RDM - အာဒီအမ် Healthcare Centre

RDM - အာဒီအမ် Healthcare Centre လူသားအသက်ကယ်တင်နိုင်ရေးသည် ပထမ၊
အကျိုးအမြတ်သည် ဒုတိယ။

05/09/2023

မြောက်ဒဂုံ မြို့နယ်တွင် ဖွင့်လှစ်မည့်
ဓာတ်ခွဲခန်း အတွက် အောက်ပါ ရာထူး
နေရာများ ခေါ်ယူလိုပါတယ်

Medical Technologist/Technician- (Male/Female - 1 post)

Working hour - 8 hrs/ day
Off day - 1 day off/ week
Salary - Negotiable
Location - North dagon

- B.Med.Tech ကျောင်းပြီးထားသူဖြစ်ရမည် (သို့) Lab technician (Grade 1) လက်မှတ် ရရှိထားသူဖြစ်ရမည်။
- သက်ဆိုင်ရာ လုပ်ငန်းအတွေ့အကြုံ (၁)နှစ် အထက် ရှိရမည်။
- Laboratory safety, Lab QC နှင့် Lab stock အတွေ့အကြုံ ရှိသူ ဦးစားပေးမည်။
- အဖွဲ့အစည်းနှင့် အတူတကွ ပူးပေါင်း လုပ်ကိုင်နိုင်သူဖြစ်ရမည်။
- ရေရှည် လုပ်ကိုင်နိုင်သူ ဦးစားပေးမည်။

Lab Assistant - Male (1 post)
(အမြန် အလိုရှိသည်)
- သွေးဖောက်ကျွမ်းကျင်ရမည်။
- ကွန်ပြူတာ အဖြေရိုက်နိုင်ရမည်။
- နေစရာ အဆောင် စီစဉ်ပေးမည်။
- Lab အတွေ့အကြုံ ရှိသူ ဦးစားပေးမည်။

လျှောက်ထားလိုပါက
မျှော်မှန်းလစာနှင့်အတူ
CV အပြည့်အစုံအား
dr.sandar.htay@gmail.com/ ktmg.hti&gmail.com
သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။

Gmail is email that’s intuitive, efficient, and useful. 15 GB of storage, less spam, and mobile access.

12/08/2023

Job Vacancy Announcement, We're hiring!

တောင်ဒဂုံ (26)ရပ်ကွက်၊ပြည်ထောင်စုလမ်းမပေါ်ရှိ RDM ရောဂါရှာဖွေရေးစင်တာတွင်လုပ်ကိုင်ရန် Lab Runner (1) post (male) အလိုရှိသည်။
Salary - ညှိနှိုင်း
အဆောင်ပေးသည်။
လုပ်ငန်းအတွေ့အကြုံ -၁နှစ်ရှိရမည်။
အပြင်သွားရမည်ဖြစ်သောကြောင့်
စက်ဘီးစီးတတ်သူဦးပေးစားခန့်အပ်မည်။

အထက်ပါလစ်လပ်နေရာများတွင်
📣RDM - အာဒီအမ် Healthcare Centreအဖွဲ့သားများနှင့် ရေရှည်လက်တွဲနိုင်သူကိုဦးစားပေးမည်။

ဖုန်း -၀၉၉၆၂၆၉၅၁၀၁(Viber) ကို ရုံးချိန်အတွင်း

မနက် (9:00)နာရီမှ ညနေ (5:00)နာရီအတွင်းဆက်သွယ်ပေးပါရန်။
CV form များကို Viber မှတဆင့်ပေးပို့ထားနိုင်ပါသည်။

နိုင်ငံခြားသွားမည့်သူများအတွက် ဆေးစစ်ရန် Checkup Package~- နိုင်ငံခြားသို့ သွားရောက်အလုပ်လုပ်ကိုင်မည့်သူများ- ကျောင်းသွာ...
25/05/2023

နိုင်ငံခြားသွားမည့်သူများအတွက် ဆေးစစ်ရန် Checkup Package~

- နိုင်ငံခြားသို့ သွားရောက်အလုပ်လုပ်ကိုင်မည့်သူများ
- ကျောင်းသွားတက်မည့် ကျောင်းသား/သူများ
- သွားရောက်နေထိုင်မည့်သူများ/လည်ပတ်မည့်သူများ
- သင်္ဘောသားများ
စသည့် နိုင်ငံခြားသို့ မသွားမှီ ဆေးစစ်ရန်လိုအပ်သောသူများ အတွက် RDM အထူးကုဆေးခန်းနှင့် ​ရောဂါရှာဖွေရေးစင်တာတွင် ကူးစက်ရောဂါ(၄)မျိုး နှင့် ရင်ဘတ်ဓါတ်မှန် (Chest X Ray) တို့ကို ဈေးနုန်းမှန်ကန်စွာဖြင့် လာရောက်စစ်ဆေးနိုင်ပါသည်။
စစ်ဆေးမှုတွင်ပါဝင်သော ကူးစက်ရောဂါလေးမျိုးမှာ- အသည်းရောင်အသားဝါ Bပိုး၊ Cပိုး၊ HIVပိုး နှင့် VDRL တို့ဖြစ်ပြီး
ရင်ဘတ်ဓါတ်မှန်/အဆုတ်ဓါတ်မှန် တို့လဲ Package ထဲတွင်ပါဝင်ပါသည်။

***ဖော်ပြပါ Packageတွင် မပါဝင်သော စစ်ဆေးမှု (Test)များကို ထပ်၍ ထည့်စစ်လိုပါက လျင်မြန်လွယ်ကူစွာ စစ်ဆေးပေးပါသည်။

👉Agency Company များမှ အုပ်စု(Group)လိုက်စစ်ဆေးလိုပါက အထူးဈေးနှုန်း/ ဝန်ဆောင်မှုဖြင့် လက်ခံစစ်ဆေးပေးပါသည်။

🔬RDM အထူးကုဆေးခန်းနှင့် ရောဂါရှာဖွေရေးစင်တာတွင် နောက်ဆုံးပေါ် ခေတ်မှီစက်အသစ်ကြီးများကို အသုံးပြု၍ ဝါရင့်ကျွမ်းကျင်သော ပညာရှင်ကြီးများကိုယ်တိုင် အဖြေများကို တိကျမှန်ကန်စွာ စမ်းသပ်စစ်ဆေးပေးလျက်ရှိပါသည်။

☎️ 09 441 449 435,09 444 45 434

⏰ ဆေးခန်းဖွင့်ချိန်- နေ့စဉ် နံနက်(8)နာရီ မှ ည(8)နာရီထိ

🏥 လိပ်စာ- တိုက်(2)၊ကံ့ကော်ဆောင်၊တောင်မြောက်လမ်းဆုံမှတ်တိုင်အနီး၊ပြည်ထောင်စုလမ်းမကြီး၊တောင်ဒဂုံမြို့နယ်

ရာသီတုပ်ကွေးကာကွယ်ဆေး================🩺 တုပ်ကွေးရာသီရောက်လာတော့မယ့် အချိန်ဖြစ်တာကြောင့် ဒီအချိန်မှာ ရာသီတုပ်ကွေး ကာကွယ်ဆေ...
21/05/2023

ရာသီတုပ်ကွေးကာကွယ်ဆေး
================

🩺 တုပ်ကွေးရာသီရောက်လာတော့မယ့် အချိန်ဖြစ်တာကြောင့် ဒီအချိန်မှာ ရာသီတုပ်ကွေး ကာကွယ်ဆေး စထိုးလို့ သင့်တော့တဲ့အချိန် ဖြစ်ပါတယ်။ ဒါကြောင့်မို့ ရာသီတုပ်ကွေး ကာကွယ်ဆေးတွေ အကြောင်း မျှဝေလိုက်ရပါတယ်။ 🩺

💉 မြန်မာနိုင်ငံမှာ လက်ရှိရနိုင်တဲ့ တုပ်ကွေးကာကွယ်ဆေး ၂ မျိုးကတော့ တုပ်ကွေးဗိုင်းရပ်စ် ၄ မျိုးကို ကာကွယ်ပေးနိုင်တဲ့ Vaxigrip နဲ့ Influvac ပဲ ဖြစ်ပါတယ်။ ရာသီတုပ်ကွေးကာကွယ်ဆေးတွေက အသားဆေး အမျိုးအစားဖြစ်ပြီး လက်မောင်းမှာ ထိုးကြပါတယ်။ 💉

👉👉 Vaxigripက အသက် (၆) လ ကစပြီးထိုးနိုင်ပါတယ်။
👉👉 Influvac ကတော့ ကလေးအသက် (၃) နှစ်ကစပြီး ထိုးနိုင်ပါတယ်။

တုပ်ကွေးကာကွယ်ဆေးတွေက တစ်ကြိမ်တည်း ထိုးရုံနဲ့ လုံလောက်ပါတယ်။ ဒါပေမယ့် အသက် (၉) နှစ်အောက် ကလေးဖြစ်မယ်၊ ဒီနှစ်မှ ပထမအဆုံးအကြိမ်ထိုးတာဆိုရင်တော့ (၄) ပတ် ခြားပြီး (၂) ကြိမ်ထိုးရပါမယ်။

တုပ်ကွေးဗိုင်းရပ်စ်က နှစ်စဉ်နှစ်တိုင်း အသစ်ပြောင်းတဲ့အတွက် အရင်နှစ်က ထိုးထားတယ်ဆိုလည်း ဒီနှစ်ကို အသစ်ပြန်ထိုးရပါမယ်။

ကာကွယ်ပေးသည့် တုတ်ကွေးများ
Influenza strain - A(H1N1)
Influenza strain - A(H3N2)
Influenza strain - B(Washington)
Influenza strain - B(Phuket)

✅✅ ကာကွယ်ဆေးထိုးသင့်သူများ
✔ အသက် (၆) လမှ (၉) နှစ် အောက် တုတ်ကွေးကာကွယ်ဆေးတစ်ကြိမ်မှ မထိုးရသေးသောကလေးငယ်များ တစ်လခြားပြီး (၂) ကြိမ်ထိုးရန်

✔ အသက် (၉) နှစ်အထက်က (၁) ကြိမ်သာ ထိုးရန်လိုပါတယ်။

✔ သက်ကြီးရွယ်အို နဲ့ နာတာရှည် ရောဂါရှိသူများလည်း မဖြစ်မနေ ထိုးနှံသင့်ပါတယ်။

✔ ကိုယ်ဝန်ဆောင်များ ကာကွယ်ဆေးထိုးထား သင့်ပါတယ်။ ထိုးချင်းအားဖြင့် ကိုယ်ဝန်သည် ကိုယ်ဝန်ဆောင်နေနေန်း အပြင်၊ မွေးကာစ (၆) လအောက် ကလေးတွေပါ အပြင်းအထန် တုတ်ကွေး ဖြစ်ခြင်းမှ ကာကွယ်နိုင်ပါတယ်။

⛔️⛔️ ကာကွယ်ဆေး မထိုးသင့်သူများ
❗❗ ယခင်ကာကွယ်ဆေး၊ ထိုးဆေး၊ သောက်ဆေး များ ဓါတ်မတည့်သူများ။

❗❗ ကြက်ဥ၊ ပရိုတင်း ဓါတ်မတည့်သူများနဲ့ ကာကွယ်ဆေးတွေနဲ့ မတည့်တဲ့သူတွေ ကတော့ မိမိပြနေကျ မိသားစုဆရာဝန်နှင့် တိုင်ပင်ပြီးမှ ထိုးသင့်ပါတယ်။

❗❗ လတ်တလော ကိုယ်ပူ ၊ ချောင်းဆိုး ၊ နှာစေး လက္ခဏာ များ ခံစားနေရပါကလည်း ဆရာဝန်နှင့် တိုင်ပင်ပြီး မှ ထိုးသင့်ပါတယ်။

✅✅ ဘယ်အချိန် အထိုးသင့်ဆုံးလဲ?
✔ တုတ်ကွေးကာလက ဇွန်လက စက်တင်ဘာလ လောက်ထိပါ။ ဒီမတိုင်ခင် ထိုးသင့်ပါတယ်။ ဘယ်အချိန်ထိုးထိုး နောက်ကျတယ်တော့ မရှိပါဘူး။ expired date ရှေ့တော့ ဖြစ်ဖို့ လိုပါတယ်။ သတိထားဖို့အချက်က ထိုးပီးပီးချင်း ကာကွယ်တဲ့ effect မရနိုင်ပါဘူး။

✔ ၁၀ ရက် ကနေ ၂ ပတ် ကာကွယ်နိုင်အားထွက်တာကြောင့် စောစောထိုးလေ ကာကွယ်နိုင်လေပါပဲ။

ကာကွယ်ဆေးကို လက်လှမ်းမမှီတဲ့ အခြေအနေမှာရှိနေရင် တုပ်ကွေး မဖြစ်အောင် အောက်ပါနည်းလမ်းတွေနဲ့ ကာကွယ်နိုင်ပါတယ်။ 👇👇
🩺 လူကြားသူကြားထဲ သွားတဲ့အခါ နှာခေါင်းစည်းတပ်ပါ၊၊
🩺 နွေးနွေးထွေးထွေး နေထိုင်ပါ။
🩺 ရေများများသောက်ပါ၊၊
🩺 အာဟာရပြည့်ဝအောင် စားပါ၊၊
🩺 အိပ်ရေးဝဝအိပ်ပါ၊၊
🩺 လက်ကိုသေသေချာချာဆေးပါ၊၊

🙏🙏 ကျန်းမာပျော်ရွှင်သော နေ့ရက်များကို ဖြတ်သန်းနိုင်ကြပါစေ၊၊ 🙏🙏

မဂ်လာပါ 🙏 RDM Healthcare Centre တွင် အထူးကုဆရာဝန်ကြီးများ နှင့် ဆေးကုသမှုခံယူလိုသောမိဘပြည်သူများအနေဖြင့် အောက်ပါအထူးကုဆရ...
20/05/2023

မဂ်လာပါ 🙏
RDM Healthcare Centre တွင် အထူးကုဆရာဝန်ကြီးများ နှင့် ဆေးကုသမှုခံယူလိုသောမိဘပြည်သူများအနေဖြင့် အောက်ပါအထူးကုဆရာဝန်များနှင့်ပြသလို့ရပါပြီဖြစ်ကြောင်းအသိပေးအပ်ပါသည်ရှင့်။

✅ အထွေထွေရောဂါကုသမားတော် (Physician)

✅ အထွေထွေခွဲစိတ်အထူးကုဆရာဝန်(Surgeon)

✅ သားဖွားနှင့်မီးယပ်အထူးကုဆရာဝန် (O&G)

✅ နှလုံးနှင့်အထွေထွေရောဂါကုသမားတော်(Cardiologist)

✅ အရိုး၊အကြော၊ထိခိုက်ဒဏ်ရာခွဲစိတ်အထူးကုဆရာဝန်(Ortho)

✅ ကလေးအထူးကုဆရာဝန် (Peadiatric)

✅ ကျောက်ကပ်နှင့်ဆီးလမ်းကြောင်းခွဲစိတ်အထူးကုဆရာဝန်(Uro Surgeon)

တို့ဖြင့် ဆေးကုသမှုခံယူနိုင်ပါကြောင်း အသိပေးအပ်ပါသည် ။

အထူးကု ဆရာဝန်များနှင့်ဆေးကုသမှုခံယူလိုသောမိဘပြည်သူများ ဖုန်းကြိုတင်ဆက်သွယ်ပြီး Booking အရင်ယူပေးကြပါရန်မေတ္တာရပ်ခံအပ်ပါသည်ရှင့်။

☑️အသေးစိတ်စုံစမ်းရန်နှင့် မေးမြန်းနိုင်ရန်

☎️ဖုန်း - 09441449435 ကိုလည်း တိုက်ရိုက်ဆက်သွယ် မေးမြန်းနိုင်ပါသည်။

🏥 လိပ်စာ - အမှတ်(၂)၊ကံ့ကော်ဆောင်၊ပြည်ထောင်စုလမ်းမကြီး၊တောင်မြောက်လမ်းဆုံ
တ်တိုင်အနီး၊တောင်ဒဂုံမြို့နယ်၊ရန်ကုန်တိုင်း။

🙏 RDM ဆေးခန်းမှ နေ့စဉ် မနက် (8 : 00) am မှည (8 : 00)pm ဝန်ဆောင်မှု ပေးအပ်နေ​ပါသည်ရှင့် 🙏လစဉ် ကုသိုလ်ဖြစ် ပထမအပတ် နှင့် တ...
18/05/2023

🙏 RDM ဆေးခန်းမှ နေ့စဉ် မနက် (8 : 00) am မှည (8 : 00)pm ဝန်ဆောင်မှု ပေးအပ်နေ​ပါသည်ရှင့် 🙏

လစဉ် ကုသိုလ်ဖြစ် ပထမအပတ် နှင့် တတိယအပတ် တနင်္ဂနွေနေ့တိုင်း မနက် 8 နာရီ မှ နေ့လယ် 12 နာရီအတွင်း ✨အခမဲ့✨ ဆေးကုသခွင့်လည်း ရရှိနိုင်ပါပြီရှင့်

ရရှိနိုင်သော ၀န်ဆောင်မှုများမှာ .....
✅ အထွေထွေရောဂါကု ဆရာဝန်များဖြင့် ဆွေးနွေးတိုင်ပင်ခြင်း ၊ ဆေးကုသမှုခံယူခြင်း
✅ လိုအပ်လျှင် သက်ဆိုင်ရာ အထူးကု ဆရာ၀န်များဖြင့် ဆေးကုသမှု ခံယူနိုင်ခြင်း
✅ အိမ် အရောက် ကျန်းမာရေးစောင့်ရှောက်မှု ပေးခြင်း
✅ သွေးတိုး ၊ ဆီးချို ရှိမရှိ စစ်ဆေးပေးခြင်း
✅ Covid 19 ရောဂါ စစ်ဆေးပေးခြင်း
✅ B, C, HIV ပိုး ရှိ/မရှိ စစ်ဆေးပေးခြင်း
✅ လိုအပ်သော ဆေးဝါးများ အဆင်ပြေစွာ ဝယ်ယူနိုင်ခြင်း
✅ ဆီး၊ဝမ်း၊သွေး၊သလိပ်နှင့်ရောဂါအမျိုးမျိုးစစ်ဆေးနိုင်ခြင်း
✅ခေတ်မှီအဆင့်မြင့်နည်းပညာဖြင့်ပြုလုပ်ထားသောစက်ဖြင့် တယ်လီဗေးရှင်းဓာတ်မှန်ရိုက်ပူနိုင်ခြင်း။
✅နောက်ဆုံးပေါ် Digital X-Ray စက်ဖြင့်ကြည်လင်ပြတ်သားသောဓါတ်မှန်များရိုက်ကူနိုင်ခြင်း။
စသည့်၀န်ဆောင်မှုများရရှိနိုင်ပါသည်။

☎ အိမ်အရောက်ဝန်ဆောင်မှုအတွက် အသေးစိတ်ကို phone ( 09 441 449 435, 09 4444 50 434) သို့ မနက် (8) နာရီမှ ညနေ (6) နာရီ အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်။

လူကြီးမင်းတို့၏ ကျန်းမာရေးအတွက် "RDM Healthcare Centre" မှ အမြဲအသင့်ရှိနေပါတယ်ရှင့် 🙏

"RDM - အာဒီအမ် Healthcare Centre"
🏥 လိပ်စာ - တိုက်အမှတ် ၂ ၊ ကံ့ကော်ဆောင်၊ ပြည်ထောင်စုလမ်းမကြီး၊ တောင်မြောက်လမ်းဆုံမှတ်တိုင် အနီး၊ တောင်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
⏰ ဆေးခန်းဖွင့်ချိန် - နေ့စဉ် မနက် (8 : 00) am မှည (8 : 00)pm
📞 - 09 441 449 435, 09 4444 50 434

RDM အထူးကုဆေးခန်းနှင့်ရောဂါရှာဖွေရေးစင်တာတွင်-အထွေထွေရောဂါကုသမားတော်ကြီးများ-ခွဲစိတ်အထူးကုဆရာဝန်ကြီးများ-ကလေးအထူးကုဆရာဝန...
17/05/2023

RDM အထူးကုဆေးခန်းနှင့်ရောဂါရှာဖွေရေးစင်တာတွင်
-အထွေထွေရောဂါကုသမားတော်ကြီးများ
-ခွဲစိတ်အထူးကုဆရာဝန်ကြီးများ
-ကလေးအထူးကုဆရာဝန်ကြီးများ
-သားဖွားနှင့်မီးယပ်အထူးကုဆရာဝန်ကြီးများ
-အရိုး၊အကြောနှင့်ထိခိုက်ဒဏ်ရာအထူးကုဆရာဝန်ကြီးများ
-ဆီးနှင့်ကျောက်ကပ်အထူးကုဆရာဝန်ကြီးများ
-ဓာတ်မှန်ဘက်ဆိုင်ရာအထူးကုဆရာဝန်ကြီးများ
-နှလုံးရောဂါအထူးကုဆရာဝန်ကြီးများ
-တာဝန်ကျ အထွေထွေရောဂါကုဆရာဝန်များဖြင့်
--------------------------------------------
နေ့စဥ် -မနက် (၈)နာရီ မှ ည (၈) နာရီ အထိ
ပိတ်ရက်မရှိ အထူးဝန်ဆောင်မှုပေးနေပါပြီ
ဓာတ်မှန်----ဓာတ်ခွဲ----တီဗွီဓာတ်မှန်----နှလုံးစမ်းသပ်စက်စသည်တို့ကို အဖြေ တိကျ မှန်ကန် မြန်ဆန်စွာ ပြုလုပ်ပေးနေပါသည်။
နိင်ငံခြားသွားရန် ဆေးစစ်မည့်သူများအတွက် အထူး package ရှိပါသည်။

🤧ရာသီတုပ်ကွေး ( seasonal flu )🤧🦠ရာသီတုပ်ကွေးဆိုတာဘယ်လိုတုပ်ကွေးမျိုးကိုခေါ်တာလည်း ?🦠ရာသီတုပ်ကွေးဆိုတာ နာမည်နဲ့အညီ ရာသီနဲ...
16/05/2023

🤧ရာသီတုပ်ကွေး ( seasonal flu )🤧

🦠ရာသီတုပ်ကွေးဆိုတာဘယ်လိုတုပ်ကွေးမျိုးကိုခေါ်တာလည်း ?🦠

ရာသီတုပ်ကွေးဆိုတာ နာမည်နဲ့အညီ ရာသီနဲ့လိုက်ပြီးဖြစ်တတ်တဲ့ တုပ်ကွေး ဖျားနာခြင်းတစ်မျိုးပါ။
မြန်မာနိုင်ငံမှာတော့ ရာသီတုပ်ကွေးဆိုတာနဲ့ မိုးရာသီနဲ့တွဲမြင်တဲ့အထိကို မိုးရာသီအကြိုမှာနဲ့ မိုးရာသီအတွင်းမှာ အဖြစ်များကြပါတယ်။ 🇲🇲

🧑‍⚕️ရာသီတုပ်ကွေးလို့ဘယ်လိုခွဲခြားနိုင်သလည်း?🧑‍⚕️

ရာသီတုပ်ကွေးဆိုတာ စိုစွတ်တဲ့ရာသီမှာဖြစ်လေ့ရှိတဲ့ လေကတဆင့်ကူးစက်နိုင်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ တုပ်ကွေးရောဂါပါ ။ Influenza viruses လို့ခေါ်တဲ့ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်စေတာပါ ။🦠

🦠ရာသီတုပ်ကွေးနဲ့ကိုဗစ်စ် 19 ရောဂါနဲ့ဘာတွေကွာသလည်း?🦠

တူညီတာကတော့ နှစ်မျိုးလုံးဟာ အသက်ရှူလမ်းကြောင်းပိုင်းဆိုင်ရာမှာဖြစ်တတ်တဲ့ရောဂါတွေပဲဖြစ်ကြပါတယ်။
မတူညီကြတာတွေကတော့ ကိုဗစ်-၁၉ ရောဂါဟာ coronavirus ကြောင့်ဖြစ်ရတာဖြစ်ပြီး seasonal flu ရာသီတုပ်ကွေးကတော့ influenza viruses ကြောင့်ဖြစ်ရတာပါ။
ကူးစက်မှု့နှုန်းကတော့ ကိုဗစ်-၁၉ ကပိုမြန်ပါတယ်။ ဒါပေမယ့် ရောဂါလက္ခဏာပြဖို့တော့ အချိန်ပိုကြာတတ်ပါတယ်။ ရာသီတုပ်ကွေးနဲ့ယှဉ်ရင် ဖြစ်တတ်တဲ့ရောဂါလက္ခဏာတွေက ဆင်တူတတ်တာမို့ သေချာစမ်းသပ်ပြီးကုသဖို့တော့လိုအပ်ပါတယ်။ 🧑‍⚕️

🤧ရာသီတုပ်ကွေးဆိုဘယ်လို လက္ခဏာတွေ ပြတတ် ခံစားတတ်ရလည်း?🤧

ရာသီတုပ်ကွေးဖြစ်ရင် များသောအားဖြင့် ဖျားခြင်း ၊ ချောင်းခြောက်ဆိုးခြင်း ၊ ခေါင်းကိုက်ခြင်း ၊ ကိုယ်လက် အရိုးအဆစ် ကြွက်သားများ နာကျင်ခြင်း ၊ နှုံးခြင်း ၊ လည်ပင်းနာခြင်း ၊ နာမွှန် နှာရည်ကျခြင်း စတာတွေခံစားရလေ့ရှိကြပါတယ် ။
လူငယ် လူလတ်အရွယ် နဲ့ နဂိုရှိရင်းစွဲရောဂါအခံ ( သွေးတိုးရောဂါ ဆီးချိူရောဂါ နှလုံးရောဂါ အဝလွန်ရောဂါ ) စတဲ့ရောဂါအခံမရှိတဲ့သူတွေမှာတော့ ရောဂါလက္ခဏာခံစားရတာတွေက မစိုးရိမ်ရပါဘူး ။ များသောအားဖြင့် သူ့အလိုလို သက်သာကြလေ့ရှိပါတယ်။
ဖျားရင်ပိုးသတ်ဆေးတွေ စသောက်မယ့်အစား ကိုယ်ခံအားကောင်းအောင် စားသောက် အနားယူတာပိုထိရောက်ပါတယ် ( ပိုးသတ်ဆေးဆိုတာ virus ပိုးကိုသတ်တဲ့ဆေးမဟုတ်တော့ရောဂါအတွက် အဓိကသောက်ရမယ့်ဆေး မဟုတ်ပါဘူး ) ပိုးသတ်ဆေးသောက်ရ မသောက်ရ ကို မိမိကိုယ်တိုင်မဆုံးဖြတ်ပဲ ဆရာဝန်နဲ့တိုင်ပင် ရပါမယ်။ 🧑‍⚕️📱

🧑‍⚕️ဘယ်လိုကုသရမလည်း ? မိမိကိုယ်တိုင်ကုသလို့ရလား?🩺
အဓိက က virus ပိုးကြောင့်ဖြစ်တာဆိုတော့ ကိုယ်ခန္ဓာခုခံအားကိုပဲ အားကိုးရမှာပါ။
ကိုယ်ခံအားကောင်းအောင် အာဟာရရှိတာစားတာ အိပ်ချိန်မှန်အောင်အိပ်တာ စတာတွေ လုပ်ပေးရင် ကိုယ်ခံအားကောင်းပြီး ရောဂါကို အမြန်သက်သာစေပါတယ်။
သောက်ဆေးကတော့ နီးစပ်ရာ ဆရာဝန်နဲ့တိုင်ပင်ပြီးသောက်ပါ။🧑‍⚕️🩺

💉ကာကွယ်ဆေးကိုဘယ်သူတွေမှာထိုးရမလည်း?💉

✔️ကာကွယ်ဆေးကို ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ
✔️ကလေးငယ် ( ၆ လ - ၅ နှစ် )
✔️အသက်ကြီးသူတွေ ( ၆၅ နှစ်အထက် )
✔️နာတာရှည် ရောဂါအခံရှိသူတွေ
✔️ကျန်းမာရေးဝန်ထမ်းတွေ စတဲ့သူတွေထိုးသင့်ကြောင်းကို WHO က recommend ပေးထားပါတယ်။ 🧑‍⚕️

😷ဘယ်လို ကာကွယ်နိုင်မလည်း ?😷
လက်ကိုပုံမှန်နဲ့ခဏ ခဏ ဆေးပါ
နှာမွှန် ချောင်းဆိုးရင် ပါးစပ်နဲ့ နှာခေါင်းကိုကာကွယ်တာ၊
လူထူထပ်တဲ့နေရာတွေသွားရင် ပါးစပ်နဲ့ နှာခေါင်းကိုကာကွယ်တာ
လက်ကို အမြဲသန့်ရှင်းပြီးမှ နှာခေါင်း ပါးစပ် ကိုထိတာ၊
ကာကွယ်ဆေးထိုးလို့ရရင် ထိုးထားတာ စတာတွေနဲ့ကာကွယ်လို့ရပါတယ် ။ ❤️

ရာသီတုပ်ကွေးနဲ့ မေးမြန်းချင်လိုပဲဖြစ်ဖြစ်၊ ကျန်းမာရေးစောင့်ရှောက်မှု အစီအစဥ်များကိုအသေးစိတ်သိရှိလိုပါက RDM Healthcare Centerရဲ့ page ကနေတဆင့်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။❤️
လိပ်စာ🏥-အမှတ်(၂)၊ကံ့ကော်ဆောင်၊ပြည်ထောင်စုလမ်းမကြီး၊တောင်မြောက်လမ်းဆုံ
တ်တိုင်အနီး၊တောင်ဒဂုံမြို့နယ်၊ရန်ကုန်တိုင်း။

Contact📞-09441449435
-09444450434

Bus 🚌 - 6. 7. 111. 112. 103. 59. 3

သွေးလွန်တုပ်ကွေးdenguefever ကလေးများနှင့်သွေးလွန်တုပ်ကွေးအန္တရာယ် 🦟🦟❗️သွေးလွန်တုပ်ကွေး အနှစ် ချုပ် သွေးလွန်တုပ်ကွေး ဖြစ်...
15/05/2023

သွေးလွန်တုပ်ကွေး
denguefever

ကလေးများနှင့်သွေးလွန်တုပ်ကွေးအန္တရာယ် 🦟🦟

❗️သွေးလွန်တုပ်ကွေး အနှစ် ချုပ်

သွေးလွန်တုပ်ကွေး ဖြစ် နိုင် သည် ဟုသတ်မှတ် ခြင်း (propable dengue )

ဖျား ခြင်း နှင့် အောက်ပါ အချက် များ ထဲ မှ ၂ချက် ရှိ လျှင်
၁. အော့ အန် ခြင်း
၂. အရေပြား ပေါ် တွင် အဖိန့်ထွက် ခြင်း rash
၃. ကိုယ်လက် ကိုက်ခဲ ခြင်း
၄. သွေးပေါင် ချိန် တိုင်းကိရိယာ ဖြင့် စမ်းသပ်ရာတွင် + ဖြစ် ခြင်း Hess Test
၅. သွေးဖြူဥ နည်း ခြင်း leukopenia
၆. အန္တရာယ် လက္ခဏာ တခုခု ရှိ ခြင်း
၇. နှာခေါင်းသွေးလျှံခြင်း ကော်ဖီနှစ် အရောင်အန်ခြင်း

⚠️အလွယ်ဆိုရင်တော့ အဖျား ကြီး ပြီး မလန်းဆန်းရင် မှိန်း ရင် အစားအသောက် ပျက် လျင် ဖြစ်နိုင်တယ်လို့ မှတ်ရပါ မယ်

❗️အန္တရာယ် လ က္ခဏာ များ

၁. ဝမ်း ဗိုက်နာ ခြင်း ဖိလျှင် နာ ခြင်း
၂. ဆက် တိုက် အန် ခြင်း
၃. အဆုတ်နှလုံး ဝမ်းဗိုက်တို့တွင် အရည် စု ခြင်း
၄. မှိန်း ခြင်း သို.မဟုတ့်ကယောင်ကတမ်း ဖြစ် ခြင်း
၅. အသည်း ၂ စင်တီမီတာ ထက် ကြီး ခြင်း
၆. သွေးဖြူဥ ကျလာ ခြင်း သွေးပြစ်နှုံး pcv တက်လာ ခြင်း

❗️ဆေးရုံတက်သင့် သော လူနာများ

၁. အန္တရာယ် လက္ခ ဏာ တခုခု ရှိ ခြင်း
၂. တနှစ် အောက် ကလေး
၃. အဝလွန်သော သူ
၄. အ ခြား ရာ ဂါ ရှိ သော သူ ဥပမာ thalassaemia ရောဂါရှိသူ
၅. ဆေးရုံ နှင့် ဝေးသော သူ

သွေးလွန်တုပ်ကွေး သွေးလန့်ခြင်းလက္ခဏာများ
(𝐃𝐞𝐧𝐠𝐮𝐞 𝐒𝐡𝐨𝐜𝐤 𝐒𝐲𝐧𝐝𝐫𝐨𝐦𝐞)

👉ခန္ဓာကိုယ်အတွင်း သွေးယိုစီးသည့်အတွက်ကြောင့် ကော်ဖီမှုန့်ရောင်၊ အညိုရောင် အဖတ်အမျှင်လေးများပါသော အရည်များအန်ခြင်း၊ ဝမ်းမည်းမည်း သွားခြင်း၊ နှာခေါင်းသွေးယိုခြင်း၊ သွားဖုံးကြားသွေးထွက်ခြင်း

👉ခန္ဓာကိုယ်ရှိ အရေပြားပေါ်တွင် ထိခိုက်သကဲ့သို့၊ သွေးခြေဥသကဲ့သို့ အနီကွက်များပေါ်လာခြင်း

👉ကိုယ်အပူချိန် ရုတ်တရက်ကျဆင်းသွားခြင်း ( များသောအားဖြင့် စဖျားသည့်နေ့မှ (၃)ရက်မြောက်တွင် ဖြစ်တတ်ပါသည်။)

👉ရုတ်တရက် ဗိုက်အောင့်လာခြင်း

👉ဂနာမငြိမ်ဖြစ်ခြင်း (သို့) အရမ်းမှိန်းလာခြင်း

👉ဆီး မသွားခြင်း

👉ခြေဖျား လက်ဖျားများ အလွန်အမင်း အေးစက်ခြင်း
​သွေးလန့်လျှင် မှိန်း​နေပြီး တကိုယ်လုံး ​အေးစက်လာခြင်း

👉သွေးပေါင်အလွန်ကျဆင်းခြင်း၊ နောက်ဆုံးတွင် တိုင်းတာ၍ မရသည့် အခြေအနေဖြစ်ခြင်း၊ အပေါ်သွေး၊ အောက်သွေးခြားနားချက်သည် 20mmHg (သို့) ထို့ထက်နည်းခြင်း

👉အစာ/ ရေ မဝင်နိုင်လောက်အောင် အဆက်မပြတ်အန်ခြင်း စသည်တို့ဖြစ်ပါသည်။

‼️‼️မိဘများ အထူးသတိပြုရန်‼️‼️

⚠️က​လေး အစား နှင့် အရည် မဝင်လျှင်၊ဗိုက်​အောင့်လျှင်၊အဖျားကျ ပြီး တကိုယ်လုံး​အေးစက်​နေ​သော်လည်း မလန်းလျှင် မှိန်း​နေလျှင်၊ဆီးမသွားနိုင်လျှင်၊တောက်​လျှောက်အန်​နေလျှင်၊

⚠️ကိုယ်ပူချိန် မကျဘဲ 102'F နှင့်အထက်မှာ ရှိ​နေလျှင်၊ တက်လျှင်

⚠️ နှာ​ခေါင်း​သွေးယိုလျှင် ၊သွားဖုံး​သွေးယိုလျှင်၊ ကတ္တရာစီး​ရောင် ဝမ်းမည်းမည်းသွားလျှင်၊ဆီးထဲ​သွေးပါလျှင်၊ခန္ဓာကိုယ်တွင်အနီစက်များထွက်လျှင်၊အညိုအမဲကွက်များ​ပေါ်လျှင်

🔰ချက်ချင်း တတ်ကျွမ်းနားလည်​သော ဆရာဝန် / က​လေးအထူးကု ဆရာဝန်နှင့် ပြသရန် ​ဆေးရုံ ​ဆေးခန်းသို့ သွားရပါမည်။🔰

⛔️သွေးလွန်တုပ်ကွေးရောဂါမဖြစ်အောင်ဘယ်လိုကာကွယ်မလဲ⛔️
👉နေ့ခင်းဘက်ကလေးအိပ်ရင်ခြင်မကိုက်အောင်ခြင်ထောင်ထောင်သိပ်ပါ

👉ခြင်မပေါက်ပွားအောင် ရေလှောင်ကန်တွေကိုအဖုံးဖုံးအုပ်ပါ၊ပိုလောက်လန်းတွေ့လျင် ရေကိုလှယ်ပစ်ပါ

👉အိမ်ပတ်ဝန်းကျင်တွင် ခြင်မခိုအောင်းနိုင်အောင် ခြုံများ၊ တာယာကန်များ၊မိုးရေတင်နိုင်သောရေခွက် အိုးခွက်ဟောင်းများကိုစနစ်တကျ စွန့်ပစ်သန့်ရှင်းရေးလုပ်ပါ

👉ဘုရားပန်းအိုးများကိုနေ့စဥ်​လဲလှယ် ပေးပါ (ပိုးလောက်လန်း ပေါက်ပွားမှုကိုမရှိစေရန်)

👉ပိုးလောက်လန်းကင်းစင် မှသာ သွေးလွန်တုပ်ကွေးဖြစ်စေသောခြင် ကင်းစင်မည် ဖြစ်ပါသည်။

သားသားမီးမီးတို့
သွေးလွန်တုပ်ကွေးအန္တရာယ်မှကင်းဝေးကြပါစေ။

အချိန်တိုင်း သတိထားသင့်တဲ့ အဆုတ်ရောင်ရောဂါ (Pneumonia)🚨ကမ္ဘာပေါ်မှာ နမိုးနီးယား (အဆုတ်ရောင်ရောဂါ) ကပ်ဘေးဆိုက်ပြီး လူပေါင...
10/05/2023

အချိန်တိုင်း သတိထားသင့်တဲ့ အဆုတ်ရောင်ရောဂါ (Pneumonia)🚨

ကမ္ဘာပေါ်မှာ နမိုးနီးယား (အဆုတ်ရောင်ရောဂါ) ကပ်ဘေးဆိုက်ပြီး လူပေါင်းများစွာ သေဆုံးခဲ့ရတဲ့ အခိုက်အတန့်တွေရှိခဲ့ဖူးတာကိုတော့ တော်တော်များများ သိကြမှာပါ။ အခုထိလည်း နမိုးနီးယားရောဂါက လူတွေကို ခြောက်လန့်နေဆဲပါပဲ😱

လတ်တလော ဖြစ်ပွားခဲ့တဲ့ Covid-19 ဟာဆိုရင်လည်း နမိုးနီးယားကို ဖြစ်စေနိုင်တဲ့ အဓိကအကြောင်းအရာတွေထဲက တစ်ခုပါပဲနော်။ ဒါ့အပြင် တုပ်ကွေးဖြစ်ခြင်းကလည်း နမိုးနီးယား (အဆုတ်ရောင်ခြင်း) ကိုဖြစ်စေနိုင်ပါတယ်။

နမိုးနီးယား (အဆုတ်ရောင်ရောဂါ) ဆိုတာဘာလဲ…❓

လေထုထဲရှိ ရောဂါပိုးတွေဝင်ရောက်ပြီး အဆုတ်တစ်ခုလုံး (သို့) နှစ်ခုလုံးရှိ လေအိတ်တွေကို ရောင်ရမ်းစေတဲ့အခါ နမိုးနီယား (အဆုတ်ရောင်ရောဂါ) ကို ဖြစ်ပေါ်စေပါတယ်။ လွယ်လွယ်နဲ့ ကူးစက်တတ်တဲ့ ရောဂါတစ်ခုမို့ ဂရုစိုက်ဖို့တော့ လိုအပ်ပါတယ်။

တကယ်လို့ အဆုတ်ထဲရှိ လေအိတ်တွေမှာ အရည်တွေ (သို့) အဖုတွေ၊ အညစ်အကြေးတွေနဲ့ ပြည့်နှက်သွားပြီဆိုရင် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ ချမ်းတုန်ခြင်းနဲ့ အသက်ရှူရခက်ခြင်းတို့ကို ဖြစ်စေနိုင်တာမို့ ခံစားရခက်မှာတော့ အသေအချာပါပဲ။

ဘယ်လိုရောဂါလက္ခဏာတွေရှိလဲ…❓

🔹ချောင်းဆိုးတဲ့အခါ ရင်ဘတ်အောင့်ခြင်း
🔹စိတ်ရှုပ်ထွေးခြင်း
🔹ပင်ပန်းနွမ်းနယ်ခြင်း
🔹ချောင်းဆိုးရင်း သလိပ်ပါခြင်း
🔹ဖျားခြင်း
🔹ချွေးထွက်ခြင်း
🔹ချမ်းတုန်ခြင်း
🔹ကိုယ်အပူချိန်ကျခြင်း
🔹ပျို့အန်ခြင်း
🔹ဝမ်းလျှောခြင်း
🔹အသက်ရှူကြပ်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။

နမိုးနီးယား (အဆုတ်ရောင်ရောဂါ) ဘာကြောင့်ဖြစ်လာတာလဲ…❓

ပိုးမွှားများစွာဟာဆိုရင် နမိုးနီးယားကို ဖြစ်စေနိုင်ပါတယ်။ အဖြစ်အများဆုံးကတော့ လေထုထဲရှိ ဘက်တီးရီးယားနဲ့ ပိုးမွှားများကို ရှူရှိုက်မိခြင်းကြောင့် ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ခန္ဓာကိုယ်က ပိုးမွှားတွေ အဆုတ်ထဲ မဝင်ရောက်နိုင်အောင် တားဆီးပေးလေ့ရှိပါတယ်။

ဒီလို ခန္ဓာကိုယ်မှ ရောဂါပိုးမွှားတွေကို တိုက်ထုတ်ပေးတယ်ဆိုပေမယ့် ကိုယ်ခံအားနည်းနေချိန်မှာ ဆိုရင်တော့ ရောဂါပိုးတွေက ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းမိုးသွားပြီး နမိုးနီးယား (အဆုတ်ရောင်ရောဂါ) ကို ဖြစ်ပေါ်စေပါတယ်။

နမိုးနီးယား (အဆုတ်ရောင်ရောဂါ) ကို ဖြစ်ပွားစေနိုင်တဲ့ အကြောင်းအရင်းတွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်💁‍♀️

Bacteria : ဘက်တီးရီးယားကြောင့်ဖြစ်ပွားတဲ့ နမိုးနီးယားတွေဟာဆိုရင် အအေးမိခြင်း၊ ဖျားခြင်းတို့ နောက်ပိုင်းတွင် ဖြစ်ပေါ်တတ်ပါတယ်။ ဒါဆိုရင် အဆုတ်ရဲ့ အစိတ်အပိုင်းတွေကို ထိခိုက်နိုင်ပါတယ်။

Virus : သာမန်အအေးမိစေသော ဗိုင်းရပ်စ်များ၊ တုပ်ကွေး (influenza)၊ COVID-19 နဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေကြောင့် တစ်ခါတစ်ရံမှာ အဆုတ်အအေးမိခြင်းကို ဖြစ်စေနိုင်သည်။

Fungi : Cryptococcus၊ Pneumocystis jirovecii နဲ့ Coccidioides မှိုတွေဟာဆိုရင် အဆုတ်ရောင်ခြင်းရဲ့ အဖြစ်အများဆုံး အကြောင်းရင်းတစ်ခုပါပဲ။ ကိုယ်ခံအားစနစ်အားနည်းသူများနဲ့ ရောဂါပြဿနာရှိသူတွေမှာဆိုရင်တော့ မှိုမှ အဆုတ်ရောင်ခြင်း ဖြစ်နိုင်ခြေ အများဆုံးဖြစ်ပါတယ်။

ဘယ်လိုလူတွေမှာ အဖြစ်များလဲ…❓

နမိုးနီးယား (အဆုတ်ရောင်ရောဂါ) ဟာဆိုရင် ဘယ်သူ့မှာမဆို ဖြစ်ပွားနိုင်တယ်ဆိုပေမယ့် ကလေးငယ်တွေနဲ့ အသက်ကြီးတဲ့ လူတွေမှာ ပိုအဖြစ်များတဲ့အပြင် ကိုယ်ခံအားနည်းသူတွေနဲ့ ကျန်းမာရေးပြဿနာရှိသူတွေမှာလည်း ဖြစ်ပွားနိုင်ပါတယ်။

🔹နာတာရှည်ရောဂါရှိသူ
🔹နေမကောင်းခဏခဏဖြစ်သူ
🔹ဆေးလိပ်သောက်သူ
🔹ကိုယ်ခံအားနည်းသူတွေမှာလည်း ဖြစ်ပွားနိုင်ပါတယ်နော်။

မဖြစ်ပွားအောင် ဘယ်လိုကာကွယ်မလဲ…❓

🔹နမိုးနီးယား ကာကွယ်ဆေးထိုးပါ
🔹ဆေးလိပ်မသောက်ပါနဲ့
🔹တစ်ကိုယ်ရေ သန့်ရှင်းမှုရှိပါ
🔹ကိုယ်ခံအားစနစ်ကောင်းအောင်နေပါ
🔹ကျန်းမာရေးစစ်ဆေးပေးပါ…💙

ဒါဆိုရင်တော့ နမိုးနီးယား (အဆုတ်ရောင်ရောဂါ) လွယ်လွယ်နဲ့ ဝင်ရောက်နိုင်မှာ မဟုတ်တော့ဘူးနော်။ ကလေး၊ လူကြီးမရွေးဖြစ်ပွားနိုင်လို့ မဖြစ်ခင်ထဲက အားလုံးဂရုစိုက်ဖို့ လိုအပ်ပါတယ်😊

ဆေးဝါးများနဲ့ နမိုးနီးယားရောဂါကို ကုသလို့ရနိုင်တယ်ဆိုပေမယ့် ပြင်းထန်တဲ့ အခြေအနေတစ်ခုမှာ ဆိုရင်တော့ ကုသဖို့ ခက်ခဲလာနိုင်ပါတယ်နော်။ ဒါကြောင့် ရောဂါဖြစ်ပြီဆိုတာနဲ့ ဆရာဝန်များထံ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

အပူလွန်ကဲခြင်းနွေရာသီနဲ့ အပူဒဏ်အန္တရာယ် 💁‎အလွန်ပူပြင်းတဲ့ နွေရာသီကာလကို ရောက်လာတာနဲ့အမျှ မိတ်ဆွေတို့ရဲ့ ကျန်းမာရေးကို အရ...
08/05/2023

အပူလွန်ကဲခြင်း

နွေရာသီနဲ့ အပူဒဏ်အန္တရာယ် 💁



အလွန်ပူပြင်းတဲ့ နွေရာသီကာလကို ရောက်လာတာနဲ့အမျှ မိတ်ဆွေတို့ရဲ့ ကျန်းမာရေးကို အရင်ကထက် ပိုအလေးထား ဂရုစိုက်ဖို့ လိုအပ်လာတယ်ဆိုတာ အသိပေးပါရစေရှင်။

ပူပြင်းတဲ့ နေရောင်ခြည်အောက်မှာ ကိုယ့်ရဲ့ ဝမ်းရေးအတွက် သွားလာလှုပ်ရှားနေကြရတဲ့သူတွေအဖို့ နေရောင်ခြည်ဒဏ်၊ အပူဒဏ်တွေကို အမြဲကြုံတွေ့နေရတာဖြစ်တာကြောင့် သိထားသင့်တာလေးတွေ သိရှိပြီးတော့ ကာကွယ်လို့ရအောင် အပူဒဏ်အကြောင်းကို ကျွန်မတို့ RDM Healthcare Centre ကနေ ကျန်းမာရေး အသိပညာ Sharing လုပ်ပေးသွား ဖြစ်ပါတယ်။

‎ ⭕ အပူလျှပ်တယ်ဆိုတာ ဘာလဲ။

‎ ▪️ အပူလျှပ်တယ်ဆိုတာက ပူပြင်း ခြောက်သွေ့တဲ့ နေရောင်ခြည်နဲ့ အချိန်ကြာကြာ ထိတွေ့မှုရှိတာတွေအပြင် ကိုယ်လက်လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန်လုပ်တာတွေကြောင့် ဖြစ်တတ်တဲ့ ကျန်းမာရေးပြသနာတစ်ခုဖြစ်ပါတယ်။

‎ ▪️ ပူပြင်းသော နေရောင်ခြည်၊ခြောက်သွေ့ပူပြင်းသော ပတ်ဝန်းကျင် နှင် ဆေးဝါးတွေရဲ့ သက်ရောက်မှုတွေအပြင် ကိုယ့်မှာရှိနေတဲ့ကျန်းမာရေး ပြဿနာတွေကြောင့်လည်း ဖြစ်လာနိုင်ပါတယ်။

‎ ▪️ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်အပူချိန်ဟာ 104°F နှင့်အထက်ကိုရောက်သွားပြီဆိုရင်တော့ အပူလျှပ်တယ်လို့ သတ်မှတ်ပါတယ်။



‎ ⭕ အချိန်မီ ကုသမှုမရရှိရင် ဘယ်လိုအကျိုးဆက်တွေဖြစ်နိုင်လဲ။

‎ ▪️ အပူလျှပ်တာကို ပေါ့ပေါ့လျော့လျော့ နေမိမယ်ဆိုရင် ချွေးထွက်လွန်လာတာကစလို့ မူးဝေအော့အန်တာ၊ သတိလစ်တာတွေအထိ ဖြစ်နိုင်ပါတယ်။

‎ ▪️ အပူချိန် အရမ်းမြင့်မားလာတဲ့အချိန် အရေးပေါ် ကုသမှု မရရှိရင်တော့ ဦးနှောက်၊ ကျောက်ကပ် သာမက ကြွက်သား နှင့် နှလုံးကိုပါ ထိခိုက်နိုင်တဲ့အပြင် အသက်အန္တရာယ်ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်ပါတယ်ရှင်။



‎ ⭕ အပူလျှပ်တာကို ဖြစ်နိုင်ခြေများတဲ့သူတွေ ဘယ်သူတွေလဲ။

‎ ▪️ မွေးကင်းစ ကလေးငယ်တွေ၊ အသက်ကြီးတဲ့သူတွေ၊ အားကစားသမားတွေ၊ ပူပြင်းတဲ့ နေရောင်ခြည်အောက်မှာ အချိန်ကြာကြာ သွားလာလှုပ်ရှားနေတဲ့သူတွေ အဖြစ်များပါတယ်။

⭕ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

‎ ▪️ ခန္ဓာကိုယ် အပူချိန် 104°F နှင့်အထက်ရှိခြင်း၊

‎ ▪️ ချွေးမထွက်ခြင်း၊

‎ ▪️ အသက်ရှူနှုန်းမြန်လာခြင်း၊

‎ ▪️ မူးဝေအော့အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ သတိလစ်မေ့မျောခြင်းတို့ပဲဖြစ်ပါတယ်။



‎ ⭕ အရေးပေါ်ဖြစ်လာရင် ဘယ်လို ဆောင်ရွက်မလဲ။

‎ ▪️ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံးပို့ဆောင်ပါ။ အကယ်၍ အိမ်တိုင်ရာရောက် ကျန်းမာရေးစောင့်ရှောက်မှု ခံယူချင်တယ်ဆိုရင်တော့ ရန်ကုန်မြို့တွင်းအ​တွက် အတွေ့အကြုံပြည့်ဝတဲ့ဆရာဝန် ဆရာမများရဲ့ကုသမှု၊ အထူးကုသမားတော်များရဲ့ ကြီးကြပ်မှု တို့နဲ့ ကျန်းမာရေးဝန်ဆောင်မှုပေးနေတဲ့ family hotlines ကိုဆက်သွယ်လို့ရပါတယ်နော်။

‎ ▪️ အပူချိန်အမြန်ကျဖို့ ရေပတ်တိုက်ပါ၊ အဆင်ပြေပါက လည်ပင်း၊ ကျောဖက်၊ ပေါင်၊ ချိုင်းတို့ကို ရေခဲကပ်ပေးပါ။

‎ ⭕ ဘယ်လို ကြိုတင်ကာကွယ်ထားရမလဲ။

‎ ▪️ နေပူရှိန်ပြင်းလာတာနဲ့အမျှ တတ်နိုင်သလောက် အပြင်မထွက်ဘဲ အိမ်မှာ အေးသောနေရာ၊ ပန်ကာ သို့မဟုတ် လေအေးပေးစက်ရှိသောနေရာတွင်သာ နေထိုင်ပါ။

‎ ▪️ မဖြစ်မနေ အပြင်ထွက်ရမည်ဆိုပါက ပေါ့ပါးပြီး သက်တောင့်သက်သာရှိသော၊ အရောင်ဖျော့သော အဝတ်အစားများကို ဝတ်ဆင်ပါ။

‎ ▪️ ခန္ဓာကိုယ် ရေဓာတ်ခမ်းခြောက်တာ မဖြစ်အောင် ရေများများသောက်ပေးပါ။ အသီးဖျော်ရည်၊ ဓာတ်ဆားရည်တို့ကိုလည်း သောက်ပေးပါ။

‎ ▪️ အရက်ကို တတ်နိုင်သမျှ လျှော့ပြီးသောက်ပါ။

‎ 🟥 အပူလျှပ်တာအပြင် နွေရာသီမှာ အဖြစ်များတာကတော့ အပူငုပ်တာလို့ တော်တော်များများသိကြတဲ့ Heat Exhaustion ပဲဖြစ်ပါတယ်။

‎ ▪️ အပူလျှပ်တာလောက် မပြင်းထန်ပေမဲ့ အပူငုပ်တယ်ဆိုတာ ကြားဖူးနားဝရှိတဲ့ အဖြစ်များတဲ့ အရာတစ်ခုပါပဲနော်။

‎ ▪️ ရာသီဥတု ပူပြင်းလာတာနဲ့အမျှ ခန္ဓာကိုယ်အပူချိန်ပါ လိုက်ပါ မြင့်တက်လာပြီ ရေဓာတ်ပါ ခမ်းခြောက်လာရင်တော့ ဒါက အပူငုပ်တာပါပဲ။

‎ ▪️ အပူလျှပ်တာနဲ့ မတူတာက ချွေးထွက်လွန်နေတာပဲဖြစ်ပါတယ်။

‎ ▪️ နေပူထဲသွားလာလုပ်ကိုင်ရပြီးတော့ လိုအပ်တဲ့ရေဓါတ်ကို မဖြည့်နိုင်တာ၊ ရေများများပြန်မသောက်တဲ့အခါ အပူငုပ်တာဖြစ်တတ်ပါတယ်။

‎ ▪️ အပူငုပ်တာရဲ့ ရောဂါ လက္ခဏာတွေကတော့ ခေါင်းကိုက် မူးဝေပြီး ရေအရမ်းဆာတာ၊ မောပန်းလွယ်ပြီး နှလုံးခုန်မြန်တာတွေ၊ ပျို့အန်တာ၊ ဝမ်းလျှောတာ ပဲ ဖြစ်ပါတယ်။

‎ ▪️ အရေးပေါ် ဖြစ်လာတဲ့အခါ ဆောင်ရွက်ဖို့ လိုအပ်တာကတော့ အပူလျှပ်တဲ့အခါ ဖြစ်တာနဲ့ တူတူပါပဲနော်။

‎ ‎
ကြိုတင်ကာကွယ်တာကတော့ အကောင်းဆုံးဖြစ်တာမို့ ကာကွယ်ထားသင့်တဲ့အချက်တွေကိုလည်း မမေ့ပါနဲ့နော်။

‎ကဲ ဒါဆိုရင်တော့ ဒီနွေရာသီမှာ မိတ်ဆွေတို့ရဲ့ အပူဒဏ်တွေ ကင်းဝေးပြီး အေးအေးချမ်းချမ်း နှစ်သစ်ကို ဖြတ်သန်းနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။ 💛

ကျွန်​တော်တို့ RDM Healthcare Centre ကလည်း မိတ်ဆွေတို့အတွက် လိုအပ်တဲ့ ကုသမှုတွေကို အိမ်အရောက် Service တွေနဲ့ ထိထိရောက်ရောက် အမြဲ ကုသပေးဖို့ အဆင်သင့်ရှိနေပါပြီ။

ကျွန်​တော်တို့ RDM Healthcare Centreကို ကိုယ့်ရဲ့ ကျန်းမာရေးအတွက် ယုံယုံကြည်ကြည်နဲ့ အပ်နှံပြီး မိမိတို့အိမ်မှာနေရင်း ကျန်းမာရေးစောင့်ရှောက်မှု ခံယူနိုင်ပါပြီဖြစ်ကြောင်း လေးစားစွာအသိပေးလိုက်ရပါတယ်။

Address

Building No. (2), Gantgaw Hostel, Pyidaungsu Road, (26) Ward, Near North-South Junction, South Dagon Township
Yangon

Telephone

+959441449435

Website

Alerts

Be the first to know and let us send you an email when RDM - အာဒီအမ် Healthcare Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to RDM - အာဒီအမ် Healthcare Centre:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram