09/01/2026
Soccer4kidz, Yangon နှင့် ချစ်ကြည်ရေး ဘောလုံး ပြိုင်ပွဲများ
Soccer4kidz, Yangon သင်တန်းကို စတင်ဖွင့်လှစ်ခဲ့တာ (၁) နှစ် ပြည့်တော့မှာ ဖြစ်ပါတယ်
စဖွင့်ကတည်းက ခုချိန်အထိ ဆက်တိုက် တက်ခဲ့ကြတဲ့ သင်တန်းသားတွေ ရှိသကဲ့သို့ ၆ လအထက် ၉ လအထက် ဆက်တိုက် တက်လာခဲ့တဲ့ သင်တန်းသားများလည်း ရှိကြပါတယ်
ဘောလုံးအားကစားဆိုတာ တစ်ဦးတစ်ယောက်တည်း ကစားရတဲ့ အားကစားနည်မျိုး မဟုတ်ဘဲ အသင်းအဖွဲ့အလိုက် ကစားရတာဖြစ်တာကြောင့် အသင်းလိုက်ကစားတတ်ဖို့၊ အသင်းလိုက်ကစားတဲ့အချိန်မှာ လိုအပ်တဲ့ ခံယူချက်၊ ခံစားချက်ရှိဖို့တို့ကိုလည်း ငယ်စဉ်ကတည်းက လေ့ကျင့်ပျိုးထောင်လမ်းပြပေးနိုင်ဖို့ အရေးကြီးပါတယ်
Soccer4kidz သင်တန်းတွေရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ Three ‘S’ အတိုင်း Soccer4kidz ရဲ့ သင်တန်းသားတွေဟာ
- အားကစားစိတ်ဓာတ် ရှိမှု (Sportmanship)
- မိမိကိုယ်ကို စည်းကမ်းရှိအောင် ကြိုးစားမှု (Self-discipline)
- ကျွမ်းကျင်မှု (Skills)
စတဲ့ အချက်တွေကို လိုက်နာပြီး လိုက်ပါကစားနိုင်စေဖို့ ရည်ရွယ်ထားတာကြောင့် အခြား သင်တန်းများ၊ International Schools/ Private Schools များနဲ့လည်း အလျဉ်းသင့်သလို ချစ်ကြည်ရေးခြေစမ်းပွဲတွေ စီစဉ်ကစားစေခဲ့ပါတယ်
သားသားမီးမီးတို့ သင်တန်းစရောက်လာတဲ့ အချိန် ဘောလုံးအားကစားနဲ့ ပတ်သက်လို့ “စလုံး” ရေ “စ” ဆိုတဲ့ အချိန်ကနေ ဘောလုံးပွဲ တစ်ပွဲ ကစားလာနိုင်တဲ့ အချိန်အထိ ရောက်လာအောင် သူတို့လေးတွေကို လေ့ကျင့်သင်ကြားပေးခဲ့တာတွေ ပြန်တွေးကြည့်ရင်း ပီတိ ဖြစ်ရပါတယ်
အထူးသဖြင့် ကစားပွဲတွေမှာ ကြိုးစားကစားခဲ့ကြတဲ့ သားသားမီးမီးတို့
နောက်ပြီး
သားသားမီးမီးတို့ကို ငယ်စဉ်ကတည်းက အားကစားကို အားပေးပြီး ပံ့ပိုးပေးတဲ့ ဖေဖေ မေမေ ဦးဦး ဒေါ်ဒေါ် တို့ကိုလည်း အထူ ကျေးဇူးတင်ရှိပါတယ်
(၁ နှစ်တာ ကာလနီးပါးအထိ ဆက်တိုက် ယုံယုံကြည်ကြည် တက်ရောက်ခဲ့ကြတဲ့ သားသားမီးမီးတို့အတွက်လည်း ဒီထက်ပိုပြီး တိုးတက်လာအောင် သင်ကြားပေးသွားမယ့် အစီအစဉ်များလည်း ရှိပါတယ်)
အဲ့ဒါကြောင့် လာမည့်ကာလများမှာ Soccer4kidz, Yangon အနေနဲ့ ချစ်ကြည်ရေး ခြေစမ်းပွဲများ၊ ပြိုင်ပွဲများကို ပိုပြီးာစီစဉ်ပေးသွားမှာ ဖြစ်သလို လက်ရှိအထိလည်း Soccer4kidz, Yangon သင်တန်းနဲ့ ခြေကြည်ရေး ကစားပေးခဲ့ကြတဲ့ မိတ်ဖက် သင်တန်းများ၊ မိတ်ဖက်ကျောင်းများမှ အသင်းသားများနဲ့ နည်းပြများ၊ ဆရာ ဆရာမများ၊ အုပ်ချုပ်သူများကိုလည်း Soccer4kidz, Yangon အနေနဲ့ ကျေးဇူးအထူး တင်ရှိကြောင်း ပြောကြားလိုပါတယ်
သားသားမီးမီးတို့ကို အားကစားတစ်ခုခုကို တစ်နှစ်ပတ်လုံး ပုံမှန်လုပ်သွားစေချင်လို့ပဲ ဖြစ်ဖြစ်
Screen time လျော့ချပြီး ကိုယ်လက်လှုပ်ရှားမှု ပုံမှန် လုပ်စေချင်လို့ပဲ ဖြစ်ဖြစ်
ပေါင်းသင်းဆက်ဆံရေးပိုမို ကောင်းစေချင်ပြီး အသင်အဖွဲ့စိတ်ဓာတ်ကို ငယ်ငယ်ကတည်းက မွေးမြူစေချင်လို့ပဲ ဖြစ်ဖြစ်
ဘောလုံးကို အခြေခံကနေ စပြီး သင်ယူလေ့ကျင့်နိုင်မှာ ဖြစ်သလို ပြိုင်ဆိုင်မှု စိတ်ဓာတ်နဲ့ အနိုင်နဲ့ အရှုံးကို လက်ခံနိုင်မယ့် စိတ်ဓာတ်တွေကို ပြိုင်ပွဲတွေ ယှဉ်ပြိုင်ရင်း ရရှိနိုင်မှာဖြစ်လို့ Soccer4kidz, Yangon သင်တန်းကို လာရောက် လေ့လာ ကစားကြဖို့ သားသားမီးမီးတို့ကို ဖိတ်ခေါ်လိုက်ရပါတယ် ခင်ဗျာ
Soccer4kidz, Yangon ရဲ့ သင်တန်းတွေအကြောင်း စုံစမ်းချင်တာပဲ ဖြစ်ဖြစ်၊ သင်တန်းတက်ဖို့ register လုပ်ချင်တာပဲဖြစ်ဖြစ်
09 45 222 9981 ကို
ဖုန်း/ Viber တို့မှ တဆင့် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ် ခင်ဗျာ
GOALS BEGIN HERE!!!