The Goddess Tarot by Yu

The Goddess Tarot by Yu Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from The Goddess Tarot by Yu, Astrologist & Psychic, Yangon.

08.08.2024 General Daily Reading စီးပွါးရေး/အလုပ်အကိုင်တွေ ကြံစည်သမျှတွေအဆင်ပြေနေမယ်။ လုပ်ငန်းသစ်အကြံစည်သစ်တွေ၊ collabor...
08/08/2024

08.08.2024 General Daily Reading

စီးပွါးရေး/အလုပ်အကိုင်တွေ ကြံစည်သမျှတွေအဆင်ပြေနေမယ်။ လုပ်ငန်းသစ်အကြံစည်သစ်တွေ၊ collaboration and partnership တွေ အောင်မြင်မယ်။ ရင်းနှီးသိကျွမ်းဝင်ခဲ့ဖူးသော မိတ်ဆွေတွေနဲ့ ပြန်လည်တွေ့ဆုံ လုပ်ငန်းအကြောင်းပြောဆိုတိုင်ပင်ရတတ်တယ်။ လုပ်ငန်းမှာ နိုင်ငံခြားသားများ၊ လူမျိုးခြားများနှင့်ဆက်ဆံရတတ် တယ်။ ဝန်ထမ်းတွေ ဌာနေပြောင်း၊ နေရာပြောင်း၊ နယ်ပြောင်း၊ နိုင်ငံခြားပြောင်းတာတွေရှိမယ်။ အထက်လူကြီး အဟောင်းလုပ်ဖော်ကိုင်ဖက်ဟောင်းနှင့်ပြန်ဆုံရတတ်တယ်။ အလုပ်သစ်လျှောက်ထားရင်လဲ အခွင့်လမ်းကောင်းနှင့်အမြန်ဆုံးရလိမ့်မယ်။ logistics၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်နေသူ သတိထားပါ။ စရိတ်ကြီးမားတာ၊ ကြာမြင့်တာ၊ ခက်ခဲတာမျိုးကြုံရတတ်တယ်။ ငွေကြေး- အခက်အခဲရှိနေသူတွေ ငွေဝင်၍ ပြန်လည်အဆင်ပြေလာမယ်။ ငွေပေးငွေယူကိစ္စတွေ၊ လုပ်ငန်းကြီး လုပ်ဆောင်နေသူတွေလဲ အဆင်ပြေမဲ့နေ့ပါ။ အခက်အခဲရှိနေရင် မိမိဘာသာရေးနှင့်သက်ဆိုင် သောဆုတောင်းမှုတွေပြုလုပ်ပါ။ ကံကောင်းသော အချိန်ရောက်လာ၍ငွေအစုလိုက်လဲဝင်ပါလိမ့်မယ်။ အောင်မြင်ချမ်းသာမယ့်ကံ ပါရှိသလို ခြေတလှမ်းမှားက အကျနာတတ်လို့ သတိပြုပါ။ အရေးကြီးသောရွေးချယ်မှုများပြုလုပ်တတ်ရ၍ သတိရှိဖို့လိုပါတယ်။ အချစ်ရေး- နားလည်မှုမရဖြစ်နေမယ်။ ပတ်ဝန်းကျင် ဝင်ရောက်နှောင့်ယှက်နေမှုကြောင့် စိတ်ပိုင်းဆိုင်ရာ ပြသနာ၊ stress တွေရနေမယ်။ ခဏတာ ခွဲခွါပြီး healing လုပ်၍ ပြသနာရဲ့ အရင်းအမြစ်ကို သေချာရှာဖွေပါ။ အမှားရှိလျှင်ဝန်ခံပြုပြင်ပါ။ မိမိဘက်က အနစ်နာခံပေးဆပ်နေရတာတွေလဲ ရှိနေလိမ့်မယ်။ တဖက်သတ်ပေးဆပ်နေရသော RS တွေပြသနာရှိသောအရာများကို သေချာညှိနှိုင်းမှုရယူပါ။ အပြန်အလှန် နားလည်မှုတည်ဆောက်ပါ။ အိမ်ထောင်ရှင်- ရန်ဖြစ်ရတာတွေစိတ်ကုန်နေလိမ့်မယ်။ ပြသနာပေါင်းသောင်းခြောက်ထောင်နဲ့ တစ်ယောက်ထဲ နေချင်နေလိမ့်မယ်။ ရေရှည်အတွက်အကျိုးရှိမည့်အရာသာ စဉ်းစားလုပ်ဆောင်ပါ။ တစ်ဦးပေါ်တစ်ဦး လေးစားမှုရှိဖို့လိုပါတယ်။ ပတ်ဝန်းကျင်က ကြီးစိုးလိုသူများကြောင့်လဲ စိတ်အနှောင့်အယှက်မဖြစ်ပါနဲ့။ ကိုယ့်ရဲ့နေရာမှန်ကန်မှုဖြစ်နေဖို့သာ အရေးကြီးပါတယ်။

𝓖𝓸𝓸𝓭 𝓵𝓾𝓬𝓴🍀 𝓮𝓿𝓮𝓻𝔂𝓸𝓷𝓮

07.08.2024 General Daily Readingအလုပ်အကိုင်- အလုပ်ထဲမှာ စိတ်ပူပန်မှုတွေ၊ စိုးရိမ်မှုတွေများနေလိမ့်မယ်။ စာရွက်စာတမ်းကိစ္စ...
07/08/2024

07.08.2024 General Daily Reading

အလုပ်အကိုင်- အလုပ်ထဲမှာ စိတ်ပူပန်မှုတွေ၊ စိုးရိမ်မှုတွေများနေလိမ့်မယ်။ စာရွက်စာတမ်းကိစ္စတွေ၊ project ကိစ္စတွေမှာ ကြာမြင့်တာတွေ ဟန့်တားတာတွေရှိတတ်တယ်။ အလုပ်နဲ့ပတ်သက်ပြီးရပ်ဝေးခရီးသွားရတတ်တယ်။ နိုင်ငံခြား export/import လုပ်ငန်းတွေအဆင်ပြေသလိုဖြစ်နေပေမယ့် ရပ်ဝေးမှ တင်သွင်းထားတဲ့ပစ္စည်းများကျန့်ကြာလိမ့်မယ်။ ငွေကြေး- ဝင်ပေမယ့် အထွက် များနေမယ်။ မကုန်သင့်တာတွေလဲကုန်ဖို့ရှိတယ်။ ကိုယ့်ရဲ့စိတ်လိုအပ်ချက်များကိုထိန်းချုပ်ဖို့လိုအပ်တယ်။ ရစရာရှိသောငွေများတစ်ယောက် ယောက်ကြားခံအကျိုးတော်ဆောင်ပြောဆိုပေးမှ အဆင်ပြေပါလိမ့်မယ်။ ငွေချေးငှါး ရင်ပြန်ရတာ ခက်ခဲတတ်တယ်။ အလိမ်ခံရဖို့ရှိလိူ့သတိထားပါ။ အချစ်ရေး -အဆင်မပြေမှုတွေဆက်တ်ိုက်ဖြစ် ပေါ်နေမယ်။ အဆင်ပြေပါစေဆိုပြီး မရိုးမသား လိမ်ညာမှုများကြောင့် ရှုတ်ထွေးမှုတွေပေါ်တတ် တယ်။ လိမ်လည်ထားမှုကြောင့်ပြသနာတက်ကိန်းရှိတယ်။ တချို့တွေချစ်သူရဲ့ပြသနာခေါင်းခံဖြေရှင်းရတတ်တယ်။ မျှော်လင့်ချက်ကုန်ခမ်းနေ၍ တဖက်သတ်အဆင်ပြေအောင်လုပ်ဆောင်နေရတတ်တယ်။ အိမ်ထောင်ရေး- စွတ်စွဲခံရတတ်တယ်။ မိမိထိန်းချုပ်နိုင်စွမ်းမရှိတဲ့ကိစ္စတွေ တန်းစီပေါ်နေမယ်။ အပေါ်ယံ အလိုက်သင့် ပေါင်းသင်းနေသူများကြောင့် အိမ်ထောင်ဖက်နှင့်ပြသနာဖြစ်တတ်တယ်။

𝓖𝓸𝓸𝓭 𝓵𝓾𝓬𝓴🍀 𝓮𝓿𝓮𝓻𝔂𝓸𝓷𝓮

06.08.2024 General Daily Reading စီးပွါးရေး/အလုပ်အကိုင်တွေ လုပ်ငန်းမှာအတိုက်အခိုက်တွေ ယှဉ်ပြိုင်မှုတွေရှိနေမယ်။ အလုပ်မှာ...
06/08/2024

06.08.2024 General Daily Reading

စီးပွါးရေး/အလုပ်အကိုင်တွေ လုပ်ငန်းမှာအတိုက်အခိုက်တွေ ယှဉ်ပြိုင်မှုတွေရှိနေမယ်။ အလုပ်မှာ နာမည်ဖျက်သိက္ခာကျအောင်ဖျက်လိုဖျက် စီးလုပ်ချင်တဲ့သူတွေလဲရှိတတ်တယ်။ ကိုယ့်ရည်မှန်းချက်အတိုင်းသာဆက် သွားပါ။ ပျံ့လွင့်နေတဲ့စိတ်အာရုံတွေစုစည်းလုပ်ဆောင်ဖို့လိုနေပါတယ်။ အရေးကြီးကိစ္စကိုသာဦးစားပေးလုပ်ဆောင်သင့်တယ်။ အရေးမပါသောအရာများကြောင့်ရည်မှန်းချက်၊ ဦးတည်ချက်လမ်းချော်သွားတတ်တယ်။ အလုပ်ကိစ္စအများအပြားအားလုံးကို တချိန်ထဲကိုင်တွယ်ဖြေရှင်းနေတာထက် တခုတည်းသာအားစိုက်ကြိုးစားဆောင်ရွက်တာပိုအကြိုးရှိပါတယ်။ စိတ်မလောပါနဲ့။ ငွေကြေး- အဆင်ပြေမယ်။ ရင်းနှီးမြုပ်နှံထားသောလုပ်ငန်းများ၊ အားစိုက်ကြိုးစားထားသော လုပ်ငန်းများမှ အသီးအပွင့်တွေစားရမဲ့အချိန်ဖြစ်တယ်။ မထင်ထားသောနေရာကနေ ငွေဝင်တာမျိုးတွေလဲရှိမယ်။ လက်လွန်ဆုံးရှုံးထားသော ငွေကြေး အနည်းငယ်ပြန်ရလာလိမ့်မယ်။ လုပ်ငန်းမှာအတွင်းလူ သတိထားဖို့တော့လိုတယ်။ အတွင်းလူကြောင့်ငွေကြေးဆုံးရှုံးရတတ်တယ်။ လောလောဆယ် ငွေချေးခြင်းကိုရှောင်ပါ။ အချစ်ရေး- အခက်အခဲပြသနာမျာကျော်လွှား၍ ညှိနှိုင်းမှုများအဆင် ပြေပြီး မိသားစုဘဝကို တည်ဆောက်နိုင်လိမ့်မယ်။ အဆင်မပြေမှုတွေအခက်အခဲတွေကျော်ဖြတ်နိုင်မည့်အချိန်ဖြစ်တယ်။ ရေခြားမြေခြား တစ်ယောက်တစ်နေရာစီ LDRS ဖြစ်နေနမယ်။ ဖျက်လိုဖျက်စီးကြားဝင်နှောင့်ယှက်မဲ့သူတွေတော့ရှိနေတယ်။ စိတ်ဆိုးစိတ်ကောက် ကွဲကွာနေသူများ နားလည်မှုယူပြီး ပြန်လည်ပေါင်းသင်းမှုရယူနိုင်မယ်။ အချစ်ရေးအားအလိုလိုအဆင်ပြေမယ်ဆိုပြီး ထိုင်မျှော်နေသည့် အခြေအနေကနေရုန်းထွက်၍ ကိုယ်တိုင်ဖန်တီးလုပ်ယူလိုက်ပါ။ အိမ်ထောင်ရှင်- မိသားစုအဆင်မပြေမှုတွေကျော်လွှားနိုင်ခဲ့ပြီး ယခုချိန် မိသားစုဘဝနဲ့အေးချမ်းသာယာလိမ့်မယ်။ သားသမီးရတနာရတတ်တယ်။ ပတ်ဝန်းကျင် အသိုင်းအဝိုင်းတွင် ခါးသီးမှုများ၊ တိုက်ခိုက်မှုများ၊ မိသားစုရေးဝင်ပါမှုများကြုံတွေ့နေရတတ်တယ်။ အဆင်ပြေအောင် ဟန်ဆောင်ပြီးနေထိုင်နေရမှုကြောင့်လဲ စိတ်ပင်ပန်းနေတတ်တယ်။ ရေခြားမြေခြားခရီးဝေးသွားရတတ်တယ်။

𝓖𝓸𝓸𝓭 𝓵𝓾𝓬𝓴🍀 𝓮𝓿𝓮𝓻𝔂𝓸𝓷𝓮

02.08.2024 General Daily Reading စီးပွါးရေး/အလုပ်အကိုင်တွေ လုပ်စရာတွေအရမ်းများနေမယ်။ စိတ်ညစ်စရာတွေ ပေါ်တတ်တယ်။ မနိုင်ဝန်...
02/08/2024

02.08.2024 General Daily Reading

စီးပွါးရေး/အလုပ်အကိုင်တွေ လုပ်စရာတွေအရမ်းများနေမယ်။ စိတ်ညစ်စရာတွေ ပေါ်တတ်တယ်။ မနိုင်ဝန်ထမ်းရသလို စိတ်ဖိစီးမှုတွေရှိမယ်။ project တွေအတွက် အခက်အခဲပြသနာပေါ်တတ်တယ်။ ထင်သလောက်မဖြစ်ဘူးဆိုပြီးလဲစိတ်မပျက်ပါနဲ့။ စိတ်ဓါတ်မကျပဲရှေ့ဆက်တိုးလုပ်ဆောင်ဖို့လိုတယ်။ မည်သည့်အခက်အခဲရှိနေပါစေ နောက်ဆုံးတွင်ထူးခြားတဲ့ရလာဘ်ကောင်းပေါ်ပေါက်မယ်။ လုံးဝမမျှော်လင့်ထားသော ကမ်းလှမ်းမှုလဲပေါ်လာလိမ့်မယ်။ ဝန်ထမ်းတွေ တာဝန်ပိနေတတ်တယ်။ စိတ်ပင်ပန်း၊လူပင်ပန်းဖြစ်နေမယ်။ မထင်ထားတဲ့ပြသနာတွေရှင်းနေရမယ်။ အထက်လူကြီး ကူညီပါလိမ့်မယ်။ ငွေကြေး- အဆင်ပြေနေသော်လည်း ဖူလုံမှုမရှိဖြစ်နေတတ်တယ်။ ငွေစုဆောင်းဖို့ခက်နေသောအနေအထားပါ။ မိသားစုစားဝတ်နေရေးအတွက် အနည်းငယ်စိတ်ပူနေရမယ်။ သားသမီး ကျန်းမာရေး၊ပညာရေးအတွက်ငွေကုန်ကြေးကျများတတ် တယ်။ တချို့တွေ သားသမီးအတွက် တစ်ဦးတည်းကျွေးမွေးပျိုးထောင်နေသူတွေဒီ ရက်မှာပင်ပန်းတတ်တယ်။ မိမိပိုင်ဆိုင်နေသောအရာကိုဥစ္စာခြောက်နေမယ်။ ရလေ၊ရှိလေလိုလေဖြစ်နေမယ်။ အနာဂတ်ကိုမမြင်နိုင်ပဲ စိတါဓာတ်ကျနေမယ်။ ခရီးထွက်ရန်လဲ ငွေကြေးမလုံမလောက်ဖြစ်နေမယ်။ အချစ်ရေး- အခက်အခဲတွေဖြစ်နေမယ်။ stress ပိနေတတ်တယ်။ စိတ်ဖိစီးမှုတွေ၊ စိတ်ညစ်စရာတွေ၊ ဖြေရှင်းမရတဲ့ပြသနာတွေ ကြုံရတတ်တယ်။ အနာဂတ်ရှေ့ရေးကို ပူပင်ပြီး စဉ်းစားစရာများ၊အတွေးများဖြင့် ညအိပ်မပျော်ပဲတညလုံး ဖြတ်သန်းနေရတတ်တယ်။ အချစ်နှင့်ပတ်သက် လျှင်စုံလုံးကန်းတတ်ပြီး ရမ္မက်လောဘကြီးနေလိမ့်မယ်။ တစ်ဦးအပေါ်တစ်ဦး အနိုင်ရချင်စိတ်တွေဖြစ်နေမယ်။ ခံစားလွယ်ပေါက်ကွဲလွယ်နေလိမ့်မယ်။ လိမ်ညာဖောက်ပြန်မှု၊ အမှားအမှန်မခွဲခြားနိုင်မှု၊ အလွန်အမင်း ချုပ်ချယ်မှုများကြောင့် ပြသနာဖြစ်တတ်တယ်။ အိမ်ထောင်ရှင်- ခံစားချက်များပေါက်ကွဲနေမယ်။ အနိုင်လိုချင် သောစိတ်နဲ့ စကားတွေလွန်တတ်သောကြောင့် စိတ်ထိခိုက်နေရမယ်။ အိမ်ထောင်ဖက်၏ပြသနာများ၊ မိသားစုပြသနာများကြောင့် စိတ်သောကရောက်၍ အအိပ်ပျက်အစားပျက်ဖြစ်နေတတ်တယ်။ အိမ်ထောင်ဖက်ကို အရွဲ့တိုက်လိုစိတ်တွေဖြစ်နေမယ်။ ပတ်ဝန်းကျင်မှာ မိမိအား လမ်းမှာရောက် အောက် သွေးထိုးနေသူတွေရှိတယ်။ ထိန်းချုပ်ထားသည့်စိတ်များ ပေါက်ကွဲတတ်လို့ သတိရှိပါ။

𝓖𝓸𝓸𝓭 𝓵𝓾𝓬𝓴🍀 𝓮𝓿𝓮𝓻𝔂𝓸𝓷𝓮

01.08.2024 General Daily Readingအလုပ်အကိုင်- လုပ်ထားတဲ့အလုပ်တွေခေတ္တခန ရပ်ဆိုင်းသွားတာ၊ စာရွက်စာတမ်း အခက်တွေ့တာတွေရှိမယ်...
01/08/2024

01.08.2024 General Daily Reading

အလုပ်အကိုင်- လုပ်ထားတဲ့အလုပ်တွေခေတ္တခန ရပ်ဆိုင်းသွားတာ၊ စာရွက်စာတမ်း အခက်တွေ့တာတွေရှိမယ်။ အခက်အခဲကို တည်ငြိမ်စွာရင်ဆိုင်ဖြေရှင်းနိုင်မယ်။ စိုးရိမ်ကြောင့်ကြမှုများနေရင် ပြသနာများကိုမဖြေရှင်းနိုင်ပဲဖြစ်နေမယ်။ သတိထားပါ။ လိုချင်သောအရာ ဖြစ်ချင်သောကိစ္စအောင်မြင်ရန် ဦးတည်ချက်ကို မယိမ်းမယိုင်ပဲ တည်တည်ငြိမ်ငြိမ်လုပ်ဆောင်နိုင်ပါက မုချအောင်မြင်ပါလိမ့်မယ်။ ဝေဖန်ကဲ့ရဲ့မှုများကို စိတ်ထဲမထားပါနဲ့။ ကြိုတင်ခန့်မှန်းထားသော အခက်အခဲ၊စိတ်ကူး တွေကိုမည်သို့ဖြေရှင်းရမည်ကိုလဲ သိနေပြီးသားဖြစ်နေတတ်ပါတယ်။ ငွေကြေး- စိတ်ပင်ပန်းမှုတွေရှိနေမယ်။ ရစရာတွေပေးရန်ရှိတွေ အတွက် စိတ်ပင်ပန်းမှုတွေများနေလိမ့်မယ်။ ဘေးကြပ်နံကြပ်ဖြစ်နေတယ်ဆိုပြီး စိတ်ပူပန်မှုတော့လျော့ပါ။ တချို့ ငွေကိစ္စအတွက် ဆုံးဖြတ်ချက်ချဖို့လိုနေပါတယ်။ လက်တွေ့ကျကျလုပ်ဆောင်ပါ။ လက်ရှိ မိမိအခြေအနေအား မှန်မှန်ကန်ကန်လက်ခံရန်လိုအပ်တယ်။ ငွေကို စာရင်းဇယားဖြင့် စနစ်တကျ စုဆောင်းရန်၊ သုံးစွဲရန်လိုပါတယ်။ ရင်းနှီးမြုပ်နှံရန် အကြောင်းပေါ်ရင်လဲ သေချာစိစစ်ပါ။ ဆုံးဖြတ်ရန်ခက်ခဲပြီး စိတ်နှစ်ခွ ဖြစ်နေတတ်တယ်။ အချစ်ရေး -အဆင်တော့ပြေနေပေမယ့်လက်ရှိRSတွေကြားထဲမှာ တစ်ဖက်ကပဲဦးဆောင်နေရမယ်။ တစ်ဖက်ကပဲ အဆင်ပြေအောင်ကြိုးစားနေရတတ်တယ်။ အထီးကျန်နေရမယ်။ ကြားလူအနှောင့်အယှက်ရှိတယ်။ ၃ ပွင့်ဆိုင်ဇာတ်လမ်းတွေပေါ်ပြီး ဖြေရှင်း၍မရဖြစ်တတ်တယ်။ ယခု လက်ရှိအခက်အခဲတွေရှိပါက ကျော်ဖြတ်နိုင်ပါမယ်။ မိမိအနေနဲ့ ပြောင်းလဲနိုင်စွမ်းလဲရှိပါမယ်။ နာကျည်းမှုများရှိပါကစွန့်လွှတ်နိုင်မယ်။ အတိတ်ကိုလက်ခံပြီး အနာဂတ်အတွက်သာပြင်ဆင်လိုက်ပါ။ အိမ်ထောင်ရေး-အပြင်ကိစ္စတွေနဲ့ မိသားစုအချိန်မပေးနိုင်ပဲဖြစ်နေမယ်။ အိမ်ထောင်ဖက်အပေါ် သံသရမရှိပဲ နားလည်ပေးဖို့လိုမယ်။ ယုံကြည်မှုနဲ့တည်ဆောက် ပါ။ လူမှုရေးပြသနာများကို သတ္တိရှိရှိရင်ဆိုင်ဖြေရှင်းပါ။

𝓖𝓸𝓸𝓭 𝓵𝓾𝓬𝓴🍀 𝓮𝓿𝓮𝓻𝔂𝓸𝓷𝓮

31.07.2024 General Daily Reading စီးပွါးရေး/အလုပ်အကိုင်တွေ လုပ်ငန်းမှာ မိမိစွမ်းဆောင်နိုင်သလောက်အောင်မြင်မယ်။ ခက်ခဲမှုတွ...
31/07/2024

31.07.2024 General Daily Reading

စီးပွါးရေး/အလုပ်အကိုင်တွေ လုပ်ငန်းမှာ မိမိစွမ်းဆောင်နိုင်သလောက်အောင်မြင်မယ်။ ခက်ခဲမှုတွေတော့ရှိမယ်။ အားထည့်ကြိုးစားနေရမယ်။ အကြောင်းအမျိုးမျိုးကြောင့်၊ လုပ်ငန်း၊စာရွက်စာတမ်း၊ကျန့်ကြာမှုတွေရှိတတ်တယ်။ စိတ်အနှောင့်အယှက်ပေါ်တတ်တယ်။ ကောင်းမွန်စွာ handle လုပ်နိုင်ပါလိမ့်မယ်။ အလုပ်သစ်လိုမျိုးတွင် သင်ယူလေ့လာစရာအများကြီးကြုံတွေ့တတ်တယ်။ ဝန်ထမ်းတွေ လုပ်ငန်းနယ်ပယ်အသစ်ကို ရောက်တတ်တယ်။ အများနှင့်မတူတဲ့ စိတ်ကူးများကြောင့်လဲအသိအမှတ်ပြုခံရမယ်။ ငွေကြေး- ချိန်ဆနေရမယ်။ အဝင်အထွက်မျှမျှတတသုံးနေရမယ်။ ငွေရှာလိုက် ကုန်လိုက်နဲ့ လုံးချာလည်မလိုက်အောင် မိမိရဲ့လိုချင်တပ်မက်မှု စိတ်ဆန္ဒကိုထိန်းသင့်တယ်။ ရစရာရှိသောငွေများကို စိတ်ရှည်ရှည် စောင့်နေရမဲ့နေ့ပါ။ ငွေလိုအပ်နေရင်တောင်ချေးငှါးမသုံးသင့်သောနေ့ပါ။ အချစ်ရေး- အတိတ်ကကိစ္စတွေ၊ အဆင်မပြေခဲ့တာတွေကို တသသနဲ့စိတ်ပင်ပန်းနေတဲ့အချိန်၊ အထီးကျန်နေတဲ့ အချိန်ဖြစ်တယ်။ ဘာလုပ်သင့်လဲ ပြန်လည်သုံးသပ်စဉ်းစားနေချိန်ဖြစ်တယ်။အမြင်မကြည်လင်တာတွေရှိမယ်။ တဖက်က ညှိနှိုင်းနေထိုင်နေပေမယ့် အဆင်မပြေမှုကိစ္စ မကျေနပ်တဲ့ကိစ္စတွေပဲ တွေးနေလိမ့်မယ်။ ကြားဝင်နှောင့်ယှက်သွေးထိုးစကားတွေ၊ စကားရှုတ်တာတွေနဲ့ကြုံရတတ်တယ်။ အိမ်ထောင်ရှင်- စကားပြောဆင်ခြင်ပါ။ အထအန ကောက်ပြီး အိမ်ထောင်ဖက်အမြင်မကြည်လင်တာဖြစ်တတ်တယ်။ အပြောချိုနဲ့ စည်းရုံးကြည့်ပါ။

𝓖𝓸𝓸𝓭 𝓵𝓾𝓬𝓴🍀 𝓮𝓿𝓮𝓻𝔂𝓸𝓷𝓮

30.07.2024 General Daily Readingအလုပ်အကိုင်- လုပ်ငန်းမှာ ထင်မထားလောက်အောင်ရှုတ်နေမယ်။ အတိုက်အခံလဲများနေမယ်။ ရန်သူ၊ ပြိုင...
30/07/2024

30.07.2024 General Daily Reading

အလုပ်အကိုင်- လုပ်ငန်းမှာ ထင်မထားလောက်အောင်ရှုတ်နေမယ်။ အတိုက်အခံလဲများနေမယ်။ ရန်သူ၊ ပြိုင်ဘက်တွေကို ကာကွယ်နိုင်လိမ့်မယ်။ လုပ်ဆောင်မည့်အရာ၊ရည်မှန်းထားသည့်လုပ်ငန်း အတွက် ဆွေးနွေးရတာ၊စေ့စပ်ညှိနှိုင်းရတာ၊ အခြေအတင်ပြောရတာ၊ ပါဝင်ရတာမျိုးတွေလဲရှိလိမ့်မယ်။ သို့သော် မိမိလုပ်ဆောင်မှုကြောင့် အလုပ်သစ်၊ စီးပွါးသစ် ပျိုးထောင်နိုင်မယ်။ စီးပွါးရေး တရှိန်ထိုးတိုးတက်မယ်။ ငွေကြေး- ဝင်သင့်သလောက်မဝင်ဘူးဖြစ်နေတတ်တယ်။ အခန့်မသင့်ရင်ငွေကြေးပြသနာကြုံတတ်တယ်။ ကလိမ်ကျစ်ကျတဲ့သူ၊လိမ်လည်လှည့်ဖြားတဲ့သူပေါ်တတ်တယ်။ ငွေချေး၊ပေါင်တာတွေမလုပ်သင့်ဘူး။ ရရစရာရှိသောငွေတွေကျန့်ကြာတတ်တယ်။ မိတ်ဆွေ၊အပေါင်းအသင်းအကူအညီနဲ့ တောင်းယူမှအဆင်ပြေလိမ့်မယ်။ မထင်မှတ်သောအချိန်မှငွေပြန်လည်ဝင်လာတတ်ပါတယ်။ အချစ်ရေး -အရင်ကသာယာခဲ့သလောက်ယခု ချိန်မှာ ဘာလုပ်ရမှန်းမသိဖြစ်နေတတ်တယ်။ အလိုဆန္ဒလဲမပြည့်ဝသလို အတွေးမှာလဲ ပိတ်မိနေတတ်တယ်။ မိဘ၊ဆွေမျိုး၊ သူငယ်ချင်း စသောပတ်ဝန်းကျင်က၂ ယောက်ကြားဝင်မွှေနေတတ်တယ်။ တဖက်က မိမိမသိအောင်ဖုန်းကွယ် ထိန်ချန်ထားတာတွေရှိတယ်။ တတိယလူပေါ်တတ်တယ်။ တယောက်ထဲ အထီးကျန်နေတတ်တယ်။ အိမ်ထောင်ရေး-အဆင်မပြေမှုတွေများနေမယ်။ သစ္စာဖောက်ခံရတတ်တယ်။ မိသားစုဝင် များကြောင့်ပူပင်သောကရောက်တတ်တယ်။ ခက်ခဲမှုတွေ စိတိပင်ပန်းမှုတွေနဲ့ကြုံတွေ့နေရမယ်။

𝓖𝓸𝓸𝓭 𝓵𝓾𝓬𝓴🍀 𝓮𝓿𝓮𝓻𝔂𝓸𝓷𝓮

29.07.2024 General Daily Reading စီးပွါးရေး/အလုပ်အကိုင်တွေ စိတ်ညစ်စရာတွေပေါ်တတ်တယ်။ ကိုယ်ကိုတိုင်လဲ ပြိုင်ဘက်တွေ အနိုင်လ...
29/07/2024

29.07.2024 General Daily Reading

စီးပွါးရေး/အလုပ်အကိုင်တွေ စိတ်ညစ်စရာတွေပေါ်တတ်တယ်။ ကိုယ်ကိုတိုင်လဲ ပြိုင်ဘက်တွေ အနိုင်လိုချင်စိတ်တွေများနေလိမ့်မယ်။ ကိုယ့်စိတ်ကိုပြင်ဆင်သင့်တယ်။ စိတ်အလိုကိုမလိုက်ပါနဲ့။ ကြီးမားတဲ့ပြောင်းလဲမှုလဲကြုံရတတ်တယ်။ ဝန်ထမ်းတွေအထက်လူကြီးတင်းကြပ်မှုတွေရှိမယ်။ ရာထူးအတက်အကျများဖြစ်နိုင်ချေရှိတယ်။ အလုပ်ကိုင်ပြောင်းသင့်ပါကပြောင်းပါ။ အဆိုးဆုံးအတွက်ပြင်ဆင်ထားပြီးအကောင်းဆုံးကိုလဲမျှော်လင့်ထားပါ။ ငွေကြေး- ပုံမှန်မျှသာရှိလိမ့်မယ်။ အရောင်းအဝယ် ခပ်အေးအေးဖြစ်နေလို့ ငွေပေးငွေယူလဲ အေးနေလိမ့်မယ်။ ငွေချေး အာမခံ ကတိစာချုပ်ရှိရင် ရက်ရွေ့လိုက်ပါ။ ကိုယ့်ပတ်ဝန်းကျင် မှာမနာလိုသူရှိလို့သတိထားသင့်တယ်။ ဝင်ငွေအတွက်အလုပ်တစ်ခုတည်းအပေါ်မှီခိုလို့မရဖြစ်နေမယ်။ အချစ်ရေး- တယောက်နဲ့တယောက်စကားပြောဆင်ခြင်ဖို့လို့တယ်။ အခန့်မသင့်လျှင် ဘာမဟုတ်တာလေးနဲ့စကားများရကိန်းရှိတယ်။ သီးသန့်နေချင်စိတ်တွေဖြစ်နေ၍တဖက်ကအမြင်မကြည်လင်မှုတွေရတတ်တယ်။ ကိုယ့်ကိုကိုယ်တောင် ဘာလိုချင်မှန်းနားမလည်နိုင်အောင်ဖြစ်နေမယ်။ နှစ်ယောက်ကြားမနာလိုဝန်တိုပျက်စီးအောင်လုပ်ချင်တဲ့သူလဲရှိတယ်။ အိမ်ထောင်ရှင်- အိမ်ထောင်ဘက် အမြင်မကြည်၊စိတ်အလိုမကျမှုတွေကြောင့်ရန်ဖြစ်နေရမယ်။ ပတ်ဝန်းကျင် ပရောဂကြောင့် စကားများရတတ်တယ်။

𝓖𝓸𝓸𝓭 𝓵𝓾𝓬𝓴🍀 𝓮𝓿𝓮𝓻𝔂𝓸𝓷𝓮

26.07.2024 General Daily Reading စီးပွါးရေး/အလုပ်အကိုင်တွေ အကြံစည်တွေ အဆင်ပြေနေမယ်။ ရည်မှန်းထားတာ၊ရည်ရွယ်ထားတာ၊ စိတ်ကူးထ...
26/07/2024

26.07.2024 General Daily Reading

စီးပွါးရေး/အလုပ်အကိုင်တွေ အကြံစည်တွေ အဆင်ပြေနေမယ်။ ရည်မှန်းထားတာ၊ရည်ရွယ်ထားတာ၊ စိတ်ကူးထားတာတွေအမြန်ဆုံးအထမြောက်မယ်။ လုပ်ငန်းအတွင်းမိမိဦးဆောင်မှုနှင့်အလုပ်တာဝန်များကိုကျွမ်းကျင်စွာစီမံခန့်ခွဲနိုင်လိမ့်မယ်။ လမ်းစအသစ်များပေါ်ပေါက်လာမယ်။ အိမ်မက်တွေအကောင် အထည်ဖော်ကြည့်ပါ။ အောင်မြင်ပါလိမ့်မယ်။ အလုပ်နဲ့ပတ်သက်ပြီးခရီးဝေးသွားရတတ်တယ်။ ဝန်ထမ်းတွေ ရာထူးတိုးလိမ့်မယ်။ အလုပ်သစ်လျှောက်ထားပါက ရပါလိမ့်မယ်။ ငွေကြေး- ဝင်နေပေမယ့်မျှော်မှန်းထားသလောက် အများကြီးတော့မဟုတ်ပါ။ ငွေကြေးဥစ္စာတိုးပွါးဖို့ထက် စိတ်ချမ်းသာမှု၊ ဘဝအနှစ်သာရကြွယ်ဝနေမှုကိုသာ အလေးပေးဆောင်ရွက်နေလိမ့်မယ်။ လစာထက် စိတ်ပါဝင်စားသော အလုပ်ကိုသာ လုပ်နေလိမ့်မယ်။ မတွေဝေပဲ စနစ်တကျ အစီစဉ်ရေးဆွဲပြီး ရင်းနှီးမြုပ်နှံပါ။ ရေရှည်မျှော်မှန်း၍ ငွေစုတောင်းပါ။ အချစ်ရေး- ရန်ဖြစ်လိုက်ပြန်ချစ်လိုက်ဖြစ်နေမယ်။ အချစ်ရေး၌အပြင်ရန်ရှိတယ်။ ခေါင်းရှုတ်နေတတ်တယ်။ ပြိုင်ဖက်တွေရှိနေတတ်တယ်။ ပြသနာမျိုးစုံတက်တတ်တယ်။ ex တွေပြန်လည်ဝင်ရောက်လာတတ်သလို မမျှော်လင့်ထားသောသူနဲ့မေတ္တာမျှရတတ်တယ်။ တချို့တွေ သူငယ်ချင်းနှင့် ပြန်ပြီး ချစ်ကြိုက်မိတတ်တယ်။ LDRS ပိုများနေတတ်တယ်။ အိမ်ထောင်ရှင်- စီးပွါးရေးအဆင်ပြေနေပေမယ့် လင်မယား၂ ယောက် ရန်ဖြစ်နေရတတ်တယ်။ ကြားလူနှောင့်၍ သံသရဝင် အထင်မြင်လွဲခံရတတ်တယ်။ မဖြေရှင်းချင်ပဲဖြေရှင်းနေရလိမ့်မယ်။ မိသားစုဝင်တိုး၍သားသမီးရတနာရတတ်တယ်။ တစ်ခုလပ်များနောက်အိမ်ထောင်ကျတတ်တယ်။

𝓖𝓸𝓸𝓭 𝓵𝓾𝓬𝓴🍀 𝓮𝓿𝓮𝓻𝔂𝓸𝓷𝓮

25.07.2024 General Daily Readingအလုပ်အကိုင်- လုပ်ငန်းမှာ အဆင်ပြေချောမွတ်နေမယ်။ collaboration တွေရှိမယ်။ လုပ်ငန်းသစ် အတွက...
25/07/2024

25.07.2024 General Daily Reading

အလုပ်အကိုင်- လုပ်ငန်းမှာ အဆင်ပြေချောမွတ်နေမယ်။ collaboration တွေရှိမယ်။ လုပ်ငန်းသစ် အတွက် partnership ကမ်းလှမ်းမှုတွေရှိမယ်။ လုပ်ငန်းကိစ္စ အများအပြားတပြိုင်နက်ထဲပေါ်လာတတ်သလို မိမိလုပ်ငန်းအတွက်ဦးစားပေးရမည့်အရာကိုသာလုပ်ဆောင်ပါ။ ကိုယ်ကျွမ်းကျင်သောအလုပ်၊စိတ်ဝင်စားသောအလုပ်ကိုအချိန်ပေး၍ဆောင်ရွက်သင့်ပါတယ်။ သင့်တော်မဲ့အရာကိုသာ target ထားပြီး အကောင်းဆုံးဆောင်ရွက်ပါ။ ပို၍အကျိုးရှိပါလမ့်မယ်။ ငွေကြေး- မပူပင်ရပဲအဆင်ပြေနေမယ်။ ငွေပေးငွေယူကိစ္စလဲအဆင်ပြေမယ်။ လုံးလ မစိုက်ပဲငွေအစုလိုက်ဝင်တတ်တယ်။ ထီကံစမ်းသင့်တယ်။ စွန့်စားဆောင်ရွက် ထားသောအလုပ်မှ ငွေဝင်လိမ့်မယ်။ အချစ်ရေး -အဆင်ပြေနေပေမယ့် LDRS တွေများလိမ့်မယ်။ နီးရက်နဲ့ဝေးအခြေအနေမျိုးတွေဖြစ်တတ်တယ်။ အထီးကျန်နေမယ်။ သတိရခြင်းများစွာနဲ့ စိတ်ညစ်နေရတတ်တယ်။ အချစ်ရေးမှာ အတိတ်ကနာကြည်းမှု အဆင်မပြေမှု trauma တွေကို ရင်ဆိုင်နေရမယ်။ အခက်အခဲများရှိသော်လည်းစိတ်မပျက်ပါနဲ့။ မကြာခင်ပြန်လည်ပေါင်းစည်းပြီး reunion ရပါလိမ့်မယ်။ အိမ်ထောင်ရေး-အဆင်ပြေနေမယ်။ အိမ်ထောင်ဘက် အပေါ်အလျော့အတင်းလုပ်နေရမယ်။ သားသမီးရတနာကြိုးစားနေသူများ ပျော်ရွှင်ရသောသတင်းကြားရလိမ့်မယ်။

𝓖𝓸𝓸𝓭 𝓵𝓾𝓬𝓴🍀 𝓮𝓿𝓮𝓻𝔂𝓸𝓷𝓮

22.07.2024 General Daily Reading စီးပွါးရေး/အလုပ်အကိုင်တွေ အဆင်ပြေနေမယ်။ ရည်ရွယ်ထားသောကိစ္စများအောင်မြင်ပါလိမ့်မယ်။ လုပ်...
22/07/2024

22.07.2024 General Daily Reading

စီးပွါးရေး/အလုပ်အကိုင်တွေ အဆင်ပြေနေမယ်။ ရည်ရွယ်ထားသောကိစ္စများအောင်မြင်ပါလိမ့်မယ်။ လုပ်ဆောင်ရမဲ့ အခြေအနေအချိန်အခါကိုနားလည်သောကြောင့် အဆင်ပြေနေမှာပါ။ partnership, collaboration တွေအတွက် အဆင်ပြေနေမယ်။ အလုပ်သစ်လျှောက်ထားသူများ ကမ်းလှမ်းမှုတွေရှိနေပါတယ်။ ငွေကြေး- အဆင်ပြေမယ်။ ကံကောင်းနေမယ်။ ငွေပေးငွေယူတွေလဲအဆင်ပြေချောမွတ်နေမယ်။ ငွေနည်းနည်းနဲ့ အဘက်ဘက်က အလီလီဝင်နေလိမ့်မယ်။ အာမခံကတိစာချုပ်တွေလုပ်ရတာမျိုးတွေလဲရှိမယ်။ အလှူအတန်း၊ ငွေကြေးထောက်ပံ့လှူရတာမျိုးတွေလဲရှိနေမယ်။ စောင့်ဆိုင်းကျန့်ကြာနေသောငွေကြေးကိစ္စသတင်းထူးမယ်။ ရင်းနှီးမြုပ်နှံထားသောအလုပ်မှ အမြတ်စွန်းရတတ်တယ်။ ကိုယ့်စိတ်စေတနာကြောင့် အဆင်ပြေနေပါလိမ့်မယ်။ အချစ်ရေး- တစ်ယောက်နဲ့တစ်ယောက် ညှိနှိုင်းမှုတွေလုပ်၍ အဆင်ပြန်ပြေလာလိမ့်မယ်။ ချစ်တဲ့ အချစ်ကို ရင်ထဲမှာသိမ်းမထားပဲ ထုတ်ပြပါ။ အတားအဆီးအခက်အခဲပြသနာများကိုလဲကျော်ဖြတ်နိုင်မယ်။ မလိုချင်မဖြစ်ချင်တာတွေပြောင်းလဲနိုင်သောအစွမ်းလဲရှိမယ်။ ခွင့်လွှတ်နားလည်မှုများပေးနိုင်ပါလိမ့်မယ်။ အတိတ်ကိုလက်ခံနိုင်ပြီး အနာဂတ်အတွက် အကောင်းဆုံးပြင်ဆင်နိုင်ပါလိမ့်မယ်။ အိမ်ထောင်ရှင်- အဆင်ပြေလို့ သားသမီးရတနာရတတတ်တယ်။ အိမ်ထောင်ဖက်နဲ့ နားလည်မှုတွေလဲရမယ်။ မိသားစုထဲ မင်္ဂလာသတင်းကြားရတတ်တယ်။ အိမ်ထောင်ဖက် ဂုဏ်သတင်းကျော်စောမည့် အချိန်အခါလဲဖြစ်တယ်။ ချစ်သူခင်သူပေါများနေမယ်။

𝓖𝓸𝓸𝓭 𝓵𝓾𝓬𝓴🍀 𝓮𝓿𝓮𝓻𝔂𝓸𝓷𝓮

18.07.2024 General Daily Reading စီးပွါးရေး/အလုပ်အကိုင်တွေ အလုပ်မှာစည်းစနစ်ကျပြီးယုံကြည်မှုအပြည့်ရှိနေမယ်။ plan ချထားတာတ...
18/07/2024

18.07.2024 General Daily Reading

စီးပွါးရေး/အလုပ်အကိုင်တွေ အလုပ်မှာစည်းစနစ်ကျပြီးယုံကြည်မှုအပြည့်ရှိနေမယ်။ plan ချထားတာတွေလဲ ကွက်တိဖြစ်နေလိမ့်မယ်။ ဘာပြီးရင်ဘာလုပ် ရမလဲဆိုတာလဲ သေချာသိနေပါတယ်။ မိသားစုရေးမှာရောအလုပ်မှာရော ပြည့်စုံအောင်သေချာစီစဉ်နိုင်လိမ့်မယ်။ တချို့ကိစ္စတွေအလျှင်လို ဆုံးဖြတ်မှုတွေရှိလိမ့်မယ်။ ဆုံးဖြတ်ချက်မှန်ကန်စွာရွေးချယ်နိုင်မှာပါ။ ကိုယ်လုပ်ချင်တဲ့အလူပ်တွေ၊မျှော်လင့်ထားတဲ့ ကိစ္စတွေ၊ plan ထားတဲ့အရာတွေထဲက ထူးခြားမှုသတင်းကြားရလိမ့်မယ်။ မိမိရဲ့ စိတ်လိုအပ်ချက်ကို နားလည်တတ်သူပီပီ လိုချင်တာကိုရအောင်ကြိုးစားတတ်လို့ အောင်မြင်မှုရသလို၊ အခွင့်လမ်းသစ်တွေလဲရလိမ့်မယ်။ ငွေကြေး- အဆင်ပြေမယ်။ အားစိုက် သလောက်ဥာဏ်စိုက်သလောက် အကျိုးရှိပြီး ငွေဝင် ပါလိမ့်မယ်။ ငွေပေးငွေယူကိစ္စတွေအဆင်ပြေမယ်။ ငွေလိုအပ်နေရင်တောင် ကူညီမဲ့သူပေါ်တယ်။ ကံတရားကကိုယ့်ဘက်မှာရှိနေပါတယ်။ ကံရော၊ဥာဏ်ရော၊ ဝီရိယပါလုပ်ဆောင်ရင် အတိုင်းထက်အလွန်အောင်မြင်ပါလိမ့်မယ်။ အာမခံ၊ကတိစာချုပ်တွေ ချုပ်ဆိုရာအဆင်ပြေအောင်မြင်မယ်။ ရင်းနှီးထားသောလုပ်ငန်းများမှ အကျိုးအမြတ်ခွဲတာတွေ ထပ်ပြီးထည့်ဝင်နိုင်တာမျိုးတွေရှိလိမ့်မယ်။ အလှူအတန်းပေးကမ်းစွန့်ကြဲခြင်းဖြင့်သင့်ကံကြမ္မာပို၍ ကောင်းလာပါမယ်။ ငွေကံကောင်းနေလို့ ထီကံစမ်းသင့်တယ်။ အချစ်ရေး- အတိတ်ကကိစ္စတွေ၊ အဆင်မပြေခဲ့တာတွေကို တသသနဲ့စိတ်ပင်ပန်းနေတဲ့အချိန်၊ အထီးကျန်နေတဲ့ အချိန်ဖြစ်နေလိမ့်မယ်။ ကိုယ့်ကိုကိုယ်ဘာလုပ်သင့်လဲ ပြန်လည်သုံးသပ်စဉ်းစားနေချိန်လဲဖြစ်တယ်။ အမြင်မကြည်လင်တာတွေရှိမယ်။ တဖက်ကညှိနှိုင်းနေထိုင်နေပေမယ့် အဆင်မပြေမှုကိစ္စ မကျေနပ်တဲ့ကိစ္စတွေပဲတွေးနေလိမ့်မယ်။ ကြားဝင်နှောင့်ယှက်သွေးထိုးစကားတွေ၊ စကားရှုတ်တာတွေနဲ့ကြုံရတတ်တယ်။ ကိုယ့်ရဲ့ တယူသန်စိတ်အစွဲတွေချွတ်ဖို့တော့လိုပါတယ်။ မဖြစ်ချင်သောအရာတွေ ထပ်တလဲလဲ ပြန်ဖြစ်တတ်တယ်။ ပြေးထွက်ချင်သော်လည်း ရုန်းမထွက်နိုင်ဖြစ်နေတတ်တယ်။ အိမ်ထောင်ရှင်- စကားပြောဆင်ခြင်ပါ။ အထအန ကောက်ပြီး အိမ်ထောင်ဖက်အမြင်မကြည်လင်တာဖြစ်တတ်တယ်။ အပြောချိုနဲ့ စည်းရုံးပါ။ မိိတ်ဆွေဟောင်းများနှင့်ပြန်လည် ဆုံတွေ့ရတတ်တယ်။ အတိတ်က ပြသနာ ပြန်ပေါ်တတ်တယ်။ ပြသနာအဖြစ်မခံပါနဲ့။

𝓖𝓸𝓸𝓭 𝓵𝓾𝓬𝓴🍀 𝓮𝓿𝓮𝓻𝔂𝓸𝓷𝓮

Address

Yangon

Website

Alerts

Be the first to know and let us send you an email when The Goddess Tarot by Yu posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram