HTAY Clinic ဌေးဆေးကုခန်း

HTAY Clinic ဌေးဆေးကုခန်း Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from HTAY Clinic ဌေးဆေးကုခန်း, Medical and health, Ni Lar bus stop, No-3 Main Road. Mingalardon Township., Yangon.

❤️🤎 လက်မောင်းထဲထည့်သော သန္ဓေတားဆေး သို့မဟုတ် progetserone only implant 🤎❤️♥️♥️Packing - Lydia implanex သူကတော့ နှစ််ချော...
12/10/2022

❤️🤎 လက်မောင်းထဲထည့်သော သန္ဓေတားဆေး
သို့မဟုတ် progetserone only implant 🤎❤️

♥️♥️Packing
- Lydia implanex သူကတော့ နှစ််ချောင်းထည့်ရပါတယ်။ ၄နှစ်ခံ သန္ဓေတားဆေး

ဟော်မုန်းအနေနဲ့ progesterone တမျိုးဖြစ်တဲ့ levonogestrel 75 mg က တချောင်းစီမှာ ပါပါတယ်။

❣️ဘယ်လို သန္ဓေတားပေးလည်း??

- Implant တွေရဲ့ ပင်မအလုပ်လုပ်တာဟာ သားဥကြွေတာကိုတားပေးတာပါ။

- progesterone ဆေးတွေရဲ့သဘာဝအရ သူဟာ သားအိမ်ခေါင်းချွဲကို ထူစေပြီး သုတ်ကောင်လေးတွေရဲ့ လှုပ်ရှားမှုကို လျော့စေပါတယ်။

- နောက်တခုက ကလေးသန္ဓေတွယ်လို့မရအောင် တားထားလို့
ရာသီလည်း မလာတတ်ပါဖူး။ ဒါဟာ ပုံမှန်ပါ

❌❌ Side effects (ဘေးထွက်ဆိုးကျိုး)

- ရာသီလုံးဝမလာတာ၊ ရာသီသွေးဆင်းနည်းလာတာ၊ ရာသီတလတခါ မလာတော့တာတွေဟာ အဖြစ်များတယ်။ ရောဂါမဟုတ်လို့ ကုသစရာမလိုပါ။ ဒါပေမယ့် ထည့်ပြီးသွားတဲ့ မေမေတွေမှာ သွေးတောက်လျောက်ဆင်းနေရင် မဖြစ်မနေ Og ပြန်ပြရပါမယ်။

-ဝက်ခြံထွက်စေတယ်။

- စိတ်ဓါတ်ကျတတ်တယ်။

- ခေါင်းကိုက်တာတွေ၊ ပျို့တ

- ရင်သားတွေတင်းစေတတ်တယ်။

- ခန္ဓာကိုယ်ပြည့်တင်းနေတတ်ပါတယ်။

- ကိုယ်အလေးချိန် တက်နိုင်ပါတယ်။

- ကလေးပြန်ရတာကြာတတ်တယ်။ ၁ နှစ်ကျော်ထိစောင့်ရတတ်လို့ ကလေးအမြန်ပြန်ယူချင်သူတွေ မသုံးသင့်ပါဖူး။

- တခါခါကျရင် ထည့်တဲ့အခါ အရမ်းနက်သွားတာမျိုးဆို ပြန်ထုတ်ရတာ ခက်တတ်တယ်။ Implant ကိုတိုင်က နစ်ဝင်သွားတာလည်း ဖြစ်တတ်ပါတယ်။

☑️☑️ ဘယ်အချိန်ပစ္စည်းထည့်ရမလည်း??

- ရာသီလာနေစဉ် ပထမ ၅ရက်အတွင်းစထည့်ရင်၊ အမျိုးသားနဲ ရှောင်စရာမလိုပါ

- ရာသီလာပြီး ၅ ရက်မှစ၍ ဆေးစထည့်ရင် အမျိုးသားနဲ့ တစ်ပါရှောင် သို့မဟုတ် ကွန်ဒုံးသုံးပါ။

- ကလေးပျက်ကျတဲ့ မေမေတွေက သားအိမ်စခြစ်တဲ့နေ့ကစ ထည့်နိုင်ပါတယ်။ သို့မဟုတ် ၃ ပါတ်နေရင်ထည့်ပါ။

‼️‼️ ကျန်းမာရေး သက်ဆိုင်မှုများ

- အချို့သွေးလုံးတွေ၊ ရာသီသွေးဆင်းများတတ်တဲ့ လူနာတွေ၊ ရာသီလာရင် အရမ်းနာတတ်တဲ့ လူနာတွေမှာဆိုရင် ဒီဆေးဟာ ရာသီမလာအောင်လုပ်ခြင်းနဲ့ သက်သာစေပါတယ်..

ဌေးဆေးခန်းမှာ လက်မောင်းအတွင်းသန္ဓေတားပစ္စည်း ထည့်လို့ရကြောင်း မိတ်ဆွေများကို သတင်းကောင်းပါးအပ်ပါတယ်🙏🙏

🙏🙏🙏သီတင်းကျွတ်အခါသမယမင်္ဂလာအပေါင်းနဲ့ပြည့်စုံပါစေသက်ရှည်ကျန်းမာစိတ်ချမ်းသာကြပါစေ
08/10/2022

🙏🙏🙏သီတင်းကျွတ်အခါသမယ

မင်္ဂလာအပေါင်းနဲ့ပြည့်စုံပါစေ

သက်ရှည်ကျန်းမာစိတ်ချမ်းသာကြပါစေ

Papilloma -ကြွက်နို့💥Papilloma ဆိုတာ HPV လို့ခေါ်တဲ့ virus တမျိုးကြောင့်ဖြစ်တာပါခန္ဓာကိုယ် နေရာအနှံ့မှာ ဖြစ်တတ်ပါတယ် အဓိ...
06/10/2022

Papilloma -ကြွက်နို့

💥Papilloma ဆိုတာ HPV လို့ခေါ်တဲ့ virus တမျိုးကြောင့်ဖြစ်တာပါ

ခန္ဓာကိုယ် နေရာအနှံ့မှာ ဖြစ်တတ်ပါတယ်
အဓိက စိုထိုင်းစ ရှိသော နေရာများတွင် ပိုဖြစ်လေ့ရှိပါတယ်

အရေပြားမှာ အဓိကတွေ့ရပါတယ်

အဖုအပိန့်အသားပိုထွက်လာရင် -ကုတ်ခြစ်ခြင်း အပ်ဖြင့်ထိုးခြင်း စတာတွေ လုပ်ရင် ပိုပွါးပြီး ကြီးထွားလာတတ်ပါတယ်

👉🏻ကြွက်နို့ လိမ်းဆေးသုံးခြင်းဖြင့် ကုသနိုင်သလို ခွဲစိတ်ခြင်း ဖြင့်လည်း ကုသနိုင်ပါတယ်

အမျိုးသမီးများတွင် သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်မှုကလည်း ကြွက်နို့ဖြစ်စေသော
HPV virus ကြောင့်လည်းဖြစ်တတ်ပါတယ်

👉🏻ဆရာဝန်ဖြင့်သေချာထိုင်ပင်ကုသခြင်းဖြင့် ရောဂါကို ထိရောက်စွာကုသပါ

ပုံကတော့ ချိုင်းတွင် ရှိသော ကြွက်နို့ကို

မခွဲစိတ်ခင်နှင့် ခွဲစိတ်ပြီး ပုံဖြစ်ပါတယ်
-ထုံဆေးအသုံးပြုပြီး
-သွေးတိတ်စေသော ပိုးသတ်ထားသော သင့်တော်သော ကိရိယာအသုံးပြု၍ ခွဲစိတ်ထားခြင်းဖြစ်ပါတယ်

Address

Ni Lar Bus Stop, No-3 Main Road. Mingalardon Township.
Yangon

Telephone

+959763618677

Website

Alerts

Be the first to know and let us send you an email when HTAY Clinic ဌေးဆေးကုခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram