SleepEzy Myanmar

SleepEzy Myanmar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from SleepEzy Myanmar, Vitamins/Supplements, No. 23/5(C), Thiri Mingalar Yeik Thar Street(7) Ward, Yankin Township, Yangon.

🧠"ကမ္ဘာ့လေဖြတ်ရောဂါကာကွယ်ရေးနေ့" ကျန်းမာ‌ရေးဗဟုသုတဟောပြောပွဲ ဖိတ်ကြားလွှာ📩၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂၉) ရက်နေ့တွင် ကျရော...
21/10/2025

🧠"ကမ္ဘာ့လေဖြတ်ရောဂါကာကွယ်ရေးနေ့" ကျန်းမာ‌ရေးဗဟုသုတဟောပြောပွဲ ဖိတ်ကြားလွှာ

📩၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂၉) ရက်နေ့တွင် ကျရောက်သော 𝗪𝗼𝗿𝗹𝗱 𝗦𝘁𝗿𝗼𝗸𝗲 𝗗𝗮𝘆 "ကမ္ဘာ့လေဖြတ်ရောဂါကာကွယ်ရေးနေ့" အထိမ်းအမှတ်အဖြစ် အောက်တိုဘာလ (၂၆) ရက်နေ့တွင် အာယုအင်တာနေရှင်နယ်ဆေးရုံကြီးနှင့် SleepEzy Myanmarတို့မှ ပူးပေါင်း၍ "ကမ္ဘာ့လေဖြတ်ရောဂါကာကွယ်ရေးနေ့" ကျန်းမာ‌ရေးဗဟုသုတဟောပြောပွဲကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်​မည်​ဖြစ်​ပါသောကြောင့် စိတ်ပါဝင်စားသူတိုင်း တက်ရောက်နိုင်ပါကြောင်း အာယုအင်တာနေရှင်နယ်ဆေးရုံကြီးမှ လေးစားစွာ ဖိတ်​ကြားအပ်​ပါသည်​။❤️❤️❤️

👩‍⚕️ဆွေးနွေးဟောပြောမည့်ဆရာဝန်ကြီးများ

📜"လေဖြတ်လက္ခဏာ သတိထားကာ၊ အချိန်မဆိုင်းကုသပါ" ခေါင်းစဉ်ဖြင့်
👩‍⚕️ပါမောက္ခ ဒေါက်တာ ယဉ်မင်းအေး
ဦးနှောက်နှင့်အာရုံကြောအထူးကုဆရာဝန်ကြီး
M.B.,B.S, M. Med. Sc (Int Medicine), MRCP (UK), Dr. Med. Sc (Neurology), FRCP (Edin), Fellowship in Parkinson's Disease and Movement Disorders (S'pore)

📜"လေဖြတ်ဘေးအန္တရာယ်ကင်းဖို့အရေး၊ အသိပညာဖြန့်ဝေပေး" ခေါင်းစဉ်ဖြင့်
👩‍⚕️ပါမောက္ခ ဒေါက်တာ စိမ်းမြမြအေး
ဦးနှောက်နှင့်အာရုံကြောအထူးကုဆရာဝန်ကြီး
M.B.,B.S, M. Med. Sc (Int Med), MRCP (UK), FRCP (Edin), Dip. Med. Sc (Neurology)

📅နေ့ရက် - ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂၆) ရက် ​(တနင်္ဂနွေနေ့)
🕒ပွဲကျင်းပမည့်အချိန် - နံနက် (၁၀:၀၀) နာရီ မှ နေ့လည် (၁၂:၀၀) နာရီ အထိ
🏨နေရာ - Ar Yu International Hospital Grand Hall, Building B, 2nd Floor.

💢Stroke Activity ရှိသောကြောင့် နံနက် (၉:၃၀) နောက်ဆုံးထားပြီး ပွဲသို့တက်ရောက်ပေးကြပါရန်💢
--------------------------------------
❤️ဆွေး​နွေးပွဲသို့ လေဖြတ်ရောဂါနှင့်ပတ်သက်ပြီး ဆွေးနွေးသိရှိလိုသူ မည်​သူမဆို တက်​ရောက်​နိုင်​ပြီး ပွဲသို့တက်ရောက်လာသူများအတွက် အဆာပြေမုန့်များဖြင့် ဧည့်ခံသွားမည်ဖြစ်ပါသည်။❤️

🫶လူဦးရေကန့်သတ်ထားပါသဖြင့် ဆွေးနွေးပွဲသို့ တက်ရောက်မည့်သူများအနေဖြင့် အောက်ဖော်ပြပါ ဖုန်းနံပါတ်များမှတစ်ဆင့် (သို့မဟုတ်) Link မှတစ်ဆင့် ရုံးချိန်အတွင်း ကြိုတင်စာရင်းပေးသွင်းထားနိုင်ပြီဖြစ်ကြောင်း လေးစားစွာအသိပေးအပ်ပါသည်။🫶

💌စာရင်းပေးသွင်းရန် (ရုံးချိန်အတွင်းသာ 9AM - 5PM)
Link - https://docs.google.com/forms/d/e/1FAIpQLSdER8dGp0g9QQAs2W0_GRs2M1BlSD-ixVkHGfJIfgx3TDBGzw/viewform?usp=header
Phone No. - 09 765 434 230, 09 765 684 169
နောက်ဆုံးစာရင်းပေးသွင်းရက် - အောက်တိုဘာလ (၂၅) ရက်၊ နေ့လည် (၁၂)နာရီ

💙💛ကျန်းမာရေးအတွက် အားထားရာ အာယုဆေးရုံပါ💛💙

🏥
🌏
🫶
🧠
🧠 :Let’sActTogether
🧠

🧠"ကမ္ဘာ့လေဖြတ်ရောဂါကာကွယ်ရေးနေ့" ကျန်းမာ‌ရေးဗဟုသုတဟောပြောပွဲ ဖိတ်ကြားလွှာ

📩၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂၉) ရက်နေ့တွင် ကျရောက်သော 𝗪𝗼𝗿𝗹𝗱 𝗦𝘁𝗿𝗼𝗸𝗲 𝗗𝗮𝘆 "ကမ္ဘာ့လေဖြတ်ရောဂါကာကွယ်ရေးနေ့" အထိမ်းအမှတ်အဖြစ် အောက်တိုဘာလ (၂၆) ရက်နေ့တွင် အာယုအင်တာနေရှင်နယ်ဆေးရုံကြီးနှင့် SleepEzy Myanmar, Emcure Pharmaceuticals Ltd Myanmar တို့မှ ပူးပေါင်း၍ "ကမ္ဘာ့လေဖြတ်ရောဂါကာကွယ်ရေးနေ့" ကျန်းမာ‌ရေးဗဟုသုတဟောပြောပွဲကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်​မည်​ဖြစ်​ပါသောကြောင့် စိတ်ပါဝင်စားသူတိုင်း တက်ရောက်နိုင်ပါကြောင်း အာယုအင်တာနေရှင်နယ်ဆေးရုံကြီးမှ လေးစားစွာ ဖိတ်​ကြားအပ်​ပါသည်​။❤️❤️❤️

👩‍⚕️ဆွေးနွေးဟောပြောမည့်ဆရာဝန်ကြီးများ

📜"လေဖြတ်လက္ခဏာ သတိထားကာ၊ အချိန်မဆိုင်းကုသပါ" ခေါင်းစဉ်ဖြင့်
👩‍⚕️ပါမောက္ခ ဒေါက်တာ ယဉ်မင်းအေး
ဦးနှောက်နှင့်အာရုံကြောအထူးကုဆရာဝန်ကြီး
M.B.,B.S, M. Med. Sc (Int Medicine), MRCP (UK), Dr. Med. Sc (Neurology), FRCP (Edin), Fellowship in Parkinson's Disease and Movement Disorders (S'pore)

📜"လေဖြတ်ဘေးအန္တရာယ်ကင်းဖို့အရေး၊ အသိပညာဖြန့်ဝေပေး" ခေါင်းစဉ်ဖြင့်
👩‍⚕️ပါမောက္ခ ဒေါက်တာ စိမ်းမြမြအေး
ဦးနှောက်နှင့်အာရုံကြောအထူးကုဆရာဝန်ကြီး
M.B.,B.S, M. Med. Sc (Int Med), MRCP (UK), FRCP (Edin), Dip. Med. Sc (Neurology)

📅နေ့ရက် - ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂၆) ရက် ​(တနင်္ဂနွေနေ့)
🕒ပွဲကျင်းပမည့်အချိန် - နံနက် (၁၀:၀၀) နာရီ မှ နေ့လည် (၁၂:၀၀) နာရီ အထိ
🏨နေရာ - Ar Yu International Hospital Grand Hall, Building B, 2nd Floor.

💢Stroke Activity ရှိသောကြောင့် နံနက် (၉:၃၀) နောက်ဆုံးထားပြီး ပွဲသို့တက်ရောက်ပေးကြပါရန်💢
--------------------------------------
❤️ဆွေး​နွေးပွဲသို့ လေဖြတ်ရောဂါနှင့်ပတ်သက်ပြီး ဆွေးနွေးသိရှိလိုသူ မည်​သူမဆို တက်​ရောက်​နိုင်​ပြီး ပွဲသို့တက်ရောက်လာသူများအတွက် အဆာပြေမုန့်များဖြင့် ဧည့်ခံသွားမည်ဖြစ်ပါသည်။❤️

🫶လူဦးရေကန့်သတ်ထားပါသဖြင့် ဆွေးနွေးပွဲသို့ တက်ရောက်မည့်သူများအနေဖြင့် အောက်ဖော်ပြပါ ဖုန်းနံပါတ်များမှတစ်ဆင့် (သို့မဟုတ်) Link မှတစ်ဆင့် ရုံးချိန်အတွင်း ကြိုတင်စာရင်းပေးသွင်းထားနိုင်ပြီဖြစ်ကြောင်း လေးစားစွာအသိပေးအပ်ပါသည်။🫶

💌စာရင်းပေးသွင်းရန် (ရုံးချိန်အတွင်းသာ 9AM - 5PM)
Link - https://docs.google.com/forms/d/e/1FAIpQLSdER8dGp0g9QQAs2W0_GRs2M1BlSD-ixVkHGfJIfgx3TDBGzw/viewform?usp=header
Phone No. - 09 765 434 230, 09 765 684 169
နောက်ဆုံးစာရင်းပေးသွင်းရက် - အောက်တိုဘာလ (၂၅) ရက်၊ နေ့လည် (၁၂)နာရီ

💙💛ကျန်းမာရေးအတွက် အားထားရာ အာယုဆေးရုံပါ💛💙

🏥
🌏
🫶
🧠
🧠 :Let’sActTogether
🧠

🙏ပျော်ရွှင်စရာ " ဒီပါဝလီနေ့ " ဖြစ်ပါစေကြောင်း SleepEzy မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည် ....    #မယ်လတိုနင်
19/10/2025

🙏ပျော်ရွှင်စရာ " ဒီပါဝလီနေ့ " ဖြစ်ပါစေကြောင်း SleepEzy မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည် ....

#မယ်လတိုနင်

ဘယ်လိုလူတွေ SleepEzy သောက်သင့်လဲ?'Sleepezy' ဟာ ဆရာဝန်ညွှန်ကြားချက်နဲ့ သောက်သုံးရတဲ့ ပြင်းထန်တဲ့ အိပ်ဆေးမျိုး မဟုတ်ဘဲ၊ အိ...
17/10/2025

ဘယ်လိုလူတွေ SleepEzy သောက်သင့်လဲ?

'Sleepezy' ဟာ ဆရာဝန်ညွှန်ကြားချက်နဲ့ သောက်သုံးရတဲ့ ပြင်းထန်တဲ့ အိပ်ဆေးမျိုး မဟုတ်ဘဲ၊ အိပ်စက်မှုစနစ် ကို သဘာဝအတိုင်း ထောက်ပံ့ပေးဖို့ ရည်ရွယ်တဲ့ ဖြည့်စွက်စာဖြစ်ပါတယ်။
🩵ညဘက် အိပ်ရာဝင်ရန် ခက်ခဲနေသူများ
🩵စိတ်ဖိစီးမှုကြောင့် အိပ်မပျော်သူများ
🩵ညဘက် ခဏခဏ နိုးနေတတ်သောကြောင့် အိပ်စက်မှု အရည်အသွေး မြှင့်တင်လိုသူများ စတဲ့အိပ်စက်ခြင်းဆိုင်ရာ ပြဿနာတွေ ခံစားနေရတဲ့သူတွေ သောက်သုံးနိုင်ပါတယ်။

🔷SleepEzy မှာပါဝင်တဲ့ မယ်လတိုနင်ဟာ ခန္ဓာကိုယ်ရဲ့ ဦးနှောက်ထဲမှာရှိတဲ့ (ပိုင်နီယယ်ဂလင်း) ကနေ သဘာဝအလျောက် ထုတ်လုပ်ပေးတဲ့ ဟော်မုန်း တစ်မျိုးဖြစ်ပြီး မယ်လတိုနင်ရဲ့ အဓိက အခန်းကဏ္ဍကတော့ လူတစ်ဦးရဲ့ အိပ်စက်မှုနဲ့ နိုးထမှု စည်းချက် ကို ညွှန်ကြား ထိန်းချုပ်ပေးဖို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် မယ်လတိုနင် ကို "အိပ်စက်ခြင်း ဟော်မုန်း" လို့လည်း ခေါ်ဆိုနိုင်ပါတယ်။ ဒါ့အပြင်
• နေ့ခင်းဘက် အလင်းရောင် များတဲ့အခါ ဦးနှောက်က မယ်လတိုနင် ထုတ်လုပ်မှုကို ရပ်တန့်ထားပါတယ်🌒
• မှောင်လာတဲ့အခါ မယ်လတိုနင် ထုတ်လုပ်မှု စတင်လာပြီး၊ ဒီဟော်မုန်းပမာဏ တဖြည်းဖြည်း မြင့်တက်လာခြင်းက ခန္ဓာကိုယ်ကို "အိပ်ချိန်ရောက်ပြီ၊ အနားယူသင့်ပြီ" လို့ အချက်ပြပေးတာ ဖြစ်ပါတယ်⚠

• ဒီလို အလင်းရောင်အပေါ် အခြေခံပြီး ဟော်မုန်း ထုတ်လုပ်မှုက စည်းချက်မှန်မှန် လည်ပတ်နေတာဟာ ကျွန်တော်တို့ ညဘက်မှာ အိပ်ပျော်ပြီး မနက်ဘက်မှာ နိုးထအောင် ထိန်းချုပ်ပေးတဲ့ စနစ်ပဲ ဖြစ်ပါတယ်✨

SleepEzy ဖြည့်စွက်စာမှာ မယ်လတိုနင် သာမက Magnesium နဲ့ L-theanine (200mg) ပါဝင်တဲ့အတွက် သဘာဝအတိုင်း ကျန်းမာတဲ့ အိပ်စက်ခြင်းကို ရရှိစေဖို့ အကောင်းမွန်ဆုံးသော ရွေးချယ်မှု တစ်ခုပဲဖြစ်ပါတယ်။
#မယ်လတိုနင် #သဘာဝဖြည့်စွက်စာ #အိပ်ခြင်း

👵👴အသက်ကြီးသူများအတွက် ကောင်းမွန်သော အိပ်စက်ခြင်း🌒အသက်အရွယ်ကြီးရင့်လာသူတွေ ကြုံတွေ့ရတဲ့ ညဘက် အိပ်မပျော်တဲ့ ပြဿနာက စိုးရိမ...
13/10/2025

👵👴အသက်ကြီးသူများအတွက် ကောင်းမွန်သော အိပ်စက်ခြင်း🌒

အသက်အရွယ်ကြီးရင့်လာသူတွေ ကြုံတွေ့ရတဲ့ ညဘက် အိပ်မပျော်တဲ့ ပြဿနာက စိုးရိမ်စရာပါ... ကျန်းမာရေးနဲ့ စိတ်ပိုင်းဆိုင်ရာ ကောင်းကျိုးတွေအတွက် လုံလောက်တဲ့ အိပ်စက်မှုက လွန်စွာမှအရေးကြီးတာဖြစ်လို့ အသက်ကြီးသူတွေအနေနဲ့ ညတိုင်း ၇-၉ နာရီလောက် အိပ်ပျော်ဖို့ လိုအပ်ပါတယ်။
ဒါပေမယ့် အသက်ကြီးလာတာနဲ့အမျှ အိပ်ပျော်ဖို့ ခက်ခဲလာတာကြောင့် မှတ်ဉာဏ်နဲ့ တခြား ကျန်းမာရေး ပြဿနာတွေအထိ ဖြစ်ပွားနိုင်ခြေဟာပိုမိုမြင့်တက်လာပါတယ်...

အိပ်မပျော်ခြင်း ပြဿနာကို ဖြေရှင်းနိုင်မယ့် အကောင်းဆုံးနည်းလမ်းတွေကတော့
🚶‍♂️ပုံမှန် လေ့ကျင့်ခန်းပြုလုပ်ခြင်း
နေ့စဉ် ကိုယ်လက်လှုပ်ရှား၊ လမ်းလျှောက်တာ ဒါမှမဟုတ် ယောဂ ကျင့်တာစတဲ့ ကိုယ်အလေးချိန် မပါတဲ့ လေ့ကျင့်ခန်းများက အိပ်စက်ခြင်းကို အထောက်အကူပြုပါတယ်။

🛀🏼တစ်ကိုယ်ရေ သန့်ရှင်းမှုထိန်းသိမ်းခြင်း
အိပ်ရာမဝင်မီ ရေနွေးဖြင့် ရေချိုးတာ၊ သွားတိုက်တာ စတဲ့ သန့်ရှင်းရေး လုပ်ဆောင်ချက်များကလည်း စိတ်ကို လန်းဆန်းစေပြီး အိပ်ပျော်စေပါတယ်။

📵အီလက်ထရွန်နစ် ပစ္စည်းများ ရှောင်ကြဉ်ခြင်း
အိပ်ရာမဝင်မီ အနည်းဆုံး နာရီဝက်မှ တစ်နာရီခန့်အလိုတွင် ဖုန်း၊ လက်ပ်တော့ စတဲ့ အီလက်ထရွန်နစ် ပစ္စည်းများ အသုံးပြုခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ ထိုပစ္စည်းတွေမှ ထွက်တဲ့ အပြာရောင်အလင်း (blue light) ဟာ အိပ်ချင်တဲ့စိတ်ကို ဟန့်တားစေပါတယ်။

အထက်ပါနည်းလမ်းတွေအပြက် မယ်လတိုနင်ဓာတ်ဟာ အိပ်ပျော်ခြင်းကို အထောက်အကူပြုတဲ့အတွက် မယ်လတိုနင်ဓာတ်တွေကြွယ်ဝတဲ့ အစားအစာတွေစားခြင်းကြောင့် ကျန်းမာတဲ့ အိပ်စက်ခြင်းကို ရရှိစေမှာဖြစ်ပါတယ်🛌✔️

မယ်လတိုနင် ကြွယ်ဝတဲ့ အစားအစာ‌တွေကတော့
ဥများ: ကြက်ဥ၊ ဘဲဥတို့မှာ မယ်လတိုနင်အပြင် ပရိုတင်း နဲ့ သံဓာတ် လည်း ကြွယ်ဝပါတယ်။
နွားနို့: နွားနို့ပူပူလေး က အိပ်မပျော်သူတွေအတွက် အိပ်စက်ခြင်းကို ကောင်းမွန်စေပါတယ်။ ညဘက်ညှစ်ထားတဲ့ နွားနို့မှာ မယ်လတိုနင် ပိုမိုပါဝင်ပါတယ်။
အစေ့အဆန်များ: ပစ္တာချီယို၊ အယ်မွန်စေ့တို့မှာ မယ်လတိုနင် ပါဝင်မှုများပြားပါတယ်။ငါး: ဆော်လမွန်၊ တူနာကဲ့သို့ အဆီများတဲ့ ငါး တွေမှာ မယ်လတိုနင်အပြင် ဗီတာမင် B6၊ အိုမီဂါ-၃၊ မဂ္ဂနီဆီယမ် နဲ့ ဗီတာမင် D တို့ ကြွယ်ဝပါတယ်။

ဒါ့အပြင် ကဖင်းဓာတ်ပါမှုများတဲ့ အစားအစာများ၊ အဆီအစိမ့်နဲ့ အပူအစပ်တို့ကို ညမအိပ်ခင် တစ်နာရီအလိုခန့်မှာ စားသုံးခြင်းကိုရှောင်ကြဉ်သင့်ပါတယ်🌶❌

🖤အထက်မှာ ဖော်ပြထားတဲ့ နည်းလမ်းတွေ၊ စားသင့်တဲ့ ရှောင်ကြဉ်သင့်တဲ့ အစားအစာတွေကို လိုက်နာခြင်းအားဖြင့် အသက်အရွယ်ကြီးရင့်သူတွေဟာ ညဘက်မှာ ကောင်းစွာ အိပ်ပျော်စေပြီး ကျန်းမာတဲ့ ဘဝကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်🤗💤
#မယ်လတိုနင် #သဘာဝဖြည့်စွက်စာ #အိပ်မပျော်ခြင်း

👩‍⚕️ဒီနေ့ အောက်တိုဘာ (၁၀)ရက်နေ့ဟာ ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ (𝐖𝐨𝐫𝐥𝐝 𝐌𝐞𝐧𝐭𝐚𝐥 𝐇𝐞𝐚𝐥𝐭𝐡 𝐃𝐚𝐲) ဖြစ်ပါတယ်။ဒီနှစ်အတွက် (𝐖𝐨𝐫𝐥𝐝 𝐌𝐞𝐧𝐭𝐚𝐥 ...
10/10/2025

👩‍⚕️ဒီနေ့ အောက်တိုဘာ (၁၀)ရက်နေ့ဟာ ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ (𝐖𝐨𝐫𝐥𝐝 𝐌𝐞𝐧𝐭𝐚𝐥 𝐇𝐞𝐚𝐥𝐭𝐡 𝐃𝐚𝐲) ဖြစ်ပါတယ်။

ဒီနှစ်အတွက် (𝐖𝐨𝐫𝐥𝐝 𝐌𝐞𝐧𝐭𝐚𝐥 𝐇𝐞𝐚𝐥𝐭𝐡 𝐃𝐚𝐲) (theme) ကတော့ ...

"𝐀𝐜𝐜𝐞𝐬𝐬 𝐭𝐨 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬: 𝐌𝐞𝐧𝐭𝐚𝐥 𝐇𝐞𝐚𝐥𝐭𝐡 𝐢𝐧 𝐂𝐚𝐭𝐚𝐬𝐭𝐫𝐨𝐩𝐡𝐞𝐬 𝐚𝐧𝐝 𝐄𝐦𝐞𝐫𝐠𝐞𝐧𝐜𝐢𝐞𝐬"
“ဘေးအန္တရာယ်များနှင့် အရေးပေါ်အခြေအနေများဖြစ်လာချိန်တွင် လူတိုင်းအတွက် စိတ်ကျန်းမာရေးဝန်ဆောင်မှုများကို လွယ်လွယ်ကူကူ အသုံးပြုနိုင်အောင် ဖော်ဆောင်ပေးသင့်သည်” ဆိုတာပဲဖြစ်ပါတယ်။

ဘေးအန္တရာယ်၊ တိုက်ခိုက်မှု၊ သဘာဝဘေးအန္တရာယ် သို့မဟုတ် မတော်တဆဖြစ်စဥ်တွေကြောင့် လူတွေအတွက် စိတ်ဖိစီးမှု၊ မျှော်လင့်ချက်ပျက်ခြင်း၊ နှလုံးကျိတ်မှု စတဲ့ စိတ်ဒဏ်ရာတွေ ပေါ်လာတတ်ပါတယ်။

အဲ့လိုအချိန်တွေမှာ စိတ်ကျန်းမာရေးအထောက်အပံ့၊ ကူညီမှုနဲ့ ဝန်ဆောင်မှုတွေဟာ အရေးကြီးသလို လူတိုင်းအနေနဲ့ အဲဒီ သဘာဝဘေးအန္တရာယ်နဲ့ မတော်မဆဖြစ်စဉ်တွေကို သတိရှိဖို့ အရေးကြီးပါတယ်။

🕊️ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ၊ NGO တွေ၊ ဆရာဝန်တွေနဲ့ အတူတကွ —
ဘေးအန္တရာယ်အခြေအနေတွင်းပါ စိတ်ကျန်းမာရေးအထောက်အပံ့ရဖို့
လူတိုင်းအတွက် လက်လှမ်းမီစေဖို့ အရေးကြီးပါတယ်။

ဒါကြောင့် ပတ်ဝန်းကျင်မှာ ဘေးအန္တရာယ်တွေကြောင့် စိတ်ပင်ပန်းနေသူတွေဆီက ရင်တွင်းခံစားချက်တွေကို နားထောင်ပေးဖို့၊ နွေးထွေးမှုတစ်စကား ပြောပေးဖို့အတွက် တိုက်တွန်းလိုက်ပါတယ် ...

🩵 Mental Health Matters — For Everyone, Everywhere. (181)

အိပ်ရာမဝင်ခင် ဒါတွေ ရှောင်ကြဉ်သင့်တယ်.. 😴⚠️🛌ကောင်းမွန်စွာ အိပ်စက်ခြင်းဟာ ကျန်းမာတဲ့ ဘဝနေထိုင်မှုပုံစံရဲ့ အရေးကြီးတဲ့ အစိ...
08/10/2025

အိပ်ရာမဝင်ခင် ဒါတွေ ရှောင်ကြဉ်သင့်တယ်.. 😴⚠️

🛌ကောင်းမွန်စွာ အိပ်စက်ခြင်းဟာ ကျန်းမာတဲ့ ဘဝနေထိုင်မှုပုံစံရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပဲဖြစ်ပါတယ်။ ဒါပေမယ့် အိပ်ရာမဝင်ခင် ကျွန်တော်တို့ လုပ်လေ့ရှိတဲ့ အလေ့အထတချို့က အိပ်စက်ခြင်းကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ အိပ်မပျော်တာ၊ အိပ်မငြိမ်တာ စတဲ့ ပြဿနာတွေ မဖြစ်စေဖို့ အိပ်ရာမဝင်ခင် ရှောင်သင့်တဲ့ အရာတွေကို ဖော်ပြပေးလိုက်ပါတယ်။

အလင်းရောင် အလွန်အကျွံ ထိတွေ့ခြင်း🤳💤
ဖုန်း၊ တက်ဘလက်၊ ကွန်ပျူတာက ထွက်တဲ့ အပြာရောင်အလင်း (Blue Light) တွေက ဦးနှောက်ကို နိုးကြားနေစေပြီး အိပ်မပျော် ဖြစ်စေနိုင်ပါတယ်။ အိပ်ရာမဝင်ခင် အနည်းဆုံး တစ်နာရီ အလိုမှာ ဒီလို အီလက်ထရွန်နစ်ပစ္စည်းတွေကို အသုံးပြုတာကို လျှော့ချသင့်ပါတယ်။

အိပ်ရာမဝင်ခင် အစာများများ စားသုံးခြင်း🍔💤
အိပ်ခါနီး အစာစားတာက အစာခြေစနစ်ကို အလုပ်ပိုလုပ်စေပြီး ဗိုက်အောင့်တာ၊ ရင်ပူတာတွေ ဖြစ်စေနိုင်ပါတယ်။ ဒါက အိပ်စက်ခြင်းကို အနှောင့်အယှက် ဖြစ်စေပါတယ်။

ကဖင်းဓာတ်ပါတဲ့ အစားအသောက်၊ အဖျော်ယမကာ သောက်သုံးခြင်း🧋💤
ကော်ဖီ၊ လက်ဖက်ရည်၊ ကိုလာ ဒါမှမဟုတ် ချောကလက်လို ကဖင်းဓာတ်ပါတဲ့ အရာတွေဟာ နိုးကြားမှုကို တိုးမြှင့်ပေးပြီး အိပ်မပျော် ဖြစ်စေနိုင်ပါတယ်။ အိပ်ရာမဝင်ခင် အနည်းဆုံး ၄-၆ နာရီ အလိုမှာ ရှောင်သင့်ပါတယ်။

အရက်သောက်ခြင်း🍻💤
အရက်က ပထမပိုင်းမှာ အိပ်ငိုက်စေနိုင်ပေမဲ့၊ နောက်ပိုင်းမှာ အိပ်စက်ခြင်းရဲ့ အရည်အသွေးကို ထိခိုက်စေပြီး အိပ်မပျော် ဖြစ်စေနိုင်ပါတယ်။

ပြင်းထန်တဲ့ ကိုယ်လက်လေ့ကျင့်ခန်း ပြုလုပ်ခြင်း🏋️💤
အိပ်ရာမဝင်ခင် ခဏအလိုမှာ ပြင်းထန်တဲ့ လေ့ကျင့်ခန်းလုပ်တာက ခန္ဓာကိုယ်ကို နိုးကြားစေပြီး အိပ်မပျော် ဖြစ်စေနိုင်ပါတယ်။ ညနေခင်းပိုင်း ဒါမှမဟုတ် နေ့ခင်းဘက်မှာ လေ့ကျင့်ခန်းလုပ်တာက ပိုကောင်းပါတယ်။

စိတ်ဖိစီးမှု ဖြစ်စေတဲ့ ကိစ္စတွေအကြောင်း တွေးတောခြင်း🥹💤
အိပ်ရာမဝင်ခင် စိတ်ပူပန်မှု၊ စိုးရိမ်စိတ်တွေ ဖြစ်စေတဲ့ ကိစ္စတွေအကြောင်း တွေးတာက ဦးနှောက်ကို နိုးကြားနေစေပြီး အိပ်မပျော် ဖြစ်စေပါတယ်။ အိပ်ရာမဝင်ခင် စိတ်ကို ပေါ့ပါးအောင် လုပ်ဆောင်သင့်ပါတယ်။

ရေများများ သောက်ခြင်း🫗💤
အိပ်ရာမဝင်ခင် ရေများများ သောက်ရင် ညလယ်မှာ ဆီးသွားဖို့ အိမ်သာတက်ရပြီး အိပ်စက်ခြင်းကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။

ဒီအချက်တွေကို ရှောင်ကြဉ်ခြင်းအားဖြင့် ညဘက်မှာ ပိုမို အိပ်ရေးဝဝ အိပ်ပျော် နိုင်ပြီး နံနက်ခင်းမှာလည်း လန်းဆန်းတက်ကြွ စွာ နေ့သစ်ကို စတင်နိုင်မှာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ အိပ်စက်မှု အရည်အသွေးကို မြှင့်တင်ဖို့ ဒီအချက်တွေကို သတိပြု ရှောင်ကြဉ်ကြဖို့ တိုက်တွန်းလိုက်ပါတယ် ခင်ဗျ🩵
#မယ်လတိုနင် #သဘာဝဖြည့်စွက်စာ #အိပ်ခြင်း #အိပ်မပျော်ခြင်း

💥✨ဝါလကင်းလွတ် သီတင်းကျွတ် အချိန်အခါသမယလေးမှာ သာယာပျော်ရွှင်ဖွယ် ရက်ကောင်း ရက်မြတ်များကို ဖြတ်သန်းနိုင်ပါစေကြောင်း " Slee...
06/10/2025

💥✨ဝါလကင်းလွတ် သီတင်းကျွတ် အချိန်အခါသမယလေးမှာ သာယာပျော်ရွှင်ဖွယ် ရက်ကောင်း ရက်မြတ်များကို ဖြတ်သန်းနိုင်ပါစေကြောင်း " Sleepezy Myanmar " မှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ် 🙏

#သီတင်းကျွတ်

လူကြီးမိဘများအတွက် ကျန်းမာခြင်းလက်ဆောင်မွန်😍🎁🕯️သီတင်းကျွတ်လပြည့်နေ့မှာ ချစ်ခင်လေးစားရသော လူကြီးမိဘတွေကို ဘယ်လိုလက်ဆောင်မ...
03/10/2025

လူကြီးမိဘများအတွက် ကျန်းမာခြင်းလက်ဆောင်မွန်😍🎁

🕯️သီတင်းကျွတ်လပြည့်နေ့မှာ ချစ်ခင်လေးစားရသော လူကြီးမိဘတွေကို ဘယ်လိုလက်ဆောင်မျိုးနဲ့ ဂါရဝပြုရမလဲ🤔?
ကျန်းမာရေးအတွက်ဖြည့်စွက်စာ (၄)မျိုးအပြင် မျက်နှာသုတ်ပုဝါ နဲ့ ရေဘူးပါလက်ဆောင် ပါတဲ့ Thadingyut Package/ Promotion Bag လေးတွေကို 10% discount နဲ့ ဝယ်ယူနိုင်ပါပြီ ...

'ကိုယ်ခံအားကို မြှင့်တင်ပေးတဲ့ Atlas C, နှလုံးအတွက် အကောင်းဆုံးအဖော်မွန် Heart Q
အိပ်မပျော်ညများ ကင်းဝေးစေဖို့ SleepEzy နဲ့ အရိုးအဆစ်များနာကျင်မှုကို ကင်းဝေးစေတဲ့ Ostonil' စတဲ့ ဖြည့်စွက်စာ (၄)မျိုးစလုံးကို 10% Discountနဲ့ တစ်ခါတည်းရရှိနိုင်မှာဖြစ်တာမို့ လူကြီး၊ မိဘတွေကို ကန်တော့ဖို့အတွက် အကောင်းဆုံးရွေးချယ်မှု တစ်ခုပဲဖြစ်ပါတယ်🤩❤️

အရေအတွက် အကန့်အသတ်လေးရှိတာမို့ မှာယူလိုပါက chat box အမြန်လာဖို့တော့ လိုမယ်နော်...☎️📱💯
#မယ်လတိုနင် #သီတင်းကျွတ်

ကျန်းမာစွာ အိပ်စက်နိုင်ဖို့ အရေးပါတဲ့ မယ်လတိုနင်🩵🔷မယ်လတိုနင် ဆိုတာ ကျွန်တော်တို့ရဲ့ ဦးနှောက်ထဲက pineal gland လို့ခေါ်တဲ့...
26/09/2025

ကျန်းမာစွာ အိပ်စက်နိုင်ဖို့ အရေးပါတဲ့ မယ်လတိုနင်🩵

🔷မယ်လတိုနင် ဆိုတာ ကျွန်တော်တို့ရဲ့ ဦးနှောက်ထဲက pineal gland လို့ခေါ်တဲ့ ဂလင်းကနေ ထုတ်လုပ်တဲ့ ဟော်မုန်းတစ်မျိုး ဖြစ်ပါတယ်။ ဒါဟာ ကျွန်ုပ်တို့ရဲ့ အိပ်စက်-နိုးထရေး cycle (circadian rhythm) ကို ထိန်းညှိရာမှာ အဓိက ကျတဲ့ နေရာက ပါဝင်နေပါတယ်။ ဒီဟော်မုန်းကို "အိပ်စက်ခြင်းဟော်မုန်း" လို့လည်း တင်စားကြပြီး၊ ညအချိန်မှာ ခန္ဓာကိုယ်ကို အိပ်စက်ဖို့ ပြင်ဆင်ပေးတဲ့ အချက်ပြမှုကို ပေးပါတယ်။

မယ်လတိုနင်ရဲ့ လုပ်ဆောင်ချက်တွေကတော့
• ပတ်ဝန်းကျင်မှာ အမှောင်ကျလာတဲ့အခါ (ညအချိန်) ခန္ဓာကိုယ်က မယ်လတိုနင်ကို ပိုမိုထုတ်လုပ် ပြီး ကျွန်တော်တို့ကို အိပ်ငိုက်စေ ပါတယ်။ ဆန့်ကျင်ဘက်အနေနဲ့၊ မနက်ခင်းမှာ အလင်းရောင် ထိတွေ့တဲ့အခါ မယ်လတိုနင် ထုတ်လုပ်မှု လျော့နည်းသွားတော့ကြောင့် နိုးလာရခြင်းဖြစ်ပါတယ်။
• ဒီဟော်မုန်းဟာ ခန္ဓာကိုယ်ရဲ့ အတွင်းပိုင်းနာရီကို ထိန်းညှိပေးပြီး၊ ပုံမှန်အချိန်တိုင်း အိပ်ပျော်ပြီး ပုံမှန်အချိန်တိုင်း နိုးထနိုင်ဖို့ ကူညီပေးပါတယ်။ အဲဒီ sleeping cycle မှန်ကန်နေရင် အိပ်စက်ခြင်းရဲ့ အရည်အသွေးလည်း ကောင်းမွန်စေ ပါတယ်။

အောက်မှာဖော်ပြထားတဲ့ အချက်တွေကြောင်း ခန္ဓာကိုယ်မှ မယ်လတိုနင်ထုတ်လုပ်မှုကို ထိခိုက်၊ လျော့နည်းစေပါတယ်။
• အီလက်ထရွန်နစ်ပစ္စည်းများမှ ထွက်သော အလင်းများ🤳
ဖုန်း၊ တက်ဘလက်၊ ကွန်ပျူတာ စသည့် မျက်နှာပြင်များမှ ထွက်သော အပြာရောင်အလင်း (Blue Light) ဟာ မယ်လတိုနင် ထုတ်လုပ်မှုကို အကြီးအကျယ် အနှောင့်အယှက် ဖြစ်စေပါတယ်။ ညဘက်မှာ ဒီလိုပစ္စည်းတွေကို အလွန်အကျွံ အသုံးပြုတာက အိပ်မပျော်ခြင်းကို ဖြစ်စေပါတယ်။

• အသက်အရွယ်ကြီးလာခြင်း👵👴
အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ ခန္ဓာကိုယ်ရဲ့ မယ်လတိုနင် ထုတ်လုပ်မှု ပမာဏာ လျော့နည်းသွားတတ်ပါတယ်။ ဒါကြောင့် လူကြီးတွေမှာ အိပ်စက်ခြင်း ပြဿနာတွေ ပိုအဖြစ်များရတာ ဖြစ်ပါတယ်။

• ကဖင်းဓာတ်ပါတဲ့ အဖျော်ယမကာများ☕
ကော်ဖီ၊ လက်ဖက်ရည်၊ ရေနွေးကြမ်း၊ လက်ဖက်သုပ်၊ ချောကလက် စတာတွေကို ညဘက် အိပ်ခါနီးမှာ ရှောင်သင့်ပါတယ်။
• စိတ်ဖိစီးမှုများခြင်း😩
စိတ်ဖိစီးမှုများတာကလည်း အိပ်စက်ခြင်းကို ဟန့်တားနိုင်တာမို့ အိပ်ရာမဝင်ခင် စိတ်ကို ပြေလျော့အောင် စာဖတ်ခြင်း၊ ပူနွေးသော ရေချိုးခြင်း၊ တရားထိုင်ခြင်း စတာတွေကို ပြုလုပ်သင့်ပါတယ်။

ကောင်းမွန်စွာ အိပ်ပျော်ဖို့ဆိုရင် ပုံမှန် ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာ၊ တစ်ကိုယ်ရေ သန့်ရှင်းရေး ကို ဂရုစိုက်တာတွေ အပြင်၊ ဖုန်း၊ လက်ပ်တော့ စတဲ့ အီလက်ထရွန်နစ် ပစ္စည်းတွေ ကိုလည်း အိပ်ရာမဝင်ခင် နာရီဝက်ကနေ တစ်နာရီ လောက် ကတည်းက အသုံးမပြုဘဲ ရှောင်ကြဉ် ဖို့ အရေးကြီးပါတယ်။ ဒါ့အပြင် ညဘက်အိပ်ပျော်ဖို့ခက်ခဲသူများအနေနဲ့ SleepEzy ဖြည့်စွက်စာကိုသောက်သုံးခြင်းဖြင့် အိပ်ပျော်စေပါတယ်။ SleepEzy မှာ အဓိကပါဝင်တဲ့ Melatonin (4.5mg) ဟာ ကျန်းမာတဲ့ အိပ်စက်ခြင်းကို ရရှိစေဖို့ အဓိကနှိုးဆော်ပေးပြီး L theanine နဲ့ Magnesium (200mg) ပါဝင်တဲ့ အတွက်လည်း ဘေးထွက်ဆိုးကျိုးမဖြစ်စေဘဲ ကျန်းမာစေပါတယ်🔷🥰🛏
#သဘာဝဖြည့်စွက်စာ #မယ်လတိုနင် #အိပ်ခြင်း

💁မယ်လတိုနင် ကြွယ်ဝတဲ့ အစားအစာများ ကောင်းမွန်စွာ အိပ်ပျော်ဖို့ဆိုတာ ကျန်းမာတဲ့ဘဝနေထိုင်မှုရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်...
24/09/2025

💁မယ်လတိုနင် ကြွယ်ဝတဲ့ အစားအစာများ

ကောင်းမွန်စွာ အိပ်ပျော်ဖို့ဆိုတာ ကျန်းမာတဲ့ဘဝနေထိုင်မှုရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပဲဖြစ်ပါတယ်။ အိပ်မပျော်တာမျိုး ကြုံတွေ့နေရသူတွေအတွက် မယ်လတိုနင် ဟော်မုန်းဟာ အိပ်စက်ခြင်းကို ထိန်းညှိပေးတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ မယ်လတိုနင်ကို ကိုယ်တိုင် ထုတ်လုပ်နိုင်သလို၊ အချို့သော ပြင်ပအစားအစာတွေကနေလည်း အနည်းငယ် ရရှိနိုင်ပါတယ်။

အစားအစာတွေကနေ ရရှိတဲ့ မယ်လတိုနင် ပမာဏဟာ ကိုယ်တိုင် ထုတ်လုပ်တဲ့ ပမာဏလောက် များများစားစား မဟုတ်ပါဘူး။ ဒါပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေက မယ်လတိုနင် ထုတ်လုပ်ဖို့ လိုအပ်တဲ့ အာဟာရဓာတ်တွေကို ထောက်ပံ့ပေးနိုင်ပါတယ်။

🥚 ဥများ : ကြက်ဥ၊ ဘဲဥ တို့လို ဥအမျိုးမျိုးမှာ မယ်လတိုနင် အနည်းငယ် ပါဝင်ပြီး ပရိုတင်း၊ သံဓာတ်နဲ့ တခြား အာဟာရဓာတ်တွေလည်း ကြွယ်ဝပါတယ်။

🥛 နွားနို့ : နို့မှာ မယ်လတိုနင် ပါဝင်တာကြောင့် အိပ်ပျော်စေပါတယ်။ အထူးသဖြင့် ညဘက်မှာ ညှစ်ထားတဲ့ နွားနို့မှာ ပိုပါဝင်နိုင်တယ်လို့ ဆိုပါတယ်။

🥜 အစေ့အဆန်များ : ပစ်တေးရှား (Pistachios)၊ အယ်မွန်စေ့ (Almonds)၊ နေကြာစေ့ (Sunflower seeds)၊ ဖလားစ် (Flax seeds) တို့လို အစေ့အဆံတွေမှာ မယ်လတိုနင် ပါဝင်မှု ရှိပါတယ်။ လှော်ထားတဲ့ အစေ့တွေထက် မလှော်ထားတဲ့ အစေ့တွေမှာ ပိုများပါတယ်။

🐟 ငါး : အဆီပါတဲ့ ငါးတွေဖြစ်တဲ့ ဆယ်မွန် (Salmon) နဲ့ တူနာ (Tuna) တို့မှာ မယ်လတိုနင် အနည်းငယ် ပါဝင်ပြီး ဗီတာမင် B6၊ Omega-3 fatty acids၊ မဂ္ဂနီဆီယမ် နဲ့ ဗီတာမင် D တို့လည်း ကြွယ်ဝစွာ ပါဝင်ပါတယ်။

🥦 အစိမ်းရောင် ဟင်းသီးဟင်းရွက်များ
ဟင်းနုနွယ်၊ ကိုက်လန် စတဲ့ အစိမ်းရောင်အရွက်တွေမှာ မဂ္ဂနီဆီယမ်ပါဝင်မှုများပြီး ထိုမဂ္ဂနီဆီယမ်က မယ်လတိုနင် ထုတ်လုပ်မှုကိုလည်း ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် ပိုပြီးအိပ်ပျော်စေပါတယ်။

အထက်မှာဖော်ပြထားတဲ့ မယ်လတိုနင်ပါဝင်တဲ့ အစားအစာတွေ စားတာအပြင် အီလက်ထရွန်နစ်ပစ္စည်းများ အလွန်အကျွံသုံးစွဲခြင်းကို ရှောင်တာ၊ ကဖင်းဓာတ်ပါတဲ့ အဖျော်ယမကာတွေကို ညဘက် အိပ်ခါနီးမှာ ရှောင်တာ၊ စိတ်ဖိစီးမှု လျှော့ချတာ စတဲ့ အချက်တွေကို လိုက်နာမှသာ ကျန်းမာတဲ့ အိပ်စက်ခြင်းကို ရရှိပြီး နောက်နေ့မှာ အင်အားအပြည့်နဲ့ တက်ကြွ၊ လန်းဆန်းစေမှာ ဖြစ်ပါတယ်။

#မယ်လတိုနင် #သဘာဝဖြည့်စွက်စာ

Address

No. 23/5(C), Thiri Mingalar Yeik Thar Street(7) Ward, Yankin Township
Yangon

Opening Hours

Monday 08:30 - 17:00
Tuesday 08:30 - 17:00
Wednesday 08:30 - 17:00
Thursday 08:30 - 17:00
Friday 08:30 - 17:00
Saturday 08:30 - 17:00

Telephone

+959448020476

Website

Alerts

Be the first to know and let us send you an email when SleepEzy Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram