတ်သီး ဟာ အဆစ်အမြစ်ရောင်ရမ်းခြင်းကို သက်သာစေတဲ့အတွက် ဂေါက်ရောဂါဖြစ်နေချိန် နာနတ်သီးစားခြင်းဟာ အဆစ်အမြစ်ရောင်ရမ်းခြင်းကို သက်သာစေပါတယ်။

၈ သင်္ဘောသီး အစိမ်း

သဘောသီး အစိမ်းကို အတုံးလေးတွေတုံးကာပြုတ်ပြီး လက်ဖက်ခြောက်ခပ်၍ ရောသောက်ပါ။

Uric Acid ယူရစ်အက်ဆစ်ကို လျော့ချပေးမည့် အစားအစာများ၊ စားပေးသင့်သော အစားအစာများ

၁ - ပန်းဂေါ်ဖီစိမ်း - သခွားသီး
- ပန်းဂေါ်ဖီစိမ်းနဲ့ သခွားသီးတွေက သွေးထဲမှာ ယူရစ်အက်ဆစ် ပိုလျှံမူနဲ့ အဆစ်များ
ပတ်လည်ရှိ ယူရစ်အက်ဆစ်ပုံဆောင်ခဲတွေ ထုတ်လုပ်မူကို လျော့နည်းစေပါတယ်။

၂ - ငှက်ပျောသီး
- ငှက်ပျောသီးက ယူရစ်အက်ဆစ် ပမာဏကို လျော့ချရန်အကောင်းဆုံး အသီးပါ။

၃ - မုန်လာဥနီ
- မုန်လာဥနီကို ပုံမှန်စားပါက ဂေါက်ရောဂါကို ကာကွယ်ပေးသလို ကျန်းမာရေးကို
လည်း ပိုမို ကောင်းမွန်စေနိုင်ပါတယ်။

၄ - ချယ်ရီသီး
- anthocyanin လို့ ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင့်ပစ္စည်း ပါဝင်လို့ ချယ်ရီသီးက ယူရစ်
အက်ဆစ်ပမာဏကိုလျော့ချပေးနိုင်တယ် - အဆစ်ပတ်ပတ်လည်မှာရှိတဲ့ crystals မဖြစ်ပေါ်အောင် တားဆီးပေးနိုင်ပါတယ်။

၅ - ရေ
- ရေ မကြာခဏ သောက်ခြင်းက ယူရစ်အက်ဆစ်ပမာဏကို လျောနည်းစေရုံသာမ
က ခန္ဓာကိုယ်ကနေ စွန့်ပစ်ပစ္စည်းနဲ့ အဆိပ်တွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။

၆ - ပန်းသီး
- ပန်းသီးကို ပုံမှန်စားသုံးတဲ့အခါ ခန္ဓာကိုယ်ကို detox ဖြစ်စေတဲ့အပြင် ပိုလျှံနေတဲ့
ယူရစ်အက်ဆစ်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

၇ - တရုတ်နံနံကြီး
- ယူရစ်အက်ဆစ် များလို့ဖြစ်ပေါ်လာနိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကနေ ကာ
ကွယ်ပေးနိုင်တယ် - ယူရစ်အက်ဆစ်ပမာဏကိုလည်း လျော့ချပေးနိုင်ပါတယ်။

၈ - ကြက်သွန်နီ
- ခန္ဓာကိုယ်ကနေ ယူရစ်အက်ဆစ်တွေကို ဖယ်ထုတ်ပြီး ယူရစ်အက်ဆစ်ပိုလျှံလို့ ဖြစ်
လာနိုင်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ကြက်သွန်နီကကူညီပေးနိုင်ပါတယ်။

၉ - ရေနွေးကြမ်း
- ရေနွေးကြမ်းပုံမှန်သောက်ရင် ဂေါက်ရောဂါကိုတားဆီးသလို သွေးထဲယူရစ်အက်ဆစ်
ပမာဏမြင့်တက်တာကိုလည်း ထိန်းပေးပါတယ်။

၁၀ - ရှောက်သီး သံပုရာသီး. သံပုရိုသီး
- ဒီအသီး မျိုးနွယ်ဝင် Citric acid ပါဝင်သည့်အသီးတွေကို စားခြင်းဖြင့် ခန္ဓာကိုယ်
အတွင်းရှိ ယူရစ်အက်ဆစ်လွန်ကဲခြင်းကို တားဆီးနိုင်ပါတယ်။

၁၁ - ဘယ်ရီသီးများ
- ဘယ်ရီသီးတွေ ပုံမှန်စားလျှင် ခန္ဓာကိုယ်မှာ ယူရစ်အက်ဆစ် လွန်ကဲစွာ စုပုံခြင်းကို
တားဆီးပေးနိုင်ပါတယ်။

မစားသင့်သည့်အစားအစာများ

1. ဝမ်းတွင်းကလီစာ - ဥပမာ - အသည်းအမြစ်၊ နှလုံး၊ ဦးနှောက်။

2. အနီရောင်ရှိသော အသားများ - ဥပမာ - အမဲသား၊ ဆိတ်သား။

3. ပင်လယ်စာ များ၊ ငါးသေတ္တာငါးအစရှိတဲ့ အစားအစာ တွေ ပာ Purine လို့ခေါ်တဲ့ ဓါတ်တစ်မျိုးပါတဲ့ အတွက် Uric Acid ကို ပိုများစေပါတယ်။

4. တစ်နေ့ကို အသင့်သောက် အချိုရည် ၆ဘူး အထက်သောက်တဲ့ သူတွေ မှာ လည်း Uric Acid တွေများနေပါတယ်။ အကြောင်းအရင်း ကတော့ အချိုရည် တွေ မှာပါတဲ့ သကြားတစ်မျိုးဖြစ်တဲ့ Fructose (ဖရက်တို့စ်) ကြောင့်ပါ။

5. အရက် အလွန်အကျွံသောက်တာ ကိုလည်းရှောင်ကြဉ်ရပါမယ်။

6. ကော်ဖီ ကိုလည်း တစ်နေ့ ၂-၃ ခွက်ထက်မပို သင့်ပါဘူး။

7. ပဲပုပ်စေ့၊ ကုလားပဲ စတဲ့ ပဲတွေမှာတော့ purine ပါဝင်မှု့ များတဲ့ အတွက် အလွန်အကျွံ မစားမိဖို့လိုအပ်ပါတယ်။

8. ဗီတာမင် စီ နှင့် ဒီ ပါဝင်သော အားဆေးများကို တတ်နိုင်သမျှရှောင်ကြဉ်ရပါမယ်။ ဆီးကျောက်တည်တာ ကို ပိုဆိုးစေလို့ပါ။

9. အသီးအရွက်ထဲ မှာဆိုရင် ပာင်းနုနွယ်၊ ကညွတ်၊ ပန်းဂေါ်ဖီ၊ မှို တွေကို အများကြီးမစားသင့်ပါဘူး။

Credit... Original writer

15/04/2023

drip သွင်းခြင်းအကြောင်း

အခုထိနားလည်သူရှိသလို
နားမလည်သေးသူများလည်းရှိနေပါသေးတယ်

လူနာဆေးကုနေကြသော
ဆရာဝန်သူနာပြုကျန်းမာရေးဝန်ထမ်းဟာ
ဆေးခန်းဆေးရုံလူနာအိမ်မှာ Drip
အရပ်အခေါ် ပုလင်းကြီးချိတ်ခြင်း
သွင်းပေးရမည့် အခြေအနေအမြဲကြုံရမှာပါ

အားဆေးအနေဖြင့်သော်လည်းကောင်း
လိုအပ်သည့် fluid replacement
အတွက်ဖြစ်ဖြစ် ကင်ဆာဆေးသွင်းရန်
for chemotherapy အတွက်ဖြစ်ဖြစ်
ရည်ရွယ်ချက် တစ်မျိုးမျိုးဖြင့် Drip သွင်း
ရတတ်ပါတယ်

Drip သွင်းလျှင် တစ်မိနစ်ကို
ဆေးစက်မည်မျှချရမည်ကိုတွက်ရပါတယ်

infusion pumps ရှိလျှင်
အကောင်းဆုံးဖြစ်သော်လည်း
မရှိလျှင် ကိုယ်တိုင် Drops / minute
တွက်ရပါမည်

အသုံးများသည့် Drip set ဖြင့် infusion rate
( drops / minute ) လွယ်ကူစွာတွက်နည်းကို
မျှဝေလိုက်ပါတယ်

1ml=15drops Blood set ဆိုရင် 5 နဲ့မြောက်ပါ
1ml=20drops Drip set ဆိုရင် 7 နဲ့မြောက်ပါ

လူနာတစ်ယောက်အတွက် ( ၂၄ ) နာရီ အတွင်း
ကုန်အောင်သွင်းပေးရမည့် drip ပုလင်း/ဘူး
အရေအတွက်ကို ၇ နှင့် မြှောက်ပါက
drops / minute ရပါတယ်

ဥပမာအနေဖြင့်ပြရလျှင်

ယနေ့ လူနာကို drip 4 bottles
သွင်းမယ်ဆိုရင်4 7 = 28 drops / minute
နှင့်သွင်းပေးရပါမယ်

drip 6 bottles သွင်းမည်ဆိုလျှင်
6 7 = 42 drops / minute ပါ

drops / minute = amount of bottle 7

နောက်တခါ
drip ပုလင်း တစ်လုံးကို အချိန် နာရီ အတွင်း
ကုန်အောင်သွင်းချင်လျှင် သွင်းရမည့်
Drops / minute တွက်နည်းလေးပါ

drip ပုလင်းတစ်လုံးကို ( ၂ ) နာရီနှင့်
ကုန်အောင်သွင်းမည်ဆိုသော်

drip ပုလင်းတစ်လုံး ( ၂ ) နာရီ ဆိုပါက
( ၂၄ ) နာရီ တွင် ( ၁၂ ) လုံး ဖြစ်၍
၁၂ ၇ = ၈၄ drops/ minute ရပါသည်

သို့ဖြစ်၍ ( ၂ ) နာရီ နှင့် ကုန်အောင်သွင်းလိုပါက
84 drops / minute နှင့် သွင်းရပါမည်

drip တစ်လုံး ကို ( ၃ ) နာရီ နှင့်ကုန်ချင်သော်
(၂၄ ၃) ၇ = ၅၆ drops / min နှင့်
သွင်းရပါမယ်

အတိုချုပ်နည်းမှာ

သွင်းရမည့် ပုလင်းအရေအတွက်ကို
၇ နှင့်မြှောက်လျှင်သွင်းပေးရမည့်
drops / minute ရပါတယ်

အပျင်းပြေ
ဆက်ပြီး တွက်ကြည့်နိုင်ပါတယ် ု

မိမိအတွက်သော်လည်းကောင်း
လူနာများအတွက်သော်လည်းကောင်း
အကျိုးသက်ရောက်ကြပါစေ

ဦးခွန်

09/04/2023

#သွေးတိုးရောဂါ

အလွန် များ လာ သည့် ခေတ် မိုု့၊ သွေး ပေါင် ချိန် တက် ရ ခြင်း ၊ ရှောင်ရန်၊ ဆောင် ရန် တွေ ကိုု ဗဟုသုတ အဖြစ် တင် ပေး လိုက် ပါ တယ်။

သွေးတိုး ရောဂါ ကိုသဘာဝနည်း နဲ့ ချ ချင် သူ များ အတွက် လည်း ဖြစ် ပါ တယ်။

သွေးတိုးရောဂါ နှင့် မိတ်ဆွေ တစ်ဦး ၏ မေးခွန်း ------

” ဆရာမ ကျနော်က ရန်ကုန်ကပါ အသက်၂၅နှစ် သွေးတိုးတာ ၁နှစ်ရှိပါပြီ အပေါ်၁၄၀ အောက်၉၀။

ဆေးသောက်တုန်း ပုံမှန်ပါ amlong 5mg တနေ့၁လုံးသောက်ပါတယ်။

ဆရာမ ကျနော်ကငယ်သေးတော့ဆေးကိုလုံးဝ မသောက်ချင်တာ ဘယ်လိုနည်းလမ်းနဲ့ဖြတ် ရမယ်ဆိုတာဖြေကြားပေးပါ ”

အဖြေ ----

လူငယ် ပိုင်း မှာ သွေး တိုး၊ ဆီး ချို ၊ ကိုယ် အလေးချိန် များ နေ ခြင်း တွေ အလွန် ပဲ များ လာ ကြ ပါ တယ်။

ကျွန်မ ၊ မကြာသေး ခင် က ပဲ ၊ လူ ရွယ် ပိုင်း မှာ လေဖြတ် နှုံး အတော် တက် လာ တယ် ဆိုတဲ့ ဆောင်း ပါး လေး တစ် ခုကိုပြန် ပြီး ဝေ ငှ ပေး လိုက် ပါ သေး တယ်။

သွေး တိုးရောဂါ ဟာ လူကြီး လူငယ် မရွေး ဖြစ် တတ် တာ မိုု့ ဒီ ရောဂါ အကြောင်း ကိုနား လည်း ဖို့အရေးကြီး တယ် လို့ထင် ပါ တယ်။
အခုမြန်မာပြည် မှာ အလွန် အဖြစ် များ တဲ့ ရောဂါ လဲ ဟုတ် ပါ တယ်။

သွေးတိုးဘာ ကြောင့် ဖြစ် ရ တယ်?

သွေးတိုးရ ခြင်း အကြောင်းတွေ အမျိုးမျိုး ရှိ တဲ့ အထဲ မှာ ----

၁. အဓိက အကြောင်း တစ် ခုက တော့ ခန္ဓာကိုယ် ထဲ မှာ Insulin ဓာတ် နဲ့ leptin ဓာတ် များ နေ ခြင်း ဖြစ် ပါ တယ်။

Insulin ဆိုတာ ကဆီဓာတ် ( carbohydrate ) စား တဲ့ အခါ Pancreas မှ ထွက် တဲ့ ဟော်မုန်း ဖြစ် ပါ တယ်။

Leptin ဆိုတာ က တော့ အစာထပ် ပြီး မစား ဖို့တင်း တိမ် စေ တဲ့ ဟော်မုန်းဓာတ် ဖြစ် ပါ တယ်။
ဒီ ဟော်မုန်း က တော့ အဆီလွှာ က နေ ထုတ် တဲ့ ဟော်မုန်း ဖြစ် ပါ တယ်။

High carbohydrate and processed food များ စား တဲ့ အခါ မှာ ထွက် လာ သော ဟော်မုန်း တွေ ဖြစ် ကြ ပါ တယ်။

ဒီ ဓာတ် နှစ်မျိုး တက် လာ တာ နဲ့ အ မျှ ၊ သွေး ပေါင် ချိန် ဟာ လည်း တက် လာ ပါ တယ်။

၂. Uric acid level တက် နေ ခြင်း ဟာ လည်း သွေး တိုးနဲ့ အတူ တွေ့ ရ တတ် ပါ တယ်။
ဒါ ကြောင့် လဲ သွေးပေါင်ချိန် ကိုချ ဖို့အရေး မှာ Insulin နဲ့ Uric acid level ကိုဂရုတစိုက် ပုုမှန် ဖြစ် သွား အောင် ကြိုးစား ရ မှာ ဖြစ် ပါ တယ်။

သကြား၊အထူးသဖြင့် fructose သကြား ပမာဏ ကိုအထူးတလည် လျှော့ ချ လိုက် သည် ဖြစ် စေ၊ ဖြတ် လိုက် သည် ဖြစ် စေ၊ သွေး ပေါင် ချိန်၊ insulin ဓာတ်၊ leptin ဓာတ် ပါ ကျ သွား မှာ ဖြစ် ပါ တယ်။

သွေး ပေါင်ချိန် တက် ရ ခြင်း အကြောင်း နှစ်မျိုး ရှိ ပါ တယ်။

Primary hypertension ဆိုု တာ ၉ ၀ - ၉ ၅% လောက် လူ တွေ မှာ ဖြစ် ကြ တာ ဖြစ် ပါ တယ်။

Conventional ဆရာဝန် တွေ ( အကျိုး ကိုဦး တည် ပြီး ကုနေ ကြ တဲ့ ဆရာဝန် ) က အကြောင်းမရှိ၊ လို့အမြဲ ပြော လေ့ ရှိ တဲ့ Idiopathic hypertension ဆိုတာ ဖြစ် ပါ တယ်။

သို့ပါ သော် လည်း အကြောင်းမရှိ ပဲ၊ အကျိုး တရား တစ် ခုဟာ ဖြစ် ပေါ် လာ လေ့ မ ရှိ ပါ။

Functional medicine ဆရာဝန် ( အကြောင်း အကျိုး ကုု တဲ့ ဆရာဝန် ) တွေ ပြော တာ က တော့ သကြားဓာတ်၊ အထူး သဖြင့် fructose သကြားဓာတ် များ နေ လို့ပါ တဲ့။

၂. ကျန် တဲ့ ၅-၁၀% သော သွေးတိုုးခြင်း ဟာ နာတာရှည် အသည်း ရောဂါ ကြောင့် ဖြစ် ပါ တယ်။
chronic liver disease.

ရှောင် ရန် တွေ က တော့ ----

အချိုမှုံ့၊ ကြက်သားမှုံ့

Fructose သကြား၊ ရိုးရိုးသကြား ( အလွန် အရေး ကြီး သော အကြောင်း တစ် ခု)

ဆေးလိပ် သောက် ခြင်း

ငံပြာရည် ( အခုုခေတ် ငံပြာရည် တွေ မှာ အချိုမှုံ့တွေ ပါ လို့ဖြစ် ပါ တယ် )

ငပိ စိမှးစား

တရုပ် ငံပြာရေ

ပြုပြင် ပြီး အစာ များ processed food

လိုက် နာ ရန်.....

၁. မိမိ ၏ Fasting insulin level ကိုတိုင်း ကြည့် ရ မှာ ဖြစ် ပါ တယ်။

မြန်မာပြည် မှာ သွေး ဖောက် စစ် လို့ရ ပါ တယ်။

” ရှိ သင့် တဲ ပမာဏ က တော့ 2-3 microU / ml ဖြစ် ပါ တယ် ”

အကယ်၍ 5 and above ဆိုရင် ဆီး ချို၊ သွေး တိုးနဲ့ သူ့ ကြောင့် ဖြစ် လာ မဲ့ နောက် ဆက် တွဲ ရောဂါ တွေ မဖြစ် ရ အောင် ချ ရ မှာ ဖြစ် ပါ တယ်။

ဓာတ် ခွဲ ခန်း အတော် များ များ က ပုံမှန် level ကို5-25 microU/ml လို့ရေး လေ့ ရှိ ကြ ပါ တယ်။

ပုုံမှန် insulin level range ဟာ ကိုယ့် အတွက် optimal level ရှိ ဖိုု့ အသင့် ဆုံးနဲ့ မတူ ပါ။

သွေးပေါင် ချိန် ဟာ 140/90 0r 160/100 အထိ လောက် ရှိ နေ သူ တွေ အကယ်၍ သာ အစားအသောက် အနေ အထိုင် ကိုအမှန် တကယ် ပြု ပြင် နိုင် မယ် ဆိုရင် သွေး ပေါင် ချိန် ချ ရန် ခေတ် မှီ ဆေး များ မှီ ဝဲ ဖို့တောင် မ လိုဖူး လို့ထင် ပါ တယ်။

အခြား လိုု အပ် တဲ့ သဘာဝဆေး တွေ ကိုလဲ သောက် ရ မှာ ဖြစ် ပါ တယ်။

သို့ပါ သော် လည်း ၊ သွေး ပေါင် ချိန် သိပ် တက် နေ မယ် ဆိုရင် တော့၊ လေ မဖြတ် ရ အောင် ၊ နဲ့ အခြား ပြဿနာ များ မ ဖြစ် ရ အောင် ချက် ချင်း ရုပ် တရက် ကြီး ဆေး တွေ conventional drugs ကိုမဖြတ် သင့် ပါ။ တဖြေးဖြေး ကောင်း လာ တဲ့ အခါ ကြ တော့ ဖြတ် လို့ရ နိုင် ပါ တယ်။

၂. ခန္ဓာကိုုယ် ယောင် ကိုင်း ခြင်း မဖြစ်အောင် antioxidants များ အလှမ်းမှီ မယ် ဆိုရင် သောက် သင့် ပါ တယ်။
အထူးသဖြင့် CoQ10 ဟာ antioxidant ဖြစ် သည့် အပြင် သွေး ပေါင် ချိန် လဲ ကျ စေ ပါ တယ်။ 200mg လောက် သောက် ကြည့် သင့် ပါ တယ်။

၃. ဒီ မိတ်ဆွေ သောက် နေ တဲ့ amlong သွေးချ ဆေး ဟာ calcium channel blocker ဖြစ် ပါ တယ်။

သူ က ၊သွေးကြော၊ ကလာပ်စည်း ထဲ ကိုcalcium တွေ အများကြီး မဝင် ရ အောင် ထိန်း ပေး ထား တာ ဖြစ် ပါ တယ်။

အများကြီး ဝင် မယ် ဆိုရင် သွေး ပေါင်ချိန် တက် သည့် အပြင် နှလုံးခုန် တာ လဲ ပုံမှန် မဟုတ် ဖြစ် တတ် ပါ တယ်။ဖြည့်စွက်စာ အနေ နဲ့ သောက် သင့် ပါ တယ်။

သဘာဝ calcium channel blocker က တော့ magnesium ဖြစ် ပါ တယ်။

သဘာဝ အား ဖြင့် မြေကြီး ထဲ မှ ရှိ ပြီး အရွက် တွေ စား ရင် ရ နိုင် ပါ တယ်။

သို့ပါ သော် လည်း ပြောင်း လဲ သွား သော ခေတ် မှာ မြေ ကြီး ထဲ က Magnesium ဓာတ် အလွန် နည်း သွား ပြီ ဖြစ် တာ ကြောင့်၊ လူ တိုင်း လိုလို မှာ ဒီ အလွန် အရေးကြီး တဲ့ သတ္တုဓာတ် ဟာ နည်း နေ ပါ တယ်။

Magnesium ကိုသောက် ဖို့ရွေးချယ် တဲ့ အခါ၊ တတ် နိုုင် ရင် Magnesium oxide ကိုရှောင် ရ မှာ ဖြစ် ပါ တယ်။ သူ က အူ မှ စုတ်ယူ မှု သိပ် မကောင်း ပါ။ ဝမ်းလျော တတ် ပြီး ဝမ်းထဲ က နေ ပြန် ပါ သွား တတ် ပါ တယ်။

Magnesium citrate or malate က တော့ သင့် တော် ပါ တယ်။
သောက် သင့် တဲ့ dosage က တော့ 400 - 600 mg a day in divided doses ဖြစ် ပါ တယ်။

၄. Omega3 oil
Omega3 oil ဟာ နှစ် မျိုး ရှိ ပါ တယ်။
Plant based short chain fatty acids ( ဥပမာ Flax seed, Avocado ကလာပ်စည်းစွမ်းအင် အတွက် အသုုံးချ ပါ တယ် )

Animal based long chain fatty acids အထူးသဖြင့် DHA ဟာ ကလာပ်စည်း ရဲ့ တည်ဆောက် မှု အတွက် ဖြစ် ပါ တယ်။ ( ငါး မှ ရ သော အဆီ )

Plant based omega3 နဲ့ animal based omega3 ရဲ့ အဓိက ခြားနားချက် ဖြစ် ပါ တယ်။

၅. VitaminD ဟာ လည်း သွေးပေါင်ချိန် ကိုလျော့ စေ ပါ တယ်။

၆. လေ့ကျင့်ခန်း မှန်မှန် လုပ် ပါ။

ရ. ဆေး လိပ် သောက် ရင် ဖြတ် ပါ။

၈. မြေ ဓာတ် ယူ ပါ။

၉ . စိတ်ဖိစီးမှု လျော့ ပါ။

၁၀. အစာစား ချိန် ချဲ ပေး လိုုက် ပါ။ ခဏခဏ မစား သင့် ပါ။ Intermittent fasting

၁၁. အရွက် များများ စား ပါ။

၁၂. အိမ် ချက် အစာ များ ကိုသာ စား ပါ။

၁၃. Thyroid hormone လုံလုံလောက် လောက် ရှိ နေ ပါ စေ။

သွေးတိုးရောဂါ ကုသ မှု ဟာ ကိုုယ့် လက် ထဲ မှာ ရှိ တာ မို့ဒီရောဂါ မဖြစ် လာ ရ အောင်၊ ဖြစ် နေ ရင် လဲ သက်သာ သွား ရ အောင် ပြု ပြင် လိုု့ ရ တယ် ဆိုတာ တင် ပြ လိုက် ခြင်း ဖြစ် ပါ တယ်။

သွေးတိုးရောဂါ နောက် ဆက် တွဲ -------

သွေးပေါင်ချိန် ကျ အောင် လူ အတော် များများ ဟာ Conventional drugs များ ကိုမှီဝဲ သောက် သုံးနေ ကြ ပါ တယ်။

အစားအသောက် အနေ အထိုုင် ကိုု တိတိကျကျ၊ သေသေချာချာ မပြင် နိုုင် သူ တွေ က တော့ ဒီဆေး တွေ လိုမှာ အမှန် ပါ ပဲ။

ကိုယ့် ကိုယ် ကိုပြန် မေး ကြည့် ရ မှာ က တော့ ကိုယ့် ဘဝ အတွက် အစားအသောက် က အရေးကြီး ဆုံးလား ဆိုတာ ပါ ပဲ။

ကိုယ့် ရဲ့ ဘဝ အရေအသွေး၊ မိသားစုနဲ့ ပျော်ပျော် ရွှင်ရွှင် နေ ထိုင် ရေး နဲ့ ဘာ က ပိုပြီး အရေးကြီး တယ် ဆိုတာ ရွေး ချယ် ရ မှာ ဖြစ် ပါ တယ်။

တဏှာ ထဲ မှာ ရသတဏှာ ဟာ အတော် ဆိုးတာ က တော့ အမှန် ပဲ ဖြစ် ပါ တယ်။ သို့ပါ သော် လည်း၊ အမှတ်အသား ပြု ပြီး မှတ် ထား တဲ့ သညာ စေတသိက် ကိုပြု ပြင် လို့ရ တယ် ဆိုတာ လဲ မမေ့ လိုက် ကြ ပါ နဲ့။

စားလဲစား မယ်၊ တဖက် က လဲ ဒီဓာတုဆေး တွေ သောက် မယ် ဆိုု ရင် တော့ အောက် ပါ အချက် အလက် များ ကိုနားလည် သဘော ပေါက် ရ အောင် ရှင်း ပြ ပါ ဦး မယ်။

ဓာတုဆေး conventional drugs တွေ ဟာ ခန္ဓာကိုယ် ထဲ မှာ ရှိ တဲ့ အာဟာရ ဓာတ် တွေ ( nutrients, vitamins, supplements, minerals ) တွေ ကိုအဓမ္မ လုယူ တတ် ပါ တယ်။

ဒါ ကြောင့် လဲ ဒီဆေး တွေ သောက် တာ ကြာ လာ ပြီ ဆိုရင် ဆေး ကြောင့် ဖြစ် တဲ့ ရောဂါ တွေ ထပ် ပေါ် လာ ပြီး ကုရ ခက် လာ ပါ တယ်။

သွေး ပေါင်ချိန်ကျ ဆေး တွေ နဲ့ စပ်လျဉ်း ပြီး အနည်း ငယ် ဖော် ပြ သွား မှာ ဖြစ် ပါ တယ်။

၁. ACE inhibitors --------- captopril, enlapril, lisinopril, quinapril, ramipril, trandopril, fosinopril စ သည် ဖြင့် ဖြစ် ပါ တယ်။

ဒီ ဆေး တွေ ဟာ ခန္ဓာကိုုယ် ထဲ မှာ ရှိ တဲ့ zinc, magnesium, potassium calcium တွေ ကိုလုယူ တတ် ကြ ပါ တယ်။

၂. Beta blockers ----- atenolol, metoprolol, timolol, nadolol, sotalol စ သည် ဖြင့် ဖြစ် ပါ တယ်။

ဒီ ဆေး တွေ ကြ တော့ ခန္ဓာကိုုယ် ထဲ မှာ ရှိ တဲ့ CoQ10 နဲ့ melatonin level ကိုကျ ဆင်း စေ ပါ တယ်။

၃. Calcium channel blockers ----- nifedipine, felodipine, verapamil, diltiazem, amlodipine စ သည် ဖြင့် ဖြစ် ပါ တယ်။

ဒီ ဆေး တွေ ဟာ ခန္ဓာကိုုယ် ထဲ မှာ ရှိ တဲ့ potassium, vitaminD, calcium and CoQ10 level ကိုကျ ဆင်း စေ ပါ တယ်။

၄. Clonidine , methyldopa ----- CoQ10 level ကိုကျ ဆင်း စေ ပါ တယ်။

၅. ဆီးဆေး များ diuretics ------ B vitamins, vitaminC, zinc, calcium, magnesium, potassium တွေ ကိုကျဆင်း စေ ပါ တယ်။

ဒီ ဆေး တွေ ကိုကြာကြာ သောက် လေ၊ ခန္ဓာကိုယ် ထဲ မှ အလုပ်လုပ် ဖို့ကုန်ကြမ်း တွေ လျော့ ပါး ကုန် လေ ဖြစ် တာ ကြောင့် ခန္ဓာ ကိုယ် ဟာ ကောင်း ကောင်း အလုပ် မလုပ် နိုင် တော့ ပါ။

အလုပ် မလုပ် နိုုင် တော့ တဲ့ အခါ ရောဂါ လက္ခဏာ မျိုးစုံဝင် ပြီ ဖြစ် ပါ တယ်။

ဆရာဝန် နဲ့ ပြ ပြန် ရင် လည်း၊ အကျိုး တွေ ကိုသာ ဦးတည် ပြီး ကုလေ့ ရှိ တာ မို့ဆေး မျိုးစုံထပ် ပြီး ပေး ပြန် တယ်။

ဒီလိုနဲ့ ပဲ၊ လူနာ တွေ ဟာ ရောဂါ သံသရာ မှာ တဝဲလယ်လယ် ဖြစ် နေ ကြ ပါ တယ်။

ဒီ ဆေး တွေ သောက် ရင်း နဲ့ ပဲ၊ ဥဏှောက် သွေးကြော တွေပိတ်၊ ပြတ် တဲ့ လူ တွေ၊ နှလုုံးသွေးကြော ပိတ် တဲ့ လူ တွေ၊ ကျောက်ကပ် ပျက်စီးသွား တဲ့ လူ တွေ နဲ့ စုံလို့ပါ ပဲ။

လူ ဆိုတာ၊ ဘာ မဆိုကိုယ်ပိုင် ဉာဏ် နဲ့ ဆုံးဖြတ် ခွင့် ရှိ ပါ တယ်။

သေသေချာချာ စဉ်းစားကြည့် ပြီး၊ ကိုယ် နဲ့ အဆင်ပြေ မဲ့ လမ်း ကိုလျှောက် ရုံပဲ ဖြစ် ပါ တယ်။

အရေးကြီး တာ က ကျန်းမာရေး ဗဟုသုတ တွေ နဲ့ ပြည့်စုုံ မယ် ဆိုု ရင် လမ်းမှန် ကိုု လျှောက် ဖိုု့ လမ်း က ပိုများ မယ် လို့ထင် ပါ တယ်။

သွေးတိုးရောဂါ နဲ့ ကျွန်မ ၏ အတွေ့့ အကြုံ -------

ကျွန်မ မှာ လည်း အရင် နှစ် တွေ များ က သွေးတိုးရောဂါ ရှိ ခဲ့ ဖူး ပါ တယ်။

အများနည်းတူ ၊ ကျွန်မ လဲ ဆရာဝန် နဲ့ ပြ ပြီး conventional ဆေး တွေ မှီဝဲ ခဲ့ ဖူး ပါ တယ်။

အဲ ဒီ အချိန် တုန်း က သွေးပေါင်ချိန် ထိန်း နိုင် ဖို့အရေး ဆေး သုံးမျိုး သောက် ရ ပါ တယ်။
Ace inhibitor, beta blocker, and diuretic စုံလို့ပါ ပဲ။

သို့ပါ သော် လည်း၊ ခွန်အားလည်း သိပ်မရှိ၊ သိပ် မမြင့် လှ တဲ့ အိမ်ပေါ် ထပ် တက် ရင် တောင် မော နေ၊ ကြွက်သားတွေ အားမရှိ တဲ့ အပြင် အလွန် လည်း နာ နေ ပါ တယ်။
ကားပေါ် အဆင်း အတက် တောင် သိပ် အဆင် မပြေ လှ ပါ။ တစ်ခါတရံ ကိုယ့် ခြေထောက် ကိုလက် နှစ် ဖက် နဲ့ဆွဲ တင် ပြီး မ ရ တဲ့ အထိ ပါ ပဲ။

ဆရာဝန် ကိုလည်း မေး ကြည့် မိ ပါ တယ်။ သောက် နေ တဲ့ ဆေး တွေ ရဲ့ ဘေးတွက် ဆိုးကျိုး တွေ လား ဆိုတာ လေ။

သို့ပါ သော် လည်း ဆရာဝန် က တိတိ ကျကျ အဖြေ မပေး နိုင် ခဲ့ ပါ။

ကျွန်မ လဲ ကိုယ်ခံစား နေ ရ တာ တွေ ကိုစိတ် ရှုပ် တာ နဲ့ ပဲ စာ တွေ ကိုစ ပြီး ဖတ် ဖြစ် ပါ တော့ တယ်။

တဖြေးဖြေး ဖတ် ရင်း နဲ့ သိ လာ တာ မို့ကိုယ့် ကျန်းမာရေး ကိုကိုယ့် ဖာသာ ကိုယ် ပဲ တာဝန် ယူ မယ် လို့စိတ် ကူး လိုက် ပါ တယ်။

သဘာဝ ဖြည့်စွက် ဆေး တွေ၊ ဗီတာမင် တွေ သောက် ပြီး ဆေး သုံးမျိုး ကိုတစ်ခုပြီးတစ် ခုဖြေးဖြေး ခြင်း ဖြတ် ချ လိုက် တာ ၊ နောက် ဆုံးမ တော့ သဘာဝဆေး တွေ နဲ့ သွေး ပေါင် ချိန် ကိုထိန်း လို့ရ သွား ပါ တယ်။

စာ လဲ ဖတ် ဖြစ် သွား ပြီး တစတစ နဲ့ အရင် က မသိ နားမလည် ခဲ့ တဲ့ ကျန်းမာရေး ဗဟုသုတ တွေ နဲ့ ပြည့် စုံလာ ပါ တယ်။

ကိုယ်တွေ့ လဲ စမ်း ထား တာ မို့ပိုပြီး ယုံကြည် လာ ပါ တယ်။

အဘိဓမ္မာ ပါ သင် လိုက် တော့ အကြောင်း အကျိုး ဆက်စပ် ပြီး စဉ်းစား တတ် တဲ့ ပညာ တစ် မျိုး ပါ ထပ် တိုးလာ ပါ တယ်။

ကျွန်မ က အစား အသောက် ကိုလုံးဝ ပြောင်း ပြစ် လိုက် ပါ တယ်။

ပြောင်း လို့ရ မှန်း လဲ တဖြေးဖြေး သိ လာ ပါ တယ်။

ဘယ် လောက် ပဲ ဗီ တာ မင် တွေ ကိုသောက် သောက် ၊အစား အသောက် အနေ အထိုင် ကိုမပြုပြင် လျှင် သွေး ပေါင် ချိန် ကိုလုံးဝ မ ထိန်း နိုင် ပါ။

အခုတော့ အရင် က လုပ် ဖို့ခဲယဉ်း ခဲ့ တာ တွေ ၊ ပြန် လုပ် နိုင် သွား ပါ ပြီ။

ကျန်းမာရေး ဟာ လဲ အရင် က ထက် စာရင် ပိုပြီး ကောင်း လာ တယ် လို့ထင် ပါ တယ်။

မိတ်ဆွေ တွေ အားလုုံး လဲ ကျန်းမာရေး ဗဟုသုတ တွေ နဲ့ ပြည့်စုံကြ ပြီး မိမိ ခန္ဓာကိုယ် ကိုထမ်း ဆောင် နိုင် ကြ ပါ စေ။

‌Credit - Dr Daw Khin Nwe Win

Address

No-651/2, MaHarMyaing Main Street, 9 Quarter, 999 Bus Stop, Shwe Pyi Thar
Yangon
191119

Telephone

+959693072776

Website

Alerts

Be the first to know and let us send you an email when သမားတော်ဆေးခန်း-Tha Mar Taw Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram