BioHealth Clinical Laboratory

BioHealth Clinical Laboratory နိုင်ငံတကာအဆင့်မှီ အထွေထွေရောဂါရှာဖွေရေး ဓာတ်ခွဲခန်း

ကျန်းမာသော ကျောက်ကပ် ကျန်းမာသော ဘဝကျွန်တော်တို့၏ ခန္ဓာကိုယ်ဟာ စက်တပ်ဆင်ထားသော စက်ယန္တရားကြီးတစ်ခုနှင့် တူပါတယ်။ ဒီစက်ကြီ...
13/03/2026

ကျန်းမာသော ကျောက်ကပ် ကျန်းမာသော ဘဝ

ကျွန်တော်တို့၏ ခန္ဓာကိုယ်ဟာ စက်တပ်ဆင်ထားသော စက်ယန္တရားကြီးတစ်ခုနှင့် တူပါတယ်။ ဒီစက်ကြီး ချောမွေ့စွာ လည်ပတ်နိုင်ရန်အတွက် ကိုယ်တွင်းအင်္ဂါအသီးသီးဟာလည်း မိမိတို့၏ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နေကြရပါတယ်။ ထိုအင်္ဂါများအနက် ကျောက်ကပ်ဟာ ခန္ဓာကိုယ်၏ ဇီဝကမ္မဖြစ်စဉ်များကို ထိန်းညှိပေးရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နေပါတယ်။ ကျောက်ကပ်၏ အရေးပါပုံကို လေ့လာကြည့်ရလျှင် ကျောက်ကပ်ဟာ သွေးထဲမှ အညစ်အကြေးများကို စစ်ထုတ်ခြင်း၊ ခန္ဓာကိုယ်အတွင်း ရေဓာတ်နှင့် သတ္တုဓာတ်မျှတမှုကို ထိန်းညှိခြင်း၊ သွေးပေါင်ချိန်ကို ထိန်းချုပ်ခြင်း၊ သွေးနီဥဆဲလ်များ ထုတ်လုပ်မှုကို လှုံ့ဆော်ပေးခြင်းနှင့် အရိုးများ သန်မာစေရန်အတွက် ဗီတာမင် D ကို အသက်ဝင်စေခြင်း စသည့် မရှိမဖြစ် လုပ်ငန်းစဉ်များကို ဆောင်ရွက်ပေးပါတယ်။ တစ်နည်းအားဖြင့် ကျောက်ကပ်သည် ခန္ဓာကိုယ်၏ သန့်စင်ရေးစက်ရုံကြီး လည်းဖြစ်ပါတယ်။
ကျောက်ကပ်ရောဂါ၏ သဘောသဘာဝ
ကျောက်ကပ်ရောဂါ၏ အန္တရာယ်အရှိဆုံးအချက်မှာ ကနဦးအဆင့်တွင် ရောဂါလက္ခဏာ သိသိသာသာ မပြတတ်ခြင်းပင်ဖြစ်ပါတယ်။ လူနာအများစုသည် ကျောက်ကပ်လုပ်ငန်း သိသိသာသာ ကျဆင်းလာမှသာ မောပန်းနွမ်းနယ်ခြင်း၊ ခြေဆစ်ဖောရောင်ခြင်း၊ ပျို့အန်ခြင်း၊ အစားအသောက်ပျက်ခြင်းစသည့် လက္ခဏာများ စတင်ခံစားရလေ့ရှိတယ်။
ဖြစ်နိုင်ခြေများသော အုပ်စုများ
အောက်ပါအချက်များရှိပါက ကျောက်ကပ်ရောဂါ ဖြစ်ပွားနိုင်ခြေ မြင့်မားသည်ကို သတိပြုသင့်ပါတယ် -
• ဆီးချိုသွေးချိုရောဂါရှိသူများ
• သွေးတိုးရောဂါရှိသူများ
• မိသားစုတွင် ကျောက်ကပ်ရောဂါအခံရှိသူများ
• နှလုံးသွေးကြောဆိုင်ရာရောဂါရှိသူများ
• အသက် ၆၀ အထက် လူကြီးများ
• ဆေးလိပ်သောက်သုံးသူများ
• အဝလွန်သူများ
• အကိုက်အခဲပျောက်ဆေးများ ရေရှည်သောက်သုံးနေရသူများ
ကျောက်ကပ်ကျန်းမာရေး ထိန်းသိမ်းရန် လိုက်နာသင့်သည့် အချက်များ
၁။ တစ်နေ့လျှင် ရေသန့် ၆ ခွက်မှ ၈ ခွက်ခန့် ပုံမှန်သောက်သုံးပေးခြင်းဖြင့် ကျောက်ကပ်အား အညစ်အကြေးများ စွန့်ထုတ်ရာတွင် အထောက်အကူပြုစေပါတယ်။
၂။ နေ့စဉ်စားသုံးသော အစားအစာများတွင် အငန်ဓာတ်ပါဝင်မှုကို ဂရုပြုသင့်ပါတယ်။ ပြုပြင်ထားသော အစားအစာများ၊ စည်သွပ်ဘူးများ၊ အသင့်စား အစားအစာများတွင် အငန်ဓာတ် မြင့်မားစွာ ပါဝင်တတ်ပါတယ်။
၃။ ဆီးချို၊ သွေးတိုးရှိပါက ဆရာဝန်ညွှန်ကြားချက်အတိုင်း တိတိကျကျ လိုက်နာကုသမှုခံယူပါ။ သွေးတွင်းသကြားဓာတ်နှင့် သွေးပေါင်ချိန်ကို ပုံမှန်အတိုင်းအတာအတွင်း ထိန်းထားနိုင်မှသာ ကျောက်ကပ်ထိခိုက်မှုကို ကာကွယ်နိုင်မည်ဖြစ်ပါတယ်။
၄။ အကိုက်အခဲပျောက်ဆေး (NSAIDs) အုပ်စုဝင်ဆေးများကို ဆရာဝန်ညွှန်ကြားချက်မပါဘဲ ရေရှည်သောက်သုံးခြင်းသည် ကျောက်ကပ်ကို ဆိုးရွားစွာ ထိခိုက်စေနိုင်တယ်။
၅။ ဆေးလိပ်ဖြတ်ခြင်း၊ အရက်ရှောင်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ခြင်းနှင့် ကျန်းမာမျှတသော အစားအစာကို ရွေးချယ်စားသုံးခြင်းတို့သည် ကျောက်ကပ်ကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။
၆။ အနည်းဆုံး တစ်နှစ်လျှင် တစ်ကြိမ် ဆီးစစ်ဆေးခြင်း၊ သွေးစစ်ဆေးခြင်း (Creatinine၊ Urea) နှင့် သွေးပေါင်ချိန်တိုင်းတာခြင်းများ ပြုလုပ်သင့်ပါတယ်။ အထူးသဖြင့် ဖြစ်နိုင်ခြေများသော အုပ်စုတွင် ပါဝင်သူများအနေဖြင့် ပုံမှန်စစ်ဆေးမှုခံယူရန် အထူးအရေးကြီးပါတယ်။
ကျောက်ကပ်သည် ပျက်စီးသွားပါက ပြန်လည်ကောင်းမွန်လာရန် ခက်ခဲသော ကိုယ်တွင်းအင်္ဂါတစ်ခုဖြစ်သည်။ ကျောက်ကပ်ရောဂါ နောက်ဆုံးအဆင့်သို့ ရောက်ရှိသွားပါက ကျန်ဘဝတစ်သက်တာ သွေးသန့်စင်ခြင်း (Dialysis) ခံယူရန် သို့ ကျောက်ကပ်အစားထိုးကုသမှု ခံယူရန် လိုအပ်လာနိုင်သည်။ ဒါကြောင့် ကုသခြင်းထက် ကြိုတင်ကာကွယ်ခြင်းက ပိုမိုကောင်းမွန်ပါတယ်။
ယနေ့ ကမ္ဘာ့ကျောက်ကပ်နေ့ (World Kidney Day) တွင် ကျွန်ုပ်တို့အားလုံး မိမိ၏ ကျောက်ကပ်ကျန်းမာရေးကို ပြန်လည်သုံးသပ်ကြရန်၊ ကျန်းမာသော နေထိုင်မှုပုံစံကို ကျင့်သုံးကြရန်နှင့် မိမိပတ်ဝန်းကျင်ရှိသူများကိုပါ ကျောက်ကပ်ရောဂါအကြောင်း အသိပညာမျှဝေကြရန် တိုက်တွန်းနှိုးဆော်အပ်ပါတယ်။
ကျောက်ကပ်ကျန်းမာခြင်းဟာ ဘဝတစ်ခုလုံး၏ ကျန်းမာခြင်းပင် ဖြစ်ပါတယ်။
----------------------------------------
📑 ဒီလိုမျိုးကျန်းမာရေးဆောင်းပါးတွေနဲ့ ဗဟုသုတတွေကို စဉ်ဆက်မပြတ်ဆက်လက်ဖတ်ရှုနိုင်ဖို 𝗕𝗶𝗼𝗛𝗲𝗮𝗹𝘁𝗵 (ဇီဝကျန်းမာ ရောဂါရှာဖွေရေး ဓာတ်ခွဲခန်း) ရဲ့ 𝗖𝗵𝗮𝗻𝗻𝗲𝗹 များကို 𝗟𝗶𝗸𝗲 𝗮𝗻𝗱 𝗙𝗼𝗹𝗹𝗼𝘄 လုပ်ထားဖိုမမေ့ပါ‌နဲ့နော်

𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 : 𝗵𝘁𝘁𝗽𝘀://𝘁.𝗺𝗲/𝗯𝗶𝗼𝗵𝗲𝗮𝗹𝘁𝗵𝗺𝘆𝗮𝗻𝗺𝗮𝗿

𝗩𝗶𝗯𝗲𝗿 : 𝗵𝘁𝘁𝗽𝘀://𝗶𝗻𝘃𝗶𝘁𝗲.𝘃𝗶𝗯𝗲𝗿.𝗰𝗼𝗺/?𝗴𝟮=𝗔𝗤𝗕𝗬𝗬%𝟮𝗕𝘁𝘆𝗪𝗠𝗣𝗪𝗹𝗹𝗛𝟭𝗶𝘀𝘇𝗩𝗾𝘅𝗶𝗱𝗿𝗝𝗽𝗧𝗼𝗘𝗢𝟲𝗤𝘂𝗽𝗻𝗽𝗚𝟴𝗽𝗦𝟰𝗻𝗞𝗗𝗤𝗨𝗙%𝟮𝗙𝗴𝟰𝗭𝟲𝟬𝗠𝗪𝗔𝗥%𝟮𝗕𝗥𝗣𝗳𝟯𝗜

𝗧𝗶𝗸𝗧𝗼𝗸 : 𝗵𝘁𝘁𝗽𝘀://𝘄𝘄𝘄.𝘁𝗶𝗸𝘁𝗼𝗸.𝗰𝗼𝗺/@𝗯𝗶𝗼𝗵𝗲𝗮𝗹𝘁𝗵.𝗺𝘆𝗮𝗻𝗺𝗮𝗿

𝗪𝗲𝗯𝘀𝗶𝘁𝗲 : 𝘄𝘄𝘄.𝗯𝗶𝗼𝗵𝗲𝗮𝗹𝘁𝗵𝗺𝘆𝗮𝗻𝗺𝗮𝗿.𝗰𝗼𝗺

#ကမ္ဘာ့ကျောက်ကပ်နေ့ #ကျောက်ကပ်ကျန်းမာရေး #နာတာရှည်ကျောက်ကပ်ရောဂါ #ကျန်းမာရေးအသိပညာ

05/03/2026

လုပ်ငန်းတိုးချဲ့ရန် အတွက် မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ အထူးကုဆေးခန်းနှင့် ဓာတ်ခွဲခန်း တွင်တာဝန်ထမ်းဆောင်ရန် အောက်ပါဝန်ထမ်းများအလိုရှိပါသည်။

1.Customer Service Staff ( 5 ) ဦး
• ဘွဲ့ရ (သို့) ဆယ်တန်းအောင်
• ဆက်ဆံရေးပြေပြစ်သူဖြစ်ရမည်။ ကွန်ပြူတာ သုံးစွဲနိုင်ရမည် ။

2 .Cashier ( 2 ) ဦး
•LCCI Level 1,2 ပြီးမြောက်ထားသူဖြစ်ရမည်။

3. Sales Representative ( 3 )
•ဘွဲ့ရ ( သို့) ဘွဲ့ကြို
•Medical Field တွင် အတွေ့ကြုံ ရှိသူ ဦးစားပေးမည်။
•အတွေ့ကြုံမရှိသူများလည်း လျှောက်ထားနိုင်ပါသည်။
•ဆေးရုံ၊ဆေးခန်းများ ဝင်ထွက်သွားလာနိုင်သူဖြစ်ရမည်။
•ဆက်ဆံရေးကောင်းမွန်ရမည်။

4. သွေးဖောက်ကျွမ်းကျင် ( 3 ) ဦး
•‌သွေးဖောက်ကျွမ်းကျင်ရမည်။

5.Nurse Aid ( 3 ) ဦး
• သက်ဆိုင်ရာလုပ်ငန်းတွင် အတွေ့ကြုံရှိသူဖြစ်ရမည်။

6 . Admin Assistant ( 1 ) ဦး
• ဘွဲ့ရ ( သို့ ) ဘွဲ့ကြိုများ လျှောက်ထားနိုင်ပါသည်။
•အစိုးရ ရုံးများသို့ ဝင်ထွက် သွားလာနိုင်ရမည်။
•အသင်းဖွဲ့နှင့်ပူးပေါင်းဆောင်ရွက်နိုင်ရမည်။
•Computer အသုံးပြုနိုင်သူဖြစ်ရမည်။
•လုပ်ငန်းအတွေ့ကြုံရှိသူများ ဦးစားပေးမည်။

7 . Delivery ( 3 ) ဦး
• ယာဉ်မောင်းလိုင်စင်ရှိရမည် ။
• ဆိုင်ကယ်ပါရမည် ။

• CV Form နှင့်အတူ လိုအပ်သော စာရွက်စာတမ်းများ ပူးတွဲ၍ အောက်ပါ Email (သို့) Viber မှ ဖြစ်စေ လျှောက်ထားနိုင်ပါသည်။
ဖုန်း / Viber – 09440011441 (ရုံးချိန် အတွင်းသာ ဆက်သွယ်ရန်)
Email – bhopmxmdy01@gmail.com

🌍 ကမ္ဘာ့အဝလွန်ခြင်းဆိုင်ရာနေ့ (World Obesity Day) 🌍ကျန်းမာရေးအတွက် သတိထားစရာ အဝလွန်ခြင်းတစ်နေ့တာရဲ့ အစားအသောက်၊ လှုပ်ရှာ...
04/03/2026

🌍 ကမ္ဘာ့အဝလွန်ခြင်းဆိုင်ရာနေ့ (World Obesity Day) 🌍
ကျန်းမာရေးအတွက် သတိထားစရာ အဝလွန်ခြင်း
တစ်နေ့တာရဲ့ အစားအသောက်၊ လှုပ်ရှားမှုနဲ့ နေထိုင်မှုပုံစံတွေက ကျွန်တော်တို့ရဲ့ ကျန်းမာရေးကို တိုက်ရိုက်အကျိုးသက်ရောက်မှုရှိပါတယ်။ ဒီအထဲမှာ အဝလွန်ခြင်းဟာ ယနေ့ခေတ်လူသားတွေရဲ့ အဓိကကျန်းမာရေးပြဿနာတစ်ခု ဖြစ်လာပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ အဝလွန်သူဦးရေဟာ ၁၉၇၅ ခုနှစ်နောက်ပိုင်း သုံးဆနီးပါး မြင့်တက်လာခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ စာရင်းတွေက ဖော်ပြပါတယ်။ ဒီလို မြင့်တက်လာခြင်းဟာ နိုင်ငံတကာအတွက်သာမက ကျွန်တော်တို့ မြန်မာနိုင်ငံအတွက်ပါ စိုးရိမ်စရာ ကိန်းဂဏန်းတစ်ခု ဖြစ်လာပါတယ်။ ဒါကြောင့် နှစ်စဉ် မတ်လ ၄ ရက်နေ့ကို ကမ္ဘာ့အဝလွန်ခြင်းဆိုင်ရာနေ့ အဖြစ် သတ်မှတ်ပြီး အဝလွန်ခြင်းရဲ့ ဆိုးကျိုးတွေ၊ ကာကွယ်နည်းတွေကို ပညာပေးလှုံ့ဆော်မှုတွေ ပြုလုပ်ကြပါတယ်။

💚 အဝလွန်ခြင်းကို ဘယ်လိုသတ်မှတ်လဲ?
အဝလွန်ခြင်းဆိုတာ ခန္ဓာကိုယ်တွင်း လိုအပ်တဲ့ပမာဏထက် ပိုလျှံတဲ့ အဆီတွေ စုပုံလာတဲ့ အခြေအနေတစ်ခုပါ။ ကိုယ်အလေးချိန်နဲ့ အရပ်ကို မူတည်ပြီး တွက်ချက်တဲ့ Body Mass Index (BMI) ဟာ အဝလွန်ခြင်းကို တိုင်းတာတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ BMI 25 နဲ့အထက်ကို အဝလွန်နိုင်ခြေများတဲ့အဆင့်၊ 30 နဲ့အထက်ကို အဝလွန်တယ်လို့ သတ်မှတ်ပါတယ်။

⚠️ အဝလွန်ခြင်းရဲ့ ကျန်းမာရေးဆိုးကျိုးများ
အဝလွန်ခြင်းဟာ ကိုယ်အလေးချိန်များရုံသက်သက်မဟုတ်ပါဘူး။ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများစွာကိုပါ ဖိတ်ခေါ်နေပါတယ်။
• နှလုံးသွေးကြောဆိုင်ရာရောဂါများဖြစ်ကြတဲ့ သွေးတိုး၊ နှလုံးရောဂါ၊ လေဖြတ်ခြင်း ဖြစ်နိုင်ခြေ မြင့်မားစေပါတယ်။
• အဝလွန်ခြင်းဟာ အင်ဆူလင်ခံနိုင်ရည်ကို ဖြစ်စေပြီး ဆီးချိုရောဂါ Type 2 ကို ဖြစ်ပွားစေပါတယ်။
• ကိုယ်အလေးချိန်များခြင်းကြောင့် အဆစ်အမြစ်နာကျင်လာကာ ဒူးဆစ်၊ တင်ပဆုံအဆစ်တွေကို ဝန်ပိစေပြီး အရိုးနုတွေကို ပျက်စီးစေနိုင်ပါတယ်။
• လည်ပင်းမှာ အဆီစုပုံတာကြောင့် အိပ်ချိန်မှာ အသက်ရှူရပ်သွားနိုင်ခြင်းတို့ ဖြစ်တတ်ပါတယ်။
• ရင်သားကင်ဆာ၊ အူမကြီးကင်ဆာ စတဲ့ကင်ဆာအချို့ ဖြစ်နိုင်ခြေ မြင့်မားစေပါတယ်။
• စိတ်ကျန်းမာရေးပြဿနာများဖြစ်တဲ့ ကိုယ်ရုပ်ရည်အသွင်အပြင်နဲ့ပတ်သက်တဲ့ စိုးရိမ်ပူပန်မှု၊ စိတ်ဓာတ်ကျခြင်းတို့ ဖြစ်တတ်ပါတယ်။
💪 အဝလွန်ခြင်းကို ဘယ်လိုကာကွယ်မလဲ?
အဝလွန်ခြင်းကို ကာကွယ်ဖို့ဆိုတာ မခက်ခဲပါဘူး။ နေ့စဉ်ဘဝမှာ ဒီအချက်လေးတွေကို လိုက်နာကျင့်သုံးရုံပါပဲ။
🥗 ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်
• ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများများ စားသုံးပါ
• အဆီများတဲ့အစာ၊ သကြားဓာတ်များတဲ့အစာ၊ အငန်ဓာတ်များတဲ့အစာတွေကို လျှော့စားပါ
• အစားအစာကို မျှတအောင် စားသုံးပါ
• ရေများများသောက်ပါ
🏃 ပုံမှန်ကိုယ်လက်လှုပ်ရှားမှု
• တစ်နေ့ကို အနည်းဆုံး မိနစ် ၃၀ လေ့ကျင့်ခန်းလုပ်ပါ
• လမ်းမြန်မြန်လျှောက်ခြင်း၊ ပြေးခြင်း၊ ရေကူးခြင်း၊ စက်ဘီးစီးခြင်းတို့ကို ရွေးချယ်ပြုလုပ်ပါ
• ဓာတ်လှေကားအစား လှေကားအသုံးပြုခြင်းလို နေ့စဉ်လှုပ်ရှားမှုလေးတွေ ထည့်သွင်းလုပ်ဆောင်ပါ
😴 အိပ်ရေးဝဝအိပ်ပါ
• တစ်ညကို အနည်းဆုံး ၇-၈ နာရီ အိပ်စက်အနားယူပါ
• အိပ်ရေးပျက်ခြင်းက ဆာလောင်မှုကို ဖြစ်စေတဲ့ဟော်မုန်းတွေကို ပြောင်းလဲစေနိုင်ပါတယ်
🧘 စိတ်ဖိစီးမှုကို ထိန်းချုပ်ပါ
• စိတ်ဖိစီးမှုများခြင်းက အစားအလွန်အကျွံစားမိစေနိုင်ပါတယ်
• တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်းတို့က စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်ပါတယ်
👨‍👩‍👧‍👦 မိသားစုလိုက် ကျန်းမာရေးဂရုစိုက်ခြင်း
• မိသားစုလိုက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေ ချက်ပြုတ်စားသုံးပါ
• အတူတူ လေ့ကျင့်ခန်းလုပ်ခြင်း၊ အားလပ်ရက်မှာ အပန်းဖြေထွက်ခြင်းတို့ ပြုလုပ်ပါ
• ကလေးတွေကို ငယ်စဉ်ကတည်းက ကျန်းမာရေးအလေ့အထကောင်းတွေ ပျိုးထောင်ပေးပါ

အဝလွန်ခြင်းဆိုတာဟာ တစ်ဦးတစ်ယောက်တည်းရဲ့ ပြဿနာမဟုတ်ပါဘူး။ မိသားစု၊ လူမှုအသိုင်းအဝိုင်း၊ ကျန်းမာရေးဝန်ဆောင်မှုဌာနတွေနဲ့ အစိုးရဌာနတွေ အားလုံး ပူးပေါင်းဆောင်ရွက်မှုနဲ့သာ အောင်မြင်စွာ ကာကွယ်နိုင်မှာပါ။ ဒီနေ့ဟာ ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေကို ပြန်လည်သုံးသပ်ဖို့၊ ပိုမိုကောင်းမွန်တဲ့ ကျန်းမာရေးအတွက် ခြေလှမ်းသစ်တစ်ခု စတင်ဖို့ အခွင့်အရေးကောင်းတစ်ခုပါ။
ကျန်းမာတဲ့ဘဝဆိုတာ ဝေးလှတဲ့ပန်းတိုင်မဟုတ်ပဲ ယနေ့စတင်လိုက်တဲ့ ခြေလှမ်းလေးတွေနဲ့ နီးကပ်လာစေနိုင်ကြောင်းသတိရပါ။

----------------------------------------
📑 ဒီလိုမျိုးကျန်းမာရေးဆောင်းပါးတွေနဲ့ ဗဟုသုတတွေကို စဉ်ဆက်မပြတ်ဆက်လက်ဖတ်ရှုနိုင်ဖို 𝗕𝗶𝗼𝗛𝗲𝗮𝗹𝘁𝗵 (ဇီဝကျန်းမာ ရောဂါရှာဖွေရေး ဓာတ်ခွဲခန်း) ရဲ့ 𝗖𝗵𝗮𝗻𝗻𝗲𝗹 များကို 𝗟𝗶𝗸𝗲 𝗮𝗻𝗱 𝗙𝗼𝗹𝗹𝗼𝘄 လုပ်ထားဖိုမမေ့ပါ‌နဲ့နော်

𝗩𝗶𝗯𝗲𝗿 : 𝗵𝘁𝘁𝗽𝘀://𝗶𝗻𝘃𝗶𝘁𝗲.𝘃𝗶𝗯𝗲𝗿.𝗰𝗼𝗺/?𝗴𝟮=𝗔𝗤𝗕𝗬𝗬%𝟮𝗕𝘁𝘆𝗪𝗠𝗣𝗪𝗹𝗹𝗛𝟭𝗶𝘀𝘇𝗩𝗾𝘅𝗶𝗱𝗿𝗝𝗽𝗧𝗼𝗘𝗢𝟲𝗤𝘂𝗽𝗻𝗽𝗚𝟴𝗽𝗦𝟰𝗻𝗞𝗗𝗤𝗨𝗙%𝟮𝗙𝗴𝟰𝗭𝟲𝟬𝗠𝗪𝗔𝗥%𝟮𝗕𝗥𝗣𝗳𝟯𝗜

𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 : 𝗵𝘁𝘁𝗽𝘀://𝘁.𝗺𝗲/𝗯𝗶𝗼𝗵𝗲𝗮𝗹𝘁𝗵𝗺𝘆𝗮𝗻𝗺𝗮𝗿

𝗧𝗶𝗸𝗧𝗼𝗸 : 𝗵𝘁𝘁𝗽𝘀://𝘄𝘄𝘄.𝘁𝗶𝗸𝘁𝗼𝗸.𝗰𝗼𝗺/@𝗯𝗶𝗼𝗵𝗲𝗮𝗹𝘁𝗵.𝗺𝘆𝗮𝗻𝗺𝗮𝗿

𝗪𝗲𝗯𝘀𝗶𝘁𝗲 : 𝘄𝘄𝘄.𝗯𝗶𝗼𝗵𝗲𝗮𝗹𝘁𝗵𝗺𝘆𝗮𝗻𝗺𝗮𝗿.𝗰𝗼𝗺

#အဝလွန်ခြင်းကိုကာကွယ်စို့ #ကျန်းမာရေးအတွက်အတူတကွ #ဇီဝကျန်းမာ #ကျန်းမာရေးအသိပညာ

လုပ်ငန်းတိုးချဲ့ရန်အတွက် ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်နှင့် သင်္ကန်းကျွန်းမြို့နယ်ရှိ BioHealth Clinical Laborator...
03/03/2026

လုပ်ငန်းတိုးချဲ့ရန်အတွက် ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်နှင့် သင်္ကန်းကျွန်းမြို့နယ်ရှိ BioHealth Clinical Laboratory (ဇီဝကျန်းမာ အထွေထွေရောဂါရှာဖွေရေးဓာတ်ခွဲခန်း)တွင် တာဝန်ထမ်းဆောင်ရန်အတွက် အောက်ပါဝန်ထမ်းများ အလိုရှိပါသည်။

1. Medical Technologist (Full time/Part time) (5) ဦး
• B.Med.tech (Laboratory)

2. Laboratory Technician Grade-l (or)ll (Full time/Part time) (5) ဦး
• လုပ်ငန်းအတွေ့အကြုံရှိသူဦးစားပေးမည်။

3. Admin Staff (1) ဦး
• အတွေ့အကြုံရှိသူဦးစားပေးမည်။

4. Medical Representative F(3) ဦး
• ဘွဲ့ရ (သို့) ဘွဲ့ကြို
• Medical field တွင် အတွေ့အကြုံရှိသူဦးစားပေးမည်။
• အတွေ့အကြုံမရှိသူများလည်းလျှောက်ထားနိုင်ပါသည်။
• သင်ယူလိုစိတ်ရှိရမည်။
• ဆေးရုံ၊ ဆေးခန်း များကိုသွားလာနိုင်သူဖြစ်ရမည်။
• ဆက်ဆံရေးကောင်းမွန်ရမည်။

5. သွေးဖောက်ကျွမ်းကျင် (3) ဦး

6. Customer Service Staff (5) ဦး
• ဘွဲ့ရ (သို့) ဆယ်တန်းအောင်
• ဆက်ဆံရေးပြေပြစ်သူဖြစ်ရမည်။

7. Cashier (1) ဦး

8. Clerical staff (3) ဦး
• ကွန်ပြူတာကျွမ်းကျင်ရမည်။
• သင်ယူလိုစိတ်ရှိရမည်။

9. Delivery (5) ဦး
• စက်ဘီး/ bus ဖြင့် ဆေးရုံဆေးခန်းများသို့ သွားလာနိုင်ရမည်။

10. သန့်ရှင်းရေး (2) ဦး

• CV Form နှင့်အတူ လိုအပ်သော စာရွက်စာတမ်းများ ပူးတွဲ၍ အောက်ပါ ဖုန်း/Viber မှ လျှောက်ထားနိုင်ပါသည်။
ဖုန်း / Viber – 09 409826611, 09 740857227 (ရုံးချိန် အတွင်းသာ ဆက်သွယ်ရန်)





#ဇီဝကျန်းမာ

မပေါ်သေးတဲ့ရောဂါတွေရဲ့ အစလူနာများမေးလေ့ရှိကြပါတယ်။ "ဆရာ၊ ကျွန်တော် ဘာလို့ ဒီလောက်နွမ်းနယ်နေရတာလဲ" "ဘာလို့ ကိုယ်လက်ကိုက်ခ...
27/02/2026

မပေါ်သေးတဲ့ရောဂါတွေရဲ့ အစ

လူနာများမေးလေ့ရှိကြပါတယ်။ "ဆရာ၊ ကျွန်တော် ဘာလို့ ဒီလောက်နွမ်းနယ်နေရတာလဲ" "ဘာလို့ ကိုယ်လက်ကိုက်ခဲနေတာလဲ" "ဆေးစစ်တိုင်း ဘာမှမတွေ့ရဘူး၊ ဒါပေမယ့် ကျွန်မမှာ ကျန်းမာရေးပြဿနာတွေရှိနေသလိုခံစားရတယ်"။
ဒီလိုအခြေအနေမျိုးမှာ ကျွန်တော်တို့ ဆရာဝန်တွေ သတိထားမိတဲ့အချက်တစ်ခုရှိပါတယ်။ အဲဒါကတော့ "တိတ်ဆိတ်သော ရောင်ရမ်းခြင်း (𝗦𝗶𝗹𝗲𝗻𝘁 𝗜𝗻𝗳𝗹𝗮𝗺𝗺𝗮𝘁𝗶𝗼𝗻)" လို့ခေါ်တဲ့ အခြေအနေပါ။

တိတ်ဆိတ်သော ရောင်ရမ်းခြင်းဆိုတာဘာလဲ။
ပုံမှန်အားဖြင့် ခန္ဓာကိုယ်မှာ ရောင်ရမ်းမှုဖြစ်ရင် နီရဲခြင်း၊ ရောင်ကိုင်းခြင်း၊ ပူလောင်ခြင်း၊ နာကျင်ခြင်းစတဲ့ လက္ခဏာတွေပြတတ်ပါတယ်။ ဒါပေမယ့် တိတ်ဆိတ်သော ရောင်ရမ်းခြင်းကတော့ ခန္ဓာကိုယ်အတွင်းပိုင်းမှာ ဖြည်းဖြည်းချင်း ကြာရှည်စွာ ဖြစ်ပေါ်နေပြီး သိသာထင်ရှားတဲ့ လက္ခဏာတွေကို ပြသလေ့မရှိပါဘူး။
ဒီလိုမျိုး ရောင်ရမ်းမှုဟာ ဆဲလ်အဆင့်ကစပြီး တစ်သျှူးတွေ၊ ကိုယ်တွင်းအင်္ဂါတွေကို တဖြည်းဖြည်းချင်း ထိခိုက်စေပါတယ်။ နှစ်ချီကြာမြင့်ပြီးမှသာ နှလုံးရောဂါ၊ ဆီးချို၊ အဆစ်ရောင်ရောဂါ၊ အယ်လ်ဇိုင်းမား၊ ကင်ဆာစတဲ့ နာတာရှည်ရောဂါကြီးတွေအဖြစ် ပေါ်ထွက်လာတတ်ပါတယ်။

ဘာတွေကြောင့် ဖြစ်ပေါ်လာစေသလဲ။
ကျွန်တော်တို့ ခေတ်သစ်လူနေမှုပုံစံက ဒီလိုရောင်ရမ်းမှုကို အားပေးနေပါတယ်။
• ပြန်လည်ပြုပြင်ထားတဲ့ အစားအစာများ၊ သကြားများများပါတဲ့ အစားအစာများ
• ဟင်းသီးဟင်းရွက်၊ အသီးအနှံ လုံလုံလောက်လောက် မစားခြင်း
• လေ့ကျင့်ခန်း မလုပ်ခြင်း
• စိတ်ဖိစီးမှုများခြင်း
• အိပ်ရေးမဝခြင်း
• ညစ်ညမ်းသောပတ်ဝန်းကျင်
• ဆေးလိပ်သောက်ခြင်း၊ အရက်အလွန်အကျွံသောက်ခြင်း

ဘယ်လိုကာကွယ်မလဲ။
သတင်းကောင်းကတော့ ဒီတိတ်ဆိတ်သော ရောင်ရမ်းခြင်းကို ကျွန်တော်တို့ ကာကွယ်နိုင်ပါတယ်။
၁။ 𝗢𝗿𝗴𝗮𝗻𝗶𝗰 အစားအစာများ၊ အထူးသဖြင့် အရွက်စိမ်းများ၊ အဆီများသောငါးများ၊ အခွံမာသီးများ၊ ဘယ်ရီသီးများ များများစားပါ။ ပြန်လည်ပြုပြင်ထားတဲ့အစားအစာများ၊ သကြားများတဲ့အစားအစာများ၊ ဆီကြော်စာတွေကို လျှော့စားပါ။
၂။ တစ်နေ့ကို မိနစ် ၃၀ ခန့် လမ်းလျှောက်ခြင်း၊ ယောဂကျင့်ခြင်းစတဲ့ အလယ်အလတ်ပြင်းအားရှိတဲ့ လေ့ကျင့်ခန်းကို ပုံမှန်လုပ်ပေးပါ။
၃။ တရားထိုင်ခြင်း၊ အသက်ပြင်းပြင်းရှူလေ့ကျင့်ခန်းလုပ်ခြင်း၊ ဝါသနာပါရာလုပ်ခြင်းတို့ဖြင့် စိတ်ဖိစီးမှုကို လျှော့ချပါ။
၄။ တစ်ညကို ၇-၈ နာရီ အိပ်စက်အနားယူပါ။
၅။ ဆေးလိပ်ဖြတ်ပါ၊ အရက်လျှော့သောက်ပါ။
ကျန်းမာရေးဆိုတာ ရောဂါလက္ခဏာပြမှ ကုသဖို့မဟုတ်ပါဘူး။ ကြိုတင်ကာကွယ်ခြင်းကသာ အသက်ရှည်ကျန်းမာစေတဲ့ အဓိကသော့ချက်ပါ။ ဒါကြောင့် ဒီနေ့ကစပြီး ကိုယ့်ခန္ဓာကိုယ်ကို ဂရုစိုက်ကြပါစို့။ တိတ်ဆိတ်သောရန်သူကို အချိန်မီသတိထားမိမှသာ နောင်တစ်ချိန် နာတာရှည်ရောဂါများရဲ့ ထောင်ချောက်မှာ မမိစေမှာပါ။ မေးစရာများရှိရင် ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးဖို့ မမေ့ပါနဲ့။
----------------------------------------
📑 ဒီလိုမျိုးကျန်းမာရေးဆောင်းပါးတွေနဲ့ ဗဟုသုတတွေကို စဉ်ဆက်မပြတ်ဆက်လက်ဖတ်ရှုနိုင်ဖို 𝗕𝗶𝗼𝗛𝗲𝗮𝗹𝘁𝗵 (ဇီဝကျန်းမာ ရောဂါရှာဖွေရေး ဓာတ်ခွဲခန်း) ရဲ့ 𝗖𝗵𝗮𝗻𝗻𝗲𝗹 များကို 𝗟𝗶𝗸𝗲 𝗮𝗻𝗱 𝗙𝗼𝗹𝗹𝗼𝘄 လုပ်ထားဖိုမမေ့ပါ‌နဲ့နော်

𝗩𝗶𝗯𝗲𝗿 : 𝗵𝘁𝘁𝗽𝘀://𝗶𝗻𝘃𝗶𝘁𝗲.𝘃𝗶𝗯𝗲𝗿.𝗰𝗼𝗺/?𝗴𝟮=𝗔𝗤𝗕𝗬𝗬%𝟮𝗕𝘁𝘆𝗪𝗠𝗣𝗪𝗹𝗹𝗛𝟭𝗶𝘀𝘇𝗩𝗾𝘅𝗶𝗱𝗿𝗝𝗽𝗧𝗼𝗘𝗢𝟲𝗤𝘂𝗽𝗻𝗽𝗚𝟴𝗽𝗦𝟰𝗻𝗞𝗗𝗤𝗨𝗙%𝟮𝗙𝗴𝟰𝗭𝟲𝟬𝗠𝗪𝗔𝗥%𝟮𝗕𝗥𝗣𝗳𝟯𝗜

𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 : 𝗵𝘁𝘁𝗽𝘀://𝘁.𝗺𝗲/𝗯𝗶𝗼𝗵𝗲𝗮𝗹𝘁𝗵𝗺𝘆𝗮𝗻𝗺𝗮𝗿

𝗧𝗶𝗸𝗧𝗼𝗸 : 𝗵𝘁𝘁𝗽𝘀://𝘄𝘄𝘄.𝘁𝗶𝗸𝘁𝗼𝗸.𝗰𝗼𝗺/@𝗯𝗶𝗼𝗵𝗲𝗮𝗹𝘁𝗵.𝗺𝘆𝗮𝗻𝗺𝗮𝗿

𝗪𝗲𝗯𝘀𝗶𝘁𝗲 : 𝘄𝘄𝘄.𝗯𝗶𝗼𝗵𝗲𝗮𝗹𝘁𝗵𝗺𝘆𝗮𝗻𝗺𝗮𝗿.𝗰𝗼𝗺

#မပေါ်သေးတဲ့ရောဂါတွေရဲ့အစ #ကိုယ်တွင်းပူခြင်း #𝗦𝗶𝗹𝗲𝗻𝘁𝗜𝗻𝗳𝗹𝗮𝗺𝗺𝗮𝘁𝗶𝗼𝗻 #ကိုယ်လက်ကိုက်ခဲခြင်း #နာတာရှည်ရောဂါကာကွယ်ရေး #𝗕𝗶𝗼𝗛𝗲𝗮𝗹𝘁𝗵 #𝗛𝗲𝗮𝗹𝘁𝗵𝗘𝗱𝘂𝗰𝗮𝘁𝗶𝗼𝗻

BioHealth (ဇီဝကျန်းမာ) ကျန်းမာရေး ဗဟုသုတ ဆောင်းပါးမနက်ခင်းမှာ ဘယ်လိုနိုးထလဲ? ဒီအဖြေက သင့်ကျန်းမာရေးကို ပြောပြနေတယ်။ မနက်...
20/02/2026

BioHealth (ဇီဝကျန်းမာ) ကျန်းမာရေး ဗဟုသုတ ဆောင်းပါး

မနက်ခင်းမှာ ဘယ်လိုနိုးထလဲ? ဒီအဖြေက သင့်ကျန်းမာရေးကို ပြောပြနေတယ်။ မနက်မိုးလင်းလို့ အိပ်ရာကနိုးလာတယ် ဆိုပါစို့။

ဥပမာ (က)
သင် မနေ့ညက ညစာကောင်းကောင်းစားခဲ့တယ်။ မနက်အိပ်ရာနိုးတော့ ဗိုက်ကလည်း သိပ်မဆာဘူး။ ရေနွေးနွေးလေးတစ်ခွက် သောက်လိုက်တယ်။ စိတ်ကလည်း ကြည်လင်တယ်။ ကော်ဖီမသောက်ရသေးဘဲ နဲ့ကို အလုပ်တွေ စလုပ်နေတယ်။ နာရီဝက်လောက်ကြာမှ မနက်စာကို အေးအေးဆေးဆေး စားတယ်။
ဥပမာ (ခ)
သင် မနေ့ညက ညစာကောင်းကောင်းစားခဲ့ပေမယ့် မနက်အိပ်ရာနိုးတာနဲ့ ဗိုက်အရမ်းဆာနေတယ်။ လက်တွေတုန်တယ်။ ချက်ချင်း ကော်ဖီသောက်ရတယ်၊ မုန့်တစ်ခုခု ရှာစားရတယ်။ မစားရသေးခင် တစ်ခုခုလုပ်ဖို့ စိတ်မပါဘူး။ ခေါင်းကလည်း ဝေနေတယ်။

ဒီနှစ်ခုကွာခြားချက်က ဘာလဲ?
အဖြေက ဇီဝဖြစ်စဉ် လိုက်လျောညီထွေရှိမှု ပါပဲ။
ရှင်းရှင်းလင်းလင်းပြောရရင်
ကျွန်တော်တို့ ခန္ဓာကိုယ်မှာ စွမ်းအင်အရင်းအမြစ် နှစ်မျိုးရှိတယ်။
၁။ သကြား - သူကချက်ချင်းသုံးလို့ရတယ်။ ဒါပေမယ့် သိုလှောင်မှုပမာဏ နည်းတယ်။
၂။ အဆီ - သူကသုံးဖို့အတွက် အချိန်နည်းနည်းပိုယူရတယ်။ ဒါပေမယ့် သိုလှောင်မှု ပမာဏအများကြီးရှိတယ်။
ဇီဝဖြစ်စဉ် လိုက်လျောညီထွေရှိသူ ဆိုတာ လိုအပ်တဲ့အချိန်မှာ ဒီနှစ်မျိုးလုံးကို ကျွမ်းကျင်စွာ သုံးတတ်သူပဲ။
ဥပမာ (က) ထဲက လူဟာ ညဘက်အိပ်နေတဲ့အချိန် ၈ နာရီလောက် အစာမစားဘဲ နေခဲ့တယ်။ ဒါပေမယ့် သူ့ခန္ဓာကိုယ်က ပြဿနာမရှိဘူး။ ဘာလို့လဲဆိုတော့ သူ့ခန္ဓာကိုယ်က အဆီသိုလှောင်မှုကို စွမ်းအင်အဖြစ် ပြောင်းသုံးတတ်လို့ပဲ။ ဒါကြောင့် မနက်မိုးလင်းတော့ သူ့မှာ စွမ်းအင်ရှိနေတယ်။
ဥပမာ (ခ) ထဲက လူကတော့ သူ့ခန္ဓာကိုယ်က သကြားကိုပဲ လောင်စာအဖြစ်သုံးတတ်တယ်။ ညဘက် ၈ နာရီလောက် အစာမစားရတော့ သူ့ဆီမှာရှိတဲ့ သကြားသိုလှောင်မှုတွေ ကုန်သွားတယ်။ ဒါပေမယ့် သူ့ခန္ဓာကိုယ်က အဆီကို လောင်စာအဖြစ် ပြောင်းသုံးဖို့ မတတ်နိုင်ဘူး။ ဒါကြောင့် စွမ်းအင်တွေလည်း ကုန်၊ လက်တွေလည်း တုန်၊ စိတ်တွေလည်း ခံစားလို့မကောင်းဘဲနေတယ်။

ဒါဆို ဘယ်လိုလူမျိုးက ဇီဝဖြစ်စဉ် လိုက်လျောညီထွေရှိသူလဲ? သူ့ကိုဘယ်လိုလေ့လာမလဲ?
ဒီလိုလူမျိုးကို သိချင်ရင် သူတို့ရဲ့ တစ်နေ့တာကို ကြည့်လိုက်ပါ။
• မနက်ခင်းမှာ ကော်ဖီမသောက်ရသေးဘဲ လန်းနေတယ်။
• နေ့လယ်ပိုင်း နေ့လည်စာစားပြီးရင် အိပ်ငိုက်တာမျိုး မရှိဘူး။
• ညနေပိုင်း အလုပ်ကိစ္စတွေကို အာရုံစူးစိုက်နိုင်တယ်။
• ဗိုက်ဆာလို့ စိတ်တိုဒေါသထွက်တာမျိုး မရှိဘူး။
• လေ့ကျင့်ခန်းလုပ်ရင် ကြာကြာလုပ်နိုင်တယ်။

ဒီလိုလူမျိုး ဖြစ်အောင် ဘယ်လိုလုပ်မလဲ?
ဒါက လေ့ကျင့်ယူလို့ရတယ်။ ဒါတွေကို စမ်းကြည့်ပါ။
၁။ မုန့်စားတာကို ရှောင်ပါ။
တစ်နေ့ ၃ နပ်ပဲစားပါ။ ကြားထဲမှာ မုန့်တွေ၊ လက်ဖက်ရည်တွေ မသောက်ပါနဲ့။ ခန္ဓာကိုယ်ကို အဆီလောင်ကျွမ်းတတ်အောင် သင်ပေးတာပါ။
၂။ မနက်ခင်းမှာ လမ်းလျှောက်ပါ။
မနက်စာမစားခင် မိနစ် ၂၀ လောက် လမ်းလျှောက်ပါ။ ဒါက ခန္ဓာကိုယ်ကို "ဟေ့... ငါတို့မှာ အဆီတွေအများကြီးရှိတယ်၊ ဒါကိုပါ သုံးတတ်အောင်လုပ်" ဆိုပြီး Training ပေးတာပါပဲ။
၃။ ကစီဓာတ်ကို လုံးဝဖြတ်မထားပါနဲ့။
လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန်လုပ်မယ့်နေ့ဆိုရင် ကစီဓာတ်စားပါ။ လှုပ်ရှားမှုနည်းမယ့်နေ့ဆိုရင် လျှော့စားပါ။
၄။ အိပ်ရေးဝဝအိပ်ပါ။
အိပ်ရေးမဝရင် ခန္ဓာကိုယ်က သကြားကိုပဲ လောင်စာအဖြစ်သုံးဖို့ ကြိုးစားတယ်။ အဆီကို ပြောင်းမသုံးချင်ဘူး။
၅။ စိတ်ရှည်ပါ။
ဒါက တစ်ညထဲအတွင်းနဲ့ ပြောင်းလဲလာတာမျိုး မဟုတ်ပါဘူး။ တစ်လ၊ နှစ်လလောက် လုပ်ရင် စပြီးရလဒ်ကို ခံစားရမယ်။
ဒီနေ့ခေတ်မှာ လူအများစုဟာ ဥပမာ (ခ) ထဲက လူမျိုးတွေ ဖြစ်နေတယ်။ မနက်တိုင်း ကော်ဖီနဲ့ မုန့်တွေကို အားပြုနေရတယ်။ နေ့လယ်ပိုင်း အိပ်ငိုက်တယ်။ ညနေပိုင်းကျ စွမ်းအင်မရှိပြန်ဘူး။
ဒါဟာ သူတို့အပြစ် မဟုတ်ဘူး။ သူတို့ရဲ့ ခန္ဓာကိုယ်က သကြားကိုပဲ လောင်စာအဖြစ်သုံးတတ်အောင် လေ့ကျင့်ခံထားရလို့ပဲ။ ဒါပေမယ့် ပြောင်းလဲလို့ရတယ်။ နည်းနည်းလေး လေ့ကျင့်ပေးရုံပါပဲ။
အခုပြောခဲ့တဲ့ အချက်လေးတွေ စမ်းကြည့်ပါ။ တစ်လလောက်ကြာရင် မနက်ခင်းမှာ ကော်ဖီမသောက်ရသေးဘဲ လန်းလန်းဆန်းဆန်း နဲ့ အိပ်ရာထနိုင်တာကို ကိုယ်တိုင် ခံစားရမှာပါ။
----------------------------------------
📑 ဒီလိုမျိုးကျန်းမာရေးဆောင်းပါးတွေနဲ့ ဗဟုသုတတွေကို စဉ်ဆက်မပြတ်ဆက်လက်ဖတ်ရှုနိုင်ဖို 𝗕𝗶𝗼𝗛𝗲𝗮𝗹𝘁𝗵 (ဇီဝကျန်းမာ ရောဂါရှာဖွေရေး ဓာတ်ခွဲခန်း) ရဲ့ 𝗖𝗵𝗮𝗻𝗻𝗲𝗹 များကို 𝗟𝗶𝗸𝗲 𝗮𝗻𝗱 𝗙𝗼𝗹𝗹𝗼𝘄 လုပ်ထားဖိုမမေ့ပါ‌နဲ့နော်

𝗩𝗶𝗯𝗲𝗿 : 𝗵𝘁𝘁𝗽𝘀://𝗶𝗻𝘃𝗶𝘁𝗲.𝘃𝗶𝗯𝗲𝗿.𝗰𝗼𝗺/?𝗴𝟮=𝗔𝗤𝗕𝗬𝗬%𝟮𝗕𝘁𝘆𝗪𝗠𝗣𝗪𝗹𝗹𝗛𝟭𝗶𝘀𝘇𝗩𝗾𝘅𝗶𝗱𝗿𝗝𝗽𝗧𝗼𝗘𝗢𝟲𝗤𝘂𝗽𝗻𝗽𝗚𝟴𝗽𝗦𝟰𝗻𝗞𝗗𝗤𝗨𝗙%𝟮𝗙𝗴𝟰𝗭𝟲𝟬𝗠𝗪𝗔𝗥%𝟮𝗕𝗥𝗣𝗳𝟯𝗜

𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 : 𝗵𝘁𝘁𝗽𝘀://𝘁.𝗺𝗲/𝗯𝗶𝗼𝗵𝗲𝗮𝗹𝘁𝗵𝗺𝘆𝗮𝗻𝗺𝗮𝗿

𝗧𝗶𝗸𝗧𝗼𝗸 : 𝗵𝘁𝘁𝗽𝘀://𝘄𝘄𝘄.𝘁𝗶𝗸𝘁𝗼𝗸.𝗰𝗼𝗺/@𝗯𝗶𝗼𝗵𝗲𝗮𝗹𝘁𝗵.𝗺𝘆𝗮𝗻𝗺𝗮𝗿

𝗪𝗲𝗯𝘀𝗶𝘁𝗲 : 𝘄𝘄𝘄.𝗯𝗶𝗼𝗵𝗲𝗮𝗹𝘁𝗵𝗺𝘆𝗮𝗻𝗺𝗮𝗿.𝗰𝗼𝗺

#ဇီဝဖြစ်စဉ်လိုက်လျောညီထွေရှိမှု #တစ်နေ့လုံးလန်းဆန်း #ဇီဝကျန်းမာ

လုပ်ငန်းတိုးချဲ့ရန်အတွက် ရန်ကုန်မြို့၊ သင်္ကန်းကျွန်းမြို့နယ်ရှိ BioHealth Clinical Laboratory (ဇီဝကျန်းမာ အထွေထွေရောဂါရ...
18/02/2026

လုပ်ငန်းတိုးချဲ့ရန်အတွက် ရန်ကုန်မြို့၊ သင်္ကန်းကျွန်းမြို့နယ်ရှိ BioHealth Clinical Laboratory (ဇီဝကျန်းမာ အထွေထွေရောဂါရှာဖွေရေးဓာတ်ခွဲခန်း)တွင် တာဝန်ထမ်းဆောင်ရန်အတွက် အောက်ပါဝန်ထမ်းများ အလိုရှိပါသည်။

1. Medical Technologist (Full time/Part time) (5) ဦး
• B.Med.tech (Laboratory)

2. Laboratory Technician Grade-l (or)ll (Full time/Part time) (5) ဦး
• လုပ်ငန်းအတွေ့အကြုံရှိသူဦးစားပေးမည်။

3. Admin Staff (1) ဦး
• အတွေ့အကြုံရှိသူဦးစားပေးမည်။

4. Medical Representative F(3) ဦး
• ဘွဲ့ရ (သို့) ဘွဲ့ကြို
• Medical field တွင် အတွေ့အကြုံရှိသူဦးစားပေးမည်။
• အတွေ့အကြုံမရှိသူများလည်းလျှောက်ထားနိုင်ပါသည်။
• သင်ယူလိုစိတ်ရှိရမည်။
• ဆေးရုံ၊ ဆေးခန်း များကိုသွားလာနိုင်သူဖြစ်ရမည်။
• ဆက်ဆံရေးကောင်းမွန်ရမည်။

5. သွေးဖောက်ကျွမ်းကျင် (5) ဦး

6. Customer Service Staff (5) ဦး
• ဘွဲ့ရ (သို့) ဆယ်တန်းအောင်
• ဆက်ဆံရေးပြေပြစ်သူဖြစ်ရမည်။

7. Cashier (1) ဦး

8. Clerical Staff (2) ဦး
• ကွန်ပြူတာကျွမ်းကျင်ရမည်။
• သင်ယူလိုစိတ်ရှိရမည်။

9. Delivery (3) ဦး
• စက်ဘီး/ bus ဖြင့် ဆေးရုံဆေးခန်းများသို့ သွားလာနိုင်ရမည်။

10. သန့်ရှင်းရေး (1) ဦး

• CV Form နှင့်အတူ လိုအပ်သော စာရွက်စာတမ်းများ ပူးတွဲ၍ အောက်ပါ ဖုန်း/Viber မှ လျှောက်ထားနိုင်ပါသည်။
ဖုန်း / Viber – 09 409826611, 09 740857227 (ရုံးချိန် အတွင်းသာ ဆက်သွယ်ရန်)

အရုပ်လေးတစ်ရုပ်နဲ့ ခွန်အားရှာတဲ့ကလေးငယ်များကလေးတစ်ယောက် ဆေးရုံတက်ရတဲ့အခါ သူ့လက်ထဲမှာ အရုပ်လေးတစ်ရုပ် အမြဲပါတယ်။အဲ့ဒီအရုပ...
13/02/2026

အရုပ်လေးတစ်ရုပ်နဲ့ ခွန်အားရှာတဲ့ကလေးငယ်များ

ကလေးတစ်ယောက် ဆေးရုံတက်ရတဲ့အခါ သူ့လက်ထဲမှာ အရုပ်လေးတစ်ရုပ် အမြဲပါတယ်။
အဲ့ဒီအရုပ်လေးက သူ့အတွက် ခွန်အားပါ။
ကလေးကင်ဆာဆိုတာ လူကြီးတွေမှာလိုမျိုး နေထိုင်မှုပုံစံကြောင့် မဟုတ်ဘူး။
မျိုးရိုးဗီဇကြောင့်လည်း ရှားပါတယ်။
ဘာကြောင့်ဖြစ်ရတာလဲဆိုတာ ဆရာဝန်တွေတောင် အတိအကျ မဖြေနိုင်ကြဘူး။
ဒါပေမယ့် သေချာတာတစ်ခုရှိတယ်။
ကလေးကင်ဆာဟာ ကာကွယ်လို့မရပေမယ့် ကုသလို့ရပါတယ်။
စောစောသိရင် ကလေးအများစု ပျောက်ကင်းနိုင်တယ်။
ကမ္ဘာတစ်ဝှမ်းမှာ နှစ်စဉ် ကလေးပေါင်း သုံးသိန်းလောက် ကင်ဆာရောဂါခံစားနေရတယ်။
သူတို့ထဲက တော်တော်များများ ရောဂါအမည်မသိရသေးဘူး။
ဆေးကုသမှု လက်လှမ်းမမီသေးဘူး။
ဒီနေ့ ကမ္ဘာ့ကလေးကင်ဆာနေ့မှာ
သားသားမီးမီးတို့အတွက် ကျွန်တော်တို့ လုပ်နိုင်တာလေးတွေ ရှိပါတယ်။
🔸 သတင်းမှားတွေကို ရှင်းပစ်ဖို့
🔸 စောစောသိနိုင်ဖို့ လက္ခဏာတွေကို မျှဝေဖို့
🔸 ကုသမှုခံယူနေရတဲ့ ကလေးငယ်တွေနဲ့ မိသားစုကို ဘေးမှာရှိaနပေးဖို့
🔸 ဆေးရုံတက်နေရတဲ့ကလေးငယ်တွေအတွက် စာအုပ်စင်လေးတစ်ခု လှူဖို့
🔸 ဒါမှမဟုတ် ရင်ခွင်ထဲက ကလေးငယ်လေးကို ပွေ့ဖက်နမ်းရှုပ်ပြီး ကျန်းမာရေးကို ဂရုစိုက်ဖို့
ကလေးကင်ဆာနေ့ဆိုတာ
ဝမ်းနည်းစရာနေ့တစ်နေ့ မဟုတ်ပါဘူး။
ကလေးငယ်တွေအတွက် မျှော်လင့်ချက်အသစ်တွေ ဖန်တီးပေးတဲ့နေ့ပါ။
ဘာဖြစ်လို့လဲဆိုတော့
ကလေးတိုင်းမှာ ကြီးပြင်းခွင့်ရှိပါတယ်။
အိပ်မက်တွေ အကောင်အထည်ဖော်ခွင့်ရှိပါတယ်။
ကင်ဆာကိုကျော်လွှားပြီး ဘဝကို ဆက်လျှောက်ခွင့်ရှိပါတယ်။
ဒီနေ့ ဒီစာကိုဖတ်နေတဲ့အချိန်
ဆေးရုံခုတင်ပေါ်မှာ ကုသမှုခံယူနေရတဲ့ ကလေးငယ်တစ်ယောက်ရှိတယ်။
သူ့အနားမှာ အားငယ်နေတဲ့မိဘတစ်ယောက်ရှိတယ်။
သူတို့အတွက် ကျွန်တော်တို့ရဲ့မျှဝေခြင်းလေးက ခွန်အားတစ်ခုဖြစ်ပါစေ။

#ကမ္ဘာ့ကလေးကင်ဆာနေ့ #ကလေးတိုင်းကြီးပြင်းခွင့်ရှိပါတယ်

လုပ်ငန်းတိုးချဲ့ရန် အတွက် မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်ရှိ BioHealth Clinic တွင်တာဝန်ထမ်းဆောင်ရန်  အောက်ပါဝန်ထမ်းမျ...
12/02/2026

လုပ်ငန်းတိုးချဲ့ရန် အတွက် မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်ရှိ BioHealth Clinic တွင်တာဝန်ထမ်းဆောင်ရန် အောက်ပါဝန်ထမ်းများအလိုရှိပါသည်။

1.Customer Service Staff ( 2 ) ဦး
• ဘွဲ့ရ (သို့) ဆယ်တန်းအောင်
• ဆက်ဆံရေးပြေပြစ်သူဖြစ်ရမည်။ ကွန်ပြူတာ သုံးစွဲနိုင်ရမည် ။

2. သွေးဖောက်ကျွမ်းကျင် ( 2 ) ဦး
• သွေးဖောက်ကျွမ်းကျင်ရမည်။

3. Delivery ( 3 ) ဦး
• ယာဉ်မောင်းလိုင်စင်ရှိရမည် ။
• ဆိုင်ကယ်ပါရမည် ။

4. Cashier ( 1 ) ဦး
•LCCI Level 1,2 ပြီးမြောက်ထားသူဖြစ်ရမည်။

5. သန့်ရှင်းရေး ( 3 )ဦး

• CV Form နှင့်အတူ လိုအပ်သော စာရွက်စာတမ်းများ ပူးတွဲ၍ အောက်ပါ Email (သို့) Viber မှ ဖြစ်စေ လျှောက်ထားနိုင်ပါသည်။
ဖုန်း / Viber – 09440011441 (ရုံးချိန် အတွင်းသာ ဆက်သွယ်ရန်)
Email – bhopmxmdy01@gmail.com

လုပ်ငန်းတိုးချဲ့ရန်အတွက် ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်ရှိ BioHealth Clinical Laboratory (အထွေထွေရောဂါရှာဖွေရေးဓာတ်...
10/02/2026

လုပ်ငန်းတိုးချဲ့ရန်အတွက် ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်ရှိ BioHealth Clinical Laboratory (အထွေထွေရောဂါရှာဖွေရေးဓာတ်ခွဲခန်း)တွင် တာဝန်ထမ်းဆောင်ရန်အတွက် အောက်ပါဝန်ထမ်းများ အလိုရှိပါသည်။

1. Medical Technologist (Full time/Part time) (3) ဦး
• B.Med.tech (Laboratory)

2. Laboratory Technician Grade-l (or)ll (Full time/Part time) (3) ဦး
• လုပ်ငန်းအတွေ့အကြုံရှိသူဦးစားပေးမည်။

3. Medical Representative F(3) ဦး
• ဘွဲ့ရ (သို့) ဘွဲ့ကြို
• Medical field တွင် အတွေ့အကြုံရှိသူဦးစားပေးမည်။
• အတွေ့အကြုံမရှိသူများလည်းလျှောက်ထားနိုင်ပါသည်။
• သင်ယူလိုစိတ်ရှိရမည်။
• ဆေးရုံ၊ ဆေးခန်း များကိုသွားလာနိုင်သူဖြစ်ရမည်။
• ဆက်ဆံရေးကောင်းမွန်ရမည်။

4. Admin Staff (1) ဦး
• အတွေ့အကြုံရှိသူဦးစားပေးမည်။

5. Customer Service Staff (3) ဦး
• ဘွဲ့ရ (သို့) ဆယ်တန်းအောင်
• ဆက်ဆံရေးပြေပြစ်သူဖြစ်ရမည်။

6. Cashier (1) ဦး

7. Clerical staff (1) ဦး
• ကွန်ပြူတာကျွမ်းကျင်ရမည်။
• သင်ယူလိုစိတ်ရှိရမည်။

8. သွေးဖောက်ကျွမ်းကျင် (2) ဦး

9. Delivery (3) ဦး
• စက်ဘီး/ bus ဖြင့် ဆေးရုံဆေးခန်းများသို့ သွားလာနိုင်ရမည်။

• CV Form နှင့်အတူ လိုအပ်သော စာရွက်စာတမ်းများ ပူးတွဲ၍ အောက်ပါ ဖုန်း/Viber မှ လျှောက်ထားနိုင်ပါသည်။
ဖုန်း / Viber – 09 409826611, 09 740857227 (ရုံးချိန် အတွင်းသာ ဆက်သွယ်ရန်)




အိုဟောင်း ပျက်စီးနေသော ဆဲလ်အစိတ်အပိုင်းများကို ခန္ဓာကိုယ်အတွင်း ပြန်လည်ဖြိုခွဲအသုံးချခြင်း (Autophagy)Autophagy (အော်တို...
06/02/2026

အိုဟောင်း ပျက်စီးနေသော ဆဲလ်အစိတ်အပိုင်းများကို ခန္ဓာကိုယ်အတွင်း ပြန်လည်ဖြိုခွဲအသုံးချခြင်း (Autophagy)

Autophagy (အော်တိုဖေးဂျီ) ဆိုသည်မှာ သင့်ခန္ဓာကိုယ်အတွင်း ဆဲလ်အိုဟောင်းများနှင့် ပျက်စီးနေသော ဆဲလ်အစိတ်အပိုင်းများကို ပြန်လည်ဖြိုခွဲပြီး အသုံးချနိုင်သည့် သဘာဝဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ ဒီဖြစ်စဉ်ကြောင့် ဆဲလ်များသည် ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်စွမ်းရှိလာပါတယ်။ ၎င်းသည် သဘာဝသန့်စင်ရေးဖြစ်စဉ်တစ်ခုဖြစ်ပြီး ဆဲလ်များ ဖိစီးမှုခံရချိန် (သို့) အာဟာရဓာတ် ချို့တဲ့သည့်အခါတွင် စတင်လုပ်ဆောင်ပါတယ်။

Autophagy (အော်တိုဖေးဂျီ) သည် ဘာကြောင့် အရေးပါနေရပါသလဲ။
Autophagy သည် ဆဲလ်တစ်ခု အသက်ရှင်ရန်နှင့် လုပ်ငန်းဆောင်ရွက်ရန်အတွက် အလွန်အရေးကြီးပါတယ်။ ၎င်းသည် -

၁။ ပျက်စီးနေသော ဆဲလ်အစိတ်အပိုင်းများကို အပြည့်အဝ လုပ်ဆောင်နိုင်သည့် ဆဲလ်အစိတ်အပိုင်းအသစ်များအဖြစ် ပြန်လည်အသုံးချပေးပါတယ်။

၂။ အလုပ်လုပ်ဆောင်မှုမရှိသော ဆဲလ်အစိတ်အပိုင်းများကို ဖယ်ရှားပေးပါတယ်။ ထိုအပိုင်းတွေဟာ ဆဲလ်အတွင်း နေရာယူပြီး စွမ်းဆောင်ရည်ကို နှေးကွေးစေနိုင်ပါတယ်။

၃။ ဆဲလ်အတွင်းရှိ ဗိုင်းရပ်စ်နှင့် ဘက်တီးရီးယားကဲ့သို့ ဆဲလ်ကို ပျက်စီးစေနိုင်သော ရောဂါပိုးများကို ဖျက်ဆီးပေးပါတယ်။
Autophagy သည် အိုမင်းရင့်ရော်မှုနှင့် ရှည်လျားသော သက်တမ်းအတွက်လည်း အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပါတယ်။ လူတစ်ဦး အသက်ကြီးလာသည်နှင့်အမျှ autophagy လုပ်ငန်းစဉ် ကျဆင်းလာပြီး ဆဲလ်အတွင်း အသုံးမကျသော အပိုင်းအစများ စုပုံလာကာ ဆဲလ်များ ၎င်းတို့၏ အကောင်းဆုံးစွမ်းဆောင်ရည်ဖြင့် မလုပ်ဆောင်နိုင်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

Autophagy (အော်တိုဖေးဂျီ) ကို ဘာကဖြစ်စေသလဲ။
Autophagy ဖြစ်စဉ်သည် သင့်ခန္ဓာကိုယ်ရှိ ဆဲလ်များအား အာဟာရဓာတ် (သို့) အောက်ဆီဂျင် ချို့တဲ့သည့်အခါ၊ သို့မဟုတ် တစ်နည်းနည်းဖြင့် ပျက်စီးနေသည့်အခါတွင် ဖြစ်ပေါ်လေ့ရှိပါတယ်။ ဒီလို စဉ်းစားကြည့်ပါ။ Autophagy သည် ဆဲလ်တစ်ခု၏ ရှိပြီးသား စွမ်းအင်အရင်းအမြစ်များကို အကျိုးရှိရှိအသုံးချရန် ပြန်လည်အသုံးချသည့် ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ သင့်ဆဲလ်များသည် အပြင်ဘက်ရှိ အရင်းအမြစ်များမှ စွမ်းအင်မရရှိသည့်အခါ ဤရှိပြီးသား အရင်းအမြစ်များကို အကျိုးအမြတ်အများဆုံးရှာရန် သင့်ခန္ဓာကိုယ် လိုအပ်လာသည့်အခါတွင် ဤဖြစ်စဉ်သည် တိုးမြှင့်လုပ်ဆောင်လာပါတယ်။ Autophagy ဖြင့် ဆဲလ်တစ်ခုသည် အသက်ရှင်ရန်အတွက် မိမိကိုယ်ကို စားသုံးသည့် သဘောမျိုးဖြစ်ပါတယ်။ ထပ်ဆောင်းအကျိုးကျေးဇူးမှာ ဤရှင်သန်ရပ်တည်ရေး ဖြစ်စဉ်သည် ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်သော ဆဲလ်များကို ဖြစ်ပေါ်စေနိုင်ခြင်းပင် ဖြစ်ပါတယ်။

Autophagy (အော်တိုဖေးဂျီ) ဖြစ်စေအောင် လှုံ့ဆော်နိုင်ပါသလား။
သင့်ဆဲလ်များကို ဖိစီးမှုပေးခြင်းဖြင့် ၎င်းတို့အား Survival mode သို့ ပို့ဆောင်ပေးခြင်းဖြင့် autophagy ကို လှုံ့ဆော်နိုင်ပါတယ်။ ဒီနည်းလမ်းများဖြင့် လှုံ့ဆော်နိုင်ပါတယ် -
၁။ အစာရှောင်ခြင်း (Fasting) - အစာရှောင်ခြင်းဆိုသည်မှာ သတ်မှတ်ထားသော အချိန်ကာလတစ်ခုအထိ အစာစားခြင်းကို ရပ်တန့်ထားခြင်းဖြစ်သည်။ အစာရှောင်ခြင်းသည် သင့်ခန္ဓာကိုယ်အား အာဟာရဓာတ်များမှ ချို့တဲ့စေပြီး ဆဲလ်အစိတ်အပိုင်းများကို ပြန်လည်အသုံးပြုကာ လုပ်ငန်းဆောင်ရွက်ရန် ဖိအားပေးပါတယ်။
၂။ ကယ်လိုရီစားသုံးမှု ကန့်သတ်ခြင်း (Calorie Restriction) - အစာရှောင်ခြင်းကဲ့သို့ ကယ်လိုရီကို လုံးဝဖြတ်တောက်ခြင်းမဟုတ်ဘဲ ကန့်သတ်ခြင်းဖြစ်ပါတယ်။ ဤသို့ပြုလုပ်ခြင်းဖြင့် ဆုံးရှုံးသွားသော အာဟာရဓာတ်များအတွက် အစားထိုးရန် သင့်ဆဲလ်များအား autophagy ဖြစ်စဉ်သို့ ဦးတည်စေပါတယ်။
၃။ အဆီများပြီး ကာဗိုဟိုက်ဒရိတ်နည်းသော အစားအစာသို့ ပြောင်းလဲခြင်း - ဤအစားအသောက်ပုံစံကို ယေဘုယျအားဖြင့် keto diet (ကီတိုအစားအစာ) ဟု ခေါ်ဆိုကြပြီး ၎င်းဟာ သင့်ခန္ဓာကိုယ် စွမ်းအင်ထုတ်လုပ်ပုံကို ပြောင်းလဲစေပါတယ်။ ကာဗိုဟိုက်ဒရိတ် (သို့) သကြားကို လောင်ကျွမ်းစေမည့်အစား အဆီကို လောင်ကျွမ်းစေသောကြောင့် ဤပြောင်းလဲမှုသည် autophagy ကို စတင်ဖြစ်ပေါ်စေနိုင်ပါတယ်။
၄။ ကိုယ်လက်လှုပ်ရှားမှု (Exercise) - ကိုယ်လက်လှုပ်ရှားမှုသည် ATGs (autophagy-related proteins) ၏ လုပ်ဆောင်မှုကို မြှင့်တင်ပေးသော ဖြစ်စဉ်များကို လှုံ့ဆော်ပေးပါတယ်။ ဥပမာ - Gym ဆော့ပေးခြင်းဟာ သင့်ကြွက်သားများကို ဖိစီးမှုပေးခြင်းဖြစ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုသည် autophagy ကို လှုံ့ဆော်နိုင်ပြီး လေ့ကျင့်ခန်းအမျိုးအစားနှင့် ပြင်းထန်မှုအပေါ် မူတည်ပါတယ်။
သို့သော် autophagy ကို လှုံ့ဆော်နိုင်သည်ဆိုသည်မှာ သင်လိုက်လုပ်သင့်သည်ဟု မဆိုလိုပါ။ ဥပမာအားဖြင့် - အစာရှောင်ခြင်း၊ ကယ်လိုရီကန့်သတ်ခြင်း သို့ keto diet သို့ ပြောင်းလဲခြင်းတို့သည် ကိုယ်ဝန်ဆောင်နေစဉ်၊ နို့တိုက်နေစဉ် သို့ ဆီးချိုရောဂါကဲ့သို့သော ကျန်းမာရေးအခြေအနေတစ်ခုခု ရှိပါက မစိတ်ချရနိုင်ပါ။ အလားတူပင် autophagy သည် ထိုမျှရိုးရှင်းသော အရာမဟုတ်ပါ။ Autophagy သည် ကျန်းမာသော ဆဲလ်များအတွက် အမှန်တကယ် အရေးပါသည်မှာ မှန်ပါတယ်။ Autophagy နှင့်ပတ်သက်သော ပြဿနာများသည် ရောဂါအချို့နှင့် ဆက်စပ်နေသည်မှာလည်း မှန်ကန်ပါတယ်။ သို့သော်၊ အကျိုးကျေးဇူးရရှိရန် ရည်ရွယ်သော ကျန်းမာရေးဗျူဟာအဖြစ် autophagy ကို အတင်းအကျပ်ဖြစ်စေရန် ထောက်ခံနိုင်လောက်သည့် လုံလောက်သော သုတေသနအထောက်အထားများ မရှိသေးပါ။ သင့်ကျန်းမာရေးအခြေအနေပေါ် မူတည်၍ အစာရှောင်ခြင်း၊ ကယ်လိုရီလျှော့ချခြင်း၊ အစားအသောက်ပုံစံကို ပြင်းထန်စွာပြောင်းလဲခြင်း သို့ ပြင်းထန်သော လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းတို့သည် အန္တရာယ်ရှိနိုင်ပါတယ်။ ၎င်းကို တမင်ဖြစ်စေရန် နည်းလမ်းများ (အထူးသဖြင့် ပြင်းထန်သော နည်းလမ်းများ) ကို မကျင့်သုံးမီ မည်သည့် နေထိုင်မှုပုံစံပြောင်းလဲမှုကိုမဆို သင့်ကျန်းမာရေးအခြေအနေနှင့် ကိုက်ညီမှုရှိမရှိ ဆရာဝန် (သို့) ကျန်းမာရေးပညာရှင်နှင့် အရင်ဆုံး တိုင်ပင်ဆွေးနွေးပါ။
----------------------------------------
📑 ဒီလိုမျိုးကျန်းမာရေးဆောင်းပါးတွေနဲ့ ဗဟုသုတတွေကို စဉ်ဆက်မပြတ်ဆက်လက်ဖတ်ရှုနိုင်ဖို 𝗕𝗶𝗼𝗛𝗲𝗮𝗹𝘁𝗵 𝗖𝗹𝗶𝗻𝗶𝗰𝗮𝗹 𝗟𝗮𝗯𝗼𝗿𝗮𝘁𝗼𝗿𝘆 ရဲ့ 𝗖𝗵𝗮𝗻𝗻𝗲𝗹 များကို 𝗟𝗶𝗸𝗲 𝗮𝗻𝗱 𝗙𝗼𝗹𝗹𝗼𝘄 လုပ်ထားဖိုမမေ့ပါ‌နဲ့နော်

𝗩𝗶𝗯𝗲𝗿 : 𝗵𝘁𝘁𝗽𝘀://𝗶𝗻𝘃𝗶𝘁𝗲.𝘃𝗶𝗯𝗲𝗿.𝗰𝗼𝗺/?𝗴𝟮=𝗔𝗤𝗕𝗬𝗬%𝟮𝗕𝘁𝘆𝗪𝗠𝗣𝗪𝗹𝗹𝗛𝟭𝗶𝘀𝘇𝗩𝗾𝘅𝗶𝗱𝗿𝗝𝗽𝗧𝗼𝗘𝗢𝟲𝗤𝘂𝗽𝗻𝗽𝗚𝟴𝗽𝗦𝟰𝗻𝗞𝗗𝗤𝗨𝗙%𝟮𝗙𝗴𝟰𝗭𝟲𝟬𝗠𝗪𝗔𝗥%𝟮𝗕𝗥𝗣𝗳𝟯𝗜

𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 : 𝗵𝘁𝘁𝗽𝘀://𝘁.𝗺𝗲/𝗯𝗶𝗼𝗵𝗲𝗮𝗹𝘁𝗵𝗺𝘆𝗮𝗻𝗺𝗮𝗿

𝗧𝗶𝗸𝗧𝗼𝗸 : 𝗵𝘁𝘁𝗽𝘀://𝘄𝘄𝘄.𝘁𝗶𝗸𝘁𝗼𝗸.𝗰𝗼𝗺/@𝗯𝗶𝗼𝗵𝗲𝗮𝗹𝘁𝗵.𝗺𝘆𝗮𝗻𝗺𝗮𝗿

𝗪𝗲𝗯𝘀𝗶𝘁𝗲 : 𝘄𝘄𝘄.𝗯𝗶𝗼𝗵𝗲𝗮𝗹𝘁𝗵𝗺𝘆𝗮𝗻𝗺𝗮𝗿.𝗰𝗼𝗺

#ဆဲလ်ပြန်လည်အသုံးချခြင်း #သဘာဝဖြစ်စဉ် #ဆဲလ်သန့်စင်ရေး #သိပ္ပံနှင့်ကျန်းမာရေး

သင့်မှာ ဦးနှောက် နှစ်ခုရှိတယ်ဆိုတာ သိပြီးပြီလား?ဦးနှောက်တစ်ခုတည်းက ခန္ဓာကိုယ်တစ်ခုလုံးကို ထိန်းချုပ်နေတယ်လို့ ထင်ကောင်းထ...
30/01/2026

သင့်မှာ ဦးနှောက် နှစ်ခုရှိတယ်ဆိုတာ သိပြီးပြီလား?

ဦးနှောက်တစ်ခုတည်းက ခန္ဓာကိုယ်တစ်ခုလုံးကို ထိန်းချုပ်နေတယ်လို့ ထင်ကောင်းထင်မိပါလိမ့်မယ်။ ဒါပေမယ့် အံ့ဩစရာကြီးတစ်ခုက သင့်ခန္ဓာကိုယ်မှာ ဦးနှောက်နှစ်ခုရှိနေပါတယ်။ ဒုတိယတစ်ခုက သင့်ခေါင်းထဲမှာမဟုတ်၊ သင့်ဝမ်းဗိုက်ထဲမှာ ရှိနေပါတယ်။ ဒီဒုတိယဦးနှောက်ဆိုတာ သင့်အူလမ်းကြောင်းတစ်လျှောက် ဖြန့်ကျက်နေတဲ့ အာရုံကြောကွန်ရက်ကြီးတစ်ခုပါ။ ဒီစနစ်ကို သိပ္ပံအခေါ်အတိုင်း "အင်တရစ်အာရုံကြောစနစ်" လို့ခေါ်ပြီး ဦးနှောက်နဲ့ ခါးရိုးမကြီးမှာရှိတဲ့ ဗဟိုအာရုံကြောစနစ်နဲ့ တိုက်ရိုက်ချိတ်ဆက်ထားပါတယ်။ ဒီချိတ်ဆက်မှုကြောင့် သင့်အူနဲ့ သင့်ဦးနှောက်ဟာ မပြတ်စကားပြောနေကြပါတယ်။ သဘာဝကြည့်ရင် ဒီဒုတိယဦးနှောက်ဟာ အဓိကဦးနှောက်ထက် ပိုပြီး ရှေးကျတယ်လို့တောင် ဆိုနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သက်ရှိသတ္တဝါတွေဟာ အစာခြေဖျက်ဖို့ စနစ်ကို ဦးနှောက်ရဲ့ ရှုပ်ထွေးတဲ့ဆုံးဖြတ်ချက်တွေ မလိုဘဲ ဖွံ့ဖြိုးအောင် လုပ်ခဲ့ရလို့ပါပဲ။ အူထဲမှာ သီးသန့်အာရုံကြောစနစ်ရှိတာဟာ အသက်ရှင်ဖို့အတွက် အဓိကလိုအပ်ချက်ဖြစ်တဲ့ အစာခြေဖျက်ခြင်းလုပ်ငန်းစဉ်ကို အာရုံစူးစိုက်ပြီး စီမံနိုင်ဖို့ပါ။ ဒီအူထဲက ဦးနှောက်က ဘာတွေလုပ်နိုင်လဲဆိုတာ စဉ်းစားကြည့်ရင် အံ့ဖွယ်ပါပဲ။ သင့်ဦးနှောက်နဲ့ ဆက်သွယ်မှုမရှိဘဲ ဒီဒုတိယဦးနှောက်က အစာတွေကို လှုပ်ရှားရွေ့လျားစေတယ်၊ အင်ဇိုင်းတွေထုတ်ပေးတယ်၊ အစာခြေဖျက်မှုကို ထိန်းညှိပေးတယ်။ ဒါတင်မကသေးပါဘူး။ သင့်ရဲ့ စိတ်ခံစားချက်ကို ထိန်းချုပ်ပေးတဲ့ ဆီရိုတိုနင်ဟော်မုန်းရဲ့ ၉၀ ရာခိုင်နှုန်းကျော်ကို ဒီအူထဲက ဦးနှောက်က ထုတ်လုပ်ပေးနေပါတယ်။ "ဗိုက်ထဲကနေ ပြောနေတယ်" ဆိုတဲ့ စကားကို ကြားဖူးကြမှာပါ။ ဒါဟာ လုံးဝမှန်ပါတယ်။ သင့်အူထဲက အာရုံကြောစနစ်ဟာ သင့်ဦးနှောက်ထက် ပိုမြန်မြန် ပတ်ဝန်းကျင်အခြေအနေတွေကို ဆန်းစစ်ပြီး "ခံစားချက်တစ်ခု" အဖြစ် သတင်းပို့ပေးနိုင်ပါတယ်။ ဒါကြောင့် အန္တရာယ်တစ်ခုခုကို ကြုံရင်း ဗိုက်ထဲမှာ ထူးထူးခြားခြား ခံစားရတာပါ။ ဒါဟာ ရှေးကျတဲ့ အသိစိတ်တစ်မျိုးလို့တောင် ပြောလို့ရပါတယ်။ စိတ်ဖိစီးတဲ့အခါ ဝမ်းဗိုက်မအီမသာဖြစ်တာ၊ စိုးရိမ်စိတ်များတဲ့အခါ ဗိုက်အောင့်တာတွေဟာ ဒီအူနဲ့ ဦးနှောက်ရဲ့ ချိတ်ဆက်မှုကြောင့်ပါပဲ။ သင့်ဦးနှောက်က "စိတ်ဖိစီးနေပြီ" လို့အချက်ပြရင် ဒီသတင်းက အူကိုရောက်သွားပြီး အူရဲ့လုပ်ဆောင်မှုတွေကို ပြောင်းလဲစေပါတယ်။ ပြောင်းပြန်အားဖြင့် အူထဲမှာ ပြဿနာရှိရင်လည်း ဒီသတင်းက ဦးနှောက်ဆီရောက်ပြီး စိတ်ကျဝေဒနာ ဒါမှမဟုတ် စိုးရိမ်စိတ်များဝေဒနာကို ဖြစ်စေနိုင်ပါတယ်။ ဒီဒုတိယဦးနှောက်ကို ကျန်းမာအောင် ထိန်းသိမ်းဖို့ အကောင်းဆုံးနည်းလမ်းက သင့်အူထဲက အကျိုးပြုဘက်တီးရီးယားတွေကို ဂရုစိုက်ပေးဖို့ပါပဲ။ ဒိန်ချဉ်၊ ကင်မ်ချီ၊ မီဆိုဟန်းလို အချဉ်ဖောက်ထားတဲ့ အစားအစာတွေကို စားပေးပါ။ အမျှင်ဓာတ်ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ အုတ်ဂျုံတွေကိုလည်း များများစားပေးသင့်ပါတယ်။ ဒီအစားအစာတွေဟာ အူထဲက ကောင်းတဲ့ဘက်တီးရီးယားတွေကို အားဖြည့်ပေးပြီး ဒုတိယဦးနှောက်ကို ကျန်းမာစေပါတယ်။ အသက်ရှူလေ့ကျင့်ခန်းလုပ်တာကလည်း အူကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။ နှာခေါင်းကနေ ဝမ်းဗိုက်အထိ ပြည့်ပြည့်ဝဝ အသက်ရှူခြင်းဟာ ဗာဂပ်စ်အာရုံကြောကို ထိထိရောက်ရောက် လှုံ့ဆော်ပေးပြီး အူနဲ့ ဦးနှောက်ကြား ဆက်သွယ်မှုကို ပိုမိုကောင်းမွန်စေပါတယ်။ ဒီတော့ နောက်တစ်ခါ သင့်ဗိုက်ထဲမှာ တစ်ခုခုခံစားရရင်၊ ဒါမှမဟုတ် စိတ်ခံစားချက်တွေ မတည်ငြိမ်ဘူးလို့ ခံစားရရင် သင့်ဒုတိယဦးနှောက်ကို သတိရလိုက်ပါ။ သင့်အူကျန်းမာရေးကို ဂရုစိုက်ပါ။ စိတ်ဖိစီးမှုကို လျှော့ချပါ။ အာဟာရပြည့်ဝတဲ့ အစားအစာတွေကို စားသုံးပါ။ ဒီလိုလုပ်ခြင်းအားဖြင့် သင့်ရဲ့ ဒုတိယဦးနှောက်ကို ပြုစုစောင့်ရှောက်ရာရောက်ပြီး တစ်ချိန်တည်းမှာပဲ သင့်ရဲ့ ပထမဦးနှောက်ကိုပါ ကူညီရာရောက်ပါလိမ့်မယ်။ ကျန်းမာတဲ့အူဟာ ပျော်ရွှင်တဲ့စိတ်ကို မွေးမြူပေးနိုင်သလို၊ ပျော်ရွှင်တဲ့စိတ်ကလည်း ကျန်းမာတဲ့အူကို ပြန်လည်ပြုစုပေးနိုင်တယ်ဆိုတဲ့ အလှည့်ကျဆက်ဆံရေးကို သတိရပါ။ ဒီနှစ်ခုဟာ ခွဲခြားလို့မရတဲ့ မိတ်ဖက်တွေပါပဲ။
----------------------------------------
📑 ဒီလိုမျိုးကျန်းမာရေးဆောင်းပါးတွေနဲ့ ဗဟုသုတတွေကို စဉ်ဆက်မပြတ်ဆက်လက်ဖတ်ရှုနိုင်ဖို 𝗕𝗶𝗼𝗛𝗲𝗮𝗹𝘁𝗵 𝗖𝗹𝗶𝗻𝗶𝗰𝗮𝗹 𝗟𝗮𝗯𝗼𝗿𝗮𝘁𝗼𝗿𝘆 ရဲ့ 𝗖𝗵𝗮𝗻𝗻𝗲𝗹 များကို 𝗟𝗶𝗸𝗲 𝗮𝗻𝗱 𝗙𝗼𝗹𝗹𝗼𝘄 လုပ်ထားဖိုမမေ့ပါ‌နဲ့နော်

𝗩𝗶𝗯𝗲𝗿 : 𝗵𝘁𝘁𝗽𝘀://𝗶𝗻𝘃𝗶𝘁𝗲.𝘃𝗶𝗯𝗲𝗿.𝗰𝗼𝗺/?𝗴𝟮=𝗔𝗤𝗕𝗬𝗬%𝟮𝗕𝘁𝘆𝗪𝗠𝗣𝗪𝗹𝗹𝗛𝟭𝗶𝘀𝘇𝗩𝗾𝘅𝗶𝗱𝗿𝗝𝗽𝗧𝗼𝗘𝗢𝟲𝗤𝘂𝗽𝗻𝗽𝗚𝟴𝗽𝗦𝟰𝗻𝗞𝗗𝗤𝗨𝗙%𝟮𝗙𝗴𝟰𝗭𝟲𝟬𝗠𝗪𝗔𝗥%𝟮𝗕𝗥𝗣𝗳𝟯𝗜

𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 : 𝗵𝘁𝘁𝗽𝘀://𝘁.𝗺𝗲/𝗯𝗶𝗼𝗵𝗲𝗮𝗹𝘁𝗵𝗺𝘆𝗮𝗻𝗺𝗮𝗿

𝗧𝗶𝗸𝗧𝗼𝗸 : 𝗵𝘁𝘁𝗽𝘀://𝘄𝘄𝘄.𝘁𝗶𝗸𝘁𝗼𝗸.𝗰𝗼𝗺/@𝗯𝗶𝗼𝗵𝗲𝗮𝗹𝘁𝗵.𝗺𝘆𝗮𝗻𝗺𝗮𝗿

𝗪𝗲𝗯𝘀𝗶𝘁𝗲 : 𝘄𝘄𝘄.𝗯𝗶𝗼𝗵𝗲𝗮𝗹𝘁𝗵𝗺𝘆𝗮𝗻𝗺𝗮𝗿.𝗰𝗼𝗺

#ဒုတိယဦးနှောက် #𝗚𝘂𝘁𝗕𝗿𝗮𝗶𝗻𝗔𝘅𝗶𝘀 #ဦးနှောက်နှစ်ခု #အူကျန်းမာရေး #ဗိုက်ထဲကနေပြောနေတယ် #𝗚𝘂𝘁𝗙𝗲𝗲𝗹𝗶𝗻𝗴 #ခန္ဓာဗေဒ #𝗕𝗶𝗼𝗛𝗲𝗮𝗹𝘁𝗵 #𝗛𝗲𝗮𝗹𝘁𝗵𝗘𝗱𝘂𝗰𝗮𝘁𝗶𝗼𝗻

Address

No (448), Ground Floor, Maydarwei Road, North Okkalapa Township
Yangon
11031

Telephone

+959402087030

Website

Alerts

Be the first to know and let us send you an email when BioHealth Clinical Laboratory posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to BioHealth Clinical Laboratory:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category