Ziwaka Clinic Hledan

  • Home
  • Ziwaka Clinic Hledan

Ziwaka Clinic Hledan Medical Centre dedicated for general and specialist care

လှည်းတန်း ကမာရွတ်မြို့နယ်ရှိ ဇီဝကဆေးခန်းတွင် တာဝန်ထမ်းဆောင်ရန် ဆေးခန်းအကူ/သူနာပြုအကူ (nurse aid) တစ်ဦး(သို့) နှစ်ဦး အလိ...
11/10/2025

လှည်းတန်း ကမာရွတ်မြို့နယ်ရှိ ဇီဝကဆေးခန်းတွင် တာဝန်ထမ်းဆောင်ရန် ဆေးခန်းအကူ/သူနာပြုအကူ (nurse aid) တစ်ဦး(သို့) နှစ်ဦး အလိုရှိသည်။

*ရိုးသားရမည်။
*အကျင့် စာရိတ္တ ကောင်းမွန်ရမည်။
*အဖွဲ့အစည်းနှင့် လုပ်ကိုင်တတ်သော, ဆရာ၀န်, လူနာများနှင့် ကောင်းမွန်စွာ ပြောဆိုဆက်ဆံနိုင်သော သင့်တင့်သော communication skills ရှိရမည်။
*သင်လွယ် တတ်လွယ် ဖြစ်ရမည်။
*ကြိုးစားလိုစိတ်ရှိရမည်။
*အခြေခံပညာ အထက်တန်းအောင်
*ကျောင်းကိစ္စ ကင်းရှင်းသူ
*သင်တန်းဆင်းလက်မှတ် မရှိသူများ၊ အတွေ့အကြုံမရှိသူများလည်း လျှောက်ထားနိုင်သည်။

အစမ်းခန့်ကာလ- ၂လရှိမည်။
အစမ်းခန့် ၂လ ပြည့်၍ permenant ဖြစ်သွားလျှင် pool , allowance ခံစားခွင့်များ ရှိပါသည်။
လစာ ညှိနှိုင်း (လုပ်ငန်း အတွေ့အကြုံအရ)
အလုပ်ချိန် မနက် ၉နာရီ မှ ည ၇ နာရီ
တစ်ပတ် တစ်ရက် ပိတ်ရက် ရှိသည်။
ဆေးခန်းတွင် နေစရာ စီစဉ်ပေးနိုင်ပါသည်။

**Work load မများပါ။**
လျှောက်ထားလိုသူများ Page Messenger သို့မဟုတ် 09692054925 Viberသို့ CV Formပေးပို့ လျှောက်ထားနိုင်ပါသည်။

Lipoma လိုင်ပိုးမား (သို့မဟုတ်) အရေပြားအောက်က အဆီကျိတ်များအချို့သော မိတ်‌ဆွေတို့ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ စမ်းကြည...
25/04/2025

Lipoma လိုင်ပိုးမား (သို့မဟုတ်) အရေပြားအောက်က အဆီကျိတ်များ

အချို့သော မိတ်‌ဆွေတို့ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ စမ်းကြည့်ရင် ပျော့ပျော့လေးနဲ့ အဖုအကျိတ်လေးတွေ စမ်းမိ၊ သတိထားမိကြတာမျိုးရှိပါလိမ့်မယ်။
ဒီအကျိတ်လေးတွေက ခြေ၊ လက်၊ ဝမ်းဗိုက်၊ ကျောပြင်တွေမှာ အဖြစ်များလေ့ရှိပြီး တခါတရံမှာ မျက်နှာ၊ လည်ပင်းနဲ့ ဦးရေပြားအောက်တွေမှာဖြစ်ကြတာတွေလည်းရှိပါတယ်။
နောက်ပြီး ဒီအကျိတ်လေးတွေဟာ အရွယ်အစားလည်း အချိန်နဲ့အမျှကြီးလာတတ်ကြပါတယ်။
ဒီအကျိတ်လေးတွေဟာ Lipomaလို့ခေါ်တဲ့ အရေပြားအောက် အဆီကျိတ်လေးများဖြစ်ကြပါတယ်။
အချို့လူနာများဟာ ဒီအဆီကျိတ်များကို စမ်းမိတဲ့အခါ ကင်ဆာဖြစ်လေမလားဆိုပြီး စိုးရိမ်တတ်ကြပါတယ်။
ဒါပေမယ့် Lipomaဟာ ကင်ဆာမဟုတ်တဲ့ အကျိတ်များဖြစ်ပြီး သူတို့ဖြစ်ရတဲ့အ‌ကြောင်းရင်းကတော့ အရေပြားအောက်က အဆီပြင်လွှာမှာ ပုံမမှန်တဲ့ အဆီစုမှုကြောင့် ဖြစ်ပါတယ်။
ဖြစ်ရတဲ့အကြောင်းရင်းကတော့ တိတိကျကျမရှိ‌ ပေမယ့် မျိုးရိုးထဲမှာ Multiple Lipomaလို့ခေါ်တဲ့ ခန္ဓာကိုယ်အနှံ့ အဆီကျိတ်များစွာထွက်တဲ့ရောဂါဖြစ်တဲ့လူ ရှိဖူးတယ်ဆိုရင်တော့ မိမိမှာဖြစ်နိုင်ချေပိုများလေ့ရှိပါတယ်။
ဒီအဆီကျိတ်တွေဟာ ဆေးထိုးဆေးသောက်ကုသမှုနဲ့မပျောက်ကင်းပဲ ခွဲစိတ်ဖယ်ရှားမှသာ ပျောက်ကင်းနိုင်ပါတယ်။
မိတ်ဆွေရဲ့ လူမြင်နိုင်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းများ ဥပမာ လက်ဖျံ၊ ခြေသလုံး၊ လည်ပင်း၊မျက်နှာ စတဲ့နေရာတွေမှာဖြစ်နေလို့ ကိုယ့်ပုံပန်းသွင်ပြင်အတွက် ဒီအကျိတ်တွေကအနှောင့်အယှက်ဖြစ်နေတယ်ဆိုရင်တော့ ခွဲစိတ်ပြီး အဆီကျိတ်များကို ဖယ်ရှားနိုင်ပါတယ်။
နောက်ခွဲစိတ်သင့်တဲ့အကြောင်းတစ်ခုကတော့ ဒီအဆီကျိတ်လေးတွေက သူတို့ရဲ့အောက်မှာရှိတဲ့ အာရုံကြောတွေကိုဖိမိပြီး နာကျင်မှု၊ ထုံကျင်မှု စတဲ့ ဝေဒနာတွေခံစားလာရပြီဆိုရင်တော့ ခွဲစိတ်ပြီး ဖယ်ရှားသင့်ပါတယ်။
ဇီဝကဆေးခန်းမှာ အတွေ့အကြုံများပြီး တတ်ကျွမ်းနားလည်သော ဆရာဝန်များနဲ့တိုင်ပင်ပြီး အဆီကျိတ်ဖယ်ရှားတဲ့ ခွဲစိတ်ကုသမှုကို ခံယူနိုင်ပါတယ်။
ခွဲစိတ်ရာမှာလည်း ထုံဆေးအသုံးပြုပြီးခွဲစိတ်တာမို့ ခွဲစိတ်စဉ်ကနေ အရေပြားပြန်ပိတ်ချုပ်တဲ့အချိန်အထိ လုံးဝနာကျင်မှုမရှိပါဘူး။
ခွဲစိတ်မှုအသေးစိတ်ကိုသိရှိနိုင်ရန်နဲ့ ကုန်ကျစရိတ်စုံစမ်းနိုင်ရန် ဆေးခန်း Page Messengerသို့မဟုတ် 09761011397ကိုဆက်သွယ် မေးမြန်းနိုင်ပါတယ်။
နှစ်သစ်မှာ အသက်ရှည်အနာကင်း၍ ကိုယ်စိတ်နှစ်ဖြာချမ်းသာကြပါစေခင်ဗျာ။
Disclaimer: We do not own the photographs attached in this article and all copyrights and credits go to rightful owners. This article uses these photographs for educational purposes only.

အားလုံးအတွက် ​ပျော်ရွှင်စရာ နှစ်သစ် ဖြစ်ပါ​စေ။ 🙏🙏🙏
17/04/2025

အားလုံးအတွက် ​ပျော်ရွှင်စရာ နှစ်သစ် ဖြစ်ပါ​စေ။ 🙏🙏🙏

သင်္ကြန်တွင်း ​ဆေးခန်း ဖွင့်ရက် ​ကြေငြာခြင်း📢📢📢သင်္ကြန် အကြို​နေ့💧💦 ​13.4.25 တွင် ပုံမှန်အချိန်အတိုင်း ​ဆေးခန်းဖွင့်ပါသည...
14/04/2025

သင်္ကြန်တွင်း ​ဆေးခန်း ဖွင့်ရက် ​ကြေငြာခြင်း📢📢📢

သင်္ကြန် အကြို​နေ့💧💦 ​13.4.25 တွင် ပုံမှန်အချိန်အတိုင်း ​ဆေးခန်းဖွင့်ပါသည်။

သင်္ကြန်အကျ​နေ့💧💦 14.4.25
​ဆေးခန်းဖွင့်ချိန် မနက် 10နာရီမှ ည​နေ 4နာရီအထိ။

သင်္ကြန်အကြတ်​​နေ့💧💦 15.4.25
​ဆေးခန်းပိတ်ပါသည်။

သင်္ကြန်အတက်​​​နေ့💧💦 16.4.25
​ဆေးခန်းပိတ်ပါသည်။

နှစ်ဆန်း ၁ရက်​နေ့ 🍀 17.4.25
​ဆေးခန်းဖွင့်ချိန် မနက် 10နာရီမှ ည​နေ 4နာရီအထိ။

နှစ်ဆန်း ၂ရက်​​နေ့🍀🍀 18.4.25 မှစ၍ ပုံမှန် အတိုင်း ​ဆေးခန်းပြန်ဖွင့်ပါမည်။

အားလုံးပဲ ကျန်းမာ​ရေး အသိနဲ့ ​​နေထိုင်နိုင်ကြပါ​စေ။ #ပြင်းထန်၀မ်းပျက်၀မ်းလျောရောဂါ #ကာလ၀မ်းရောဂါ
07/07/2024

အားလုံးပဲ ကျန်းမာ​ရေး အသိနဲ့ ​​နေထိုင်နိုင်ကြပါ​စေ။
#ပြင်းထန်၀မ်းပျက်၀မ်းလျောရောဂါ
#ကာလ၀မ်းရောဂါ

သင်္ကြန်အတွင်း ​ဆေးခန်းပိတ်ရက် ​ကြေငြာခြင်း ဇီ၀က​ဆေးခန်းကို သင်္ကြန်ရက်များအတွင်း သင်္ကြန်အကြို​​နေ့, အကျ​နေ့, အကြတ်​နေ့...
07/04/2024

သင်္ကြန်အတွင်း ​ဆေးခန်းပိတ်ရက် ​ကြေငြာခြင်း

ဇီ၀က​ဆေးခန်းကို သင်္ကြန်ရက်များအတွင်း
သင်္ကြန်အကြို​​နေ့, အကျ​နေ့, အကြတ်​နေ့ နှင့် မြန်မာနှစ်ဆန်း တစ်ရက်​နေ့များတွင် ပုံမှန်အတိုင်း ဖွင့်လှစ်သွားမည် ဖြစ်ပါသည်။

သင်္ကြန်အတက်​နေ့ နှင့် နှစ်ဆန်း နှစ်ရက်နေ့မှာ ​ဆေးခန်း ပိတ်ပါမည်။

အားလုံးပဲ ​ပျော်ရွှင်စရာ သင်္ကြန်​နေ့ရက်များ ပိုင်ဆိုင်နိုင်ကြပါ​စေ။ ​ကျန်းမာပျော်ရွှင်စရာ နှစ်သစ် ဖြစ်ပါ​စေ​ကြောင်း Ziwaka Medical Centre မိသားစုမှ ဆုမွန်​ကောင်း ​တောင်းလိုက်ပါတယ်ရှင် 🙏🙏🙏💦💦💦🎉🎊

👉ခန္ဓာကိုယ် အနှံ့အပြားတွင် ဖြစ်တတ်​သော အလုံး အဖု အကြိတ် အမျိုးမျိုး, 👉ရင်သား အဖုအကြိတ် အလုံးအမျိုးမျိုး,👉အသားပို အမျိုးမ...
19/01/2024

👉ခန္ဓာကိုယ် အနှံ့အပြားတွင် ဖြစ်တတ်​သော အလုံး အဖု အကြိတ် အမျိုးမျိုး, 👉ရင်သား အဖုအကြိတ် အလုံးအမျိုးမျိုး,
👉အသားပို အမျိုးမျိုး,
👉မှဲ့အမျိုးမျိုး
👉 အမျိုးသား အမျိုးသမီး တို့၏ သက်ဆိုင်ရာ ​နေရာများတွင် ဖြစ်တတ်​သော အကြိတ် အမျိုးမျိုး

တို့ကိုကျွမ်းကျင် ဆရာ၀န် များနှင့် သက်​တောင့်သက်သာ ရှိရှိ လွတ်လပ်စွာ တိုင်ပင် ​ဆွေး​​နွေးချင်လျှင်​သော်လည်း​ကောင်း, ခွဲစိတ် ဖြတ်ထုတ်ချင်လျှင်​သော်လည်း​ကောင်း ​ဆေးခန်းဖုန်း
09 76 10 11 397 သို့ ဆက်သွယ် booking ယူ၍ ပြသနိုင်ပါပြီ။
Photo credit to original uploader

Credit to own uploader😅😅Ziwaka ​ဆေးခန်းမှာလည်း wifi ချိတ်နိုင်ပါတယ် အဲ​လေ ပုလင်းကြီး ချိတ်နိုင်ပါတယ် 🤭🤭
22/10/2023

Credit to own uploader
😅😅
Ziwaka ​ဆေးခန်းမှာလည်း wifi ချိတ်နိုင်ပါတယ် အဲ​လေ ပုလင်းကြီး ချိတ်နိုင်ပါတယ် 🤭🤭

မိုးဦးကျနှင့် သွေးလွန်တုပ်ကွေးအန္တရာယ်(ကျွန်​တော်တို့ ဇီ၀က​ဆေးခန်းက Dr  Arthur ရေးထား​သော စာများကို ပြန်လည် ကူးယူ​ဖော်ပ...
12/06/2023

မိုးဦးကျနှင့် သွေးလွန်တုပ်ကွေးအန္တရာယ်

(ကျွန်​တော်တို့ ဇီ၀က​ဆေးခန်းက Dr Arthur ရေးထား​သော စာများကို ပြန်လည် ကူးယူ​ဖော်ပြပါသည်။)

ကျွန်တော်တို့ မြန်မာနိုင်ငံမှာ မိုးရာသီရောက်ပြီဟေ့ ဆိုတာနဲ့ ရာသီတုပ်ကွေးနဲ့အတူ ဖောဖောသီသီမြင်ရတွေ့ရတာက သွေးလွန်တုပ်ကွေးရောဂါပါ။
ဒီသွေးလွန်တုပ်ကွေးရောဂါဖြစ်ပွါးပုံကတော့ သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်ပိုး(Dangue Virus)ကို သယ်ဆောင်ထားတဲ့ အေးဒီးစ်အီဂျစ်ပ်တိုင်း(Aedes Egyptii)လို့ခေါ်တဲ့ ခြင်မတွေကိုက်တာခံရပြီးတော့ ကူးစက်ပါတယ်။
​သွေးလွန်တုပ်​ကွေးvirus ပိုးကလည်း subtype 4မျိုးရှိတာမို့လို့ ဖြစ်ပွားတဲ့ ပိုးမတူရင် ​နောက်တစ်ကြိမ် ထပ်ဖြစ်နိုင်ပါ​သေးတယ်။
​နောက်တစ်ကြိမ် ထပ်ဖြစ်ပြီဆိုရင် ယခင် ဖြစ်ပွားမှုများထက် ​ရောဂါ လက္ခဏာ ပိုမို ဆိုးရွားနိုင်ပါတယ်။

🚨🚨အတော်များများနားလည်မှုလွဲနေကြသေးတာက ကလေးတွေပဲသွေးလွန်တုပ်ကွေးဖြစ်တယ်ဆိုပြီးတော့ပါ။
တကယ်တော့ ရောဂါပိုးသယ်ဆောင်ထားတဲ့ခြင်အကိုက်ခံရတဲ့ လူကြီးလူငယ် အသက်အရွယ် ကျားမ မရွေး သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ခံရနိုင်ပါတယ်။

ကလေးငယ်တွေနဲ့ ရောဂါအခံရှိသူတွေ၊ သက်ကြီးရွယ်အိုတွေမှာ ရောဂါပိုမိုဆိုးရွားမှုဖြစ်ပေါ်နိုင်ပါတယ်။

သွေးလွန်တုပ်ကွေးရောဂါမှာဆိုရင် သွေးထဲက သွေးခဲမှုမှာအရေးပါတဲ့ သွေးဥမွှားလေးတွေကျဆင်းပြီး ခန္ဒာကိုယ်တွင်းသွေးယိုစီးမှုဖြစ်ပွါးတတ်ပါတယ်။

ဒါကြောင့်မိုးတွင်းဖျားရင် သွေးလွန်တုပ်ကွေးများလားဆိုတဲ့ သံသယလေးထားပြီးနီးစပ်ရာဆေးခန်းတွေမှာ စစ်ဆေးကြည့်သင့်ပါတယ်။

🕛သွေးလွန်တုပ်ကွေးရောဂါဟာ အဆင့်အနေနဲ့ ၄ဆင့်ရှိပါတယ်။
💉Grade Iက ဖျားမယ်၊ ကိုယ်လက်မအီမသာဖြစ်မယ်။ သွေးပေါင်ချိန်ကိရိယာနဲ့စမ်းတဲ့အခါ လက်ဖျံနေရာမှာ တစ်လက်မပတ်လည်အတွင်း အစက်၂၀နဲ့အထက်ပေါ်ပါမယ် (Hess Test= Positive)
Hess Testဟာ စဖျားတဲ့နေ့ကနေ ၃ရက်မြောက်မှာ စတင်ပြီးစမ်းလို့ရပါတယ်။
ဒီအဆင့်မှာ လူနာကို ဖျားရင် ဆေးတိုက်တာ၊ ဓာတ်ဆားရေတိုက်တာ၊ ရေပိုတိုက်တာ၊ အားရှိမယ့်အစာကျွေးတာတွေလုပ်ပြီး အောက်ကလက္ခဏာတွေ ရှိမရှိ အိမ်မှာစောင့်ကြည့်ရပါမယ်။ ရှောင်ရမယ့်အစားအသောက်တွေကတော့ အနီ/အညို/အမည်းရောင်ပါတဲ့အစားအသောက်တွေပါ။

💉Grade IIမှာတော့ အပေါ်ကလက္ခဏာတွေအပြင် သွေးယိုစိမ့်မှုတွေရှိလာပါပြီ (အနီစက်တွေခန္ဒာကိုယ်အနှံ့ပေါ်လာတာ၊ နှာခေါင်းသွေးလျှံတာ၊ သွားဖုံးသွေးယိုတာ၊ အန်ဖတ်ညိုညို(သွေး)အန်တာ၊ ဝမ်းမည်းမည်း သို့မဟုတ် နီရဲရဲသွေးဝမ်းသွားတာတွေ ဖြစ်ပါတယ်)
ဆေးရုံဆေးခန်းသွားပြပြီး လိုအပ်ရင်ဆေးရုံတင်ပြီး စောင့်ကြည့်ကုသသင့်ရငိ ကုရမယ့်အခြေအနေပါ။

💉Grade IIIကတော့ အပေါ်ကလက္ခဏာတွေအပြင် ခန္ဒာကိုယ်ထဲမှာ သွေးထွက်များတဲ့အတွက် ကိုယ်တွင်းသွေးလှည့်ပတ်မှုစနစ်စတင်ပြီးပျက်စီးလာပါပြီ။ တစ်နည်းအားဖြင့် သွေးလန့်ခြင်းအစပြုမှုဖြစ်ပွါးလာပါပြီ ။(Impending Shock)
ဒီအချိန်မှာ လက်ဖျံလောက်ထိ၊ ခြေသလုံးလောက်ထိ အေးစက်လာတာတွေ၊ သွေးခုန်နှုန်းမြန်လာတာတွေ၊ သွေးခုန်တဲ့ဖိအားကျလာတာတွေ၊ သွေးပေါင်ကျလာတာတွေ၊ အပေါ်သွေးပေါင်ချိန်နဲ့ အောက်သွေးပေါင်ချိန်ကြား နီးကပ်လာတာတွေ ဖြစ်လာပါပြီ။
ဒီအဆင့်မှာမဖြစ်မနေဆေးရုံတင်ပြီး အကြောထဲကနေ ရေနဲ့ဆားဓာတ်ပြန်ဖြည့်တာ၊ လိုအပ်ရင်သွေးသွင်းတာ၊ အနီးကပ် စောင့်ကြပ်ကြည့်ရှုကုသတာတွေလုပ်ရပါတော့မယ်။

💉Grade IVကတော့ Dangue Shock Syndrome (DSS)လို့ခေါ်ပါတယ်။ လုံးဝသွေးလန့်တဲ့အခြေအနေ(Shock)ဖြစ်ပြီး သွေးခုန်နှုန်းစမ်းမရတာတွေ သွေးပေါင်တိုင်းမရတာတွေထိဖြစ်လာပါပြီ။ အသက်အန္တရာယ်အချိန်မရွေးရှိလာနိုင်ပါတယ်။
အဆိုးရွားဆုံးအခြေအနေမို့ ဆေးရုံတင်ပြီးအပေါ်ကအဆင့်အတိုင်း ကုသမှုခံယူရပါမယ်။

​သွေးလွန်တုပ်​ကွေး​ရောဂါအတွက် ကာကွယ်​ဆေး မရှိပါဘူး။🚫

အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်နိုင်တဲ့ရောဂါဖြစ်လို့ သွေးလွန်တုပ်ကွေး မဖြစ်ရလေအောင် ကာကွယ်ရပါမယ်။ ကာကွယ်ပုံကတော့ ခြင်မကိုက်အောင်စီမံရပါမယ်။
နေ့ညဘယ်အချိန်အိပ်အိပ် ခြင်ထောင်နဲ့အိပ်ပါ။ ဖြစ်နိုင်ရင် နေအိမ်တံခါး/ပြတင်းတွေကို ခြင်လုံဇကာတပ်ပါ။ အင်္ကျီလက်ရှည်/ ဘောင်းဘီရှည်လိုမျိုး ခြင်ကိုက်ရမလွယ်ကူမယ့်အဝတ်တွေသာဝတ်ပါ။ နေအိမ်က ခြင်ပေါက်နိုင်တဲ့ ရေဝပ်မယ့်နေရာမှန်သမျှကို ရေမဝပ်အောင် ဖုံးကာထားတာ၊ ဝပ်တဲ့ရေကိုသွန်ပစ်တာ၊ ဘုရားပန်းအိုး/သောက်တော်ရေတွေကို နေ့စဉ်ရေလဲတာ စတဲ့ကိစ္စတွေလည်း အထူးဂရုစိုက်လုပ်ဖို့လိုပါမယ်။ ကလေးတွေကျောင်းပို့တဲ့အခါမှာလည်း ခြင်မကိုက်တဲ့ဆေးလိမ်းပေးတာမျိုးတွေလုပ်နိုင်ရင် ပိုကောင်းပါတယ် (သတိချပ်ဖို့က ခြင်မကိုက်ဆေးလိမ်းပြီးရင် အဲဒီလက်ကိုသေချာပြန်လည်ဆေးကြောပြီးမှ အစာကျွေးတာ စားတာလုပ်ဖို့ပါ)

မြန်မာပြည်သူပြည်သားအပေါင်း ရောဂါနဲ့ဘေးဘယာအပေါင်းဝေးကွာပြီး ကျန်းမာချမ်းသာကြပါစေခင်ဗျာ။

Dr. Arthur

📢📢📢ရာသီဥတု ပြင်းထန်မှုများကြားမှာ ကိုဗစ် အန္တရာယ်ကိုလည်း ထပ်​ဆောင်း သတိထား,ကာကွယ်ကြပါ။ ကျန်းမာ​ရေး ၀န်ကြီးဌာန၏ facebook ...
26/04/2023

📢📢📢ရာသီဥတု ပြင်းထန်မှုများကြားမှာ ကိုဗစ် အန္တရာယ်ကိုလည်း ထပ်​ဆောင်း သတိထား,ကာကွယ်ကြပါ။

ကျန်းမာ​ရေး ၀န်ကြီးဌာန၏ facebook စာမျက်နှာမှ ကူးယူ​ဖော်ပြပါသည်။ 👇👇👇

ပြည်သူလူထုသို့ အသိပေးတိုက်တွန်းနှိုးဆော်ချက်

၁။ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကမ္ဘာ့နိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုအခြေအနေများကို စဉ်ဆက်မပြတ် လေ့လာဆန်းစစ်၍ လိုအပ် သည့် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။

၂။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ (၂၀-၄-၂၀၂၃)ရက်နေ့ထုတ်ပြန်ချက်အရ ကမ္ဘာ့နိုင်ငံ(၃၁)နိုင်ငံနှင့် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများဖြစ်သော အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံအချို့တွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှစတင်၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ မြင့်တက်လာပြီး ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး XBB. 1.16 (Arcturus) ကူးစက်ဖြစ် ပွားမှုများလည်းပါဝင်ကြောင်း တွေ့ရှိရပါသည်။

၃။ မြန်မာနိုင်ငံတွင်လည်း ၂၀၂၃ ခုနှစ်၊ ဧပြီလဆန်းမှစ၍ ကိုဗစ်-၁၉ ရောဂါ ပြည်တွင်းကူးစက် ဖြစ်ပွားမှု အနည်းငယ်မြင့်တက်လာခဲ့ကြောင်း တွေ့ရှိရပါသည်။

၄။ ယခုအချိန်အထိ လေ့လာဆန်းစစ်မှုများအရ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး XBB. 1.16 သည် ကူးစက်ဖြစ်ပွားမှုအားဖြင့် ယခင်တွေ့ရှိခဲ့သည့် မျိုးရိုးဗီဇပြောင်း ရောဂါပိုးများထက် (၁.၂၇)ဆအထိ ပိုမိုမြန်ဆန်သော်လည်း ရောဂါပြင်းထန်မှု၊ ဆေးရုံတက်ရောက် ကုသခံယူရမှုနှင့် သေဆုံးမှုပိုမိုမြင့်မားခြင်းမရှိကြောင်း၊ ကုသမှုတွင်လည်း လက်ရှိအသုံးပြုလျက်ရှိသော ဗိုင်းရပ်စ် ကုသဆေးဝါးများဖြင့် ကုသမှုပေးနိုင်ကြောင်း တွေ့ရှိရပါသည်။ ရောဂါကာကွယ်ရေးအတွက်လည်း မြန်မာနိုင်ငံတွင် လက်ရှိအသုံးပြုလျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများသည် ထိရောက် မှုရှိပြီး ထပ်ဆောင်းကာကွယ်ဆေးထိုးနှံခြင်းဖြင့် ရောဂါကူးစက်ဖြစ်ပွားမှု၊ ရောဂါပြင်းထန်မှု၊ ရောဂါ ကြောင့်သေဆုံးမှုကို လျှော့ချနိုင်ကြောင်း တွေ့ရှိရပါသည်။

၅။ သို့ဖြစ်ပါ၍ ပြည်သူလူထုအားလုံး (အထူးသဖြင့် အသက်အရွယ်ကြီးရင့်သူများနှင့် နာတာရှည် ရောဂါအခံရှိသူများ) အနေဖြင့် -

(က) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှင့် ထပ်ဆောင်းကာကွယ်ဆေးထိုးနှံခြင်းကို အထူး ဂရုပြုဆောင်ရွက်ကြပါရန်၊
(ခ) ရောဂါကူးစက်ဖြစ်ပွားမှု မရှိစေရေးအတွက် အဓိကကျသောရောဂါ ကာကွယ်ရေး နည်းလမ်းများဖြစ်ကြသည့် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ရန်၊ လူထူထပ်သော နေရာများ၊ အလုံပိတ်နေရာများသို့ သွားရောက်ရာတွင် ပါးစပ်နှင့် နှာခေါင်းစည်းကို မဖြစ်မနေ တပ်ဆင်အသုံးပြုခြင်းတို့ကို ဂရုပြုလိုက်နာဆောင်ရွက်ကြပါရန်၊
(ဂ) ကိုဗစ်-၁၉ ရောဂါ သံသယလက္ခဏာများတွေ့ရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံးသွားရောက်ဆက်သွယ်၍ လိုအပ်သည့်စစ်ဆေးကုသမှုကို ခံယူကြရန်၊
(ဃ) ရောဂါကူးစက်ဖြစ်ပွားသူများနှင့် ရောဂါသံသယလက္ခဏာရှိသူများအနေဖြင့် အခြား သူများကို ထပ်ဆင့်ကူးစက်မှုမရှိစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာ၍ မိမိနေအိမ်တွင် အသွားအလာ ကန့်သတ်၍ နေထိုင်ပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန
(၂၃-၄-၂၀၂၃)

10/04/2023

💦💦သင်္ကြန်အတွင်း သင်္ကြန် အကြို​နေ့ (၁၃.၄.၂၃)မှ လွဲ၍ ​ကျန်​နေ့များ ဆေးခန်းဖွင့်ပါတယ်ရှင်။💦💦

🕛​​နေ့လည် ၁၂နာရီမှ ည​နေ ၇နာရီအတွင်း ပြသနိုင်ပါတယ်ရှင်။

☎️​ဆေးခန်းဖုန်း 09 7610 11397 သို့ ဖုန်းကြိုတင်ဆက်ပြီး ဘိုကင် ယူနိုင်ပါတယ်။

Address

No. 7, Awaiyar Street, Ward 8, Hledan, Kamaryut Township

Opening Hours

Monday 08:00 - 20:00
Tuesday 08:00 - 20:00
Wednesday 08:00 - 20:00
Thursday 08:00 - 20:00
Friday 08:00 - 20:00
Saturday 08:00 - 20:00
Sunday 08:00 - 20:00

Telephone

+959761011397

Website

Alerts

Be the first to know and let us send you an email when Ziwaka Clinic Hledan posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Ziwaka Clinic Hledan:

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram