11/06/2025
🪐 𝐀𝐬𝐭𝐫𝐨𝐥𝐨𝐠𝐲 - 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 𝐨𝐟 𝐭𝐡𝐞 𝐒𝐭𝐚𝐫𝐬 🪐
လတ်တလော လူငယ်တွေကြားမှာ အချင်းချင်းတစ်ယောက်နဲ့တစ်ယောက် ဘာ sign လဲဆိုပြီး မေးတာ trend ဖြစ်လာပါတယ်။ ဒီလိုအချင်းချင်း Zodiac Signs တွေမေးကြပြီး ဒီလူက Toxic ဖြစ်လား၊ Playground ဖြစ်လားဆိုပြီး ဆန်းစစ်ကြတာက Astrology တစ်ခုလုံးနဲ့ ကြည့်လိုက်တဲ့အခါမှာ လူတစ်ယောက်ရဲ့ Personality တွေ Character Traits တွေကို တစ်မျိုးထဲ သတ်မှတ်လိုက်ဖို့အထိတော့ Cover ဖြစ်မနေပါဘူး။ လူတွေအကြောင်းကလည်း သိချင်တယ်၊ Astrology ကြီးတစ်ခုလုံးကိုလည်း လေ့လာဖို့အချိန်မရှိဘူး၊ Zodiac Signs တွေအကြောင်းလည်း စိတ်ဝင်စားတယ်ဆိုတဲ့သူလေးတွေအတွက် ဒီစာလေးမှာ ပေါ့ပေါ့ပါးပါးနဲ့ ဖတ်ရလွယ်အောင် ရှင်းပြပေးထားပါတယ် 💖
🪐 𝐖𝐡𝐚𝐭 𝐢𝐬 𝐀𝐬𝐭𝐫𝐨𝐥𝐨𝐠𝐲? 🪐
Astrology (နက္ခတ္တဗေဒ) ဆိုတာ ကြယ်တာရာအစုတွေ၊ ဂြိုဟ်တွေရဲ့ ပြောင်းလဲရွေ့လျားနေမှုအပေါ် မူတည်ပြီး ကမ္ဘာပေါ်က လူသားတွေအပေါ် ဒီကြယ်တွေ၊ ဂြိုဟ်တွေရဲ့အရွေ့တွေကြောင့်ဖြစ်ပေါ်လာတဲ့ Energy သက်ရောက်မှုတွေကို လေ့လာထားတဲ့၊ ကျယ်ပြန့်နက်နဲတဲ့ ပညာရပ်တစ်ခုပဲဖြစ်ပါတယ်။ ကျွန်မတို့ မွေးဖွားလာတဲ့အချိန်မှာ ဖြစ်ပေါ်နေတဲ့ ဒီလိုအာကာသထဲမှာ Planetary Movements ဂြိုဟ်တွေ၊ ကြယ်တွေ ရွေ့လျားနေတဲ့အရာတွေက ကျွန်မတို့တွေရဲ့ ဘဝအပေါ်သက်ရောက်မှု ရှိလာပါတယ်။ ဒီလို မွေးတဲ့အချိန်၊ ရက်၊ လ၊ နှစ်၊ နာရီ၊ မိနစ်၊ စက္ကန့်၊ နေရာတွေပေါ်မူတည်ပြီး Horoscopes လို့ခေါ်တဲ့ Zodiac Signs တွေအနေနဲ့ ခွဲလိုက်ပါတယ်။ ဒါကို Western Astrology မှာဆိုရင် Natal Birth Chart လို့ ခေါ်ပါတယ်။
ဒီ Natal Birth Chart ကနေတဆင့် ကျွန်မတို့ ဘာတွေသိနိုင်လဲဆိုရင်
✨ကိုယ်ဟာ စိတ်အတွင်းထဲမှာဆို တကယ်တမ်းဘယ်လိုလူမျိုးလဲ
✨ဘယ်လိုဘဝရဲ့စိန်ခေါ်မှုတွေကို ကြုံတွေ့ရနိုင်လဲ
✨ဒီဘဝမှာ ဘာတွေကိုလေ့လာသင်ယူဖို့ ရောက်လာသလဲ
✨ကိုယ်ဘယ်လိုတွေးခေါ်လဲ၊ ပေါင်းသင်းဆက်ဆံလဲ၊ ချစ်တတ်လဲ၊ တိုးတက်ပြောင်းလဲလာမလဲစသဖြင့် သိနိုင်ပါတယ်။
ကျွန်မတို့တွေ Natal Birth Chart ကို ကြည့်မယ်၊ တွက်မယ်ဆိုရင် ကိုယ့်ရဲ့ မွေးနေ့ (ရက်၊လ၊နှစ်) ၊ မွေးချိန် (မနက်/ည နာရီ၊ မိနစ်) ၊ မွေးရပ် ( နိုင်ငံ၊ မြို့) တွေ သိရပါမယ်။ မွေးချိန်နဲ့ မွေးရပ်ကတော့ တိတိကျကျသိလေ ပိုကောင်းလေပါပဲ။ မွေးချိန်မသိတဲ့အခါကျရင် Birth Chart တွက်လိုက်တဲ့အခါမှာ Planet (ဂြိုဟ်) တွေဘက်အခြမ်းပဲ ထွက်လာပြီး House System တွေ မပါလာတာမျိုး ဖြစ်တတ်ပါတယ်။ ဒါပေမယ့် အကြမ်းဖျင်းနားလည်ရုံလောက်ပဲဆိုရင်တော့ House System မပါဘဲ Planet တခြမ်းလောက်ကို သိထားရင်ကိုပဲ လုံလောက်ပါတယ်။
Birth Chart ကို ဒီ Link ကနေ တွက်လို့ရပါတယ်
https://astro.cafeastrology.com/natal.php
🪐 𝐙𝐨𝐝𝐢𝐚𝐜 𝐒𝐢𝐠𝐧𝐬 𝐢𝐧 𝐆𝐞𝐧𝐞𝐫𝐚𝐥 🪐
ရာသီခွင် ၁၂ ရှိတာကို လူတိုင်းသိကြမယ်ထင်ပါတယ်။ အဲ့ဒီ ၁၂ ခုကို ဓာတ်ကြီး ၄ ပါးအလိုက် ၃ မျိုး တစ်စုစီ ခွဲထားပါတယ်။
🔥 𝗙𝗶𝗿𝗲 𝗦𝗶𝗴𝗻𝘀 (𝗔𝗿𝗶𝗲𝘀, 𝗟𝗲𝗼, 𝗦𝗮𝗴𝗶𝘁𝘁𝗮𝗿𝗶𝘂𝘀)
ယေဘုယျအားဖြင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတာ၊ ပေါင်းသင်းဆက်ဆံရေးမှာ သွက်သွက်လက်လက်ရှိတာ၊ ဦးဆောင်နိုင်တာမျိုးတွေက Fire Signs တွေရဲ့ ဝိသေသပါ။ အမြဲလိုလို တက်ကြွနေတတ်ကြပါတယ်။
🌊 𝗪𝗮𝘁𝗲𝗿 𝗦𝗶𝗴𝗻𝘀 (𝗣𝗶𝘀𝗰𝗲𝘀, 𝗖𝗮𝗻𝗰𝗲𝗿, 𝗦𝗰𝗼𝗿𝗽𝗶𝗼)
ယေဘုယျအားဖြင့် စိတ်ခံစားချက်ကို ဦးစားပေးကြတဲ့သူတွေပါ။ သူများရဲ့ခံစားချက်တွေကိုလည်း ဂရုစိုက်တတ်ကြပါတယ်။ စိတ်ခံစားချက်ပြင်းထန်ပါတယ်။
🌬️ 𝗔𝗶𝗿 𝗦𝗶𝗴𝗻𝘀 (𝗚𝗲𝗺𝗶𝗻𝗶, 𝗟𝗶𝗯𝗿𝗮, 𝗔𝗾𝘂𝗮𝗿𝗶𝘂𝘀)
ယေဘုယျအားဖြင့် လူတွေနဲ့ ပေါင်းသင်းဆက်ဆံလွယ်တယ်၊ စိတ်ထဲမှာရှိပေမယ့် သိပ်ပြီးထုတ်မပြောတတ်ဘူး၊ အတွေးများတတ်တယ်၊ သိပ်ပြီး ငြိမ်ငြိမ်မနေတတ်ကြတာမျိုးက Air Signs တွေရဲ့ သင်္ကေတပါပဲ။
🪨 𝗘𝗮𝗿𝘁𝗵 𝗦𝗶𝗴𝗻𝘀 (𝗧𝗮𝘂𝗿𝘂𝘀, 𝗩𝗶𝗿𝗴𝗼, 𝗖𝗮𝗽𝗿𝗶𝗰𝗼𝗿𝗻)
ယေဘုယျအားဖြင့် ခေါင်းမာကြတာ၊ ပြောရဆိုရ ခက်တာမျိုးက Earth Signs တွေမှာ အတွေ့များပါတယ်။ အနေအေးပြီး တစ်ခုခုဆို မြန်မြန်ဆန်ဆန်မရှိဘဲ နှေးကြတယ်။ Earth Sign တွေဆိုရင် စကားပြောတာကအစ တွေးရင်းပြောတာ၊ လေသံနှေးနှေးလေးနဲ့ ။
ဒါက ဓာတ်အပေါ်မူတည်ပြီး အတွေ့များတဲ့ပုံစံလေးကို အကြမ်းဖျင်းရေးပြထားတာပါ။ ရာသီခွင်တစ်ခုချင်းစီအလိုက်တော့ ကွာတာမို့ General သဘောလောက် နားလည်ရင်ကို ရပါတယ်။
🪐 𝐀𝐬𝐭𝐫𝐨𝐥𝐨𝐠𝐲 𝐢𝐬 𝐒𝐞𝐥𝐟-𝐚𝐰𝐚𝐫𝐞𝐧𝐞𝐬𝐬 🪐
ကျွန်မတို့တွေက တစ်ယောက်နဲ့တစ်ယောက်အကြောင်း ပြောချင်တဲ့အခါမှာ သူကတော့ဖြင့် Virgo ကြီး၊ သူက Gemini ကြီး စသဖြင့်ပေါ့နော် ... ကိုယ်ကြိုက်တဲ့အကျင့်စရိုက်ကိုပဲဖြစ်ဖြစ်၊ မကောင်းတာကိုပဲဖြစ်ဖြစ် ပြောချင်တဲ့အခါမျိုးမှာ Zodiac Signs တွေကို သုံးပြီးပြောလာကြတယ်။ ဒါက မွေးလပေါ်မူတည်ပြီးခွဲထားတဲ့ Sun Sign ကို အဓိကထားပြီး ပြောကြတာပါ။ တကယ်တမ်း လူတစ်ယောက်အကြောင်းကို ဆန်းစစ်ချင်ရင် Birth Chart တစ်ခုလုံးအထိ နားမလည်နိုင်သေးရင်တောင် Sun, Moon, Venus, Rising ကို အကြမ်းဖျင်းနားလည်သဘောပေါက်ထားရင် ရပါတယ်။
☀️ 𝗦𝘂𝗻
ကိုယ့်ရဲ့ Personality, Ego တွေကို Sun Signs ကနေ သိနိုင်ပါတယ်။ ကျွန်မတို့တွေ ပြောပြောနေကြတဲ့ သူက ဘာ Sign လဲဆိုတာ Sun Sign ကို အဓိကဆိုလိုတာပါ။ ဒါပေမယ့် Sun Sign တစ်ခုထဲနဲ့ လူတစ်ယောက်က ဒီလို၊ ဒီပုံစံပါဆိုပြီး သတ်မှတ်လိုက်လို့ မရပါဘူး။
🌙 𝗠𝗼𝗼𝗻
လူတစ်ယောက်ရဲ့ Emotions စိတ်ခံစားချက် နဲ့ Mood စိတ်အတက်အကျအခြေအနေတွေကို Moon Signs က ဖော်ပြပါတယ်။ လူတွေရဲ့ Sensitive ဖြစ်တဲ့ Touch Point တွေအလိုက် ပြောင်းလဲသွားတဲ့ပုံစံတွေ၊ စိတ်ခံစားချက်အလိုက် Personality ပြောင်းသွားတာမျိုးတွေကို Moon Sign ကို နားလည်ထားခြင်းအားဖြင့် သိနိုင်ပါတယ်။
🩷 𝗩𝗲𝗻𝘂𝘀
လူတစ်ယောက်ရဲ့ ချစ်တဲ့ပုံစံ၊ အချစ်ရေး၊ စန်းတွေကို Venus က ပြပါတယ်။ Talent တွေအပေါ်မှာ ဘယ်လောက် Passionate ဖြစ်တယ်ဆိုတာကိုလည်း ဖော်ပြပါတယ်။လူတစ်ယောက် ချစ်တဲ့ပုံစံက Sun Sign ထက် Venus ပေါ်မှာ အများကြီးမူတည်ပါတယ်။
✨ 𝗥𝗶𝘀𝗶𝗻𝗴
လူတွေရဲ့ ကိုယ့်အပေါ်မြင်တဲ့ First Impression ကို ဖော်ပြပါတယ်။ ကိုယ့်အပေါ် အများကမြင်တဲ့ Appearance ၊ အပြောအဆို ၊ မြင်တဲ့အမြင်တွေက Rising ပေါ်မူတည်ပြီး ကွဲပါတယ်။ ဒီလူက မာနကြီးမှာလား၊ သဘောကောင်းမှာလား စသဖြင့် စစမြင်ခြင်းမှာ လူတစ်ယောက်ကို အကဲခတ်လိုက်တဲ့အချိန်မှာ မြင်ရတဲ့ပုံစံက Rising ကိုပဲ ဖြစ်ပါတယ်။ Rising မှာရှိနေတဲ့ ရာသီခွင်ပေါ်မူတည်ပြီး Impression အမြင်တွေကွဲသွားပါတယ်။
Rising ကတော့ House 1 အနေနဲ့မို့ House System ထဲပါတဲ့အတွက် မွေးချိန်ကို သိမှသာ သိနိုင်မယ့်အရာဖြစ်ပါတယ်။
Astrology ကို လေ့လာရင်းနဲ့ ကိုယ့်အကြောင်းကို အများကြီး သိနားလည်လာပါလိမ့်မယ်။ ကိုယ့်ရဲ့ Sun Sign က ခေါင်းမာတဲ့ Ta**us ကြီးဖြစ်နေပေမယ့် ဘာကြောင့် ခဏခဏ ဝမ်းနည်းနေတတ်လဲ၊ စိတ်က Sensitive ဖြစ်တတ်လဲဆိုရင် Moon Sign က Pisces ဖြစ်နေတာကြောင့်ကိုးဆိုပြီး တဖြည်းဖြည်းချင်း ကိုယ့်ရဲ့အကျင့်တွေ၊ စိတ်နေသဘောထားတွေကို နားလည်လာပါတယ်။ ဒါ့အပြင် သူများကိုဆိုလည်း လူတစ်ယောက်က Gemini မို့ Play တော့မှာပဲလို့ တန်းမတွေးဘဲ သူ့ရဲ့ Venus Sign က Water Signs ဖြစ်နေရင် တမျိုးပြောင်းသွားနိုင်တယ်ဆိုတာကို နားလည်လာပါလိမ့်မယ်။ ဒါဆို သူက ဘာ Sign ကြီးမို့ Toxic တယ်၊ Play တယ်ဆိုတာတွေ လျော့လာပြီး ငါ့ Venus ကြောင့် ငါကသာ Toxic ပဲဆိုတာမျိုး အတွေးလေးတွေလည်း ပြောင်းသွားနိုင်ပါတယ် 😆 ကျွန်မ ပညာရပ်တွေကို လေ့လာရင်းနဲ့ Astrology ကို အစက ရှုပ်လိုက်တာလို့ တွေးခဲ့ဖူးတယ်။ နောက်ပိုင်း ဘာလို့သဘောကျလာလဲဆိုရင် လူတွေကို တော်တော်နားလည်ပေးနိုင်လာတာကြောင့်လည်း ပါတယ်။ ငါက Ta**us Traits တွေများလို့ ဒီလိုတွေးပြီး ဒီလိုပြောပေမယ့် ဟို Aries ကတော့ ဒီလိုတွေးမှာ မဟုတ်ဘူးပဲဆိုပြီး ပိုသိလာတာမျိုးပေါ့ 😂
Astrology တွေ လေ့လာတဲ့အခါမှာ မိနစ်ပိုင်းပဲကွာတဲ့ အမြွှာတွေတောင် ဘဝလမ်းကြောင်းတွေ၊ အကျင့်တွေ မတူညီတာမို့ မွေးတဲ့အချိန် မိနစ်၊ စက္ကန့်တွေပေါ်မူတည်ပြီး Birth Chart ရဲ့ House တွေ၊ Degree တွေကအစ ကွဲပြားတာကို နားလည်ပြီး လူတွေကို Zodiac Signs တစ်ခုထဲနဲ့ ပုံစံခွက်ထဲသွင်းလိုက်လို့မရတာကို နားလည်ထားဖို့တော့ လိုပါတယ်။
✨ 𝐀𝐬𝐭𝐫𝐨𝐥𝐨𝐠𝐲 𝐝𝐨𝐞𝐬𝐧'𝐭 𝐜𝐨𝐧𝐭𝐫𝐨𝐥 𝐲𝐨𝐮 - 𝐢𝐭 𝐠𝐮𝐢𝐝𝐞𝐬 𝐲𝐨𝐮 ✨
ဒီ Post လေးမှာတော့ Intro အနေနဲ့မို့ ဒီလောက်နဲ့ နားပါဦးမယ်နော် 💕 Astrology နဲ့ပတ်သက်ပြီး ထပ်ပြီး sharing လုပ်ပေးသွားမှာမို့ Page လေးကို Like လုပ်ထားဖို့ မမေ့နဲ့နော်။ သိချင်တဲ့အပိုင်းလေးတွေကိုလည်း Comment မှာ ရေးသွားလို့ရပါတယ်
𝗙𝗲𝗲𝗹 𝗳𝗿𝗲𝗲 𝘁𝗼 𝗰𝗼𝗺𝗺𝗲𝗻𝘁 𝗮𝗻𝗱 𝘀𝗵𝗮𝗿𝗲 𝘆𝗼𝘂𝗿 𝘁𝗵𝗼𝘂𝗴𝗵𝘁𝘀✌️
𝗪𝗶𝘁𝗵 𝗹𝗼𝘃𝗲 𝗱𝗲𝗲𝗽𝗲𝗿 𝘁𝗵𝗮𝗻 𝘄𝗼𝗿𝗱𝘀,
𝗡𝗮𝗹𝗮
-
Reading ယူလိုပါက Page Messenger ကနေတဆင့် ဆက်သွယ်နိုင်ပါတယ်။
အချစ်ရေးနဲ့ပတ်သက်ပြီး သိချင်တဲ့သူတွေအတွက်
❤️𝗟𝗼𝘃𝗲 𝗟𝗮𝗻𝗲 𝗦𝗲𝗿𝗶𝗲𝘀❤️
https://www.facebook.com/share/p/16NWcXcRaD/?mibextid=wwXIfr
အလုပ်အကိုင်၊ 𝗖𝗮𝗿𝗲𝗲𝗿 ပိုင်းနဲ့ ပတ်သက်ပြီး သိချင်တဲ့သူတွေအတွက်
🩵𝗣𝗮𝘁𝗵 𝗼𝗳 𝘁𝗵𝗲 𝗣𝗿𝗼𝗳𝗲𝘀𝘀𝗶𝗼𝗻𝗮𝗹 𝗦𝗲𝗿𝗶𝗲𝘀🩵
https://www.facebook.com/share/p/1LsrGDPH7V/?mibextid=wwXIfr
𝗦𝗽𝗶𝗿𝗶𝘁𝘂𝗮𝗹 𝗛𝗲𝗮𝗹𝗶𝗻𝗴 ပိုင်းနဲ့ပတ်သက်ပြီး သိချင်တဲ့သူတွေအတွက်
💜𝗧𝗵𝗲 𝗜𝗻𝗻𝗲𝗿 𝗕𝗹𝗼𝗼𝗺𝗶𝗻𝗴 𝗦𝗲𝗿𝗶𝗲𝘀💜
https://www.facebook.com/share/p/12C21CTXzR8/?mibextid=wwXIfr
𝗤𝘂𝗮𝗹𝗶𝘁𝘆 𝗥𝗲𝗮𝗱𝗶𝗻𝗴 ဖြစ်စေဖို့ ဦးစားပေးမို့ တစ်ရက်ကို အများဆုံး (၆) ယောက်ဝန်းကျင်ပဲ ကြည့်ပေးဖြစ်တဲ့အတွက် 𝗙𝗶𝗿𝘀𝘁 𝗖𝗼𝗺𝗲, 𝗙𝗶𝗿𝘀𝘁 𝗦𝗲𝗿𝘃𝗲𝗱 ပါ ✨
𝗙𝗲𝗲𝗱𝗯𝗮𝗰𝗸 & 𝗧𝗲𝘀𝘁𝗶𝗺𝗼𝗻𝗶𝗮𝗹𝘀
https://www.facebook.com/share/154358ZXi7/?mibextid=wwXIfr
https://www.facebook.com/share/1Laf2subXb/?mibextid=wwXIfr
𝗠𝘆 𝗣𝗼𝗿𝘁𝗳𝗼𝗹𝗶𝗼
https://www.facebook.com/share/15SsupN8HZ/?mibextid=wwXIfr
pic crd