HTAY Clinic ဌေးဆေးကုခန်း

  • Home
  • HTAY Clinic ဌေးဆေးကုခန်း

HTAY Clinic ဌေးဆေးကုခန်း Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from HTAY Clinic ဌေးဆေးကုခန်း, Medical and health, Ni Lar bus stop, No-3 Main Road. Mingalardon Township., .

❤️🤎 လက်မောင်းထဲထည့်သော သန္ဓေတားဆေး သို့မဟုတ် progetserone only implant 🤎❤️♥️♥️Packing - Lydia implanex သူကတော့ နှစ််ချော...
12/10/2022

❤️🤎 လက်မောင်းထဲထည့်သော သန္ဓေတားဆေး
သို့မဟုတ် progetserone only implant 🤎❤️

♥️♥️Packing
- Lydia implanex သူကတော့ နှစ််ချောင်းထည့်ရပါတယ်။ ၄နှစ်ခံ သန္ဓေတားဆေး

ဟော်မုန်းအနေနဲ့ progesterone တမျိုးဖြစ်တဲ့ levonogestrel 75 mg က တချောင်းစီမှာ ပါပါတယ်။

❣️ဘယ်လို သန္ဓေတားပေးလည်း??

- Implant တွေရဲ့ ပင်မအလုပ်လုပ်တာဟာ သားဥကြွေတာကိုတားပေးတာပါ။

- progesterone ဆေးတွေရဲ့သဘာဝအရ သူဟာ သားအိမ်ခေါင်းချွဲကို ထူစေပြီး သုတ်ကောင်လေးတွေရဲ့ လှုပ်ရှားမှုကို လျော့စေပါတယ်။

- နောက်တခုက ကလေးသန္ဓေတွယ်လို့မရအောင် တားထားလို့
ရာသီလည်း မလာတတ်ပါဖူး။ ဒါဟာ ပုံမှန်ပါ

❌❌ Side effects (ဘေးထွက်ဆိုးကျိုး)

- ရာသီလုံးဝမလာတာ၊ ရာသီသွေးဆင်းနည်းလာတာ၊ ရာသီတလတခါ မလာတော့တာတွေဟာ အဖြစ်များတယ်။ ရောဂါမဟုတ်လို့ ကုသစရာမလိုပါ။ ဒါပေမယ့် ထည့်ပြီးသွားတဲ့ မေမေတွေမှာ သွေးတောက်လျောက်ဆင်းနေရင် မဖြစ်မနေ Og ပြန်ပြရပါမယ်။

-ဝက်ခြံထွက်စေတယ်။

- စိတ်ဓါတ်ကျတတ်တယ်။

- ခေါင်းကိုက်တာတွေ၊ ပျို့တ

- ရင်သားတွေတင်းစေတတ်တယ်။

- ခန္ဓာကိုယ်ပြည့်တင်းနေတတ်ပါတယ်။

- ကိုယ်အလေးချိန် တက်နိုင်ပါတယ်။

- ကလေးပြန်ရတာကြာတတ်တယ်။ ၁ နှစ်ကျော်ထိစောင့်ရတတ်လို့ ကလေးအမြန်ပြန်ယူချင်သူတွေ မသုံးသင့်ပါဖူး။

- တခါခါကျရင် ထည့်တဲ့အခါ အရမ်းနက်သွားတာမျိုးဆို ပြန်ထုတ်ရတာ ခက်တတ်တယ်။ Implant ကိုတိုင်က နစ်ဝင်သွားတာလည်း ဖြစ်တတ်ပါတယ်။

☑️☑️ ဘယ်အချိန်ပစ္စည်းထည့်ရမလည်း??

- ရာသီလာနေစဉ် ပထမ ၅ရက်အတွင်းစထည့်ရင်၊ အမျိုးသားနဲ ရှောင်စရာမလိုပါ

- ရာသီလာပြီး ၅ ရက်မှစ၍ ဆေးစထည့်ရင် အမျိုးသားနဲ့ တစ်ပါရှောင် သို့မဟုတ် ကွန်ဒုံးသုံးပါ။

- ကလေးပျက်ကျတဲ့ မေမေတွေက သားအိမ်စခြစ်တဲ့နေ့ကစ ထည့်နိုင်ပါတယ်။ သို့မဟုတ် ၃ ပါတ်နေရင်ထည့်ပါ။

‼️‼️ ကျန်းမာရေး သက်ဆိုင်မှုများ

- အချို့သွေးလုံးတွေ၊ ရာသီသွေးဆင်းများတတ်တဲ့ လူနာတွေ၊ ရာသီလာရင် အရမ်းနာတတ်တဲ့ လူနာတွေမှာဆိုရင် ဒီဆေးဟာ ရာသီမလာအောင်လုပ်ခြင်းနဲ့ သက်သာစေပါတယ်..

ဌေးဆေးခန်းမှာ လက်မောင်းအတွင်းသန္ဓေတားပစ္စည်း ထည့်လို့ရကြောင်း မိတ်ဆွေများကို သတင်းကောင်းပါးအပ်ပါတယ်🙏🙏

🙏🙏🙏သီတင်းကျွတ်အခါသမယမင်္ဂလာအပေါင်းနဲ့ပြည့်စုံပါစေသက်ရှည်ကျန်းမာစိတ်ချမ်းသာကြပါစေ
08/10/2022

🙏🙏🙏သီတင်းကျွတ်အခါသမယ

မင်္ဂလာအပေါင်းနဲ့ပြည့်စုံပါစေ

သက်ရှည်ကျန်းမာစိတ်ချမ်းသာကြပါစေ

Papilloma -ကြွက်နို့💥Papilloma ဆိုတာ HPV လို့ခေါ်တဲ့ virus တမျိုးကြောင့်ဖြစ်တာပါခန္ဓာကိုယ် နေရာအနှံ့မှာ ဖြစ်တတ်ပါတယ် အဓိ...
06/10/2022

Papilloma -ကြွက်နို့

💥Papilloma ဆိုတာ HPV လို့ခေါ်တဲ့ virus တမျိုးကြောင့်ဖြစ်တာပါ

ခန္ဓာကိုယ် နေရာအနှံ့မှာ ဖြစ်တတ်ပါတယ်
အဓိက စိုထိုင်းစ ရှိသော နေရာများတွင် ပိုဖြစ်လေ့ရှိပါတယ်

အရေပြားမှာ အဓိကတွေ့ရပါတယ်

အဖုအပိန့်အသားပိုထွက်လာရင် -ကုတ်ခြစ်ခြင်း အပ်ဖြင့်ထိုးခြင်း စတာတွေ လုပ်ရင် ပိုပွါးပြီး ကြီးထွားလာတတ်ပါတယ်

👉🏻ကြွက်နို့ လိမ်းဆေးသုံးခြင်းဖြင့် ကုသနိုင်သလို ခွဲစိတ်ခြင်း ဖြင့်လည်း ကုသနိုင်ပါတယ်

အမျိုးသမီးများတွင် သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်မှုကလည်း ကြွက်နို့ဖြစ်စေသော
HPV virus ကြောင့်လည်းဖြစ်တတ်ပါတယ်

👉🏻ဆရာဝန်ဖြင့်သေချာထိုင်ပင်ကုသခြင်းဖြင့် ရောဂါကို ထိရောက်စွာကုသပါ

ပုံကတော့ ချိုင်းတွင် ရှိသော ကြွက်နို့ကို

မခွဲစိတ်ခင်နှင့် ခွဲစိတ်ပြီး ပုံဖြစ်ပါတယ်
-ထုံဆေးအသုံးပြုပြီး
-သွေးတိတ်စေသော ပိုးသတ်ထားသော သင့်တော်သော ကိရိယာအသုံးပြု၍ ခွဲစိတ်ထားခြင်းဖြစ်ပါတယ်

03/07/2022

🍀နားယားခြင်း 🍀

⭐️နားယားခြင်းကို လူတိုင်းနီးပါးခံစားဖူးကြပါတယ်
ခံစားနေရပါတယ်။

🌸နားယားခြင်းက နားတွင်းအရေပြားရှိ
အာရုံကြောအမျှင်လေးတွေက
သတင်းအချက်ပေးလို့ ဦးနှောက်က
ယားယံခြင်းစေတဲ့ အာရုံကို ဖြစ်စေခြင်းဖြစ်တယ်။

-Sensitive ဖြစ်လွယ်သောသူများ တွင် နားအရေပြားအတွင်း အမှုန်အနည်းငယ် ဝင်ရုံနဲ့ အလွယ်တကူ
ယားယံခြင်းကို ဖြစ်စေတတ်ပါတယ်
-နားဖာချေးလို့ခေါ်ကြတဲ့ နားအဖတ်ခြောက်လေးများ စုလာပြီး နားကြပ်ရာ မှ ယားယံခြင်းကို ဖြစ်စေပါတယ်။

-နားအတွင်း ရေဝင် ရာမှ နားမှိုတက်ပြီး ယားယံခြင်းကို ဖြစ်စေတတ်ပါတယ် ။
-နားကြပ်ကို အချိန်ကြာတပ်တတ်သူများ ကြောင့်လည်း နားယားတတ်ပါတယ် ။
-တစ်ချို့သော အရေပြားရောဂါ ဖြစ်သူများမှာလည်း
နားယားတတ်ပါတယ် ။
-ခေါင်းအုံး အိပ်ယာခင်း တွေ မှာ ရှိတတ်တဲ့ ear mites များကြောင့်လည်းနားယားယံတတ်ပါတယ်။
-ရံဖန်ရံခါ စိတ်အရမ်းလှုပ်ရှားတဲ့ အခါမှာလည်း
နားယားတတ်ပါတယ် ။

🍀ဘာတွေ သတိထားရမလဲ🍀

-နားကြပ်ခြင်း နားကော်ခြင်းများကို ရှောင်ရပါမယ်
-နားထဲရေဝင်ခြင်းရေဆေးခြင်းကို ရှောင်ရပါမယ်
-အိပ်ယာခင်းများခေါင်းအုံးများကို အသစ်လဲခြင်း
ပုံမှန်လျှော်ခြင်း နေလှန်းခြင်း သန့်ရှင်းစွာ
ထားခြင်းများကို လုပ်သင့်ပါတယ် ။

-နားကော်ရာမှာနားကြပ်ရာမှ
အခန့်မသင့်၍နားစည်ပေါက်သွားရင်
ကုသရပိုခက်ပြီး နားယားယံခြင်းသာမက
နားကိုက်ခြင်း နားပြည်ယိုခြင်း ဖျားခြင်း
အခန့်မသင့်လျှင် ဦးနှောက်တွင်းပိုးဝင်ခြင်းများပင် ဖြစ်တတ်၍ နားမကြပ်ဖို့ တိုက်တွန်းလိုပါတယ်။🌷

🙏🙏နားအရမ်းယားယံနားပိတ်လျှင်
သက်ဆိုင်ရာနားနှာခေါင်းလည်ချောင်း ဆရာဝန်နှင့်တိုင်ပင်ပြီး သေချာကုသမှုခံယူသင့်ပါတယ်
သင့်တော်ရာ နားသန့်ရှင်းရေးလုပ်ပေးခြင်း နားဆေးထည့်ခြင်းများကို ဆရာဝန်မှသေချာညွှန်ကြားပေးပါလိမ့်မယ် ။

❤️ကလေးငယ်များကို အုပ်ထိန်းသူမှ
နားသန့်ရှင်းရေးလုပ်ပေးလို၍ နားကော်ရာမှ
အခန့်မသင့်လျှင်သွေးထွက်ခြင်း နားပြည်တည်ခြင်း နားစည်ပေါက်ခြင်းများ ဖြစ်၍ နောက်ဆက်တွဲ ပြသနာက နားအကြားအာရုံထိခိုက်တတ်ပြီး ပညာသင်ကြားရေးမှာ နားအကြားအာရုံချို့ယွင်းခြင်းကြောင့်
ခက်ခဲလာနိုင်ပါတယ် သေချာသတိထားရမဲ့ အချက်ပါ။

🍀နားယားခြင်းနှင့်ပတ်သက်သည့် ကျန်းမာရေး ဗဟုသုတ ရစေလိုသော စေတနာဖြင့်
ရေးသားမျှဝေပါသည်။

💙အားလုံးကပ်ဘေးမှကင်းဝေးပြီး
သက်ရှည်ကျန်းမာချမ်းသာကြပါစေရှင့်။

ဒေါက်တာဟေမာယုလွင်
M.B.,B.S (YGN)
M.Med.Sc (ORL-HNS)
နားနှာခေါင်းလည်ချောင်း
ဦးခေါင်းနှင့်လည်ပင်းခွဲစိတ်အထူးကုဆရာဝန်

🙏🙏ဌေးဆေးခန်း မိသားစုမှလာရောက်ကုသမှုခံယူတဲ့ လူနာများနှင့် လူနာစောင့်များအတွက်၇ရက်သားသမီး အားလုံး သုံးဆောင်နိုင်ဖို့ အလှူလ...
25/06/2022

🙏🙏ဌေးဆေးခန်း မိသားစုမှ

လာရောက်ကုသမှုခံယူတဲ့ လူနာများနှင့် လူနာစောင့်များအတွက်
၇ရက်သားသမီး အားလုံး သုံးဆောင်နိုင်ဖို့

အလှူလေးတွေလည်း လုပ်ပေးထားပါတယ်🙏🙏🙏

၇ရက်သားသမီးအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၍ ကောင်းသော လိုရာဆန္ဒတွေ ပြည့်ဝပါစေကြောင်း

ဌေးဆေးခန်းမိသားစုမှ ဆုတောင်းမေတ္တာပို့သလျက်ရှိပါတယ်🙏

ကျန်းမာကြပါစေ🙏🙏🙏ဌေးဆေးခန်းမိသားစုမှ ဆုတောင်းမေတ္တာပို့သပါတယ် 🙏
14/04/2022

ကျန်းမာကြပါစေ🙏🙏🙏

ဌေးဆေးခန်းမိသားစုမှ
ဆုတောင်းမေတ္တာပို့သပါတယ် 🙏

12/02/2022

🙏လက်ဆေးပါ
🙏Mask တပ်ပါ
🙏အိပ်ရေးဝဝအိပ်ပါ
🙏အသက်ရှုလေ့ကျင့်ခန်းလုပ်ပါ
🙏အာဟာရပြည့်အောင်စားသောက်ပါ၊အသီးအရွက် အသီးအနှံများများစားပေးပါ
🙏ဆီးချို သွေးတိုးရှိသူများ ပို၍ ဂရုစိုက်ပါ
🙏ရေတနေ့ ၂လီတာ အနည်းဆုံးသောက်ပါ

နေကောင်းကျန်းမာကြပါစေ
ဌေးဆေးခန်း မိသားစု 🙏

25/09/2021

Prevention is better than cure!

Influenza Vaccine လေးနဲ့ ပတ်သက်ပြီး
မျှဝေပေးချင်ပါတယ် 🌸

European Society of Cardiology ကနေ နိုင်ငံပေါင်း ၈ နိုင်ငံ ၊ ဆေးရုံပေါင်း ၃၀ မှာ ပြုလုပ်ခဲ့တဲ့ randomised trial လေးတစ်ခု လုပ်ထားတာကို ဝေမျှပေးချင်တာပါ။🌸

IAMI trial ဟာ 2016 ကနေ 2020 ငါးနှစ်အတွင်း နှလုံးသွေးကြောပိတ်ခြင်းကြောင့် ဆေးရုံတက်ပြီးပြီးချင်း 72 နာရီအတွင်း လူနာပေါင်း 2571 ယောက်ကို တုပ်ကွေးဆေးနဲ့ placebo ဆေးတို့ကို လူဦးရေတစ်ဝက် အတိအကျထိုးပေးပြီး စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်ရှင်။

ရာသီတုပ်ကွေး ကာကွယ်ဆေးထိုးခြင်းဟာ နှလုံးသွေးကြောပိတ်ခြင်း၊ သွေးကြောချဲ့ထားသော stent တွင် သွေးခဲပိတ်ဆို့ခြင်းတို့ကြောင့် အသက်ဆုံးရှုံးခြင်းအား ဆေးရုံတက်ရပြီး တစ်နှစ်အတွင်း သေဆုံးရမှုနှုန်းကို လျော့ချပေးတဲ့ လေ့လာတွေ့ရှိချက်ကို ဝေမျှပေးချင်တာပဲ ဖြစ်ပါတယ်။

ယခုလို တုပ်ကွေးကပ်ရောဂါဖြစ်ပွားနေတဲ့ အချိန်မှာ နှလုံးရောဂါကြောင့် သေဆုံးရသူဟာ ကပ်ရောဂါဆိုးမရှိတဲ့အချိန်နှင့် နှိုင်းစာရင် ပိုမိုများပြားကွာဟနေပါတယ်။

နှလုံးရောဂါရှိသူတိုင်း၊ ဘေလုံးထုတ်ထားရသူတိုင်း၊ ကျောက်ကပ်နှင့် အသည်းအစားထိုးထားရသူတိုင်း၊ လေဖြတ်ရောဂါရှိသူတိုင်း၊ ကိုယ်ခံအားကျသူတိုင်းဟာ ရာသီတုပ်ကွေးထိုးဆေး ထိုးသင့်သူများဖြစ်ပါတယ်။

တုပ်ကွေးကာကွယ်ဆေးထိုးကြဖို့ လက်မနှေးကြပါနဲ့နော်။ 💯

အသက်၆လမှ စပြီး ထိုးလို့ရတယ်နော်

Credit : European Society of Cardiology

👉🏻ကိုဗစ်ဖြစ်ပြီး လူနာများအား (Post Covid Patients) ကုသခြင်း အပိုင်း(၃)👉🏻ကိုဗစ်ဖြစ်ပြီးသော လူနာများအတွက် ထုတ်ဝေသော NHS မှ...
31/08/2021

👉🏻ကိုဗစ်ဖြစ်ပြီး လူနာများအား (Post Covid Patients) ကုသခြင်း အပိုင်း(၃)

👉🏻ကိုဗစ်ဖြစ်ပြီးသော လူနာများအတွက် ထုတ်ဝေသော NHS မှ post Covid 19 အချက်အလက်များအား ဘာသာပြန် တင်ပြခြင်း

(REF -ACERS-Post Covid 19 patient information pack )

https://gp-website-cdn-prod.s3.amazonaws.com/downloads/1589364822-a2ac4f0d54141da323f4087888276478.pdf

👉🏻အားအင် ကုန်ခန်း နွမ်းနယ်ခြင်း အားကုသခြင်း

သင်၏ ခန္ဓာကိုယ်သည် တနေ့ တာလုပ်ငန်းများလုပ်ဆောင်ရာတွင် Energy အိတ် ဆယ်အိတ်ရသည် ဟု မှတ်ယူပါစို့ ။

သင်နေကောင်းနေသည့်အချိန်တွင်
အိပ်ရာထမျက်နှာ သစ်ရန်အတွက် Energy အိတ် တအိတ်သာ သုံးသည်။
ထို့ကြောင့် နေကောင်းနေစဉ်တနေ့တာ လုပ်ငန်းများ လုပ်ဆောင်ရန်အတွက် Energy အိတ် ကိုးအိတ်ကျန်မည်။

သို့သော် ကိုဗစ်ဖြစ်ပြီး နလန်ထကာစ
လူနာများတွင်မူ အိပ်ရာထ မျက်နှာသစ်ခြင်းအတွက် Energy အိတ် လေးအိတ်သုံးသည် ။ထို့ကြောင့် ကျန်ရှိသော တနေ့တာ လုပ်ငန်း ဆောင်တာများကို Energy ခြောက်အိတ်ဖြစ်သာ မလုံလောက်ပဲ လုပ်ဆောင်ကြရမည် ။ထို့အတွက်ကြောင့် မောပန်းခြင်းဖြစ်သည်။

အောက်ပါပုံတွင် ကြည့်ပါ။

သို့ဖြစ်ပါ၍ သင့်၏ Energy အား နလန်ထစ အချိန်တွင် ချိန်ညှိသုံးစွဲတတ်ရန် အရေးကြီးပါသည်။

👉🏻Energy ချွေတာသုံးစွဲရန် နည်းလေးမျိုး (4P)

(1)Planning ( ကြိုတင် အစီစဉ်ဆွဲ၍ ပြင်ဆင်ခြင်း)

တနေ့တာ လုပ်ငန်းဆောင်တာများကို အစီစဉ်တကျ ရေးဆွဲထားပါ။

Energy အရှိဆုံးအချိန်တွင် အရေးကြီးဆုံး ကိစ္စရပ်များကို ဆောင်ရွက်ပါ။

(2)Pacing (ဖြည်းဖြည်းမှန်မှန် လုပ်ပါ)

လုပ်ငန်းဆောင်တာ တစ်ခု ပြီးစီးရန်
အချိန်ယူပါ။
ဖြည်းဖြည်းမှန်မှန် စနစ်တကျ လုပ်ဆောင်ပါ။
မလောပါနှင့်။

ဥပမာ -အဝတ်ခေါက်ခြင်း အစားစားပြင်ဆင်ခြင်းများကို မတ်တပ်ရပ် လုပ်ဆောင်မည့် အစား သေချာနေရာ မှာ ထိုင်၍ စနစ်တကျလုပ်ဆောင်ပါ။

အလုပ်၂၅ခုကို တနေ့ထဲ လုပ်ဆောင်မည့်အစား တနေ့ ၅ခုဖြင့် ၅ရက်လုပ်ဆောင်ပါ။

(3) Prioritising (ဦးစားပေးအဆင့် သတ်မှတ်ခြင်း)

သင့်အတွက် အမှန်တကယ် အရေးကြီးသော အလုပ်များကို သာ လုပ်ဆောင်ပါ။

-မိသားစုများကလည်း အမှိုက်သိမ်းခြင်းတံမြက်စည်းလှဲ ခြင်း စသည့် အိမ်အလုပ်များကို ဝိုင်းဝန်းကူညီခြင်းရှိမှသာ နလန်ထ လူနာများသည် အရေးကြီးသော ကိစ္စရပ်များကိုသာ ဦးစားပေး လုပ်ဆောင်နိုင်မည်ဖြစ်သည်။

4.Positioning (စနစ်တကျ ထားသိုခြင်း)

နေ့စဉ် မိမိ အသုံးပြုသည့် ပစ္စည်းများအား လက်လှမ်းမှီ နီးစပ်ရာနေရာ များတွင်ထားပါ။

Credit -Dr Wunna Win

👉🏻ကိုဗစ်ဖြစ်ပြီးသောလူနာများအား (Post Covid Patients) ကုသခြင်း။ အပိုင်း (၂)ကိုဗစ်ဖြစ်ပြီးသော လူနာများအတွက် ထုတ်ဝေသော NHS ...
30/08/2021

👉🏻ကိုဗစ်ဖြစ်ပြီးသောလူနာများအား (Post Covid Patients) ကုသခြင်း။ အပိုင်း (၂)

ကိုဗစ်ဖြစ်ပြီးသော လူနာများအတွက် ထုတ်ဝေသော NHS မှ post Covid 19 အချက်အလက်များအား ဘာသာပြန် တင်ပြခြင်း

(REF -ACERS Post Covid 19 patient information pack )

https://gp-website-cdn-prod.s3.amazonaws.com/downloads/1589364822-a2ac4f0d54141da323f4087888276478.pdf

👉🏻ကိုဗစ်ဖြစ်ပြီး ချောင်းဆိုးခြင်းအား ကုသခြင်း

သလိပ်မထွက်သောချောင်း(ချောင်းခြောက် )ဆိုးခြင်းသည် အဖြစ်များဆုံးဖြစ်သည်။

သလိပ်ထွက် သောချောင်း သည် တခါတရံဖြစ်သည်။

🖐သလိပ်မထွက်သော ချောင်း အားကုသပုံ-

၁-ရေများများသောက်ပါ။ရေဓာတ်မခန်းခြောက်ပါစေနဲ့။

၂-ရေကို တခါထဲ အများကြီး မသောက်ပါနဲ့။
တငုံချင်း တငုံ ချင်း ခြားခြားပီးသောက်ပါ ။

၃-ရေနွေးငွေ့ရှုပါ။ရေနွေးငွေ့ကို ရေဇလုံထဲထည့်ပြီး ရှူပါ။ခေါင်းငုံရင်း ခေါင်းကိုတဘက်ဖြင့်အုပ်ပြီးရှုလျှင် ပိုကောင်းပါသည်။

၄- *ပျားရည်နွေးနွေးနှင့် သံပုရာသီးရော သောက်ပါ။
သို့မဟုတ် ရေနွေးအဖြူသောက်ပါ။

၅-ရေမရနိုင်သောနေရာတွင် ချောင်းဆိုချင်လာပါက တံထွေးကို ခဏခဏမြိုချပါ ။ရေတငုံ တငုံသောက် ခြင်းနှင့် ဆင်တူသည်။

👉🏻သလိပ်ထွက်သောချောင်းဆိုးခြင်းအားကုသခြင်း

-ရေနွေးငွေ့ရှုပါ။
-ရေများများသောက်ပါ။
-သလိပ်များထွက်လာစေရန်အတွက် ဘေးစောင်း၍ အိပ်ပါ။
-ဘယ်ညာ တစ်လှည့်စီစောင်းအိပ်ပါ။

👉🏻သလိပ်ရှင်းထုတ်ရန် ဖော်ပြပါ ပုံရှိ ကိုယ်နေဟန်ထားများအတိုင်း လုပ်ဆောင်ပါ။

ထိုကိုယ်နေဟန်ထားများဖြင့် သလိပ်ထုတ်ခြင်းအားလုပ်ဆောင်ရန်မသင့်သူများမှာ အောက်ပါအတိုင်းဖြစ်သည်။

(၁) အစာမစားမှီနှင့် အစာစားစားပြီးသောအချိန်
သလိပ်ထုတ်ခြင်း မလုပ်ရပါ။
(၂)စားချဉ်ပြန်ရောဂါရှိလျှင် သလိပ်ထုတ်ခြင်း
ကိုယ်နေဟန်ထားမလုပ်ရပါ။
(၃)မောကြပ်လာလျှင် ဆက်လက်မလုပ်ရပါ။
(၄)သလိပ်ထဲသွေးပါလာလျှင် ဆက်လက်မလုပ်ရပါ။
(၅)ရင်ဘတ်အောင့်သော ရောဂါရှိသူများ၊ ကျောရိုးဆစ်နှင့် နံရိုး ထိခိုက်ဒဏ်ရာ ရရှိထားသူများ မလုပ်ရပါ။

Credit-Dr Wunna win

Address

Ni Lar Bus Stop, No-3 Main Road. Mingalardon Township.

Telephone

+959763618677

Website

Alerts

Be the first to know and let us send you an email when HTAY Clinic ဌေးဆေးကုခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram