12/11/2024
Western Astrology (tropical astrology) ဟာ
ဟို နှစ်ပေါင်းများစွာ ဂရိခေတ်ကတည်း သုံးခဲ့ပြီး
astronomy အရ ဘာလို့လွဲနေလဲ /
လွဲလာသလဲ
ကိုယ်တိုင်ကရော ဘာလို့ လက်မခံတော့သလဲ
ဆိုတော့
No.1 ထည့်စဥ်းစားရမှာက ကမ္ဘာလည်နေပုံ ကမ္ဘာကြီးရဲ့ ဝင်ရိုး
Axial Precession က ယိမ်းယိုင်ပြီးရွေ့နေပါတယ် fixed ကြီး မဟုတ်ပါ
ပုံ မှာ ပြထားသလို မျိုးပါ
ပညာရှင်တွေ ရဲ့ လေ့လာချက်အရ
ဒီလို ကမ္ဘာဝင်ရိုးရဲ့ ယိမ်းယိုင်နေမှု အနေအထားကြောင့်
၇၂နှစ် ကြာတိုင်း ၁ဒီဂရီ ကွာဟမှု အတိအကျ ရှိတယ်လို့ ဆိုထားပါတယ်
(တကယ် လေးလေးနက်နက် စိတ်ဝင်စားရင်
သိချင်ရင် ကိုယ်တိုင်လေ့လာရှာဖတ်ကြည့်ပါ )
(Fb မှာပဲ မဖတ်ပါနဲ့ )
အဲ့တာကြောင့်မို့ပဲ ကျွန်တော်တို့ ကမ္ဘာမြေကြီးကနေ စကြာဝဠာထဲ က ကြယ်တွေ နက္ခတ်တွေ ဂြိုလ်တွေ
နေ တွေ လတွေ ကို မြင်နေရမှုဟာ
လွန်ခဲ့တဲ့ နှစ် ပေါင်းများစွာ ဂရိ ခေတ်နဲ့
မတူတော့ပါဘူး
72 yr ကို 1degree နှန်း နဲ့ ကွာဟလာခဲ့တာ
ခု2024 ဆို 24 degree လောက်ထိ
ကွာ ဟာ မှု ရှိလာပါပြီ
❗️ဒီလို ကွာဟာမှု degree ကို
ထည့်မတွက်ပဲ ဟိုး ဂရိ ခေတ်ကတည်းကဟာကို ပုံသေထားထားတာက western astrology / tropical astrology ပါ (လူအများ မှတ်ရလွယ်အောင်လို့လည်းဖြစ်နိုင်ပါတယ် )
❗️Sidereal Astrology ကတော့ ဒီလို ပြောင်းလဲ ရွေ့လျားလာတဲ့ degeees တွေကို ထည့်တွက်ထားပါတယ်
ဒီ အချက်တွေ ကြောင့်ပဲ
သင်တို့ ရဲ့ sun sign လို့ခေါ်တဲ့
sun တနင်္ဂနွေ ဂြိုလ်မင်းရဲ့ တည်နေရာဟာ
ကမ္ဘာမြေက ကြည့်မယ်ဆိုရင်
ဂရိခေတ်က တော့ Aries ရာသီခွင်မှာတည်နေတာ ဖြစ်နေနိုင်ပေမယ့်
ယနေ့ခေတ်မှာတော့ Pisces ရာသီခွင်ဖြစ်နေနိုင်ပါတယ်
ဥပမာ - Aries (March 21 - April 19 )
Libra: September 23–October 23
Scorpio : October 24–November 21 ဝန်းကျင်
ဆိုပြီး ဂရိခေတ်ကတည်းက
ပုံသေ သတ်မှတ် ထားခဲ့တာပါ
ဒါကို ယနေ့ခေတ် ကောင်းကင်မှာ
ကြည့်လိုက်ရင်တော့ လွဲနေပါပြီ
24 degrees ကွာသွားပါပြီ ✅
အဲ့တာကြောင့် western natal chart ကို
ကိုယ်တိုင် လက်မခံတော့တာပါ
ခေတ်ကာလ ပြောင်းလာတာနဲ့အမျှ 72yr ကြာတိုင်း 1degree ပေါင်းထည့်လာတဲ့ Sidereal Astrology /Sidereal birth chart ကို ပဲ အတည်ယူပါတယ်
ဒါက ကိုယ့်ရဲ့ ယုံကြည်ချက်နဲ့ လက်ခံမှုပဲ
Personality တွေဆိုတာ Sun Sign တစ်ခုတည်းနဲ့ ဆုံးဖြတ်လို့ရတာမဟုတ်ပါဘူး
သင်မွေးဖွားချိန်မှာ ရှိနေတဲ့ Ascendant or Rising /
Planets (sun/moon/mercury/venus/mars/jupitor/saturn/rahu(n-node)/Ketu(s-node)/ အားလုံး ရဲ့ အနေအထား တွေ /
houses & aspects အနေအထားတွေ အစရှိသဖြင့် အကုန်ပေါင်းကြည့်ပြီးမှ ဆုံးဖြတ်တာပါ
ဒီနေရာမှာ ဟို Sun Sign နဲ့ပဲ ကိုက်ညီတယ်
ဒီ Sun Sign နဲ့ပဲ ငါက ကိုက်ညီတယ်လို့
ထင်နေရတာက အထင်သက်သက်ပါ
သင်ထင်နေတဲ့ ရာသီခွင်က Ascendant ဖြစ်နေရင်သို့မဟုတ် တခြား သော planets တွေ များနေရင်လည်း သင့်ကိုယ်သင် ငါကတော့
အဲ့ ရာသီခွင် ပဲလို့ ထင်မြင်နေတတ်ကြပါတယ်
ဒါမှ မဟုတ် Aggressive ဖြစ် ဒေါသကြီးလို့ Aries လို့ ထင်နေတာလား Moon- Mars Conjunction ဖြစ်နေရင်လည်း ဒေါသကကြီးနိုင်တာပဲ
ဥပမာ - Natal /western astrology အရ Aries လို့ ထင်နေသူ
Sidereal နဲ့ဆို Sun က Pisces ဖြစ်နေနိုင်တယ်
ဒါပေမယ့် Ascendant Aries ဖြစ်နေရင် သို့မဟုတ် Mercury / Venus / Moon Aries ဖြစ်နေရင် သင့်ကိုယ်သင် Aries လို့ပဲ ထင်နေတာက မှန်နေနိုင်ပါတယ်
ဘာလို့ဆို Sun Pisces ဖြစ်နေပေမယ့် Aries ရာသီခွင်မှာ တခြားသော planets တွေ များနေလို့ပါ
ဒီလို သဘောမျိုးနဲ့ တခြားသော Signs တွေက
သူတွေလည်းအထင်အမြင်လွဲနေတာတွေ ရှိနိုင်ပါတယ်
ဒါတွေက ခေါင်းရှုပ်တယ်
ငါကတော့ နက်နက်နဲနဲ မသိချင်ပါဘူး
အပေါ်ယံ ပဲ သိချင်တာ ဆိုလည်း
ရပါတယ်
ဒါကတော့ ကိုယ်ယုံကြည်ချက်နဲ့ ကိုယ်ပါပဲ
နက်နက်နဲနဲ သိချင် စိတ်ဝင်စားပြီး
လေ့လာနေတဲ့ သူတွေ အတွက် အဓိက ရည်ရွယ်ပါတယ်
ဒီနေရာမှာ Zodiac Signs အသစ်တိုးတာ/မတိုးတာကို ထည့်မတွက်ထားသေးပါဘူး
Earth’s Axial Precession, Source: Nasa