Mya Than Su Pharmacy Bogyoke Market

Mya Than Su Pharmacy Bogyoke Market medicine

Good luck 👍
01/08/2025

Good luck 👍

Mixagrip ရဲ့ နောက်ထပ်ဆုငွေလက်ဆောင် ၁၀,၀၀၀ ကျပ် ကံထူးခွင့် 😮

အခု တီဗွီမှာ "ပါရာမစ်ဆာဂရစ်" ကြော်ငြာလေး လွှင့်နေတာ သတိထားမိကြလား

အဲ့ဒီကြော်ငြာလေး လွှင့်တဲ့အချိန် ကြော်ငြာလေးကို ဓာတ်ပုံအမြန်ရိုက်ယူလိုက်နိုင်မယ်ဆိုရင် သေချာတယ် ... Mixagrip ရဲ့ ဆုငွေ ၁၀,၀၀၀ ကို ရပြီပဲ။

လုပ်ရမှာက ဒီ ၃ ချက်တည်း 👇

✅ တီဗွီမှာ လွှင့်နေတဲ့ ပါရာမစ်ဆာဂရစ် ကြော်ငြာကို ဓာတ်ပုံအမြန်ရိုက်

✅ ရိုက်လိုက်တဲ့ ပုံလေးကို ဒီအစီအစဥ်ပို့စ်ရဲ့အောက်မှာ ကောမန့်လေးမန့်

✅ ပြီးရင် သူငယ်ချင်းတွေလည်း ပါဝင်လို့ရအောင် ဒီပို့စ်ကို ရှယ်လိုက်ရုံပဲ

ဒီအချက်တွေနဲ့ ကိုက်ညီတဲ့သူတွေထဲက ဓာတ်ပုံအရည်အသွေးကောင်းတဲ့သူ (၁၀) ဦးတိတိကို ဆုငွေလက်ဆောင် (၁၀,၀၀၀) ကျပ်စီ ချီးမြှင့်ပေးသွားမှာပဲ ဖြစ်ပါတယ် 🎁

သြော် Mixagrip Myanmar page ကိုလည်း like & follow လုပ်ထားဖို့လည်း မမေ့နဲ့ဦးနော်။

အစီအစဥ်ကာလက သြဂုတ်လ (၁) ရက်နေ့ကနေ (၁၅) ရက်နေ့အထိပဲ ဖြစ်တာမို့ ကြော်ငြာလာတဲ့အချိန် ဓာတ်ပုံအပြေးရိုက်ပြီး ဆုငွေတွေ သိမ်းပိုက်လှည့်ပါဦး။

အငြင်းပွားဖွယ် တစ်စုံတစ်ရာ ရှိလာပါက Mixagrip Myanmar ၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်သည်။

#ပါရာမစ်ဆာဂရစ် #ခေါင်းကိုက် #ဖျားနာကိုက်ခဲ #နာကျင်ကိုက်ခဲ

အသဲကွဲရင်ပျောက်တယ်ဆိုတဲ့ ဆေး တော့မရှိဘူး💔အရက်ကွဲရင်ပျောက်တယ်ဆိုတဲ့ ဆေးတော့ရှိတယ်🍺
30/07/2025

အသဲကွဲရင်ပျောက်တယ်ဆိုတဲ့ ဆေး တော့မရှိဘူး💔
အရက်ကွဲရင်ပျောက်တယ်ဆိုတဲ့ ဆေးတော့ရှိတယ်🍺

26/07/2025

❤️

26/07/2025

Celebrating my 5th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

16/06/2025

ဆက်ဆံရေးကောင်းပြီး စိတ်ရှည်စွာရှင်းပြပေးသောဆိုင်ပါ❤️

မြန်မာပြည်ကြီးငြိမ်းချမ်းပါစေ
17/04/2025

မြန်မာပြည်ကြီးငြိမ်းချမ်းပါစေ

23/02/2025

ယခု လပိုင်းတွင် မျက်စိဝါ၊ ဆီးဝါ၊ အသားဝါ၍ လာပြကြသည့် လူနာများလာပါသည်။

ထိုသူများကို စစ်ဆေးကြည့်သည့်အခါ အသည်းရောင်အသားဝါရောဂါ “အေပိုး” ရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

အသည်းရောင်အသားဝါ “A ပိုး” “B ပိုး” “C ပိုး” “D ပိုး” နှင့် “E ပိုး” ဟူ၍ ရှိရာတွင် အသည်းရောင် အသားဝါ “A ပိုး” နှင့် “E ပိုး” မှာ အသည်းရောင်အသားဝါပိုးရှိသူ၏ မစင်မှတဆင့် တိုက်ရိုက်/သွယ်ဝိုက်၍ အစားအသောက်များမှတဆင့် (သို့) ယင်နားစာများမှတဆင့် (သို့) ရေမှတဆင့် ကူးစက်နိုင်ပါသည်။

ကူးစက်မှုအခြေအနေမှာ outbreak အသွင်မဟုတ်သေးသော်လည်း ကူးစက်မှုနှုန်း ခပ်စိပ်စိပ်တွေ့လာရသည့်အတွက် အများဆုံးရောဂါပိုးဖြန့်နေသည့်နေရာ/ကူးစက်နေသည့်ရောဂါနေရာများကို ရှာဖွေတားမြစ်ရန် လိုအပ်ပါမည်။

အသည်းရောင်အသားဝါ “A ပိုး” သည် အများစုမှာ ပြင်းထန်ရောဂါ လက္ခဏာမပြသော်လည်း ကလေးငယ်များ၊ ခန္ဓာကိုယ်ခုခံစွမ်းအားကျနေသူများ၊ အရက်စွဲသောက်နေသူများ၊ အသည်းရောဂါအခံရှိနေသူများတွင် ရောဂါပြင်းထန်နိုင်၍ အသက်သေဆုံးနိုင်ပါသည်။

အသည်းရောင်အသားဝါ ရောဂါ “A ပိုး” မှာ အနားယူ၍ supportive treatment ပေးပြီး ပြန်လည်ပျောက်ကင်းနိုင်ကာ နာတာရှည် အသည်းခြောက်၊ အသည်းကင်ဆာ မဖြစ်နိုင်၍ အရမ်းစိတ်ပူရန်မလိုပါ။

မဖြစ်သေးသူများ ကာကွယ်ဆေးထိုး၍ ကာကွယ်ထားနိုင်ပါသည်။

——————————————————————————

“အသည်းရောင် အသားဝါ ရောဂါ A ပိုး နှင့် E ပိုး အကြောင်း”

* လူတစ်ဦးမှ.. တစ်ဦးသို့ ... အများသို့.. ရောဂါပိုး ကူးစက် ပြန့်ပွားနိုင်ပါသည်..
(A ပိုးက E ပိုးထက် ပို၍ ကူးစက်လွယ်ပါသည်)

* ဖွံဖြိုးဆဲနိုင်ငံများ.. ကျေးလက်ဒေသများ.. တွင် အဖြစ်များပါသည်..

* လူတိုင်းတွင် ဖြစ်နိုင်ပါသည်..
- A ပိုးသည် ကလေးငယ်များတွင် ဖြစ်ပွားမှုပိုများပြီး..
- E ပိုးသည် ၁၅ နှစ်မှ ၄၀ နှစ်အတွင်း ဖြစ်ပွားမှု ပို၍များပါသည်..

* A ပိုးသည် ရောဂါပိုး တစ်ခါဝင်ခဲ့ပြီးပါက နောက်တစ်ခါ ထပ်မဖြစ်တော့ဘဲ တစ်သက်တာ ရောဂါပြီးနိုင်ပါသည်..

* နာတာရှည် အသည်းရောဂါများ (အသည်းခြောက်ခြင်း.. အသည်းကင်ဆာ..) မဖြစ်သွားနိုင်သည့်အတွက် A ပိုး.. E ပိုးကြောင့် အသည်းရောင်ရောဂါ ဖြစ်ကြောင်းသေချာသိရှိပါက စိုးရိမ်စရာ မရှိပါ..

***************************************************

** ရောဂါ ကူးစက်နိုင်သော နည်းလမ်းများ..

* ရောဂါပိုးပါဝင်သော မစင်မှတဆင့်.. ပါးစပ်သို့.. တိုက်ရိုက်ဖြစ်စေ.. သွယ်ဝိုက်၍ ဖြစ်စေ.. ကူးစက်နိုင်ပါသည်.. (F***l - oral route)

* လူအစုလိုက်.. အပြုံလိိုက် ရောဂါပိုးကူးစက် (outbreaks) ဖြစ်သွားနိုင်ပါသည်..
(ရောဂါပိုး ရှိနေသော မစင်နှင့် သောက်သုံး ရေများထိတွေ့နေခြင်းသည် အဓိကဖြစ်ပါသည်)

* မူကြိုကျောင်းများ.. စာသင်ကျောင်းများ.. ဘော်ဒါဆောင်များ.. လူအများစုဝေးနေထိုင်သည့် နေရာများတွင် အချင်းချင်း ရောဂါပိုး အလွယ်တကူကူးစက်နိုင်ပါသည်.. (Person to person contact..)

**********************************************

** ရောဂါ လက္ခဏာများ..

* ကလေးငယ် အများစုမှာ ရောဂါ လက္ခဏာ မပြဘဲ အလိုအလျောက် ပျောက်ကင်း သွားကြပါသည်.. အသက် ၆ နှစ် အထက်တွင် ၈၀ % ခန့် ရောဂါလက္ခဏာ ပြတတ်ပါသည်..

* ဖျား.. ကိုယ်လက်မအီမသာဖြစ်..
* အစားအသောက်ပျက်.. ပျို့.. အန်..
* ဗိုက်နာ.. မျက်စိဝါ.. အသားဝါ.. ဆီးဝါ..
* စမ်းသပ်ကြည့်လျှင် အသည်းကြီးနိုင်ပါသည်..
* အသည်း enzymes များ များစွာတက်နေနိုင်ပါသည်…

* ရောဂါ ပြင်းထန်မှု မရှိသလောက် နည်းပါးသော်လည်း ရုတ်တရက် အသည်းပျက်စီး၍ အသက်ဆုံးရုံးသွားနိုင်ပါသည်..
- A ပိုးတွင် < 1%..
- E ပိုးတွင် 0.5 - 4 %..
- ကိုယ်ဝန်ဆောင် မိခင်တွင် 20 - 25 %.. ရှိပါသည်..

* ခန္ဓာကိုယ် ဖွံ့ဖြိုးမှု ပုံမှန်အောက် ကလေးငယ်များ၊ အရက်စွဲသောက်နေသူများ၊ ခန္ဓာကိုယ် ခုခံစွမ်းအားကျနေသူများ၊ နဂို အသည်းရောဂါ အခံ ရှိနေသူများ ပို၍ ရောဂါပြင်းထန် နိုင်ပါသည်..

**********************************************

** ရောဂါပိုး အတည်ပြုခြင်း..

* ရောဂါပိုးရှိကြောင်း သွေးဖောက် စစ်ဆေး၍ သိရှိနိုင်ပါသည်..
- A ပိုးအတွက် anti HAV Ig M positive
- E ပိုးအတွက် anti HEV Ig M positive

**********************************************

** ကုသခြင်း..

* ရောဂါ လက္ခဏာ မပြင်းထန်သူများ အိမ်တွင် အနားယူ၍ အာဟာရ.. ရေ.. အရည်.. များများသောက်သုံးခြင်းဖြင့် ၄ ပတ်မှ ၆ ပတ်အတွင်း အလိုအလျောက် ပျောက်ကင်းသွား နိုင်ပါသည်..

* ရောဂါပြင်းထန်သူများ ဆေးရုံတက်၍ အနီးကပ်စောင့်ကြည့် ကုသမှု ခံယူရပါမည်..

* အရက်.. မူးယစ်ဆေး.. ဆေးလိပ်.. ပြင်းထန်သည့် ဆေးဝါးများ သုံးစွဲခြင်း ရှောင်ရပါမည်..

**********************************************

** ကာကွယ်ခြင်း..

* A ပိုးကို ကာကွယ်ဆေး ၂ ကြိမ် ထိုး၍ ကာကွယ်နိုင်ပါသည်..
- ၁ နှစ်သားမှ စ၍ ကာကွယ်ဆေး ထိုးနိုင်ပါသည်..
- ပထမအကြိမ် ထိုးပြီး ၆ လ မှ ၁ နှစ်အတွင်း ဒုအကြိမ် ဆေးထပ်ထိုးရပါမည်..

* E ပိုးအတွက် ကာကွယ်ဆေး မထွက်သေးပါ..

* အစာမစားမှီ.. အိမ်သာတက်ပြီးတိုင်း.. လက်ကို စင်ကြယ်စွာ ဆေးကြောပါ..

* သန့်ရှင်းသော ရေ.. အရည်ကိုသာ သောက်သုံးပါ..

* အသီးအရွက်များကို သန့်ရှင်းစွာ ဆေးကြောပြီးမှ စားသုံးပါ..

* ယင်နားစာများ စားသုံးခြင်းမှ ရှောင်ကျဉ်ပါ..

* အသား.. ငါး.. တို့ကို ပွတ်အောင်ပြုတ်.. ကြော်.. ပေါင်း.. ချက်.. ပြီးမှသာ စားသုံးပါ..

* ရေလောင်းအိမ်သာ.. ယင်လုံအိမ်သာ.. ကိုသာ အတတ်နိုင်ဆုံး သုံးစွဲပါ..

**********************************************

* မျက်စိဝါ.. ဆီးဝါ.. အသားဝါလာပါက.. အသည်းရောင်ပြီ ဆိုသည်ကို သိရှိနိုင်ကြပြီး အသည်းရောင်ပိုးများ ရှိ/မရှိ စစ်ဆေးရပါမည်။

* တကိုယ်ရေ သန့်ရှင်းရေး ဂရုစိုက်၍ သောက်ရေသန့်၊ သန့်ရှင်းသောအစားအစာတို့ကိုသာ စားသုံးပြုမူနေထိုင်ခြင်းဖြင့် အသည်းရောင် အသားဝါ A ပိုး.. E ပိုး.. ဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ပါသည်။

Dr. Min Aung Shan
Dr. Min Aung Shan

03/01/2025

သတိပြုနိုင်ကြဖို့ပါ
ကိုဗစ်အပြီးငါးနှစ်အကြာတရုတ်၌ ဗိုင်းရပ်စ်အသစ်
နှင့်ရင်ဆိုင်နေရပြန်။
ပေကျင်း၊ဇန်နဝါရီ ၃
တရုတ်နိုင်ငံ၌ ကိုဗစ်ကပ်ရောဂါဖြစ်ပွားပြီး နောက်ငါးနှစ်အကြာတွင် ယခုအခါ ဗိုင်းရပ်စ်အသစ်တစ်မျိုး ထပ်မံပျံ့ပွားလျက်ရှိကြောင်းသိရသည်။ အဆိုပါဗိုင်းရပ်စ်ရောဂါသည် Human metapneumovirus (HMPV) အမည်ရှိသော ရောဂါတစ်မျိုးဖြစ်ပြီး ၎င်းရောဂါသည်လျင်မြန်စွာကူးစက်ပျံ့နှံ့လျက်ရှိကာ ဆေးရုံများတွင်လူများပြည့်နေသည်ဟုလည်းဆိုကြသည်။
အဆိုပါရောဂါကြောင့် ဆေးရုံများတွင်လူများပြည့်နေသည်ဟူသောသတင်းများနှင့် အွန်လိုင်းဗီဒီယိုများလည်းပျံ့နှံ့လျက်ရှိကာ အာဏာပိုင်များက အဆိုပါရောဂါအားအတည်မပြုထားသေးသော်လည်း နိုင်ငံတွင်းအရေးပေါ်အခြေအနေတော့ကြေငြာထားကြောင်းသိရသည်။
HMPV သည် တုပ်ကွေးဆန်သောလက္ခဏာများရှိပြီး အချို့လက္ခဏာများသည် ကိုဗစ်နှင့်ဆင်တူကြောင်းသိရပြီး တရုတ်နိုင်ငံ၌ လက်ရှိတွင် ကျန်းမာရေးဝန်ကြီးဌာနမှတာဝန်ရှိသူများက အခြေအနေကိုသေချာစောင့်ကြည့်ကိုင်တွယ်လျက်ရှိသည်ဟုလည်းဖော်ပြထားသည်။
လတ်တလော၌ အွန်လိုင်းသတင်းများတွင် တရုတ်နိုင်ငံ၌ HMPV ၏ အခြေအနေမှာ စိုးရိမ်ရသဖြင့် နိုင်ငံတွင်းအရေးပေါ်အခြေအနေကြေငြာထားရသည်ဟူသော သတင်းများပျံ့နှံ့နေသော်လည်း တရုတ်နိုင်ငံ၏ ရောဂါရှာဖွေရေးနှင့်ထိန်းချုပ်ရေးဌာနကမူ ၎င်းတို့အနေဖြင့် အတည်မပြုနိုင်သေးဘဲ ဆောင်းရာသီတွင်အဖြစ်များသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်လည်း တိုက်ဆိုင်စစ်ဆေးမှုများပြုလုပ်နေသည်ဟု ရိုက်တာသတင်းဌာနကဖော်ပြထားသည်။

Source : အင်န်ဒီတီဗွီ
Popular News Journal

နှစ်သစ်ဆုတောင်း
31/12/2024

နှစ်သစ်ဆုတောင်း

R.Oasis မှ တန်ဆောင်တိုင်လက်ဆောင်
12/11/2024

R.Oasis မှ တန်ဆောင်တိုင်လက်ဆောင်

San Lwin Co.Ltd မှသီတင်းကျွတ်လက်ဆောင်
02/10/2024

San Lwin Co.Ltd မှသီတင်းကျွတ်လက်ဆောင်

Pahtama Group ဈေးတက်ပါတယ်
29/08/2024

Pahtama Group ဈေးတက်ပါတယ်

Address

Yangon

Opening Hours

Monday 09:00 - 16:00
Tuesday 09:00 - 16:00
Wednesday 09:00 - 16:00
Thursday 09:00 - 16:00
Friday 09:00 - 16:00
Saturday 09:00 - 16:00

Telephone

+959785090017

Website

Alerts

Be the first to know and let us send you an email when Mya Than Su Pharmacy Bogyoke Market posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Mya Than Su Pharmacy Bogyoke Market:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram