Oxy Right Myanmar

Oxy Right Myanmar Life sure oxygen concentration product

🐉YEAR OF THE DRAGON🐉 🎉Happy Chinese New Year 2024🎉 🧧Gong Xi Fa Cai🧧Wish you a  happy Lunar New Year, and healthy and pro...
09/02/2024

🐉YEAR OF THE DRAGON🐉
🎉Happy Chinese New Year 2024🎉

🧧Gong Xi Fa Cai🧧

Wish you a happy Lunar New Year, and healthy and prosperous!

နဂါးနှစ်မှာ မိတ်ဟောင်းမိတ်သစ်များအားလုံး စီးပွါးလာဘ်လာဘတွေ ပေါကြွယ်ဝပြီးစိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေကြောင်း Win Luck General Trading မိသားစု မှ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်

WLGT Property Group

" ဗိုက်ပူတာ ဘာကြောင့်လဲ ?လူအများစုရဲ့အထင်က ဗိုက်ပူတာဟာဝမ်းဗိုက်မှာအဆီတွေ စုပါများပြီးအဆီတွေအခေါက်တွေ ထူလာလို့ဖြစ်ရတာလို့...
26/01/2023

" ဗိုက်ပူတာ ဘာကြောင့်လဲ ?

လူအများစုရဲ့အထင်က ဗိုက်ပူတာဟာ
ဝမ်းဗိုက်မှာအဆီတွေ စုပါများပြီး
အဆီတွေအခေါက်တွေ ထူလာလို့ဖြစ်ရတာလို့ပဲ
ထင်နေကြပါတယ်။
အဲဒါတစ်ခုတည်းကြောင့်တော့ မဟုတ်ဘူး။
လူတွေ သတိမထားမိကြသေးတဲ့
အကြောင်းတစ်ခု ရှိနေပါသေးတယ်။
အဲဒါကတော့ အူမကြီးတွေ
ကြီးမားတုတ်ခိုင်လွန်း နေလို့
ဗိုက်ပူထွက်နေကြရခြင်း ပဲဖြစ်ပါတယ်။
အထူးသဖြင့် အသက်ကြီးလာလို့
ဗိုက်ပူထွက် လာကြရသူတွေဟာ
အဲဒီ့အူမကြီးတွေ တုတ်ခိုင်ကြီးမားလာလို့
ဖြစ်ရတာ များပါတယ်။

အူမကြီးတွေ ဘာကြောင့် ကြီးမား
တုတ်ခိုင်လာကြရတာလဲ။ဖြစ်စဉ်ကတော့
အနှစ်နှစ်အလလ အစားအစာတွေကို
စားလာခဲ့ရာကနေ ဖြစ်လာရတာပါပဲ။
အစာစားလိုက်တဲ့ အခါမှာ အစာဟောင်းတွေဟာ
အူမကြီးထဲကို ရောက်ရှိပြီး အထိုင်ချပါတယ်။
အဲဒီ အစာဟောင်းတွေဟာ
ရှေ့ကိုမြန်မြန်တိုးပြီး မစင်အဖြစ်
ခန္ဓာကိုယ်ပြင်ပကို ထွက်သွားဖို့လိုပါတယ်။

သို့သော်လဲ လူက ရေသောက်နည်းခြင်း
အမျှင်စာ စားတာနည်းခြင်း
လှုပ်ရှားမှု နည်းခြင်းတွေကြောင့်
အစာဟောင်းတွေဟာရှေ့ကို
မြန်မြန် မတိုးနိုင်ကြဘူး။
အဲဒီ့အခါမှာ အူမကြီး အတွင်းနံရံတွေမှာ
မစင်တွေကချိုး(ဂျိုး)အဖြစ် ကပ်ကပ်လာပါတယ်။
ဒီဖြစ်စဉ်မျိုးက အမြဲတန်းဖြစ်လာရာက
ကြာတော့ အူမကြီးတွေ အလုံးတုတ်တုတ်လာပြီး
ဗိုက်ကြီးက ပူထွက်လာတော့ တာပေါ့။
ထင်ရှားတဲ့ ဥပမာနဲ့ ပြောရရင်
သံကောင်တွေ အများကြီးရှိတဲ့ ကလေးတွေ
ဗိုက်ပူနေတဲ့ ပုံစံမျိုးပါပဲ။

အမေရိကန်နိုင်ငံက ဗိုက်အလွန်ပူတဲ့
လူတစ်ယောက်သေသွားလို့ သူ့အလောင်းကို
ခွဲစိတ်ကြည့်ကြပါတယ်။ဗိုက်ကို ခွဲလိုက်ရာမှာ
သူ့ရဲ့အူမကြီးတွေဟာ အလွန်ကိုကြီးမား
တုတ်ခိုင်နေတာကို တွေ့ကြပါတယ်။
အဲဒီအူမကြီးကို ခွဲလိုက်ရာမှာတော့
ကြောက်စရာကောင်းလောက်အောင်
နံစော်နေတဲ့ မစင်ချိုးတွေ ကပ်နေတာကို
တွေ့ရတယ်လို့ဆိုပါတယ်။အနှစ်နှစ်အလလက
စုအောင်းလာတဲ့ မစင်ချိုးတွေကြောင့်
အူမကြီးတွေ တုတ်ခိုင်ကြီးမားပြီး
ဗိုက်ပူထွက်လာခြင်းဖြစ်ပါတယ်။
လူတစ်ယောက်ရဲ့အူအရှည်ဟာ
၂၆ ပေကနေ ပေ ၃၀ လောက်အထိ ရှည်ပါတယ်။
အဲ့လောက်ရှည်တဲ့ အူတွေတုတ်ခိုင်ကြီးမားနေတော့
ဝမ်းဗိုက်ကလည်း ပူထွက်လာတော့တာပေါ့။

အူမကြီးတွေမှာမစင်ချိုးတွေ များနေခြင်းဟာ
လူကိုရောဂါများစေပြီး အသက်လည်း
တိုတတ်ပါတယ်။ဘာကြောင့်လဲဆိုတော့
အဲဒီမစင်ချိုးတွေကနေ ထွက်လာတဲ့
အဆိပ်အတောက်တွေဟာ အူနံရံတွေကနေ
ဝင်ပြီးတစ်ကိုယ်လုံးကို ပျံ့နှံ့ရောက်ရှိပြီး
ရောဂါဖြစ်စေလို့ပဲ ဖြစ်ပါတယ်။
ဒါကြောင့် အဲဒီ မစင်ချိုးတွေကို
ဖယ်ရှားရှင်းလင်းဖို့ လိုအပ်ပါတယ်။
မစင်ချိုးတွေကို ဘယ်လို ရှင်းလင်း
ဖယ်ရှားပစ်ရမလဲ။

နိုင်ငံခြားမှာတော့ဝမ်းချူတဲ့ စက်တွေနဲ့
စအိုကနေ ဆေးရည်သွင်းပြီး ဖယ်ရှားကြပါတယ်။
၇ကြိမ်လောက် ဝမ်းချူလိုက်ပြီးနောက်မှာ
မစင်ချိုးတွေ ရှင်းသွားပြီး ဗိုက်လည်းချပ်
နေလို့ထိုင်လို့လည်း ကောင်းသွားကြတယ်လို့
ဆိုပါတယ်။ကျနော်တို့ တိုင်းပြည်မှာတော့
အဲ့ဒီ့လောက် ခေတ်မမှီသေးဘူး
ဒါကြောင့်မြန်မာ့နည်းမြန်မာ့ဟန်နဲ့ပဲလုပ်ကြတာပေါ့။

မြန်မာတွေ အလွန်နှစ်သက်တဲ့
ဟင်းအမယ်တွေရှိပါတယ်။
အဲဒီ့ထဲမှာ ထမင်းကို အလွန်မြိန်စေတတ်တဲ့
ကင်ပွန်းချည်ကို မကြိုက်သူ မရှိသလောက်ပါပဲ။
ကြော်ချက်အဖြစ်၄င်း ဟင်းချိုအဖြစ်၄င်း
ချက်စားကြပါတယ်။ကင်ပွန်းသီးကိုလည်း
တရော်နဲ့ တွဲပြီးခေါင်းလျှော်ကြပါတယ်။
ကင်ပွန်းပင်ဟာ ဆပ်ပြာကဲ့သို့
ဆေးကြောပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။
ကင်ပွန်းချဉ်ရွက်ကို ဟင်းချိုအဖြစ်
အရသာရှိအောင် ခပ်ပျစ်ပျစ်ချက်ပြီး
နေ့လယ် ထမင်းစားချိန်မှာ ထမင်းနဲ့အတူ
အားရပါးရစားပါသောက်ပါ။
တစ်ပန်းကန်လုံး ကုန်အောင်သောက်ပစ်လိုက်ပေါ့။
အဲဒီကင်ပွန်းချဉ်က အူမကြီးထဲရောက်ရင်
မစင်ချိုးတွေကို နှူးပေးပါလိမ့်မယ်။

ရှေ့ကဆပ်ပြာနဲ့ နှူးထားပြီးရင်
နောက်က တံမြက်စည်းနဲ့လှဲပြီး
သန့်ရှင်းရေး လုပ်ပေးရပါတယ်။
ဒါကြောင့်ညနေဘက်မှာ အမျှင်ဓါတ်ကြွယ်ဝတဲ့
ဂေါရခါးညွန့်လို အရွက်အညွန့်တွေ
ဗိုက်ဝတဲ့ အထိ ကြော်စားပေးပါ။
ညအိပ်ယာမဝင်ခင် ပန်းသီးတစ်လုံးစားပြီး
အိပ်လိုက်ပါ။အူတွေ လှိုင်းထအောင်
ညနေဘက်မှာ လမ်းလျှောက်ထွက်ပေးပြီး
ရေများများသောက်ဖို့လည်း လိုပါတယ်။

အဲ……နောက်နေ့ မနက်မှာတော့
တကွီကွီတစီစီနဲ့ E ပါပြီး အူမကြီးထဲက
မစင်ချိုးတွေ အကျိအချွဲတွေအရိအရွဲတွေ
ထွက်ကျလာလိမ့်မယ်။
ဝမ်းခိုင်တဲ့ သူတွေကတော့ ဝမ်းနူးပါလိမ့်မယ်။
တစ်ပတ်တစ်ခါလောက် ပုံမှန်လေးလုပ်ပေးရင်
၁ နှစ်လောက်အကြာမှာ
သိသိသာသာ ဗိုက်ချပ်ပါတယ်။
နေလို့လည်း ကောင်းသွားလိမ့်မယ်။
အသက်ကြီးလာလို့ ဗိုက်ပူလာပြီး
အစားလျှော့ပေမဲ့ ဗိုက်မချပ်သူများ
ဒီနည်းကို စမ်းကြည့်နိုင်ပါတယ်။
ဗိုက်လေးချပ်မှလည်း
ကြည့်ကောင်းတာ မဟုတ်လား……………

Crd writer
အသီးအနှံတွေနဲ့ အူရှင်းဗိုက်ချပ်ဖို့ အချိန်မပေးနိုင်သူတွေကတော့ အမျှင်ဓာတ်တွေပါဝင်တဲ့ အသီးအနှံတွေနဲ့ ဖော်စပ်ထားတဲ့ Fiber Detox တွေနဲ့ အူရှင်းနိုင်ပါတယ်✅
crd:

17/07/2022

#ကိုဗစ်_B5

အခု မြန်မာပြည်မှာ စဖြစ်နေပြီဖြစ်တဲ့
ကိုဗစ်B5 ရဲ့ လက္ခဏာတွေ လေ့လာမိသလောက်..
လူနာဟာ....


ရင်ခေါင်းရောင် ခြင်း
အပူနာဖြစ်၍
ညပိုင်းမှာ ဗိုက်အောင့်ဗိုက်ရစ်ဖြစ်ပြီး ဝမ်းစသွားပါမယ်

သိုင်းရွိုက်ရောင်မယ်..

လည်ပင်းစနာလာတယ်၊ ရင်ခေါင်းထဲမှာ တစ်ဆို့ကြီး ဖြစ်နေမယ်၊ အဓိက ချွဲတွေစပိတ်လာမယ်၊ အဲဒီအချိန် တချို့မှာ အသက်ရှူကြပ်တဲ့ လက္ခဏာတွေ စပြလာမယ်၊ SpO2 တိုင်းပြီး အောက်စီဂျင် သွေးတွင်းပမာဏကို စောင့်ကြည့်နေရမယ်၊
ထိုင်းမှိုင်းနေမယ်၊ အစာမဝင်တော့ဘူး၊ ညဖက်တွေ အိပ်မပျော်တော့ဘူး၊ လည်ပင်းထဲ နေလို့မကောင်းတော့ဘူးတွေ စဖြစ်လာပါမယ်

ငယ်ထိပ် ခဲလာပြီး ဦးဏှောက်အမြှေးပါးရောင်ခြင်း

- နှာခေါင်းထဲ အနံ့အာရုံ၊ ပါးစပ်ထဲက အရသာတွေ ပျောက်သွားမယ်၊ ခါးသက်သက်နဲ့ အစပ်အရသာတွေလောက်ပဲ အီလည်လည်ရမယ်၊ အစာလုံးဝမစားချင်ဘူး၊ မစားရင်လည်း အားပြတ်မယ်၊ ကြိတ်မှိတ်ပြီးစားရသလို အအေးမမိအောင်လည်း နေရတယ်၊ ညပိုင်းမှာ နှာခေါင်းထဲ မီးခိုး‌နံ့ကြီးပဲ ကျန်ခဲ့မယ်၊ ဆား‌ရည်နဲ့ နှာခေါင်းတွင်းကို ဆေးပေးရမယ်
တင်ပါး ခဲမယ်

ဦး​​ခေါင်း နာဗ်ကြောများ ရောင်ခြင်း

ချမ်းစိမ့်ပြီး ကိုယ်လက်တွေ မအီမသာစဖြစ်မယ်၊ ခေါင်းတွေ အုံလာမယ်၊ သိသိသာသာကြီးအားနည်းလာမယ်

တစ်ဝက်လောက်က စဖျားမယ်၊ ချမ်းတုန်နေမယ်၊ အများစုက မခံနိုင်လောက်အောင် ခေါင်းစကိုက်မယ်၊ ကိုယ်တွေလက်တွေ ရိုက်ထားသလိုနာမယ်၊

ဂုတ်ဆက် ခဲခြင်း

- နှာစစီးလာမယ်၊ နှာရည်ယိုမယ်၊ နှာခေါင်းပိတ်မယ်၊ ခေါင်းပြင်းထန်စွာကိုက်တာနဲ့ ရင်ဘတ်ထဲ နေမသိထိုင်မသာဖြစ်တာနဲ့ တွဲမယ်၊

လက်ပြင်ရောင်ခြင်း

တချို့လူတွေမှာ chest painလို့ ခေါ်တဲ့ ရင်ဘတ်အောင့်တာပါဖြစ်မယ်၊ ချွဲတွေ ပိုပျစ်ပြီး အရောင်ပြောင်းလာမယ်၊ ညဖက်တွေမှာ ချွေးတွေနစ်နေအောင် ထွက်တတ်တယ်၊ အဆုတ်ကို အအေးထပ်မမိအောင် သတိထားပါ


အာရုံကြောတော်တော်များများ အကုန်နီးပါးကို ဖျက်ဆီး ပစ်လိုက်တာပါပဲ... Omicron အစနဲ့ BA.2ထက် သုံးလေးဆပိုထိတယ်၊ အဓိကအ‌နေနဲ့ တစ်ယောက်ကနေ တစ်ယောက်ကူးစက်တာ အရမ်းမြန်တယ်၊ အခုစကားလေးငါးခွန်းပြောလိုက်၊ ချက်ချင်းကူးသွားနိုင်ပြီး နောက်ရက် လက္ခဏာ စပြတော့တာပဲ၊ ပြဿနာက ကလေးတွေကိုပါ ကူးစက်ပြီး ကိုဗစ်လက္ခဏာတွေ ခံစားရတာပဲ

ုပ်ပြီးအိမ်မှာပဲနေမည့်လူအများစု
လိုအပ်မည့်ဆေးတွေကတော့
Paracetamol လိုမျိုးအဖျားကျဆေး၊
Ibuprofenလိုမျိုး အကိုက်အခဲပျောက်ဆေး၊
Acetylcysteine - ACCလိုမျိုး ချွဲပျော်ဆေး၊
ဝမ်းလျောဝမ်းပျက်တာနဲ့ စသောက်ဖို့ Probiotics၊
တို့ဆောင်ထားသင့်ပါသည်..

Crd/Naing Nyi

================================

အခုအချိန်အထိ မြင်ဖူးသမျှထဲမှာ ကိုဗစ် ၁၉ မျိုးကွဲသစ် ဘီအေ ၅ က အဆိုးဆုံးမျိုးကွဲအဖြစ် အမေရိကန်ဆေးပညာရှင် သတ်မှတ်

အမေရိကန်ဆေးပညာရှင် ဒေါက်တာ အဲရစ် တိုပေါလ်က ကိုဗစ် ၁၉ မျိုးရိုးဗီဇပြောင်းရောဂါပိုး ဘီအေ ၅ ဟာ အရင်မျိုးကွဲတွေထက် လူတွေကို ပိုမိုကြာရှည်စွာ ဗိုင်းရပ်စ်ကူးစက်ခံရပြီး ဖျားနာစေနိုင်တယ်လို့ ယူဆထားပါတယ်။ အဲဒီမျိုးကွဲသစ်ကို အခုအချိန်အထိတွေ့မြင်ခဲ့သမျှထဲမှာ အဆိုးရွားဆုံးမျိုးကွဲအဖြစ် ဒေါက်တာ အဲရစ်က အမည်တပ်ထားပါတယ်။

သူ့ကို ဒီမျိုးကွဲသစ်ရဲ့ပြင်းထန်တဲ့ ခုခံအားနဲ့ ကူးစက်နိုင်မှုတွေအပေါ် စိုးရိမ်မှုတွေ မြင့်တက်လာစေခဲ့ပါတယ်။ ဘီအေ ၅ မျိုးကွဲက ဆဲလ်အတွင်းထဲ ပိုမိုကောင်းမွန်စွာ ဝင်ရောက်နိုင်စွမ်းရှိပြီး ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ ဖြစ်ပေါ်စေတဲ့၊ ဆေးရုံတက်ရောက်မှုနှုန်းများစေတဲ့ ကိုဗစ် ၁၉ ဒယ်တာမျိုးကွဲနဲ့ ဆင်တူတယ်လို့ ဒေါက်တာအဲရစ်ရဲ့သုတေသနပြုချက်တွေက ဆိုပါတယ်။

ဒေါက်တာ အဲရစ်က ဘီအေ ၅ မျိုးကွဲဟာ ဒယ်တာမျိုးကွဲနဲ့ ဆင်တူတဲ့အပေါ် စိုးရိမ်နေပေမဲ့ ဘီအေ ၅ မျိုးကွဲက ပိုမိုပြင်းထန်စေတဲ့ ရောဂါမျိုးကို ဖြစ်စေနိုင်မလားဆိုတာ ပြောပြဖို့ စောလွန်းသေးတယ်လို့ ဆိုပါတယ်။

သေသေချာချာရှင်းရှင်းလင်းလင်းမသိရသေးပေမဲ့ ဒယ်တာလို ဆဲလ်ကူးစက်မှုလက္ခဏာရပ်တွေတော့ သေချာပေါက်ဖြစ်လိမ့်မယ်လို့ ဒေါက်တာ အဲရစ်က ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်နှစ်ပတ်အတွင်း နိုင်ငံတကာမှာ ကိုဗစ်ရောဂါကူးစက်ခံရသူ ၃၀ ရာခိုင်နှုန်း ခုန်တက်သွားခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့အဆိုအရ သိရပါတယ်။

,
,

Ref: Ladbible "Doctor Says Latest Covid-19 Strain BA.5 Is The 'Worst Variant We Have Seen So Far' "

WL ( ရိုးရာလေး )

#မောင်ဒီပါမှပြန်လည်မျှဝေခြင်းဖြစ်ပါသည် ။

 #အိုမီခရွန်_BA.4 နှင့် BA.5 တို့၏ လက္ခဏာများလက်ရှိကိုဗစ်လူနာများမှာ မျိုးကွဲအသစ် (၂) မျိုးကို တွေ့လာရပါတယ်။ BA.4 နှင့် ...
11/07/2022

#အိုမီခရွန်_BA.4 နှင့် BA.5 တို့၏ လက္ခဏာများ

လက်ရှိကိုဗစ်လူနာများမှာ မျိုးကွဲအသစ် (၂) မျိုးကို
တွေ့လာရပါတယ်။ BA.4 နှင့် BA.5 တို့ ဖြစ်ပါတယ်။

လက်ရှိအချက်အလက်များအရ BA.4 နှင့် BA.5 ဟာ စိုးရိမ်စရာကောင်းတဲ့အကြောင်းအရင်းကို တွေ့လာရပါတယ်။
သူဟာ immunity ကို ထိုးဖောက်နိုင်တယ်လို့ ဆိုပါတယ်။

BA.4 နှင့် BA.5 မျိုးကွဲအကြောင်း သိကောင်းစရာများ
အိုမီခရွန်မျိုးကွဲများထဲမှာ BA.4 နှင့် BA.5 ဟာ ကာကွယ်ဆေးမှ ရရှိလာသည့် ကိုယ်ခံအားများကို ခုခံနိုင်သည့် မျိုးကွဲများ ဖြစ်ပါတယ်။

ဒီမျိုးကွဲဟာ အလွယ်တကူကူးစက်နိုင်ပြီး ကိုယ်ခံအားစနစ်များဆီကို ဗိုင်းရပ်စ်များက ကောင်းစွာ ရောက်ရှိလာနိုင်ပါတယ်။

မျိုးကွဲနှစ်မျိုးစလုံးဟာ ယခင်အိုမီခရွန်မျိုးကွဲများထက် ကောင်းစွာ ကူးစက်နိုင်ပြီး ကူးစက်မှုနှုန်းလည်း ပိုမိုမြန်ဆန်
ပါတယ်။

ကူးစက်မှုဟာ ပိုမိုမြန်ဆန်သလို ကူးစက်ခံရသည့်သူများဟာလည်း အဆုတ်နှင့်ဆိုင်သည့် လက္ခဏာများကို ကြုံတွေ့လာရပါလိမ့်မယ်။

ကာကွယ်ဆေးထိုးထားသူများနှင့် ရောဂါဖြစ်ဖူးသူများလည်း ရောဂါကူးစက်နိုင်ပါတယ်။ ကာကွယ်ဆေးထိုးနှံထားသူအများစုကတော့ ဆေးရုံတက်ရောက်ရခြင်း မရှိပါဘူး။

မျိုးကွဲအသစ်နှစ်မျိုးဟာ လက္ခဏာအသစ်တော့ မရှိသေးပါဘူး။ သို့သော် ကိုယ်ခံအားစနစ်အထိ ကျူးကျော်နိုင်စွမ်းရှိတာကြောင့် လက္ခဏာအသစ်များ ထွက်ပေါ်လာနိုင်ပါသေးတယ်။ လက္ခဏာရော ဖျားနာမှုရောက ယခင်မျိုးကွဲများထက် ပိုပြီးတော့ ပြင်းထန်ခြင်း မရှိသေးပါဘူး။

#လက္ခဏာများမှာ
• ချောင်းဆိုးခြင်း
• နှာစေးခြင်း
• မောပန်းခြင်း
• ခေါင်းကိုက်ခြင်း
• ကြွက်သားများ နာကျင်ကိုက်ခဲခြင်း
• အသက်ရှူမဝခြင်း
• အနံ့အရသာပျောက်ဆုံးခြင်း စသည်တို့ ဖြစ်ပါတယ်။

ရောဂါကူးစက်သူများမှာ ထူးခြားတဲ့ လက္ခဏာတော့ မတွေ့ရသေးပါဘူး။ ရောဂါကူးစက်ခံရသူတိုင်းမှာလည်း ရောဂါလက္ခဏာအားလုံးကို မတွေ့ရပါဘူး။ ချောင်းဆိုးခြင်း၊ ကြွက်သားများနာကျင်ကိုက်ခဲခြင်း၊ နှာပိတ်ခြင်းတို့ကဲ့သို့ အခြားသော လက္ခဏာများ ဖြစ်ပြီးနောက် အသက်ရှူမဝခြင်း ဖြစ်လာနိုင်ပါတယ်။

.com


ယခုနောက်ဆုံး..WHOကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်ကြီးရဲ့..သတ်မှတ်ချက်အရ..Blood Pressure..သွေးပေါင်ချိန်သည်..120/80mmHg..ကိုသာအ...
06/04/2022

ယခုနောက်ဆုံး..
WHO
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်ကြီးရဲ့..
သတ်မှတ်ချက်အရ..
Blood Pressure..သွေးပေါင်ချိန်သည်..
120/80mmHg..ကိုသာအမှန်လို့..
သတ်မှတ်ထားပါတယ်..
140/90mmHg..ဆိုရင်တောင်..
သွေးတက်နေပြီလို့သတ်မှတ်နေရပါပြီ..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

©သွေးပေါင်တက်..
သွေးဖိအားတက်..
သွေးတိုးနေရင်..

သွေးကျဆေးကို..
အမြဲစွဲစွဲမြဲမြဲသောက်ရပါမယ်..

သွေးတက်နေမှ..
တက်နေတုန်း..
သောက်ရမှာမဟုတ်ပါ..

©သွေးကျဆေးသောက်ရင်..
ရှိနေတဲ့သွေးတွေနည်းမသွားပါ..

©သွေးကျဆေးသောက်တာကြာလာရင်..
ကျောက်ကပ်ပျက်တတ်တယ်ဆိုတာ..
လုံဝမှားယွင်းနေပါတယ်..

****************************

​Blood Pressure..
သွေးပေါင်ချိန်သွေးဖိအားအကြောင်းကို..
နားလည်အောင်ပြောပြပါမယ်..
သွေးပေါင်ချိန်အကြောင်းသိရှိသဘောပေါက်ပါမှ..
အမှန်မြင်နိုင်ကြမှာပါ..
**************************
အဆုပ်များမှသန့်စင်ပေးလိုက်သော..
အောက်စီဂျင်ဓာတ်ပြည့်ဝတဲ့..
သွေးအသစ်တွေကို..
နှလုံးရဲ့ဘယ်ဘက်သွေးဝင်ခန်းက..
လက်ခံရယူပြီး..

နှလုံးရဲ့ဘယ်ဘက်သွေးလွှတ်ခန်းကနေ..
သွေးလွှတ်ကြောမကြီးမှတဆင့်..

ခန္ဓာကိုယ်အနှံ့သွေးအသစ်များ..
ရောက်ရှိအောင်..
ညှစ်ထုတ်ပေးလိုက်ပါတယ်..

©နှလုံးညှစ်လိုက်တဲ့အချိန်..
ခန္ဓာကိုယ်တကိုယ်လုံးမှာရှိတဲ့..
သွေးကြောနံရံမှာ..
ဖြစ်ပေါ်လာတဲ့..
တင်းအားတွန်းအားကို..

Systolic Blood Pressure..
နှလုံးညှစ်ချိန်ဖြစ်လာတဲ့တွန်းအား..
လို့ခေါ်ပါတယ်..

သွေးပေါင်ချိန်တိုင်းရင်..
ကိန်းဂဏန်းကို..
အပေါ်မှာအမြဲရေးသားမှတ်သားရတဲ့အတွက်..

အပေါ်သွေးလို့..လွယ်လွယ်ခေါ်ပါတယ်..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

နှလုံး..တချက်ညှစ်ပြီးရင်..
နှလုံးနားနေပါတယ်..
Diastolic phase..လို့ခေါ်ပါတယ်..

နှလုံးနားနေချိန်မှာ..
ခန္ဓာကိုယ်တကိုယ်လုံးမှ..
အသုံးပြုပြီးသားသွေးအဟောင်း..
ကာဗွန်ဒိုင်အောက်ဆိုဒ်များစွာပါဝင်တဲ့..
သွေးအဟောင်းများသည်..

သွေးပြန်ကြော..သေး..လတ်..ကြီး..များမှတဆင့်..
နှလုံးရဲ့..ညာဘက်သွေးဝင်ခန်းသို့..
ပြန်လည်ဝင်ရောက်လာကြပါတယ်..

တနည်းအားဖြင့်..
နှလုံးနားနေချိန်မှာ..
ခန္ဓာကိုယ်အနှံ့က..
ပြန်ရောက်လာတဲ့..
သွေးအဟောင်းတွေကို..
နှလုံးမှ..ပြန်လည်လက်ခံနေပါတယ်..

အဲဒီအခိုက်အတန့်မှာ..

©သွေးကြောများအတွင်း..
ဖြစ်ပေါ်နေတဲ့..
တင်းအား..တွန်းအားကိုတော့..

Diastolic Blood Pressure..
နှလုံးနားနေချိန်ဖြစ်လာတဲ့တင်းအား..
လို့ခေါ်ပါတယ်..

သွေးပေါင်ချိန်တိုင်းရင်..
ကိန်းဂဏန်းကို..
အောက်မှာအမြဲရေးသားမှတ်သားရတဲ့အတွက်..
အောက်သွေးလို့..
လွယ်လွယ်ခေါ်ပါတယ်..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

©အသက်အရွယ်ကြီးလာလေလေ..
သွေးကြောတွေ..မာကြောလာကြတယ်..

သွေးကြောနံရံများရဲ့..
Elasticity..ဆန့်ထွက်အား..
လျော့ကျသွားကြတယ်..
ထို့မှတဆင့်ကျဉ်းကျုံ့သွားကြတယ်..

ဒီအခါ..
နှလုံးညှစ်လိုက်တဲ့အခါတိုင်း..
သွေးကြောများအလိုက်အထိုက်..
ပျော့ပြောင်းကျယ်ပြန့်မလာနိုင်တဲ့အတွက်..
သွေးကြောနံရံရဲ့တင်းအား..
မြင့်တက်သွားပါတယ်..

သွေးပေါင်ချိန်တိုင်းကိရိယာနဲ့..
တိုင်းတာလိုက်တဲ့အခါ..
Systolic Blood Pressure..
နှလုံးညှစ်ချိန်..သွေးဖိအားတွန်းအား..
မြင့်တက်နေပါတယ်..

အပေါ်သွေးတက်နေတယ်လို့..
လွယ်လွယ်ခေါ်ကြပါတယ်..

******ခန္ဓာကိုယ်အပေါ်ပိုင်း..
သွေးတွေများနေတာမဟုတ်ပါ..
******သွေးကြောဖိအားတွန်းအား..
များနေတာပါ..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

နှလုံးတချက်ညှစ်ပြီးချိန်..
အလိုက်သင့်လေး..
သွေးဟောင်းများကိုပြန်လက်ခံချိန်မှာ..

ခန္ဓာကိုယ်အနှံ့က..
သွေးကြောတွေမှာလည်း..
နှလုံးဆီကိုသွေးပြန်ပို့ပေးနိုင်ဖို့..
တွန်းအားတင်းအားရှိရပါတယ်..

အသက်အရွယ်ကြီးလာတာနဲ့အမျှ..
သွေးကြောနံရံတွေ..
ဆန့်ထွက်အားလျော့..
မာကြော..ကျဉ်းကျုံ့လာကြတဲ့အတွက်..
နှလုံးဆီကိုပြန်တွန်းပို့တဲ့အားလည်း..
လိုအပ်သည်ထက်..
မြင့်တက်နေပါတယ်..

သွေးပေါင်ချိန်တိုင်းကိရိယာနဲ့..
တိုင်းတာတဲ့အခါမှာ..
သွေးပေါင်သွေးဖိအားတက်နေပါတယ်..

ဒီသွေးပေါင်ချိန်ကတော့..
နှလုံးနားချိန်..တနည်းအားဖြင့်..
နှလုံးကသွေးဟောင်းလက်ခံချိန်..
သွေးကြောတွေမှာ..
ဖြစ်နေရှိနေတဲ့သွေးပေါင်ချိန်မို့လို့..
Diastolic Blood Pressure..
လို့ခေါ်ပါတယ်..

အောက်သွေးတက်နေတယ်..လို့လွယ်လွယ်ခေါ်ပါတယ်..

*****ခန္ဓာကိုယ်အောက်ပိုင်းကသွေးတွေများနေတယ်လို့အယူအဆမမှားလိုက်ပါနဲ့..
******သွေးများနေတာမဟုတ်..
သွေးဖိအားတင်းအားများနေတာပါ..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

©သွေးကြောများအတွင်း..
သွေးအချိုဓာတ်များ..
လွန်ကဲများပြားလာရင်..
သွေးကြောနံရံများ..
တတိတိနဲ့ပျက်စီးတတ်ပါတယ်..
ထိုမှတဆင့်..
သွေးကြောများ..
ကျဉ်းကျုံ့ကုန်တဲ့အတွက်..

သွေးချိုဆီးချို ရောဂါကိုစံနစ်တကျ..
ကုသမှုမပြုရင်..
သွေးပေါင်သွေးဖိအားတက်နေတတ်ပါတယ်..

©သွေးအချိုဓါတ်..
လွန်ကဲများပြားနေတဲ့အခါ..
သွေးစီးလမ်းကြောင်းကို..
ပိတ်ဆို့ထားတဲ့အတွက်..
နှလုံးညှစ်လိုက်တိုင်း..
နှလုံးသွေးလက်ခံတိုင်း..
သွေးစီးလမ်းကြောင်းဟာ..
ချောမွေ့မှုမရှိ..ဆန့်ကျင်အားတွေ..
ဖြစ်ဖြစ်နေတာကြောင့်..
သွေးကြောနံရံရဲ့တင်းအားမြင့်ပြီး..
သွေးတက်တတ်ပါတယ်..

©သွေးအဆီဓာတ်များပြားလာရင်လည်း..
သွေးကြောနံရံများမှာ..
သွေးခဲစုစည်းမှု..
Platelet aggregation..​
တွေဖြစ်ပေါ်စေပါတယ်..
ထိုမှတဆင့်..
သွေးခဲပိတ်ဆို့မှု..
Clot..တွေဖြစ်စေပါတယ်..
သွေးလည်ပတ်မှုချောမွေ့မှုမရှိတဲ့အတွက်..
သွေးကြောဖိအားတင်းအား..
မြင့်နေပါမယ်..

ဒီလိုအခြေအနေမျိုးမှာလည်း..
သွေးပေါင်ချိန်တိုင်းလိုက်တိုင်း..
သွေးပေါင်တက်သွေးတိုးနေမှာပါ..

©နှလုံးရဲ့ဘယ်ဘက်ခန်းကနေ..
သွေးအသစ်တွေ..ခန္ဓာကိုယ်အနှံ့..
သွေးရောက်ရှိအောင်..
ညှစ်ထုတ်ပေးနေတဲ့အချိန်မှာ..

သွေးကြောတွေရဲ့..
တင်းအားဖိအားတွေ..
ရှိသင့်တာထက်များနေရင်..

နှလုံးဟာ..
ပိုပိုပြီး..အားစိုက်..
ပိုပိုပြီး..ညှစ်အားများများ
ထုတ်ထုတ်သုံးရပါတယ်..

ထုတ်သင့်တဲ့ညှစ်အားထက်..
ညှစ်ထုတ်အားစိုက်နေရတဲ့..
အချိန်ကာလကြာလာတာနဲ့အမျှ..

ဘယ်ဘက်နှလုံးရဲ့ကြွက်သားတွေ..
ထူထဲလာကြပါတယ်..
နှလုံးအရွယ်အစားကြီးမားလာပါတယ်..
Left Ventricular Hypertrophy..
ဘယ်ဘက်နှလုံးအရွယ်ကြီးခြင်း..
နှလုံးကြီးခြင်း..လို့ခေါ်ပါတယ်..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

*****သွေးတက်လို့တက်မှန်းမသိသူ..

*****သွေးတက်နေမှန်းသိလျက်နဲ့..
ဆေးမှန်မှန်မသောက်သူ..

*****သွေးကျဆေးမှန်မှန်သောက်ရင်..
ရှိနေတဲ့သွေးကုန်သွားမှာစိုးရိမ်တဲ့..
အယူအဆမှားသူ..

*****သွေးကျဆေး..
ကြာကြာသောက်ရင်..
ကျောက်ကပ်ပျက်တတ်တယ်ဆိုတဲ့..
အယူအဆမှားကြောင့်..
ဆေးမှန်မှန်မသောက်သူ..

ထိုသူများအားလုံး..

©နှလုံးအရွယ်အစားကြီးမားလာကြပါတယ်..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

©နှလုံးအရွယ်အစားကြီးမားတာ..
တာရှည်လာရင်..
မနိုင်ဝန်ထမ်းရတဲ့...နှလုံးညှစ်အား..
လျော့ကျသွားတဲ့အခါ..

ŠHeart Failure..
နှလုံးအားနည်းရောဂါဝင်ပြီး..

မျက်ခွံမို့..
ခြေထောက်ရောင်..
အဆုပ်ထဲရေဝင်..
မောပမ်းလွယ်..
လူဖြစ်ရှုံးတဲ့ဘဝရောက်ရပါတယ်..
°°°°°°°°°°°°°°°°°°°°°•°°°°°°°°°°

သွေးပေါင်ချိန်တိုင်းကိရိယာမှာ..
သတ်မှတ်ထားတဲ့..
Pressure..ဖိအားတင်းအားထက်များနေလို့..
သွေးတက်တယ်လို့..
လွယ်လွယ်ပြောကြရာကနေ..
သွေးများနေတယ်လို့..
သဘောပေါက်မှားယွင်းသွားကြပါတယ်..

သွေးကျဆေးသည်..

©တင်းမာနေသော..
သွေးကြောနံရံများကို..
အလိုက်သင့်ပျော့ပြောင်းနူးညံ့စေပါတယ်..

©ကျဉ်းကျုံ့နေသော..
သွေးကြောများကို..
အလိုက်သင့်..
ပွင့်ကျယ်လာစေပါတယ်..

သွေးကျဆေးသောက်လိုက်တဲ့အခါ..
သွေးကြောများပျော့ပြောင်းလာပြီး..
သွေးကြောများပွင့်ကျယ်လာတဲ့အတွက်..
သွေးဖိအားများပုံမှန်..
ရောက်ရှိသွားပါတယ်..

နှလုံးကလည်း..
တအားညှစ်ထုတ်စရာမလိုတော့ပဲ..
သက်သာရာရသွားပါတယ်..

သွေးစီးလမ်းကြောင်းလည်း..
ချောမွေ့သွားတဲ့အတွက်..
ခန္ဓာကိုယ်အစိပ်အပိုင်းများ..
လုံလောက်မျှတတဲ့သွေးများ..
ရရှိနေပါတယ်..
ကျန်းမာတဲ့ခန္ဓာကိုယ်ကို..
ဖြစ်ပေါ်စေပါတယ်..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

©ကျောက်ကပ်သည်..
သွေးကြောငယ်ကလေးများ..
မြောက်များစွာဖြင့်ဖွဲ့စည်းထားပါတယ်..

သွေးတိုးရောဂါရှိနေသူများ..

သွေးကျဆေးမသောက်ရင်..
ကျောက်ကပ်သွေးကြောငယ်များအတွင်း..
ဖိအားတင်းအားများနေတဲ့အတွက်..
သွေးကြောငယ်များပျက်စီးလွယ်ပါတယ်..
ထိုမှတဆင့်.
ကျောက်ကပ်ပျက်စီးသွားပါမယ်..

သွေးတိုးရောဂါရှိသူ..

သွေးကျဆေးမှန်မှန်သောက်နေရင်..
ကျောက်ကပ်သွေးကြောငယ်များအတွင်း..
ဖိအားတင်းအားလျော့ကျစေတဲ့အတွက်..
ကျောက်ကပ်ပျက်စီးခြင်းမှ..
ကာကွယ်ပြီးသားဖြစ်သွားပါတယ်..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

©အားဆေးဆိုတာ..

ဗီတာမင်ဓာတ်..
သတ္ထု ဓာတ်..
အသားဓာတ်..
ခန္ဓာကိုယ်တည်ဆောက်ပြုပြင်ဖို့..
လိုအပ်တဲ့ဓာတ်..
စတဲ့ဓာတ်အစုအပေါင်းသာဖြစ်ပါတယ်..

ထမင်းဟင်းစားသောက်တဲ့အခါမှာလည်း..
ပါဝင်ပြီးသားဖြစ်ပါတယ်..

အားဆေးဆိုတာ..
ခန္ဓာကိုယ်အတွက်..
လိုအပ်မည့်..
အာဟာရဓာတ်ကို..
ဖြည့်စွက်ပေးတာပါ..

သွေးတိုးသွေးတက်တာနဲ့..
လားလားမှမဆိုင်ပါ..

အားဆေးသောက်ခြင်းဖြင့်..
သွေးမတက်ပါ..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

©အားဆေးသောက်ခြင်းသည်..
သွေးမတက်စေပါ..
ဘာမှမဆိုင်ပါ..

သို့သော်..
အဆီများသောအစာ..
အငန်များသောအစာ..
စားရင်တော့..
သွေးတက်စေပါတယ်..

အဆီဓာတ်...အငန်ဓာတ်များသည်..
သွေးကြောများကို..
ကျဉ်းကျုံ့စေပြီး..
ဖိအားတင်းအားတက်လာစေပါတယ်..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

အမှားကင်းစင်၍..
အမှန်မြင်နိုင်ကြပါစေ..

Crd,
ဒေါက်တာဦးစိုင်းဟန်ကျော်စိန်

Omicron Day 1 (အဆိုးဆုံးနေ့)🦠 ညဘက်ကြီးထပြီးချမ်းတုန်တက်တယ် အဖျားကြီးတယ်အရိုးထဲထိ လှိုက်စိမ့်ပြီးချမ်းတာ….တခါမှမဖြစ်ဖူးဘူ...
06/02/2022

Omicron Day 1 (အဆိုးဆုံးနေ့)

🦠 ညဘက်ကြီးထပြီးချမ်းတုန်တက်တယ် အဖျားကြီးတယ်
အရိုးထဲထိ လှိုက်စိမ့်ပြီးချမ်းတာ….တခါမှမဖြစ်ဖူးဘူး….ဘယ်လိုချမ်းတာကြီးမှန်းကိုမသိ….လူကနတ်ဝင်သည်လို တုန်တက်နေတာ

🦠 ခါးအောက်ပိုင်းတပြင်လုံး အရမ်းကို ကိုက်တာ
တကိုယ်လုံးလည်း အထိမခံနိုင်အောင် နာကျင်ကိုက်ခဲပေမယ့် ခါးနေရာဝန်းကျင် အဆိုးဆုံးဖြစ်ပါတယ်
ခေါင်းကလည်း ထုံနေအောင်ကိုက်ပါတယ်
လှိမ့်ပိမ့်နေသော နေ့တစ်နေ့ပေါ့

🦠 ပါရာစီတမော သောက်တုန်းခဏပဲအဖျားကျပြီး တနေကုန်အဖျားပြန် ပြန်တက်ပါတယ်

🦠တနေကုန်နုံးပြီး အိပ်ချင်ပါတယ်၊ တနေကုန်နီးပါး အိပ်တာပါ

🦠 လည်ချောင်းမနာ၊ ချောင်းမဆိုး၊ နှာမမွှန်လို့ ရိုးရိုးဖျားလို့ပဲ ထင်ခဲ့ပေမယ့် နှာခေါင်းနှိုက်လိုက်တော့ positive ပါ 🥲

Omicron Day 2

🦠 အိပ်ယာနိုးနိုးချင်း သတိထားလိုက်မိတာက မဖျားတော့၊ မချမ်းနေတော့တာပဲ
ချွေးတွေရွှဲပြီး နိုးလာတာ

🦠 ခေါင်းလည်း တအားကြီးမကိုက်နေတော့ဘူး၊ ခန္ဓာကိုယ်က နာကျင်ကိုက်ခဲတာတွေပါ ဗြုန်းဆိုပျောက်သွားလို့ ပျော်နေရာက……

🦠 တံတွေးမျိုချလိုက်မိတာမှာ စဂွမ်းပါတယ်
လည်ချောင်းထဲမှာ မီးဖုတ်ထားတဲ့ သံချွန်နဲ့စိုက်ထားသလိုကို ပူပြီးနာနေတာပါ
တနေကုန် အစားကိုမနည်းမျိုချရပါတယ်
အနံ့အရသာ မပျက်ပါဘူး…..နာလွန်းလို့ မျိုချဖို့ခက်တာပါပဲ

🦠 အိပ်ချင်ချက်ကတော့ ရှယ်ပါပဲ….Day 2 လည်း တနေကုန်အိပ်ပါ
နိုးလာတာနဲ့ ဝေဒနာတခုခုနဲ့နိုးလာတာကတော့ တရားနဲ့ဖြေပေါ့လေ 🥲

Omicron Day 3

🦠 အိပ်ယာနိုးလာတာနဲ့ ရင်ဘတ်ထဲကနေလည်ချောင်းထဲထိ ပူပြီးနာတာပါပဲ
ရိုးရိုးလည်ချောင်းနာတာထက် အများကြီးခံရတာဆိုးပါတယ်
ဆရာဝန်ပေးတဲ့ဆေးသောက်မှ နေသာသွားပါတယ်
မဟုတ်ရင် လည်ချောင်းမှာ ဆူးလုံးအကြီးကြီး တစ်နေသလိုပါ

🦠 လည်ချောင်းအရမ်းယားပြီး ချောင်းစဆိုးပါတယ်
မရပ်မနားတော့မဟုတ်ပေမယ့် လည်ချောင်းတွေပြန်နာလာတဲ့ထိ ဆိုးတာမို့ လည်ပင်းနာတာက အခြေနေပို ပိုဆိုးလာပါတယ်

🦠 နှာခေါင်း တဖက်ပိတ် တဖက်ပွင့်ဖြစ်ပါတယ်
နှာခေါင်းပိတ်တော့ အသက်ရှုကျပ်သလိုဖြစ်ပေမယ့် oxygen မကျပါ

🦠 လုံးဝ မဖျားတော့သလို ကိုယ်လက်ကိုက်ခဲတာ ဘာညာ လုံးဝမရှိတော့ပါ

🦠 ထုံးစံအတိုင်းပဲ နုံးပြီးအိပ်ချင်ပါတယ်

Omicron Day 4 (Today)

🦠 လည်ချောင်းက ပိုဆိုးလာပါတယ်
(ထွက်ခတ်ခတ်နေတာ ဖြစ်မယ်ထင်ပါတယ်)
နိုးလာချိန်မှာ တကယ့်ကို လည်ပင်းမှာ ဆူးလုံးကြီးတစ်လုံးလာတစ်နေသလို၊ သံချွန်နဲ့စိုက်ထိုးခံထားရသလိုပါ

🦠 နောက် မနေ့က ချောင်းဆိုးထားတဲ့အရှိန်ကြောင့် ထင်ရ….အာသီးယောင်နေတဲ့နေရာကြီးအပြင် လည်ပင်းတစ်ခုလုံး စပ်ဖျင်းဖျင်းနဲ့ အရမ်းနေရထိုင်ရဒုက္ခဖြစ်….
ဒီနေ့လည်း လည်ချောင်းထဲမှာအရမ်းယားပြီး ချောင်းဆိုးပါတယ်

🦠 ဒီနေ့တော့ မနေ့ကလောက် အစားအများကြီး သိပ်မစားနိုင်ပါ (စားတာတော့စားတယ်….မနေ့ကလောက် အများကြီးမစားနိုင်)
တော်တော်ကြီး လည်ပင်းက ဒုက္ခပေးနေတာမို့ 😣

🦠 လူက ဆေးရှိန်ကြောင့်လား၊ ပိုးကြောင့်လားမသိ….
လှုပ်လှုပ်ဆို မောပါတယ်၊ မူးချင်ပါတယ်
နားတွေထဲလည်း အူပြီးထုံနေပါတယ်

🦠 လူမမာကြီးလို ပစ်လဲသွားတာမျိုးတော့ မဟုတ်ပေမယ့် ချောင်းဆိုး လည်ပင်းနာက ပုံမှန်ထက် အဆများစွာဆိုးဝါးတာပါနော်
(တကယ်ကို ဘာနဲ့မှ ဘယ်တုန်းကဖြစ်ဖူးတာနဲ့မှ မတူဘူး 😞)

ဘယ်နှရက်လောက် ဒါကြီးကိုဆက်ခံစားရဦးမှာလဲ 😭
မဖြစ်သေးတဲ့လူတွေ အရမ်းဂရုစိုက်ပါနော် 🥺

အရေးပေါ်အတွက်အောက်ဆီမီတာနဲ့ အောက်ဆီဂျင်စက်တွေလဲဆောင်ထားပါ...

Crd:...

အရည်အသွေးမြင့်အောက်ဆီဂျင်စက်မှာယူလိုပါကဆက်သွယ်ရန်.....

09785947499
09779932331
09789491501

မြန်မာပြည်မှာဝင်ရောက်နေပြီဖြစ်တဲ့အိုမီခရွန်၏ လက္ခဏာ ၃မျိုး *******************************အိုမီခရွန် Omicronနံပါတ် 1️⃣ အ...
05/02/2022

မြန်မာပြည်မှာဝင်ရောက်နေပြီဖြစ်တဲ့
အိုမီခရွန်၏ လက္ခဏာ ၃မျိုး
*******************************

အိုမီခရွန် Omicron
နံပါတ် 1️⃣ အပျော့စား လက္ခဏာ
ဖျားမယ်၊ ချောင်းဆိုးမယ်၊
ကိုယ်လက် မအီမသာဖြစ်မယ်။

နံပါတ် 2️⃣ အလယ်အလတ် လက္ခဏာ
မျက်စေ့နာမယ်၊ လည်ချောင်းနာမယ်၊
ခေါင်းကိုက်မယ်။

နံပါတ် 3️⃣ အပြင်းစား လက္ခဏာ
အသက်ရှူရခက်မယ်၊ မောမယ်၊
တကိုယ်လုံး အသားတွေ အကြောတွေအထိ
နာနေမယ်၊ စကားမပြောနိုင်တဲ့အထိဖြစ်မယ်။

အပျော့စားနဲ့ အလယ်အလတ်စားဖြစ်ရင်တော့
အိမ်မှာဘဲ ဆေးသောက်ပြီးကုသလို့ရပါတယ်။
အပြင်းစားဖြစ်ပြီဆိုရင်တော့
နီးစပ်ရာ ဆေးရုံသို့
အမြန်ဆုံး တက်ရောက်ကုသမှုခံယူရပါမယ်။

ကာကွယ်မှုတွေကတော့ အရင်
ကိုဗစ်နိုင်တင်းရောဂါ ကာကွယ်သလိုပါဘဲ
အားလုံးသိပြီးမို့ အထူးရှင်းပြစရာမလိုတော့ပါ။

ကိုဗစ်ဟာ
လူ့လောကထဲ အသက်ရှင်နေထိုင်ဖို့ သူရဲ့ ပုံစံ
ဗီဇက အမျိုးမျိုးပြောင်းလဲနေပါတယ်
ဘယ်လောက်ကြာဦးမယ်မသိပေမဲ့
ကမ္ဘာကြီး ကိုဗစ်ဒဏ်အလူးအလဲခံရတာ(၂)နှစ်
ပြည့်ပါပြီ။

ဒါကြောင့်
သင် ကိုဗစ်မကူးစက်စေရန်

၁၊ မက်စ်တပ်ပါ၊
၂၊ တစ်ခုခုကိုင်ပြီးတိုင်း လက်ဆေးပါ၊
၃၊ လူစုလူဝေး ရှောင်ရှားပါ၊
၄၊ လူတစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာနေထိုင်ပါ၊
၅၊ မျက်နှာ အကာတပ်ဆင်ပါ၊
၆၊ လက်မဆေးပဲ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်ကို
မကိုင် မနှိုက်ပါနဲ့။
၇၊ အောက်စီဂျင်စက်ဝယ်ထားပါ
အားလုံး ကပ်ကြီး(၃)ပါးကျော်လွှားနိုင်ကြပါစေ

Courtesy - Sunny
Copy

🔸Omicron case တွေတွေ့နေရပါပြီ တော်တော်များများကာကွယ်ဆေး ထိုးပြီးသားဆိုတော့ 3rd wave လောက် မဆိုးဘူးလို့ မျှော်လင့်ရပေမယ့်...
03/02/2022

🔸Omicron case တွေတွေ့နေရပါပြီ
တော်တော်များများကာကွယ်ဆေး ထိုးပြီးသားဆိုတော့ 3rd wave လောက် မဆိုးဘူးလို့ မျှော်လင့်ရပေမယ့် သတိဆိုတာ ပိုတယ်မရှိပါဘူး
ကာကွယ်ဆေးထိုးပြီးသူတွေဖြစ်နေကြတာပါ

🔸ဖြစ်တတ်တဲ့လက္ခဏာတွေကတော့ နှာရည်ယို ခေါင်းကိုက် နှုံးခွေ နှာစေး လည်ချောင်းနာ ချောင်းဆိုး ချမ်းတုန် ဖျား တို့ဖြစ်ပါတယ်

🔸သူ့ပုံစံကြည့်ရတာ ကူးစက်လွယ်ပြီး symptoms တွေကတော့ ပျော့ပါတယ်
ဘယ်လိုပဲဖြစ်ဖြစ်မပေါ့ကြပါနဲ့
ခုရက်ပိုင်းနဲနဲအေးတော့ နွေးနွေးထွေးထွေးနေပါ
အအေးမမိပါစေနဲ့

🔸ထုံးစံအတိုင်း Mask တပ်ပါ လက်ဆေးပါ
အားရှိအောင်စားပါ အိပ်ရေးဝအောင်အိပ်ပါ
နေမကောင်းရင် သီးသန့်ခွဲနေပါ

🔸oximeter နဲ့ အောက်ဆီဂျင်စက်ဆောင်ထားပါ

🔸အရင်ရေးဖူးတာတွေပြန်စုပေးထားပါတယ်

⚠️Covid အတွက်သတိထားသင့်သည်များ

🔹https://www.facebook.com/103284114391746/posts/601981521188667/?d=n

🔹Covid Test kit ဖြင့်အိမ်တွင်စစ်ဆေးခြင်း
https://fb.watch/912BdMyyKM/

🔹ချောင်းဆိုးပျောက်ဆေးရွေးချယ်ခြင်း

https://www.facebook.com/103284114391746/posts/619930336060452/?d=n

🔹အစာလဲဆေး ဆေးလဲအစာ
https://www.facebook.com/103284114391746/posts/612623590124460/?d=n

🔹အသက်ရှုလေ့ကျင့်ခန်း
https://www.facebook.com/103284114391746/posts/615344469852372/?d=n

🔹အောက်ဆီဂျင်ပေးနည်း
https://www.facebook.com/103284114391746/posts/613464566707029/?d=n

🔹ကာကွယ်ဆေးများ
https://www.facebook.com/103284114391746/posts/630891458297673/?d=n

🔹မှောက်အိပ်ခြင်း
https://fb.watch/aWiyQA4dLl/

🔹Covid consultation
https://www.facebook.com/103284114391746/posts/611800896873396/?d=n

🔹Self monitoring guideline
https://www.facebook.com/103284114391746/posts/611314490255370/?d=n

🔹Pulse oximeter
https://www.facebook.com/103284114391746/posts/608641697189316/?d=n

🔹Covid home care
https://www.facebook.com/103284114391746/posts/608062250580594/?d=n

🔹Double masking
https://www.facebook.com/103284114391746/posts/601981521188667/?d=n

ရေးသားသူ-Dr.Suri အား credit ပေးပါသည်။




🔸 🔸 🔸 နိုင်ငံတကာသုံးအရည်အသွေးမြင့်အောက်ဆီဂျင်စက်မှာယူရန်....

09785947499
09779932331
09789491501

💕💕💕အစာလည်းဆေး ဆေးလည်းအစာ💕💕💕အစာနှင့်ခိုင်းဝမ်းကိုနှိုင်း ဝင်တိုင်းမစားနှင့်💯✅အစားအစာမျှမျှတတနဲ့အဟာရဖြစ်အောင်ချင့်ချိန်စား...
09/01/2022

💕💕💕အစာလည်းဆေး ဆေးလည်းအစာ💕💕💕

အစာနှင့်ခိုင်းဝမ်းကိုနှိုင်း ဝင်တိုင်းမစားနှင့်💯✅

အစားအစာမျှမျှတတနဲ့အဟာရဖြစ်အောင်ချင့်ချိန်စားပါ💯✅

ရေများများသောက် 💯✅

လမ်းများများလျှောက် 💯✅

ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ် 💯✅

လေဝဝရှု 💯✅

အစား အအိပ်မှန်ပါစေ💯✅

✅ 💯 လေ့ကျင့်ခန်းလုပ်ရန်အချိန်မပေးနိုင်သူ/အခက်အခဲရှိသူများ/အသက်ကြီးသူများ လေဝဝရှုလို့ရအောင်အောက်စီဂျင်စက်ဝယ်ဆောင်ထားကြပါ 💯✅

Photo credit : #
OxyRight Myanmar

19 December 2021 ..Covid မျိုးဆက်သစ် တကြော့ပြန်
19/12/2021

19 December 2021 ..Covid မျိုးဆက်သစ် တကြော့ပြန်

ကမ္ဘာ့ဈေးကွက်များကို တုန်လှုပ်သွားစေသည့် ကိုရိုနာဗိုင်းရပ်စ် မျိုးစိတ်သစ် B.1.1.529 အကြောင်း အချက် ၆ ချက် --------------...
28/11/2021

ကမ္ဘာ့ဈေးကွက်များကို တုန်လှုပ်သွားစေသည့်
ကိုရိုနာဗိုင်းရပ်စ် မျိုးစိတ်သစ် B.1.1.529 အကြောင်း အချက် ၆ ချက်
------------------------
The Economic Times

တောင်အာဖရိကတွင် တွေ့ရှိသော B.1.1.529 ခေါ် COVID-19 ကို ဖြစ်ပွားစေသော ကိုရိုနာဗိုင်းရပ်စ် မျိုးစိတ်သစ်ကို တာဝန်ရှိသူများက စိုးရိမ်ဖွယ်ရာအဖြစ် ပြောနေရပြီ ဖြစ်သည်။ အဆိုပါ မျိုးစိတ်သစ်သည် နိုင်ငံများစွာ၏ ကူးစက်ဖြစ်ပွားမှုများကို ပို၍ ဆိုးဝါးစေမည်ဟု စိုးရိမ်မှုများ ရှိနေကာ ကျန်းမာရေးစနစ်ကိုလည်း ဝန်ပိစေပြီး ကာကွယ်ဆေး ပြီးသည့် ဖြစ်နိုင်ခြေလည်း ရှိနေသဖြင့် စီးပွားရေးနှင့် နယ်စပ်များ ပြန်လည်ဖွင့်လှစ်နေခြင်းကို အရေးဆိုမှုများ ရှိလာသည်နှင့်အတူ ကမ္ဘာ့ဈေးကွက်များကိုပါ ဖိစီးလာလျက် ရှိပြီဖြစ်သည်။

အဆိုပါ မျိုးစိတ်သစ်အကြောင်း သိရှိရသမျှမှာ-

၁။ မျိုးစိတ်သစ်၏ မတူကွဲပြားမှု

B.1.1.529 ဗိုင်းရပ်စ်သည် ခန္ဓာကိုယ်ရှိ ဆဲလ်များအတွင်း ဗိုင်းရပ်စ် ဝင်ရောက်ရာတွင် အဓိကကျသော ပရိုတိန်း၌ သန္ဓေပြောင်းလဲမှု အရေအတွက် မြင့်မားစွာ ရှိနေသည်ဟု သိပ္ပံပညာရှင်များက ပြောသည်။ ကာကွယ်ဆေးများမှာ အဆိုပါ ပရိုတိန်းကို ပစ်မှတ်ထား ကာကွယ်ခြင်းဖြစ်သည်။ ယခင်က ဗိုင်းရပ်စ်များထက် ယခု ဗိုင်းရပ်စ်သစ်သည် ပို၍ ကူးစက်မြန်ခြင်း၊ ပို၍ သေဆုံးမှုဘေး များခြင်း ရှိမရှိကိုမူ သုတေသီများက စူးစမ်းလေ့လာနေရဆဲ ဖြစ်သည်။

၂။ ဗိုင်းရပ်စ် ဘယ်က လာသနည်း

ယခုထိတော့ ထင်ကြေးမှန်းဆချက်သာ ရှိသည်။ လန်ဒန်ရှိ UCL Genetics Institute မှ သိပ္ပံပညာရှင်တစ်ဦးကမူ ကိုယ်ခံအားကောင်းသော လူတစ်ဦး၊ ကုသမှု မခံယူသော AIDS လူနာတစ်ဦးဖြစ်နိုင်သူ၌ နာတာရှည် ကူးစက်မှု ဖြစ်နေရာမှ တစ်ဆင့်ပြီး တစ်ဆင့် ပြောင်းလဲလာခဲ့သည့် မျိုးစိတ်ဖြစ်ဖွယ်ရှိသည်ဟု ဆိုသည်။ တောင်အာဖရိကသည် ကမ္ဘာ၌ အများဆုံးအဖြစ် HIV ကူးစက်ဖြစ်ပွားသူပေါင်း ၈ ဒသမ ၂ သန်း ရှိသည်။ တောင်အာဖရိက၌ ပြီးခဲ့သည့်နှစ်က သန္ဓေပြောင်း beta ကိုရိုနာမျိုးစိတ်သစ်ကို တွေ့ရှိခဲ့ပြီး ယင်းသည်လည်း HIV ကူးစက်သူတစ်ဦးမှ ထွက်ပေါ်လာခြင်း ဖြစ်ဖွယ်ရှိသည်။

၃။ ဗိုင်းရပ်စ်မျိုးစိတ်သစ် မည်သို့ ပြန့်နှံ့သနည်း

နိုဝင်ဘာ ၂၅ ရက်အထိ တောင်အာဖရိကတွင် ယခု မျိုးစိတ်သစ် ကူးစက်မှုပေါင်း ၁၀၀ နီးပါး ရှိသည်။ ဂျိုဟန်နစ္စဘတ်အပါအဝင်ဖြစ်သော ပြည်နယ်၌ ဗုဒ္ဓဟူးနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူအသစ် ၁၁၀၀ တွင် ၉၀ ရာခိုင်နှုန်းက ယခု မျိုးစိတ်သစ် ကူးစက်ခြင်းဖြစ်ကြောင်း အစောပိုင်း PCR စမ်းသပ်မှု ရလဒ်က ပြသကြောင်း တောင်အာဖရိက တက္ကသိုလ်နှစ်ခု၏ မျိုးဗီဇဌာနများက ဇီဝသတင်းအချက်အလက် ပါမောက္ခ တူလီယို ဒီ အိုလီဗီယာရာအရ သိရသည်။ အိမ်နီးချင်း ဘော့စ်ဝါနာတွင်လည်း ကာကွယ်ဆေး အပြည့်အဝ ထိုးပြီးသူ လူလေးဦး၌ ယင်းဗိုင်းရပ်စ်သစ် ကူးစက်ခံရကြောင်း တနင်္လာနေ့က တွေ့ရှိခဲ့သည်။ ဟောင်ကောင်တွင် တောင်အာဖရိကမှ ခရီးသွားတစ်ဦး၌ ယင်းမျိုးစိတ်သစ်ကို တွေ့ရှိသကဲ့သို့ ဟိုတယ်ကွာရန်တင်း ဝင်နေရသူတစ်ဦးတွင်လည်း တွေ့ရှိသည်။

၄။ ကိုရိုနာဗိုင်းရပ်စ် မျိုးစိတ်သစ်၏ ဂယက်ရိုက်ခတ်မှု

ယခု ကိုရိုနာဗိုင်းရပ်စ် မျိုးစိတ်သစ်သတင်းများကြောင့် သောကြာနေ့၌ ဈေးကွက်များသို့ ဂယက်ရိုက်ထမှုများ ဖြစ်ခဲ့သည်။ ခရီးသွားလာမှုများအပေါ် သက်ရောက်လာတော့မည်ဟု ရင်းနှီးမြုပ်နှံသူများ မှန်းဆကြခြင်းအားဖြင့် အာရှမှ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သော ရှယ်ယာများက အကြီးမားဆုံး ကျဆင်းရမှုများတွင် ပါဝင်ခဲ့သည်။ စိတ်ချရာပိုင်ဆိုင်မှုအာမခံအဖြစ် ထုံးစံအားဖြင့် ရှုမြင်သော ယန်းငွေဈေးသည် ဒေါ်လာနှင့် ယှဉ်ကာ ၀ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ တောင်အာဖရိက၏ rand ငွေကြေးမှာ တစ်နှစ်တာ အနိမ့်ဈေးသို့ ကျဆင်းသည်။ ဗြိတိန်နိုင်ငံက အာဖရိကနိုင်ငံ ခြောက်နိုင်ငံမှ လေယာဉ်များကို ယာယီတားမြစ်ပိတ်ပင်လာရာ အခြားသော နိုင်ငံများကလည်း လိုက်ပါလုပ်ဆောင်ကြသည်။ စင်ကာပူနိုင်ငံက တောင်အာဖရိကနှင့် အနီးဝန်းကျင်နိုင်ငံများ သွားရောက်ထားသူများကို အနည်းဆုံး ၁၄ ရက်အတွင်း ပြည်ဝင်ခွင့် ပိတ်ခဲ့သည်။ အခြေအနေပို၍ ဆိုးလာပါက တောင်အာဖရိကမှ ခရီးသွားများအတွက် နယ်စပ်ဝင်ရောက်ခွင့်ကို စည်းမျဉ်းများ တင်းကြပ်မည်ဟု ဩစတြေးလျကလည်း ဆိုသည်။ အိန္ဒိယနိုင်ငံက တောင်အာဖရိက၊ ဘော့စ်ဝါနာနှင့် ဟောင်ကောင်တို့မှ လာရောက်ခရီးသည်များကို စက္ကရင်ဖတ်ခြင်းများ ဆောင်ရွက်ပြီ ဖြစ်သည်။

၅။ မည်သည့် စိတ်ပူပန်စရာ ရှိသနည်း

ယင်းကို ပြောရန် စောလွန်းသေးသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က ယင်းမျိုးစိတ်သစ်နှင့် လက်ရှိ ကာကွယ်ဆေးများက ခုခံကာကွယ်နိုင်စွမ်း ရှိမရှိတို့ကို အချိန်ယူ လေ့လာသုတေသန ပြုရမည်ဖြစ်သည်ဟု ပြောသည်။ ဗိုင်းရပ်စ်များသည် အချိန်တိုင်း သန္ဓေပြောင်းနေကြကာ တစ်ခါတစ်ရပံတွင် ပို၍ အားနည်းသွားတတ်သလို တစ်ခါတစ်ရံ ပဋိဇီဝဆေးများကို ကျော်လွှားနိုင်ကာ လူသို့ ကူးစက်သည်။

၆။ မည်သို့ သတိထားသင့် သနည်း

ဗိုင်းရပ်စ်မျိုးစိတ်သစ်အကြောင်း သိနားလည်ရန် သီတင်းပတ်အချို့ အချိန်ယူရမည်ဟု သောကြာနေ့က အစည်းအဝေး၌ WHO က ပြောသည်။ B.1.1.529 မျိုးစိတ်သစ်သည် ကမ္ဘာလုံးဆိုင်ရာ စိုးရိမ်ပူပန်စရာ ဖြစ်သည်ဆိုပါက WHO ၏ အမည်ပေးခြင်း အစီအစဉ်အရ ဂရိနာမည်ဖြင့် “nu” ဟု အမည်တပ်လာဖြစ်ဖွယ် ရှိသည်။ အစိုးရများသည်လည်း ဗိုင်းရပ်စ်မျိုးစိတ်သစ်ကို တုံ့ပြန်ပြီး နယ်စပ်နှင့် ခရီးသွားလာမှုများကို ထိန်းချုပ်လာလိမ့်မည် ဖြစ်သည်။

ထိတ်လန့်ဖွယ် ကိုဗစ်ပိုးအသစ် အိုမီခရွန် အကြောင်းသိရှိစေရန်

စတင်တွေ့ရှိသောနိုင်ငံ ...ဘော့ဆွာနာ နိုင်ငံ
စတင်တွေ့ရှိသောနေ့ 24 / 11 /2021
တရားဝင် အတည်ပြုသတင်းထုတ်ပြန်သောနေ့ 27 / 11 / 2021 ...1:25 am

ကူးစက်ပြန့်ပွါးနိုင်မှု့ ရာခိုင်နှုန်း.. 500%

(ကူးစက်ခံနေသောနိုင်ငံများ)
အစ္စရေး
ဘော့ဆွာနာ ..3 ဦး
ဟောင်ကောင် ..1 ဦး
တောင်အာဖရိက ..77 ဦး
ဘယ်လ်ဂျီယံ..2 ဦး

ကိုဗစ်ပိုးအသစ် ပေါ်လာလို့ ဥရောပနဲ့ အာရှဒေသက
လေဆိပ်တွေ ပြန်ပိတ်လိုက်ရပါပြီ။

Ref: Reuters
Credit - Mahar Non

နိုင်ငံအများစု ထိတ်လန့်နေကြပြီး ခရီသွားတွေ ပြန်ပိတ်ဖို့ ပြင်နေကြတဲ့ ကိုဗစ်၁၉ အမျိုးအစားအသစ် “အိုမီခရွန်” ထိတ်လန့်ဖွယ်

" ကိုဗစ်-၁၉ ရောဂါပိုးမျိုးသစ်သည် လူအများကို
ပိုမိုမြန်ဆန်စွာ ကူးစက်နိုင်"

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အာဖရိကတွင်တွေ့ရှိသော
ကိုဗစ်-၁၉ ရောဂါပိုးမျိုးသစ်အား 'အိုမီခရွန်' ဟုအမည်ပေး။

ရောဂါပိုးသစ်သည်မူလက ဝူဟန်တွင်တွေ့ရသော
မူရင်းကိုဗစ်-၁၉ ရောဂါပိုးနှင့်ဖွဲ့စည်းပုံသိသာစွာ
ကွဲပြား။

ထို့အပြင် အာဖရိကကိုဗစ်-၁၉ ရောဂါပိုးသစ်
'အိုမီခရွန်'သည် ယင်း၏ ဖွဲ့စည်းပုံကြောင့် ယခင်ကူးစက်မြန်
ကိုဗစ်-၁၉ပိုး 'ဒက်တာ'ထက် လူအများကို
ပိုမိုမြန်ဆန်စွာကူးစက်နိုင်။

ဆေးသိပ္ပံပညာရှင်များ အထူးစိုးရိမ်နေကြသည်မှာ
အာဖရိကကိုဗစ်-၁၉ ရောဂါပိုးသစ် 'အိုမီခရွန်'သည်
ယခင်ကိုဗစ်-၁၉ကူးစက်ခံရပြီးသူများအား ထပ်မံကူးစက်နိုင်ခြေရှိခြင်း
နှင့် ယခင်မူလကိုဗစ်-၁၉ပိုးကိုအခြေခံကာထုတ်လုပ်ထားသည့်
ကိုဗစ်ကာကွယ်ဆေးများနှင့်ကုသဆေးများကိုပါ ခံနိုင်ရည်ရှိပြီး
ဆေးမတိုးမည့်ကိစ္စများကိုတွက်ဆနေကြ။

အာဖရိကတွင်တွေ့ရသောကိုဗစ်-၁၉ ရောဂါမျိုးသစ်ကို
အာဖရိကနှင့်အသွားအလာရှိသည့်ဟောင်ကောင်မှခရီးသည်(၂) ဦးတွင် တွေ့ရသဖြင့် ကမ္ဘာ့နိုင်ငံအချို့သည်
အာဖရိကနှင့်လေကြောင်းလိုင်းများပိတ်ပင်။

*ကိုဗစ်-၁၉ ရောဂါပိုးသစ်ကို အကောင်းဆုံးကာကွယ်ရန်..

-အောက်စီဂျင်စက်အမြန်ဝယ်လိုက်ပါ

-ခုခံအားရရှိစေရန် ရနိုင်သည့်ကာကွယ်ဆေးကို ထိုးပါ။

-မက်စ်ကိုအမြဲလိုလိုဝတ်ဆင်ပါ။

-လက်ကိုအမြဲဆပ်ပြာ၊လက်သန့်ဆေးရည်ဖြင့်ဆေးပါ။

- လူစုလူဝေးရှောင်ရှားပါ။

Crd:

OxyRight Myanmar
Quality Oxygen Concentrator
Lifesure Healthcare Product

အရည်အသွေးမြင့်အောက်ဆီဂျင်ဝယ်ယူရန်ဆက်သွယ်လိုက်ပါ

09785947499
09779932331
09789491501

ကိုဗစ်နောက်ဆုံးလှိုင်း စတင်နေပါပြီ အထူးဂရုစိုက်သတိထားမှ လက္ခဏာပြနေတယ်ဆိုတာ သိရတာပါ             သွေးပျစ်ရင် သွေးတွင်း အော...
12/11/2021

ကိုဗစ်နောက်ဆုံးလှိုင်း စတင်နေပါပြီ အထူးဂရုစိုက်သတိထားမှ လက္ခဏာပြနေတယ်ဆိုတာ သိရတာပါ

သွေးပျစ်ရင် သွေးတွင်း အောက်စီဂျင် ကျတာကြောင့် ခန္ဓာကိုယ်ကို ပြန်လည်ပြုပြင် စောင့်ရှောက်ဖို့ လိုပါတယ်။ သွေးပျစ်ရတဲ့ အကြောင်းက စိတ်နဲ့ ပတ်သက်တဲ့ခံစားချက်၊ ခန္ဓာနဲ့ ပတ်သက်တဲ့ နေထိုင်စားသောက်မှုပုံစံနဲ့ ပတ်သက်ပါတယ်။

သွေးပျစ်လာရင် ခန္ဓာကပေးတဲ့ မက်ဆေ့ ၄မျိုးကတော့_

၁။ မနက်ထလာရင် ခေါင်းမူးတယ်၊ အားမရှိဖြစ်တယ်။ မနက်စာစားပြီးမှ တဖြည်းဖြည်း နိုးကြားလာပြီး ညနက်လေ လန်းဆန်းလေ ဖြစ်လာတယ်။

၂။ နေ့လည်စာစားပြီးရင် အရမ်းအိပ်ချင်တယ်၊ မအိပ်လို့ မရတာမျိုး။

၃။ ဆောင့်ကြောင့်ထိုင်ချလိုက်တာနဲ့ မွန်းကြပ်ပြီး အသက်ရှူလို့မကောင်းတာ၊ ခန္ဓာကိုယ် ဝဖြိုးတာ။

၄၊ အမြင်အာရုံ ရုတ်တရက် ဝေဝါးတာ၊ ချက်ချင်း
ကောင်းကောင်းမမြင်ရတာ။
ခန္ဓာက သွေးပျစ်ကြောင်း အချက်ပြလာပြီဆိုရင်
အမြန်ကုစားကြပါ။

သွေးပျစ်တာကို သက်သာစေဖို့ နည်းလမ်း၆မျိုးကတော့_

၁။ ရေများများသောက်ပါ။

၂။ ကိုလက်စထရောကို တားဆီးနိုင်တဲ့ ဟင်းသီးဟင်းရွက်တွေဟာ ရေဓာတ် အများကြီးပါတဲ့အပြင် ကြွယ်ဝတဲ့ ဗီတာမင်စီနဲ့ ဖိုက်ဘာအမျှင်ဓာတ်တွေပါပါတယ်၊ ဒါကြောင့် ဟင်းသီးဟင်းရွက်၊ ပြောင်းဖူး၊ အသီးအနှံ အစေ့အဆံ အစုံစားပါ။

၃။ တိရစ်ဆာန် ဝမ်းတွင်းကလီစာ လျှော့စားပါ ။

၄။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ပါ။

၅။ အရက်နဲ့ ဆေးလိပ်ကို ဖြတ်ပါ။

၆။ အသက်ကယ်အောက်စီဂျင်စက်ဆောင်ထားပါ

သွေးပျစ်ရင် ရေများများသောက်ဖို့ "ပထမ" ဆိုတော့
ရေ နဲ့ ပတ်သက်တာကို နည်းနည်းထပ်ပြီး မျှဝေပါမယ်။

ဒါကြောင့် သွေးပျစ်တာမဖြစ်အောင် သွေးတွင်း အောက်စီဂျင်များအောင် ရေများများသောက်ပါ။ အထူးသဖြင့် ရေနွေးများများသောက်ပါ။ ရေနွေးက အဆီတှကျေို ခြေဖျက်နိုင်တယ်၊ အစာကြေတယ်၊ သွေးလည်ပတ်မှုကို ကောင်းမွန်စေတယ်။

ရေသောက်ခြင်းရဲ့ အကျိုးအာနိသင် ( ၈ )မျိုးကတော့_

၁။ အဆိပ်အတောက်တွေကို သန့်စင်စေတယ်။
၂။ အရေပြားကို သန့်ရှင်း ကျန်းမာစေတယ်။
၃။ ကြွက်သားကို သန်မာစေတယ်။
၄။ ဇီဝကမ္မဖြစ်စဉ်ကို ကောင်းမွန်စေတယ်။
၅။ စွမ်းအင် တိုးပွားစေတယ်။
၆။ ဝိတ်ကျစေတယ်။
၇။ ခေါင်းကိုက်တာကို သက်သာစေတယ်။
၈။ မှတ်သားနိုင်တဲ့စွမ်းရည်ကို တိုးပွားစေတယ်။

- ရေခဲရေကို ရှောင်ပါ။
- ရိုးရိုးရေကို များများသောက်ပါ။
- ရေနွေးကို များများသောက်ပါ။

- ရိုးရိုးရေနွေးဖြူအပြင်၊ ရေနွေးကို လက်ဖက်ခြောက် ခတ်သောက်တာ၊
- ပျားရည်နဲ့ သံပရာ ညှစ်သောက်တာကလည်း ကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ်။

crd:
မူရင်းရေးသားသူ

အရည်အသွေးမြင့်သက်စောင့် အောက်စီဂျင်စက်များဆောင်ထားလိုပါကအောက်ပါဖုန်းများသို့ဆက်သွယ်လိုက်ပါ
09785947499
09779932331
09789491501

Oxyright Myanmar
Quality Lifesure healthcare product
Quality Medical Grade Pure Oxygen Generation
​

Address

Yangon

Telephone

+959779932331

Website

Alerts

Be the first to know and let us send you an email when Oxy Right Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Oxy Right Myanmar:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram