Rainbow Bridge Clinic

Rainbow Bridge Clinic Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Rainbow Bridge Clinic, Medical and health, No (6), Anawrahtar Road, (1) Ward, East Dagon Township, Yangon.

24/12/2023


မင်္ဂလာပါရှင် 🙏သက်တံ့ရောင်စုံ “သက်သာ” ဆေးခန်းကို ဒီဇင်ဘာလ (၁) ရက်နေ့မှ စတင်၍ အရှေ့ဒဂုံမြို့နယ်၊ (၁) ရပ်ကွက်၊ အနော်ရထာလမ်...
18/12/2023

မင်္ဂလာပါရှင် 🙏
သက်တံ့ရောင်စုံ “သက်သာ” ဆေးခန်းကို ဒီဇင်ဘာလ (၁) ရက်နေ့မှ စတင်၍ အရှေ့ဒဂုံမြို့နယ်၊ (၁) ရပ်ကွက်၊ အနော်ရထာလမ်းမတွင်ရှိသော တိုက်အမှတ် (၆)တွင် ပြောင်းလဲ ဖွင့်လှစ်ထားပါသည်။ အပတ်စဉ် ပိတ်ရက်ဖြစ်သော ဗုဒ္ဓဟူးနေ့တစ်ရက်မှ လွဲပြီး ကျန်သောရက်များတွင် မနက် (၉) နာရီမှ ညနေ (၄) နာရီအတွင်း မိတ်ဆွေတို့အတွက် လိုအပ်သော အထွေထွေကျန်းမာရေးဆိုင်ရာရောဂါများနှင့် ကလေးကျန်းမာရေးဆိုင်ရာ အခြေခံကျန်းမာရေးဝန်ဆောင်မှုများအတွက် သက်သာသောနှုန်းထားဖြင့် ပြသဆွေးနွေးတိုင်ပင်နိုင်ပါတယ်ရှင်။
, , ,

ဒီနေ့ပြောပြပေးမယ့်အကြောင်းကတော့ အူကျွံနာအကြောင်းပဲဖြစ်ပါတယ်။❗️အူကျခြင်း/အူကျွံနာအူကျွံနာဆိုတာ ဝမ်းဗိုက်ကြွက်သားအားနည်းခြ...
24/10/2023

ဒီနေ့ပြောပြပေးမယ့်အကြောင်းကတော့ အူကျွံနာအကြောင်းပဲဖြစ်ပါတယ်။
❗️အူကျခြင်း/အူကျွံနာ

အူကျွံနာဆိုတာ ဝမ်းဗိုက်ကြွက်သားအားနည်းခြင်းကြောင့်သော်လည်ကောင်း မွေးရာပါဝမ်းဗိုက်နှင့်ကပ်ပယ်အိတ်ဆက်ထားသောလမ်းကြောင်းမပျောက်သေးခြင်းကြောင့်သော်လည်ကောင်း ဝမ်းဗိုက်အတွင်းရှိအူနဲ့တခြားကလိစာများ တိုးထွက်လာခြင်းကြောင့် ပေါင်ထိပ် ဆီးခုံရိုးအပြင်ဘက်ကနေဝမ်းဗိုက်နံရံဖောင်းလာခြင်းကိုခေါ်ပါတယ်။
အဲ့လိုဝမ်းဗိုက်ဖောင်းလာခြင်းဟာ ချောင်းဆိုးတဲ့အခါ အလေးပင် မတဲ့အခါမျိုးမှာပေါ်လာတတ်ပီးသာမန်အချိန်ဆိုပြန်ပျောက်သွားတတ်ပါတယ်။
အခြေအနေဆိုးလာပါက ကပ်ပယ်အိတ်ထဲအထိဖောင်းလာနိုင်ပြီး ပြန်မပျောက်တော့သည်အထိဖြစ်တတ်ပါတယ်။
ထိုသို့ဖောင်းလာသည့်အခါ နာတာ၊အလေးတခုခုဆွဲထားခံရသလိုမျိုးလည်း ခံစားရနိုင်ပါတယ်။
ယောက်ျားရောမိန်းမ မှာပါဖြစ်တတ်ပီး ယောက်ျားလေးတွေမှာပိုအဖြစ်များပါတယ်။
ကလေးငယ်များတွင်လဲလည်းအူကျရောဂါဖြစ်တတ်ပါတယ်
ကလေးငယ်တွေအူကျရောဂါဖြစ်လာပီဆိုလျှင်ငိုတဲ့အခါ ချောင်းဆိုးတဲ့အခါ ဝမ်းညစ်တဲ့အခါမျိုးတွေမှာ ဆီးခုံရိုးဘေးတစ်ဖက်ဖက်စီကနေ ဝမ်းဗိုက်ဖောင်းလာတာမြင်ရမှာဖြစ်ပါတယ်။
ခွဲစိပ်ကုသမှုကသာလျှင်လုံးဝပျောက်ကင်းအောင်ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
ကုသမှုမခံယူပဲ အချိန်ကြာလာတာနှင့်အမျှအူပိတ်တာ အူပုတ်တာတွေအပြင် အသက်အန္တရာယ်အထိဖြစ်နိုင်ပါတယ်။

ဉီးခေါင်းတွင် သန်းတွယ်ခြင်း နှင့် သန်းကောင်များ၊ သန်းဉများ(Head Lice) *သန်းကောင်တွေနဲ့ သန်းဉတွေဟာ ကလေးငယ်တွေမှာ အတွေ့ရမျ...
16/10/2023

ဉီးခေါင်းတွင် သန်းတွယ်ခြင်း နှင့် သန်းကောင်များ၊ သန်းဉများ(Head Lice)

*သန်းကောင်တွေနဲ့ သန်းဉတွေဟာ ကလေးငယ်တွေမှာ အတွေ့ရများတတ်ပါတယ်။ သူတို့မိသားစုတွေမှာလည်း တွေ့ရတတ်ပါတယ်။ ဉီးခေါင်းညစ်ပတ်လို့ သန်းတွယ်ခံရတာမဟုတ်ဘဲ ဉီးခေါင်းချင်း ထိမိတဲ့အခါမျိုးမှာ ကူးစက်လာတတ်တာပါ။

*သန်းကောင်လေးတွေ ဟုတ်မဟုတ် ကြည့်နည်း
ဉီးခေါင်းက သန်းကောင်လေးတွေဟာ အရွယ်အစား သုံးမီလီမီတာလောက်အထိ ရှည်နိုင်တဲ့ အင်းဆက်သေးသေးလေးတွေ ဖြစ်ပြီး ဆံပင်တွေကြားထဲမှာ သူတို့ကို ရှာရတာ ခက်ခဲနိုင်ပါတယ်။ သန်းဉတွေဆိုရင် အညိုရောင် သို့မဟုတ် ပေါက်ပြီးသား ဉခွံဆိုရင် အဖြူရောင်ရှိပြီး ဆံပင်တွေမှာ တွယ်နေတာတွေ့ရပါမယ်။

*ဉီးခေါင်းမှာ သန်းတွယ်နေပြီဆိုရင် ဘယ်လိုခံစားရမလဲ
ဉီးခေါင်းမှာ ယားယံတာတွေ၊ ဆံပင်တွေကြားထဲ တခုခု လှုပ်ရှားနေတဲ့ ရွရွ ရွရွ ခံစားချက်မျိုးတွေ ရနိုင်ပါတယ်။
တစ်ယောက်ယောက်မှာ ဉီးခေါင်းသန်းတွယ်မတွယ် သေချာဖို့ကတော့ သန်းအရှင်တစ်ကောင်ကို ရှာတွေ့မှပဲ တပ်အပ်ပြောနိုင်မှာပါ။
သန်းအရှင်ကို တွေ့ရဖို့ဆိုရင်တော့ သန်းပါမပါရှာဖို့ အထူးပြုလုပ်ထားတဲ့ အသွားစိပ်စိပ်နဲ့ ခေါင်းဖြီးတဲ့ ဘီးစိပ်တစ်မျိုးကို ဆေးဆိုင်ကနေ ရှာဖွေဝယ်ယူပြီး ဘီးစိပ်တိုက်ကြည့်နိုင်ပါတယ်။

*သန်းရှိနေတာသိပြီဆိုရင် ဘယ်လိုရှင်းထုတ်ကြမလဲ
သန်းတွယ်နေတာသိပြီဆိုတာနဲ့ ဖယ်ရှားဖို့လုပ်ဆောင်ပါ။ အိမ်မှာ တခြား သန်းရှိတဲ့ မိသားစုဝင်တွေကိုပါ ရှာပြီး သန်းတွေကို တပြိုင်နက် တစ်ရက်ထဲမှာ ဖယ်ရှားရှင်းလင်းပါ။ သန်းရှိတဲ့ကလေးကို တခြားကလေးတွေကို မကူးအောင် ကျောင်းမလွှတ်တာမျိုး လုပ်ဖို့တော့ မလိုအပ်ပါဘူး။ သန်းတွေကို ဖယ်ရှားရေးလုပ်ဖို့ ဝဲရောဂါလိုမျိုး ဆရာဝန်နဲ့သွားပြဖို့လည်း မလိုပါဘူး။ သင့် အိမ်မှာတင် ဖယ်ရှားရှင်းလင်းနိုင်ပါတယ်။

*သန်းဖယ်ရှားနိုင်မည့် နည်းလမ်း (၁) အစို ခေါင်းဖြီးခြင်း
သန်းနဲ့ သန်းဉတွေကို ဒီနည်းလမ်းနဲ့ ဖယ်ရှားနိုင်ပါတယ်။ ဆေးဆိုင်ကဖြစ်ဖြစ် အွန်လိုင်းက ဖြစ်ဖြစ် သန်းပါအောင် တိုက်ချနိုင်တဲ့ အထူးပြုလုပ်ထားတဲ့ ဘီးစိပ်တွေကို ဝယ်ပါ။ ဘီးစိပ် ဝယ်တဲ့ အထုပ်ပါကင်ဘူး အပေါ်မှာလည်း သင့်ကို ဘယ်လိုလုပ်ရမလဲ ဆိုတာ ညွှန်ကြားချက်ရေးထားတာလည်း ရှိပါလိမ့်မယ်။ ဒါပေမယ့် ညွှန်ကြားချက်မပါရင်လည်း သင်လုပ်ရမှာက
• ခေါင်းကို ရိုးရိုးခေါင်းလျှော်ရည်နဲ့ လျှော်ပါ။
• ခေါင်းကို conditionerတွေ အများကြီး သုတ်လိမ်းပါ။ (ဘယ်conditioner ဖြစ်ဖြစ်ရပါတယ်)
• ခေါင်းတစ်ခုလုံးကို ဆံပင်တွေရဲ့ အရင်းကနေ အဖျားအထိ ဘီးစိပ်တိုက်ချပါ။
ဒီနည်းလမ်းနဲ့လုပ်မယ်ဆို တစ်ခါ ဘီးစိပ်တိုက်ချရင် ဆံပင်တိုရင် ဆယ်မိနစ်၊ ဆံပင်ရှည် ဆံပင်ကောက်ရင် မိနစ်သုံးဆယ်လောက်ထိ ကြာတတ်ပါတယ်။
အဲဒီလို ခေါင်းအစိုနဲ့ ဘီးစိပ်တဲ့ ကိစ္စကို ပထမ တစ်ရက်လုပ်ပြီးရင် ငါးရက်မြောက်နေ့၊ ကိုးရက်မြောက်နေ့နဲ့ ဆယ့်သုံးရက်မြောက်နေ့တွေမှာ ထပ်လုပ်ဖို့လိုအပ်ပါတယ် (Day 1, 5, 9, 13)။ တစ်ကြိမ်ထဲ လုပ်လို့မရပါ။ ဉကနေ အသစ်ပေါက်လာတဲ့ သန်းတွေကိုပါ ကုန်စင်ရှင်းလင်းသွားအောင် ပြောထားတဲ့ရက်တွေမှာ အတိအကျလုပ်ဖို့ လိုပါတယ်။ ဆယ့်ခုနစ်ရက်မြောက်နေ့မှာ အိမ်ကလူတွေအကုန်လုံး ဆံပင်တွေမှာ သန်း ကင်းစင်သွားပြီလားဆိုတာ သေချာအောင် ထပ်စစ်ကြည့်ပါ။
ခေါင်းတုံးပြောင်အောင် ရိတ်လိုက်ခြင်းဟာလည်း သန်းဖယ်ရှားဖို့ အလုပ်ဖြစ်တဲ့ နည်းလမ်းတစ်ခုပါပဲ၊ ဒါပေမယ့် လူတိုင်းမှာ ဒီလိုလုပ်လို့ မဖြစ်နိုင်ပါဘူး။

*သန်းဖယ်ရှားနိုင်မည့် နည်းလမ်း (၂) ဆေးပါဝင်တဲ့ လိုးရှင်းတွေ၊ ဖြန်းဆေးဘူးတွေသုံးစွဲခြင်း
အစိုခေါင်းဖြီးတဲ့ နည်းလမ်းက လုပ်ရတာ ပင်ပန်းလက်ဝင်တဲ့အတွက် မလုပ်ချင်သူ၊ သေချာမလုပ်နိုင်သူ၊ လုပ်ပြီး သန်းမကင်းစင်သူတွေ ရှိနိုင်ပါတယ်။ အဲဒီအခါမျိုးမှာ သန်းသတ်ဆေး ပါဝင်တဲ့ လိုးရှင်းဘူးတွေ၊ စပရေး ဖြန်းဆေးဘူးတွေ သုံးစွဲကြည့်နိုင်ပါတယ်။ ဆေးဆိုင်၊ စူပါမားကတ်နဲ့ အွန်လိုင်းမှာ ဝယ်လို့ရနိုင်ပါတယ်။
သန်းသတ်ဆေးတွေ လိမ်းတဲ့ ဖြန်းတဲ့အခါမှာ များသောအားဖြင့် ဉီးခေါင်းပေါ်က သန်းတွေဟာ တစ်ရက်အတွင်း သေသွားကြပါတယ်။ တစ်ချို့ ဆေးဘူးတွေမှာ သန်းအသေတွေကို ဘီးစိပ်တိုက်ချပြီး ဖယ်ရှားဖို့ ဘီးစိပ်ပါ တစ်ခါတည်းလည်း ပါနိုင်ပါတယ်။ တစ်ချို့ဆေးအမျိုးအစားတွေကတော့ ဉကနေ အသစ်ပေါက်လာတဲ့ သန်းတွေကို ထပ်သတ်ဖို့ နောက်တစ်ပတ်နေတဲ့အခါမှာ ဒုတိယတစ်ခါ ဆေးလိမ်းခိုင်းတာမျိုးလည်း ရှိနိုင်ပါတယ်။
အရေးကြီးတာကတော့ ဆေးဘူးပေါ်က စာကို သေချာဖတ်ပြီး ပါဝင်တဲ့ ဆေး၊ ဓာတုပစ္စည်းဟာ သင်နဲ့ တည့်မတည့်၊ သင့်ကလေးမှာ သုံးလို့ ရမရ နဲ့ ဆေးကို ဘယ်လိုလိမ်း၊ ဘယ်လိုဖြန်းရမလဲဆိုတာ အညွှန်းစာ အရင်သေချာစွာ ဖတ်ဖို့လိုအပ်ပါတယ်။ သန်းမပျောက်ရခြင်း အကြောင်းရင်း အဓိက အချက်က ခေါင်းဖြီးရာမှာပဲ ဖြစ်ဖြစ်၊ ဆေးလိမ်းရာမှာပဲ ဖြစ်ဖြစ် အညွှန်းအတိုင်း မလိုက်နာကြတာပါပဲ။ သန်းသတ်ဆေး အမျိုးအစားနှစ်မျိုးကိုလည်း တပြိုင်တည်း မသုံးစွဲသင့်ပါဘူး။

*ဒီနည်းလမ်းနှစ်မျိုးနဲ့ မရရင် ဘာလုပ်ရဉီးမလဲ
တခြားနည်းလမ်းရှာဖို့ ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နဲ့ တိုင်ပင်နိုင်ပါတယ်။ တခြားနည်းလမ်းတွေကတော့ ဒီနည်းလမ်းနှစ်မျိုးလောက် အလုပ်သိပ်မဖြစ်ကြတာများပါတယ်။ ဉပမာ နည်းလမ်းတွေကတော့ permethrin ပါတဲ့ ပစ္စည်းတွေ၊ သန်းပြေးစေတဲ့ ဆေးတွေ၊ လျှပ်စစ် ခေါင်းဖြီးဘီးတွေ၊ အပင်ကရတဲ့ ဆီတွေ (ဉပမာ ယူကလစ် ဆီ)၊ ဆေးမြီးတိုတွေ။

*သန်းမတွယ်အောင် ကာကွယ်လို့ ရမလား
မရပါဘူး။ ခေါင်းကို ဘီးစိပ်ပုံမှန်လေးတိုက်ပေးမယ်ဆိုရင်တော့ သန်းတွေကို မပွားများခင်မှာ စောစောဖယ်ရှားနိုင်မှာပါ။ သန်းမရှိသေးဘဲနဲ့ ကြိုတင်ကာကွယ်ဖို့ဆိုပြီး ဓာတုဆေးပါဝင်တဲ့ လိမ်းဆေး၊ဖြန်းဆေးတွေ ကြိုတင်သုံးစွဲတာမျိုး မလုပ်ပါနဲ့။ ဉီးရေပြားကို အလကားနေရင်း အနာတရ ဖြစ်စေနိုင်ပါတယ်။ ကလေးငယ်တွေကိုလည်း သန်းမကူးအောင် ကျောင်းမလွှတ်တာမျိုး၊ လျှော်မယ့်အဝတ်တွေကို ရေနွေးပူနဲ့ စိမ်တာမျိုးတွေလည်း လုပ်ဖို့ မလိုအပ်ပါဘူး။ ကလေးငယ်တွေကို ခေါင်းဖြီးတဲ့ဘီး၊ ဉီးထုပ်၊ မာဖလာလည်စည်း အစရှိတာတွေကို ဝေမျှသုံးစွဲတာမျိုး၊ သူများဟာနဲ့ အတူတူကပ်ပြီး ထားတာမျိုး မလုပ်အောင်မှာထားရင်ကို ကျောင်းက သန်းကူးစက်ဖို့ နည်းသွားပါပြီ။



ဆီးလမ်းကြောင်းပိုးဝင်ခြင်း (Urinary Tract Infection) သည် ကလေးများတွင် ဖြစ်ပွါးလေ့ရှိသော အခြေအနေတခုဖြစ်ပါတယ်။ ခံစားရတတ်သေ...
12/10/2023

ဆီးလမ်းကြောင်းပိုးဝင်ခြင်း (Urinary Tract Infection) သည် ကလေးများတွင် ဖြစ်ပွါးလေ့ရှိသော အခြေအနေတခုဖြစ်ပါတယ်။ ခံစားရတတ်သော ရောဂါလက္ခဏာများမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

၁။ မကြာခဏ ဆီးသွားခြင်း
၂။ ဆီးသွားစဉ် နာကျင်ခြင်း သို့မဟုတ် မအီမသာဖြစ်ခြင်း
၃။ ဖျားခြင်း
၄။ ဆီးလမ်းကြောင်း ယားယံခြင်း
၅။ ဆီးစပ်ကိုက်ခြင်း
၆။ အနံ့ရှိသော ဆီးများသွားခြင်း

မိတ်ဆွေတို့၏ကလေးတွင် ဆီလမ်းကြောင်းပိုးဝင်သော လက္ခဏာများရှိနေသည်ဟု သံသယရှိပါက ဆရာဝန်နှင့် တိုင်ပင်ပြီး ကုသရန် အရေးကြီးပါသည်။ ကလေးများတွင်ဖြစ်တတ်သော ဆီးလမ်းကြောင်းပိုးဝင်ခြင်းများသည် တစ်ခါတစ်ရံတွင် နောက်ခံရောဂါအခြေအနေတခုခုနှင့် သက်ဆိုင်မှုရှိနေနိုင်သောကြောင့် ဆရာဝန်နှင့်ပြသ၍ လိုအပ်သောရောဂါရှာဖွေစမ်းသပ်မှုများလုပ်ပြီးမှ သင့်လျော်သော ပိုးသတ်ဆေးများဖြင့်ကုသမှုကို ခံယူသင့်ပါသည်။ မိဘများအနေဖြင့် မိမိတို့ကလေးများအား ကောင်းမွန်သော တစ်ကိုယ်ရေသန့်ရှင်းမှုအလေ့အကျင့်များကိုပြုလုပ်ရန် အားပေးခြင်း၊ တနေ့တာ လိုအပ်သောရေပမာဏကို လုံလုံလောက်လောက်သောက်သုံးစေခြင်း အစရှိသော အလေ့အကျင့်ကောင်းများကိုသေချာလေ့ကျင့်ပေးခြင်းဖြင့် ကလေးများတွင် ဆီးလမ်းကြောင်းပိုးဝင်မှု ဖြစ်ခြင်းကို လျော့ချပေးစေနိုင်ပါတယ်။

❗️မျက်လုံးရဲခြင်း မျက်စိနာခြင်းအကြောင်း  🔹မျက်လုံးရဲခြင်းဆိုသည်မှာ မျက်လုံးနှင့်မျက်ခွံအတွင်းဘက်ကိုကာကွယ်ပေးထားသောအကြည်ရ...
28/09/2023

❗️မျက်လုံးရဲခြင်း မျက်စိနာခြင်းအကြောင်း

🔹မျက်လုံးရဲခြင်းဆိုသည်မှာ မျက်လုံးနှင့်မျက်ခွံအတွင်းဘက်ကိုကာကွယ်ပေးထားသောအကြည်ရောင်အမြှေးပါးအလွှာ ရောင်ရမ်းခြင်းကို ခေါ်တာဖြစ်ပါတယ်။ထိုအလွှာဟာ မျက်လုံးကို မခြောက်သွေ့အောင် ချောအောင် ပြုလုပ်ပေးခြင်းဖြင့် မျက်ခွံလှုပ်ရှားရလွယ်ကူအောင်ပြုလုပ်ပေးပါတယ်။မျက်ရည်ပြုဂလင်းများနှင့်သွေးကြောငယ်များလဲ ပါဝင်ပါတယ်။၎င်းသွေးကြောငယ်များ ရောင်ရမ်းလာခြင်းကြောင့် မျက်လုံးရဲခြင်းကို ဖြစ်ပေါ်စေတာဖြစ်ပါတယ်။

🔹ဘက်တီးရီးယားပိုး ၊ဗိုင်းရပ်ပိုး များကူးစက်ခြင်းကြောင့်သော်လည်ကောင်း၊ ဓာတ်မတည့်ခြင်းကြောင့်သော်လည်ကောင်း အဖြစ်များပါတယ်။ ကလေးငယ်များတွင် မျက်ရည်လမ်းကြောင်းပိတ်ခြင်းကြောင့်လဲ ဖြစ်တတ်ပါတယ်။ ဗိုင်းရပ်ပိုးကြောင့်ဖြစ်ပွါးပါက လည်ချောင်းနာခြင်း နှာရည်ကျခြင်း များနှင့်တွဲ၍ဖြစ်တတ်ပါတယ်။

🔹ခံစားရနိုင်သောလက္ခဏာများ

✔️မျက်လုံးတစ်ဖက် (သို့) နှစ်ဖက်လုံးရဲခြင်း
✔️မျက်လုံးယားခြင်း
✔️မျက်ခွံအဖွင့်အပိတ်လုပ်သည့်အခါအဆင်မပြေဖြစ်ခြင်း
✔️မနက်ပိုင်းအိပ်ယာထသည့်အခါ မျက်ဝတ်အများအပြားထွက်ခြင်းကြောင့်မျက်စိဖွင့်ရခက်ခဲခြင်း
✔️အလင်းရောင်ကောင်းကောင်းမကြည့်နိုင်ခြင်း တို့ဖြစ်ပါတယ်။

🔹မျက်လုံးနာခြင်းဖြစ်လာပါက

✔️မျက်လုံးကိုလက်နှင့်မကိုင်ရပါ
✔️လက်ကိုမကြာခဏဆေးပါ
✔️ခြောက်သွေ့သန့်ရှင်းသောပျော့ပြောင်းသည့်အဝတ်ဖြင့်သာမျက်လုံးကိုပွတ်ပေးပါ
✔️ခေါင်းအုံးစွပ်မကြာခဏလဲပေးပါ
✔️မျက်လုံးနှင့်ဆိုင်သောအလှကုန်ပစ္စည်းများကိုမျှဝေမသုံးရပါ

✅အိမ်တွင်းကုသမှုများအဖြစ်ရေခဲကပ်ခြင်း၊မျက်ရည်တုခပ်ပေးခြင်း၊ Cetrizine ကဲ့သို့အယားပျောက်ဆေးသောက်ပေးခြင်းများပြုလုပ်ပေးနိုင်ပါတယ်။

❗️အိမ်တွင်းကုသမှုများဖြင့်မသက်သာပဲပိုဆိုးလာလျှင်
❗️မခံနိုင်အောင်မျက်လုံးနာခြင်း
❗️အမြင်အာရုံဝေဝါးခြင်း
❗️အလင်းရောင်ဒဏ်ပြင်းပြင်းထန်ထန်မခံနိုင်ခြင်းများဖြစ်ပေါ်လာပါကဆရာဝန်နှင့်ပြသရန်လိုအပ်ပါတယ်။

ကျန်းမာရွှင်လန်းကြပါစေ❤️

သက်တံ့ရောင်စုံဆေးခန်းသို့ လှူဒါန်းသွားခဲ့သော ဂျပန်လူမျိုးဓာတ်ပုံဝါသနာရှင်တဦး၏ လှပသော ဓာတ်ပုံလေးများဖြင့် ဆေးခန်းကို အလှဆ...
25/09/2023

သက်တံ့ရောင်စုံဆေးခန်းသို့ လှူဒါန်းသွားခဲ့သော ဂျပန်လူမျိုးဓာတ်ပုံဝါသနာရှင်တဦး၏ လှပသော ဓာတ်ပုံလေးများဖြင့် ဆေးခန်းကို အလှဆင်ထားပါပြီရှင်…

**Scabies (ဝဲရောဂါ) အကြောင်း"ဝဲရောဂါသည် ကူးစက်တတ်သော အရေပြားရောဂါတစ်မျိုးဖြစ်ပြီး အရေပြားအောက်တွင် တွင်းတူး၍ နေထိုင်တတ်သ...
09/09/2023

**Scabies (ဝဲရောဂါ) အကြောင်း"

ဝဲရောဂါသည် ကူးစက်တတ်သော အရေပြားရောဂါတစ်မျိုးဖြစ်ပြီး အရေပြားအောက်တွင် တွင်းတူး၍ နေထိုင်တတ်သော မွှားကောင်အသေးစားလေးများကြောင့် ဖြစ်ရသော ရောဂါဖြစ်ပါသည်။
ဝဲရောဂါ၏ အဓိက ရောဂါလက္ခဏာမှာ အလွန်ယားယံခြင်း ဖြစ်ပြီး ညဖက်၌ ပိုဆိုးတတ်ပါသည်။ မွှားကောင်လေးများ တွင်းတူးထားသော အရေပြားနေရာများတွင် အနီကွက်များလည်း ဖြစ်တတ်ပါသည်။
**ဝဲပိုးများ သို့မဟုတ် ဝဲရောဂါကို ဖြစ်စေသောမွှားကောင်လေးများအကြောင်း
ဝဲပိုးများ၏ သိပ္ပံအမည်ကို Sarcoptes scabei ဟု ခေါ်သည်။ သူတို့၏ ပါးစပ်နှင့် ရှေ့ခြေထောက်များကို သုံးပြီး လူ၏ အရေပြားအပေါ်ယံလွှာထဲသို့ တွင်းတူးပြီး ဝင်နေလေ့ရှိသည်။ ဝဲပိုးအမ များသည် ထိုနေရာ၌ပင် နေထိုင်ပြီး အစားစားသုံးခြင်း၊ ဉ ဉခြင်းတို့ကိုလည်း ပြုလုပ်သည်။
ဉ ဉပြီး သုံး-လေးရက်အကြာတွင် ဝဲပိုး သားလောင်းလေးများအဖြစ်သို့ ဉမှ ပေါက်ဖွားလာကြပြီး အရေပြားအပေါ်မျက်နှာပြင်သို့ တက်လာကြသည်။ ထိုနေရာတွင် သားလောင်းလေးများမှ အရွယ်ရောက်သည့် သက်ကြီးကောင်ဘဝရောက်သည်အထိ ကြီးထွားလာကြသည်။
ဝဲပိုးများသည် ပူနွေးသော နေရာများကို ကြိုက်နှစ်သက်သဖြင့် အရေပြားတွန့်ခေါက်နေသည့် နေရာများနှင့် လက်ချောင်းများကြား၊ လက်သည်းအောက်နေရာများကို ကြိုက်ကြသည်။ တင်ပါးပတ်လည်နေရာနှင့် ရင်သားအောက် နေရာကြားထဲတို့ကိုလည်း ကြိုက်နှစ်သက်ကြသည်။ နာရီ၊ လက်ကောက်၊ လက်စွပ် အစရှိသည်တို့ ဝတ်ဆင်ထားသည့်နေရာများအောက် အရေပြားတွင်လည်း ပုန်းနေနိုင်သည်။
**ဝဲရောဂါကူးစက်ပုံနည်းလမ်း
ဝဲရောဂါရှိသူတစ်ဉီးနှင့် အချိန်ကြာမြင့်စွာ အရေပြားချင်းထိစပ်၍ နီးကပ်စွာနေထိုင်ပါက ကူးစက်နိုင်ပါသည်။ ရောဂါရှိသူတစ်ဉီးနှင့် အဝတ်အစား၊ တဘက်၊ အိပ်ရာ အစရှိသည်တို့ ဝေမျှသုံးစွဲခြင်းမှလည်း ကူးစက်သွားရန် ဖြစ်နိုင်ပါသည်။ တစ်ကိုယ်ရည် သန့်ရှင်းမှု မရှိခြင်းကြောင့် ဖြစ်ရခြင်းမဟုတ်ဘဲ သန့်သန့်ရှင်းရှင်းနေတတ်သူများလည်း ကူးစက်နိုင်သည်။ ရောဂါစတင်ကူးစက်ခံရချိန်မှ ရောဂါလက္ခဏာစတင်ပြလာသည့်အချိန်ထိ လေးပတ်မှ ရှစ်ပတ်ခန့်အထိ ကြာနိုင်ပါသည်။
**ဝဲရောဂါကို ကုသခြင်း
သင့်တွင် ဝဲရောဂါရှိနေပြီဟု ယူဆပါက မိသားစုဆရာဝန် (သို့) နီးစပ်ရာဆေးခန်းတွင် ပြသပါ။ အများအားဖြင့် ပြင်းထန်လေ့မရှိသော ရောဂါဖြစ်သော်လည်း ကုသမှု ခံယူရန် လိုအပ်ပါသည်။ ဝဲရောဂါလိမ်းဆေးများမှာ ဝဲပိုးများကိုနှိမ်နင်းနိုင်သော အစွမ်းသတ္တိရှိပါသည်။
ဆရာဝန်မှ သင့်ကို ဝဲရောဂါ ဟုတ်မဟုတ် စစ်ဆေးကြည့်ရှုပြီး သင့်တော်သော ဝဲရောဂါ လိမ်းဆေးကို ရွေးချယ်၍ ပေးပါလိမ့်မည်။ သင်၏ မိသားစု၊ အတူနေထိုင်သော လက်တွဲဖော်တို့တွင်လည်း ဝဲရောဂါစစ်ဆေးပြီး လိုအပ်ပါက တစ်ပြိုင်နက်ကုသမှု ခံယူခြင်းဖြင့် ဝဲရောဂါ ပျောက်ကင်းပြီးနောက်ပိုင်းတွင် မိသားစုဆီမှ ပြန်လည်ကူးစက်ခံရခြင်းကို ကာကွယ်နိုင်မည် ဖြစ်ပါသည်။ ဆေးကုသ ခံယူနေစဉ်အတွင်း မိမိမှ သူတစ်ပါးကို မကူးစက်စေရန်လည်း ဂရုပြုနေထိုင်ရမည်ဖြစ်ပါသည်။ ဆေးကုသမှုခံယူသော နေ့တွင် အိမ်ရှိ အိပ်ယာခင်းများနှင့် အဝတ်များအားလုံးကို လျှော်ဖွတ်သင့်ပါသည်။ မလျှော်နိုင်သော အဝတ်များတွင် အလုံပိတ်အိတ်တစ်ခုထဲသို့ ထည့်ပြီး ဝဲပိုးများ သေစေရန် အနည်းဆုံး သုံးရက်ခန့် ထားသင့်ပါသည်။ ကလေးများကို ဝဲဆေးလိမ်းပေးထားချိန်တွင် ပါးစပ်ထဲမဝင်စေရန် လက်အိတ်၊ ခြေအိတ်စွပ်ပေးထားနိုင်ပါသည်။ ပထမအကြိမ် ဆေးလိမ်းပြီးချိန်တွင် နှစ်ဆယ့်လေးနာရီ နားပြီးမှ အလုပ်သို့ ကျောင်းသို့ ပြန်သွားသင့်ပါသည်။ လိမ်းဆေးများသည် ဝဲပိုးများကို လျှင်မြန်စွာနှိမ်နင်းနိုင်စွမ်းရှိသော်လည်း ယားယံခြင်းမှာမူ ရက်သတ္တပတ်အနည်းငယ် ဆက်လက်ကျန်ရှိနေနိုင်ပါသည်။ ဆေးကုသမှုခံယူပြီး၍ လေးပတ်ကြာသည်အထိ ဆက်လက်ယားယံနေပါက ဆရာဝန်နှင့် ပြန်လည်ပြသသင့်ပါသည်။
**ဝဲရောဂါကို မကုသဘဲ ထားပါက ဖြစ်လာနိုင်သော ဆိုးကျိုးများ
ယားယံမှုအလွန်ဆိုးရွားပါက အရေပြား ယောင်ယမ်းခြင်းမှတစ်ဆင့် အခြားသော ရောဂါပိုးများ အရေပြားသို့ ထပ်ဆင့်ဝင်ရောက်ခြင်း တစ်ခါတစ်ရံဖြစ်နိုင်ပါသည်။ ယားယံ၍ ကုတ်ခြင်းမှလည်း အရေပြားပိုးဝင်ခြင်းများ ဖြစ်တတ်ပါသည်။ နှင်းခူကဲ့သို့ နဂိုအရေပြားရောဂါအခံရှိသူများကိုလည်း ပိုမိုဆိုးရွားစေတတ်သည်။
အသက်ကြီးသောသူများနှင့် ခန္ဓာကိုယ်ခုခံအားနည်းပါးသောသူများ၏ အရေပြားပေါ်တွင် ဝဲပိုးကောင်ရေ အလွန်ပွားများတတ်သောကြောင့် ဆိုးရွားသော ဝဲရောဂါအပြင်းစားတစ်မျိုးလည်း ရှားရှားပါးပါး ဖြစ်နိုင်ပါသည်။


❗️အဖျားကြီး၍ တက်ခြင်း (Febrile Convulsion)❗️ပုံမှန်ကလေးအယောက်တစ်ရာမှာ သုံးဆယ်လောက်ဟာ အဖျားကြီးရင် တက်တတ်ပါတယ်များသောအားဖ...
05/09/2023

❗️အဖျားကြီး၍ တက်ခြင်း (Febrile Convulsion)❗️

ပုံမှန်ကလေးအယောက်တစ်ရာမှာ သုံးဆယ်လောက်ဟာ အဖျားကြီးရင် တက်တတ်ပါတယ်
များသောအားဖြင့် ဒါဟာအရမ်းစိုးရိမ်ရမယ့်ရောဂါ တစ်ခုတော့မဟုတ်ပါဘူး

ဒီလိုအဖျားကြီးပြီးတက်တာဟာ ကလေးအသက် ၅နှစ် ၆နှစ်လောက်ထိ ဖြစ်နိုင်ပါတယ်
ယောကျာ်းလေးတွေမှာ ပိုအဖြစ်များပါတယ်
မိသားစုမျိုးရိုးရှိရင်လဲပိုဖြစ်နိုင်ပါတယ်

ဒီလိုအဖျားကြီးပြီးတက်တာဟာ များသောအားဖြင့် ကလေး အသက် ခြောက်လမှ ခြောက်နှစ်အတွင်းဖြစ်တတ်လေ့ရှိတယ်
တက်တဲ့အခါကြာချိန်ဟာ စက္ကန့်ပိုင်းအတွင်းမှ ငါးမိနစ်လောက်အထိဖြစ်နိုင်ပါတယ်
တက်ပီးသွားတဲ့အခါ ကလေးကပုံမှန်အတိုင်းပြန်လည်လှုပ်ရှားလာနိုင်မှာဖြစ်ပါတယ်

ကလေးတက်တဲ့အခါ မြေညီပေါ်လှဲခိုင်း၍ ဘေးတစောင်းထားပါ အရမ်းကြပ်သောအဝတ်အစားများဝတ်ဆင်ထားပါက ဖယ်ရှားပေးပါ အသက်ရှူကြပ်သောလက္ခဏာများရှိမရှိစောင့်ကြည့်ပေးပါ တက်သောကြာချိန်ကိုမှတ်သားထားပေးပါ
ကိုယ်အပူချိန်အရမ်းမြင့်မားနေပါက ရေစိုဝတ်ဖြင့်သုတ်ပေးနိုင်ပါတယ်
ကလေးတွေဟာအရမ်းနုနယ်တဲ့အတွက် ခြေတွေလက်တွေကိုချိုးဖဲ့ခြင်း ပါးစပ်ထဲဇွန်းထိုးထည့်ခြင်းများမပြုလုပ်ရန် သတိထားသင့်ပါတယ်
ထို့နောက်နီးစပ်ဆေးခန်းသို့သွားရောက်၍ ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်မှုပြုလုပ်သင့်ပါတယ်

သတိထားသင့်သောလက္ခဏာများ
-ကလေးအတက်ကြာချိန် ငါးမိနစ်ထက်ပိုခြင်း
တက်သည့်အခါတစ်ကိုယ်လုံးတက်ခြင်းမဟုတ်ဘဲ ကိုယ်အစိတ်အပိုင်းတစ်ခုသာ ကောက်ကွေးသွားခြင်း
-အသက်ရှူကြပ်ပြီးပြာနှမ်းသည့်လက္ခဏာများပေါ်လာခြင်း
-ပုံမှန်တုံ့ပြန်မှုမရှိခြင်း
-၂၄နာရီအတွင်း နောက်တစ်ကြိမ်ထပ်တက်ခြင်း
အထက်ပါလက္ခဏာများပေါ်ပေါက်လာပါက နီးစပ်ရာဆေးရုံအရေးပေါ်သို့သွားရောက်၍ ကုသမှုခံယူခြင်းများပြုလုပ်သင့်ပါတယ်


❗️ရာသီအကူးအပြောင်းမှာဖြစ်လေ့ရှိသော လေပြွန်ယောင်ခြင်းအကြောင်း❗️🔹လေပြွန်ယောင်ခြင်းဆိုတာ…      အဆုတ်အတွင်း ရှိလေပြွန်များ ယ...
01/09/2023

❗️ရာသီအကူးအပြောင်းမှာဖြစ်လေ့ရှိသော လေပြွန်ယောင်ခြင်းအကြောင်း❗️

🔹လေပြွန်ယောင်ခြင်းဆိုတာ…

အဆုတ်အတွင်း ရှိလေပြွန်များ ယောင်ခြင်းကြောင့် ချောင်းဆိုး ချွဲသလိပ်ထွက်ခြင်းကို လေပြွန်ယောင်ခြင်းလို့ခေါ်ပါတယ်။ရာသီတုပ်ကွေး အဖြစ်များသော ဆောင်းရာသီ နှင့် မိုးရာသီကာလ များတွင် လေပြွန်ယောင်ခြင်းဖြစ်ပွါးလေ့ရှိပါတယ်။လူကြီးများတွင်သာမက ကလေးငယ်များတွင်လည်း အဖြစ်များလေ့ရှိသောရောဂါဖြစ်ပါတယ်။
လေပြွန်ယောင်ခြင်းကိုဖြစ်စေသောအကြောင်းအရင်းများမှာ တုပ်ကွေးဖြစ်ခြင်း၊ အအေးမိခြင်း၊ COVID19 ကဲ့သို့သော ပိုးများနှင့် တစ်ခါတစ်ရံ ဘက်တီးရီးယားပိုးများ ကလည်း လေပြွန်ယောင်ခြင်းကို ဖြစ်စေပါတယ်။

🔹ခံစားရနိုင်သောရောဂါလက္ခဏာများမှာ

✔️ချောင်းဆိုးခြင်း
✔️ချွဲထွက်ခြင်း
✔️ရင်ဘက်နာခြင်း
✔️ပင်ပန်းနွမ်းနယ်ခြင်း
✔️တငွေ့ငွေ့ဖျားခြင်း
✔️အသက်ရှူမဝခြင်း
✔️အသက်ရှူလျှင်အသံမြည်ခြင်း တို့ဖြစ်ပါတယ်။

‼️ဆေးလိပ်ငွေ့ ၊ ခြင်ဆေးငွေ့ ၊ မီးခိုးငွေ့ နှင့် ဖုန်မှုန့် များကြောင့်လည်း လေပြွန်ယောင်ခြင်းပိုဆိုးစေနိုင်ပါတယ်။ကလေးငယ်များတွင် ဆေးရုံတတ်ကုသမှုခံရနိုင်သည်အထိ ဆိုးရွားစေနိုင်ပါတယ်။

🔹အိမ်တွင်းကုသနည်းများ
✔️ချောင်းဆိုးပျောက်ဆေးသောက်ခြင်း
✔️ရေနွေးသောက်ပေးခြင်း
✔️ပျားရည်အနည်းငယ်သောက်ပေးခြင်း
✔️ငုံဆေးပြားငုံခြင်း
✔️ရေနွေးငွေ့ရှူခြင်း စသည့်နည်းလမ်းများဖြင့်ကုသနိုင်ပါတယ်။

အိမ်တွင်းကုသမှုများဖြင့်မသက်သာပဲ
🔺နှစ်ပတ်ကျော် အထိချောင်းဆိုးမပျောက်လျှင်
🔺အသက်ရှူခက်ခဲလာလျှင်
🔺ကိုယ်ပူချိန်များပြီးအသက်ရှူမြန်လာလျှင်
ဆရာဝန်နှင့် ပြသရန်လိုအပ်ပါတယ်။

ရောဂါမဖြစ်ခင်ကြိုတင်ကာကွယ်နည်းများ
✅ဆေးလိပ်သောက် ခြင်းရှောင်ရန်
✅မီးခိုးငွေ့၊ ဆေးလိပ်ငွေ့၊ ခြင်းဆေးငွေ့ များရှောင်ရန်
✅နှစ်စဉ်တုပ်ကွေးကာကွယ်ဆေးထိုးခြင်း
✅Covid19 ကာကွယ်ဆေးထိုးခြင်းများ ဖြင့်ကာကွယ်နိုင်ပါတယ်။

🔰ကျန်းမာရွှင်လန်းကြပါစေ။

နားပြည်ယိုခြင်းဟု လူသိများသော နားအလယ်ပိုင်းရောင်ခြင်း "Otitis Media"နားပြည်ယိုခြင်းသည် ကလေးများတွင် ရော လူကြီးများတွင်ပါ...
28/08/2023

နားပြည်ယိုခြင်းဟု လူသိများသော နားအလယ်ပိုင်းရောင်ခြင်း "Otitis Media"
နားပြည်ယိုခြင်းသည် ကလေးများတွင် ရော လူကြီးများတွင်ပါ အဖြစ်များသော အခြေအနေတစ်ခုဖြစ်ပါသည်။ နားစည်၏နောက်တွင်ရှိသော အလည်နားသည် နားအတွင်းပိုင်းသို့ အသံတုန်ခါမှုများကို ပေးပို့သည့် အရိုးနုလေးများပါရှိပါသည်။ အလယ်နားသည် လည်ချောင်း၏အနောက်ဘက်သို့လည်းချိတ်ဆက်နေပြီး အလယ်နားသို့ ဘက်တီးရီးယား သို့မဟုတ် ဗိုင်းရပ်စ်များ ဝင်ရောက်သောအခါ နားပြည်ယိုခြင်း ဖြစ်ပွားနိုင်ပါသည်။

နားပြည်ယိုခြင်း​၏ အဖြစ်များသော လက္ခဏာများမှာ နားနာကျင်ပြီး မသက်မသာဖြစ်ခြင်း၊ ယားယံခြင်း၊ အကြားအာရုံချို့ယွင်းခြင်း၊ နားမှ အရည်များထွက်ခြင်းနှင့် အဖျားရှိခြင်း အစရှိသည်တို့ ဖြစ်နိုင်ပါသည်။

နားပြည်ယိုသော လက္ခဏာများရှိပါက ဆရာဝန်များနှင့် သေချာပြသရန်လိုအပ်ပြီး otoscope ဟု ခေါ်သော နားကြည့်ကိရိယာကို အသုံးပြု၍ နားကို စစ်ဆေးသင့်ပါသည်။ ရောဂါပိုးဝင်ခြင်းကြောင့်ဖြစ်သော ရောင်ရမ်းခြင်းလက္ခဏာများရှိနေပါက ဆေးကုသမှု သေချာခံယူရန် အရေးကြီးပါသည်။

နားပြည်ယိုခြင်းအတွက် ကုသမှုသည် အသက်အရွယ်နှင့် ရောဂါလက္ခဏာများ၏ ပြင်းထန်မှုပေါ်မူတည်၍ ကွဲပြားနိုင်ပါသည်။ ဘက်တီးရီးယားပိုးမွှားများကြောင့်ဖြစ်သည်ဟု ယူဆသောအခြေအနေတွင် ပိုးသတ်ဆေးကို သောက်ရန် ဆရာဝန်က ညွှန်ကြားမည်ဖြစ်ပါသည်။ ပါရာစီတမော သို့မဟုတ် တချို့သောအကိုက်အခဲပျောက်ဆေးများကို နာကျင်မှုသက်သာစေရန်နှင့် အဖျားကျစေရန် သောက်သုံးနိုင်ပါသည်။

တခါတရံ ထပ်တလဲလဲ ဖြစ်ပွားနေသော နားပြည်ယိုခြင်းများ သို့မဟုတ် ကုသမှုခံယူနေသော်လည်း နားမှ အဆက်မပြတ်အရည်များထွက်ခြင်း သို့မဟုတ် နားအတွင်းမှ လေများထွက်နေသကဲ့သို့ နားအူခြင်းများရှိပါက နားနှာခေါင်းလည်ချောင်းဆရာဝန်နှင့် သေချာပြသပြီး စစ်ဆေးသင့်ပါသည်။

နားပြည်ယိုခြင်း၏လက္ခဏာများခံစားရပါက ဆေးကုသမှုခံယူရန် အရေးကြီးပြီး ဆေးကုသမှုမခံယူဘဲ ထပ်တလဲလဲ နားပြည်ယိုခြင်းများရှိနေပါက အကြားအာရုံဆုံးရှုံးခြင်း သို့မဟုတ် နားပတ်ဝန်းကျင်သို့ရောဂါပိုးများ ကူးစက်ပျံ့နှံ့ခြင်းကဲ့သို့သော နောက်ဆက်တွဲပြဿနာများကို ဖြစ်ပေါ်စေနိုင်ပါသည်။
, ,

ပြီးခဲ့တဲ့အပတ်တနင်္ဂနွေနေ့ (20.8.2023)မှာ သက်တံ့ရောင်စုံဆေးခန်းမှ ကြည့်မြင်တိုင်မျက်မမြင်ကျောင်းကိုသွားရောက်ပြီး ကလေးမျာ...
24/08/2023

ပြီးခဲ့တဲ့အပတ်တနင်္ဂနွေနေ့ (20.8.2023)မှာ သက်တံ့ရောင်စုံဆေးခန်းမှ ကြည့်မြင်တိုင်မျက်မမြင်ကျောင်းကိုသွားရောက်ပြီး ကလေးများအား ကျန်းမာရေးစောင့်ရှောက်မှု ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ပုံကိုမျှဝေပေးလိုက်ရပါတယ်

Address

No (6), Anawrahtar Road, (1) Ward, East Dagon Township
Yangon

Opening Hours

Tuesday 09:00 - 16:00
Wednesday 09:00 - 16:00
Thursday 09:00 - 16:00
Friday 09:00 - 16:00
Saturday 09:00 - 16:00
Sunday 09:00 - 16:00

Telephone

+959457493173

Website

Alerts

Be the first to know and let us send you an email when Rainbow Bridge Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Rainbow Bridge Clinic:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram